Kalaw Adventure - Trekking and Adventures

Kalaw Adventure - Trekking and Adventures Trekking, Biking, Camping, Horse Riding, Canoeing, Sight Seeing, Mountaineering, Hybrid Adventure an

KALAW ADVENTURE - 09 973687587
01/09/2021

KALAW ADVENTURE - 09 973687587

19/08/2021
19/08/2021
ကလော တစ်ညအိပ်နှစ်ရက် (Budget trip to Kalaw)(၅၅၀၀၀ (သို့)  ၆၀၀၀၀)ကလောကို ဈေးသက်သက်သာသာနဲ့ Budget tour လေးလာလည်ချင်တယ်ဆို...
08/03/2020

ကလော တစ်ညအိပ်နှစ်ရက် (Budget trip to Kalaw)
(၅၅၀၀၀ (သို့) ၆၀၀၀၀)

ကလောကို ဈေးသက်သက်သာသာနဲ့ Budget tour လေးလာလည်ချင်တယ်ဆိုရင်တော့ ကလော တစ်ညအိပ်နှစ်ရက် ခရီးစဉ်လေး ရှိပါတယ်။

ရန်ကုန် သို့ မန်းလေးမှ သောကြာညထွှက် တနင်္လာပြန်ရောက်။
ရန်ကုန်ကနေလာရင် တစ်ယောက်မှ ၆၀၀၀၀ ကျပ် ပဲကျမှာပါ။
မန္တလေးကလာရင် တစ်ယောက်မှ ၅၅၀၀၀ ကျပ် ပဲကျမှာပါ။
Package ထဲမှာ ရန်ကုန် သို့ မန္တလေး မှ ကလောသို့ အသွားအပြန်ကားခ၊ ကလောရောက်ပြီး ပြန်သည်အထိ စားစာရိတ်၊ အောက်တွင်ဖော်ပြထားသည့်နေရာအားလုံးလည်ပါတ်စာရိတ်၊ တည်းခိုစားရိတ်နှင့် ကလောတွင်အဓိကကျသည့် Trekking ခရီးစဉ်တို့အတွက် ပါပါတယ်။
KALAW ADVENTURE page မှာ Booking 📆📆လေးတွေတင်ထားလို့ရပါတယ်။ အပါတ်စဉ် စနေ တနင်္ဂနွေ နေ့တိုင်း ၁၀ယောက်ပြည့်ရင် ထွက်ပါတယ်။

လည်ပါတ်ရမယ့်နေရာတွေကတော့
၁။ တောင်ပေါ်ရှုခင်းသာ ဟိုတယ် 🏘🏘
ကလော လည်ရင်ပန်းခင်းလေးတွေနဲ့ တောင်ပေါ်ကနေ မြို့ထဲကို လှမ်းမြင်ရပါတယ်။ ပန်းလေးတွေနဲ့ ဓာတ်ပေးလို့လည်းကောင်းပါတယ်။

၂။ ကလောဘူတာ 🚆🚆
ရထားတွေ ရထားလမ်းတွေ ဘူတာရုံက ဆိုင်းဘုတ်လေးတွေနဲ့ ဓာတ်ဖမ်းလို့ရပါတယ်။ ကလောဘူတာရဲ့ သက်တမ်းကလည်း နှစ်တစ်ရာကျော်ပါပြီ။ ကလောမှာ ကိုလိုနီ အဆောက်အအုံ ၂၀၀ ကျော်မှာ ၇၀ လောက်ပဲကျန်တော့တယ်။

၃။ ကလော နာရီစင်
၂၀၁၉ လောက်ကမှပြီးတယ်ဆိုပေမယ့် ကလောရဲ့ အထင်ကရနေရာ တစ်ခုပါ။ နာရီစင်ရဲ့ဘေးမှာတော့ ပန်းခြံရှိတယ်။ ထင်းရှူးပင်တွေတော့တော်တော်ကြီးနေပြီဆိုတော့ ဓာတ်ပုံရိုက်ချင်သူတွေအတွက် ကောင်းတယ်။

၎။ ရွှေဥမှင်ဂူ
ကလောမှာ မလည်မဖြစ် လည်သင့်တဲ့နေရာ ကတော့ ရွှေဥမှင်ဂူပါ။

၅။ ကလော heritage hotel 🏘🏘
မြန်မာပြည်မှာ ဒုတိယ အဆောဆုံးဖွင့်ခဲ့တဲ့ဟိုတယ်ပါ။ ဓာတ်ပေးလို့ကောင်းသလို coupon တော့ဝယ်ရတယ်။ ဝယ်ထားတဲ့ coupon နဲ့ hotel မှာကိုယ်ကြိုက်တာပြန်ဝယ်သောက်လို့ရတယ်။

