Putao Myanmar Phonganrazi Panda Travel Tour

Putao Myanmar Phonganrazi Panda Travel Tour မြန်မာဖုန်ကန်ရာဇီပန်ဒါခရီးသွားလာရေး

အတိတ်ဆိုတာ ပြန်သွားလို့မရပေမဲ့ပြန်လွမ်းခွင့်တော့ ရှိတယ်ဒီမြို့လေးက အတိတ်တွေကအနာဂတ်တိုင်းမှာပြန်တွေးတိုင်းလွမ်းစရာတွေချည်...
28/04/2023

အတိတ်ဆိုတာ
ပြန်သွားလို့မရပေမဲ့

ပြန်လွမ်းခွင့်တော့ ရှိတယ်
ဒီမြို့လေးက အတိတ်တွေက

အနာဂတ်တိုင်းမှာ
ပြန်တွေးတိုင်းလွမ်းစရာတွေချည်းပါပဲ...

ထိုနေရာလေးကို ပူတာအိုမြို့ဟုခေါ်သည်။

28/04/2023

#ပူတာအိုမြို့
#မိုးဦးကာလ

အတိတ်ဆိုတာ
ပြန်သွားလို့မရပေမဲ့

ပြန်လွမ်းခွင့်တော့ ရှိတယ်
ဒီမြို့လေးက အတိတ်တွေက

ပြန်တွေးတိုင်းလွမ်းစရာတွေချည်းပါပဲ...

25/04/2023

ကချင်ပြည်နယ်မြောက်ပိုင်း
ပူတာအိုမြို့
နှင့်
နှင်းဖုံးနေသော ဖုန်ကန်ရာဇီရေခဲတောင်
ခါတစ်ခေါက်လောက် အခွင့်သာခဲ့ရင်
လာလည်ဖို့ ခရီးသွားချစ်သူများ
အယောက်တိုင်းကို ဖိတ်ခေါ်အပ်ပါ၏။

လေးစားစွာဖြင့်
Myanmar PhonGanRazi Panda
Travel & Tour (Putao)
09 781165088
09 267757692

23/04/2023

#ဖုန်ကန်ရာဇီ
#ခရီးသွားချစ်သူများနှင့်အတူ

 #မြန်မာပြည်ဖွား  #တိဗက်လူမျိုးတို့ရဲ့ #ထိမ်းမြားမင်္ဂလာ #ဝတ်စားဆင်ရင်ပုံ #ထအွန်ဒမ်းရွာPhoto By : Hta Eum Dam Village   ...
22/04/2023

#မြန်မာပြည်ဖွား
#တိဗက်လူမျိုးတို့ရဲ့
#ထိမ်းမြားမင်္ဂလာ
#ဝတ်စားဆင်ရင်ပုံ
#ထအွန်ဒမ်းရွာ

Photo By : Hta Eum Dam Village
(Aung Da)
Myanmar Tibetan
Wedding Ceremony

 #ခေါတ်သစ်မြန်မာပြည် #ကချင်ပြည်နယ်မြောက်ဖျားပိုင်း #နေခြည်ဖြာမှနွေးသောကြောင့် #မြန်မာ့ရေခဲလွင်ပြင်နှင့်တောင်တန်းများ #သဘ...
22/04/2023

#ခေါတ်သစ်မြန်မာပြည်
#ကချင်ပြည်နယ်မြောက်ဖျားပိုင်း
#နေခြည်ဖြာမှနွေးသောကြောင့်
#မြန်မာ့ရေခဲလွင်ပြင်နှင့်တောင်တန်းများ
#သဘာ၀အလှတရား

🚩မချမ်းဘော့ မြို့🚩မလိခမြစ်ပေါ်က  🚩နတ်ကျွန်း**********************************အိပ်ရာစောစောထတတ်တဲ့ မချမ်းဘော့မြို့လေးအတွက်...
21/04/2023

🚩မချမ်းဘော့ မြို့
🚩မလိခမြစ်ပေါ်က
🚩နတ်ကျွန်း
**********************************
အိပ်ရာစောစောထတတ်တဲ့ မချမ်းဘော့
မြို့လေးအတွက်
အမြန်ရေယာဉ် မော်တော်ဘုတ်ပေါ်မှ
တပ်ဆင်ထားသော
တစ်လုံးထိုး ဒီဆယ်အင်ဂျင်ဆွဲသံတွေက
မနက်တိုင်းရဲ့ နှိုးစက်ပါပဲ။

