Vitamin Sea Ngwe Saung
Vitamin Sea Ngwe Saung We are a new developing low budget destination stay.We run three bungalow type rooms.6pm to 6am electricity giving time per day.Walk 8minutes to the beach.
(18)
We are a new developing low budget destination stay in Ngwe Saung beach, Myanmar. We run three bungalow type rooms.
12 hours electricity giving time per day that is 6 pm to 6 am. Walk 8minutes to the beach. It's behind the Ngwe Saung Myo Ma main road, Ngwe Saung souvenir shops ,famous restaurants, Bars and Hotels. All bungalows have bath room attach. Cozy and clean private single bungalow for 150
00kyats. Please call +959 960 839 039 / +959 7756 21659
email: [email protected]
web: www.vitaminseangwesaung.com for more information.
15/03/2018
၂ ယောက်အိပ်ဘန်ဂလိုတစ်လုံး ၁၅၀၀၀ ကျပ်။
extra bed တစ်ယောက်လျင် ၅၀၀၀ ကျပ်။
မှတ်ချက်။ အစိုးရရုံးပိတ်ရက်များမပါဝင်ပါ။
ဆက်သွယ်ရန်။
Email: [email protected]
ကျေးဇူးတင်ပါတယ်။
Official Unicode
🙏 မင်္ဂလာပါ 🌴🌊ငွေဆောင်ကမ်းခြေရဲ့ အလှအပတွေကို တဝကြီး
ရှုစားပီး ကမ်းခြေမှာ ပျော်ပျော်ပါးပါးရေကစားဖို့အတွက်
Vitamin Sea Beach House မှာစရိတ်သက်သာစွာနဲ့လာရောက်တည်း
ခိုဖို့တွက် ဖိတ်ခေါ်ပါတယ် ပျော်ရွှင်မူတွေအများကြီး
ရပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ် 🙏😊
ဆက်သွယ်ရန်။
စံပယ်လမ်း၊အမှတ် (၂) ရပ်ကွက်၊ငွေဆောင်ကမ်းခြေ၊ငွေဆောင်မြို့။
Phone- 09 960 839 039 , 09 7756 21659
Email: [email protected]
Website: www.vitaminseangwesaung.com
04/01/2018
Vitaminsea Beach House မှ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ကိုကြိုဆို ဂုဏ်ပြုအပ်ပါတယ်။
25/12/2017
Wishing you a wonderful Christmas filled with happiness and fun.
Thank you
Vitaminsea Beach House
18/12/2017
Happy Kayin New Year !!!
(၂၇၅၇)ခုနှစ်​ ကရင်​နှစ်​သစ်​ကူးကိုကြိုဆို ​ဂုဏ်​ပြုပါတယ်။
နှစ်သစ်မှာ ​လွတ်လပ် ငြိမ်းချမ်း ပျော်ရွှင်ချမ်း​မြေ့ကြပါ​စေ လို့ Vitaminsea မှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။
14/12/2017
အသွားလမ်းပေါ်မှာလည်း၂၄နာရီဖွင့်တဲ Thazin Sport Bar လည်းရှိပါတယ်။အေးဆေးထိုင်လို့ကောင်းပါတယ်။ငွေဆောင်ကနာမည်ကြီးစားသောက်ဆိုင်အခွဲပါ။
နာမည်ကြီးကျွန်းတွေကို စက်လှေနဲ့သွားမယ်ဆိုရင်လည်း သဇင်ရွာမှလည်းထွက်လို့ရပါတယ်။
ကျေးဇူးတင်ပါတယ်။
အရင်ပို့စ်အဟောင်းလေးကိုupdate ဓါတ်ပုံလေးတွေနဲ့တွဲတင်ပေးလိုက်ပါတယ်။
လိုအပ်လိုငွေဆောင်မှာ စရိတ်သက်သာစွာနဲ့သန့်ရှင်းတဲ့လုံးချင်းဘန်ဂလိုလေးတွေမှာတည်းချင်ရင်လည်း Vitaminsea Beach House လေးကိုသတိရပေးပါခင်ဗျ။
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
Email- [email protected]
UNICODE:
ငွေဆောင် အနီးတစ်ဝိုက်လည်စရာ သဇင်ရွာလေး အကြောင်းပြောချင်ပါတယ်။
ငွေဆောင်ကနေဆို ၂ မိုင်လောက်ပဲဝေးပါတယ်။
ဟိုတယ် BOB ဘက်ကိုကျော်ပြီး ငွေဆောင် မြောက်ဘက်ကားနဲ့ဆို 15မိနစ်လောက်မောင်းရတဲ့ နေရာလေးမှာရှိပါတယ်.. ကမ်းခြေ ရွာလေးပါ...
