Zaw Kalaw Trekking

Zaw Kalaw Trekking Offering 2 or 3days trek from Kalaw to Inlay lake and around Kalaw. Enjoy the beautiful views
(62)

 #တောင်ယာဝင်ချိန် ခုအချိန်ဟာမိုးဦးအစပျိုးချိန်ပေါ့မိုးဦးဝင်လာပြီမို့ တောင်တန်းတွေကလည်း မြက်ပင် ပေါင်းပင်တွေဖြင့် စိမ်း...
01/06/2024

#တောင်ယာဝင်ချိန်

ခုအချိန်ဟာ

မိုးဦးအစပျိုးချိန်ပေါ့

မိုးဦးဝင်လာပြီမို့
တောင်တန်းတွေကလည်း
မြက်ပင် ပေါင်းပင်တွေဖြင့် စိမ်းစိုရုံမက

စားလို့ရသမျှ သီးနှံ အပင်လေးတွေကလည်း
မြေပေါ်သို့ စပြီး ထွက်ပေါ်လာစပြုတဲ့ အချိန်ဖြစ်ပါတယ်။

ထိုအချိန်ဟာ
နွေရာသီအချိန်၌ ခံစားခဲ့ရသော
အပူဒဏ်တွေ ပျောက်ကွယ်သွားပြီး
အေးမြတဲ့ မိုးစက်လေးတွေ ကမ္ဘာမြေပေါ်သို့
ပက်ဖျန်းတဲ့တဲ့ အချိန်ဖြစ်လို့

နေလို့ အကောင်းဆုံးအချိန်လို့လည်း ပြောလို့ရပါတယ်။

တောင်သူတွေအတွက်တော့
အလုပ်အများဆုံး ရာသီပေါ့

မိုးဦးလေး တစ်ခါနှစ်ခါ လောက်ကျပြီဆိုတာနဲ့
ကျွန်တော်တို့လို တောင်ပေါ် တောင်တန်းတွေပေါ်မှာ

နေထိုင်ကြတဲ့ တောင်သူတွေအားလုံးဟာ

မုန်ညင်း သခွား ပြောင်ဖူး ငရုတ် ဂျင်း နနွင်း
ဗူး ဖရုံ စသည့်
သေးသေးမွှားမွှား အပင်မှာစလို့ အပင်ကြီးတွေအားလုံး

ဒီလို မိုးဦးမှာစိုက်ပျိိုး ကြပါတယ်

ဒီအချိန်ဟာ
တောင်သူတွေ မျှော်နေတဲ့မိုးဦးရသီ ဒါမှမဟုတ်
တောင်ရာဝင်ချိန်ပေါ့။





Portrait ပုံလေးတွေ သဘောကျသူတွေsolo portrait couple photoလေးတွေလည်း ရိုက်လို့ရပါပြီနော📷Zaw Min Htwe
27/05/2024

Portrait ပုံလေးတွေ သဘောကျသူတွေ

solo portrait
couple photoလေးတွေလည်း ရိုက်လို့ရပါပြီနော

📷Zaw Min Htwe

26/05/2024

ရှမ်းပြည်ဘက်မှာ သာ တွေ့ရတတ်တဲ့ မီးလုံးပွဲ

📷zawkalawtrekking


မိုး လူတိုင်း မျှော်နေကြတဲ့မိုးကျွန်တော်တို့ဆီမှာ မိုးစရွာလာပြီမိုးလေး တစ်ခေါက်နှစ်ခေါက်ရွာပြီးတာနဲ့ကိုစိမ်းစိုလှပနေပြီ📸...
16/05/2024

