Koala Travel and Tours

Koala Travel and Tours ခရီးသွားခြင်းဟာ သင့်ကိုယ်သင်အတွက် ရင်းနှီးမြှုပ်နှံတာပါ။
(3)

ကလော အတက်ယင်းမာပင်တွင် ရေကြီး၍ လမ်းပိတ်။ကလောအထွက် အင်းပြင်တွင် ကားလမ်းရေကျော် ဖြတ်မရ။ရွာငံ ဟန်မြင့်မိုရ်လမ်းလည်း ရေကြီး၍...
10/09/2024

ကလော အတက်ယင်းမာပင်တွင် ရေကြီး၍ လမ်းပိတ်။
ကလောအထွက် အင်းပြင်တွင် ကားလမ်းရေကျော် ဖြတ်မရ။
ရွာငံ ဟန်မြင့်မိုရ်လမ်းလည်း ရေကြီး၍ပိတ်။

#ကလော

အရက်ဆိုင်က အပြန် မိုးက ဖွဲဖွဲလေးရွာ‌ေနတယ်။ကားလမ်းမ တဖက်က စတိုးဆိုင်မှာ ပစ္စည်းတခု ဝင်ဝယ်သေးတယ်။မမှတ်မိတော့ဘူး။တည်းခိုဖို...
02/09/2024

အရက်ဆိုင်က အပြန် မိုးက ဖွဲဖွဲလေးရွာ‌ေနတယ်။
ကားလမ်းမ တဖက်က စတိုးဆိုင်မှာ ပစ္စည်းတခု ဝင်ဝယ်သေးတယ်။
မမှတ်မိတော့ဘူး။

တည်းခိုဖို့ နေရာအထိ လမ်းမလျှောက်နိုင်တော့ဘူး ဆိုလို့ ကုန်းပိုးခဲ့ရတာ အမှတ်ရသေးရဲ့။
ကုန်ကားမောင်းတဲ့ ဒရိုင်ဘာတယောက်ကတော့ ဟွန်းတွေအဆက်မပြတ်တီးပြီး စနောက်သွားတယ်။

ငါ ဒီမြို့လေးကို သိပ်ချစ်မိတယ်။
မင်းကိုလည်း လွမ်းတယ်။

အရက်သမားတယောက်အတွက် အရက်သောက်ရတာ အဓိပ္ပါယ် ရှိခဲ့လို့။

#ကလော

ဟုတ်...ဒီတခေါက် ပုဂံရောက်တဲ့အခါ သေချာ ကြည့်လာခဲ့ပေးမယ်နော်။
30/08/2024

ဟုတ်...

ဒီတခေါက် ပုဂံရောက်တဲ့အခါ သေချာ ကြည့်လာခဲ့ပေးမယ်နော်။

အရက်သောက်တယ် ဆိုတိုင်း အထင်မသေးသင့်ပါ။😘     #ကလော
19/08/2024

အရက်သောက်တယ် ဆိုတိုင်း အထင်မသေးသင့်ပါ။😘

#ကလော

14/07/2024

တဖြည်းဖြည်းရှားပါးလာသောမျိုးစိတ်တခု

#ကလော

Send a message to learn more

27/06/2024

မြူ...

#ကလော

တိုးတိုးလေးပါပဲ။ဒါပေမယ့် ကားတစီးလုံးအတွက် လုံလောက်ပါတယ်။   #ကလော
17/06/2024

တိုးတိုးလေးပါပဲ။
ဒါပေမယ့် ကားတစီးလုံးအတွက် လုံလောက်ပါတယ်။

#ကလော

ဒီအခြေအနေကြီးမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေလား...ကလောမှာ နေဝင်ချိန် လာကြည့်ပါ။   #ကလော
07/06/2024

ဒီအခြေအနေကြီးမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေလား...

