Mae Nal Taung - CBT

Mae Nal Taung - CBT It is a new destination for local visitors and foreigners those who would like explore the natural beauty and enjoy the local life.
(1)

မဲနယ်တောင်၊ တောင်တက်ခြင်း(တောင်ဇလပ်ပန်း)မှ ကိုဗစ်ကာလကြောင့် ခေတ္တပိတ်ထားရပါသည်။အခြေအနေအရ လေ့လာသုံးသပ်ပြီး သွားလာခွင့်ရပါ...
29/12/2020

မဲနယ်တောင်၊ တောင်တက်ခြင်း(တောင်ဇလပ်ပန်း)မှ ကိုဗစ်ကာလကြောင့် ခေတ္တပိတ်ထားရပါသည်။
အခြေအနေအရ လေ့လာသုံးသပ်ပြီး သွားလာခွင့်ရပါက အမြန်ဆုံး ပြန်လည်အသိပေးပါမည်။

အားတင်းထားကြပါ။ကိုဗစ်လွန်ရင် ခေါ်လည်မယ်နော်။
17/11/2020

အားတင်းထားကြပါ။
ကိုဗစ်လွန်ရင် ခေါ်လည်မယ်နော်။

19/10/2020

မိမိကိုယ်ကိုအတွက်လည်း ရင်းနှီးမြှုပ်နှံပါ။

𝐋𝐞𝐚𝐝𝐞𝐫... 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫
CEO Quote

တောင်ကြီး (၃)ဦး
22/09/2020

တောင်ကြီး (၃)ဦး

15/09/2020

𝐋𝐞𝐚𝐝𝐞𝐫... 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫
CEO Quote

31/08/2020
မဲနယ်တောင်မှာ ဒီချိန်ဆို သနပ်ဖက်လှော်ကြပြီ။တောတောင်တွေမှာ စိမ်းစိမ်းစိုစိုနဲ့။လူတွေလည်း ပြုံးပြုံးရွှင်ရွှင်နဲ့။
10/08/2020

မဲနယ်တောင်မှာ ဒီချိန်ဆို သနပ်ဖက်လှော်ကြပြီ။
တောတောင်တွေမှာ စိမ်းစိမ်းစိုစိုနဲ့။
လူတွေလည်း ပြုံးပြုံးရွှင်ရွှင်နဲ့။

နာမည်ကြီးနေတဲ့ တောင်ဇလပ်ပန်းနှင့် မဲနယ်တောင်ထိပ်သို့ ခြေကျင်လျှောက် စတင်ရာ စံဖူးရွာ အဝင်လမ်း။
06/07/2020

နာမည်ကြီးနေတဲ့ တောင်ဇလပ်ပန်းနှင့် မဲနယ်တောင်ထိပ်သို့ ခြေကျင်လျှောက် စတင်ရာ စံဖူးရွာ အဝင်လမ်း။

ဒီအချိန်(မိုးရာသီ) မြင်ကွင်း။
20/06/2020

ဒီအချိန်(မိုးရာသီ) မြင်ကွင်း။

မဲနယ်တောင်
15/06/2020

မဲနယ်တောင်

ရာသီဥတုပူလေလေတော တောင်တွေနဲ့ ဝိုင်းရံထားတဲ့ ရွာကို ပိုနေချင်လေပဲ။
24/05/2020

ရာသီဥတုပူလေလေ

တော တောင်တွေနဲ့ ဝိုင်းရံထားတဲ့

ရွာကို ပိုနေချင်လေပဲ။

ကိုယ်ချင်းစာပါတယ်။ကိုဗစ်-၁၉ ကြောင့် သင်္ကြန်မတိုင်ခင်ကတည်းက အိမ်မှာနေကြရတယ်။ သင်္ကြန်ရေ မကစားရတဲ့ပြင် အိမ်မှာပဲ အိပ်လိုက...
19/05/2020

ကိုယ်ချင်းစာပါတယ်။

ကိုဗစ်-၁၉ ကြောင့် သင်္ကြန်မတိုင်ခင်ကတည်းက အိမ်မှာနေကြရတယ်။ သင်္ကြန်ရေ မကစားရတဲ့ပြင် အိမ်မှာပဲ အိပ်လိုက်၊ စားလိုက်၊ TV ၊ Internet လးကြည့်လိုက်နဲ့ တော်တော်ငြီးငွေ့ကြမယ်ဆိုတာ။

ခုတော့ မေလ ကလည်း ပူမှပူ၊ မြို့ထဲလူစည်ကားတဲ့နေရာလည်းမသွားချင်၊ စားသောက်ဆိုင်တွေသွားဖို့လည်း မဝံ့မရဲဖြစ်နေကြမှာပဲ။

ကိုဗစ်လွန်လို့ မိတ်ဆွေများ စိတ်ထွက်ပေါက်တစ်ခုခုရှာဖို့ရာ စဉ်းစားကြရင် ခရီးထွက်ဖို့နေရာလေး ညွန်းပေးချင်တယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဆီကို လာလည်ကြည့်လိုက်ပါ။

စိတ်ရှုပ်တာတွေ ပြေပျောက်သွားလိမ့်မယ်။

-CBT

ပူပြင်းတဲ့ ရာသီဥတုကို ရှောင်ရှားလိုပြီလား။ဟိုပုံးမြို့နယ်၊ မဲနယ်တောင်က အမြင့်ပေ ၈၀၀၀ကျော်ရှိတဲ့ တောတောင်၊ စိမ်းလန်းတဲ့ ရ...
16/05/2020

ပူပြင်းတဲ့ ရာသီဥတုကို ရှောင်ရှားလိုပြီလား။

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်က အမြင့်ပေ ၈၀၀၀ကျော်ရှိတဲ့ တောတောင်၊ စိမ်းလန်းတဲ့ ရှုခင်း၊ မျှတတဲ့ ရာသီဥတု၊ ထူထပ်တဲ့ သစ်တောကြီးတွေနဲ့
သင့်ရဲ့ မွန်းကျပ်မှုကို ဖြေဖျောက်လိုက်ပါ။

#မဲနယ်တောင်
#ရှမ်း(တောင်)

COVID-19..အရေးပေါ်အခြေအနေပြီးဆုံးသွားတဲ့အခါ..ကျန်ရှိနေသေးတဲ့..၂၀၂၀..ကာလနဲ့နောက်ပိုင်းနှစ်များမှာ..ကောင်းမွန်တဲ့လုပ်ရပ်မျ...
21/04/2020

COVID-19..အရေးပေါ်အခြေအနေပြီးဆုံးသွားတဲ့အခါ..
ကျန်ရှိနေသေးတဲ့..၂၀၂၀..ကာလနဲ့နောက်ပိုင်းနှစ်များမှာ..
ကောင်းမွန်တဲ့လုပ်ရပ်များကိုလုပ်ဆောင်ကြပါ..🇲🇲

သင်၏အပန်းဖြေခရီးများကို..
မြန်မာပြည်တွင်းမှာပဲပြုလုပ်ပါ..
သင်နေထိုင်သောမြို့မှာပဲစားသောက်ပါ..
သင်၏မြို့ကစားသောက်ဆိုင်မှာပဲစားသောက်ပါ..

မြန်မာပိုင်ဟိုတယ်များမှာအိပ်စက်အနားယူပါ.. 🏘️

မြန်မာပြည်မှာရှိတဲ့လည်ပတ်စရာနေရာများကိုပဲလည်ပတ်ပါ.. 🏞🏕️

မြန်မာ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကိုသာဝယ်ပါ..
ွမြန်မာပြည်တွင်းကစတိုးဆိုင်များမှာပဲဝယ်ပါ..

အရောင်းထိုင်းနေ၍..
ဝယ်သူမရှိဖြစ်နေ၍..
အခက်အခဲတွေ့နေသော..
မြန်မာပြည်တွင်းကုမ္ပဏီများကို..
ကူညီကြပါ..

ပြည်သူလူထုအခြေပြုစီးပွားရေးလုပ်ငန်းများကိုကူညီပေးကြပါ..
ပထမဦးစွာ..
တဦးနှင့်တဦးယိုင်းပင်းကူညီကြပါ..

ဤစာသားများကိုကူးယူ၍ဖြန့်ဝေကြပါ..
ကျွနိုပ်တို့အတူတကွ..
မြန်မာပြည်ကြီး၏စီးပွားရေးရှေ့သို့ဆက်လက်ချီတက်သွားနိုင်ရန်..
ပံ့ပိုးကြရအောင်.. 🇲🇲💪

Credit Original

ကမ္ဘာကြီးနေပြန်ကောင်းရင် လျှောက်လည်ကြမယ်။
09/04/2020

ကမ္ဘာကြီးနေပြန်ကောင်းရင် လျှောက်လည်ကြမယ်။

အားတင်းထားကြနော်....မကြာခင် covid-19 ကပ်ဘေး လွန်မြောက်သွားရင်တောတောင်တွေဝန်းရံတဲ့​စိတ်အေးချမ်းမှုကို ရစေမယ့်ကိုယ့်ရပ်ရွာ...
05/04/2020

အားတင်းထားကြနော်....