၆။ နှစ်တစ်ရာ church ✝️✝️
ကလောမှာ အဆောဆုံးနှစ်တစ်ရာကျော်ပြီဖြစ်တဲ့ Roman Catholic Church ဖြစ်ပါတယ်။ Church ရဲ့အရှေ့ ဘယ်ဘက်နားလေးမှာ Marble နဲ့လုပ်ထားတဲ့ Fairy Statue လေးရှိပါတယ်။ အဆောကတော့ အဲဒီ Statue က Christian Cemetary မှာထားထားတာပါ။ ကလောမြို့ကိုတည်ခဲ့တဲ့ Officer ရဲ့အမျိုးသမီးရဲ့ သင်္ချိုင်းမှာထားထားတာပါ။ တနေ့ ကလောမြို့တည်ခဲ့တဲ့ Officer ရဲ့သင်္ချိုင်းပေါ်က Fairy Statue ကိုဖျက်စီးထားတာကို မကြာသေးမှီက ပျံလွန်သွားတဲ့ father peter ကသင်္ချိုင်းသန့်ရှင်းရေးလုပ်ဖို့သွားရင်း တွေ့တယ်။ Officer ရဲ့အမျိုးသမီး သင်္ချိုင်းပေါ်က Fairy Statue ကိုမဖျက်စီးပဲထားထားတာတွေ့လို့ father peter က Roman Catholic Church မှာ ယူလာပြီးသိမ်းထားပေးတယ်။

၇။ နှီးဘုရား
နှီးဘုရားဆိုတာကတော့ ကလောကနေပဲစခဲ့တာပါ။ နှစ် ၅၀၀ကျော်ပြီဖြစ်သလို နှီးဘုရားရဲ့ အစ လည်းဖြစ်တာကြောင့် လည်သင့်တဲ့နေရာ တစ်ခုပါ။

၈။ Kalaw café yard 🍽☕️🥂
နေရာအသစ်လေးပါ။ ဓာတ်ဖမ်းလို့အကောင်းဆုံးတွေထဲက တစ်နေရာပေါ့။

၉။ သိမ်တောင်ကျောင်း
ကလောမြို့လည်ကို သိမ်တောင်ဘုန်းကြီးကျောင်းကနေ အပေါ်စီးကနေ မြင်ရတယ်။

၁၀။ တောင်ကြားက မီးရထားလမ်းလေး 🛤🛤
Kalaw heritage hotel နဲ့ဆို သွားရတာနီးတယ်။ pinewood hotel ဘေးနားလေးမှာ

၁၁။ ကလောဈေး 🛒🛒
ကလောဈေးကတော့ ဒေသစာတွေနဲ့ လက်ဆောင်တွေဝယ်လို့ကောင်းတယ်။ မနက်ပိုင်းဆို ရှမ်းစာလေးတွေလည်း ဈေးသက်သက်သာသာနဲ့ စားလို့ရတယ်။

၁၂။ အိုးစည်တောင် ⛰🌄
တောင်ထိပ်ကနေ ရွာကိုမြင်နေရတဲ့ ရှုခင်းလေးက တော်တော်လှပါတယ်။ သွားကိုလည်သင့်တဲ့နေရာလေးပါ။

၁၃။ သဲတောင် (ဗျိုက်တောင်) ⛰🌄
အရင်ကတော့ သဲတွင်းလို့ခေါ်တာပေါ့။ နောက်တော့ (ရုပ်ရှင်မင်းသား ဗျိုက်) ကျော်ငြာရိုက်ပြီး ဗျိုက်တောင်လို့ အခေါ်များသွားတယ်။ ရှုခင်းအရမ်းလှတယ်။ ဆောင်းတွင်းဆို အဝါရောင် ပန်းနှမ်းခင်းတွေ ဖွေးနေတာပဲ။

၁၄။ မြင်းမထိဂူ
ဒီဂူက အဝင်ပေါက်နဲ့ အထွက်ပေါက် နှစ်ပေါက်ရှိတယ်။ အထွက်ထိ ၁၀ မိနစ် ၁၅ မိနစ်လောက်လျောက်ရတယ်။ ကလောမှာရှိတဲ့ ဂူတွေထဲက နာမည်ကြီးတဲ့ဂူတစ်ခုပါ။ ဗျိုက်တောင်ကျော်ပြီးရင်ရောက်ပါတယ်။

၁၅။ ကလော Trekking
ကလောက Foreigner တွေအတွက် Trekking လုပ်ဖို့အဓိကကျတဲ့မြို့လေးဖြစ်တာကြောင့် နာမည်ကြီးတာပါ။ ကလောရောက်ရင် Trekking လုပ်ရင် Calorie လည်း burn ရင်း ကလောရဲ့သိပ်ကောင်းတဲ့ ရာသီဥတုမှာလမ်းလျှောက်ပြီး သဘာဝထင်းရှူးတောနဲ့ တောတောင်အလှတွေကို ခံစားရင်း တိုင်းရင်းသားရွာလေးတွေကို အလည်အပါတ်သွားကြတာပါ။

KALAW ADVENTURE
Sai haq
09-973687587 (WhatsApp, Viber, Telegram)
09-796464868
www.kalawadventure.com
[email protected]






Address

Aung Chan Thar Street
Kalaw
06021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959973687587

Alerts

Be the first to know and let us send you an email when Kalaw Adventure - Trekking and Adventures posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalaw Adventure - Trekking and Adventures:

Share


Other Eco Tours in Kalaw

Show All