မိုး

လူတိုင်း မျှော်နေကြတဲ့မိုး

ကျွန်တော်တို့ဆီမှာ မိုးစရွာလာပြီ

မိုးလေး တစ်ခေါက်နှစ်ခေါက်ရွာပြီးတာနဲ့ကို
စိမ်းစိုလှပနေပြီ

📸Zaw Min Htwe

ကျွန်တော် ချစ်သော portrait ပုံလေးရိုက်ဖြစ်ခဲ့📷Zaw Min htwe
15/05/2024

ကျွန်တော် ချစ်သော
portrait ပုံလေးရိုက်ဖြစ်ခဲ့

📷Zaw Min htwe


ကျွန်တော်ချစ်သောပျော်ရွှင်တဲ့ ဘဝတစ်ခု တည်ဆောက်ဖို့မေတ္တာက အရေးအကြီးဆုံးလိုအပ်တယ်ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့သူတွေအတွက...
12/05/2024

ကျွန်တော်ချစ်သော

ပျော်ရွှင်တဲ့ ဘဝတစ်ခု တည်ဆောက်ဖို့
မေတ္တာက အရေးအကြီးဆုံးလိုအပ်တယ်

ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့သူတွေအတွက်
ဟန်ဆောင်ခြင်းကင်းတဲ့ မေတ္တာတွေ
အပြည့်အဝပေးနိုင်အောင် ကြိုးစားဖြစ်တယ်

📷Zaw min Htwe


မိုးကြိုးပန်းတွေနဲ့အတူအရမ်းလှနေတဲ့ မိုးကြိုပန်းခင်းထဲကိုပေါ့ချစ်ခြင်းမေတ္တာတွေထည့်လိုက်တော့ ပြည့်စုံခြင်းတွေ ဖြစ်ပေါ်လာစ...
11/05/2024

မိုးကြိုးပန်းတွေနဲ့အတူ

အရမ်းလှနေတဲ့ မိုးကြိုပန်းခင်းထဲကိုပေါ့
ချစ်ခြင်းမေတ္တာတွေထည့်လိုက်တော့
ပြည့်စုံခြင်းတွေ ဖြစ်ပေါ်လာစမြဲပါ

📸 Zaw Min Htwe


Rain Lily မိုးကြိုပန်းကျွန်တော်တို့ ဒေသမှာမိုးလေး တစ်သုတ် နှစ်သုတ် ကရွာပြီးပြီဆိုရင်တောင်ကုန်းလေးတွေပေါ်မှာ ပန်းရောင်ပန်...
08/05/2024

Rain Lily မိုးကြိုပန်း

ကျွန်တော်တို့ ဒေသမှာ
မိုးလေး တစ်သုတ် နှစ်သုတ် ကရွာပြီးပြီဆိုရင်

တောင်ကုန်းလေးတွေပေါ်မှာ ပန်းရောင်ပန်းလေးတွေ
ဖွေးနေအောင် တွေ့ရတတ်တယ်

မိုးကြိုပန်းလို့ခေါ်ကြတယ်

မိုးကြိုပန်တွေပွင့်တဲ့ အချိန်ဟာ
ပတ်ဝန်းကျင်တစ်ခုလုံးကို
အရမ်းကို လှပစေတယ်

ဒါပေမယ့်
အဲဒီမိုးကြိုပန်းတွေက
ရက်အနည်းငယ်သာ
ပွင့်ပြီး
ပြန်ပျောက်ကွယ်သွားကြတယ်

📸Zaw Min Htwe


ရှင်ပြုပွဲတုန်းက ရိုက်ခဲ့တာလေးတွေ📸 Zaw Min htwe
05/05/2024

ရှင်ပြုပွဲတုန်းက ရိုက်ခဲ့တာလေးတွေ

📸 Zaw Min htwe




ရှင်ပြုပွဲမှာ ရိုက်ခဲ့တာလေးပါ
04/05/2024

ရှင်ပြုပွဲမှာ ရိုက်ခဲ့တာလေးပါ




23/04/2024

Being in love with the nature

ခုလို အချိန်မှာကျွန်တော့်ရဲ့ ဝန်ဆောင်မှုကို တကူးတက လာရောက်အားပေး​ြကပါသောအစ်ကိုအစ်မတို့ကို ကျေးဇူး အထူးတင်ပါတယ်ဗျThank yo...
20/04/2024

ခုလို အချိန်မှာ

ကျွန်တော့်ရဲ့ ဝန်ဆောင်မှုကို
တကူးတက လာရောက်အားပေး​ြကပါသော
အစ်ကိုအစ်မတို့ကို
ကျေးဇူး အထူးတင်ပါတယ်ဗျ

Thank you very much for using our service in this difficult time.