ရွာပေမယ့် အေးချမ်းပြီး လူနေမှုအဆင့်အတန်းကတော့ သာပါတယ်..ချစ်စရာကောင်းတဲ့တံငါရွာလေးလည်းဖြစ်ပါတယ်။
အုန်းပင်များနဲ့ပြည့်နေတဲ့ရွာလေးလည်းဖြစ်ပါတယ်။ အလွန်တရာသာယာလှပါတယ်။ လမ်းအပြည့် ကွန်ကရစ်ဆိုတော့ လမ်းမဆိုးပါဘူး..လမ်းတလျောက်ရွာကိုမဝင်ပဲ.မင်းလမ်းကနေလည်းမြွေကျွန်းကိုသွားလို့ရပါတယ်။လမ်းကတော့မြေသားလမ်းလေးပါ။ Advantureလိုတောင်ကုန်း အဆင်းတက်လေးတွေနဲ့ သွားရတာစိတ်ဝင် စားဖို့ကောင်းပါတယ်။
Virgin Beach လိုပုံစံမျိုး နဲ့သဘာဝတိုင်း လှပါတယ်.. လည်ပတ်စရာတွေကတော့ ဘုရားသုံးဆူ၊ ရွာအဝင် သဇင်ဘုရား၊ နာမည်ကြီးမြွေကျွန်း နဲ့ ဘုရားကမ်းခြေမှာရှိပါတယ်။ကျောက်ဆောင်တွေနဲ့ ဓါတ်ပုံရိုက်ရတာအလွန်သဘာဝကျပြီး လှပပါတယ်။ချောင်းသာက ဟိုတယ်အဆောက်အဦးလေးတွေကို လှမ်းမြင်နိုင်ပါတယ်။
လည်ပတ်ပြီး စားမယ် ခဏနားမယ်ဆိုရင် Seafan ဆိုတဲ့ ပင်လယ်စာစားသောက်ဆိုင်လေး ရှိပါတယ် မြွေကျွန်းနားမှာပဲ ။အစားသောက်လေးတွေလတ်ဆတ်ပြီး အရသာအလွန်ရှိပါတယ်။
ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေလည်း သဇင်ရွာ လှေဆိပ်ဘက် ရွာထဲဘက်တွေမှာရပါတယ်။
နာမည်ကြီးကျွန်းတွေကို စက်လှေနဲ့သွားမယ်ဆိုရင်လည်း သဇင်ရွာမှထွက်ခွာတာဖြစ်ပါတယ်။
သဇင်ရွာအဆုံးကနေ လှေဆိပ်ကူးတို့ကူး ဆိုက်ကယ်နဲ့ဆက်ပြီးသွားရင် ချောင်းသာကိုလည်းသွားလည် လို့ရပါတယ်။ချာင်းသာကို သွားရင် မိနစ် ၄၀ လောက်ပဲ ကြာပါတယ်။ချောင်း၃ကိုဖြတ်ပီး သွားရပါမယ်။
ကျေးဇူးတင်ပါတယ်။
10/12/2017
ငွေဆောင်ရောက်လို့နီးနီးနားနားပဲသွားလည်မယ်လိုစိတ်ကူးထားရင်တော့ ချစ်သူများကျွန်းကိုသွားလည်ဖို့တိုက်တွန်းပါရစေ။
ငွေဆောင်ရောက်လို့ စရိတ်သက်သက်သာနဲ့သန့်သန့်ရှင်းရှင်းမှာတည်းခိုမယ်ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ Vitaminsea Beach House ကိုဆက်သွယ်ပေးပါခင်ဗျ။
ဖုန်း ။ ၀၉၄၂၂၄၄၄၅၇၃ ၊ ၀၉၄၅၃၄၄၁၂၆၂
ဒီတခါတော့ ငွေဆောင် ကမ်းခြေနှင့် ဟိုတယ်တွေနဲ့အနီးဆုံး ဟိုတယ်ဇုန် ၁ နှင့် ၂ ကြားက ဘူးကွဲကျွန်း ခေါ် "ချစ်သူများကျွန်း" ကိုသွားဖို့ တိုက်တွန်းပရစေခင်ဗျ။
ငွေဆောင်ကမ်းခြေဆိုတာနှင့်ချစ်သူများကျွန်း ကိုပါတစ်ပါတည်းတွဲမြင်ရလောက်အောင် သာယာလှပါတယ်။ ပြည်တွင်းပြည်ပ ဧည့်သည်တွေ ကြားနာမည်ကြီးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
ချစ်သူများကျွန်းကတော့ ငွေဆောင်ကမ်းခြေနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး ရေတက်ချိန်မှာ ရေပြင်အနည်းငယ်ခြားပါတယ်။ကျွန်းပေါ်အရောက် လှေနဲ့သွားနိုင်သလို ရေကျချိန်ညနေများမှာတော့ရေစပ်စပ်သဲသစ်သောင် သစ်ပေါ်ကနေလမ်းလျှောက်သွားလို့ရတယ်။
ချစ်သူများကျွန်း သို့ ကား၊ဆိုင်ကယ်များနှင့် သွားလာနိုင်ပြီး ငွေဆောင် မြို့ မှတောင်ဘက် ဟိုတယ် ACE ရှေ့တွင်ရှိပါတယ်။ ငွေဆောင်
