Grand Moby Travel & Tours

Grand Moby Travel & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Grand Moby Travel & Tours, Tour Agency, No. 378, Bonsonpat Street, Bayintnaung Qtr, Kawthaung.
(50)

24/11/2024

⛵️Banana Boat စီးတယ်ဆိုတာ စွန့်စားမှုတခုပဲ…
🚤ရှေ့က Speed နဲ့ဆွဲသွားတဲ့အရှိန်ကို နောက်မှာစီးလိုက်တဲသူတွေက ပြုတ်မကျအောင်ကိုင်ထားထိန်းထားရတာ…
🤗အခုလိုရေပြင်ကျယ်ကြီးမှာ စီးရတဲ့အရသာက ဘာနဲ့မှမတူဘူး….
🐳ညောင်ဦးဖီးကျွန်းရောက်ရင် Banana Boat စီးကြမယ်…’ 🚤🚤

Music Creater- Niel Keon






#ကော့သောင်းကျွန်းခရီးစဉ်

24/11/2024

ကျွန်တော်တို့တွေ စားသောက်ဆိုင်တွေရောက်ပြီဆို အမြဲလိုလိုမှာစားဖြစ်တဲ့ ရေခူသုတ်ဆိုတာဒီအကောင်ကနေရတာပါဗျ…

တချို့ကရေခူသုတ်ကိုသာ စားနေကြတာ အကောင်ကိုမမြင်ဖူးကြဘူး…

(Jellyfish)လို့ခေါ်တဲ့ ဒီရေခူအကောင်ထိမိရင်
အနည်းငယ်ယားပါတယ်ဗျ…

နောက်ထပ်ရေခူတမျိုးရှိပါသေးတယ်…မီးခူလို့ခေါ်တဲ့ ရေခူထိမိရင်တော့ အားပါးပါးဓါတ်လိုက်သလိုခံစားရပြီး တော်တော်နဲ့ မပျောက်ဘူး…နောက်ကြုံရင် မီးခူကိုရိုက်ပြပေးပါမယ်ဗျ…






#ကော့သောင်းကျွန်းခရီးစဉ်

23/11/2024

Virgin Islands (အပျိုစင်အတိုင်းကျန်ရှိနေသေးတဲ့ Mergui Archipelago)

နိုင်ငံတကာမှ Yachts တွေ Cruise နှင့် Diving Boat တွေက ကျွန်တော်တို့ မြိတ်ကျွန်းစုက ကျွန်းတွေဆီ အရမ်းဝင်ရောက်လည်ပတ်ချင်ကြတယ်ဗျ…

ဘာဖြစ်လို့လည်းဆိုတော့ Virgin Island လို့တင်စားပြီး အပျိုစင်အတိုင်းမပျက်စီးသေးပဲ သဘာဝအတိုင်းကျန်ရှိနေသေးလို့ပါပဲဗျ…

ဒီနှစ်တော့ လှေတွေအနည်းအကျဉ်းတော့ပြန်ဝင်လာပါတယ်… အရင်လိုတော့မများဘူး….🥲🥲🥲

Music Creater-Niel Keon






#ကော့သောင်းကျွန်းခရီးစဉ်

23/11/2024

🐳Luxury Vibe & Adventure Vibe ကိုတနေရာထဲမှာခံစားလို့ရမယ် Awei-Pila Island….
ရေပြန်ကျချိန်မှဒီရေတောထဲဝင်တော့ မနည်းကိုလှော်ဝင်ရတယ်…
ရေကတော့ အရမ်းကြည်နေတာပဲ…

တည်နေရာ-Pila Island






#ကော့သောင်းကျွန်းခရီးစဉ်

22/11/2024

မော်ကင်းလူမျိုးများနေထိုင်ရာ ဂျာအုံးရွာ….
SeaGypsy လို့နာမည်သိပ်ကြီးတဲ့ ပင်လယ်ပျော် မော်ကင်း(ခေါ်) ဆလုံလူးများနေထိုင်ရာ ဂျာအုံးရွာရှေ့မှာတွေ့ခဲ့ရတဲ့ ရေကြည်ငါးအုပ်စုလေးပါ…🐟🐟

တည်နေရာ-Pila Island






#ကော့သောင်းကျွန်းခရီးစဉ်

22/11/2024

မိကျောင်းတွေရေထဲမှာမနေပဲ သစ်ပင်ပေါ်တတ်
အိပ်နေတာ အခုမှမြင်ဖူးတယ်….🐊🐊
မိဝေး အိပ်ပျော်နေလိုက်တာများ…..🐊🐊