စစ်မှန်တဲ့ ဖြူစင်ခြင်းတွေ ရှိရာအရပ်ဟန်ဆောင်ခြင်းတွေ လိမ်ညာခြင်းတွေပြည့်နက်နေတဲ့ လူလောကကြီးထဲမှာကျွန်တော်တို့တွေဟာ ပူလောင...
11/04/2024

စစ်မှန်တဲ့ ဖြူစင်ခြင်းတွေ ရှိရာအရပ်

ဟန်ဆောင်ခြင်းတွေ လိမ်ညာခြင်းတွေ
ပြည့်နက်နေတဲ့ လူလောကကြီးထဲမှာ

ကျွန်တော်တို့တွေဟာ ပူလောင်ခြင်းတွေနဲ့
ဘဝကို ရုန်းကန်နေကြရင်း

ရင်ထဲမှာလည်း အပူတွေအပြည့်နဲ့ပေါ့

ဒါပေမယ့်

စစ်မှန်တဲ့ ဖြူစင်ခြင်းတွေ ရှိတဲ့ ရပ်ဝန်းလေးတစ်ခုတော့
ကျွန်တော်တို့ ဆီမှာ ရှိနေကြစမြဲ

အဲဒါက ကလေးတွေရှိတဲ့ ရပ်ဝန်းပါပဲ


ရိုးရှင်းမှုဟာ ပြည့်စုံခြင်းပါပဲ📷Zaw Min Htwe
31/03/2024

ရိုးရှင်းမှုဟာ ပြည့်စုံခြင်းပါပဲ

📷Zaw Min Htwe



စိတ်၏ ငြိမ်းချမ်းရာအရပ်📷ZawMinHtwe
21/03/2024

စိတ်၏ ငြိမ်းချမ်းရာအရပ်

📷ZawMinHtwe

13/03/2024


#ဆင်တောင်

ဒါကတော့
ကလောမြို့ ပတ်ဝန်းကျင်မှာရှိတဲ့
တောင်တွေရဲ့ ဘုရင်
အမြင့်ဆုံးဖြစ်တဲ့ တောင်
ဆင်တောင်ပေါ်သို့ တက်ခဲ့တဲ့
ခရီးစဥ်လေးပဲ ဖြစ်ပါတယ်ဗျ။



 #တောင်ရိုးအမျိုးသားနေ့ #တောင်ရိုးဒီနေ့ကကျွန်တော်တို့ တောင်ရိုးတိုင်းရင်းသားတွေအထွတ်အထိပ်ထားတဲ့တောင်ရိုးအမျိုးသားနေ့ပေါ့...
12/03/2024

#တောင်ရိုးအမျိုးသားနေ့
#တောင်ရိုး

ဒီနေ့က
ကျွန်တော်တို့ တောင်ရိုးတိုင်းရင်းသားတွေ
အထွတ်အထိပ်ထားတဲ့
တောင်ရိုးအမျိုးသားနေ့ပေါ့

တောင်ရိုးလို့ ဘာလို့ခေါ်လဲဆိုတော့
တောင်တန်းတွေပေါ်မှာ ရိုးရိုးသားသားနဲ့
စည်းစည်းလုံးလုံး လုပ်ကိုင်းစားသောက်ကြတဲ့
တိုင်းရင်းသားလူမျိုးစု မို့
တောင်ရိုးလို့ ခေါ်ကြပါတယ်