ကလောမှာ နေဝင်ချိန် လာကြည့်ပါ။

#ကလော

June 4 - 9 အထိ  သံတွဲလေဆိပ်ယာယီပိတ်ပါတယ်။         #ငပလီ  #လေဆိပ်
03/06/2024

June 4 - 9 အထိ သံတွဲလေဆိပ်ယာယီပိတ်ပါတယ်။

#ငပလီ #လေဆိပ်

သိပ်လှတဲ့ စိန်ပန်းပင်ကြီးတောင် အေးသွားတယ်။   #ကလော   0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣
04/05/2024

သိပ်လှတဲ့ စိန်ပန်းပင်ကြီးတောင် အေးသွားတယ်။

#ကလော

0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣
0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣

နွေရာသီ ကလောမှာ အလှဆုံး ပွင့်တဲ့ပန်း   #ကလော
27/04/2024

နွေရာသီ ကလောမှာ အလှဆုံး ပွင့်တဲ့ပန်း

#ကလော

23/04/2024

အင်းလေးရောက်တဲ့အခါ နှင်းဆီပန်းခင်းတွေ၊ဂန္ဓမာပန်းခင်းတွေကြားထဲကနေ လမ်းလျှောက်ဖြတ်ပြီး တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးဘေးမှာ....

အရက်ထိုင်သောက်ချင်နေမိတယ်။😁

#ကလော #အင်းလေး

နေရာလေးက "အင်းလေး ရေပူရွာနားက ရေတံခွန်"

အင်းလေးလည်မယ်ဆို ကိုယ့်ဆီက ကားငှားတဲ့ ဧည့်သည်မှန်သမျှ ဒီရေတံခွန်အသစ်လေးကို မေတ္တာလက်ဆောင် (အခမဲ့) လိုက်ပို့ပေးတယ်။

ဝန်ဆောင်မှုအသေးစိတ်များကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။

0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣
0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣

21/04/2024

နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း Koala Travel and Tours ကို တလလောက်ကြိုတင်၍ Booking တင်ထားသော ဧည့်သည်ဇနီးမောင်နှံ စုံတွဲလေးကို ခရီးသွားဝန်ဆောင်မှုပေးဖြစ်ခဲ့တယ်။

ပုံလေးတွေနဲ့ video လေးကို အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

ဝန်ဆောင်မှုအသေးစိတ်များကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ။

#ကလော

0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣
0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣

10/04/2024

လမ်းဘေးလက်ဘက်ရည်ဆိုင် ထောင့်တထောင့်မှာ
ရေနွေးကြမ်းခွက်ထဲ ဘီ‌အီး ရောသောက်ကြည့်မှ ဆေးလိပ်အရသာ ကို သိတာ။

#ကလော

05/04/2024

အပူလှိုင်းစနေပါပြီ။
ဂရုစိုက်ကြပါ။

ရေချိုးတာ သတိထားကြပါ။

#ကလော

ဒီလက်ထပ်မင်္ဂလာပွဲလေးဖြစ်မြောက်အောင် B2B Collaboration ပြုလုပ်ပေးတဲ့ Sunshine Hotel Ngapali အား ကျေးဇူးအထူးတင်ရှိပါတယ်။သ...
26/03/2024

ဒီလက်ထပ်မင်္ဂလာပွဲလေးဖြစ်မြောက်အောင် B2B Collaboration ပြုလုပ်ပေးတဲ့ Sunshine Hotel Ngapali အား ကျေးဇူးအထူးတင်ရှိပါတယ်။

သတို့သား နှင့် သတို့သမီး
"ကမ်းခြေလက်ထပ်ပွဲလေး ငပလီကမ်းခြေရဲ့ သောင်ပြင်မှာ လုပ်ချင်တယ်။"

ဟုတ်ကဲ့ဗျ။
ပွဲလုပ်ချင်တဲ့ရက်
ပွဲလုပ်ချင်တဲ့နေရာ ( ကမ်းခြေ )

ငပလီကမ်းခြေက တခုထက်ပိုရှိလို့ပါ။
အသေးစိတ်တိုင်ပင်နိုင်ပါတယ်ဗျ။

ဟိုတယ်ရှေ့က ကမ်းခြေမှာ ညစာစားချင်တယ်။
ဝိုင်းအရေအတွက်ပေါ်မူတည်ပြီး အသေးစိတ်တိုင်ပင်နိုင်ပါတယ်ဗျ။

