Myantrip

Myantrip မြန်ထရစ် - လေယာဉ်လက်မှတ်အရောင်းဌာန

01/11/2023

ဟိုတယ်တွေ ကြည့်ချင်ရင်
ဒီပေ့ချ်ထဲ ဝင်ကြည့်လို့ရပါတယ်ခင်ဗျာ ...

https://www.facebook.com/MyanmarTravelDirectory

မြန်မာခရီးသွားလမ်းညွှန်

2022 ကနေ 2023 ကို ရောက်လာခဲ့ပြီ။ 2023 ပြီးရင်လည်း 2024, 2025 ရောက်ဦးမှာပါပဲ။ မထူးဆန်းပေမယ့်၊ ရှည်လျားလှတဲ့ ဒီခရီးလမ်းပေါ...
31/12/2022

2022 ကနေ 2023 ကို ရောက်လာခဲ့ပြီ။ 2023 ပြီးရင်လည်း 2024, 2025 ရောက်ဦးမှာပါပဲ။ မထူးဆန်းပေမယ့်၊ ရှည်လျားလှတဲ့ ဒီခရီးလမ်းပေါ်မှာ ဆူးညှောင့်ခလုတ်တွေကို ဖယ်ရှားရင်း၊ မညီညာတဲ့နေရာတွေကို ကောင်းမွန်အောင် ပြင်ဆင်ရင်းနဲ့ ခရီးဆက်ကြရမှာပါပဲ။ ဒါမှသာ သာယာ ပျော်ရွှင်စရာကောင်းတဲ့ လမ်းခရီး ဖြစ်စေမှာပါ။

ခရစ်သက္ကရာဇ် 2023 ခုနှစ်ဟာ အားလုံးအတွက် သာယာ၊ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း မြစ်ထရစ်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မြန်ထရစ်
1.1.2023

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ အလိမ်မခံရအောင်...............တစ်နေ့က လေယာဉ်လက်မှတ် ဝယ်တဲ့သူတစ်ယောက် အလိမ်ခံလိုက်ရတဲ့ပို့စ် တွေ့လိ...
28/12/2022

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ အလိမ်မခံရအောင်...............
တစ်နေ့က လေယာဉ်လက်မှတ် ဝယ်တဲ့သူတစ်ယောက် အလိမ်ခံလိုက်ရတဲ့ပို့စ် တွေ့လိုက်မိပါတယ်။ ဝယ်သူက ရန်ကုန် - မန္တလေး ခရီးစဉ်ကို အရေးတကြီးသွားစရာရှိလို့ ဝယ်တဲ့သူတစ်ယောက်ပါ။ ကံဆိုးချင်တော့ လိမ်ရောင်းတဲ့သူနဲ့ တည့်တည့်သွားတိုးတာပါပဲ။

လိမ်ရောင်းတဲ့သူဆိုတာက လက်မှတ်မရှိလည်း ရှိတယ်ပြောမှာပါပဲ။ တင်ထားတဲ့ ss တွေကို လိုက်ကြည့်လိုက်တော့ လိမ်ထားတဲ့အချက်တွေက ပေါ်လွင်နေပါတယ်။

၁။ လေယာဉ်အချိန်နဲ့ဈေးနှုန်း ပို့တဲ့အခါမှာ ဈေးနှုန်းကို ဖျောက်ထားတာပါ။
ခရီးသည်က လေယာဉ်ရှိ/မရှိ မေးကြတဲ့အခါ၊ လေယာဉ်ရှိတယ်ဆိုရင် လေယာဉ်အချိန်နဲ့ဈေးနှုန်းကို ပို့ပေးကြလေ့ရှိပါတယ်။ လိမ်ရောင်းသူပို့ထားတဲ့ ss ထဲမှာဆိုရင် လေယာဉ်အချိန် နေရာလေးကိုပဲကွက်ပြီး ss ရိုက်ပို့ထားတာတွေ့ပါတယ်။ ဈေးနှုန်း မပါပါဘူး။ ဈေးကို စာနဲ့ပဲ ရေးပြထားပါတယ်။ No Seat / Sold Out ဖြစ်နေလားဆိုတာကို မသိနိုင်ပါဘူး။

၂။ ဈေးလျှော့ပေးတာပါ။
လေယာဉ်လက်မှတ် ရောင်းတယ်ဆိုတာက ကော်မရှင်စားနဲ့ ရောင်းကြတာပါ။ လေကြောင်းလိုင်းရဲ့ တိုက်ရိုက်ဈေးအတိုင်း ရောင်းကြတာပါ။ လေကြောင်းလိုင်းဈေးက တချို့လမ်းကြောင်းတွေမှာ ၃/၄ မျိုးလောက်ခွဲပြီး ရောင်းကြပါတယ်။ ဒါကထားပါ။ အခုပြောချင်တာက ကော်မရှင်ကိစ္စ။ ကော်မရှင်က အများကြီးမရပါဘူး။ ခန့်မှန်းကြည့်လို့ရအောင် ပြောရရင် ခရီးစဉ်တစ်ကြောင်းကို 5000 Ks ဝန်းကျင်လို့ပဲ အလွယ်ပြောရပါမယ်။

အခုမှလာဝယ်တဲ့သူတစ်ယောက်ကို ဈေးလျှော့ပေးဦးဆိုတာနဲ့ပဲ ချက်ချင်းကို လျှော့ပေးလိုက်ပါတယ်။ လျှော့တာတောင်မှ ဖောဖောသီသီ 5,000 Ks လောက် ဈေးလျှော့ပေးထားပါတယ်။

၃။ လေယာဉ်လက်မှတ်ဖိုးကို လေဆိပ်ရောက်မှ ပေးလို့မရပါဘူး။
"လေယာဉ်လက်မှတ်ဖိုးကို အခုဒီလောက်ပဲ ပေးထားမယ်။ ကျန်တာကို လေဆိပ်ရောက်မှ ရှင်းမယ်" ဆိုတဲ့ ခရီးသည်တွေကို ကျနော်တို့လည်း အများကြီးတွေ့ကြုံဖူးပါတယ်။ ဒီလိုမျိုး ခွဲပေးလို့ မရပါဘူး။

လေကြောင်းလိုင်းက ငွေအပြည့်မရှင်းဘဲနဲ့ လက်မှတ်ထုတ်ပေးရိုးထုံးစံ မရှိပါဘူး။ ပြီးတော့ လေဆိပ်ရောက်မှ ခရီးသည်ဆီက လက်ကျန်ငွေကောက်ပေးတဲ့ ထုံးစံလည်း မရှိပါဘူး။ လက်မှတ်က confirm ဖြစ်ပြီဆိုရင် booking တင်ထားတဲ့ အေးဂျင့်ကို ငွေအပြည့်ချေပြီးမှပဲ လက်မှတ်ထုတ်ပေးလို့ရပါတယ်။

https://www.facebook.com/permalink.php?story_fbid=pfbid0sHK1zF5pq2JGqxTge4aGhorZTTs3Dk4RFqYJQRbThxjJymUs84tKFYyKoqh3f9Gzl&id=100013862075064

အပေါ်က အချက် ၃ ချက်ကတော့ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ အလိမ်မခံရအောင် သတိထားရမယ့်အချက်တွေပါ။ ဒီနေရာမှာ လေယာဉ်လက်မှတ် ဝယ်ရတဲ့ အဆင့်တွေကို ပြောပြပေးပါဦးမယ်။ ဒါမှသာ သူ့အဆင့်နဲ့သူ သွားရင်းနဲ့ ငွေမလွှဲခင်မှာ အတုလား/အစစ်လား သုံးသပ်ကြည့်လို့ရမှာပါ။
...............

