ကလောရောက်ရင် Sky House မှာ အကင်အဝစားခဲ့ပါ
ဂျင်းဝိုင် / မက်မန်းဝိုင် သောက်ခဲ့ပါ
🌲 Pine Dreams မှာ တည်းခဲ့ပါ
ကျမတို့ ချစ်ရတဲ့ အိမ်လေးမှာနေမယ်ဆို ၁၂ / ၁၆-၂၀ / ၂၃-၂၅
ရက်တွေနေလို့ရပါသေးတယ်ရှင် ကျန်ရက်တွေတော့ ပြည့်ပါပြီရှင်
ဆက်သွယ်ချင်တယ်ဆို 09983666365 သို့ Hello လိုက်ပါနော်
Pine Dreams သို့ အလည်တစ်ခေါက်
မနက်စာကို စိတ်ချမ်းမြေ့စွာ စားသုံးဖို့ဆို
မနက်စာကို ဘယ်လောက်ထိ Romantic ❤️ ဆန်ဆန်စားချင်ပါသလဲ??
ဖက်စရာလူရှိမှ ကလောကိုလာပါ 😝😝😝
ချစ်ရမဲ့သူရှိမှ Pine Dreams ကိုလာပါ 😜😜😜
မဟုတ်ရင် ဒီရာသီဥတု ဒီအငွေ့အသက်နဲ့ဆို လွမ်းဖျားလွမ်းနာ ကျသွားနိုင်လို့ပါ 🥲🥲🥲
FA တွေအတွက် မျက်ရည် နှစ်စက် 🤣🤣🤣
ချစ်ရတဲ့ ထင်းရှုးအိမ်မက် အိမ်လေးရဲ့အလှ
ကလောမြို့လေးဟာ သိပ်ကိုဆန်းကျယ်တယ် သဘာဝအတိုင်းပေါက်တဲ့ ပန်းပင်တွေကစလို့
အခုဝယ်လာတဲ့ ၁၅၀၀ ကျပ်သာ ပေးရတဲ့ မိသားစု နှင်းဆီပန်းလေးကတောင် ပျော်ရွှင်မှူ့ဆိုတဲ့ ခံစားချက်ကို ပေးနိုင်တယ်
ဒီတော့ ကျမချစ်တယ်….
ထင်းရှူးအိမ်မက် အိမ်လေးရဲ့ အိမ်တက်အလှူ
ရွာကကျောင်းတိုင်ဆရာတော်တွေကို နေ့ဆွမ်းကပ်ပြီးအင်းပြင် တစ်ခြမ်းလုံး ဒန်ပေါက် အဝစား အာဟာရဒါန ပြုခဲ့တယ်ဗျို့
အရမ်းပျော်ပြီး အမှတ်တရဖြစ်ခဲ့တဲ့ ခရီးစဉ်လေးဖြစ်တာမို့ ကျေနပ်ရပါတယ်ရှင်
Pine 🌲 Dreams ရဲ့ နေရာတိုင်းဟာ လွမ်းမောဖွယ် အပြည့်ဘဲ
လွမ်းတယ် …..
Pine 🌲 Dreams လေးဟာ တောင်စောင်းမှာ ရှိတဲ့အတွက် ကားလမ်းဟာ အတော့်ကို မတ်တဲ့အပြင်
ကိုယ်ဘာ့ကိုယ် ခင်းထားရတဲ့ ကိုယ်ပိုင်လမ်းလေးဖြစ်ပါတယ်
ပြီးတော့ ထိပ်တည့်တည့်မှာ ထင်းရှူးပင် နှစ်ပင်ရှိတဲ့အတွက် အပင်တွေကို သဘာဝအတိုင်း ထားချင်တာရင် (ထင်းရှူးပင်ခုတ်ရင် ပြသနာတက်နိုင်တာရောကြောင့်)
တံခါးပေါက်ကို ကားတစ်စီးစာ ဝင်လို့ရအောင် အနည်းစီစဉ်ထားရတာပါရှင် (အပေါ်ပြန်တက်ရင်လဲ ကားကြီးရင် Back Gear , ကားသေးရင်တော့ လှည့်ပြီး ပြန်ထွက်လို့ရပါတယ်)
ဒါ့ကြောင့် Car တစ်စီးထပ်ပိုပြီး ခြံထဲမှာ ရပ်ထားလို့ မရပါဖူးနော်
အိမ်ကိုလာပြီးမှ Car Packing အဆင်မပြေမဖြစ်အောင် Video လေးတွေကိုလဲ အမြင်အတိုင်း တင်ပေးထားပါတယ်ရှင်
ကျေးဇူးတင်ပါတယ်