#ကော့သောင်းကျွန်းခရီးစဉ်

21/11/2024

ဆံပင်ရှည်ရှည်နဲ့ Rocker ကြီးဖြဲချက် ညောင်ဦးဖီးကျွန်းမှာ တယောက်ထဲလာပြီးကဲသွားတာ…

Diving လုပ်တယ်၊Snorkeling လုပ်တယ်၊Jet ski စီးတယ် စကီလေးတော့ပါမလာဘူး..😁😁

Rocker ကြီးကဘယ်သူလဲသိလား…?
သိရင် မန့်ခဲ့ပါ..🤗🤗






#ကော့သောင်းကျွန်းခရီးစဉ်

20/11/2024

🌿ရိုးရှင်းသော သဘာဝအလှတရားများက တန်ဖိုးမ

ဖြတ်နိုင်တဲ့ဘဝရဲ့ အမှတ်တရ နေ့စွဲတစ်ခုမလား?

🌵ကမ္ဘာ မြေကြီးရဲ့ရေ၊မြေ၊တော၊တောင် သဘာဝအလှ

တရားတွေက နေရာတိုင်းမှာအပြည့်ရှိနေတာမို့ ရင်ခုန်

စိတ်လုပ်ရှားမိမှာအမှန်ပါပဲ…💖






#ကော့သောင်းကျွန်းခရီးစဉ်

20/11/2024

Discover Scuba Diving(DSD)

Diving လည်းလုပ်ချင်တယ် တခါမှလည်းမလုပ်ဖူးဘူး…အတွေ့အကြုံလည်းမရှိဘူးဆိုရင်တော့ ဒီ Video လေးကိုဆုံးအောင်ကြည့်ပြီးတော့စိတ်ချယုံကြည်စွာလုပ်လိုက်ပါ…

လူကြီးမင်းတို့အတွက် အရမ်းစိတ်လှုပ်ရှား
စရာကောင်းတဲ့ ရေအောက်ကမ္ဘာလေးဆီကို ရောက်အောင်ခေါ်ဆောင်သွားမယ့်ကျွမ်းကျင် Dive Master များရှိတယ်…🤿🪸🐟

ညောင်ဦးဖီးကျွန်းကိုလည်းရောက်ဖူးချင်တယ် လက်တွေ့ကျကျ ရေအောက်ကမ္ဘာကိုလည်းကြည့်ရှုလေ့လည်ချင်တယ်ဆိုရင်တော့…….
အခုပဲဆက်သွယ်လိုက်ပါဗျ….🐟🪸🤿






#ကော့သောင်းကျွန်းခရီးစဉ်

17/11/2024

ကဲ…..ဒီမှာတွေ့ကြပြီပေါ့😂

ရောက်လာတာက ကျွန်းခရီးစဉ်

သွားချင်နေတာက တောင်ပြုံး

ဒီတော့…ကျွန်းနဲ့တောင်ပြုံး ရောသွားကြတဲ့အခါ မြူးကြပူးကြတော့တာပေါ့😂






#ကော့သောင်းကျွန်းခရီးစဉ်

16/11/2024

အံ့ဩစရာတွေနဲ့ပြည့်နှပ်နေတဲ့ရေအောက်ကမ္ဘာ….

လွန်ခဲ့တဲ့ ၃ လကျော်လောက်က ကျွန်တော်ပို့စ်တခုတင်ခဲ့သေးတယ်…

Parrotfish လို့ခေါ်တဲ့ ကြက်တူရွေးငါးလေး…
ရေအောက်ကျောက်ဂူထဲမှာညှပ်နေတာပိတ်မိပြီးထွက်လို့မရတော့ဘူးဆိုတဲ့အကြောင်းလေးပေါ့၊

ဟုတ်တယ်ဗျ …တကယ်ပဲထွက်လို့မရတာဗျ…ဒီနေ့တွေ့ရတော့ ကိုယ့်ကိုကိုယ့်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်..

’အဲဒီငါးလေးကို Tay ပြီထင်နေခဲ့တာ ပြီးခဲ့တဲ့အခေါက်တွေက ရောက်တိုင်းသတိတရနဲ့ကြည့်ဖြစ်ခဲ့တယ်

ဒါပေမယ့်ရာသီဥတုကဆိုး၊လှိုင်းကြီးပြီး ရေတွေနောက်နေတော့ မမြင်ရဘူး…

ဒီနေ့တော့ရေကလည်းအရမ်းကြည်တာနဲ့ သူကိုပဲအရင်ပြေးကြည့်မိတယ်..