မကြာခင် covid-19 ကပ်ဘေး လွန်မြောက်သွားရင်

တောတောင်တွေဝန်းရံတဲ့

​စိတ်အေးချမ်းမှုကို ရစေမယ့်

ကိုယ့်ရပ်ရွာကို အလည်ခေါ်မယ်နော်....

ရှမ်း(တောင်)မှာ -

ပအိုဝ်းရွာကို အလည်သွားရင်း..

ပအိုဝ်း အစားအစာပါ မြည်းရင်း..

ပအိုဝ်းစကားပါ သင်ယူသွားလို့ ရတယ်။

#095215574, 095038580

ပလပ်စတစ် ကင်းစင် ရပ်ရွာတခွင်....
08/02/2020

ပလပ်စတစ် ကင်းစင် ရပ်ရွာတခွင်....

19/12/2019

တိမ်တွေ တောင်ဇလပ်ပင်တွေကြားမှာ အိပ်ရတဲ့ မဲနယ်တောင်တန်း

ရှမ်းပြည်ကတောင်တန်းတစ်နေရာမှာ Tent ကလေးတွေနဲ့ သူငယ်ချင်းတစ်ဖွဲ့အိပ်ခဲ့ကြတယ်။ ဒီဇင်ဘာဆောင်း ဘယ် လောက်တောင်များအေးမလဲ လူက ခဲမတတ်။ နေရာက မဲနယ်တောင်လို့ လည်းခေါ်တယ်၊ လွယ်မိုင်း တောင်တန်းလို့လည်းခေါ်တယ်။ ပေ ၈၂၀၀ ရှိတယ်၊ တစ်တောင်ပြီး တစ်တောင်တက်ပြီးမှ အဲဒီနေရာကို ရောက်တယ်။ နေ့တစ်ဝက်လောက်တက်ရတဲ့ခရီး တောင်ပေါ်မှာ ရှိတဲ့အလှ တောင်ဇလပ်ပင်တွေအလှ ကြားအမောပြေသွားတယ်။

အဲဒီခရီးကိုဝန်ဆောင်မှုပေးနေတဲ့ အစ်ကိုရှိပါတယ်။ သူ့ကို First Comment မှာ မန်းရှင်းခေါ်ပေးထား ပါတယ်။

ရန်ကုန်-တောင်ကြီးကိုကားစီးရတယ်။

တောင်ကြီး အေးသာယာကို ရောက်တော့ ဝန်ဆောင်မှုပေးတဲ့ဆရာတွေ က ကားနဲ့လာကြိုပေးပြီး စံဖူးရွာ ကိုခေါ်သွားပါတယ်။

တောင်ကြီးကိုကျော်ပြီးနောက် စံဖူးရွာမှာခဏနားတယ်။

လမ်းမှာ လီဆူးရွာလေးကိုဖြတ်ရတယ်။ ချစ်စရာကောင်းတဲ့ဒေသဆိုတာများဗျာ။

တောင်တက်အတွေ့အကြုံ အဆင့်ဆင့်နဲ့ အစားအသောက်တွေကိုတော့ ပုံတွေမှာ တိုတိုလေးတွေရေးပေး ထားပါတယ်။

Copy MrTun Tun Facebook

ကမ္ဘာ့အနေသင့်ဆုံးမြို့တော်အဖြစ်၂၀၁၆,၂၀၁၈ ( ၂ ကြိမ် ) တိုင်...တောင်ကြီးမြို့အား... ပညာရှင်များသတ်မှတ်... 👍မြန်မာမှန်ရင်.....
12/09/2019

ကမ္ဘာ့အနေသင့်ဆုံးမြို့တော်အဖြစ်
၂၀၁၆,၂၀၁၈ ( ၂ ကြိမ် ) တိုင်...
တောင်ကြီးမြို့အား... ပညာရှင်များသတ်မှတ်... 👍

မြန်မာမှန်ရင်...

ဘာသာရေးအရပုဂံကိုသွားသင့်တယ်...

အပျော်အပါးအရ...
ငပလီကိုသွားသင့်တယ်...

ကျန်းမာရေးအရတော့ ရှမ်းပြည်နယ် တောင်ကြီးကို သွားကိုသွားသင့်ပါတယ်.....

မြန်မာနိုင်ငံရှိတောင်ကြီးမြို့ဟာ...
၂၀၁၆ကရယ်... အခု၂၀၁၈ရယ်မှာ...
``လေထုအသန့်ရှင်းဆုံးနဲ့ အနေသင့်ဆုံး
မြို့တော်အဖြစ်´´ ဆုနှစ်ကြိမ်ရရှိခဲ့ပါတယ်...

၂၀၁၇ကတော့ ဆန်ဖရစ်စစ္စကိုကရသွားခဲ့တယ်...

နိုင်ငံခြားသား ခရီးသွားတွေ တောင်ကြီးတန်ဆောင်တိုင်ထက် ပိုစိတ်ဝင်စားတာက တောင်ကြီးကလေထုကိုပါ...

ပုဂံနေဝင်ချိန်ကို... မိုင်ပေါင်းသောင်းကျော်ဝေးတဲ့ နေရာတွေက လာခံစားကြသလိုပဲ...
တောင်ကြီးရဲ့ ကမ္ဘာကျော်အောက်စီဂျင်ကို အဝအပြဲလာရှူရှိုက်ကြတာပါ...

သူများနိုင်ငံတွေကတောင်ဗျာ.....
ဒေါ်လာတွေအကုန်ခံပြီး အူယားဖားယားလာရှူရတဲ့ အောက်စီဂျင်မျိုး...

မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုတာ...
ဘာပဲဖြစ်ဖြစ်...
မြန်မာဖြစ်တာဂုဏ်ယူလိုက်စမ်းပါ... ။👍

: aung zay ya Facebook
L.M.M
pho;credit

ရှမ်း(မြောက်)ကိုသွားချင်ပေမယ့် ခရီးစဉ်ဖျက်ခဲ့ရသူများ...အောက်တိုဘာ အားလပ်ရက်အတွက် ဘယ်သွားရမလဲ စဉ်းစားရခက်နေသူများ...တောစစ...
21/08/2019

ရှမ်း(မြောက်)ကိုသွားချင်ပေမယ့် ခရီးစဉ်ဖျက်ခဲ့ရသူများ...

အောက်တိုဘာ အားလပ်ရက်အတွက် ဘယ်သွားရမလဲ စဉ်းစားရခက်နေသူများ...

တောစစ်စ် တောင်မြင့်မြင့်နဲ့ ထူးထူးခြားခြား ခံစားချင်သူများ....

မြို့ကြီးရဲ့ လူနေမှုကို ရိုးအီလို့ ကျေးလက်ရဲ့ အရသာစစ်စစ်ကို ခံစားချင်တဲ့ မြို့သူ/သားများအတွက်

ခရီးစဉ် Packages စီစဉ်ဖို့ရှိနေတယ်။

တောင်ကြီးနဲ့ (၂)နာရီပဲ သွားရတဲ့ တောင်ပေါ်ရွာ။

ီးစဉ်

ဆက်သွယ်ထားဖို့
095215574, 095038580

ကယ် အစီစဉ်တွေ ကြိုဆွဲထားပေးမယ်။မဲနယ်တောင်(ဟိုပုံး)
09/08/2019

ကယ် အစီစဉ်တွေ ကြိုဆွဲထားပေးမယ်။

မဲနယ်တောင်(ဟိုပုံး)

မဲနယ်တောင်ရဲ့ မိုးရာသီ
02/08/2019

မဲနယ်တောင်ရဲ့ မိုးရာသီ

ဒီ ၅ ချက်ကြောင့် ခြေလျင်တောင်တက်ခြင်းကို စတင်မိခဲ့တယ်           ခြေလျင်တောင်တက်ခြင်း ဆိုတာဟာ ရှုပ်ထွေးပွေလီလှတဲ့ နေ့စဉ်ဘ၀...
28/06/2019

ဒီ ၅ ချက်ကြောင့် ခြေလျင်တောင်တက်ခြင်းကို စတင်မိခဲ့တယ်

ခြေလျင်တောင်တက်ခြင်း ဆိုတာဟာ ရှုပ်ထွေးပွေလီလှတဲ့ နေ့စဉ်ဘ၀ထဲက ထွက်ပြေး တိမ်းရှောင်းခြင်းလို့တော့ မသတ်မှတ်စေချင်....။ ဘာလို့လဲဆိုတော့ နေ့စဉ်ဘ၀တွေဆိုတာဟာ အမြဲတမ်းလိုလို ရင်ဆိုင်နေရမှာပဲဖြစ်လို့ပါ။ ဒီလိုမျိုး နေထိုင်ကြရာကနေ တခါတလေမှာ ဘ၀ဆိုတာကို ကျွန်တော်တို့ ရှင်သန်ရုံသာရှင်သန်ပြီး ၊ မနေထိုင်ဖြစ်ကြပါလားဆိုတဲ့ အသိတရားကို သတိထားမိစေပါတယ်။