အာရုဏ်တတ်ချိန် အရှေ့ဘက်မှ ဖြာကျလာတဲ့
ရောင်နီဦးအလင်းနဲ့ မီးခိုးခေါင်းတိုင်ကထွက်လာ
တဲ့မီးခိုးများနဲ့ ပြင်ပ မလိခမြစ်ပေါ်က အငွေ့ပျံ
ခါစ မြူခိုးများနဲ့ ရောယှက်ပြီး အမြင်အားလုံးကို
ခွဲခြားမရအောင် သဘာ၀နဲ့တစ်ထပ်တည်းကျ
စေပြီး ဆည်းဆာတိုင်းရဲ့အလှတရားကိုလည်း
မလိခမြစ်ရဲ့ ပခုံးပေါ် မေးတင်ပေးထားသလို

ရေလည်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း

နတ် ကျွန်း

ကမ္ဘီရဆန်ဆန် ပန်းပုထုဆစ်ထားသည့်အလား
လျှိုဝှက်အမြင်ဆန်းကျယ်တဲ့
ကျောက်ဖျာကျောက်ဆောင်များ
မလိခမြစ်ရဲ့အလှနဲ့ ကျွန်းလည်ခေါင်မှာတည်ထား
တဲ့ လွမ်းစေတီလေးနဲ့ လိုက်ဘက်ပြည့်စုံစွာရှိပြီး

ရေလည်ခေါင် လွမ်းစေတီလေးကနေ
ထိုးထွက်လာတဲ့
ဆည်းလည်းသံများနှင့် ဆုတောင်းပြည့်
ခေါင်းလောင်းထိုးသံလေးများက
တိတ်ဆိတ်နေတဲ့ မလိခမြစ်ကို လှုပ်နှိုးလိုက်သလို
နေရောင်အောက်မှာ နိုးထလာခဲ့ပါပြီ။

မိုးရာသီတွေဆို မြို့ကလေးဟာ
အစိမ်းရောင် စပါးခင်းများနှင့်
အပြာရောင်မိုးသား ကောင်းကင်အောက်မှာ
စိုစွတ်သောရေငွေ့များဖြင့် ဖြန်းပတ်၍
တောတောင်ရှိသစ်ပင်တိုင်းကို ရွက်သစ်များဖြင့်
ဝေဝေဆာဆာ စိမ်းစိုစေခဲ့ပြီး

တိမ်လွာတိမ်လိတ်များတို့လည်း မုတ်သုံလေသယ်ဆောင်သွားသည့်အတိုင်း လွင့်မျောနေပြီး
ငြိမ်သက်နေသည့် မလိခမြစ်မျက်နှာပြင်ပေါ်တွင်
​ရှင်းလင်းစွာ တိမ်ဆိုင်တိမ်ခဲများ၏ ရွှေ့လျားမှုကို
လည်း တစ်ထပ်တည်းတွေ့နိုင်ပါသည်။

မလိခမြစ်ရဲ့ ညဦးအလှကို
ကချင်မနော ရိုးရာစားသောက်ဆိုင်လေးတွေက
ရောင်စုံမီးလေးတွေနဲ့အလှဆင်ထားပြီး

မြို့ကသေးသလောက် ဈေးနှုန်းကကြီးနေရင်တောင်
မနောသူလေး ရ၀မ်မလေးတစ်ယောက်ရဲ့ အပြုံးကြောင့်ဘဲအိမ်မပြန်နိုင်ကြသေးသူတွေရှိတဲ့မြို့။

ဤနေရာကို မြန်မာပြည်မြောက်ဖျားပိုင်းက
မလိခမြစ်ဘေးရှိ မချမ်းဘော့မြို့ဟုခေါ်သည်။

ကျနော်နဲ့အတူ မချမ်းဘော့မြို့
မှ
လှိုက်လှဲစွာ ကြိုဆိုပါ၏

လေးစားချစ်ခင်စွာဖြင့်
Myanmar PhonGanRazi Panda
Travel & Tour (Putao)
09 781165088
09 267757692

