Kayin State Tourist Guides Association

Kayin State Tourist Guides Association The official page of Kayin State Tourist Guides Association

အစဥ်ပြေကြရဲ့လား (KSTGA) Team ကျန်းမာရေးကိုဂရုစိုက်ကြပါ။တစ်နေ့ပြန်ဆုံရင်တောင် On Tour မှာ ဧည့်သည်ကိုယ်စီနဲ့ပဲ ပြန်ဆုံခြင်...
28/02/2023

အစဥ်ပြေကြရဲ့လား (KSTGA) Team

ကျန်းမာရေးကိုဂရုစိုက်ကြပါ။

တစ်နေ့ပြန်ဆုံရင်တောင် On Tour မှာ ဧည့်သည်ကိုယ်စီနဲ့ပဲ ပြန်ဆုံခြင်တယ်။

ငါကတော့ ချစ်တဲ့ခရီးသွားနယ်ပယ်ထဲမှာ ကျားကန်ပြီး ဖတ်တွယ်နေတုန်းပဲ တစ်နေ့ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာမည်ဆိုတဲ့ မျှော်လင့်ချက်နဲ့

အဲနေ့ရောက်ရင် မင်းတို့တွေလည်း ခရီးသွားလုပ်ငန်းထဲကို ပြန်လာမယ်လို့ ငါယုံကြည်ပါတယ်။

အတူတူပြန်ကြိုးစားကြမယ်။

အတူတူရုန်းကန်ကြမယ်။

အတူတူပြန်ရှင်သန်ကြမယ်။

Free workshop for People in Tourism Industry
16/12/2021

Free workshop for People in Tourism Industry

Free Emotional Workshop - For People in Tourism Industry
(18th December 2021, Saturday, 10Am-12Pm)

တစ်နှစ်ပတ်လုံး လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်သောကတွေနဲ့ စိတ်ရှုပ်ထွေးနေရတာအမှန်ပါပဲ။ ဒီလို ရိုက်ခတ်မှု အမျိုးမျိုးတွေကြောင့် ကျွန်တော်တို့တွေ အားလုံး ဘက်စုံ ထောင့်စုံ နေရာမျိုးစုံကနေ ခံစားနေရတယ်ဆိုတာ အားလုံးအသိပါပဲဗျာ။ လက်ရှိအလုပ်အကိုင်တွေဆုံးရှုံးတာ၊ ကိုယ်နှစ်သက်ဝါသနာပါတဲ့ လုပ်ငန်းတွေကို မထင်မှတ်ပဲ လက်လွတ်လိုက်ရတာ၊ အခြားစားဝတ်နေရေးအဆင်ပြေဖို့ ရရာအလုပ်တွေမှာ လုပ်ကိုင်နေရတာ၊ လက်ရှိလုပ်ငန်းတွေမှာ ဝင်ငွေ၊ ထွက်ငွေမညီမျှတာ၊ အလုပ်အကိုင်ရှားပါလာတဲ့အပြင် စားဝတ်နေရေး စားရိတ်တွေ မြှင့်တက်လာတာ စတဲ့ အခက်ခဲမျိုးစုံကို ရင်ဆိုင်ခံစားနေကြရတယ်ဆိုတာ မလွဲပါဘူး။

ဒီလိုအခြေအနတွေကို ခက်ခဲစွာရင်ဆိုင်ရတဲ့ လုပ်ငန်းတွေ အထဲ Tourism Industry ဆိုတာလဲ သိသာထင်ရှားစွာပဲ ဒီဒဏ်ကိုရင်ဆိုင်ရတယ်ဆိုတာ အားလုံးအသိပါပဲဗျာ။ ခရီးသွားလုပ်ငန်းတွေ၊ ခရီးသွား နယ်ပယ်မှာ လုပ်ကိုင်ခဲ့ဖူးသူတွေ (ဝန်ထမ်းတွေ၊ guide တွေ၊ hotel တွေ) စတဲ့ Tourism Industry ကလူတွေ တော်တော်များများ အလုပ်ကရပ်နားလိုက်ရလို့ စိတ်ထဲမှာ စိုးရိမ်မှုတွေ၊ သောကတွေ၊ တစ်ခြားကိုယ်မကျွမ်းကျင်သေးတဲ့နယ်ပယ်မှာ ပြောင်းလဲလုပ်ကိုင်နေရလို့ စိတ်ဖိစီးမှုကိုခံနေရသူတွေ၊ ကိုယ်နှစ်သက်တဲ့ လုပ်ငန်းကို စွန့်လွတ်လိုက်ရလို့ ခံစားလာရတဲ့ ဝမ်းနည်းမှု စတဲ့ ထင်မှတ်မထားတဲ့ စိတ်ပင်ပမ်းမှုတွေနဲ့ပြည့်နေကြမှာပါ။ ရင်ဖွင့်ပြောဆိုချင်လို့ နားထောင်ပေးမယ့်သူရှိ သလို၊ တစ်ချို့ကျတော့လဲနားထောင်ပေးမယ့်သူမရှိလို့ ရင်ထဲမှာပြောစရာတွေ ပြည့်လျှံနေတတ်တာမျိုး၊ နားထောင်ပေးမယ့်သူလိုအပ်နေတာမျိုး၊ ကိုယ့်ကျမှ အဲလိုခံစားနေရတာလားဆိုပြီးပြောမထွက်ဖြစ်နေတာမျိုး စတဲ့ အမျိုးမျိုးသောခံစားချက်တွေကို ထုတ်ဖော်ပြောဆိုလို့ရအောင် Counselling Corner ကနေဒီ Free Workshop လေးကိုလုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။