၁။ ကိုယ်သွားမယ့်ခရီးစဉ်၊ သွားမယ့်နေ့၊ သွားမယ့်သူအရေအတွက်တွေကို ပြောပြီး လေယာဉ်ရှိ/မရှိ ကြည့်ခိုင်းမယ်။

- လေယာဉ်လက်မှတ်ရောင်းတဲ့ အေးဂျင့်တွေက များသောအားဖြင့် လူဦးရေ ၁ ယောက်နဲ့ပဲ ဈေးနှုန်းအချိန်တွေကို ကြည့်ပေးတတ်ပါတယ်။ ဒီနေရာမှာ ဖြစ်တတ်တာ ၂ ခုရှိပါတယ်။

- ခုံက ၁ ခုံထဲပဲ ကျန်တယ်၊ သွားမယ့်လူက ၂ ယောက်/ ၂ ခုံဆိုရင် မရတော့ပါဘူး။ စောစောကပဲ ရမယ်ပြောပြီး၊ အခု မရတော့ဘူး ပြောပြန်တယ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွားမယ့်လူဦးရေကို တစ်ခါထဲ ပြောပေးပါ။
- ကလေးပါရင် အသက် ဘယ်လောက်လဲ၊ ဘယ် ၂ ယောက်လဲ တစ်ခါထဲပြောပါ။ ကလေးမှာ မွေးကင်းစက တစ်ဈေး၊ ကလေးဈေးက တစ်ဈေး ၂ မျိုးရှိပါတယ်။ ဈေးမတူ၊ ရတဲ့ဝန်ဆောင်မှုတွေ မတူပါဘူး။
- ကိုယ်ဝန်ဆောင်ဖြစ်ရင်လည်း ဘယ်နှစ်လလဲဆိုတာ ပြောပါ။
- ကျန်းမာရေးအခြေအနေရှိရင်လည်း တစ်ခါထဲပြောပါ။

- နောက်ထပ်ဖြစ်တတ်တာက ၂ ယောက်နဲ့ပြန်ကြည့်လိုက်တဲ့အခါ ဈေးတက်သွားတတ်တာပါ။ လေယာဉ်တွေက တစ်ချို့ခရီးစဉ်တွေမှာ ဈေးကို ၂/၃ မျိုးလောက်ခွဲပြီး ရောင်းတတ်ပါတယ်။ Class ခွဲပြီး ရောင်းတယ်လို့ခေါ်ပါတယ်။ အလွယ်ပြောရရင် ဈေးချိုတာ အရင်ရောင်းပါတယ်။ ဈေးချိုတဲ့ Class က ၁ ခုံပဲကျန်တော့တယ်။ သွားချင်တာက ၂ ယောက်ဆိုရင် ဈေးက Class ပြောင်းသွားပြီး တက်သွားတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။

- သွားချင်တဲ့နေ့မှာ လေယာဉ်ရှိရင် အေးဂျင့်တွေက အချိန်နဲ့ဈေးနှုန်း ပို့ပေးပါလိမ့်မယ်။ စစ်ကြည့်ပါ။ စာနဲ့ပဲ ပို့တာဆိုရင် လေကြောင်းလိုင်း website တွေမှာ ဝင်စစ်ကြည့်ပါ။
Air KBZ ဆိုရင် https://www.airkbz.com.mm/
Myanmar National Airlines ဆိုရင် https://www.flymna.com/
အဲသံလွင် ဆိုရင် https://www.airthanlwin.com/
မန်းရတနာပုံ ဆိုရင် https://www.airmyp.com/
လေကြောင်းလိုင်း website တွေမှာပါ လက်မှတ်ရသေးတယ် ဖော်ပြထားရင် အဆင်ပြေပါပြီ။

၂။ Booking တင်ခိုင်းမယ်။

လေယာဉ်လည်းရှိတယ်။ ဈေးနှုန်းကလည်း အဆင်ပြေတယ်ဆိုရင်၊ ကိုယ်ကြိုက်တဲ့ လေကြောင်းလိုင်းကို‌ ပြောပြီး၊ သွားမယ့် လူတွေရဲ့ (လူဦးရေအားလုံးရဲ့) "မှတ်ပုံတင်ထဲက အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်" ဒါတွေကို ပို့ပေးပြီး Booking တင်ခိုင်းပါ။ Booking တင်တာ ပိုက်ဆံပေးဖို့မလိုပါဘူး။

အေးဂျင့်က Booking တင်ပြီးတဲ့အခါ Booking တင်ထားတဲ့ ပုံကို ပို့လာပါလိမ့်မယ်။ စာနဲ့ပဲ Booking တင်ပြီးပါပြီ ပြောလို့မရပါဘူး။ ပြီးတော့ တင်ထားတဲ့ Booking က အချိန်ဘယ်လောက်ရတယ်ဆိုတာ ပြောပါလိမ့်မယ်။

Booking တင်ထားတဲ့ပုံရဲ့ အပေါ်ပိုင်းနားမှာ PNR ဆိုတာကို ရှာပါ။ မတွေ့ရင်/မပါရင် အေးဂျင့်ကို မေးပါ။ PNR သိပြီ/တွေ့ပြီဆိုရင် အဲ့ဒီ PNR ရဲ့အနောက်က Code No တွေနဲ့ လေကြောင်းလိုင်း Website တွေမှာ စစ်ကြည့်လို့ရပါတယ်။

ဘယ်လိုစစ်ရမလဲ?
- လေကြောင်းလိုင်း Website ကိုသွားပါ။
- find booking / manage booking ကိုနှိပ်ပါ။
- PNR / Booking Reference ဆိုတဲ့ နေရာမှာ PNR အနောက်က စာသားတွေကိုရေးပါ။
- Last Name နေရာမှာ Booking တင်ထားသူရဲ့ (၁ ယောက်ထက်ပိုနေရင် ၁ ယောက်ယောက်ရဲ့ Last Name) ကိုဖြည့်ပါ။ Oo / Aung Aung (Mr Aung Aung Oo) ဆိုရင် Last Name နေရာမှာ Oo ကိုဖြည့်ပါ။
- ပြီးရင် မှန်ဘီလူးပုံ၊ မြှားပုံ၊ find booking ကိုနှိပ်ပါ။
- အချက်အလက်တွေ မှန်ရင် booking တင်ထားကြောင်း ထွက်လာပါလိမ့်မယ်။ အချက်အလက်တွေ မမှန်ရင် အေးဂျင့်ကို PNR, Last Name မေးပြီး ပြန် Try ကြည့်ပါ။

*မှတ်ချက် - အဲသံလွင်၊ မန်းရတနာပုံ website တွေမှာတော့ ဒီလိုစစ်ဆေးရတာ အခက်အခဲရှိပါတယ်။ ဒါကြောင့် အဲ့ဒီလိုင်းတွေနဲ့ booking တင်ထားရင် လေကြောင်းလိုင်းကို ဆက်သွယ်ပြီးမေးတာ ပိုအဆင်ပြေနိုင်ပါတယ်။*

၃။ Booking တင်ထားတာ မှန်ပြီဆိုရင် ငွေလွှဲပြီး လက်မှတ်ထုတ်လို့ရပါပြီ။ အေးဂျင့်က လေယာဉ်လက်မှတ်ကို မိနစ် ၃၀ ခန့်အတွင်း လက်မှတ်ပို့ပေးပါလိမ့်မယ်။

လက်မှတ်ရလာတဲ့အခါမှာလည်း လက်မှတ်ထဲမှာပါတဲ့ PNR No. နဲ့ အပေါ်ကပြောထားတဲ့ နေရာမှာ ပြန်စစ်ကြည့်ပါ။ လက်မှတ်ထုတ်ပြီးရင် ထုတ်ပြီးသွားကြောင်း ပြနေပါလိမ့်မယ်။
...............

လေယာဉ်လက်မှတ်ကို တစ်နပ်စား လိမ်လည်ရောင်းချဖို့ မကြိုးစားဖို့ မေတ္တာရပ်ခံပါတယ်။ ဒီလိုလိမ်ရောင်းတာထက် ကိုယ့်ဆီက ပုံမှန်ဝယ်နေကျ ခရီးသည်တွေရှိလာအောင် ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။

လိမ်တဲ့သူက အချိန်တန်ရင် အလိမ်ပေါ်လာမှာပါပဲ။ အခုလိုခေတ်ကြီးထဲမှာ ချက်ချင်းလိမ်၊ ချက်ချင်းပေါ်နိုင်ပါတယ်။ တစ်နပ်စားလိမ်ရောင်းတာထက်၊ မှန်မှန်ကန်ကန်နဲ့ ရတဲ့ကော်မရှင်ခလေးယူပြီး ရောင်းမယ်။ ဝယ်နေကျ ခရီးသည်တွေလည်း တိုးတိုးလာမယ်ဆိုရင် အများကြီး အဆင်ပြေလာမှာပါခင်ဗျာ။

မြန်ထရစ်
28.12.2022

#လေယာဉ်လက်မှတ်
#မြန်ထရစ်

04/12/2022

"မော်လမြိုင် မှ ရန်ကုန်" လေယာဉ်ပြန်ဆွဲ - တနင်္လာ၊ သောကြာ ၂ ရက် - ဈေး 147,000 ks
*ရန်ကုန်-မော်လမြိုင် မဆွဲသေးပါ*

👶ကလေးနဲ့ လေယာဉ်စီးမယ်ဆို လေယာဉ်မစီးခင် ဘာတွေပြင်ဆင်ရမလဲ❓ကလေးတစ်ဖက်နဲ့ ခရီးသွားရတာဟာ ကသီလင်တနိုင်တယ်ဆိုတာ မှန်ပေမယ့် မဖြစ...
30/11/2022