သနားစရာဗျာ အခုထိသူ မtayသေးဘူးထွက်လို့လည်းမရသေးဘူး..ကျွန်တော်လည်းရသလောက်
ထပ်ကြိုးစားပြီးကယ်ခဲ့သေးတယ်မရဘူး…

ကျွန်တော့ရဲ့ လက်ပါကွဲထွက်သွားတယ် သူကြောက်ပြီးတော့ ဆွဲခါလှိုက်တာ လက်ညိုးထိသွားတယ်…နောက်တခေါက် ရအောင်ကယ်မယ်ဗျာ…

ကျွန်တော်ကတိပေးတယ်..’အရင် ၃ လကျော်က တင်ထားတဲ့ Link လေးလည်းချထားပေးပါတယ်…ပြန်ကြည့်လို့ရအောင်ပါ…

🥲https://fb.watch/vUeRiCs50F/?






#ကော့သောင်းကျွန်းခရီးစဉ်

14/11/2024

ဒီနေ့ရေအောက်စိုက်ခင်လေးရှိရာဆီသို့ ရောက်အောင်သွားဖြစ်ခဲ့တယ်….🪸🪸🪸

တည်နေရာ- ညောင်ဦးဖီးကျွန်း






#ကော့သောင်းကျွန်းခရီးစဉ်

#ညောင်ဦးဖီးကျွန်းခရီးစဉ်

14/11/2024

2016 Tours စဖွင့်ထဲက ကိုယ်ကကြီးသူများကိုရိုက်ပေးလာရတာ ကိုယ့်ကိုပြန်ရိုက်ပေးမယ့်သူမရှိဘူး…😁
ဘယ်ရမလည်းဒီနေ့ကိုယ့်ကိုကိုယ် ပြန်ရိုက်ပလိုက်တယ်…😁😁😁

တည်နေရာ-ညောင်ဦးဖီးကျွန်း(Madam Beach)






#ကော့သောင်းကျွန်းခရီးစဉ်

#ညောင်ဦးဖီးကျွန်းခရီးစဉ်

13/11/2024

🐳ဒီနေ့ညောင်ဦးဖီးကျွန်းမှာ ရေအောက်
ကုသိုလ်လေးတခုလုပ်ဖြစ်ခဲ့တယ်…
🪸သဘာဝကိုချစ်မြတ်နိုးပါ၊ထိန်သိမ်းစောက်ရှောက်ကာကွယ်ကြပါ…🪸🪸






#ကော့သောင်းကျွန်းခရီးစဉ်

#ညောင်ဦးဖီးကျွန်းခရီးစဉ်

13/11/2024

ညောင်ဦးဖီးကျွန်းရဲ့အလှ…🏝️

12/11/2024

🏝️ညောင်ဦးဖီးရဲ့ ညို့ဓါတ်လေးက ပြင်းလွန်းတယ်ကွယ်….

🌊ရေလှိုင်းသံတွေနဲ့ ပင်လယ်ပြင်ကတိုက်ခပ်လာတဲ့

လေလှိုင်းတွေရဲ့သံစဉ်ကြားမှာ စီးမျှော ခံစားသွားခဲ့တဲ့

ကောင်မလေး….🥰🥰

:No copyright infringement intended.We do not own the right to the music.All rights reserved to the original owner.






#ကော့သောင်းကျွန်းခရီးစဉ်

11/11/2024

ဝပေမယ့်လှနေသောအခါ…..အများအမြင်မှာ ဝနေပေမယ့် ကျွန်တော်ရင်မှာ ချစ်စရာမင်းသမီးလေးပါ….

ဘယ်သူတွေဘယ်လိုပဲပြောပြော….ကျွန်တော့်အတွက်ကတော့ သူမဟာ စင်ဒရဲလားပါပဲ…”






#ကော့သောင်းကျွန်းခရီးစဉ်

#ညောင်ဦးဖီးကျွန်းခရီးစဉ်

09/11/2024

ဂျပန်တွေ နှစ်နှစ်ခြိုက်ခြိုက် Sashimi လုပ်စားနေတဲ့ Lionfish ကို အခုမှမြင်ဘူးတွေ့ဘူးတဲ့ တောသားလေးကျွန်တော်…🐠🐠🐠






#ကော့သောင်းကျွန်းခရီးစဉ်

#ညောင်ဦးဖီးကျွန်းခရီးစဉ်

Address

No. 378, Bonsonpat Street, Bayintnaung Qtr
Kawthaung

Telephone

+959422207160

Website

Alerts

Be the first to know and let us send you an email when Grand Moby Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grand Moby Travel & Tours:

Videos

Share

Category

Nearby travel agencies


Other Tour Agencies in Kawthaung

Show All