အစားအသောက်ရော စီစဉ်ပေးလား။
လူဦးရေ
စားချင်တဲ့ပုံစံ အသေးစိတ်တိုင်ပင်နိုင်ပါတယ်ဗျ။

ဟိုတယ်မှာ တည်းရမှာလား
ဟုတ်ကဲ့ဗျ။
B2B Collaboration ပြုလုပ်ထားတဲ့ Sunshine Hotel Ngapali မှာ တည်းရမှာပါ။

ဟိုတယ်မှာ နံနက်စာပါလား
ပါပါတယ်။

ရေကူးကန်ပါလား
မပါဝင်ပါဘူး။

ပင်လယ်ကို အခန်းကနေ မြင်ရလား
အပေါ်ဆုံးအထပ်ကနေ မြင်ရပါတယ်။
Roadside Hotel ဖြစ်လို့ပါဗျ။

ဒီနှစ် သင်္ကြန်ပိတ်ရက်မှာ ငပလီကို သွားရောက်အပန်းဖြေမယ်ဆိုလျှင် ဟိုတယ်အခန်းများအတွက် Early bird Special Price ရှိပါတယ်။

အသေးစိတ်ဆက်သွယ်မေးမြန်းရန်

0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣
0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣

"တောင်ထိပ်ပေါ်မှာ မတ်တပ်ရပ်ချင်လိုက်တာ…”  “နင်က တောင်တက်ဝါသနာပါသလား…”  အဲ့ဒီတော့လည်း ခေါင်းခါပြန်တယ်။ ပြီးမှ…သူ့စကားကို ...
25/03/2024

"တောင်ထိပ်ပေါ်မှာ မတ်တပ်ရပ်ချင်လိုက်တာ…”

“နင်က တောင်တက်ဝါသနာပါသလား…”

အဲ့ဒီတော့လည်း ခေါင်းခါပြန်တယ်။
ပြီးမှ…သူ့စကားကို သူ ပြန်ရှင်းပြတယ်။

“ရေမှာ လှိုင်းရှိသလို…မြေမှာလည်း လှိုင်းရှိတယ်။
ရိုးမတောင်တန်းကြီးတွေ၊ တွန့်ခေါက်တောင်တန်းကြီးတွေဟာ မြေရဲ့ လှိုင်းတွေပေါ့…”

“ဪ…”

“တောင်ထိပ်ပေါ်မှာ တက်ရပ်တဲ့သူဟာ မြေရဲ့ လှိုင်းပေါ်မှာ တက်ရပ်တဲ့သူပဲ…၊
ရင်ခုန်စရာကောင်းမယ်။
အရမ်းပျော်ရမှာပေါ့”

မူလစကားကိုပဲ ကျွန်တော်က ပြန်ရေရွတ်မိတယ်။
“သူဖြင့် တောင်တက်တာလည်း ဝါသနာမပါဘဲနဲ့”

တောင်မတက်ချင်ဘဲနဲ့ တောင်ထိပ်ပေါ် ဘယ်လိုလုပ်ရောက်မှာတုန်း။ ကျွန်တော်ဖြင့် ဒီကောင်မလေးကို နားမလည်တော့ဘူး။

“ဘာဖြစ်လဲ၊ ဘာဖြစ်လဲ”
အဲ့ဒီလို ခပ်စွာစွာ ပြန်ကြည့်လို့ ကျွန်တော် ငြိမ်နေလိုက်ရပါတယ်။

#ကလော
#ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော်

#တာရာမင်းဝေ

24/03/2024

ဒီနေ့ကျွန်းတွေပတ်တယ်။



ခရီးစဉ်အသေးစိတ်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣
0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣

မင်္ဂလာလက်စွပ်ပံု‌ေလး‌ေတွကို ဒီလိုပုံလေးတွေ ရိုက်ချင်တယ်ဆိုလို့ မဖြစ်တာမရှိရလေအောင် ဝန်ဆောင်ပေးရတာပေါ့။            ဝန်ဆေ...
22/03/2024