၁။ အဆက်ဖြတ်ကာ စိတ်ဝိဥာဉ်အား သန့်စင်နိုင်ခြင်း

အလုပ်ခွင်အတွင်းက ပြိုင်ဆိုင်မှုများ ၊ ကိုယ်ပိုင်လုပ်ငန်းကြောင့် ခေါင်းခြောက်ရခြင်းများ ၊ မိသားစု တာဝန်ဝတ္တရားတွေရဲ့ ကြားမှာ လုံးလည်ချာလည်လိုက်ပြီး စိတ်ပင်ပန်းမှုတွေကို သင် ကောင်းမွန်စွာ မဖြေလျှော့ခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ ?
အဲ့လိုမျိုးတွေရဲ့ ကြားထဲမှာ “ကိုယ်ပိုင်အချိန်” ဆိုတဲ့ ဝေါဟာရဟာ ပျောက်ဆုံးလာတတ်ပြီး မြင်ရသမျှ ကိစ္စအ၀၀ အပေါ်မှာ ငြီးငြူမိလာတတ်ပါတယ်။ ခြေလျှင်တောင်တက်ခြင်းကြောင့် စိတ်ရဲ့တည်ငြိမ်မှု ကိုတည်ဆောက်နိုင်မှာဖြစ်ပြီး လမ်းတလျှောက်မှာ စိတ်လွတ်ကိုယ်လွတ် သီချင်းတွေ အော်ဆိုရင်း စိတ်ကျေနပ်မှုတွေ လျှံကျလောက်စေတဲ့အထိ သဘာဝကြီးက ပေးစွမ်းတဲ့ ကြည်နူးမှုများကိုလည်း အပြည့်အ၀ သွင်းယူနိုင်မှာအမှန်ပါပဲ။

၂။ သဘာဝတရားရဲ့ အံ့သြဖွယ်ရာများကို ကြားခံနယ်များ မပါပဲ ရှုစားလိုက်စမ်းပါ

ဒီလိုမျိုး သြချဖွယ်ရာ ရှုခင်းတွေ ၊ အသစ်သစ်သော မြင်ကွင်းတွေဆိုတာဟာ ကမ္ဘာ့အဆင့်အတန်း မှီပါတယ်ဆိုတဲ့ Tour Company ကြီးတွေကတောင် မပေးစွမ်းနိုင်ကြပါဘူး။ တောင်ပေါ်ကို ကြိုးစားပမ်းစား တက်ပြီး ထိပ်ဆုံးကို ရောက်တဲ့အခါမှာ မှင်သက်ဖွယ်ရာ ရှုခင်းကြောင့် ၀မ်းသာလုံးစို့ကာ မျက်ရည်များစွာ ၀ဲခဲ့ရတဲ့ ခြေလျင်တောင်တက်သမားတွေ အများကြီးရှိခဲ့ဖူးပါတယ်။
အလှတရားစစ်စစ်ဆိုတာ ဒါမျိုးကို ဖွင့်ဆိုကြတာပဲဖြစ်ရမယ်...။ ဒီလိုမျက်ရည်မျိုးဆို အခါတရာကျလည်း ကျပျော်ပါတယ်။

၃။ ၀ိတ်ကျစေခြင်း

တောင်တက်နေစဉ်အတွင်းမှာ သင်ဟာ ပတ်ဝန်းကျင်က သဘာဝအလှတရားတွေကို ငေးလို့မဆုံး ဖြစ်နေတာကြောင့် သင့်ရဲ့ ပိုနေတဲ့ ကယ်လိုရီတွေကို ပင်ပန်းတယ် မထင်ရလေအောင် လောင်ကျွမ်းသွားစေပါတယ်။ တောင်တက်ခြင်းဟာ စိတ်နဲ့ ခန္ဓာကို သန့်စင်စေပြီး ဇီဝကာမဖြစ်စဉ်တွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း မြှင့်တင်ပေးရာ ရောက်တဲ့အတွက် ကျသွားတဲ့ ကိုယ်အလေးချိန်ကို လွယ်လင့်တကူ ပြန်မတက်စေပါဘူး။
ဒါဟာ Gym ဆော့တာနဲ့ ကွာခြားတဲ့အချက်ပါပဲ။

၎။ ဘ၀သင်ခန်းစာ အသစ်များ

လူ့အသိုက်အ၀န်းကြီးရဲ့ အဝေးကို ရောက်နေတဲ့အတွက် သင့်အတွက် ရှုမြင်စရာဟာ သဘာဝတရားကြီးရဲ့ အေးချမ်းမှုတွေကလွဲလို့ အခြားမရှိတော့ပေ။ သင့်အနေနဲ့ မတူညီတဲ့ ဘ၀ဇာတ်ကြောင်းတွေရှိတဲ့ လူအသစ်တွေနဲ့ တွေ့ဆုံခွင့်ရမယ် ၊ သူတို့ရဲ့ ဘ၀အမြင်တွေကို လေ့လာခွင့်ရမယ်။ ဒီ့အပြင် မိတ်ကောင်းဆွေကောင်းတွေပါ ပိုင်ဆိုင်ခွင့်ရနိုင်ပါသေးတယ်။
တောင်တန်းတွေရဲ့ ပကတိကြည်လင်မှုဟာ ကျွန်တော်တို့တွေကို အတွေ့အကြုံ ၊ ယဉ်ကျေးမှုများ နဲ့ ပေါင်းသင်း ဆက်ဆံရေးတွေအပေါ် အလေးထားတတ်စေရန် သင်ကြားပြသ ပေးပါလိမ့်မယ်။
တောင်တက်ရင်း အခက်ခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ်ဟာ ကမ္ဘာကြီးနဲ့ ယှဉ်သော် အင်မတန်မှ သေးသိမ်လွန်းလှပါလားဆိုတဲ့ အသိ ၊ ကမ္ဘာကြီးရဲ့ ကြီးမားကျယ်ပြန့်မှုဟာ ကိုယ်ထင်မိတာထက် များစွာပိုမို ကြီးမားပါလားဆိုတဲ့ အသိ ၊ နောက်.. ကိုယ်ဟာ တောအုပ်ကြီးထဲက ကေသရာဇာ မဟုတ်ပါပဲ သာမာန် ပိုးဖလန်မျှပါလားဆိုတဲ့ အသိ... အစရှိတဲ့ ဘ၀ သင်ခန်းစာတွေကိုလည်း ရရှိနိုင်ပါသေးတယ်။

၅။ အသက်ကြီးလာတဲ့အခါ မလုပ်လိုက်ရခြင်းဆိုတဲ့ နောင်တ

ကျွုန်တော်တို့တွေရဲ့ အများစုဟာ သဘောကျရတဲ့ ခရီးစဉ်တွေ ၊ သွားချင်သပဆိုတဲ့ နေရာတွေရဲ့ အကြောင်းကို မကြာခဏဆိုသလို ပြောဆိုတတ်ကြပေမယ့် “မဖြစ်သေးပါဘူး” ဆိုတဲ့ စကားလုံးကို ယူယူသုံးဆွဲမိတဲ့ အတွက်ကြောင့် ခဏခဏ ပျက်ပြားခဲ့ရတာတွေ များလှပါတယ်။
“မဖြစ်သေးဘူး ၊ အလုပ်ရှိသေးတယ်” ... “မဖြစ်သေးဘူး ၊ ကလေးတွေကို ထားခဲ့ရမှာ” ... “မဖြစ်သေးပါဘူး မိသားစုအရေးတွေနဲ့...” နောက် ကောင်းကင်ကြီးအောက်က ရှိသမျှ ကိစ္စရပ်တွေကို တွေးပူမိတတ်ကြပါတယ်။
ဒီလို အကြောင်းပြချက်တွေကြောင့် အသက်ရွယ်ကြီးလို့ မစွမ်းသာတော့တဲ့အခါ “မလုပ်လိုက်ရလေခြင်း” ဆိုတဲ့ နောင်တကြီးကို တသသနဲ့ ခံစားကြရပါလိမ့်မယ်။ အာ့ကြောင့် ငယ်တုန်းရွယ်တုန်း အကုန်သာလုပ်ပါ။

သင်နဲ့ထိုက်တန်တဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုအစစ်ကို တောင်တက်ခြင်းနည်းဖြင့် ရယူလိုက်ပါ။ မပျော်ရရင် ကြိုက်သလိုသာပြော....