👶ကလေးနဲ့ လေယာဉ်စီးမယ်ဆို လေယာဉ်မစီးခင် ဘာတွေပြင်ဆင်ရမလဲ❓

ကလေးတစ်ဖက်နဲ့ ခရီးသွားရတာဟာ ကသီလင်တနိုင်တယ်ဆိုတာ မှန်ပေမယ့် မဖြစ်မနေသွားဖို့ လိုအပ်လာခဲ့ရင် ကလေးအတွက် လိုအပ်လောက်မယ့် အသုံးအဆောင်တွေ ပြည့်ပြည့်စုံစုံပါဖို့ ပုံမှန်ထက် အချိန်စောပြီး ကြိုတင်ပြင်ဆင်ရပါတယ်။

ဘယ်လိုအရာတွေကို ပြင်ဆင်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

✅ ကလေးနဲ့ အဆင်ပြေနိုင်တဲ့ လေယာဉ်ချိန်ကို ရွေးပါ။
မိမိကလေးအိပ်တတ်တဲ့အချိန်ကို ရှောင်ပြီး လေယာဉ်ချိန်ရွေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ လေယာဉ်ချိန်က ကလေးရဲ့အိပ်ချိန်ဖြစ်နေခဲ့ရင် ငိုယိုဂျီကျနေတတ်တာကြောင့် ချော့ရခက်၊ ထိန်းရခက်ပြီး တခြားခရီးသည်တွေအတွက်လည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

✅ ကလေးအတွက် လိုအပ်မယ်ထင်တဲ့ ဆေးဝါးတွေဆောင်သွားပါ။
လေဖိအားကြောင့် နားအူပြီး မူးဝေတာ၊ အော့အန်တာတွေ ဖြစ်တတ်ပြီး မိမိနေရာဒေသနဲ့မတူညီတဲ့နေရာကို သွားမယ်ဆို ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ဝမ်းသွားတာတွေ ဖြစ်တတ်တာကြောင့် လိုအပ်တဲ့ ဆေးဝါးတွေကို ဆောင်သွားသင့်ပါတယ်။

✅ အရေးပေါ်လိုတဲ့အခါ အလွယ်တကူသုံးဖို့အတွက် ဆောင်သွားရမယ့် ပစ္စည်းများကတော့ သေးခံ Diaper၊ Baby Wet Tissues၊ ပလတ်စတစ်အိတ်အပို၊ ကလေးငယ်နွေးထွေးစေဖို့ အနွေးထည်နဲ့ စောင်၊ ကလေးနို့ဘူး၊ မုန့်နဲ့ ဆေးဝါးတချို့ အစရှိတာတွေ ဆောင်သွားရပါမယ်။ လေယာဉ်ပေါ်မှာ အရေးပေါ်လိုလာတဲ့အခါ ဒီပစ္စည်းတွေကို အလွယ်တကူယူသုံးနိုင်ဖို့ မိမိအနီးနားမှာထားလို့ရတဲ့ ခရီးဆောင်အိတ်ထဲ ထည့်ထားပါ။

✅ အသက် ၂ နှစ်အောက် ကလေးငယ်များ လေယာဉ်စီးမယ်ဆိုရင် ကလေးငယ်ရဲ့ မွေးစာရင်းထောက်ခံစာကို တစ်ပါတည်းယူဆောင်လာဖို့ လိုပါတယ်။
ဒီအချက်လေးတွေကို စနစ်တကျပြင်ဆင်ထားမယ်ဆိုရင်တော့ မိသားစုအလိုက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်လေးဖြစ်စေမှာပါ။



👶ကလေးနဲ့ လေယာဉ်စီးမယ်ဆို လေယာဉ်မစီးခင် ဘာတွေပြင်ဆင်ရမလဲ❓
ကလေးတစ်ဖက်နဲ့ ခရီးသွားရတာဟာ ကသီလင်တနိုင်တယ်ဆိုတာ မှန်ပေမယ့် မဖြစ်မနေသွားဖို့ လိုအပ်လာခဲ့ရင် ကလေးအတွက် လိုအပ်လောက်မယ့် အသုံးအဆောင်တွေ ပြည့်ပြည့်စုံစုံပါဖို့ ပုံမှန်ထက် အချိန်စောပြီး ကြိုတင်ပြင်ဆင်ရပါတယ်။
ဘယ်လိုအရာတွေကို ပြင်ဆင်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

✅ ကလေးနဲ့ အဆင်ပြေနိုင်တဲ့ လေယာဉ်ချိန်ကို ရွေးပါ။
မိမိကလေးအိပ်တတ်တဲ့အချိန်ကို ရှောင်ပြီး လေယာဉ်ချိန်ရွေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ လေယာဉ်ချိန်က ကလေးရဲ့အိပ်ချိန်ဖြစ်နေခဲ့ရင် ငိုယိုဂျီကျနေတတ်တာကြောင့် ချော့ရခက်၊ ထိန်းရခက်ပြီး တခြားခရီးသည်တွေအတွက်လည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

✅ ကလေးအတွက် လိုအပ်မယ်ထင်တဲ့ ဆေးဝါးတွေဆောင်သွားပါ။
လေဖိအားကြောင့် နားအူပြီး မူးဝေတာ၊ အော့အန်တာတွေ ဖြစ်တတ်ပြီး မိမိနေရာဒေသနဲ့မတူညီတဲ့နေရာကို သွားမယ်ဆို ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ဝမ်းသွားတာတွေ ဖြစ်တတ်တာကြောင့် လိုအပ်တဲ့ ဆေးဝါးတွေကို ဆောင်သွားသင့်ပါတယ်။

✅ အရေးပေါ်လိုတဲ့အခါ အလွယ်တကူသုံးဖို့အတွက် ဆောင်သွားရမယ့် ပစ္စည်းများကတော့ သေးခံ Diaper၊ Baby Wet Tissues၊ ပလတ်စတစ်အိတ်အပို၊ ကလေးငယ်နွေးထွေးစေဖို့ အနွေးထည်နဲ့ စောင်၊ ကလေးနို့ဘူး၊ မုန့်နဲ့ ဆေးဝါးတချို့ အစရှိတာတွေ ဆောင်သွားရပါမယ်။ လေယာဉ်ပေါ်မှာ အရေးပေါ်လိုလာတဲ့အခါ ဒီပစ္စည်းတွေကို အလွယ်တကူယူသုံးနိုင်ဖို့ မိမိအနီးနားမှာထားလို့ရတဲ့ ခရီးဆောင်အိတ်ထဲ ထည့်ထားပါ။

✅ အသက် ၂ နှစ်အောက် ကလေးငယ်များ လေယာဉ်စီးမယ်ဆိုရင် ကလေးငယ်ရဲ့ မွေးစာရင်းထောက်ခံစာကို တစ်ပါတည်းယူဆောင်လာဖို့ လိုပါတယ်။

ဒီအချက်လေးတွေကို စနစ်တကျပြင်ဆင်ထားမယ်ဆိုရင်တော့ မိသားစုအလိုက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်လေးဖြစ်စေမှာပါ။



ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံလမ်းမှ ဟိုတယ်များချောင်းသာကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ အပျိုစင်ကမ်းခြေတွေကိုကို သွားရောက်...
30/11/2022

ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံလမ်းမှ ဟိုတယ်များ

ချောင်းသာကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ အပျိုစင်ကမ်းခြေတွေကိုကို သွားရောက်လည်ပတ်ကြမယ့် မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများအတွက် ဟိုတယ်ရွေးချယ်ကြတဲ့အခါ အသုံးဝင်စေဖို့ ရည်ရွယ်ပြီး Myantrip Travel အနေနဲ့ ချောင်းသာမှာရှိတဲ့ ဟိုတယ်တွေကို စာရင်းပြုစုပေးထားပါတယ်။

ခရီးသွားဧည့်သည်များ၊ ခရီးသွားလောကမှ အပေါင်းအသင်းများအတွက် အသုံးဝင်စေဖို့ မျှော်လင့်ပါတယ်။

Like & Share ခြင်းဖြင့် ကူညီပေးပါ။
**ပြန်လည်ကူးယူ ဖော်ပြခွင့် မပြုပါခင်ဗျာ။**

==============
ချောင်းသာကမ်းခြေမှဟိုတယ်များ
==============

- ဟိုတယ် ACE (တောင်ကုန်းဟိုတယ်)
09404408833, 09404408811, 09404408822

- ချောင်းသာလော့ဂျ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 890050102, 09 890050101, 09 890050100
https://www.facebook.com/chaungthaLodgehotelresort

- ရွှေဟင်္သာဟိုတယ် (ကမ်းခြေဟိုတယ်)
*လက်ရှိ ပိတ်ထားပါတယ်။*

- ဧကရာဇ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 977961738, 09 767210810
https://www.facebook.com/theakarizhotel