တောင်ရိုးလူမျိုးဆိုတာ
ဟိုးအရင် ဘုရင့် ဘုရင်ခေတ်ကတည်းက
ဘုရင်မျိုးနွယ်က ဆင်းသက်လာတဲ့
မြင့်မြတ်လှတဲ့ မျိုးနွယ်စုလေးလည်း ဖြစ်ပါတယ်။

တောင်ရိုးလို့ အမည်မတွင်မှီ မချိန်က

ပုဂံဘုရင်က လက်ဆောင်တော်အဖြစ်ဆက်သခံခဲ့တဲ့

ရခိုင် ဘုရင်ရဲ့ အလွန်လှပတဲ့ သမီးတော်လေးလေးပေါ့
အလွန့်အလွန်ကို လှပင့်တယ်ခဲ့လို့လည်း
ပုဂံဘုရင့်ရဲ့ ညီတော်တောင်
ဘုရင့်ကို လုပ်ကြံသတ်ဖြတ်ပြီး မင်းသမီးလေးကို ထိန်မြားဖို့ ကြိုးစားခဲ့တာပေါ့

ထို့အချိန်
မင်းသမီးကလည်း
ဘုရင်နဲ့ လွယ်ထားတဲ့ ကိုယ်ဝန်ကိုရနေလေပြီ ဆိုတော့

ဘုရင့်ရဲ့ ညီတော်ကို လက်မထပ် ချင်တာကတကြောင်း
လက်ဆောင်တော်အဖြစ် ဆက်သခံရပြီးသောကြောင့်
ဖဘုရင် ရခိုင်ပြည်သို့ ပြန်ရန် အဆင်မပြေတာက တကြောင်း ကြောင့်

တောင်တစ်ကြော တောင်ကြားလမ်းမှ ချောင်ဖြူ အရပ် စသော ဒေသကနေ
ရှမ်းပြည်ဘက်သို့ ထွက်ပြေးလာပြီး

တောင်ပေါ်ဒေသ တောတောင်တွေကြားထဲမှာပဲ
သားတော်လေးကိုမွေးပြီး
တောင်တန်းတွေပေါ်မှာပဲ
ရိုးရိုးရှင်းရှင်း ဘဝကို တည်ဆောက်ရင်း
ကျွန်တော်တို့ရဲ့
တောင်ရိုးလူမျိုးရယ်လို့ ဖြစ်လာခဲ့တယ်လို့ ကြားဖူးဖတ်ဖူးခဲ့တယ်

မှတ်ချက်။ ။ ဗဟုသုတမျှဝေခြင်းသာဖြစ်၍
အကြောင်းအရာ အမှားပါလျှင် အမျိုးများ ထောက်ပြပေးကြပါခင်ဗျ

ချစ်သော
ဇော်မင်းထွေး




A visit to Kalaw area.Firstly, I wanna say her that thanks alot for visiting us and spending some days with our family.W...
12/03/2024

A visit to Kalaw area.

Firstly,
I wanna say her that thanks alot for visiting us and spending some days with our family.

We, my family are very happy to have a time with her.

We went for a visit to some special place in Kalaw, such as Kalaw local market and had some Shan traditional food.

And visited to some train stations.

Of course I sent her to special and beauyiful places arround our area.

Thank you very much my friend for visiting us.