မင်္ဂလာလက်စွပ်ပံု‌ေလး‌ေတွကို ဒီလိုပုံလေးတွေ ရိုက်ချင်တယ်ဆိုလို့ မဖြစ်တာမရှိရလေအောင် ဝန်ဆောင်ပေးရတာပေါ့။



ဝန်ဆောင်မှုများ အသေးစိတ်သိရှိလိုပါက
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣
0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣

22/03/2024

ကမ်းခြေမှာ ပြုလုပ်မည့် လက်ထပ်မင်္ဂလာပွဲလေးအတွက် ပြင်ဆင်ဖို့ရောက်ရှိ။



ကလောခရီးစဉ်
ငွေဆောင်ခရီးစဉ်
ပုဂံခရီးစဉ်
ငပလီခရီးစဉ်များအတွက် အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣
0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣

20/03/2024

ခရီးမှာ ဘာကြောင့် အိပ်ရေးဝစေချင်တာလည်း မသိချင်ဘူးလား...


#ကလော

#ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော်

Video က တခြားသူပို့ပေးတာ။
😁

ကိုယ့်ကိုကိုယ်မညာဘဲ ဖြေကြည့်ခရီးထွက်တဲ့အချိန် အိပ်ရေးဝအောင် အိပ်ရလား...အိပ်ရေးဝတယ်ဆိုလျှင် 100%မနက်ဖြန်မနက် ခရီးထွက်မယ်ဆ...
20/03/2024

ကိုယ့်ကိုကိုယ်မညာဘဲ ဖြေကြည့်
ခရီးထွက်တဲ့အချိန် အိပ်ရေးဝအောင် အိပ်ရလား...

အိပ်ရေးဝတယ်ဆိုလျှင် 100%
မနက်ဖြန်မနက် ခရီးထွက်မယ်ဆိုလျှင် ဒီနေ့ညကျမှ အိပ်လို့မရဖြစ်တာမျိုး၊ဒီနေ့ကျမှ အပေါင်းအသင်းတွေနဲ့ စကားပြောလို့ကောင်းနေတာမျိုး၊အိပ်ချင်စိတ်မရှိတာမျိုးဖြစ်လျှင် 25% ပြန်နှုတ်

ခရီးထွက်တဲ့ရက် အိပ်ရေးဝဝနိုးမှ ခရီးစထွက်နိုင်လျှင် 25% ပြန်ပေါင်း

ခရီးမှာ အိပ်ယာအပြောင်းအလဲဖြစ်ပြီး အိပ်မရတာဖြစ်ဖူးလျှင်၊အပေါင်းအသင်းတွေနဲ့ စကားပြောကောင်းလို့ အိပ်ယာဝင်နောက်ကျတာမျိုး၊တညလုံး မအိပ်တော့ဘူးကွာ ဒီည စကားတွေထိုင်ပြောကြမယ်ဆိုပြီး တနည်းနည်းဖြင့်အိပ်ယာဝင်နောက်ကျတာမျိုးဖြစ်ဖူးတယ်ဆိုလျှင်

30% ပြန်နှုတ်

အိပ်ယာနိုးတဲ့အချိန် ကြားနေကျ မဟုတ်တဲ့ အသံတခုခု ကြားဖူးတယ်ဆိုလျှင် 30% ပြန်ပေါင်း

ဒါပေမယ့် ကြားနေကျအသံမဟုတ်တဲ့ အသံတခုခုကြောင့် နိုးလာရတယ်ဆိုလျ‌ှင် 20% ပဲပြန်ပေါင်း

ခရီးမ‌ှာ လည်ဖို့ပတ်ဖို့ နေရာတွေ၊ဓါတ်ပုံရိုက်ဖို့နေရာတွေ ဘာနဲ့သွားကြမလဲ၊ဘယ်လိုသွားရမလဲ၊နေရာတွေစုံပါ့မလား၊ပုံကောင်းကောင်းလေးတွေံရော ရပါ့မလား၊စားတာသောက်တာကရော ဘာနဲ့စားကြမလဲ အာ့လိုတွေ တွေးမိနေတယ်ဆိုလျှင် နောက်ထပ် ၃၀ % ထပ်နှုတ်

ကဲ...