- ဒိုင်းမွန်းဟိုတယ် (ကမ်းခြေဟိုတယ်)
09 955168655, 09 980891959, 09 256830664
https://www.facebook.com/Diamond-Hotel-Chaung-Tha-Beach-103359792095903

- ဘဲလ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 250235235, 09 5200983
https://www.facebook.com/BelleResortChaungThaBeach

- ဂရန့်ဟိုတယ် (ကမ်းခြေဟိုတယ်)
0422042330, 09 8568376, 09253771127
https://www.facebook.com/grandhotel.chaungthabeach

- သီရိဟိုတယ် (ကမ်းခြေဟိုတယ်)
09263287711, 09770601934
https://www.facebook.com/Thiri-Hotel-Chaung-Tha-Beach-Resort-586725604829202

- ဂိုးလ်ဒင်းဘိချ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 5200952, 09 5200564, 09 44800 1370
https://www.facebook.com/chaungthacenter

- ခိုင်ချောင်းသာဟိုတယ် (ကမ်းခြေဟိုတယ်)
0422042242, 0422042243, 095200606
https://www.facebook.com/khinechaungthahotel

- စည်းစိမ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09765422101, 09777123700
https://www.facebook.com/breezeresortchaungthabyamazing

- နယူးချောင်းသာဟိုတယ် (ကမ်းခြေဟိုတယ်)
09 250714148, 04 220 42 367
https://www.facebook.com/newchaungthahotel

- အဇူရာဟိုတယ် (ကမ်းခြေဟိုတယ်)
09977990001, 09977990002, 09977990003
https://www.facebook.com/AzuraBeachResort

- အမေးဇင်းဟိုတယ် (ကမ်းခြေဟိုတယ်)
09765422108, 09777123700, 09777123800
https://www.facebook.com/amazingchaungtharesortpathein

==============

- Lucky Land ဟိုတယ် (ကားလမ်းမဟိုတယ်)
09444339191, 09966339191
https://www.facebook.com/luckylandhotel

- Sea Moon ဟိုတယ် (ကားလမ်းမဟိုတယ်)
09 89 87 31 471
https://www.facebook.com/profile.php?id=100063906468005

- ရွိုင်ရယ်နိုင်းဟိုတယ် (ကားလမ်းမဟိုတယ်)
09 945988885, 09 945988886
https://www.facebook.com/profile.php?id=100084498674398

- ဟိုတယ် Relax (ကားလမ်းမဟိုတယ်)
09898055556, 09898055559
https://www.facebook.com/hotelrelaxchaungthar

- ဟိုတယ်ဧရာဝတီ (ကားလမ်းမဟိုတယ်)
09 5200622, 09 5200626, 09 5200624
https://www.facebook.com/hotelayeyawady

- နိုဘယ်လ်ချောင်းသာဟိုတယ် (ကားလမ်းမဟိုတယ်)
09444421793, 09444421794
https://www.facebook.com/ytandaye

- Sea View ဟိုတယ် (ကားလမ်းမဟိုတယ်)
09790277011, 09790277012
https://www.facebook.com/profile.php?id=100063812023014

- စူပရင်းဟိုတယ် (ကားလမ်းမဟိုတယ်)
09779562834, 09257438551
https://www.facebook.com/chaungtharhotelsupreme

- အလိုင်းယန့်ဟိုတယ် (ကားလမ်းမဟိုတယ်)
09 251035445
https://www.facebook.com/allianceresorthotel

- မိုတယ်ရွှေကမ္ဘာ (ကားလမ်းမမိုတယ်)
09 765164532, 09 965149146, 09 955143100
https://www.facebook.com/profile.php?id=100063755423763

==============

- Sea Breeze Resort (ကမ်းခြေဘက် - အုန်းတော)
09250300181
https://www.facebook.com/SeaBreezeResortChaungThaBeach

- Nilar Win Resort (ကမ်းခြေဘက် - အုန်းတော)
09407800007, 09882700008
https://www.facebook.com/profile.php?id=100068736740049

- PK Resort (ကမ်းခြေဘက် - အုန်းတော)
09422521638, 09964952132, 095201848
https://www.facebook.com/profile.php?id=100064076585373

- Winner Resort (ကမ်းခြေဘက် - အုန်းတော)
09 424 30 00 15, 09 250 59 89 70
https://www.facebook.com/profile.php?id=100063529662032

- Golden Gate Villa (ကမ်းခြေဘက် - အုန်းတော)
09892996655, 09259589322
https://www.facebook.com/GoldenGateVilla

- Royal Family Chaung Tha (ကမ်းခြေဘက် - အုန်းတော)
ရေကူးကန်လေးပါပါတယ်။
09 4400 29605, 09 889099038
https://www.facebook.com/royalfamilychaungtha

- Htike Thu San Resort (ကမ်းခြေဘက် - အုန်းတော)
09254255257, 09444441718, 09767676444
https://www.facebook.com/profile.php?id=100064022976381

- Royal Chaung Tha Guest House (ကားလမ်းမဘက် - အုန်းတော)
09 422508846, 09 799090341, 09 773772685
https://www.facebook.com/profile.php?id=100063942494180

- New Discovery Inn (ကားလမ်းမဘက် - အုန်းတော)
09 889643337, 09 5157683
https://www.facebook.com/profile.php?id=100069913967665

- Royal Ruby Guest House (ကားလမ်းမဘက် - အုန်းတော)
09400755051, 09441302494
https://www.facebook.com/Royal-Ruby-Guest-House-%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%80%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%B1-102812505930419/

- K*K Guest House (ကားလမ်းမဘက် - အုန်းတော)
09420723233, 09250267689
https://www.facebook.com/3kguesthouse

==============

- ကော်ရယ်ဗြူးဟိုတယ် (ဖိုးကုလားကျွန်း)
09 261 511 117, 09 261 511 118
https://www.facebook.com/CoralViewResortPhoKaLar

==============
ရွှေသောင်ယံလမ်းမှ ဟိုတယ်များ
==============

- ဟေးလ်ဂါးဒင်းဟိုတယ် (ကားလမ်းမဟိုတယ်)
09 422 444 823, 09 251 669 995
https://www.facebook.com/hillgardenhotel

- ဂိုးလ်ဒင်းဘေးဟိုတယ် (ကမ်းခြေဟိုတယ်)
09250192950, 09795003225
https://www.facebook.com/Golden-Bay-Resort-Hotel-Chaung-Thar-1416241815351107

- ဂယ်ရစ်ဇင်ဟိုတယ် (ကမ်းခြေဟိုတယ်)
042-2042425, 0943888888, 09777777851, 0949494949
https://www.facebook.com/gerizimhotel

- အိုးရှင်းဗြူးဟိုတယ် (တောင်ကုန်းဟိုတယ်)
09 977127582, 09 977127625
https://www.facebook.com/oceanviewresortchaungtha

- Mangrove View ဟိုတယ် (ဥယျာဉ်ဟိုတယ်)
09 881222207, 09 881777944, 09 5501004
https://www.facebook.com/mangroveviewresort

- ဟိုတယ်ရွှေသောင်ယံ (ရွှေသောင်ယံ ကမ်းခြေဟိုတယ်)
09 431 70508
https://www.facebook.com/shwethaungyanSTY

- လိုင်လိုင်းဟိုတယ် (ရွှေသောင်ယံ ကမ်းခြေဟိုတယ်)
09 404070501, 09 404070502, 09 955599915
https://www.facebook.com/lailaihotelshwethaungyanbeach

- Believe One ဟိုတယ် (အပျိုစင် ကမ်းခြေဟိုတယ်)
09 5105967, 09 450215912, 09 884888567
https://www.facebook.com/BelieveOneResorts

==============

မြန်ထရစ် (Myantrip Travel)
https://myantrip.com
https://www.facebook.com/MyanTripMyanmar
30 Nov 2022

#ချောင်းသာ #ရွှေသောင်ယံ #အပျိုစင်ကမ်းခြေ #ဟိုတယ် #မြန်ထရစ်

အပျိုစင်ကမ်းခြေ ...သဘာဝကျကျ လှပနေတဲ့ ကမ်းခြေတစ်ခုပေါ့ကျောက်ဆောင်တွေ မရှိ၊ သဲသောင်ပြင်လည်း ကျယ်တယ်၊ ပင်လယ်ရေလည်း ကြည်ပါတယ...
25/11/2022

