Chez Thanda

Chez Thanda "Success is not final, failure is not fatal: it's the courage to continue that counts."

14/01/2025

မဂ်လာပါရှင်။

ဒီနှစ်မှာ ဆောင်းက ဇန်နဝါရီမှာ အအေးဆုံးလို့ ခံစားမိပါတယ်။

ကလောမြို့ထဲထက် Chez Thanda ခြံလေးက ပိုအေးတာမို့ အအေးအရမ်းကြိုက်တဲ့သူတွေအတွက် so cool 😇
အပူကြိုက်တဲ့ မင်မင့်အတွက်တော့ too cold ပေါ့ရှင် 🥲

ချယ်ရီတွေပွင့်တော့မှာမို့ လာလည်ဖြစ်တယ်ဆိုရင် အေးအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်လေး အနားယူအပန်းဖြေ တည်းခိုချင်တယ်ဆိုရင် page messenger ကနေ hi လိုက်တော့နော်။ ဖုန်းခေါ်မရရင် telegram လေးက 095190249 နော် 🩷

ရာသီဥတု အေး၂လေးမှာ မူကထလေး စားမလား။
မင်မင်တော့ အငွေ့တထောင်း၂ထနေတဲ့ မြေအိုး hotpot လေးနဲ့ အရမ်းကိုမှ ကျေနပ်နေမိ 😋😋😋

14/01/2025

အချစ်ရဆုံးလူသားတစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ ပူဆွေးသောကက ကျော်ဖြတ်ရအခက်ခဲဆုံး စိတ်ထိခိုက်မှုတစ်ခုပါ။ ​

စိတ်မိတ်ဆွေရဲ့ Client တစ်ဦးဖြစ်တဲ့ မအေးမွန်ရီ (အမည်လွဲ) က သူ့ဘဝရဲ့ အချစ်ရဆုံးလူကို ဆုံးရှုံးလိုက်ရတဲ့အခါ ဝမ်းနည်းပူဆွေးမှုတွေက တစ်စတစ်စပွားများလာပါတယ်။​

ဒီလိုခက်ခဲတဲ့ကာလကို နှစ်သိမ့်ဆွေးနွေးမှုခံယူခြင်းဖြင့် ဖြတ်သန်းခဲ့တာကြောင့် ဘဝကို ပြန်လည်တည်ဆောက်နိုင်ခဲ့တဲ့ မအေးမွန်ရီရဲ့ အတွေ့အကြုံက သက်သေပြနိုင်ခဲ့ပါတယ်။​​

​မအေးမွန်ရီရဲ့ဘဝထဲမှာ အကောင်းဆုံးအရာလို့ သတ်မှတ်ထားတဲ့ မိသားစုဝင်ရဲ့ ရုတ်တရက်သေဆုံးသွားမှုကြောင့် စိတ်ထိခိုက်မှုကို တော်တော်လေး ခံစားနေခဲ့ပါတယ်။ မိမိအတွက် ကောင်းကျိုးမဖြစ်စေတဲ့အတွေးတွေကိုပဲ တွေးနေခဲ့ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါပျက်ကွက်နေခဲ့တာပါ။ အခြားလူတွေနဲ့လည်း အဆက်အသွယ်ဖြတ်တောက်ခဲ့တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေနဲ့အတူ ပူဆွေးသောကကို တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်းနေခဲ့ပါတယ်။​​

​ပူဆွေးသောကကြောင့် မိမိကိုယ်တိုင်နဲ့ လောကကြီးကို အကောင်းမြင်စိတ်တွေ ပျောက်ဆုံးနေခဲ့တဲ့ မအေးမွန်ရီဟာ သူမရဲ့ မိတ်ဆွေတစ်ဉီးက အကြံပေးတာကြောင့် စိတ်မိတ်ဆွေရဲ့ Counsellor ဆီကို ရောက်ရှိလာခဲ့ပါတယ်။ ​