 #ခါကာဘိုရာဇီတောင်ခြေသို့ #အလည်တစ်ခေါက် #သွားကြမယ်
20/04/2023

#ခါကာဘိုရာဇီတောင်ခြေသို့
#အလည်တစ်ခေါက်
#သွားကြမယ်

 #ကချင်ပြည်နယ် #ရှိန်းခေါင် #နှင်းဖုံးနေတဲ့ရွာလေးဆီသို့အလည်တစ်ခါက်  Myanmar Phonganrazi Panda  Tour
20/04/2023

#ကချင်ပြည်နယ်
#ရှိန်းခေါင်
#နှင်းဖုံးနေတဲ့ရွာလေးဆီသို့အလည်တစ်ခါက်

Myanmar Phonganrazi Panda
Tour

Myanmar PhonGan Razi Panda        Travel & Tout (Putao)ရေခဲတောင်တတ် ခရီးသွားချစ်သူများနှင့်          အတူဆုံတွေ့ချိန်ပုံရ...
19/04/2023

Myanmar PhonGan Razi Panda
Travel & Tout (Putao)
ရေခဲတောင်တတ် ခရီးသွားချစ်သူများနှင့်
အတူဆုံတွေ့ချိန်ပုံရိပ်များ

ဒီထက်မက ကောင်းမွန်သော
၀န်ဆောင်မှုများဖြင့်
ခရီးသွားချစ်သူများ အယောက်တိုင်းကို
ပျော်ရွှင်ခြင်းများ အမှတ်တရများဖြစ်အောင်
ဆက်လက် ကြိုးစားသွားမည်ဖြစ်ပါ​ကြောင်း
ကတိပေးအပ်ပါသည်။

လေးစားစွာဖြင့်
Myanmar PhonGanRazi Panda
Travel & Tour (Putao)

09 781165088
09 267757692



 #ပူတာအို  #နောင်မွန်း  #ပန်နန်းဒင်   #မြန်မာကချင်ပြည်နယ်မြောက်ဖျား #သဘာ၀အတိုင်းနေထိုင်ကြသော #တိဗက်လူမျိုး  #ရ၀မ်လူမျိုး...
19/04/2023

#ပူတာအို #နောင်မွန်း #ပန်နန်းဒင်

#မြန်မာကချင်ပြည်နယ်မြောက်ဖျား
#သဘာ၀အတိုင်းနေထိုင်ကြသော
#တိဗက်လူမျိုး #ရ၀မ်လူမျိုး
#တိုင်းရင်းသားများဆုံဆည်းရာအရပ်

ထိပ်ဆုံးသို့တစ်တောင်ပေါ် တစ်တောင်ဆင့်တောင်အမြင့် ပတ်ခြံရံ။တစ်တောင်ဆုံးပြန်တော့တစ်လုံးကျန်ပြန်သေးသမို့ဖန်ဖန်လေ အားအင်နှို...
17/04/2023

ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။

တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

(ငွေတာရီ)

သက္ကရာဇ် ၂၀၀၀ ဝန်းကျင် ကျွန်တော် ကျောင်းတက်နေတုန်း အချိန်။ လပတ်စာမေးပွဲမှာ သင်္ချာ အမှတ်ကောင်းလို့ ဆရာမက အဖြေစာရွက်ပေါ်မှာ “To The Top” ဆိုတဲ့ ချီးကျူးတဲ့ စတစ်ကာလေး ကပ်ပေးခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက “ကံကောင်းတဲ့ ကျွန်တော်” ဟာ နိုင်ငံခြားကို ပညာသင်ဆုနဲ့ ရောက်နေပြီဆိုပေမဲ့ ကျွန်တော့်ဘဝမှာ အခက်အခဲတွေ များစွာနဲ့ပါ။ အရင်က နယ်မှာ ကျောင်းတက်ခဲ့တဲ့ ကျွန်တော်ဟာ သင်္ချာမှာ ထူးချွန်ပေမဲ့ အင်္ဂလိပ်စာ အားနည်းပြီး ကျနေလို့ အောင်မှတ်ရအောင်တောင် မနည်း ကြိုးစားနေရတဲ့ အချိန်၊ မိသားစုမှာ အကြွေးပတ်လည် ဝိုင်းနေချိန်၊ သုံးဖို့ငွေ ရှားပါးနေချိန်ပဲ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာ “To The Top” လို့ရေးထားတဲ့ စတစ်ကာလေးက ကျွန်တော့် ဘဝ အတွက် အရမ်း အရေးပါခဲ့ပါတယ်။ “To The Top” ကို ဘာသာပြန်တော့ “ထိပ်ဆုံးသို့” ပေါ့။ အဲဒီ စတစ်ကာလေးကိုမြင်တော့ ငယ်ငယ်က မြန်မာပြည်မှာ သင်ရတဲ့ “ထိပ်ဆုံးသို့” ဆိုတဲ့ ကဗျာလေးကို သွား အမှတ်ရမိတာပါပဲ။ ဒီနေ့ထိ အလွတ်ရနေတဲ့ ကဗျာလေးပါ။