အပျိုစင်ကမ်းခြေ ...
သဘာဝကျကျ လှပနေတဲ့ ကမ်းခြေတစ်ခုပေါ့
ကျောက်ဆောင်တွေ မရှိ၊ သဲသောင်ပြင်လည်း ကျယ်တယ်၊ ပင်လယ်ရေလည်း ကြည်ပါတယ် ...
အဲ့ဒီ အပျိုစင်ကမ်းခြေမှာ သစ်သားအိမ်ကလေးတွေနဲ့ ဟိုတယ်တစ်ခုရှိပါတယ်
မြက်ခင်းပြင်ကျယ်ကျယ်၊ ကမ်းခြေရဲ့အမှတ်အသား အုန်းပင်များရယ်၊ စိုက်ပျိုးထားတဲ့ ပန်းမန်တွေရယ်၊ Private Beach လို ခံစားရစေတဲ့ ပင်လယ်ပြင်ရယ် ...
ဈေးနှုန်းလည်း အရမ်းမများဘဲ၊ ပင်လယ်ကမ်းခြေမှာ အေးအေးဆေးဆေး အနားယူအပန်းဖြေချင်သူတွေအတွက် သင့်တော်ပါတယ်
ကားခ၊ မနက်စာ၊ နေ့လည်စာ၊ ညစာ အပါအဝင် အပြီးအစီး Package တွေလည်း ရှိတာကြောင့်မို့ ဒီဇင်ဘာမှာ မတူခြားနားတဲ့ ကမ်းခြေတစ်ခုကို သွားကြဖို့ ရည်ရွယ်ထားသူတွေအတွက် ရွေးချယ်ထားသင့်တဲ့ နေရာလေးတစ်ခုပါပဲ

ဟိုတယ်အခန်းခဈေးနှုန်း၊ အပြီးအစီး Package ဈေးနှုန်းတွေကို အောက်မှာဖော်ပြပေးထားပါတယ်

*မှတ်ချက် - ဖော်ပြပါဈေးနှုန်းတွေဟာ မြန်ထရစ်က ရောင်းပေးတဲ့ ဈေးနှုန်းတွေသာ ဖြစ်ပါတယ်*

================
ဟိုတယ်အခန်းခ သီးသန့်ဈေးနှုန်း
(၁ ခန်း / ၁ ည)
================

Seaview (၂ ယောက်ခန်း)
December - 98,000 Ks
New Year - 118,000 Ks

Seaview (၄ ယောက်ခန်း)
December - 145,000 Ks
New Year - 175,000 Ks

Second Sea View (၅ ယောက်ခန်း)
December - 155,000 Ks
New Year - 195,000 Ks

================
အပြီးအစီး Package
(Breakfast + Lunch + Teatime + Dinner + Car Ticket)
================

- 1 Night / 2 Days
December - 98,000 Ks (၁ ဦးဈေးနှုန်း)

- 2 Nights / 3 Days
December - 155,000 Ks (၁ ဦးဈေးနှုန်း)
New Year - 195,000 Ks (၁ ဦးဈေးနှုန်း)

- 3 Nights / 4 Days
December - 215,000 Ks (၁ ဦးဈေးနှုန်း)
December - 265,000 Ks (၁ ဦးဈေးနှုန်း)

ဟိုတယ် booking တင်မယ်ဆို -
=====================
⏰ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအတွင်း ပိတ်ရက်မရှိ
💬 Facebook Messenger (သို့မဟုတ်) ☎ 09 779161690 (Viber)
များသို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

မြန်ထရစ် (Myantrip Travel)
လေယာဉ်လက်မှတ်နှင့် ဟိုတယ် Booking
Website - https://www.myantrip.com/
Hotel App - https://play.google.com/store/apps/details?id=com.myantrip.twa

#လေယာဉ်လက်မှတ် #ဟိုတယ် #မြန်ထရစ်

မိသားစုအားလပ်ရက် ခရီးစဉ်ကို ချောင်းသာသွားမယ်ဆိုရင်ကလေးတွေပျော်ပျော်ရွှင်ရွှင် ရေကစားလို့ရတဲ့ Water Park ပါတဲ့ဒီဟိုတယ်ကို...
24/11/2022

မိသားစုအားလပ်ရက် ခရီးစဉ်ကို ချောင်းသာသွားမယ်ဆိုရင်
ကလေးတွေပျော်ပျော်ရွှင်ရွှင် ရေကစားလို့ရတဲ့ Water Park ပါတဲ့
ဒီဟိုတယ်ကို ညွှန်းဆိုချင်ပါတယ် ...
ရွှေသောင်ယံ၊ ကျောက်မောင်နှမ သွားတဲ့လမ်းနံဘေးမှာ တည်ရှိပါတယ်
သီးသီးသန့်သန့် အနားယူအပန်းဖြေချင်သူတွေအတွက်လည်း သင့်တော်ပါတယ်
ချောင်းသာကမ်းခြေက သွားမယ်ဆို သိပ်တော့ မဝေးပါဘူး
အဝေးပြေးကားနဲ့ လာမယ့်သူတွေအနေနဲ့ ချောင်းသာ - ရွှေသောင်ယံ လမ်းဆုံထိ ဟိုတယ်က လာကြိုပေးပါတယ်
မြန်ထရစ်ရဲ့ အရောင်းရဆုံး စာရင်းဝင် လူကြိုက်များတဲ့ ဟိုတယ်တစ်ခုပါပဲ ...

ဒီဇင်ဘာအတွက် အခန်းဈေးနှုန်းတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်
*မှတ်ချက် - ဖော်ပြပါဈေးနှုန်းတွေဟာ မြန်ထရစ်က ရောင်းပေးတဲ့ ဈေးနှုန်းတွေသာ ဖြစ်ပါတယ်*

Deluxe Garden View (Building)
- Mon to Thurs - 97,000 Ks
- Fri to Sun - 115,000 Ks
Christmas (24/25 Dec + Dinner) - 145,000 Ks
New Year (31 Dec + Dinner) - 145,000 Ks

Garden View Suite
- Mon to Thurs - 145,000 Ks
- Fri to Sun - 195,000 Ks
Christmas (24/25 Dec + Dinner) - 260,000 Ks
New Year (31 Dec + Dinner) - 290,000 Ks

2nd Sea View Suite
- Mon to Thurs - 175,000 Ks
- Fri to Sun - 220,000 Ks
Christmas (24/25 Dec + Dinner) - 290,000 Ks
New Year (31 Dec + Dinner) - 320,000 Ks

Sea View Suite
- Mon to Thurs - 240,000 Ks
- Fri to Sun - 270,000 Ks
Christmas (24/25 Dec + Dinner) - 310,000 Ks
New Year (31 Dec + Dinner) - 340,000 Ks

ဟိုတယ် booking တင်မယ်ဆိုရင်
=====================
⏰ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအတွင်း ပိတ်ရက်မရှိ
💬 Facebook Messenger (သို့မဟုတ်) ☎ 09 779161690 (Viber)
များသို့ ဆက်သွယ်နိုင်ပါတယ်။

မြန်ထရစ် (Myantrip Travel)
လေယာဉ်လက်မှတ်နှင့် ဟိုတယ် Booking
Website - https://www.myantrip.com/
Hotel App - https://play.google.com/store/apps/details?id=com.myantrip.twa

#လေယာဉ်လက်မှတ် #ဟိုတယ် #မြန်ထရစ်

ဒီဇင်ဘာပိတ်ရက်တွေမှာ ချောင်းသာသွားကြမယ့်သူတွေ အတွက်ပါ၁ ဦး - 39,500 Ksအနည်းဆုံး ၂ ဦးမှ စတင်ပြီး သွားနိုင်ပါတယ်ကမ်းခြေဟိုတ...
22/11/2022

ဒီဇင်ဘာပိတ်ရက်တွေမှာ ချောင်းသာသွားကြမယ့်သူတွေ အတွက်ပါ
၁ ဦး - 39,500 Ks
အနည်းဆုံး ၂ ဦးမှ စတင်ပြီး သွားနိုင်ပါတယ်
ကမ်းခြေဟိုတယ်၊ လူကြီး + ကလေး ရေကူးကန်၊ Free Wifi, မနက်စာ၊ ညနေအဆာပြေမုန့်၊ Balcony

🏨 အခန်းအမျိုးအစားနှင့် ဈေးနှုန်းများ
=====================
(၂ ယောက်ခန်း 👥)
1. Deluxe Building - 79,000 Ks
2. Deluxe Bungalow - 79,000 Ks
3. Grand Deluxe Building - 105,000 Ks
4. Grand Deluxe Bungalow - 105,000 Ks
5. Sea View Bungalow (1) - 165,000 Ks
6. Sea View Bungalow (2) - 165,000 Ks

(၃ ယောက်ခန်း 👥👤)
7. Royal Room - 145,000 Ks

(မိသားစုခန်း / ၄ ယောက်ခန်း 👥👥)
8. Family Room - 155,000 Ks

ပိတ်ရက်အတွက်ဆို ကြိုတင် booking လုပ်ထားမှအခန်းတွေ ရနိုင်ပါမယ်နော်

🚌 ရန်ကုန် - ချောင်းသာ အသွားအပြန် ကားလက်မှတ်
=====================
ပုံမှန်ဈေးနှုန်း - 25,000 Ks
ပိတ်ရက်ဈေးနှုန်း - 35,000 Ks