​မအေးမွန်ရီရဲ့ ပူဆွေးသောကရောက်မှု ဖြစ်စဉ်ကို အတူတူကျော်လွှားရင်း ကောင်းသောပြောင်းလဲမှုတစ်ခုဆီ ရောက်ရှိအောင် အဖော်မွန်အဖြစ် ရှိပေးခဲ့တဲ့ သူမရဲ့ Counsellor က မအေးမွန်ရီနဲ့တွေ့ဆုံမှုတိုင်းမှာ Mindfulness and Self-Compassion ဆိုတဲ့ လက်ရှိပစ္စုပ္ပန်တွင်နေထိုင်ခြင်း၊ မိမိကိုယ်ကို မေတ္တာထားခြင်းကို အဓိကထား လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ စိတ်ထိခိုက်မှုကြီးမားနေတဲ့အတွက် ဗျူဟာလေးတွေချမှတ်ပြီး ဖြည်းဖြည်းချင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းတိုးတက်လာအောင် မြှင့်တင်ပေးခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာလည်း ကုထုံးဆန်တဲ့လုံခြုံစိတ်ချရမှုကို သူမရဲ့ Counsellor က အပြည့်အဝဖန်တီးပေးခဲ့တာပါ။​​

​မအေးမွန်ရီရဲ့ နှစ်သိမ့်ဆွေးနွေးမှုခရီးစဉ် အဆင်ပြေအောင်မြင်သွားတဲ့အပေါ် ဒီခရီးစဉ်မှာ သူမနဲ့အတူ အစအဆုံး အတူတူရှိပေးခဲ့တဲ့ Counsellor က မအေးမွန်ရီရဲ့အတွေ့အကြုံဟာ အခြားသော ပူဆွေးသောကရောက်နေသူများကိုလည်း ခွန်အားတစ်စုံတစ်ရာ ရရှိစေနိုင်မယ်လို့လည်း ယုံကြည်လျက်ရှိပါတယ်။ တွေ့ဆုံချိန် တစ်ခုချင်းစီတိုင်းဟာ မအေးမွန်ရီရဲ့ Healing အတွက် ခြေလှမ်းတစ်လှမ်းစီ ရှေ့ဆက်မှုဖြစ်ခဲ့ပြီး ဘယ်လောက်ပြင်းထန်တဲ့နာကျင်မှုတွေရှိပါစေ ကူညီပံ့ပိုးမှုနဲ့ နားလည်ပေးမှုကတစ်ဆင့် နာကျင်မှုတွေကို လျော့ပါးသက်သွားစေနိုင်တယ်ဆိုတာ နှစ်သိမ့်ဆွေးနွေးခြင်းက အကောင်းဆုံးဉပမာတစ်ခုလို့လည်း ဆိုပါတယ်။ Healing is possible. (နာကျင်မှုတွေသက်သာလျော့ပါးခြင်းဟာ ဖြစ်နိုင်ပါတယ်) လို့လည်း စိတ်မိတ်ဆွေရဲ့ Counsellor ရဲ့ စာဖတ်နေသူများကို မှာကြားလိုက်ပါရစေ။​​

​ဒါဆို မအေးမွန်ရီ ( အမည်လွဲ ) လို ကိုယ့်ဘဝရဲ့ စိတ်ဒဏ်ရာတွေ သက်သာလျော့ပါးအောင် နားလည်ကျွမ်းကျင်သူတွေနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်ရင်း ကုစားချင်တယ်ဆိုရင်တော့ လုံခြုံစိတ်ချရတဲ့ နားလေးတစ်စုံ စိတ်မိတ်ဆွေက ဖြစ်ပေးပါရစေနော်။ ကျန်းမာပြီး ကောင်းမွန်ပျော်ရွှင်စရာကောင်းတဲ့ ဘဝမျိုးလေးရောက်ရှိအောင် ကူညီပံ့ပိုးပေးမှာမို့ အခုပဲ Consult လုပ်ဖို့ စိတ်မိတ်ဆွေကို ဆက်သွယ်လိုက်ပါ။❤️ ❤️ ​​

​​သင့်တည်နေရာနဲ့အနီးစပ်ဆုံး စင်တာက Counsellors တွေနဲ့အမြန်ဆုံးချိတ်ဆက်ပေးသွားမှာဖြစ်လို့ 09 8810 63030 ကိုခေါ်ယူပြီး စိတ်မိတ်ဆွေကို အခါကြီးပိတ်ရက်များမှအပ နေ့စဥ် မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အတွင်း ဆက်သွယ်စုံစမ်းအကူညီရယူနိုင်ပါပြီနော်။ ​​