============================================
Presented to you by Crossbordermart.com

Crossbordermart.com မှာ quality ပြည့်မှီတဲ့ အားကစားပစ္စည်းများ၊ outdoor gears and accessories များကိုမှာယူနိုင်ပါပြီ။ Singapore မှ တိုက်ရိုက်တင်သွင်းတာပါ။

www.crossbordermart.com

We Grow Best Food Organic & Clean SHOP COLLECTION Top categories Fruit & veges Herbs Dairy Item Oils & Gheee Frozen Item Seeds & Nuts Beverages Meet and Fish Sale! Add to WishlistRemove from Wishlist Add to Wishlist Dairy Item Lorem IpsumRated 0 out of 5 $35.00 $31.25 Add to cart Sale! Add to Wishli...

22/06/2019

✈️လွယ်မိုင်းတောင်ပေါ် ထာဝရအိပ်စက်သွားသော လေယာဉ်တစ်စင်း✈️
(Mandalarian’s travel)

"အဲ့နေ့က ခုလိုပဲ တနေကုန် မိုးတွေ သည်းသည်းမည်းမည်းရွာနေတယ်။ ရွာသားတွေလည်း လယ်ထဲ တောထဲ သွားသူသွား၊ တချို့လည်း အိမ်မှာနားတာပေါ့။ မိုးတွေမည်းနေတာမှ ဟိုးအရှေ့ဘက်က လွယ်မိုင်းတောင်က မြူတွေထဲမှာပျောက်နေတာ။ အဲ့ညနေပိုင်းမှာ အုန်းခနဲမြည်သံကြားလိုက်တယ်။ ခါတိုင်းလိုပဲ မိုးခြိမ်းတယ်ထင်တာပေါ့။ သိပ်သတိမထားမိလိုက်ပါဘူး။

နောက် ၂ ရက်လောက်ကြာတော့ တပ်အရာရှိတွေ ဒီရွာဘက် ရောက်လာတယ်။ ဒီရက်ပိုင်း ထူးထူးခြားခြား ဘာတွေဖြစ်သေးလဲ မေးကြတယ်။ သိပ်မကြာဘူး။ တစ်ပတ်လောက်အတွင်းမှာပဲ မုဆိုးတစ်ယောက်က လွယ်မိုင်းတောင်ထိပ်ပေါ်မှာ စွတ်ကြောင်းတစ်ခုနဲ့ တောင်အောက်က လျှိုထဲမှာ လေယာဉ်ပျက်တစ်စင်းတွေ့ကြောင်းသတင်းပို့လာတယ်။ အဲ့နေ့ကစ တစ်လလုံးနီးပါး ဟောဒီစံဖူးရွာက အရွယ်ကောင်း ယောက်ျားသားတွေ လေယာဉ်ပျက်ရှာဖွေကူညီရေး လုပ်အားပေးရတော့တာပဲ"

မိုးတွေက သည်းသည်းမည်းမည်းရွာနေသည့်ည၊ စံဖူးရွာက အဘဦးမှတ်အိမ်မှာ ရေနွေးကြမ်းသောက်ရင်း မဲနယ်တောင်လေယာဉ်ပျက်ကျမှု အကြောင်းမေးတော့ အဘက သူမှတ်မိသလောက်ပြန်ပြောပြနေခြင်း ဖြစ်သည်။ နှစ် ၃၀ ကျော်က အဖြစ်အပျက်ဆိုသော်လည်း ထိုဖြစ်စဉ်၏ ရိုက်ခတ်မှုက ဒီနေ့တိုင် စံဖူးရွာသားများ ခံစားနေရဆဲ၊ အမှတ်ရနေဆဲဖြစ်သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး လူထုကြား ပျံ့နှံ့နေသော ကောလဟလတွေက စံဖူးရွာသားများကို အမြင်လွဲမှားမှုတွေ ဖြစ်စေခဲ့သည်။

"အဲ့တုန်းက မဆလခေတ်၊ မှောင်ခိုခေတ်ပေါ့။ လေယာဉ်တွေမှာ မှောင်ခိုသမားတွေက ကုန်ပိုတင်ကြတာ။ အဲ့လေယာဉ်ကမြန်မာ့လေကြောင်းပိုင်ဖော်ကာလေယာဉ်။ ဝန်ပိုတင်ထားပြီး ဟဲဟိုးကနေ မိုင်းဆတ်အသွား၊ ဒီလွယ်မိုင်းတောင်ထိပ် ကမ်းပါးစွန်းနဲ့ လေယာဉ်ဗိုက် ရှပ်တိုက်ပြီး လျှိုထဲ ပျက်ကျသွားတာပဲ။

လေယာဉ်ပေါ်ပါသမျှ ၄၅ ယောက်လုံးအကုန်သေတယ်။ လေယာဉ်ပျောက်နေတယ်ဆိုပြီး ဒီတောင်ကြောတဝိုက် လိုက်ရှာကြရင်း တပတ်လောက်နေမှ လေယာဉ်ပြန်တွေ့တဲ့အချိန် ပါလာသမျှ ခရီးသည်တွေ၊ လေယာဉ်မှူး၊ လေယာဉ်မယ်တွေအကုန် အလောင်းပဲပြန်ရတယ်။ လျှိုထဲမှာဆိုတော့ အကုန် ခက်ခက်ခဲခဲ သယ်ထုတ်ရတာ။ စံဖူးရွာသားတွေ လုပ်အားပေးခဲ့ရတာပေါ့"

သို့သော် ထိုဖြစ်စဉ်ဖြစ်ပြီး သတင်းများက ကောလဟလတွေ တပုံကြီးထွက်လာသည်။ လေယာဉ်ပျက်ကျရာနှင့် အနီးဆုံးရွာက ရွာသားတွေက လေယာဉ်ပေါ်ပါသမျှ ကုန်စည်ရိက္ခာတွေ ယူသွားသတဲ့။ လေယာဉ်ပျက်ကျပြီး မသေမရှင်ဖြစ်နေသော ခရီးသည်တွေဆီက ရွှေငွေတွေယူသွားပြီး ရက်ရက်စက်စက်ပစ်ထားသတဲ့။ ထိုရွှေတွေ မြို့တက်ရောင်းတော့မှ သက်ဆိုင်ရာတွေက စစ်ဆေးမေးမြန်းခြေရာခံရင်း လေယာဉ်ကရတာဖြစ်ကြောင်း တွေ့လို့ အလောင်းတွေပြန်ရသတဲ့။

"အဲ့လိုတွေ ပြန်ကြားရတဲ့အခါ တစ်ရွာလုံး စိတ်မကောင်းဖြစ်ရတာပဲ။ ဒါနဲ့ သမီးကရော ဒီအကြောင်းတွေ အတော်စိတ်ဝင်စားပုံရတယ်။ ဒီတောင်တက်ဖို့ သီးသန့်လာတာလား"ဟု အဘကမေးတော့ ခေါင်းညိတ်ပြလိုက်မိသည်။

အဘက သောက်လက်စ ရေနွေးကြမ်းခွက်ကို ခဏချရင်း မီးဖိုကို ထင်းမီးထပ်ထိုးသည်။ မီးတက်လာအောင် မှုတ်ပြောင်းဖြင့်မှုတ်ပြီး ပြာတွေငြိမ်ကျသွားတော့မှ ဆူလာသော ရေနွေးကို ကျွန်မ၏ရေနွေးခွက်ထဲ အသာငှဲ့ပေးသည်။ သွပ်မိုးပေါ်မိုးရေကျသံ၊ ထင်းမီးတဖျစ်ဖျစ်မြည်သံ၊ တချက်တချက်ပေါ်ထွက်လာသော ဖားအော်သံမှလွဲ၍ စံဖူးရွာ၏ ညဦးယံသည် အဘဦးမှတ်တို့မိသားစုနှင့် ကျွန်မမှအပ အားလုံးအိပ်မောကျနေကြပြီဟု ထင်ရသည်။

အဘဦးမှတ်၏အိမ်သည် တစ်ရွာလုံးမှာ အကြီးဆုံး၊ ဧည့်သည်အဆံ့ဆုံး အိမ်ကြီးဖြစ်သည့်အလျောက် ဧည့်သည်တွေလာတိုင်း သူ့အိမ်မှာ ညအိပ်ကြတာများသည်။ သူနှင့် သိသိ မသိသိ၊ ဧည့်သည်တွေအဆင်ပြေအောင် ဧည့်ဝတ်ကျေစွာ ဧည့်ခံတတ်သော အဘဦးမှတ်တို့ မိသားစုအိမ်ကို ညအိပ်ရန်စီစဉ်ပေးခဲ့ခြင်းအတွက် ပအိုဝ်းဒေသ ခရီးသွားလာရေး CITPAR အဖွဲ့ကို ကျေးဇူးတင်ရမည်ပင်။

