Inn Pyin Home - kalaw

Inn Pyin Home - kalaw Warmly welcome to my home.

🌸🌸🌸🌸
28/01/2025

🌸🌸🌸🌸

15/01/2025
11/12/2024

အိုးစည်တောင်တိမ်ပင်လယ်မေးမေးနေကြတဲ့သူတွေအတွက်

Ye Marn Aung Tiktok အကောင့်ပိုင်ရှင် Credit ပေးပါတယ်ရှင့်

12/11/2024

ပွဲခင်းထဲမှာရောင်းတဲ့ ဆာလာအိတ်လေးတွေ ခင်းထိုင် ဘီယာလေး‌နဲ့ အကင်လေး မြည်းရင်း မီးပုံးပျံပွဲကို ထိုင်ကြည့်ခဲ့တဲ့ အချိန်လေးသတိရတာ🤩 တော်ကြာမီးပုံးပြန်ပြုတ်ကျလို့ ပြေးရသေးတယ် 😁😁 ပွဲခင်းထဲ ထိုင်ကြည့်ရတာပျင်းလာပီဆို ဈေးတန်းထဲပတ်။ ပတ်ရင်းနဲ့ ♣️♠️ဝိုင်းထဲ ရောက်တော့ ဂိတ်ဆုံး ပါလာတာ အကုန်ပြောင်မှ ပြန်ထွက်လာရော 🤣🤣 မရောက်တာကြာတော့သတိရတယ်လေ ။ အခုတော့ ဘယ်လိုပြောင်းလဲကုန်ပီလဲမသိတော့။။။

Credit video 🙏🙏🙏

11/11/2024

ပျော်စရာကြီးပါနော်

Tiktok မူရင်းတင်သူကို
Credit 🙏🙏🙏

ပိုက်ဆံတပြားမှ ကုန်စရာမလိုပဲ ကလောမြို့ အင်းပြင်ရွာမှာရှိတဲ့ ဒီအိမ်လေးမှာ တည်းချင်တယ်ဆိုရင်........................စတာနော...
10/11/2024

ပိုက်ဆံတပြားမှ ကုန်စရာမလိုပဲ ကလောမြို့ အင်းပြင်ရွာမှာရှိတဲ့ ဒီအိမ်လေးမှာ တည်းချင်တယ်ဆိုရင်........................
စတာနော်😁😘
သုံးထပ်ခွဲအိမ်လေး ဆယ်ယောက်ထိနေလို့ရ တရက် နှစ်သိန်းပါ
09 443015662 ဟယ်လို လိုက်နော် 🥰🥰🥰

07/11/2024
28/10/2024

🌻🌻🌼🌼🏕️🏕️🌲🌲

တောင်ကြီးတန်ဆောင်တိုင် (၇) ရက်တိုင် ကျင်းပမည် ။တောင်ကြီး အောက်တိုဘာ ၁၉။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ တောင်ကြီ...
19/10/2024

တောင်ကြီးတန်ဆောင်တိုင် (၇) ရက်တိုင် ကျင်းပမည် ။

တောင်ကြီး အောက်တိုဘာ ၁၉။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင်လည်း (၇)ရက်တိုင် ကျင်းပသွားမည်ဟု သိရသည်။

ယခု ၂၀၂၄ ခုနှစ်တွင် အဆိုပါ ပွဲတော်ကို နို၀င်ဘာလ (၉)ရက်နေ့မှ (၁၅)ရက်အထိ (၇) ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Myanmar Charity News #ပရဟိတသတင်းစုံ #သတင်းစုံ #တောင်ကြီး #မီးပုံးပျံပွဲတော်
credit # #

သီတင်းကျွတ် မုန့်ဘိုးမရသူ နှစ်ယောက် အကြည့်ချင်းဆုံနေပုံcrd #
17/10/2024

သီတင်းကျွတ် မုန့်ဘိုးမရသူ နှစ်ယောက် အကြည့်ချင်းဆုံနေပုံ
crd #

😍😍🛖🛖🛖🛖
16/10/2024

😍😍🛖🛖🛖🛖

15/10/2024

ရှမ်းတောင်ပိုင်း (ကလော၊ အင်းလေး၊ တောင်ကြီး) လမ်းခရီး အခြေအနေ လိုတိုရှင်း ပြောပါရစေ။

ကလော ရေယား ဝက်ဖြူရေ နား မိုးများ မြေပြို ထားပါတယ်။ ရေယားအနီးမှာ ကားတစ်စီးစာခွဲခန့် လွတ်တဲ့နေရာရှိပါတယ်။ ရပ်စောင့်နေချိန် တောင်ပြိုနိုင်တာ သတိထားရပါမယ်။

ပြည်ညောင် အနီး ယခုရက်မိုးကြောင့် တောင်ကျရေ ပြန်စီးပါတယ်။ ပထမ ပြိုထားတဲ့လမ်းက ရေထိန်းနံရံပေါ်တဲ့အထိ ပြိုထားတာဖြစ်တဲ့အတွက် စိတ်ချရမယ်လို့ ယူဆပါတယ်။ (တောင်ပြိုနိုင်တာ သတိထားပါ) လမ်းပေါ်မှာ ကန့်လန့်ဖြတ် ရေစီးတွေ ရှိပါတယ်။ ကားလေးတွေ သတိထားပါ။ ယာဉ်မောင်း ကျွမ်းကျင်သေချာသူ ပါမှ အဆင်ပြေနိုင်ပါမယ်။