အဲဒီ စတစ်ကာလေးကို ကြည့်၊ ကဗျာလေးကို စိတ်ထဲက ရွတ်လို့ အားမာန်တွေ မွေးခဲ့ရပါတယ်။ အားငယ်တဲ့ စိတ်တွေပျောက်ပြီး ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်ခဲ့ရပါတယ်။ ထိပ်ဆုံးထိ ရောက်အောင်ကြိုးစားဖို့ ခွန်အားတွေ ရခဲ့ရပါတယ်။

ဘဝမှာ အဆင်မပြေတဲ့ အချိန်တွေ အများကြီး ရှိခဲ့ပါတယ်။ အထူးသဖြင့် ငွေကြေးကြောင့် စိတ်ညစ်ခဲ့ရတဲ့ ကာလတွေပါ။ “လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖဝါးအောက်” လို့ အဆိုရှိပေမဲ့ “လှိုင်းကြီး လှေမြုပ်၊ တောင်ကြီး ဖဝါးစုတ်” ဖြစ်ခဲ့ရတဲ့ အချိန်တွေက များပါတယ်။ ဒီလောကဓံတွေကို အံတုဖို့ ဆရာမ ငွေတာရီရဲ့ “ထိပ်ဆုံးသို့” ဆိုတဲ့ ကဗျာလေးက အင်အားတွေ အများကြီး ပေးခဲ့ပါတယ်။

လက်ရှိမှာ စိတ်ဓာတ် ကျနေတဲ့သူတွေ ရှိပါလိမ့်မယ်။ လူရယ်လို့ ဖြစ်လာရင် ဘယ်သူမှ ဒုက္ခနဲ့ မကင်းနိုင်ပါဘူး။

“တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့” တဲ့။ အရမ်းကောင်းတဲ့ စာကဗျာ လေးပါ။ အားလျှော့ပြီး ဆုတ်လိုက်ရင်တော့ ပန်းတိုင်ရောက်မှာ မဟုတ်တော့ပါဘူး။ အားမလျှော့ပဲ ဆက်သွားရမှာပါ။

ဘဝက တောင်တစ်သွယ် ဆိုရင် ကျွန်တော်တို့က တောင်တက်သမားတွေပါ။ တက်ရတဲ့ တောင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြပါဘူး။ အချို့တောင်တွေက ပိုမြင့်တတ်သလို အချို့က ပိုမတ်၊ ပိုကြမ်းတမ်းနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝနဲ့ ကိုယ်၊ ကိုယ့်တောင်ကိုယ် တာဝန်ကျေအောင် တက်ကြရမှာပါ။

တက်ရတဲ့ တောင်ချင်းမတူသလို ရောက်လိုတဲ့ ပန်းတိုင် တောင်ထိပ်လည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ကြပါဘူး။

တူညီတာတစ်ခုကတော့ ကိုယ့်ဘဝ ကိုယ့်တောင်ကိုယ် ကြိုးစားပြီး တက်ရမယ်။ ပန်းတိုင်မရောက်မချင်း အားလျှော့ပြီး နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။

ကျွန်တော့်ဘဝဟာလည်း အချို့နေရာတွေမှာ သူများတွေထက် ကြမ်းတမ်းခဲ့ပြီး အချို့နေရာတွေမှာ သူများတွေထက် ချောမောလွယ်ကူ ခဲ့ပါတယ်။ ကျွန်တော်လုပ်သလို ဒီလို လိုက်လုပ်လိုက်ပါ ဒီလိုဖြစ်မယ်လို့ ပုံသေတော့ ပြောလို့ မရပါဘူး။ အားလုံး ကိုယ့်ဘဝနဲ့ ကိုယ်ပဲလေ။