ပြီးခဲ့တဲ့ ခရီးမှာ ဘယ်လောက် % အိပ်ရေးဝခဲ့ကြလဲ...



#ကလော

#ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော်

ရှမ်းပြည်ရောက်လို့ အလှူဖိတ်တဲ့အခါ သွားစားလျ‌ှင် ကြုံတွေ့ရတတ်သည့် သတိပြုစရာ၊ချစ်စရာ အသုံးအနှုန်း ကွာခြားမ‌ှုလေးတွေပါ။အစား...
19/03/2024

ရှမ်းပြည်ရောက်လို့ အလှူဖိတ်တဲ့အခါ သွားစားလျ‌ှင် ကြုံတွေ့ရတတ်သည့် သတိပြုစရာ၊ချစ်စရာ အသုံးအနှုန်း ကွာခြားမ‌ှုလေးတွေပါ။

အစားအသောက်ကို ချိုလား မေးတဲ့အခါ...
ဆိုလိုရင်းက အစားအသောက် ကောင်းရဲ့လားမေးတာပါ။

မချိုဘူးလို့ ပြန်ဖြေမိလျ‌ှင် စိတ်မကောင်းဖြစ်တတ်သည်။

"စားလို့ချိုသည်။"

#ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော်

လာမည့်တပေါင်းလပြည့်နဲ့ ဆက်တိုက်အလုပ်ပိတ်တယ်ဆိုတော့ ခရီးထွက်ဖို့ Lamborghini လေးရေဆေးနေတာ။😁     #ကလော
18/03/2024

လာမည့်တပေါင်းလပြည့်နဲ့ ဆက်တိုက်အလုပ်ပိတ်တယ်ဆိုတော့ ခရီးထွက်ဖို့ Lamborghini လေးရေဆေးနေတာ။😁

#ကလော

ရှင်ပြုအလှူဖိတ်လို့ ငတ်ကြီးမကျခင်
18/03/2024

ရှင်ပြုအလှူဖိတ်လို့ ငတ်ကြီးမကျခင်

မဟာသင်္ကြန် ပိတ်ရက်ရှည်များတွင် "ကလော" မြို့လေးကို လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်တော်များ သတိပြုစရာလေးများ မှ‌ျဝေပေးပ...
16/03/2024

မဟာသင်္ကြန် ပိတ်ရက်ရှည်များတွင် "ကလော" မြို့လေးကို လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်တော်များ သတိပြုစရာလေးများ မှ‌ျဝေပေးပါရစေ။🙏

၁။ သင်္ကြန်ရက်များအတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ထွက်ခွာခြင်း မရှိသလောက်နည်းပါးပါမည်။

၂။ ထွက်ခွာမည့်ယာဉ်လိုင်းများတွင်လည်း ခုံနံပါတ်များ ခွဲတမ်းနှင့်သာ ရောင်းချပေးပါသဖြင့် Koala Travel and Tours မှာ Booking ကြိုတင်ထားမှ စိတ်ချရပါမည်။

၃။ တည်းခိုရန် Hotel Booking များ လူပြည့်တတ်ပါသဖြင့် ကြိုတင်စရံပေးငွေချေသင့်ပါသည်။

၄။ လည်ပတ်ရန် ကားငှားဝန်ဆောင်မှုများကိုလည်း ကြိုတင် Booking တင်ထားပေးပါ။

၅။ နေ့ဘက်တွင် ပူပြီး၊ညဘက်အေးနေတုန်းဖြစ်ပါသဖြင့် အနွေးထည်ပါးပါးယူဆောင်လာပေးကြပါ။

၆။ UV ပါဝင်နှုန်းမြင့်မားပါသဖြင့် အသားအရည်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေသော၊ နေရောင်ခြည်ကာကွယ်နှုန်းကောင်းမွန်သည့် အလှကုန်ပစ္စည်းများ ယူဆောင်လာကြပါရန်။