#စိတ်မိတ်ဆွေ

မဂ်လာပါရှင်။နှစ်သစ်မှာ Trekking လေးထွက်ရင်း picnic လေးစားရင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှော...
10/01/2025

မဂ်လာပါရှင်။

နှစ်သစ်မှာ Trekking လေးထွက်ရင်း picnic လေးစားရင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်ကြရအောင် နော်။

Date : 13.01.2025
Time : 9 a.m to 3 p.m
Meeting point : Chez Thanda vacation home, Kalaw

Entrance Fees: free

Meals : own lunch box (coffee & green tea salad provided by the organiser)

Registration deadline: 12.1.25 (6 p.m) via page messenger or 095190249

Program Details:

Trekking လမ်းလျှောက်သွားလိုသူများ 8:45 အရောက် (၅ ဦးရှိလျှင်) စုရပ်သို့

Trekking motorcycle tour: မိမိ ဆိုင်ကယ်ဖြင့် 9:15 အရောက် စုရပ်သို့။

10 - 11:30 a.m : Mental health awareness seminar (စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အဖြာဖြာ ဟောပြောဆွေးနွေးပွဲ) by Counsellor Ma Thanda (Founder of ရင်ဖွင့်သံတို့ နားထောင်ရာ mental health centre)

11:30 - 13:00 p.m : Lunch break

13:00 - 15:00 p.m : individual consultation sessions

Remark: မနက်တစ်ပိုင်းပဲ join လို့ရသလို consultation sessions လေးတွေအတွက် ကြိုတင်စာရင်းပေးချင်လည်း ရပါတယ်နော်။

လူဦးရေ အရေအတွက် ကန့်သတ်ထားတာမို့ ကြိုတင်စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံအပ်ပါတယ် ရှင်။

မွှေးလည်းမွှေး လှလည်းလှတဲ့ ပန်းကလေးတွေအတွက် ကျေးဇူးအများကြီးတင်မိပါတယ် ရှင် 😍ပုံထဲက အိမ်လေးကတော့ Chez Thanda ရဲ့ lovebir...
01/01/2025

မွှေးလည်းမွှေး လှလည်းလှတဲ့ ပန်းကလေးတွေအတွက် ကျေးဇူးအများကြီးတင်မိပါတယ် ရှင် 😍

ပုံထဲက အိမ်လေးကတော့ Chez Thanda ရဲ့ lovebird mini bungalow လေးပါရှင့်။

၂၀၂၅ ပိတ်ရက်တွေအတွက် စုံစမ်းချင်ရင် 095190249 ကို hello လိုက်နော် 🩷

28,29 Dec 2024 ရက်နေ့များအတွက် ဧည့်သည် cancel ဖြစ်သွားလို့ ၂ ယောက်နေ mini bungalow လေး ရပါမယ်။ 095190249
27/12/2024

28,29 Dec 2024 ရက်နေ့များအတွက် ဧည့်သည် cancel ဖြစ်သွားလို့ ၂ ယောက်နေ mini bungalow လေး ရပါမယ်။

095190249

မဂ်လာပါရှင့်Chez Thanda ရဲ့ location လေးကတော့ ရပ်ကွက် ၉၊ ဆရာလေးကျောင်းအကျော်လေး၊  Kalaw cafeyard မရောက်ခင် ၂ ခြံ အလိုမှာ...
12/12/2024

မဂ်လာပါရှင့်

Chez Thanda ရဲ့ location လေးကတော့ ရပ်ကွက် ၉၊ ဆရာလေးကျောင်းအကျော်လေး၊ Kalaw cafeyard မရောက်ခင် ၂ ခြံ အလိုမှာ တည်ရှိပါတယ်ရှင့်။