ရှမ်းပြည်တောင်ပိုင်း ခရီးသွားလာမှုမြှင့်တင်ရေး အစီအစဉ်နှင့် ခရီးသွား travel blogger များကို မိမိနှစ်သက်ရာ ဒေသတွေရွေးပါဆိုပြီး ဖိတ်ခေါ်လာတော့ ကျွန်မအားတက်သရောနှင့်ရွေးချယ်ခဲ့သည်က ပအိုဝ်းဒေသဖြစ်သည်။ လူသူအရောက်အပေါက်နည်းပြီး သဘာဝအလှတွေ ရင်သပ်ရှုမောစရာဒေသ၊ ဒေသခံတိုင်းရင်းသားတို့၏ဖော်ရွေမှု၊ ရေမြေတောတောင်အလှတွေအပြင် ကျွန်မကို အဆွဲဆောင်နိုင်ခဲ့ဆုံးမှာ မဲနယ်တောင်လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဖြစ်ခဲ့သည့် ပအိုဝ်းဒေသ၊ မဲနယ်တောင်ကြော၊ လွယ်မိုင်းတောင် ဖြစ်သည်။

ခရီးစဉ်အရ အင်းလေးကန်အရှေ့ဘက်တောင်ကြောတွေပေါ်ရှိ "လွယ်ခေါ်-အင်းနီ-ထီနဲ့" CBT ရွာတွေလည်ပတ်ရမည်ဖြစ်ပြီး နောက်ထပ် ဘယ်နေရာတွေလည်ပတ်ချင်ပါသေးသလဲဟု CITPAR ဥက္ကဌဖြစ်သူ ဦးခွန်ထွန်းဦးက မေးလာသည့်အခါ ကျွန်မ စာရင်းပေးခဲ့သည်က "လွယ်မိုင်းတောင်" ဖြစ်သည်။

တကယ်တော့ လွယ်မိုင်းကို လေယာဉ်ပျက်ကျမှုအကြောင်း နာမည်ကြားဖူးကတည်းက သွားချင်နေခဲ့ပြီး ဒေသအကြောင်းတွေ လိုက်စုံစမ်းတော့မှ ပို၍စိတ်ဝင်စားခဲ့ရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းတကြောမှာ အမြင့်ဆုံးတောင် ဖြစ်သည့် လွယ်မိုင်းတောင်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈၀၀၀ ကျော်မြင့်သည့်အတွက် တောင်ဇလပ်များပင် ပေါက်နေသတဲ့။ ၂၀၁၄မှာ ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းလာပြီး ဘိန်းစိုင်ပျိုးမှုတိုက်ဖျက်ရေးအခမ်းအနားကျင်းပခဲ့ပြီး ဒီရွာလေး၏ စာသင်ကျောင်းမှာ နှစ်ရှည်ပင်တွေ အထိမ်းအမှတ်ပြု စိုက်ပျိုးခဲ့သတဲ့။ အနမ်းဝိုင် ရုပ်ရှင်ကားမှာ မင်းသမီးဝတ်မှုံရွှေရည်က ပအိုဝ်းသူလေးအဖြစ်နဲ့ မဲနယ်တောင်ကြောက စံဖူးရွာနှင့်ကပ်လျက် ကျောက္ကခြားရွာမှာ ဇာတ်လမ်းရိုက်ကူးခဲ့သတဲ့။

လှပစိမ်းလန်းသောတောင်ကြား၊ လယ်ကွင်းများ၊ စိမ့်စမ်းရေချောင်းများနှင့် ချစ်စရာဒေသလေးသည် နယ်မြေအေးချမ်းသလို ခရီးလမ်းခက်ခဲလှသည်လည်းမဟုတ်ပါ။ မဲနယ်တောင်ကြော၏ မြောက်ဘက်အစွန် ဟိုပုံးမြို့မှလာလျှင် ၂-၃နာရီခန့် ကတ္တရာလမ်းအတိုင်းဝင်လာရုံပင်။ ကျွန်မကတော့ ကက္ကူလွင်ပြင်ကို နမ့်တဘတ်ချောင်းကနေဖြတ်ပြီး မဲနယ်တောင်ကြော၏ တောင်ဘက်အစွန် ပချားကလို ဘက်မှ ဆိုင်ကယ်နှင့် တက်လာသောကြောင့် နေ့တဝက်ခန့်ကြာသွားသည်။ အဘဦးမှတ်အိမ်ရောက်တော့ အတူပါလာသော ဒေသခံလမ်းညွှန် အစ်ကိုနှစ်ယောက်နှင့်အတူ အထုပ်အပိုးတွေချ၊ ရေမိုးချိုး၊ ရွာတဝိုက် ပတ်ကြည့်ကြပါသည်။

အဘဦးမှတ်အိမ်က တောင်စောင်းဆင်ခြေလျှောလေးမှာ ရှိသည့်အတွက် တရွာလုံးကို ခြုံကြည့်ဖို့ ရွာအရှေ့ထိပ်တောင်ကုန်းလေးပေါ်က ဘုန်းကြီးကျောင်းဘက်ကနေ တက်ကြည့်ရသည်။ ကတ္တရာလမ်းက ရွာလယ်ကို အရှေ့အနောက် ကန့်လန့်ပိုင်းလျက်၊ စိမ့်ရေချောင်းက ရွာအရှေ့မှ အနောက်ကိုစီးလျက်၊ သနပ်ပင်တွေကြားမှာ ပျဉ်ထောင်သွပ်မိုး ပအိုဝ်းရိုးရာအိမ်လေးတွေကို ဟိုတစ်စု ဒီတစ်စု တွေ့ရသည်။

"ဟိုး ရွာအနောက်တောင်ကုန်းပေါ်ကဟာ ဘန်ကီမွန်း သစ်ပင်စိုက်သွားတဲ့ ရွာကျောင်းလေးလေ"ဟု ဒေသခံလမ်းညွှန် ကိုခွန်ဝရအောင်က ညွှန်တော့ ထိုကျောင်းလေးရှိရာထိတက်ကြည့်ဖြစ်သည်။ အာဆီယံနိုင်ငံများအမည်ပေးထားသော အပင်ပေါက်ကလေးများက ကျောင်းဝန်းကျင်မှာရှင်သန်စိမ်းလန်းလျက်။

ထိုကျောင်းပေါ်မှ ရွာအရှေ့ဘက်ကိုလှမ်းကြည့်တော့ မြင်နေရသည့် တောင်တန်းတွေသည် မဲနယ်တောင်ကြောပင်။ ဒီတောင်ကြော၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် လွယ်မိုင်းတောင်ထိပ်တွင် ကျွန်မရောက်ဖူးချင်နေသော နေရာတစ်ခုရှိနေသည်။ လွယ်မိုင်းကတော့ မြူတွေကြားမှာ ပုန်းလို့ကောင်းနေတုန်း။

ရွာထဲပတ်ပြီး အဘဦးမှတ်အိမ်ပြန်ရောက်တော့
လွယ်မိုင်းတောင်တက်ဖို့ မန္တလေးကနေ သီးသန့်လာတာပါဟု မိတ်ဆက်လိုက်သည့်အခါ အဘဦးမှတ် တအံ့တသြဖြစ်သွားပုံရပါသည်။" ဒီတောင်ကို ဒီနားတဝိုက်က ဒေသခံတွေနဲ့ တောင်ကြီး၊ ဟိုပုံးကလူတွေကလွဲ ဘယ်သူမှ သိပ်မသိကြဘူး။ သိတဲ့သူတွေကလည်း သတင်းကောင်းနဲ့သိကြတာမဟုတ်ဘူး"ဟု အဘက ရယ်ကြဲကြဲပြောပါသည်။

ကျွန်မက ရှာရှာဖွေဖွေ နှိုက်နှိုက်ချွတ်ချွတ်မေးတော့မှ အဘက သူမှတ်မိသလောက် ပြန်ရှင်းပြခြင်းဖြစ်သည်။ အဘပြောပြသည့် လွယ်မိုင်းတောင်လေယာဉ်ပျက်ကျမှုအကြောင်း တမေ့တမော နားထောင်လို့အပြီးမှာ ညပင်အတော်နက်နေခဲ့ပြီ။ "သမီး မနက်ကျ တောင်တက်ရဦးမှာ အတက်၎နာရီ၊ အဆင်း ၂နာရီခွဲလောက် ကြာလိမ့်မယ်။ စောစောအိပ်တော့"ဟု ပြောမှ ညအိပ်ရာဝင်ခဲ့လိုက်သည်။ စိတ်ကူးထဲမှာတော့ ကိုယ်ရောက်ဖူးချင်သော နေရာတစ်ခုကို ရောက်ရတော့မည်မို့ အတွေးတွေများပြီး တော်တော်နှင့်အိပ်မပျော်ခဲ့။