မြို့ထဲကသွားရင် ကြာချိန်ကတော့ ၁၀ မိနစ်လောက်ပဲရှိပါတယ်။
ကမ်းခြေတလျောက် လေညင်းခံ ရင်း ပင်လယ်ပြင်ကြီးကိုကြည့်ပြီးလမ်းလျောက်လာလို့ ရတယ်ခင်ဗျ။
ချစ်သူများကျွန်း လမ်းထဲကိုဝင်လိုက်ပြီဆို အမှတ်တရပစ္စည်းဆိုင်များ၊စားသောက်ဆိုင်များနှင့်စီကား နေပါတယ်။
ချစ်သူများကျွန်းကမ်းခြေကိုရောက်တာနှင့် သောင်ပြင် သဲဖြူဖြူလေးတွေပေါ်မှာ ဈေးဆိုင်လေးများအတန်းလိုက်ဖွင့်ထားတာက တစ်မျိုးချစ်စရာကောင်းပြီးလှလို့နေပြန်ပါတယ်။
ပင်လယ်ရေကျချိန် ဆိုရင်တော့ သဲတန်းတစ်ခုက သဘာဝအလျှောက်ဖြစ်ပေါ်လာပြီး၊ အဲဒီသဲတန်းကလေးက ပေါင်းကူးတံတားလို ဖြစ်ကာ လမ်းလျှောက်သွားလို့ရပါတယ်။ ဒူးဆစ်လောက်ရေကို ဖြတ်သန်းနေစဉ် ဓာတ်ပုံရိုက်လိုက်လို့ကတော့ ဘေးပတ်ပတ်လည်မှာပင်လယ်ပြင်ကြီးပဲ ရှိတာမို့ ရင်ခုန် ပျော်ရွှင်ဖို့ကောင်းပြီး အမိုက်စားဓါတ်ပုံတွေရိုက်နိုင်ပါတယ်။
ကျွန်းနားရောက်ပြီဆိုတာနဲ့ ကျောက်ဆောင်တွေ၊ရေသူမရုပ်ထု၊ ပင်လယ်ရှုခင်း၊ငွေဆောင် ဟိုတယ် ရှုခင်းတွေနဲ့အတူ ဓါတ်ပုံရိုက်နိုင်ပါတယ်။
ကျွန်းပေါ်သို့တက်ရန်လည်း အတက်ကွန်ကရစ်လမ်းကလေးလုပ်ပေးထားပါတယ်။ ဘုရားဆင်းတုတော်တစ်ဆူလည်းကျွန်းတွင်တည်ထားကိုးကွယ်ထားပါတယ်။ ကျွန်းပေါ်တွင်သဘာဝအတိုင်းထားရှိပြီးသဘာဝ နွယ် တွေပေါ်မှာတက်ထိုင်ပြီး ဒန်းစီးရင်း ငွေဆောင်ကမ်းခြေကြီးကို အပေါ်စီးကကြည့်ရတာ အလွန်တရာလှပပါတယ်။
တစ်ခုမှာကြားလိုတာကတော့ ကျွန်းဘက်ရောက်နေတဲ့အချိန်မှာ ရေတက်ချိန် အမှီကမ်းဘက်ပြန်လာဖို့တော့လိုပါတယ်။
ချစ်သူများကျွန်းလို့နာမည်ရတာကတော့ အဲဒီကျွန်းကိုရောက် ဖူးတဲ့စုံတွဲတွေဟာ ဖူးစာဆုံးပြီးညားတတ်လို့တဲ့။တကယ်မှာတော့ ချစ်သူစုံတွဲဟာ ရေကျချိန်ကျွန်းပေါ်အလည်သွားရင်းနဲ့ ရေတက်လာလို့ အချိန်မီပြန်မကူးရဲတော့လို့ ညားသွားတာလို့လည်း နောက်ပြောင်ပြောစမှတ်ရှိတယ်။တကယ်တော့ကျွန်းအမည်မှာ ဘူးကွဲကျွန်းသာဖြစ်ပါတယ်။
ကျွန်းပေါ်မှာနေရင်းဓါတ်ပုံရိုက် ရှုခင်းတွေ တဝကြီးခံစားပြီးရင်တော့ အပြန်ကျွန်းကြီးအောက်မှာရှိတဲ့ ငါးကင်၊ပုဇွန် အကင်သည်တွေရဲ့လတ်လတ်ဆတ်ဆတ်အကင်လေးတွေ စားမလား၊ကျွန်းရှေ့နားသော သဲသောင်ပြင်ပေါ်က စားသောက် ဆိုင်လေးတွေမှားနားရင်း စားရင်းအမောဖြေနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်.....
Credit: Photo and source original uploader
30/11/2017
Vitaminsea ရဲ့Budget ဘန်ဂလိုမှာစရိတ်သက်သာစွာဖြင့်တည်းခိုနိုင်ပြီဆိုတော့ ငွေဆောင်တဝိုက်ကုန်ချင်သလောက်ကုန်အကြိုက်ဒိုးလို့ရပြီပေါ့ 👍
www.facebook.com/boattravel.mm/posts/368510850261880
ငွေဆောင်ကမ်းခြေရောက်ပြီး Hotel ထဲအိပ်နေကြမှာလားဗျ?