ကျွန်တော် ငွေသခင်ဖြစ်နည်း ရေးတော့ လူတွေက ကျွန်တော် ဘာလုပ်ငန်းတွေလုပ်ပြီး ငွေသခင်ဖြစ်လာတာလဲဆိုတာကို စိတ်ဝင်စားကြပါတယ်။ တစ်စွန်းတစ်စကိုလည်း “ငွေရှာနည်းတစ်ရာ” မှာ ရေးခဲ့ပြီးပါပြီ။

ဒါပေမဲ့ ကျွန်တော် လုပ်တဲ့လုပ်ငန်းတွေကို လုပ်မှ၊ကျွန်တော့်ဘဝမှာ ဖြစ်ခဲ့သလိုတွေဖြစ်မှ ငွေသခင်ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ ဒီလို တစ်သမတ်တည်း လှေနံဓားထစ် ပုံသေနည်း မရှိပါဘူး ခင်ဗျာ။ ဘယ်နေရာမှာ ဘာအလုပ်ပဲ လုပ်နေနေ ငွေကို နည်းလမ်းတကျ ကြိုးစားပြီး ရှာဖွေ၊ စုဆောင်း၊ သုံးစွဲ၊ ငွေကို ခိုင်းထားတတ်မယ်ဆိုရင် ငွေသခင်ဖြစ်လာဖို့ လွယ်မှာပါ။ ဒါတွေ မလုပ်တတ်ရင်တော့ ဝင်ငွေ ဘယ်လောက်ကောင်းကောင်း ငွေသခင် ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်ခင်ဗျာ။

ကျွန်တော်က လှေကို ဘယ်လို လှော်ရမလဲ ပြောပြပေးရုံလောက်ပါ။ ဒါတောင် ကျွန်တော် လှော်ခဲ့တဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ပြောမှာပါ။ ကျွန်တော် မတတ်တဲ့ လှေလှော်နည်းတွေလည်း အများကြီးရှိပါတယ်။

ကျွန်တော် ဆန်တက်ခဲ့ရတဲ့ မြစ်နဲ့ အခြားလူတွေ ဆန်တက်နေတဲ့ မြစ် မတူနိုင်ပါဘူး။ ရေစီး အားသန်မှု၊ အချိုးအကွေ့၊ အန္တရာယ် မတူနိုင်ပါဘူး။ ဒါပေမဲ့ လှေလှော် ကျွမ်းရင်တော့ ရေစုန်မှာ မျောဖို့ အလားအလာနည်းပြီး ပန်းတိုင် ရောက်ဖို့ အလားအလာ ပိုများလာမှာပါ။ စိတ်ဓာတ်ကျရင် ပြန်ကောက်တင်၊ လှေမျောကမ်းတင် မဖြစ်ရလေအောင် တက်ကိုဆွဲ၊ အားခဲလှော်လို့ ပန်းတိုင် ရောက်ကြပါစေ ခင်ဗျာ။ အဓိက ကတော့ လှေလှော်ကျွမ်းတဲ့သူတွေဆီကနေ ရနိုင်သမျှ ပညာတွေ ယူပြီး ဆက်လှော်နေဖို့ပါပဲ။ (ရေးရင်းနဲ့ တောင်တက်နေ ရာက လှေပေါ်ရောက်သွားပြန်ပြီ။)

ခုလောလောဆယ် စိတ်ဓာတ်ကျနေတာဟာ ငွေကြေးအတွက်ကြောင့် ဆိုရင်တော့ ကျွန်တော် ရေးတဲ့စာတွေက တစ်စုံတစ်ရာ အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။ အခြား ကိစ္စကြောင့် ဆိုရင်လည်း ထိုင် စိတ်ညစ်နေမယ့်အစား ထပြီး ရင်ဆိုင် ဖြေရှင်းလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

ဆရာမ ငွေတာရီရဲ့ “ထိပ်ဆုံးသို့” ကဗျာကနေ စိတ်ဓာတ်ခွန်အားတွေ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

လေးစားစွာဖြင့်
ပိုးစုန်းကြူး

Address

Pyi Htaung Su Street
Hgnettada
0095

Alerts

Be the first to know and let us send you an email when Putao Myanmar Phonganrazi Panda Travel Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Putao Myanmar Phonganrazi Panda Travel Tour:

Videos

Share

Category


You may also like