နံနက်နိုးလာတော့ အဘတို့မိသားစုပြင်ပေးသည့် နံနက်စာ ထမင်းနှင့်အကြော်စားသည်။ အဘသမီးက နေ့လယ်စာတောင်ပေါ်မှာစားရန်ဆိုကာ ထမင်းထုပ်ကို ငှက်ပျောဖက်နှင့်အကျအနထုတ်ပြီး ပြင်ပေးသည်။ သူလည်းအဖော်လိုက်ပေးမည်ဆိုတော့ ကျွန်မတို့စုစုပေါင်း ၄ ယောက် ထမင်းထုပ်ကိုယ်စီနှင့် စံဖူးရွာအရှေ့ဘက် မဲနယ်တောင်ကြောတွေဆီ ချီတက်ကြပါသည်။

ရွာကထွက်ထွက်ချင်းလမ်းတစ်လျှောက်မှာတော့ တောင်ယာစိုက်ပျိုးသောဒေသခံတွေနှင့် သူတို့၏စိုက်ခင်းတွေတွေ့ရသည်။ တစ်စတစ်စနင့် တောနက်လာပြီး တောင်ခြေကို ချဉ်းကပ်လာတော့ မိုးတွေကျလာသည်မို့ မိုးကာတွေထုတ်ဝတ်ကြရသည်။ မိုးရာသီ စက်တင်ဘာလလည်းဖြစ်၊ မိုးကကျ၊ တောကထူတော့ ရှေ့မြင်ကွင်း ပေ ၅၀ လောက်ကိုပင်မမြင်ရအောင် မြူတွေက အုံ့ဆိုင်းလာသည်။

လွယ်မိုင်းတောင်တက်လမ်းမှာ ဘုရား ၃ဆူ တည်ထားပြီး တောင်ခြေကနေ ဘုရားတစ်ဆူတွေ့တိုင်း လမ်းခရီး သုံးပုံတစ်ပုံရောက်ပြီဟု ခန့်မှန်းနိုင်သည်။ ဘုရားတစ်ဆူတွေ့၊ ခဏနား၊ ရေသောက်၊ အမောဖြေ၊ ပြန်တက်ရင်း ပိန်းပိတ်နေသော မြူတွေကြား တရွေ့ရွေ့တက်လာရသည့်အရသာက ခြောက်ခြားစရာကောင်းသည်ထင်ရသော်လည်း ကျေနပ်ရတာကပိုပါသည်။

ဒုတိယဘုရားတစ်ဆူရောက်တော့ ခရီး သုံးပုံ နှစ်ပုံရောက်ပြီ။ လေယာဉ်ပျက်ကျရာနေရာသည် ဒုတိယဘုရားနှင့်အနီးတောင်ကမ်းပါးထိပ်တွင်ပင်ဖြစ်သည်ဟု သိသော်လည်းမိုးတွေက ပိုသည်းလာသဖြင့် တောင်ထိပ်တွင် နားပြီးမှ ပြန်ဆင်းရင်းဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

တောင်ထိပ်နားရောက်ခါနီးတော့ တောင်ဇလပ်ပင်တွေ ဟိုတစ်စု ဒီတစ်စုတွေ့ရသည်။ မိုးရာသီမို့ တောင်ဇလပ်မပွင့်သေးသော်လည်း တောင်ဇလပ်ပွင့်ချိန်ရောက်လျှင် အတော်လှမည့်နေရာဟု မှန်းကြည့်နိုင်သည်။ တောင်ထိပ်ကုန်းကမူလေးမှာ ဇရပ်တစ်ဆောင်က ထီးထီးရှိနေပြီး တောင်ဇလပိတွေက ပတ်လည်ဝိုင်းပြီးပေါက်နေတော့ နေသာသည့်နေ့များဆိုလျှင် တောင်ပတ်လည်မြင်ကွင်းကျယ်ကို မြင်နိုင်မည့်နေရာလည်းဖြစ်သည်။

ကျွန်မတို့လူစုကတော့ မိုးတွင်းရောက်လာရသည်မို့ ဘာမြင်ကွင်းမှမမြင်ခဲ့ရဘဲ မြူတွေကြား တယောက်ကိုတယောက် မြင်ရရုံကို ကြိုးစားလျှောက်ရင်း တောင်ထိပ်ရောက်အောင်လာခဲ့ရသည်။ တောင်ထိပ်က ဇရပ်ကလေးသည် လေးဘက်လေးတန် အကာအရံနှင့်၊ ဘုရားကျောင်းဆောင်ကလေးတစ်ခုနှင့် ပျဉ်ခင်းထားလို့တော်သေးသည်။

မိုးရေတွေ လေပြင်းတွေကြား ခိုက်ခိုက်တုန်နေသော ကျွန်မတို့ ၄ ဦးသား ဇရပ်ထဲရောက်သည်နှင့် မီးတွေဖိုကာ ရေစိုနေသောဖိနပ်တွေခြေအိတ်တွေ ချွတ်ပြီး မီးကင်ရသည်။ မိုးရေတွေနဲ့ လက်ဆေးပြီး ပါလာသောထမင်းထုပ်တွေ ဖြည်စားကြတော့ မြိန်လိုက်သည့်ဖြစ်ခြင်း။ တိုဟူးသုပ်၊ ငပိကြော်၊ ငရုတ်သီးထောင်းဟင်းက အသားဟင်းတွေမပါသော်လည်း မြိန်လှသည်။ လွယ်မိုင်းတောင်ပေါ်သည် တစ်နှစ်တစ်ခါ ရွာသားတွေ တောင်ပေါ်ဘုရားပွဲကျင်းပတိုင်းလာကြသည့်နေရာဖြစ်ပြီး တောင်ပေါ်တက်မည်ဆိုတိုင်း သားကြီးငါးကြီး ရှောင်ကြသည်က ရွာဓလေ့ဟုဆိုရမည်။

ထမင်းစားပြီး ခဏနားပြီးတော့ မီးပုံကို မိုးရေတွေနဲ့မီးငြိမ်းသတ်၊ မီးကြွင်းမီးကျန်မရှိတော့ဘူးဆိုမှ မိုးစဲစမှာ တောင်အောင်ပြန်ဆင်းလာခဲ့သည်။ ဒုတိယဘုရားနားရောက်တော့ ဓာတ်ပုံရိုက်ကြပြီး အဆင်းသိပ်မသွားလိုက်ရ၊မူလလမ်းကနေဖယ်ထွက်ပြီး တောလမ်းလေးတစ်ခုအတိုင်းသွားသည့်အခါ ဝါးရုံပင်၊ ခြုံတွေကြား နည်းနည်းဝင်လိုက်ရုံနှင့် တွေ့ပါပြီ။ ကျွန်မသိပ်ရောက်ချင်နေခဲ့သော မဲနယ်တောင်လေယာဉ်ပျက်ကျမှု အထိမ်းအမှတ်တိုင်။

ခြစားနေသော သစ်သားတိုင်လေးက လူတစ်ရပ်ခန့်ရှိပြီး တိုင်ခြေမှာ ကျောက်ပုံကလေးနှင့်တည်ထားသည်။ ဘေးပတ်ဝန်းကျင်မှာတော့ သဘာဝအတိုင်းပေါက်နေသော တောပန်းခရမ်းရောင်လေးများ။ တိုင်၏အလွန်မှာတော့ လေယာဉ်ပျက်ကျခဲ့ရာ ချောက်ကမ်းပါးရှိပြီးမြူတွေ တရိပ်ရိပ်တက်ပြီး ဖြူဖွေးနေသည်မို့ မြင်ကွင်းကဝေဝါးနေသည်။

ဒီနေရာလေးမှာ ခရီးသည် ၄၅ ယောက် အသက်ဆုံးရှုံးခဲ့ရတာပေါ့။ ဒီအောက်ကလျှိုထဲမှာ လေယာဉ်ကြီးနဲ့အတူ ခရီးသည်တွေ ထာဝရအိပ်စက်သွားကြတာပေါ့။ သူတို့၏နောက်ဆုံးမိနစ်၊ နောက်ဆုံးအချိန်သည် အခုလိုပဲ မြူတွေပိတ်နေသော မိုးနေ့တစ်နေ့မှာဖြစ်လိမ့်မည်ဟု တွေးကြည့်ရင်း အလိုလိုဆို့နင့်လာခဲ့သည်။

"လျှိုကနက်ပြီး အတက်အဆင်းခက်လွန်းလို့ ဒီနေ့ထိ လျှိုထဲမှာ လေယာဉ်အစိတ်အပိုင်းတွေကျန်သေးတယ်"ဟု ကိုခွန်ဝရအောင်က ပြောတော့ ကောလဟလတွေထဲကလို ရွာသားတွေက လေယာဉ်ဆီကနေ ရိက္ခာတွေ ယူပြီး သတင်းပေးဖို့ ပျက်ကွက်ခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်မဖြစ်နိုင်သုံးသပ်ကြည့်မိသည်။