Sea Experience လဲရမယ် ။ အလန်းဆုံးကျွန်းတွေပေါ်မှာ
ဓာတ်ပုံရိုက်မယ် ။ ငါးမျှားချင်တဲ့သူတွေကြည်တောက်နေတဲ့ရေ
ပြင်ပေါ်မှာငါးမျှားကြမယ် ။ ရေငုတ်ချင်သူရေစိမ်ချင်သူတွေအ
တွက်မျက်မှန်လေးတွေအသင့် ၊ Life Jacket လေးတွေအသင့်။
Beer ကြိုက်သူ Beer သောက် ၊ အစားကြိုက်သူအစားစား ။
ကဲတကယ့်ငွေဆောင်ကမ်းခြေအနီးကအလှဆုံးကျွန်းတွေကိုကျွန်
တော်တို့အဖွဲ့မှခင်မင်ရင်းနှီးစွာဧည့်သည်တော်တို့စိတ်ကြိုက်လိုက်
ပို့မှာဗျ 😀😀😀
တစ်ခေါက်တစ်ခါအရောက်လာပြီးတော့ Hotel ထဲအိပ်လိုက်
ကမ်းခြေဆင်းလိုက်လုပ်မနေပဲကျွန်တော်တို့နဲ့အတူငွေဆောင်
ကမ်းခြေအလှအပများကိုပင်လယ်ထဲလှေကြီးစီးရွက်လွှင့်ကာ
လိုက်ကြည့်ဖို့ဖိတ်ခေါ်အပ်ပါတယ် ။
ကဲအပျော်တွေအတွက်ခရီးစဉ် Plan ကိုဆက်ဖက်ကြည့်ပေးဦး
🤣👇👇👇👇👇👇👇👇👇👇👇👇👇🤣
👉 မနက်စောစောနေထွက်ချိန်ပင်လယ်မှာလှေကြီးစီးဓာတ်ပုံ
ရိုက်ကြမယ် ။ လှေစီးချိန် အသွား 1:30 ခန့်ကြာပါမည် ။
👉 ဘယ်ကိုဦးတည်သွားမှာလဲဆိုတော့သဘာဝအလှတို့တည်ရှိ
ရာကျွန်းလျှားရှည်ကိုပေါ့ဗျာ ။ အဲ့မှာကျနော်တို့ကျွန်းရဲ့အလှဆုံးနေ
ရာတွေမှာရေကူး ၊ ရေငုတ် ဓာတ်ပုံရိုက်ကြမယ်ဗျာ ။ အချိန်က 1
နာရီပါ ။
👉 ရေငုတ်ချင်တဲ့သူတွေအတွက်ရေငုတ်မျက်မှန်လေးတွေ
လှေပေါ်မှာအသင့်ပါတယ် ။ Water Proof Action
Camera လေးတွေယူလာရင်အရမ်းကောင်းတဲ့အစီစဉ်ဗျာ ။
ရေအောက်မှာသန္တာကျောက်တန်းအလှအပြင်ငါးလှလှလေး
ဒွေလဲရှိသဗျို့ ။
👉 ရေကူး ၊ ရေငုတ်လို့ဝပြီလားဗျ ။ နေ့လည် 11:30 ဝန်းကျင်
မှာငှက်ကျွန်းရောက်မယ်ဗျာ ။ ငှက်ကျွန်းရောက်ရင်နေ့လည်စာ
စားကြမယ် ၊ သောက်တတ်တဲ့သူတွေသောက်ကြမယ် ၊ ရေထက်
ကူးမယ် ၊ ရေငုတ်မယ် ၊ ကျွန်းအလှတွေကိုခံစားမယ် ၊ ဓာတ်ပုံ
တွေရိုက်ကြမယ်ဗျာ ။ ကဲဘာလိုသေးလဲ?
အဲ့ဗျာလိုသေးတဲ့ပျော်စရာတွေရှိသေးတယ် ။
👉 Trekking လုပ်ချင်တဲ့သူတွေအတွက်အပေါ်ရောက်တာနဲ့အံမခန်းအလှတွေရှိတဲ့မြင်ကွင်းတွေစောင့်နေတဲ့ပေ ၅၀၀ အမြင့်
ရှိတဲ့စခန်းတောင်ပေါ်တတ် Wide View Photo တွေရိုက်ကြ
မယ် ။
👉 ငါးမျှားစိတ်ဝင်စားတဲ့မိတ်ဆွေတွေလားမပူပါနဲ့လှေပေါ်မှာ
အကောင်းစားငါမျှားတံတွေအသင့်ရှိဒယ်ဗျာ ။
ရိုးသား၊ကျွမ်းကျင်မှုအပြည့်ဖြင့်ရွာခံလှေဆရာမျာ၊းလှေအကူများ
ဖြင့်လုံခြုံစိတ်ချစွာပင်လယ်ပြင်ခရီးစဉ်ကြီးတစ်ခုကိုကျွန်တော်တို့
ဘက်မှမိတ်ဆွေတို့လိုအပ်ချက်အပေါ်မူတည်ပြီးပျော်ရွှင်ဖွယ်ခရီး
စဉ်များကိုလဲသီးသန့်စီစဉ်ပေးနေပါတယ်ဗျာ 😎 အဲ့တော့လူစု
လာမဲ့သူတွေအတွက် Budget အလိုက် Party Plan တွေလဲ
လုပ်ပေးတယ်နော် ။
ကဲ ပင်လယ်ပြင်ပေါ်မှာ Party ပေးမလား ?
ရေထဲမှာ Party ပေးမလား ?
ကျွန်းပေါ်မှာ Party ပေးမလား ?