Pine 🌲 Dreams ရဲ့ Car Packing လေးက ကားအသေးဆို ပြန်ကွေ့လို့ရပေမဲ့ အကြီးဆိုရင်တော့ Back Gear နဲ့ ပြန်ဆုတ်ရပါတယ်
ကလောက လမ်းအများစုကကျဉ်းပြီးသေးတော့ ကျမတို့ Pine 🌲 Dreams ကနေ ကိုယ်ထူကိုယ်ထလမ်းလေးခင်းပြီး ဧည့်သည်တွေ လာလို့အဆင်ပြေအောင် လမ်းခင်းထားပေးပါမယ်
Pine Dreams လေးဟာ တောင်စောင်းမှာ ရှိပြီး ထင်းရှူးပင်တွေရှိတာကြောင့် လမ်းကို အတက်နိုင်ဆုံး အပင်တွေ မထိအောင် သဘာဝ တရားတိုင်းရှိနေအောင် မနည်းလုပ်ရတာမို့ မြို့ပြကြီးတွေက လမ်းတွေလိုတော့ အဆင်ပြေနိုင်မှာ မဟုတ်ပါဖူးရှင်
ဒါ့ကြောင့် အချို့ ကားရပ်ဖို့ အဆင်ပြေလာမေးရင် ခြံထဲမှာ ကားထားဖို့အထိ အစအစအရာရာ အဆင်ပြေအောင်လုပ်ထားပေးပါတယ် ဒါပေမယ့် တောင်စောင်းလမ်းလေးမို့ ဂရုတစိုက်မောင်းဖို့ လိုတယ်ဆိုတာကို ဒီ Video လေးနဲ့ အတူ ပြောပြပေးလိုက်ပါတယ်ရှင်
သဘာဝနဲ့ ထိတွေ့ပြီး စိတ်ချမ်းသာရာ ရှာဖွေမယ်ဆိုရင် Pine 🌲 Dreams ကို သတိရပ
မနက်စောစော အေးစိမ့်စိမ့်နဲ့ မြူခိုးတွေကြား နေချင်တယ်ဆိုမှ Pine 🌲 Dreams ကို လာခဲ့ပါနော်
နွေးနွေးထွေးထွေးနေနော် ဒီဖက်မှာတော့ အေးနေတယ်
ဟိုဖက်ကရော လွမ်းရဲ့လား ??
မနက်စောစော အိပ်ရာနိုးတာနဲ့ ငှက်သံလေးတွေနဲ့တင် မနက်ခင်းက ပြည့်စုံနေပြီ
အပေါ်ထပ် တံခါးဖွင့်ပြီး အေးစိမ့်စိမ့်ရာသီဥတုကို မွေ့ယာပေါ်မှာ ကွေးပြီး ခံစားကြည့် တကယ်ဇိမ်ကျတယ်လို့
Pine 🌲 Dreams ကို လာမဲ့ Pineans များရှင့်
Pine Dreams Cottage လေးဟာ လောလောဆယ်တစ်လုံးသာ ငှါးရန် ရှိပြီး ဟိုးအနောက်က သေးသေးလေးက ၁၅ ရက်နေ့ နောက်ပိုင်းမှ စပြီး လက်ခံပေးလို့ရမှာဖြစ်ပါတယ်
လောလောဆယ် ခြံတစ်ခြံလုံးမှာ တစ်လုံးထဲဆောက်ထားတော့ အေးအေးဆေးဆေး နေချင်သူတွေအတွက် သူငယ်ချင်းတွေနဲ့ ဂစ်တာတီး သီချင်းဆိုရင်း Chill လုပ်လို့ရပါတယ်
အောက်မှာ ရွာလေးရှိတာမို့ တစ်ယောက်ထဲ လာမဲ့သူတွေအနေနဲ့ စိတ်မပူပါနဲ့နော် တစ်ခုခုဆို ရွာခံတွေက စောင့်ရှောက်ပေးမှာပါရှင်
တစ်ခုဘဲ Pine 🌲 Dreams ကို ရောက်ရင် ချစ်ရသူတို့ ဖုန်းကြီးဘဲမသုံးဘဲ သဘာဝတရားကြီးရဲ့ အလှတရားကိုတော့ သေချာလေးခံစားခဲ့ဖို့ သတိပေးလိုက်ပါရစေရှင်
ပျော်ရွှင်ဖွယ်ရာ အားလပ်ရပ်လေးဖြစ်ကြပါစေရှင်
ကလောကို သဘောကျတဲ့ တစ်ခုထဲမှာ ဘာပါလဲသိလား