အနီးအနားဝန်းကျင်မှာ ဘာလေးတွေ ရှိလဲ အမေးများတော့

🥰၂ ခြံကျော်မှာ View ရော landscaping ရော အလှမ်းလှ ဓါတ်ဖမ်းလို့ အရမ်းလှတဲ့ နာမည်ကြီး ေကာ်ဖီဆိုင် Kalaw cafeyard
🥰နှီးဘုရားကြီး ၃ မိနစ်
🥰ဝါးတဲစားသောက်ဆိုင်
🥰ပလောင်တောင် viewpoint လမ်းခွဲ ၁ မိနစ်
🥰မြို့မစျေး ၁၀ မိနစ်

အနီးဝန်းကျင်က ဟိုတယ်နဲ့ vacation home လေးတွေကတော့

🥰ဘေးခြံမှာတော့ Kalaw Living hub hotel
🥰မျက်စောင်းထိုးလေးမှာ Kalaw 225
🥰ထင်းရှူးပင်လေးတွေနဲ့ အုံ့ဆိုင်းနေတဲ့ လမ်းလေးအတိုင်း ဝင်သွားရင် Kalaw white cottage, paradise hill hotel
တို့အပြင် အခြား vacation home အသစ်လေးတွေလည်း ရှိပါသေးတယ်ရှင် 😍

အိုးဝေ သို့ ကားဆရာတို့ နေရာ မသိမှာစိုးရင် ဒီပို့စ်လေးကို screenshot ရိုက်ထားပြီး ပြလို့ ရပါတယ်နော်

မင်မင့်ကို request လုပ်ရင် ကား သို့ အိုးဝေ စီစဥ်ပေးပါတယ်နော် 😍

10/12/2024
ကလောမြို့လေးကို လာရောက်လည်ပတ်တဲ့အခါ အချိန်လေးရခဲ့ရင် နေ့ချင်းပြန်ခရီးလေးမှာ အင်းထဲသွားဖို့ trip plan ထဲမှာ ထည့်ဆွဲလို့ ရ...
10/12/2024

ကလောမြို့လေးကို လာရောက်လည်ပတ်တဲ့အခါ အချိန်လေးရခဲ့ရင် နေ့ချင်းပြန်ခရီးလေးမှာ အင်းထဲသွားဖို့ trip plan ထဲမှာ ထည့်ဆွဲလို့ ရပါတယ်နော်

ကြာပန်းလေးတွေရဲ့ မတူညီတဲ့ အလှ၊ အရောင်နဲ့ အနံ့လေးတွေကိုလည်း ခံစားရှုရှိုက်ကြည့်ပါနာ် 😍

မင်မင်အကြိုက်ဆုံး ကြာနံ့လေး … အရမ်းကို fresh ဖြစ်ပြီး soothing ဖြစ်စေတဲ့ my favourite lotus လေးက ပုံထဲက ခရမ်းရောင်လေးပါရှင်

မင်မင်တို့ ၂ ခြံကျော်က Kalaw cafeyard ရဲ့ တိမ်ပင်လယ်
10/12/2024

မင်မင်တို့ ၂ ခြံကျော်က Kalaw cafeyard ရဲ့ တိမ်ပင်လယ်

ဆောင်းမနက်ခင်း

မဂ်လာပါရှင့်ဧည့်သည်နဲ့ ပြောနေတုန်း Viber error လေး တက်သွားလို့ page messenger or telegram က ဆက်သွယ်ပေးပါရှင် 095190249
27/11/2024

မဂ်လာပါရှင့်

ဧည့်သည်နဲ့ ပြောနေတုန်း Viber error လေး တက်သွားလို့ page messenger or telegram က ဆက်သွယ်ပေးပါရှင်

095190249

ခြံထွက် organic ပါရှင် 🥰
16/11/2024

ခြံထွက် organic ပါရှင် 🥰

မဂ်လာပါရှင့်၁၄၊ ၁၅၊ ၁၆၊ ၁၇ ပိတ်ရက်ကြီးတွေအတွက် ၂ ယောက်နေ Love bird mini bungalow လေး ရပါဦးမယ်ရှင် တည ၈၀၀၀၀ ပါရှင့်Check ...
12/11/2024