ကဲကဲ ပုံမှန်ခရီးစဉ် (Party Plan မပါ) အတွက်တစ်ဦးတစ်
ယောက်ကိုမှ 25000 Kyats တည်းပါဗျာ ။ လှေစီးချိန်အသွား
အပြန် ၃နာရီ တင်တန်နေပြီနော် 😎 လှေပေါ်မှာ Facility အ
ပြည့်ပါသေး 🤓
Promotion အနေဖြင့် သူငယ်ချင်းငါးယောက်စုသွားရင်
တစ်ဦးအခမဲ့ထက်ပေးမှာပါနော် 😱😱😱😱😱
လှေအစီးရေ ၊ ရာသီဥတု Safe ဖြစ်ချိန်တို့တွက်ချက်ရမည့်အ
တွက်အနည်းဆုံး 3 ရက်ကြိုတင် Booking တင်ပေးရပါမယ်
ခင်ဗျာ ။ Booking တင်ချင်တဲ့သူများ ၊ Customize Party
Plan များထည့်သွင်းချင်သူများအနေဖြင့် Chat Box သို့မဟုတ်
ဖုန်း
09425026724
09964400838 သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ။
24/11/2017
အားလပ်ရက်တွေမှာVitaminsea Beach House ငွေဆောင်မှာအနားယူရင်း ငွေဆောင်ကမ်းခြေ တောင်ဘက်က ဆင်မတံငါရွာလေးကို သွားရောက်လေ့လာနိုင်ပါတယ်။
Vitaminsea Beach House Ngwesaung
ဖုန်း ။ ၀၉၄၂၂၄၄၄၅၇၃ ၊ ၀၉၄၅၃၄၄၁၂၆၂
Email- [email protected]
ကျေးဇူးတင်ပါတယ်.....။
UNICODE:
ဒီတခေါက်တော့ ငွေဆောင်တောင်ဘက်ဆင်မတံငါရွာလေး Sinma Village ကိုသွားလည် ဖို့အကြံပေးလိုပါတယ်။
ငွေဆောင်ကနေဆို ၅ မိုင်အကွာမှာရှိပြီး ဆိုက်ကယ်နဲ့သွားမယ် ဆို ရင်တစ်နာရီလောက်ပဲ ကြာမှာဖြစ်ပါတယ်။ ကားလမ်းကတော့နွေရာသီဆိုအဆင်ပြေပြီး 4x4wd ကားတွေနဲ့ဆိုပိုသင့်တော်ပါတယ်။ ကားနဲ့ဆိုရင်တော့လမ်းအနေထားအရ ၄၅ မိနစ်ခန့်သွားရပါတယ် ဖြေးဖြေးမောင်းရင်းလမ်းတလျောက်ရှုခင်းတွေကြည့်နိုင်ပါတယ်။
ကမ်းခြေ ရွာလေးပါ... ရွာလို့ဆိုပေမယ့် လူနေမှုအဆင့်အတန်းကတော့ သာပါတယ်..ငါးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါတယ်။
ငွေဆောင်ရောက်ရင် နိုင်ငံခြားသားဧည့်သည်တွေကြား နာမည်ကြီးပြီးစိတ်ဝင်တစားသွားရောက်လည်ပတ်တဲ့ရွာလည်းဖြစ်ပါတယ်။
ဆင်မ ရွာကိုသွားရာလမ်းတစ်လျောက် ဆိုက်ကယ်နဲ့ ရေကျချိန်သွားရင် ကမ်းခြေသောင်ပြင်ပေါ်ဆိုက်ကယ်မောင်းပြီးသွားရတဲ့ခံစားမှုမျိုး၊လှေပေါ်ဆိုက်ကယ်တင်ပြီးချောင်းတဖက်ကမ်းကိုကူးရတာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး လမ်းတလျောက်ရှုခင်းတွေက အလွန်စိတ်ကြည်နူးဖွယ်ကောင်းလှပါတယ်။
ကမ်းခြေလမ်းတလျောက် ဟိုတယ်ဇုန်များကျော်လျင် ကမ်းစွဲပိုက် ငါး ဖမ်းခြင်းကို ပွင့်လင်းရာသီများတွင် ရွာဓလေ့တိုင်းလုပ်ကိုင်နေတာကိုချစ်စဖွယ်မြင်တွေ့နိုင်ပါတယ်။
ရေတက်ချိန်သွားမယ်ဆိုရင်တော့ ငွေဆောင် ဆင်မလမ်းတလျောက်ရွာများကို သဘာဝအတိုင်း ချစ်စဖွယ် မြင်တွေ့နိုင်ပါတယ်။
ဆင်မရွာ ရောက်ပြီဆိုတာနှင့် ရွာအဝင် တောင်ကုန်းကုန်းလေးပေါ်ကဘုရားကို ဝင် ရောက်နိုင်ပါတယ်။ ဘုရားတောင်ပေါ်မှာ ရှုခင်း များအလွန်တရာလှပပြီး ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းကို ကြည့်ရှုနိုင်ပါတယ်။ ဓါတ်ပုံဝါသနာရှင်များ ဆယ်ဖီသမားတွေအကြိုက်တွေ့နိုင်ပါတယ်။
ဆင်မကမ်းခြေတလျောက် အလွန်သာယာလှပပြီး တကယ် ကို virgin Beach ပါ။ ဆင်မကျွန်းကိုလည်း စက်လှေနှင့်သွားရောက်နိုင်ပါတယ်။
ဆင်မရွာရောက်ပြီး ဆင်မချောင်းလေးကို လှေလေးနဲ့ကူပြီးဆက်သွာမယ် ဆိုရင်တော့ ကျွန်းဘုံဒို ခေါ် လိပ်ကျွန်းကို သဘာဝတိုင်မြင်တွေ့နိုင်ပါတယ်။ ရေကျချိန်ဆိုရင်တော့ ကျွန်းကိုလမ်းလျောက်သွားနိုင်ပြီး ရေတက်ရင်တော့ ခါးလယ်လောက်ရှိပါတယ်။
အနီးနားပတ်ဝန်းကျင် ကမ်းခြေမှာအလွန်လှပပြီး ကျောက်လှည်းဘီးရာများကို ကျောက်ဆောင်တွေနဲ့အတူ မြင်တွေ့နိုင်ပါတယ်။တကယ့်သဘာဝအလှတွေကိုခံစားရမှာပါ။
အပြန်မှာတော့ လက်ဆောင် ဒေသထွက် ပုဇွန်ခြောက်၊ငါးနီတူခြောက်တို့ ကိုဝယ်ယူနိုင်ပါတယ်။
စားဖို့သောက်ဖို့ကတော့ ကယ်ရီအသိရှိရင် ဆင်မမှာထမင်းစားဖို့စီစဉ်ခိုင်းလို့ရပါတယ်။ထမင်းဆိုင်အသေးစား၊လဘ္ဘက်ရည်ဆိုင်၊ကုန်စုံဆိုင် လောက်ပဲရှိပါသေးတယ်။
ဆင်မရွာ ကဒေသထွက်ပင်လယ်စာ အကောင်းဆုံးပါ ငွေဆောင်ဟိုတယ်များ၊စားသောက်ဆိုင်များ၊၊ရန်ကုန်တို့အထိတင်ပို့ကြပါတယ်။ချစ်စရွာဆင်မတံငါရွာလေးသို့ သွားရောက်လည်ပတ်ဖို့တိုက်တွန်းပရစေ။
ကျေးဇူးတင်ပါတယ်.....။
Credit: photo original uploader...