၇။ စားသောက်ဆိုင်များတွင် လူများတတ်ပါသဖြင့် ကိုယ်စားသောက်ချင်သည့် အစားအစာများကို ကြိုတင်မှာထား‌ရန်။
( Koala ရဲ့ ဧည့်သည်များကိုတော့ ရောက်ရှိတာနဲ့ စာရင်းပြုစုပေးထားပါတယ်။ )

၈။ ထီး၊ဖိနပ်၊ဦးထုပ်၊နေကာမျက်မှန်များ ယူဆောင်လာကြပါရန်။

၉။ April 17 ရက်နေ့မှ ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲမည်ဖြစ်ပါသဖြင့် အပြန်ကားလက်မှတ်များ ကြိုတင်ဝယ်ယူပါရန်။

၁၀။ အသွားအပြန်ကားလက်မှတ်၊ဟိုတယ်တည်းခိုရန်၊လည်ပတ်ရန် ကားငှားဝန်ဆောင်မှုများအတွက် 0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣၊0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣ သို့ အမြန်ဆုံး ဆက်သွယ်မှာယူပေးပါရန်။

မိတ်ဟောင်း/မိတ်သစ်များကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။🙏🙏🙏

#ကလော

#ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော်

ခရီးသွားတဲ့အခါ ကားပေါ်မှာ နိုးနိုးကြားကြားနေသင့်ပါတယ်။  0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2...
15/03/2024

ခရီးသွားတဲ့အခါ ကားပေါ်မှာ နိုးနိုးကြားကြားနေသင့်ပါတယ်။



0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣
0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣

ဒီနှစ် သင်္ကြန် ငပလီ သွားမယ်။                  0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣
14/03/2024

ဒီနှစ် သင်္ကြန် ငပလီ သွားမယ်။



0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣
0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣

သွားတော့မယ်....ရောက်ပြီ။😝   #ကလော    #ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော် ကားငှား...
12/03/2024

သွားတော့မယ်....

ရောက်ပြီ။😝

#ကလော
#ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော်

ကားငှားဝန်ဆောင်မှုများအတွက် အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣
0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣

ငယ်ငယ်တုန်းက ရှမ်းမလေး တယောက်ကို ပြောဖူးတယ်။ဘဝရဲ့ လက်ကျန်အချိန်တွေကို ပန်းခင်းတွေ စိုက်ပြီးပဲ အေးအေးဆေးဆေးကုန်ဆုံးချင်တယ...
07/03/2024

ငယ်ငယ်တုန်းက ရှမ်းမလေး တယောက်ကို ပြောဖူးတယ်။
ဘဝရဲ့ လက်ကျန်အချိန်တွေကို ပန်းခင်းတွေ စိုက်ပြီးပဲ အေးအေးဆေးဆေးကုန်ဆုံးချင်တယ်ပြောတော့ သူမက ရယ်တယ်။

လက်ဘက်ရည်ဆိုင်မှာ ပြောတာဆိုတော့လည်း သူမရယ်တာ အပြစ်မဆိုနိုင်ပါဘူး။

ပန်းခင်းထဲက ပန်းလေးတွေ ဖူးနေပြီလေ။
သူမ ရယ်တာတော့ မတွေ့နိုင်တော့ဘူး။

သူမ ရယ်နေဦးမလားလည်း သိချင်နေမိတယ်။

ဘုရားဘုရား အိမ်ကမိန်းမ ဒီပိုစ့်မမြင်ပါစေနဲ့။

#ကလော

#ကလောမြို့လေးကိုလာရောက်လည်ပတ်တဲ့အခါအမှိုက်များကိုစနစ်တကျစွန့်ပစ်ပေးကြပါနော်

ကားငှားဖို့ လိုအပ်ပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

0️⃣9️⃣9️⃣7️⃣2️⃣2️⃣6️⃣5️⃣1️⃣8️⃣2️⃣
0️⃣9️⃣9️⃣7️⃣0️⃣2️⃣1️⃣0️⃣6️⃣0️⃣0️⃣

Address

Kalaw

Telephone

+959972265182

Website

Alerts

Be the first to know and let us send you an email when Koala Travel and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Koala Travel and Tours:

Videos

Share

Category



You may also like