ကမ်းပါးစွန်းကနေ ပေတစ်ထောင်လောက် နက်သော လျှိုကြီး၊ လူတစ်ယောက်ချင်း အဆင်းအတက်ပင်မလွယ်သည့်လျှိုကြီး၊ ဒီလျှိုထဲဆင်းဖို့၊ ပြီးတော့ ပစ္စည်းတွေယူပြီး ပြန်တက်လာဖို့မှာ အတော်မလွယ်သည့်ကိစ္စဖြစ်သည်။ တန်ပိုအလေးချိန်များနှင့် တောင်ကမ်းပါးကိုတိုက်ပြီး လျှိုထဲပျက်ကျသွားသော လေယာဉ်ပေါ်ပါ ခရီးသည်အားလုံး၏ရုပ်အလောင်းများကိုလည်း လျှိုထဲမှာပင်တွေ့ရသည့်အတွက် ထိုဖြစ်ရပ်မှာ ရှင်သန်လွတ်မြောက်သူမရှိခဲ့တာသေချာသည်။ ဖြစ်ပြီးပြီးချင်း ရှင်သန်နေခဲ့ဦးတောင် ခေါ်မကြား အော်မကြား ချောက်ကမ်းပါးမှာ မိုးရေတွေကြားမှာ ဒဏ်ရာအနာတရတွေနှင့် မချိမဆန့်ဖြစ်နေခဲ့လောက်သည်။

လေယာဉ်ပျက်စတွေ့သည့်သတင်းကြားသည်နှင့် စစ်ဘက်အရာရှိများ၊ ရဲဘော်များဦးဆောင်ကာ အနီးအနားမှ ရွာသားများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကြသည်။ အပိုင်းပိုင်းပြတ်နေသော၊ ရုပ်အလောင်းများကို ရသလောက်သယ်ထုတ်ရင်း စံဖူးရွာထိပ်က လယ်ကွင်းပြင်မြေကွက်လပ်နားမှာ အထုပ်တွေစုပုံပြီး ကားကြီးတွေနှင့် ဟိုပုံးကို ပို့ရသည်။

နံနက်မိုးလင်းသည်နှင့် ရှာဖွေရေးလုပ်ငန်းတွေလုပ်၊ တောင်ပေါ်တက်၊ လျှိုထဲဆင်း၊ အခေါက်ခေါက်အခါခါလုပ်အားပေးခဲ့ကြသည်မှာ ငွေရေးကြေးရေးအကျိုးအမြတ်မပါခဲ့ဘဲ စေတနာသက်သက် လုပ်အားပေးကြခြင်းသာဖြစ်သော်လည်း မြို့ပေါ်တွေမှာ ပျံ့နှံ့နေသော ကောလဟလများကရွာသားတွေကို အထိနာစေခဲ့သည်။
ရှာဖွေရေးကန့်သတ်နယ်မြေအဖြစ်ကြိုးတားထားသည့် စည်းထဲရှိ လျှိုထဲမှာတစ်လနီးပါး လုပ်အားပေးရင်း၊ အလောင်းအစိတ်အပိုင်းတွေ သယ်ထုတ်ခဲ့ရသည့်နေ့ရက်တွေကို မမေ့နိုင်သေးသူ စံဖူးရွာသားတွေ ယနေ့တိုင် ရှိနေဆဲပင်။

"ထူးဆန်းတာတစ်ခုက လေယာဉ်ဝမ်းဗိုက်နဲ့ ရှပ်တိုက်သွားတဲ့ ကမ်းပါးတစ်လျှောက် ကိုက် ၅၀၀လောက်မှာ ဒီနေ့ထိ ဘာပင်မှ မပေါက်တော့ဘူး။ စွတ်ကြောင်းအတိုင်းရှိနေတုန်းဆိုတာ နေသာတဲ့နေ့တွေဆို မြင်ရတယ်၊ နောက်ပြီး ဒီဝါးပင်တွေက ဒီတစ်တောင်လုံးမှာ ဒီမှတ်တိုင်ရှိတဲ့နေရာနားလေးမှာပဲ ပေါက်တယ်"ဟု ကိုခွန်ဝရအောင်ကပြောပြပါသည်။

လေယာဉ်ပျက်ကျသည့်ဖြစ်စဉ်ဖြစ်ခဲ့သည့် ၁၉၈၇ ကာလများသည် လမ်းခရီးခက်ခဲကြမ်းတမ်းခဲ့ချိန်မို့ လေယာဉ်ပေါ်အသက်ဆုံးရှုံးခဲ့ရသည့် ခရီးသည်များ လေယာဉ်ဝန်ထမ်းများ၏ ကျန်ရစ်သူမိသားစုဝင်များလာရောက်နိုင်ခဲ့ခြင်းမရှိဘဲ ဒေသခံများကသာ သပိတ်သွတ်၊ အမျှဝေ ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြသည်ဟုလည်းသိရသည်။

မနေ့ညက မီးပုံဘေးမှာဝိုင်းဖွဲ့ရင်း အဘဦးစံမှတ်ပြောခဲ့သည့်
"လမ်းခရီးတွေကောင်းသွားပေမယ့် ဒီနေ့ထိတော့ ကျန်ရစ်သူမိသားစုတွေက တကူးတက ပြန်လာကြည့်တာမျိုးမရှိတော့ဘူး။ ကောလဟလတွေကြောင့် စိတ်နာသွားကြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့"ဟူသောစကားကို ပြန်ကြားယောင်လာသည်။

လွန်ခဲ့တဲ့ ၃၂နှစ်က ဒီတောင်ထိပ်မှာ ဖြစ်ခဲ့သည့် ဖြစ်ရပ်ဆိုးကြီးက ကျန်ရစ်သူမိသားစုတွေအတွက် ဖြေဆည်စရာမရှိသလို ဒေသခံတွေအတွက်လည်း မေ့ရက်စရာမဖြစ်ခဲ့။
မြူတွေကြားက မဲနယ်တောင်လေယာဉ်ပျက်ကျမှု အထိမ်းအမှတ် မှတ်တိုင်လေးကို ကျောခိုင်းထွက်ပြီး စံဖူးရွာအရောက်ပြန်လာတော့ မိုးပင်အတော်ချုပ်လုပြီ။

"တွေ့ခဲ့လား သမီး"ဟု ခရီးရောက်မဆိုက် အဘ ဦးမှတ်က နှုတ်ဆက်ပါသည်။"ဟုတ်"ဟုဆိုတော့ အဘက ကျေနပ်သွားသည့်ဟန်ပင်။ ရေမိုးချိုးပြီးတော့ အဘဦးမှတ်တို့မိသားစုနှင့်အတူ ထမင်းစားပြီး ရေနွေးဝိုင်းဖွဲ့သောက်ကြသည်။

"ဒီနေ့ထိ အဘတို့ရွာသားတွေကို ကောလဟလတွေကြောင့် အထင်လွဲနေကြသူတွေရှိနေတုန်းပဲ။ ဒီမတော်တဆမှုမှာ တန်ပိုတင်တဲ့ မှောင်ခိုသမားတွေကြောင့် အဓိကဖြစ်တာဆိုပေမယ့် လေယာဉ်ပျက်ကျပြီး ရှင်နေသေးလျက် မကယ်ခဲ့ဘူးဆိုတဲ့ ကောလဟလတွေကြောင့် ရွာသားတွေပဲ အပြစ်ပြောခံခဲ့ရတယ်၊ အဲ့ဒီ ၁၉၈၇ ဆိုတာ ဒီရွာမှာ ကားလမ်းတောင်ကောင်းကောင်းမပေါက်သေးဘူး။"ဟု အဘဦးမှတ်ကဆိုသည်။

"အဲ့တုန်းက လေယာဉ်မှူးနာမည် ဦးမက်စ်ထူး။ လေယာဉ်မယ် ဒေါ်ပေါက်ပေါက် တဲ့။ ခရီးသည် ၄၅ ယောက်ပါတဲ့ ဖော်ကာလေယာဉ်ဆိုတာမှတ်မိတယ်။ တို့ရွာသားတွေလည်း ကယ်ဆယ်ရေးလုပ်မှ လေယာဉ်ဆိုတာကြီးကို မျက်စိရှေ့မြင်ဖူးတော့တာပဲ"ဟု အဘဦးမှတ်က ပြန်ပြောင်းပြောပြသည်။

"အဲ့လိုအဖြစ်ဆိုးကြီးတွေ ဖြစ်ပြီး ကောလဟလတွေနဲ့ နာမည်ဆိုးကြီးရထားတဲ့ ရွာဆိုတော့ တော်ရုံဘယ်သူမှလည်းမလာပါဘူး သမီးရယ်၊တချို့ကလည်းမကြားဖူးလို့ မလာတာ။ တချို့ကလည်းကြောက်သွားတာဖြစ်မှာပေါ့။ တောင်ဇလပ်တွေပွင့်ချိန်တအားလှတဲ့ လွယ်မိုင်းတောင်ဆိုတာ ကြောက်စရာတောင်ကြီးလို့ ထင်သွားကြသလားမသိပါဘူး။ "တဲ့။