⚠ *မှတ်ချက် - 31 Dec, 2022 အထိ ဈေးနှုန်းများသာ ဖြစ်ပါတယ်။*

ဟိုတယ် booking နှင့် လေယာဉ်လက်မှတ် ဝယ်ယူဖို့အတွက် -
=====================
⏰ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအတွင်း ပိတ်ရက်မရှိ
💬 Facebook Messenger (သို့မဟုတ်) ☎ 09 779161690 (Viber)
များသို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

မြန်ထရစ် (Myantrip Travel)
လေယာဉ်လက်မှတ်နှင့် ဟိုတယ် Booking
Website - https://www.myantrip.com/
Hotel App - https://play.google.com/store/apps/details?id=com.myantrip.twa

#လေယာဉ်လက်မှတ် #ဟိုတယ် #မြန်ထရစ်

ဟိုတယ်အကြောင်း သိကောင်းစရာ (Housekeeping)=====================ဟိုတယ်အခန်းတံခါးမှာ "Please Do Not Disturb (မနှောက်ယှက်ပါန...
14/11/2022

ဟိုတယ်အကြောင်း သိကောင်းစရာ (Housekeeping)
=====================
ဟိုတယ်အခန်းတံခါးမှာ "Please Do Not Disturb (မနှောက်ယှက်ပါနှင့်)" ဆိုတဲ့ စာတန်းပါတဲ့ ကဒ်ပြားလေးတွေ ချိတ်ဆွဲထားတတ်ကြပါတယ်။ ဒီကဒ်ပြားလေးနဲ့ ပတ်သတ်ပြီး ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်။ ဇာတ်လမ်းတစ်ခုကတော့ Housekeeping လို့ခေါ်တဲ့ "အခန်းသန့်ရှင်းရေး" ပေါ့။

Standard Hotel တစ်ခုမှာ နေကြတဲ့အခါ တစ်နေ့တစ်ကြိမ်ခန့် အခန်းသန့်ရှင်းရေး ဝင်ပေးတတ်ကြပါတယ်။ အခန်းသန့်ရှင်းရေး ဝင်ပေးတယ်ဆိုတာက အိပ်ယာကို ပြန်ပြင်ပေးတယ်။ အမှိုက်တွေ ယူသွားတယ်။ ကုန်နေတဲ့ ရေဗူးတွေ၊ တစ်ခါသုံး သွားတိုက်တံ၊ သွားတိုက်ဆေးတွေ ... စသည်ဖြင့် လဲပေးခဲ့တယ်ပေါ့။

Laundry Service ရှိတဲ့ ဟိုတယ်တွေဆိုရင် ကိုယ်လျှော်ချင်တဲ့ အဝတ်အစားတွေကို Laundry Bag ထဲကို ထည့်ထားလိုက်ရင် ယူသွားပေးပါတယ်။ နောက်တစ်ကြိမ် အခန်းသန့်ရှင်းရေး ဝင်တဲ့အခါ လျှော်ဖွတ်ထားတဲ့ အဝတ်တွေကို ကျသင့်ငွေ ဘောက်ချာနဲ့တကွ ပြန်ထားပေးထားပါလိမ့်မယ်။

အခန်းသန့်ရှင်းရေး မဝင်ခင်မှာ၊ တာဝန်ကျတဲ့ Housekeeper က အခန်းတံခါးကို ခေါက်ပြီး "Housekeeping" လို့ အသံပေးတတ်ကြပါတယ်။ ကိုယ်က အခန်းသန့်ရှင်းရေး လာတဲ့အချိန် အခန်းထဲမှာရှိနေတယ်၊ အဆင်ပြေတယ် အိုကေတယ်ဆိုရင် တံခါးဖွင့်ပေးလိုက်ပါ။ အခန်းထဲက အကြောင်းပြန်မလာဘူး၊ အခန်းတံခါးမှာလည်း "Please Do Not Disturb" ဆိုတဲ့ ကဒ်ပြားချိတ်ထားတာ မရှိဘူးဆိုရင်တော့ Housekeeper က သူ့ဟာသူ တံခါးဖွင့်ပြီး အခန်းသန့်ရှင်းရေး ဝင်ပေးသွားပါလိမ့်မယ်။

ဒီနေရာ ဇာတ်လမ်းဖြစ်တာပါပဲ။ ကိုယ်နေတဲ့အခန်းကို ကိုယ်မရှိတုန်း တစ်ယောက်ယောက် ဝင်သွားတာကို သိလိုက်ရတဲ့အခါ၊ စိတ်ထဲမှာ အလိုမကျတာမျိုး ဖြစ်တတ်တာ ဓမ္မတာပဲမဟုတ်လား။ ကိုယ်ထားခဲ့တဲ့ ပစ္စည်းတွေ ပျောက်/မပျောက် အသည်းအသန် ရှာတတ်ကြပါတယ်။ စိတ်မြန်သူတွေဆိုရင် Hotel Reception ကိုသွားပြီး ဒေါသတကြီး တုံ့ပြန်တတ်ကြပါသေးတယ်။

တကယ်တော့ ဒါဟာ Standard Hotel တစ်ခုရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ ဒါမျိုးတွေ မဖြစ်စေဖို့အတွက် အခန်းတံခါးရဲ့ လက်ကိုင်မှာ "Do Not Disturb" ကဒ်ပြားလေးတွေ ထားရှိပေးထားတာ ဖြစ်ပါတယ်။ တချို့သော ဟိုတယ်တွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေပါတဲ့ ဧည့်သည်များအတွက် လုံခြုံစွာ သိမ်းဆည်းထားနိုင်ဖို့အတွက် အခန်းတွေထဲမှာ Safe Box တွေ ထည့်ပေးထားတတ်ကြပါတယ်။

ရှေ့ဆက်ပြောရရင် - ကိုယ်က အခန်းထဲမှာ အိပ်စက်အနားယူဖို့ တွေးထားတယ်။ အိပ်နေတဲ့အချိန်မှာ အခန်းသန့်ရှင်းရေးဝင်လာဖို့လည်း မလိုအပ်ဘူးဆိုရင် - တံခါးလက်ကိုင်များ ချိတ်ဆွဲထားတဲ့ "Please Do Not Disturb" ကဒ်ပြားလေးကို အခန်းအပြင်ကိုထုတ်ပြီး ချိတ်ဆွဲထားလိုက်ပါ။

"Please Do Not Disturb" ကဒ်ပြားလေးရဲ့ အခြားတစ်ဖက်အခြမ်းမှာ ဆိုရင်တော့ "Welcome Please Knock" "Please make up the room" စသည်ဖြင့် အခန်းသန့်ရှင်းရေး ဝင်လို့ရကြောင်း ရေးထားတဲ့စာတန်းရှိပါတယ်။

ကိုယ်က အခန်းထဲမှာ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အခန်းထဲဝင်ပြီး အခန်းသန့်ရှင်းရေး ဝင်လို့ရတယ်ဆိုရင် "Please Do Not Disturb" ကဒ်ပြားလေးရဲ့ အခြားသော တစ်ဖက်ခြမ်းကို လှည့်ပြီး၊ အခန်းသန့်ရှင်းရေး ဝင်လို့ရကြောင်း စာတန်းပါတဲ့ ကဒ်ပြားလေးကို အခန်းအပြင်ကိုထုတ်ပြီး ချိတ်ဆွဲထားလိုက်ပါ။

"Please Do Not Disturb" ကဒ်ပြားကို အခန်းအပြင်မှာ ချိတ်ထားတိုင်း အခန်းထဲကို ဝင်လာလို့ မရဘူးလို့တော့ တစ်ထစ်ချသတ်မှတ်ထားလို့ မရပါဘူး။ Housekeeper တွေရဲ့ report အရ ဟိုတယ်တာဝန်ရှိသူတွေ အနေနဲ့ အခန်းနဲ့ပတ်သက်ပြီး မသင်္ကာစရာ အကြောင်းအရာမျိုး တွေ့ရှိပါက အချိန်မရွေး ဝင်ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် အခန်းထဲမှာ အသံတွေ ဆူညံနေတာ၊ အော်ဟစ်နေကြတာ (--ခြွင်းချက်)၊ 24-48 နာရီကြာအောင် အခန်းထဲပေးမဝင်တာ၊ လူအများကြီး ဝင်သွားတာ၊ ထွက်သွားတာ .. စသည်ဖြင့်ပေါ့။