ဒီဆွေးနွေးမှုမှာ ပါဝင်တက်ရောက်ပြီး အချင်းချင်း စိတ်ခံစားချက်တွေဖလှယ်ကြရင်း ရှေ့ဆက်ဖို့အားအင်တွေရယူကြ ရအောင်နော်။

လေးကိုတော့ အချိန်ကြောင့်လူဦးရေလေးကန့်သတ်ထားမှာဖြစ်လို့ တက်ရောက်လိုသောသူများအနေနဲ့ လက်မလွတ်ရလေအောင်အမြန်ဆုံးစာရင်းပေးသွင်းကြပါနော်။

Free Emotional Wellbeing Workshop - Registration Link - https://forms.gle/mCgsA9aXXqYbXBxz9

Detail info
Date - 18 December 2021 (Saturday)
Time - 10Am-12Pm
Venue - Zoom
Fees - Free

တက်ရောက်ဖို့ Zoom Link လေးကိုတော့ Workshop မလုပ်ခင်တစ်ရက်အလိုမှာ လူကြီးမင်းတို့ရဲ့ email ထဲကိုပို့ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။

ကရင်ပြည်နယ်ဧည့်လမ်းညွှန်များအသင်း၏ ထုတ်ပြန်ကြေညာချက်
04/02/2021

ကရင်ပြည်နယ်ဧည့်လမ်းညွှန်များအသင်း၏ ထုတ်ပြန်ကြေညာချက်

12/10/2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version-VI) အား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။

Download Link- https://bit.ly/33NaFGp (Myanmar Version)

https://bit.ly/3lChuk9 (English Version)

24/09/2020

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၂၀ (World Tourism Day 2020 )
အထိမ်းအမှတ်အခမ်းအနားကို
“ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး ၊ ခရီးသွားလုပ်ငန်းဖြင့် ပံ့ပိုးပေး”
Tourism & Rural Development ခေါင်းစဉ်ဖြင့်
အောက်ပါအတိုင်း Webinar ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တိုက်ရိုက် Live ထုတ်လွှင့်မည့်အစီအစဉ်အား စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း အသိပေးဖိတ်ကြားအပ်ပါသည် -

နေ့ရက် ၊ ၂၅-၉ -၂၀၂၀ ရက်နေ့ (သောကြာနေ့)
အချိန် ၊ နံနက် ၁၀:၀၀ နာရီ မှစတင်ထုတ်လွှင့်ပါမည်
Live ထုတ်လွှင့်မည့် နေရာ ၊ https://facebook.com/moht.mm/ နှင့် https://tourism.gov.mm/news/live-stream/

ဘားအံမြို့တွင် COVID-19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံသင်တန်းကျင်းပ******************************************...
27/08/2020

ဘားအံမြို့တွင် COVID-19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံသင်တန်းကျင်းပ
*********************************************