ကြိုးစားရိုက်ခဲ့တာလေးတွေZawMinHtwe
09/03/2024

ကြိုးစားရိုက်ခဲ့တာလေးတွေ

ZawMinHtwe



09/03/2024

ဝေးဝေးသွားလို့မရအောင် အချစ်ရယ်
ဖက်ထားချင်တယ်
သိပ်ချစ်တာသူ သိပါကွယ်

📷Zaw Min Htwe


ခင်ဗျားတို့ ပြောတဲ့ဆယ်ကျော်သက်ဟုတ်တယ် ဆယ်ကျော်သက်ဆိုတာဘဝမှာ အလွတ်လပ်ဆုံး အပေါ့ပါးဆုံးအရွယ်📷ZawMinHtwe
07/03/2024

ခင်ဗျားတို့ ပြောတဲ့
ဆယ်ကျော်သက်

ဟုတ်တယ်
ဆယ်ကျော်သက်ဆိုတာ
ဘဝမှာ အလွတ်လပ်ဆုံး အပေါ့ပါးဆုံးအရွယ်

📷ZawMinHtwe



ဒီညနေ ကြိုးစား ရိုက်ထားတာလေးပါNo edit, original ပုံလေးပါSunset mode လေးပေါ့couple မှ ရိုက်လို့ရတာ မဟုတ်ပါဘူးနောတစ်ယောက်တ...
06/03/2024

ဒီညနေ ကြိုးစား ရိုက်ထားတာလေးပါ
No edit, original ပုံလေးပါ

Sunset mode လေးပေါ့

couple မှ ရိုက်လို့ရတာ မဟုတ်ပါဘူးနော

တစ်ယောက်တည်း ပေမယ့်လည်း

စိတ်ကြိုက် ရှယ် chillလို့ရပါတယ်လို့



 #ကျွန်တော်သိသောအချစ်အချစ်ဆိုတာ လူတိုင်းနဲ့ ရင်းနှီးတဲ့ အရာတစ်ခုပါအချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ပုံသေနည်း မရှိဘဲ ခ...
03/03/2024

#ကျွန်တော်သိသောအချစ်

အချစ်ဆိုတာ
လူတိုင်းနဲ့ ရင်းနှီးတဲ့ အရာတစ်ခုပါ

အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့
ပုံသေနည်း မရှိဘဲ
ချစ်တဲ့သူတွေရဲ့ တစ်ယောက်ချင်းစီပေါ်မူတည်ပြီး
အဓိပ္ပါယ်တွေ ကွာခြားကြပါတယ်။

တစ်ချို့ပြောကြတယ်
အချစ်က ရယူခြင်းတဲ့
တစ်ချို့ကတော့ ပေးဆပ်ခြင်းလို့ဆိုပြန်တယ်

တစ်ချို့ကြပြန်တော့
အချစ်ကစ ွန့်လွတ်ခြင်းလို့ပြောကြတယ်

ကျွန်တော်သိသော အချစ်ဆိုတာကတော့

ရေရှည်ခံတဲ့ အချစ် relationship တစ်ခုဖြစ်ဖို့ဆိုရင်

ကိုယ့်ဘက်က ပေးတဲ့ အချစ်ကလည်း
စစ်မှန်နေဖို့လိုပြီး
ကိုယ်ယူလိုက်တဲ့အချစ်ကိုလည်း ယုံကြည်နေဖို့လိုပါတယ်

အချစ်ဆိုတာ trust ယုံကြည်မှုကလည်း အရေးကြီးပါတယ်။
နောက်ပြီး ​ညှိယူရတဲ့အရာလည်းဖြစ်တယ်

ရိုးရှင်းပြီး ပွင့်လင်းရတဲ့အရာဖြစ်တယ်

နှစ်ဘက်စလုံးက
ယှဥ်ပြိုင်ချင်တဲ့စိတ်မထားဘဲ
အမြဲဦးစားပေးရတဲ့ အရာဖြစ်တယ်

သံယောဥ်က ခိုင်မြဲတယ်
မေတ္တာက အေးမြတယ်

ဒါပေမယ့်
အချစ်ဆိုတာ fragile ဖြစ်တယ်
ကွဲရှလွယ်တယ်
ပေါက်ကွဲလွယ်တယ်

အချစ်ကိုခိုင်မြဲချင်ရင်
အချစ်ကို မေတ္တာကော သံယောဇဥ်ကော ပေါင်းထည့်ထားဖို့လိုတယ်။



 #ငါးရက်တစ်စျေးဖြစ်ပေါ်လာပုံ #ကလောစျေး (သို့) ပလောစျေး(သို့) ငါးရက်တစ်စျေး(ဇော်ဘွားခေတ်က စတင်ခဲ့သောစျေး)ကလောမြို့ဆိုတာ သ...
02/03/2024