14/11/2017
စားမယ်သွားမယ်က ရေးထားတဲ့ ငွေဆောင် Restaurant Directory လေး👍
No.3 မှာရေးထားတဲ့ Garden Breeze ဆိုင်လေးက Vitaminsea ကိုဝင်တဲ့လမ်း စံပယ်လမ်းထိပ်မှာရှိပါတယ်လို့ 😍
https://www.facebook.com/permalink.php?story_fbid=405590946523963&id=137158590033868
စားမယ်သွားမယ် ငွေဆောင် Restaurant Directory
အက်ဒမင်ငွေဆောင်ကို ၅ ခေါက်ရောက်ဖူးပါတယ်
ငွေဆောင်ရောက်ရင်ဘယ်ဆိုင်ဘယ်နားလဲဆိုတာသိပြီးသားလူတော်တော်များပါတယ် ဒါပေမယ့် ရေဆော့ ရေကူးကန်ထဲထပ်ရေကူးနဲ့ ပင်ပန်းသွားတဲ့အခါ ကားပါရင်တောင်တော်ရုံထွက်မစားချင်တော့ပါဘူး ပင်ပန်းလို့ အက်ဒမင်တို့ကလူလဲများတော့ တစ်ယောက်စောင့်တစ်ယောက်စောင့်နဲ့ အဆင်မပြေတာနဲ့ဟိုတယ်မှာပဲမှာစားဖြစ်တယ်
၁။ ကိုညီ အိမ်ချက် (တော်တော်များများလဲသိကြပြီးဖြစ်မှာပါ 📱09790570458, 📱09448388276
အိမ်ချက်ဖြစ်လို့ လူကျတဲ့ ပိတ်ရက်မျိုးဆိုကြိုမှာရပါတယ် အရသာနဲ့ ဆားဗစ်ကတော့ရှယ် 👍👍👍
၂။ သီတာစမ်း (ဈေးတော်တော်တန်ပါတယ် မြန်မာဘူဖေးလဲရပါတယ် ငပိထောင်းအလွန်ကောင်းတယ် မယုံဝယ်စားကြည့် အက်ဒမင်တို့က ရန်ကုန်ထိပါဆယ်ပါဝယ်သွားတယ် 📱09250426696,
📱09422443382
၃။ Garden Breeze (ဒီဆိုင်ကဘယ်ညာမကွေ့ခင်အဝင်လမ်းမှာပါ ဆိုင်က Trip Advisor ကနေ Award ရထားပါတယ်) 📱09422450199, 📱09422506170
၎။ ရွှေနှလုံးသား (သူလဲနာမည်ကြီးပါ Food Blog တွေကကောင်းကြောင်းရေးပါတယ်) 📱095201988,📱09975201988 📱09765201988
၅။ ပျံ့သင်း (📱0949000534, 📱09773878118 📱09429000524
၆။ Sea King (📱09250726632, 📱09972206493)
၇။ Golden Myanmar (📱09773322711, 📱09785568342, 📱09785568344)
၈။ ငွေလှိုင်းစည် (📱09252967775, 📱09260936164)
၉။ Mu Wa (BBQ ကောင်းပါတယ်, ဂျပန်လူမျိုးဖွင့်ထားတဲ့ဆိုင်ထင်ပါတယ်📱09456281000)
၁၀။ Ngwe Saung Seafood ( 🌊 ကိုအပေါ်စီးကနေကြည့်ပြီးစားရင်အရမ်းလှတဲ့နေရာပါ 📱09258333398, 📱09258333389)
၁၁။ West Point (ဒီဆိုင်ကဈေးတော့နည်းနည်းကြီးတယ်စားရတာအတော်အဆင်ပြေပါတယ် ဆိုင်ကလဲ အခုဆို ၂ ထပ်ဆိုင်ကြီးတောင်ဖြစ်သွားပါပြီ ဂဏန်းမဆလာ နဲ့ ပုဇွန်မဆလာကောင်းတယ် 📱09422483141, 📱095185263)
၁၂။ Horse 🐎 မြင်းစီးမလား? ဒါမှမဟုတ်အစားအသောက်တွေမှာစားမယ်ဆို ကိုမျိုးဦးလဲဆက်ဆံရေးအဆင်ပြေပါတယ် (📱09422506103, 📱0997604802)
လွတ်လပ်စွာ ရှယ်ယူနိုင်ပါတယ် နာမည်ကြီး Page များမှ တစ်ဆင့်ကူးယူတဲ့အခါ Credit to စားမယ် သွားမယ် Page ဆိုပြီး Link လေးချ ပေးစေချင်ပါတယ် Sharing is Caring ပါ
စားမယ် သွားမယ်
Your Trusted Food Blog
04/11/2017
🎇Happy Ta Zaung taing 🎇
24/10/2017
ငွေဆောင်ကမ်းခြေမှာရောက်လျင် ပျော်ရွှင်ဖွယ်ရာ စိတ်လှုပ်ရှားဖွယ်ရာ အစီစဉ်များကို လုပ်ဆောင်ရန် water sports ကအကြံပေးထားပါတယ်။
Vitaminsea Beach House
တန်ဖိုးနည်း budget ၂ ယောက်အိပ် ဘန်ဂလိုတစ်လုံး ၁၅၀၀၀ ကျပ်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
Email- [email protected]
' 5 Things to do in Ngwe Saung '
ငွေဆောင်ကို ခဏခဏ ရောက်ဖူးတဲ့သူတွေတောင် ဒါတွေမလုပ်ဖူးကျဘူးနော်။
ဘာတွေလဲဆိုတာ ပုံတွေမှာဆက်ကြည့်ပြီး ဖတ်လိုက်ပါနော်။
10/10/2017
Vitamin Sea မှာစရိတ်သက်သာစွာနဲ့လာရောက်တည်း
အောက်တိုဘာလမှစပြီး တနင်္လာမှသောကြာနေ့ထိ