အင်းလေး လည်လို့ရပါတယ်။ ယက်ကန်းရုံ ဖောင်တော်ဦး(ရေပြန်ကျ) ကြောင်ခုန်ကျောင်း ရေအနည်းငယ်ကျန် ပါတယ်။

တောင်လေးလုံး ခေါင်တိုင်ကဝင်ရင် ဟူပင် အထိ ရေလုံးဝမရှိတော့ပါ။ ညောင်ရွှေမြို့ထဲတော့ ရေအနည်းငယ်ကျန်နိုင်ပါတယ်။

မဖြစ်မနေလာကြမယ်ဆိုရင် ကျောက်ဆည် ထိသွားပြီး ရွာငံဖက်ကတတ်ကြဖို့ အကြံပေးချင်ပါတယ်။ အတတ်အဆင်းကြီးပါတယ် ယာဉ်မောင်း အဆင်ပြေမှ တတ်ကြပါ။

ကလောမြို့ထဲ လည်ပတ်စရာနေရာ ၇၀ ရာခိုင်နှုန်း သွားလို့ရပါတယ်။ တောင်ကြီး ကက္ကူ ပင်းတယ ရွာငံ အားလုံးပုံမှန်အတိုင်း လည်လို့ရပါတယ်။

ရွှေညောင်၊ ညောင်ရွှေ၊ မိုင်းသောက်လမ်းက နန်းပန်အထိ သွားလို့ရပါတယ်။ အောင်ပန်း ပင်မှီလမ်းကလဲ အင်းတိန်အထိ သွားလို့ရပါတယ်။

သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ။

ကိုမျိုးမင်း, ပုံ - ကိုကိုဦး
#ရှမ်းတောင်
#ကလော

ရေပြန်ကျပြီဖြစ်သဖြင့် အင်းလေး ဖောင်တော်ဦးဘုရားသို့ လာရောက်ဖူးမျှော်နိုင်ပြီဖြစ်ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့အတ...
13/10/2024

ရေပြန်ကျပြီဖြစ်သဖြင့် အင်းလေး ဖောင်တော်ဦးဘုရားသို့ လာရောက်ဖူးမျှော်နိုင်ပြီဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့အတွင်းရှိ အင်းလေး ဖောင်တော်ဦး ဘုရားပုရဝုဏ်အတွင်း ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် သီတင်းကျွတ်ရုံးပိတ်ရက်နှင့်အများ ပြည်သူအားလပ်ရက်များတွင် လာရောက်ဖူးမျှော်နိုင်ကြောင်း ဒေသခံများမှ တဆင့် သိရသည်။

“အင်းလေးဖောင်တော်ဦးဘူရား ရေပြန်ကျသွားပါပြီ။ အင်းလေးကို လာရောက်လည်ပတ်မည့် ဧည့်သည်တော်များအား လာရောက်ဖူးမျှော်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်” ဟု ခရီးသွားလမ်းညွှန်တစ်ဦးကလည်း သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

သို့သော်လည်း အင်းလေးကန်တောင်ပိုင်းတွင် ရေပြန်မကျသေးသောကြောင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် အင်းလေးဖောင်တော်ဦး ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ယခုနှစ်တွင် မကျင်းပဖြစ်တော့ကြောင်းလည်း သိရသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကန်ဖြစ်ကာ လက်ရှိတွင် ရေဘေးကြောင့် ဒေသခံများအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဓာတ်ပုံ -Ko bojay Facebook
Credit #

😍😍😍
09/10/2024

😍😍😍

20/09/2024

🚨အရေးပေါ် အကူအညီများ လိုအပ်နေ 🚨
ညောင်ရွှေ အတော်ဆိုး
တစ်မြို့လုံးရေနစ်တဲ့ အပြင်
ကယ်ဆယ်ရေးစခန်းတွေမှာ လူ ၉ထောင်ကျော်
စားစရာ အလှူရှင်များ လိုအပ်နေ

အင်တာနက်လိုင်းများလည်း မရဟုဆို


#ညောင်ရွှေ

ကလောမြို့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ဆယ်သိန်းကျပ်ကို ရေဘေးကယ်ဆယ်ရေး ဥက္ကဌ ဦးလှဝင်း ထံမှာထည့်ဝင်လှူဒါန်းခဲ့ပါတယ် ။ အန...
18/09/2024

ကလောမြို့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ဆယ်သိန်းကျပ်ကို ရေဘေးကယ်ဆယ်ရေး ဥက္ကဌ ဦးလှဝင်း ထံမှာထည့်ဝင်လှူဒါန်းခဲ့ပါတယ် ။ အနယ်နယ် အရပ်ရပ်က နေ Inn Pyin Home အိမ်လေးမှာ လာရောက်တည်းခိုခဲ့တဲ့ ဧည်သည်တွေရဲ့ အလှူ‌လေးပါရှင့် 🙏🙏🙏

Address

Kalaw

Telephone

+959443015662

Website

Alerts

Be the first to know and let us send you an email when Inn Pyin Home - kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share