"မဟုတ်တာအဘရယ် ဒီလေယာဉ်ပျက်ကျမှုဖြစ်ခဲ့တဲ့နေရာဟာ စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်လာမှာပေါ့။ ထိုင်းနယ်စပ်က သေမင်းတမန်ရထားလမ်းတို့၊ သံဖြူဇရပ်က စစ်သင်္ချိုင်းတို့၊ ထောက်ကြံ့စစ်သင်္ချိုင်းတို့ဆိုလည်း ဒီလိုဖြစ်ရပ်ဆိုးတွေရှိခဲ့တဲ့နေရာဆိုပေမယ့် ခရီးသွားတွေ လာလည်ပတ်ကြတာပဲလေ"ဟု ပြောပြတော့ အဘက သဘောကျစွာပြုံးပါသည်။

"၃၂"နှစ်ရှိပြီ တဲ့။
ကျန်ရစ်သူတွေအတွက်အိပ်မက်ဆိုး
ဒေသခံတွေအတွက် ဖြစ်ရပ်ဆိုးဖြစ်ခဲ့သော ၂၁.၆.၁၉၈၇ မဲနယ်တောင်လေယာဉ်ပျက်ကျမှုသည်
"၂၁.၆.၂၀၁၉"မှာတော့ ၃၂နှစ်ရှိခဲ့လေပြီ။

ကျွန်မအတွက်လည်း စံဖူးရွာမှ လွယ်မိုင်းတောင်တက်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိတော့မည်ဖြစ်သော်လည်း မမေ့နိုင်သေးပေ။ အဘဦးမှတ်အိမ်မှာ မီးပုံဘေးဝိုင်းဖွဲ့ထိုင်ရင်း သိချင်တာတွေမေးခဲ့သည့်မိုးညတွေကို သတိရမိတုန်းပင်။

ပအိုဝ်းလို "လွယ်"ဆိုသည်မှာ တောင်၊
"မဲုင်း/မိုင်း"ဆိုသည်မှာ တစ်ကိုယ်တည်းထီးထီးရှိနေသော တဲ့။ လွယ်မိုင်းဆိုတော့ တစ်ကိုယ်တည်းထီးထီးရှိနေသောတောင် ပေါ့။
မဲနယ်တောင်လေယာဉ်ပျက်ကျမှုဖြစ်ခဲ့သည့် လွယ်မိုင်းတောင်၊
တောင်ဇလပ်တွေပွင့်ဝေသည့် လွယ်မိုင်းတောင်၊ ပအိုဝ်းရိုးရာအိမ်လေးတွေရှိသည့် မဲနယ်တောင်ကြောကရွာတွေကို ဖြတ်သန်းလာရသည့် လွယ်မိုင်းတောင် တောင်တက်ခရီးသည် တစ်ချိန်ချိန်တွင် ပြည်တွင်းခရီးသွားတွေကြား ခေတ်စားလာပြီး ဒေသခံတွေပေါ် ကောလဟလရိုက်ခတ်မှုဒဏ်များ လျော့နည်းလာလိမ့်မည်ဟု ကျွန်မ မျှော်လင့်နေမိတုန်းပင်။

တောင်ဇလပ်တွေပွင့်သည့်နေ့ လွယ်မိုင်းတောင်ကို နာက်တစ်ကြိမ်ရောက်အောင်သွားပါဦးမည်။

ယဉ်ယဉ်နှောင်း


(ခရီးစဉ်​ ဖြစ်​​မြောက်​​အောင်​ စီစဉ်​​ဆောင်​ရွက်​​ပေးပါ​သော
-ရှမ်းပြည်​နယ်​​ ဟိုတယ်​နှင့်​ခရီးသွားလာ​ရေးဝန်​ကြီးဌာန ဝန်​ကြီး၊ တာဝန်​ရှိသူများနဲ့ အဖွဲ့ဝင်​များ
-GIC နှင့်​ Phyu Zin group မှ တာဝန်​ရှိသူများ
-ဖိတ်​ကြား​ပေးပါ​သော မယဉ်​ယဉ်​လှ၊ မစမ်းမြမြ​အေး
-MTBC မှ ခရီးသွား​ဖော်​ မိတ်​​ဆွေ travel blogger များ
-CITPAR မှ ကိုခွန်​ထွန်းဦးနှင့်​ တာဝန်​ရှိသူများ
-ခရီးစဉ်​တစ်​​လျှောက်​ လိုက်​ပါပို့​​ဆောင်​​ပေးပါ​သော
Tour guide ကိုခွန်​ထူး​အောင်​နဲ့ ကိုခွန်​ဝရ​အောင်
-ခရီးစဉ်​အတွင်း တည်းခိုခွင့်​ပြု​သော အိမ်​ရှင်​မိသားစုများ၊ ချက်​ပြုတ်​​ကျွေး​မွေးပါ​သော ပအိုဝ်းညီအစ်​ကို​မောင်​နှမများ
-စိတ်ရှည်လက်ရှည်ဖြေကြားပေးပါသော အဘဦးမှတ်
-အချက်အလက်များဖြည့်စွက်ပေးပါသော ဆရာကြီး A Ring Sheong
-ပအိုဝ်း​ဒေသ အချက်​အလက်​များအတွက်​ ​မေးသမျှ​ဖြေကြား​ပေးပါ​သော ကိုခွန်​ဝင်းကြည်​နှင့်​ ​တောင်​ကြီးစက်​ဘီးစီးအဖွဲ့သားများအားလုံးကို
ကျေးဇူးတင်​ရှိပါ​ကြောင်း

တော/တောင် သဘာဝကိုမှ ကြိုက်နှစ်သက်တဲ့ ခရီးသွားမိတ်ဆွေများအတွက် မဲနယ်တောင် မှ အသင့်ကြိုဆိုလျက်... #ဆက်သွယ်ရန်၀၉၅၂၁၅၅၇၄
22/06/2019

တော/တောင် သဘာဝကိုမှ ကြိုက်နှစ်သက်တဲ့ ခရီးသွားမိတ်ဆွေများအတွက်

မဲနယ်တောင် မှ အသင့်ကြိုဆိုလျက်...

#ဆက်သွယ်ရန်၀၉၅၂၁၅၅၇၄

25/01/2019

မီးပုံလေးနဲ့ မြို့သူများအား ပအိုဝ်းသီချင်းဖြင့် အဖော်လုပ်ပေး။

24/01/2019

ဆောင်းညမှာ မီးပုံဘေးက သီချင်းအော်နေရမှ အအေးသက်သာတာ ကြုံဖူးကြပြီလား...

စီးပွားရေးသမားများ၊ ရုံးမှာအလုပ်လုပ်နေရသူများ၊ ဧည့်သည်နဲ့နေတိုင်း dealing လုပ်နေရသည့် ဧည့်လမ်းညွန်များ  မြို့ပြက်ု ခေတ္တ ...
23/01/2019

စီးပွားရေးသမားများ၊ ရုံးမှာအလုပ်လုပ်နေရသူများ၊ ဧည့်သည်နဲ့နေတိုင်း dealing လုပ်နေရသည့် ဧည့်လမ်းညွန်များ မြို့ပြက်ု ခေတ္တ ခွဲခွာပြီး လာရောက်အနားယူကြသည့် ညတစ်ည။

ရှမ်း(တောင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်မှ မနက်ခင်း တိမ်ပင်လယ်နှင့် တောင်ဇလပ်ပန်းအ...
23/01/2019

ရှမ်း(တောင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်မှ မနက်ခင်း တိမ်ပင်လယ်နှင့် တောင်ဇလပ်ပန်းအလှ။

ခရီးစဉ် စိတ်ဝင်စားပါက

ခွန်အောင်သိန်း - ၀၉၅၂၁၅၅၇၄
ခွန်အောင်သောင်း- ၀၉၅၀၃၈၅၈၀

အမြင့်ပေ ၈၂၀၀ရှမ်း(တောင်)တောင်ကြီးအနီးTrekking, adventure , nature ကြိုက်သူများCamping, Home stay လုပ်လိုသူများဆက်သွယ်ရန...
09/01/2019

အမြင့်ပေ ၈၂၀၀
ရှမ်း(တောင်)
တောင်ကြီးအနီး
Trekking, adventure , nature ကြိုက်သူများ
Camping, Home stay လုပ်လိုသူများ

ဆက်သွယ်ရန် ၀၉၅၂၁၅၅၇၄, ၀၉၅၀၃၈၅၈၀

Address

Sam Phoo Village
Ho-Pong

Telephone

095215574

Website

Alerts

Be the first to know and let us send you an email when Mae Nal Taung - CBT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mae Nal Taung - CBT:

Videos

Share

Category