ဘန်ဂလို ၁လုံး ၁ရက် ၁၅၀၀၀ ကျပ်နှင့် Extra bed ၁ယောက် ၅၀၀၀ကျပ်။
စနေနှင့်တနင်္ဂနွေနေ့များ၊အစိုးရရုံးပိတ်ရက်များတွင်
ဘန်ဂလို ၁လုံး ၁ရက် ၂၀၀၀၀ ကျပ်နှင့် Extra bed ၁ယောက် ၅၀၀၀ကျပ်။
အရင်လများမှBooking ငွေကြိုသွင်းပြီးသူများ ထပ်မံပေးချေရန်မလိုပါ။
-Booking Confirm ဖြစ်ရင် ငွေကြိုသွင်းရပါမည်။
-Check in /Check out time - 12:00 pm ပါ ။
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
ကျေးဇူးတင်ပါတယ်။
10/10/2017
Vitamin Sea Ngwe Saung
Vitamin Sea မှာစရိတ်သက်သာစွာနဲ့လာရောက်တည်း
အောက်တိုဘာလမှစပြီး တနင်္လာမှသောကြာနေ့ထိ
ဘန်ဂလို ၁လုံး ၁ရက် ၁၅၀၀၀ ကျပ်နှင့် Extra bed ၁ယောက် ၅၀၀၀ကျပ်။
စနေနှင့်တနင်္ဂနွေနေ့များ၊အစိုးရရုံးပိတ်ရက်များတွင်
ဘန်ဂလို ၁လုံး ၁ရက် ၂၀၀၀၀ ကျပ်နှင့် Extra bed ၁ယောက် ၅၀၀၀ကျပ်။
အရင်လများမှBooking ငွေကြိုသွင်းပြီးသူများ ထပ်မံပေးချေရန်မလိုပါ။
-Booking Confirm ဖြစ်ရင် ငွေကြိုသွင်းရပါမည်။
-Check in /Check out time - 12:00 pm ပါ ။
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
ကျေးဇူးတင်ပါတယ်။
08/10/2017
ငွေဆောင် သဇင်ရွာမြွေကျွန်းနားမှ "ရေသူထီးကမ်းခြေ" အလှ။
25/09/2017
Vitaminsea Beach House - Burmese Only, Ngwesaung, Myanmar
We are proudly to announce become a official partner of booking.com
မင်္ဂလာပါခင်ဗျ Vitaminsea Beach House ကို Booking.com ကနေလည်း booking တင်လို့ရပါပြီ။😍🙏
http://www.booking.com/Share-m0OVjw
Accepting only Burmese citizens, Vitaminsea Beach House offers pet-friendly accommodation in Ngwesaung. Free private parking is available on site.
22/09/2017
ငွေဆောင်ကမ်းခြေ ရောက်ရင် အမြဲဓါတ်ဖမ်း၊ Selfie ဆွဲနေကြ Silver View Hotel ရှေ့ကကျောက်ကလပ်(Tea Cup Rock) နဲ့ ချစ်သူများကျွန်း (ဘူးကွဲကျွန်း) ပါခင်ဗျ။🏖️📷🔆😎😍
22/09/2017
ငွေဆောင်ကမ်းခြေ ရောက်ရင် ဓါတ်ဖမ်းလို့ Selfie ဆွဲလို့ကောင်းမဲ့ နေရာတွေထဲကနောက် တစ်ခုပါခင်ဗျ ၊BOB Hotel အနီးကတောင်ဂတုံးတောင် နဲ့ Aureum Palace Hotel ရှေ့က လှေကြီး။🏖️📷🔆😎😍
22/09/2017
ငွေဆောင်ကမ်းခြေ ရောက်ရင် ဓါတ်ဖမ်းလို့ Selfie ဆွဲလို့ကောင်းမဲ့ နေရာတွေထဲက တစ်ခုပါခင်ဗျ ၊သဇင်ရွာ မြွေကျန်းအနီး ဘုရားသုံးဆူ နှင့် ကျောက်မောင်နှမ။🏖️📷🔆😎😍
20/09/2017
ငွေဆောင်ကမ်းခြေ သဇင်ရွာ မြွေကျွန်း ရှုခင်း။
16/09/2017
Cover Photos
05/09/2017
🏡ဘန်ဂလို ၁လုံး ၁ရက် ၁၅၀၀၀ ကျပ်နှင့် Extra bed ၁ယောက် ၅၀၀၀ကျပ်။
စနေနှင့်တနင်္ဂနွေနေ့များ၊ အစိုးရရုံးပိတ်ရက်များတွင်ဘန်ဂလို ၁လုံး ၁ရက် ၂၀၀၀၀ ကျပ်နှင့်
Extra bed ၁ယောက် ၅၀၀၀ကျပ်။ 🏡
🏖🌦ငွေဆောင်ကမ်းခြေတွင် မိုးနည်းပြီး ရာသီဥတုသာယာလာပြီး
ကမ်းခြေသို့ လာရောက်လည်ပတ်သူများလည်း
ပုံမှန်လာရောက်လည်ပတ်နေကြပြီဖြစ်လို့ 🏊🏄
🌴Vitamin Sea Ngwe Saung ကို ယခုလ
မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။
📢မိတ်ဟောင်းမိတ်သစ်များအားလုံးကို လာရောက်တည်းခိုဖို့ဖိတ်ခေါ်ပါတယ် 🙏
🏡၂ယောက်အိပ် ဘန်ဂလို ၁လုံး ၁၅၀၀၀ကျပ် 🏡
ဆက်သွယ်ရန်ဖုန်း - 09960839039 ၊ 09775621659
03/09/2017
https://www.facebook.com/UmeCafeNgwesaung/posts/668878923322082
Hello everyone!!