ဒါကတော့ ဟိုတယ်အကြောင်း သိကောင်းစရာတွေထဲက တစ်ခုပေါ့။
နောက်ထပ်လည်း ဟိုတယ်မှာ နေကြတဲ့အခါ သိထားသင့်တွေကို ထပ်မံပြီး ဝေမျှပေးသွားပါဦးမယ်။
ဖတ်ရှုပေးသွားကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။

မြန်ထရစ် (Myantrip Travel)
14 Nov 2022

#ဟိုတယ် #မြန်ထရစ်

ဟိုတယ်တည်းတဲ့အခါ သိထားသင့်တာတွေ (check-in / check-out)🧳 တစ်နေရာရာကို ခရီးထွက်လို့ ဟိုတယ်တည်းဖို့ဖြစ်လာတဲ့အခါ ပထမဆုံး သိထ...
12/11/2022

ဟိုတယ်တည်းတဲ့အခါ သိထားသင့်တာတွေ (check-in / check-out)

🧳 တစ်နေရာရာကို ခရီးထွက်လို့ ဟိုတယ်တည်းဖို့ဖြစ်လာတဲ့အခါ ပထမဆုံး သိထားရမှာကတော့ အဲ့ဟိုတယ်က သရဲ ခြောက်/မခြောက် ပါ 😂 နောက်တာပါ

🕑🕛 ဟိုတယ် ဝင်ချိန်/ထွက်ချိန်

- ဟိုတယ်တွေမှာ check-in / check-out ဆိုပြီး အချိန်သတ်မှတ်ထားတာ ရှိပါတယ်။ check-in က အခန်းထဲ ဝင်‌ပြီးနေလို့ရမယ့် အချိန်ပေါ့။ check-out ကတော့ အခန်းထဲက ထွက်ပေးရမယ့်အချိန်ပါ။

ဟိုတယ် အများစုကတော့ နေ့လည် 2:00 pm ဝင်ပြီး၊ 12:00 pm ထွက်ပေးဖို့ သတ်မှတ်ကြပါတယ်။ ဟိုတယ်တစ်ခုနဲ့တစ်ခု သတ်မှတ်တာ မတူတဲ့အတွက် booking လုပ်ကတည်းက အချိန်မေးထားတာ ပိုကောင်းပါတယ်။

🕑 Check-In - ကိုယ်က ဟိုတယ်ဝင်ချိန် မတိုင်ခင် ရောက်သွားရင် အခန်းရဖို့အတွက် စောင့်ရတတ်ပါတယ်။ ဟိုတယ်ရောက်တာနဲ့ အခန်းထဲတန်းဝင်လို့ မရပါဘူး။ ဒီနေရာမှာ တစ်ခုရှိတာကတော့ Early Check-In ပါ။

သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် အခန်းထဲဝင်ချင်တဲ့အခါ early check-in ရခဲ့ရင် ပေးပေးဖို့ ဟိုတယ်ဘက်ကို booking ယူကတည်းက request လုပ်ထားလို့ ရပါတယ်။ ဟိုတယ်ဘက်ကနေ အခန်း ရ/မရ ပေါ်မူတည်ပြီး ပေးလို့ရရင် ပေးပါလိမ့်မယ်။ တချို့ဟိုတယ်တွေက early check-in အတွက် ပိုက်ဆံယူပါတယ်။ တချို့ကတော့ အခမဲ့ပါ။

🕛 Check-Out - ဟိုတယ်ထွက်ချိန်ကလည်း သတ်မှတ်ချိန် နောက်ဆုံးထားပြီး အခန်းထဲက ထွက်ပေးရပါတယ်။ စောပြီးထွက်တာ ပြဿနာမရှိပေမယ့်၊ သတ်မှတ်ချိန်ထက် နောက်ကျပြီးမှထွက်ခဲ့ရင်တော့ သတ်မှတ်ထားတဲ့ အချိန်ပိုကြေးကို ပေးရတတ်ပါတယ်။

နောက်ထပ်လည်း ‌သိထားသင့်တာလေးတွေ ဝေမျှလို့ ပေးသွားပါဦးမယ်နော်။

မြန်ထရစ် (Myantrip Travel)
12 Nov 2022

#ဟိုတယ် #မြန်ထရစ်

နိုဝင်ဘာ၊ ဒီဇင်ဘာအတွက် လေယာဉ်လက်မှတ် ဈေးနှုန်းများ====================လေယာဉ်နဲ့ခရီးသွားကြမယ့် မိတ်ဆွေများအတွက် နိုဝင်ဘာန...
10/11/2022

နိုဝင်ဘာ၊ ဒီဇင်ဘာအတွက် လေယာဉ်လက်မှတ် ဈေးနှုန်းများ
====================
လေယာဉ်နဲ့ခရီးသွားကြမယ့် မိတ်ဆွေများအတွက် နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွက် လက်ရှိစစ်ဆေးထားတဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းတွေပါ။ သွားချင်တဲ့အချိန်နဲ့ လေကြောင်းလိုင်းပေါ် မူတည်ပြီး ဈေးနှုန်းတွေကတော့ အပြောင်းအလဲရှိနိုင်ပါတယ်။

တချို့ခရီးစဉ်တွေကတော့ နေ့စဉ်သွားပါတယ်။ တချို့ခရီးစဉ်တွေကတော့ ရက်ခြားသွားပါတယ်။ တချို့ခရီးစဉ်တွေက တစ်ပတ်မှာ တစ်ရက်ထဲသာ သွားပါတယ်။ တချို့ကတော့ ၂ ပတ်ခြား ၁ ရက်ပဲ လေယာဉ်ထွက်ပါတယ်။

လေယာဉ်နဲ့ ခရီးသွားဖို့အတွက် လိုအပ်ချက် ၂ ခုရှိပါတယ်။
- ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားတဲ့ ဆေးလက်မှတ်မူရင်း
- မှတ်ပုံတင်မူရင်း
ကာကွယ်ဆေးထိုးထားတဲ့ ဆေးလက်မှတ်မူရင်း မရှိရင် လေယာဉ်မထွက်ခင် ၁ ရက်အလိုမှာ နှာခေါင်းနှိုက် RDT Test ဆေးစစ်ရပါတယ်။

ပြည်တွင်းမှာ လက်ရှိပြေးဆွဲပေးနေတဲ့ လေယာဉ်တွေကတော့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA)၊ အဲကမ္ဘောဇ (AirKBZ)၊ အဲသံလွင် (Air Thanlwin)၊ မန်းရတနာပုံလေကြောင်းလိုင်း (Mann Yadanarpon Airlines)၊ Myanmar Airways International (MAI) တို့ပဲဖြစ်ပါတယ်။ လေယာဉ်လက်မှတ်ဈေးနဲ့ ပြေးဆွဲတဲ့အချိန်၊ နေ့ရက်တွေကတော့ တစ်လိုင်းနဲ့တစ်လိုင်း မတူတတ်ကြပါဘူး။

သွားချင်တဲ့ နေ့ရက်မှာ သွားချင်တဲ့ ခရီးစဉ် ရှိ/မရှိ မြန်ထရစ် - ပြည်တွင်းလေယာဉ်လက်မှတ် အရောင်းဌာနကို ဆက်သွယ်မေးမြန်းပြီး၊ သွားဖြစ်ဖို့ သေချာပါက လေယာဉ်လက်မှတ် ဝယ်ယူနိုင်ပါတယ်။ မြန်ထရစ်ကို March 16, 2020 ကတည်းက တည်ထောင်ထားတာဖြစ်ပြီး ပြည်တွင်း လေယာဉ်လက်မှတ်နဲ့ ဟိုတယ် Booking တွေကို အွန်လိုင်း ဝန်ဆောင်မှုပေးနေတဲ့ တရားဝင် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Page ထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒါကတော့ လက်ရှိပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်နဲ့ ဈေးနှုန်းတွေပါ။