#ငါးရက်တစ်စျေးဖြစ်ပေါ်လာပုံ

#ကလောစျေး (သို့) ပလောစျေး(သို့)

ငါးရက်တစ်စျေး(ဇော်ဘွားခေတ်က စတင်ခဲ့သောစျေး)

ကလောမြို့ဆိုတာ
သိကြတဲ့အတိုင်း
ဟိုးအရင်ကတည်းက ခရီးသွားတွေနဲ့ အမြဲပြည့်နက်နေတဲ့
မြို့ငယ်လေး တစ်မြို့ပေါ့

အရမ်းကိုလှပပြီး သန့်ရှင်းသပ်ရပ်တဲ့ မြို့လို့
ပြောရင်လည်း အမှားပေဘူးပေါ့

ပြည်တွင်း ပြည်ပ ခရီးသည်နတွနဲ့
အမြဲစည်ကားနေတဲ့ ထိုမြို့လေးမှာ

စိတ်ဝင်စားစရာ လည်ပတ်စရာတွေများစွာထဲက

ကလောစျေး ခေါ် ပလောင်စျေးကလည်း
အရမ်းကို လည်ပတ်စရာကောင်းပြီး
စိတ်ဝင်စားစရာလည်း တကယ်ကို ကောင်းပါတယ်။

ကလောစျေး ခေါ် ပလောင်စျေးကဲ့ သို့
အခြားမြို့တွေမှာလည်း
အလားတူ စျေးတွေရှိကြပါတယ်

ထို ကလောမြို့ အနီးတဝိုက်ရှိ
ရွာ(သို့)မြို့ ငါးနေရာရှိ စျေးတွေကို
ငါးရက်တစ်ကြိမ် အလှည့်ကျ ဖွင့်လေ့ရှိပါတယ်

ဘာကြောင့်
အလှည့်ကျ ငါးရက်တစ်စျေး ဖြစ်နေရလဲ ဆိုရင်

ကျွန်တော် သိရသလောက်ပြောရရင်

ဟိုအရင် ဇော်ဘွားခေတ်တုန်းက
ရပ်တိုင်း ရွာတိုင်း မြို့တိုင်း
ဇော်ဘွားမင်းဆီသို့ အခွန်တော်အဖြစ် ရွာကထွက်တဲ့ အသီးအနှံများကို ဆက်သရသတဲ့

ထိုသို့ အခွန်​ေတာ် ဆက်သတဲ့အခါ
ရွာတိုင်းမြို့တိုင်းမှာရှိတဲ့ အိမ်တစ်အိမ်ချင်းစီက

ဇော်ဘွားမင်းရှိရာ အိမ်နန်းတော်အထိ သွားရောက် အခွန်တော်ဆက်သကြရတော့

ထိုအိမ်တော် အထိသွားကြရန်
အချို့သော ရွာတွေအတွက်
ဝေးလံဝန်းသဖြင့် အခွန်တော် အချိန်မှီ ဆက်သရန်
အခက်အခဲများစွာရှိနေကြသဖြင့်

ကလောဒေသ ​​တောင်ကြီးဒေသ ဖယ်ခုံဒေသ အင်းလေးဒေသ ပင်ဖြစ်ဒေသ အစရှိတဲ့
ဒေသအသီးသီးမှာ နေရာ အသီးသီး ချမှတ်ပြီး

ဆံုမှတ်အဖြစ် နေရာချထားသော
ရွာ သို့မဟုတ် မြို့သို့
ရွာအသီးသီးမှ ကိုယ်ပိုင် သီးနှံများ
သယ်လာကြပြီး ဆက်သရသတဲ့