မနက်စောစော ၆/၇ နာရီလောက် အပြင်သွားရင်တောင် မြူခိုးတွေက တောင်တွေရဲ့ ပတ်ပတ်လည်မှာ ဒီလိုမျိုးတွေရှိနေတာဘဲ
ကိုင်ဆုပ်လို့မရ ထိတွေ့လို့ မရပေမဲ့ ရှိနေတယ်ဆိုတာ သိရတယ် ဥပမာပြောရရင် မင်းကို ချစ်တဲ့ ကိုယ့်အချစ်တွေလို့ပေါ့ 😎
ညရောက်ရင် ဒီနေရာလေးမှာ ဝိုင်လေးသောက်ရင်း
ထင်းရှူးပင်ကို ဖြတ်တိုက်လာတဲ့လေကို တဝကြီးရှူရိုက်ကြည့်ပါ
ရီဝေဝေအရသာနဲ့အတူ သူငယ်ချင်းတွေနဲ့ ငယ်တုန်းက အကြောင်းတွေ ရည်းစားဟောင်းအကြောင်းတွေနဲဘဝအကြောင်း တိုင်ပင်ကြတဲ့အခါ ရင်ထဲမှာ ပျော်ရွှင်မှု့ ကြည်နူးမှု့ ပီတိကို ခံစားရမှာပါ
အပူပင်များတဲ့ လောကကြီးမှာ ချစ်ရတဲ့သူတွေနဲ့အတူ ခရီးသွားရတဲ့ အရသာကို Pine 🌲 Dreams မှာ အပြည့်အဝ ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်
Pine 🌲 Dreams ကို ဒီတစ်ခါ ကားနဲ့ သွားဖြစ်ခဲ့ပါတယ်ရှင်
ရန်ကုန်ကနေ မနက် ၆နာရီထွက်တာ Pine Dreams ကို နေ့လည် ၂:၃၀ မှာ ရောက်ပါတယ်
မှတ်ပုံတင်နဲ့ ဆေးထိုးလက်မှတ်ကတော့ မဖြစ်မနေ အရေးတကြီးလိုအပ်တာမို့ ခရီးသွားမယ်ဆို ယူကို ယူသွားရမဲ့ အရာပါနော်
တောတွေ တောင်တွေ တိမ်တွေက ဘဝရဲ့ သဘောကျရတဲ့ အရာတွေမို့ တစ်လ တစ်ကြိမ်မှ ကလောမသွားရရင် မနေနိုင်တာမို့ ဒီတစ်ခေါက်လဲ ရောက်ခဲ့ပြန်ပါပြီရှင်
11 လပိုင်းအတွက် Pine 🌲 Dreams မှာ Inquiry တွေ များတာကြောင့်
ရက်ရွေးပြီးရင် Deposit သွင်းထားဖို့ မေတ္တာရပ်ခံပါတယ်ရှင်
ရနံ့တွေနဲ့ စိတ်ချမ်းမြေ့ဖို့
သဘာဝတရားနဲ့ ထိတွေ့ဖို့
တောင်တန်းတွေ ထင်းရှူးပင်တွေနဲ့ နေဖို့ သဘောကျတယ်ဆိုရင် Hello လုပ်လိုက်ပါနော်
မနက်စောစော နှင်းတွေပိတ်ချိန် ❄️ ဖက်စရာ လူရှိမှ
ကလောကို လာခဲ့ပါ 😎
FA တွေ အတွက် မျက်ရည် နှစ်စက် 🥲
ညအိပ်ရင် ပိတ်ပြီး နွေးနွေးထွေးထွေး အိပ်မယ်
Chill လုပ်ချင်သေးတယ်ဆိုရင်တော့ အဲ့မှာ ထိုင်ပြီး ကြယ်ကြည့်ရင်း ဝိုင်သောက်ပေါ့
မနက်ရောက်ရင် တံခါးဖွင့်ပြီး ထင်းရှူးတောကြည့်ပြီး ထမင်းစားမယ်
Tiny Cabin လေးမှာ ဧည့်သည်ပြန်သွားတိုင်း အခင်းတွေ စောင်အစွပ်တွေကအစ အသစ်ပြန်လဲပေးပါတယ်ရှင်
အဓိကက မင်မင်တို့မှာ နေရာလေးသေးတော့ ပေးနိုင်တဲ့ Facilities တွေ နည်းတာမို့ အားနာရပါတယ်
ဒါပေမယ့် သဘာဝနဲ့ အနီးစပ်ဆုံးပေးဖို့တော့ အဆင်သင့်ရှိတာမို့ စိတ်ချမ်းသာရစေမှာပါ