ဘားအံ ဩဂုတ်လ (၂၅) ရက်

ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ဘားအံရုံး) ၏ စီစဉ်ကြီးကြပ်မှု၊ ကရင်ပြည်နယ် ဧည့်လမ်းညွှန်များအသင်းမှ ပြင်သစ် ၊ ထိုင်း ၊ English အစရှိသည့် ဘာသာစကားပြော ဧည့်လမ်းညွှန်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဘားအံမြို့ တွင် ဖွင့်လှစ်သော COVID-19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံ (၈) ရက်သင်တန်း၊ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၂၅-၈-၂၀၂၀) ရက်နေ့တွင် Golden Palace ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ဘားအံရုံး မှ ဦးဝင်းကျော် ကရင်ပြည်နယ် ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးသူရဦး အတွင်းရေးမှုး ဦးအာကာထွန်း ဝါရင့်ဧည့်လမ်းညွှန်များဖြစ်ကြသည့် ပြင်သစ်ဘာသာစကားပြော ဧည့်လမ်းညွှန် ဦးအောင်စံမြတ် ထိုင်းဘာသာစကားပြော ဦးအောင်ကျော်မိုး တို့နှင့်အတူ National Tourist Guide တစ်ဦးဖြစ်သည့် English ဘာသာစကားပြော ဝါရင့်ဧည့်လမ်းညွှန် ဦးစိန်လပြည့်တို့မှ တက်ရောက်ခဲ့ပြီး သင်တန်း ဖွင့် အမှာစကားများ အသီးသီးပြောကြားကာ လက်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးဝင်းကျော် မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ ဘားအံမြို့တွင် ဖွင့်လှစ်သော COVID- 19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံသင်တန်းသို့ ဒေသခံ ဆက်သွယ်သွားလာရေး ဝန်ဆောင်မှုပြုနေသော ယာဥ်မောင်းဆရာ (၂၀) ဦးတက်ရောက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်း တက်ရောက် သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်တန်း ပို့ချပေးသော ဆရာများအား တစ်ချိန်ကျ သတ်မှတ်နှုန်းထားများအတိုင်း ချီးမြှင့်ပေးအပ်လျက် ရှိပါသည်။

ဘားအံမြို့ တွင် အဆိုပါ COVID-19 Relief Package (I) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စိတ်ပါ ဝင်စားသူများ ဘားအံမြို့၊ ဟိုတယ်/ခရီး သတင်းနှင့်ပြန်ကြားရေးကောင်တာတွင် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ် ဧည့်လမ်းညွှန်များ အသင်း

20/08/2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၁၉-၈-၂၀၂၀ ရက်နေ့ထုတ် သတင်းလွှာ အတွဲ (၁) အမှတ် (၂) အား ဝန်ကြီးဌာန၏ Website Link-https://tourism.gov.mm/mm/newsletter/ တွင် Download ရယူနိုင်ပါသည်။

Save Irrewaddy Dolphins
20/07/2020

Save Irrewaddy Dolphins

10/07/2020
09/07/2020

Myanmar Be Enchanted အမည်ဖြင့် Mobile Application လွှင့်တင်ထားပြီဖြစ်ကြောင်း
***********************************************
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာ တိကျမှန်ကန်သော သတင်း အချက်အလက်များကို ဖြန့်ဝေပေးရန်၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းပြီးလုံခြုံမှုရှိသည့် ကောင်းမွန် သော ပုံရိပ်ကို နိုင်ငံတကာတွင် ပိုမို ထင်ရှားလူသိများလာစေရန်၊ မြန်မာနိုင်ငံ၏ သဘာဝ အလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊တိုင်းရင်းသား ရိုးရာဓလေ့စရိုက်များ၊ (၁၂)လရာသီ ပွဲတော်များကို ဖော်ထုတ်၍ အရည်အသွေးရှိသော ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည် ပတ်စေရေး ဆွဲဆောင်ရန်စသည့် ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ထားသော Myanmar Be Enchanted အမည်ရှိ Mobile Application ကို Google Play Store တွင် အင်္ဂလိပ်ဘာသာဖြင့် (၁-၇-၂၀၂၀) ရက် နေ့တွင် စတင်လွှင့်တင်ထားပြီးအောက်ပါ QR Code ကို Scan ဖတ်၍ လည်းကောင်း၊ https://bit.ly/2AscTzi တွင်လည်းကောင်း၊ Google Play Store တွင်လည်းကောင်း Download ရယူနိုင်ပါသည်။ ထို့အပြင် iOS Device များအတွက် Apple Store တွင်လည်း မကြာမီလွှင့်တင်နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

19/06/2020
18/06/2020
ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖွင့်လှစ်ရေး လမ်းညွှန်ချက်များ
11/06/2020

ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖွင့်လှစ်ရေး လမ်းညွှန်ချက်များ

30/05/2020
05/05/2020

Address

Hpa-an

Telephone

959792798644

Website

Alerts

Be the first to know and let us send you an email when Kayin State Tourist Guides Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share