- - - - - - - - - - - - -
ရန်ကုန် မှအထွက် လေယာဉ်ခရီးစဉ်များ
- - - - - - - - - - - - -
✈ ရန်ကုန် - မန္တလေး - 122,000 Ks
✈ ရန်ကုန် - တာချီလိတ် - 171,000 Ks
✈ ရန်ကုန် - ကျိုင်းတုံ - 172,000 Ks
✈ ရန်ကုန် - လားရှိုး - 180,000 Ks
✈ ရန်ကုန် - မြစ်ကြီးနား - 213,000 Ks
✈ ရန်ကုန် - စစ်တွေ - 125,000 Ks
✈ ရန်ကုန် - ကလေး - 176,000 Ks
✈ ရန်ကုန် - မြိတ် - 149,000 Ks
✈ ရန်ကုန် - ထားဝယ် - 133,000 Ks
✈ ရန်ကုန် - ကော့သောင်း - 185,000 Ks
✈ ရန်ကုန် - လွိုင်ကော် - 158,000 Ks
✈ ရန်ကုန် - အင်းလေး (ဟဲဟိုး) - 119,000 Ks
✈ ရန်ကုန် - ငပလီ (သံတွဲ) - 120,000 Ks
✈ ရန်ကုန် - ပုဂံ (ညောင်ဦး) - 132,000 Ks
✈ ရန်ကုန် - ကျောက်ဖြူ - 150,000 Ks
✈ ရန်ကုန် - ပူတာအို - 207,000 Ks
✈ ရန်ကုန် - ဗန်းမော် - 180,000 Ks (၁ ပတ်၊ အင်္ဂါနေ့ ၁ ရက်)
✈ ရန်ကုန် - အမ်း - 165,000 Ks (၁ ပတ်၊ တနင်္လာ ၁ ရက်)
✈ ရန်ကုန် - ခန္တီး - 183,000 Ks (၁ ပတ်၊ တနင်္လာ ၁ ရက်)
✈ ရန်ကုန် - ဘုတ်ပြင်း - 185,000 Ks (၁ ပတ်၊ တနင်္လာ ၁ ရက်)
✈ ရန်ကုန် - မိုင်းဆတ် - 177,000 Ks (၂ ပတ်၊ ဗုဒ္ဓဟူး ၁ ရက်)
✈ ရန်ကုန် - မကွေး - 151,000 Ks (၂ ပတ်၊ တနင်္လာ ၁ ရက်)
✈ ရန်ကုန် - မုံရွာ / ဟုမ္မလင်း / မော်လမြိုင် ရပ်နားထားပါသည်။

- - - - - - - - - - - - -
မန္တလေး (တံတားဦး) မှအထွက် လေယာဉ်ခရီးစဉ်များ
- - - - - - - - - - - - -
✈ မန္တလေး - ရန်ကုန် - 122,000 Ks
✈ မန္တလေး - မြစ်ကြီးနား - 139,000 Ks
✈ မန္တလေး - တာချီလိတ် - 140,000 Ks
✈ မန္တလေး - ကျိုင်းတုံ - 142,000 Ks
✈ မန္တလေး - လားရှိုး - 127,000 Ks
✈ မန္တလေး - ဗန်းမော် - 139,000 Ks
✈ မန္တလေး - ကလေး - 123,000 Ks
✈ မန္တလေး - ပူတာအို - 144,000 Ks
✈ မန္တလေး - စစ်တွေ - 131,000 Ks
✈ မန္တလေး - ခန္တီး - 179,000 Ks
✈ မန္တလေး - ဟုမ္မလင်း - 163,000 Ks
✈ မန္တလေး - ငပလီ (သံတွဲ) - 141,000 Ks
✈ မန္တလေး - မုံရွာ - 110,000 Ks

- - - - - - - - - - - - -
အခြား လေယာဉ်ခရီးစဉ်များ
- - - - - - - - - - - - -
✈ တာချီလိတ် - ရန်ကုန် - 165,000 Ks
✈ တာချီလိတ် - မန္တလေး - 138,000 Ks
✈ တာချီလိတ် - လားရှိုး - 139,000 Ks
✈ တာချီလိတ် - ဟဲဟိုး - 133,000 Ks

✈ လားရှိုး - ရန်ကုန် - 170,000 Ks
✈ လားရှိုး - မန္တလေး - 125,000 Ks
✈ လားရှိုး - တာချီလိတ် - 139,000 Ks
✈ လားရှိုး - ဟဲဟိုး - 139,000 Ks

✈ ကျိုင်းတုံ - ရန်ကုန် - 170,000 Ks
✈ ကျိုင်းတုံ - မန္တလေး - 140,000 Ks
✈ ကျိုင်းတုံ - ဟဲဟိုး - 126,000 Ks

✈ မြစ်ကြီးနား - ရန်ကုန် - 201,000 Ks
✈ မြစ်ကြီးနား - မန္တလေး - 150,000 Ks
✈ မြစ်ကြီးနား - ပူတာအို - 113,000 Ks

✈ ဟဲဟိုး - ရန်ကုန် - 111,000 Ks
✈ ဟဲဟိုး - ကျိုင်းတုံ - 126,000 Ks
✈ ဟဲဟိုး - တာချီလိတ် - 127,000 Ks
✈ ဟဲဟိုး - လားရှိုး - 139,000 Ks
✈ ဟဲဟိုး - ပုဂံ (ညောင်ဦး) - 116,000 Ks

✈ စစ်တွေ - ရန်ကုန် - 123,000 Ks
✈ စစ်တွေ - မန္တလေး - 134,000 Ks
✈ စစ်တွေ - ငပလီ (သံတွဲ) - 128,000 Ks
✈ စစ်တွေ - ကျောက်ဖြူ - 102,000 Ks
✈ စစ်တွေ - အမ်း - 117,000 Ks

✈ ငပလီ (သံတွဲ) - ရန်ကုန် - 112,000 Ks
✈ ငပလီ (သံတွဲ) - စစ်တွေ - 108,000 Ks

✈ ကော့သောင်း - ရန်ကုန် - 183,000 Ks
✈ ကော့သောင်း - ထားဝယ် - 129,000 Ks
✈ ကော့သောင်း - မြိတ် - 150,000 Ks (၂ ပတ်၊ ဗုဒ္ဓဟူး ၁ ရက်)

✈ မြိတ် - ရန်ကုန် - 147,000 Ks
✈ မြိတ် - ကော့သောင်း - 130,000 Ks (၂ ပတ်၊ ဗုဒ္ဓဟူး ၁ ရက်)

✈ ထားဝယ် - ရန်ကုန် - 131,000 Ks
✈ ထားဝယ် - ကော့သောင်း - 135,000 Ks

✈ ကလေး - ရန်ကုန် - 214,000 Ks (ရက်ကြိုဝယ်ပါ)
✈ ကလေး - မန္တလေး - 141,000 Ks (ရက်ကြိုဝယ်ပါ)

✈ ပုဂံ (ညောင်ဦး) - ရန်ကုန် - 124,000 Ks
✈ ပုဂံ (ညောင်ဦး) - ဟဲဟိုး - 116,000 Ks

✈ ပူတာအို - ရန်ကုန် - 195,000 Ks
✈ ပူတာအို - မန္တလေး - 142,000 Ks
✈ ပူတာအို - မြစ်ကြီးနား - 113,000 Ks

✈ ဗန်းမော် - ရန်ကုန် - 178,000 Ks
✈ ဗန်းမော် - မန္တလေး - 137,000 Ks

✈ ဟုမ္မလင်း - မန္တလေး - 161,000 Ks
✈ ဟုမ္မလင်း - မုံရွာ - 148,000 Ks
✈ မုံရွာ - ဟုမ္မလင်း - 148,000 Ks (ရက်ကြိုဝယ်ပါ)
✈ မုံရွာ - မန္တလေး - 128,000 Ks
✈ ခန္တီး - ရန်ကုန် - 191,000 Ks
✈ ခန္တီး - မန္တလေး - 187,000 Ks
✈ ဘုတ်ပြင်း - ရန်ကုန် - 183,000 Ks
✈ မိုင်းဆတ် - ရန်ကုန် - 175,000 Ks
✈ လွိုင်ကော် - ရန်ကုန် - 156,000 Ks
✈ ကျောက်ဖြူ - ရန်ကုန် - 148,000 Ks
✈ ကျောက်ဖြူ - စစ်တွေ - 97,000 Ks
✈ အမ်း - ရန်ကုန် - 163,000 Ks
✈ အမ်း - စစ်တွေ - 122,000 Ks
✈ အမ်း - မကွေး - 124,000 Ks

- - - - - - - - - - - - -
လေယာဉ်လက်မှတ် ဝယ်ယူဖို့အတွက် -

⏰ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအတွင်း ပိတ်ရက်မရှိ
💬 Facebook Messenger (သို့မဟုတ်) ☎ 09 779161690 (Viber)
များသို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

မြန်ထရစ် (Myantrip - Travel Company)
ပြည်တွင်း လေယာဉ်လက်မှတ်နှင့် ဟိုတယ် Booking အရောင်းဌာန
ကုမ္ပဏီ မှတ်ပုံတင်အမှတ် - 125275680

Website - https://www.myantrip.com
Email - [email protected]
Phone - 09 779 161 690 (Viber)
Hotel App - https://play.google.com/store/apps/details?id=com.myantrip.twa

#လေယာဉ်လက်မှတ် #ဟိုတယ် #မြန်ထရစ်

Address

အမှတ် (၉၆)၊ ပြည်တော်သာလမ်း၊ ဒေးဒရဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
Dedaye
10261

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959779161690

Alerts

Be the first to know and let us send you an email when Myantrip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myantrip:

Videos

Share

Category