မဂ်လာပါရှင့်

၁၄၊ ၁၅၊ ၁၆၊ ၁၇ ပိတ်ရက်ကြီးတွေအတွက် ၂ ယောက်နေ Love bird mini bungalow လေး ရပါဦးမယ်ရှင်

တည ၈၀၀၀၀ ပါရှင့်

Check in 2:00 p.m
Check out 11:00 a.m

တစ်ယောက်စာ အနေတော် အထောင်းလေးနဲ့ မုန့်တီပူပူလေးကို မိုးအေးအေးမှာ လွေးချင်ရင် > မှာ မြည်းကြည့်နော် ကာကာတို့ရေ 😋
09/11/2024

တစ်ယောက်စာ အနေတော် အထောင်းလေးနဲ့ မုန့်တီပူပူလေးကို မိုးအေးအေးမှာ လွေးချင်ရင် > မှာ မြည်းကြည့်နော် ကာကာတို့ရေ 😋

Chez Thanda ရဲ့ main bungalow လေးပါ။ မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့ တစုတဝေးတည်း စုအိပ်မယ်၊ စကားတွေ ပေါက်ပေါက်ဖောက်အေ...
09/11/2024

Chez Thanda ရဲ့ main bungalow လေးပါ။ မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့ တစုတဝေးတည်း စုအိပ်မယ်၊ စကားတွေ ပေါက်ပေါက်ဖောက်အောင် ပြောကြမယ်၊ game တွေ ထိုင်ဆော့ကြမယ်နော် 😉

Chez Thanda ရဲ့ lovebird mini bungalow လေးပါရှင်။ Check in : 2:00 p.mCheck out: 11:00 a.m
09/11/2024

Chez Thanda ရဲ့ lovebird mini bungalow လေးပါရှင်။

Check in : 2:00 p.m
Check out: 11:00 a.m

❤️မဂ်လာမနက်ခင်းပါ ချစ်ရတဲ့ကာကာတို့ရေ …❤️ မြူခိုးတွေ ဝေတဲ့ ကလောဆောင်းရာသီမှာ တန်ဆောင်တိုင်ပိတ်ရက်လေးအတွင်း လာရောက် လည်ပတ်...
22/10/2024

❤️မဂ်လာမနက်ခင်းပါ ချစ်ရတဲ့ကာကာတို့ရေ …

❤️ မြူခိုးတွေ ဝေတဲ့ ကလောဆောင်းရာသီမှာ တန်ဆောင်တိုင်ပိတ်ရက်လေးအတွင်း လာရောက် လည်ပတ်အနားယူဖို့ စိတ်ကူးနေကြပြီလားရှင် ❤️

💕မိသားစုနဲ့ လာမှာလား
💕သူငယ်ချင်းတွေနဲ့လား
💕 ဒါမှမဟုတ် ကိုယ်နဲ့ ကိုယ်လား

Family time လေးက အရေးကြီးသလို me time လေးကလည်း အရမ်းအရေးကြီးပါတယ်နော်…

ခဏတဖြုတ်ပဲဖြစ်ဖြစ် ထမ်းထားရတဲ့ တာဝန်တွေကို လွှတ်ချပြီး ကိုယ့်အတွက် me & me time လေး ယူဖို့ မမေ့ကြပါနဲ့နော် …

Me & me လာနားမယ့် single customers တွေအတွက် special rate (room only) 10% ရှိမယ်နော် 💕ကာကာတို့ကို နားစေချင်တဲ့ မင့်ရဲ့ စေတနာပါ … ဒု အကြိမ်၊ တတိယအကြိမ် ပြန်လာတဲ့ ကာကာတို့အတွက် 10%, 15 % ရှိတာမို့ ဒု အကြိမ် ပြန်လာတာလည်းဖြစ်မယ်၊ single customer လည်းဖြစ်မယ်ဆို 20% နော်ချစ်တို့ 💕

စားမယ်၊ နားမယ်၊ စိတ်ကိုဖြေလျော့မယ်၊ သဘာဝတရားကို အပြည့်အဝ ထိတွေ့ပွေ့ဖက်မယ်၊
relaxation techniques တွေ သင်ယူမယ်၊ ကိုယ့်ကိုကိုယ် reflection ပြန်လုပ်ချင်တယ်ဆိုတဲ့ ကာကာတို့အတွက် combined package လေးတွေလည်း ရှိမယ်နော်။ cb မှာ အသေးစိတ်လေး မေးပေးနော်။