ကလောပတ်ဝန်းကျင်တွင်

ကလော တီကျစ် အောင်ပန်း နန်းတိုင်း ဟဲဟိုး စတဲ့ ဒေသတွေမှာ ငါးရက်တကြိမ် အလှည့်ကျ
ထိုရွာပတ်ဝန်းကျင်ရှိ ရွာငယ်များမှ
ထိုဆုံမှတ်ဆီ အသီးအနှံ ဟင်းသီးဟင်းရွက်များကို
ဇော်ဘွားမင်းထံဆက်သကြရင်း

အသီးအနှံများ အခွန်တော်အပြင်
အပိုယူဆောင်လာကြ၍ ပစ္စည်းချင်း ဖလှယ် ကြရင်း
ဇော်ဘွားခေတ်ကုန်ဆုံးတဲ့ အချိန်
ယခုချိန်အထိ ပစ္စည်းဖလှယ်ရာ အချက်အခြာကျသောဒေသ အရောင်းအဝယ် ပြုလုပ်ရာ ​ဒေသ နေ့ရက် အဖြစ်
သတ်မှတ် သုံးစွဲနေကြခြင်းဖြစ်ပါတယ်

#မှတ်ချက် ဗဟုသုတမျှဝေခြင်းဖြစ်၍အမှားပါလျှင် သို့မဟုတ် လိုအပ်တာရှိလျှင် တောင်းပန်အပ်ပါသည်)



Myin Daik Library #မြင်းဒိုက်စာကြည့်တိုက်ကျွန်တော့်ရဲ့ ဧည့်သည်တစ်ယောက်ရှမ်းပြည်ဘက်ကို အလည်လာတော့သူ့ကို ကလောမြို့တွင်းရယ်...
01/03/2024

Myin Daik Library
#မြင်းဒိုက်စာကြည့်တိုက်

ကျွန်တော့်ရဲ့ ဧည့်သည်တစ်ယောက်
ရှမ်းပြည်ဘက်ကို အလည်လာတော့

သူ့ကို ကလောမြို့တွင်းရယ်
မြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့
ရွာတွေ ရှုခင်းလှတဲ့ နေရာ တောင်တန်းတွေကို
လိုက်ပြရင်း

ဟိုး အရင် 2008-2009 လောက်က
ကျွန်တော်တက်ခဲ့တဲ့ အလယ်တန်းကျောင်း နံဘေးက
ရထားတွေ စျေးသည်တွေနဲ့ အမြဲပြည့်နေတဲ့
ဒေသတစ်ခုရဲ့ ပင်မစျေးလို့တောင်ပြောလို့ရတဲ့
မြင်းဒိုက် ဘူတာကို ရောက်ခဲ့ကြတယ်။

ဟိုအရင်
ကျွန်တော် ကျောင်းတက်နေတဲ့ အချိန်တုန်းကဆို
ထိုဘူတာလေးဟာ ဘေးပတ်ဝန်းကျင်ရွာတွေက
လာကြတဲ့ အရောင်းသည် စျေးသည်တွေ
ရထားစောင့်နေကြတဲ့ ခရီးသည်တွေ
ထိုဘူတာတွင် ဖွင့်ထားကြတဲ့
စျေးဆိုင် မုန့်ဆိုင်တွေကလည်း ရေတွက် လို့ မကုန်နိုင်အောင် များပြားလှတယ်

ယခု
ကျွန်တော်တို့ရောက်သွားတော့
ဟိုအရင်ကလို မဟုတ်
လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရယ်
စျေးဆိုင်လေး နှစ်ဆိုင် သုံးဆိုင်လောက်ရယ်ပဲ ကျန်တော့တယ်။