မင်တို့ကလေ အစစအရာရာ စျေးတွေတက်နေတဲ့အချိန်မှာ တတ်နိုင်သလောက် rate မပြောင်းဘဲ တောင့်ခံနေတာမို့ ရှေ့လလာမယ့် ဧည့်သည်တော်များ လမကုန်ခင် booking လေးတွေ မြန်မြန်တင်ပေးနော်။ ထုံးစံအတိုင်း ပိတ်ရက်ကြီးတွေမှာ 100% non-refundable, ကျန်ရက်တွေ 50% deposit ဝင်ပြီဆို booking confirmation နော်။ ပိတ်ရက်ကြီးတွေမှာ early check in အခက်အခဲရှိနိုင်တယ်နော်၊ ကျန်ရက်တွေမှာ early check in ဝင်ချင်ရင် request တခါတည်း လုပ်ပေးနော်။ extra charges လည်း ထပ်မကောက်ပါဘူးနော်။ 💕

💕 ရှေ့လ 1 Nov 2024 ကစပြီး rate အပြောင်းအလဲလေးရှိမယ်နော် … လာမယ် စိတ်ကူးလေး ရှိနေရင် ခု တခါတည်း လမကုန်ခင် booking တင်ထားတော့နော်💕

ခုရက်ပိုင်း မင်မင့်ဆီ ဆက်သွယ်ချင်ရင် page messenger ကနေ hi ပေးနော် Or 095190249 telegram နော် 💕မင်မင် me time holidays သွားနေတာမို့ပါ။

မင်မင်
ခေတ္တ ဘန်ကောက်

❤️ သီတင်းကျွတ်ပွဲတော်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ ရှင် ❤️
17/10/2024

❤️ သီတင်းကျွတ်ပွဲတော်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ ရှင် ❤️

10.10.24 ရက်နေ့တွင် Chez Thanda သို့ ပေးပို့ လှူဒါန်းသော ၇ ရက် သားသမီးများနှင့် Chez Thanda မိသားစု ၏ စုပေါင်းအလှူ ကလောမ...
12/10/2024

10.10.24 ရက်နေ့တွင် Chez Thanda သို့ ပေးပို့ လှူဒါန်းသော ၇ ရက် သားသမီးများနှင့် Chez Thanda မိသားစု ၏ စုပေါင်းအလှူ

ကလောမြို့ ရေအေးကန်ဆိုတာ ကလောမြို့ တစ်မြို့လုံး နီးပါးကို ရေပေးဝေတဲ့ ကန်ပဲဖြစ်ပါတယ်။ ယခုအခါ ရေဘေးကြောင့် မြေပြိုပြီး ရေအေးကန်မှ နှီးဘုရားကြီးကို သွယ်ထားတဲ့ ရေပိုက် ၇၀၀ ကျော် အနက်မှ ၃၀၀ ခန့် ပျက်စီးသွားတဲ့အတွက် ပြန်လည် ပြင်ဆင်နိုင်ဖို့ ရေပိုက်အလှူရှင်တွေ လိုအပ်လျှက် ရှိပါတယ်။

နှီးဘုရားကြီးကနေ ရပ်ကွက် ၈၊ ရပ်ကွက် ၉ ကို တဆင့် ရေ ပြန်သွယ်ယူကြတာဖြစ်လို့ ရေ ပြတ်လပ်နေကြပါတယ်။

Chez Thanda မိသားစုကို ပေးပို့လှူဒါန်းပေးကြတဲ့ ၇ ရက် သားသမီး မိတ်ဆွေ သူငယ်ချင်းများ ရေလို အေးချမ်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သပါတယ်ရှင်။

Address

အမှတ် (၃၀၆)၊ ရေထွက်ဦးလမ်း၊ ၉ ရပ်ကွက်
Kalaw
06021

Telephone

+9595190249

Website

Alerts

Be the first to know and let us send you an email when Chez Thanda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share