ထို့ လက်ဖက်ရည်ဆိုင်လေးထဲကို
ကျွန်တော်တို့ လက်ဖက်ရည်သောက်ဖို့ သွားတော့

ဆိုင်ရဲ့ အဝင်ဝလေးမှာ
တန်းစီစိုက်ထားတဲ့ သစ်ခွလေးတွေ
Sedum ပင်လေးတွေ
ပန်းပင်ငယ်လေးတွေ စိုက်ထားပုံလေးက
ရိုးရိုးရှင်းရှင်းလေးနဲ့
ကုန်ကျစရိုက် သိပ်မလိုတဲ့ ပုံစံလေးတွေစိုက်ပျိုးထားတဲ့
Garden သေးသေးလေးက ရင်ကိုအေးမြစေတယ်။

ဆိုင်ထဲကိုရောက်သွားတော့

သပ်သပ်ရပ်ရပ် စီထားတဲ့
စာအုပ်လေးတွနဲ့ စာအုပ်စင်ကိုတွေ့လို့
စိတ်ဝင်စားတာနဲ့ မေးကြည့်တော့
စာကြည့်တိုက်လေးဖွင့်ထားတာတဲ့

အဲကတည်းက
စာအုပ်ချစ်တတ်တဲ့ ကျွန်တော့်အဖို့
လေးစားနေမိတယ်။

စာအုပ်လေးတွေကို အခမဲ့ ငှားပေးတယ်တဲ့
သင်သင်ကျောင်းက ဖြတ်သွားတဲ့
ကျောင်းသားလေးတွေ လာငှားကြတယ်

တစ်ချို့ တွေက
လက်ဖက်ရည်လေးသောက်ရင်း လာဖတ်ကြတယ်တဲ့

ခုလိုချိန် ဖုန်းတွေ laptop တွေနဲ့ပဲ အချိန်ကုန်နေကြတဲ့ ခေတ်ကြီးမှာ

ခုလို စာဖတ်ဖို့ ကြိုးစားပေးနေတဲ့ သူတွေရယ်
စာအုပ်တွေ စိတ်ဝင်တစာ ငှားရမ်း ဖတ်နေကြတဲ့ ဒေသတွေတွေ့နေသေးတော့

တကယ်ကို ရင်ထဲက ပျော်မိနေတယ်




📷Zaw Min Htwe

ဆယ်စုနှစ် တစ်ခုလောက်ထိ လုပ်ခဲ့တဲ့ အလုပ်ကိုအသက်ပြန်သွင်းခြင်းပေါ့အရင်လိုသာ ခရီးသွားတွေ များစွာ ရှိနေသေးရင်
25/02/2024

ဆယ်စုနှစ် တစ်ခုလောက်ထိ လုပ်ခဲ့တဲ့ အလုပ်ကို
အသက်ပြန်သွင်းခြင်းပေါ့

အရင်လိုသာ ခရီးသွားတွေ များစွာ ရှိနေသေးရင်

convocation အတွက် ဘွဲ့ဓာတ်ပုံလေး ရိုက်ဖြစ်တယ်တို့ ဘာတို့ပေါ့
20/02/2024

convocation အတွက်
ဘွဲ့ဓာတ်ပုံလေး ရိုက်ဖြစ်တယ်တို့ ဘာတို့ပေါ့



မီးမီး Eva လေး တဖြည်းဖြည်းနဲ့ ပြောင်းလဲ ကြီးပြင်းလာပြီ
19/02/2024

မီးမီး Eva လေး
တဖြည်းဖြည်းနဲ့
ပြောင်းလဲ ကြီးပြင်းလာပြီ

You, yourself,as much as anybody in the entire universe, deserve your love and affection.
19/02/2024

You, yourself,
as much as anybody in the entire universe, deserve your love and affection.

Address

Kalaw, South Of Shan State
Kalaw

Alerts

Be the first to know and let us send you an email when Zaw Kalaw Trekking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw Kalaw Trekking:

Videos

Share

Category