What's you guys up to on 9 Saturday??
Its cool if you are planning to come up to Ngwesaung beach!
Many hotels are on promotion price now.
and Ume cafe & Bar will reopen on 9th.let's get 1 drink free,have fun with fire show, Enjoy with fresh sea food.
we are warmly welcome.
09/06/2017
Vitamin Sea Ngwe Saung's cover photo
08/04/2017
Vitamin Sea မှာစရိတ်သက်သာစွာနဲ့လာရောက်တည်း
အောက်တိုဘာလမှစပြီး တနင်္လာမှသောကြာနေ့ထိ
ဘန်ဂလို ၁လုံး ၁ရက် ၁၅၀၀၀ ကျပ်နှင့် Extra bed ၁ယောက် ၅၀၀၀ကျပ်။
စနေနှင့်တနင်္ဂနွေနေ့များ၊အစိုးရရုံးပိတ်ရက်များတွင်
ဘန်ဂလို ၁လုံး ၁ရက် ၂၀၀၀၀ ကျပ်နှင့် Extra bed ၁ယောက် ၅၀၀၀ကျပ်။
အရင်လများမှBooking ငွေကြိုသွင်းပြီးသူများ ထပ်မံပေးချေရန်မလိုပါ။
-Booking Confirm ဖြစ်ရင် ငွေကြိုသွင်းရပါမည်။
-Check in /Check out time - 12:00 pm ပါ ။
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
ကျေးဇူးတင်ပါတယ်။
04/04/2017
Vitaminsea Ngwesaung
23/03/2017
မင်္ဂလာပါ
Vitaminsea Beach House ငွေဆောင် တန်ဖိုးနည်း လုံးချင်းအငှား ဘန်ဂလိုရဲ့လမ်းညွှန်မြေပုံ ပါခင်ဗျ။
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
07/02/2017
Vitamin Sea မှာ ကိုယ်ချစ်တဲ့သငယ်ချင်း မိတ်ဆွေ မိသားစုတွေနဲ့အတူ ကိုယ်ပိုင်မီးပုံပွဲလေးတွေ အကင်ပွဲလေးတွေလုပ်ပီးတော့လဲ Beach Life ကို သာသာယာယာ လွပ်လွပ်လပ်လပ်လေး ဖြတ်သန်းလို့တယ်နော် 🍡🦀🌶🍾🍻
01/02/2017
ချစ်သူများကျွန်းမှာရောင်းတဲ့ လတ်ဆတ်ပီးကျွတ်ရွတဲ့ ဂဏန်းကြော် ၁၀၀၀ ဖိုး ၄ ကောင်တဲ့ ဈေးလဲတန်တယ် အရမ်းလဲစားကောင်းတယ် ငွေဆောင်ရောက်ရင် စားကြည့်လိုက်နော် 🦀🦀😋
31/01/2017
Vitamin Sea Ngwe Saung Budget Bungalow ရဲ့ညအချိန် မြင်ကွင်းပါ။
ကျေးဇူးတင်ပါတယ်။
29/01/2017
Vitaminsea Ngwe Saung Budget Bungalow မှ ကြိုဆိုပါတယ်။
ဘန်ဂလို တစ်လုံး တစ်ရက် - ၁၅၀၀၀ ကျပ်။
ဖုန်း ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
29/01/2017
🎉Happy Chinese New Year 🎉
ငွေဆောင်ကမ်းခြေ ချစ်သူများကျွန်းမှာ ဧည့်သည့်အပြည့် ပျော်ဖို့ကောင်းလို့ လာလည်ဖို့ဖိတ်ခေါ်ပါတယ် 🌊
27/01/2017
Google Maps
မင်္ဂလာပါခင်ဗျ ကျွန်တော်တို့ Vitaminsea ကို 360 google street view နှင့်ကြည့်နိုင်ပါပြီ အောက်ပါ Link မှတဆင့်။
ကျေးဇူးတင်ပါတယ်။🙏🙏🙏
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
Email- [email protected]
Credit: google map
Check Out Vitaminsea Beach House
Shared via the app
https://www.google.com/maps/@16.8617034,94.3878673,0a,75y/data=!3m5!1e1!3m3!1s-njOqxGeb_4Q%2FWIsl7SL-kQI%2FAAAAAAAAH1w%2Ff0_qOSOAqXQh-sZDAZ_HURVY2MJfSkoYACLIB!2e4!6s%2F%2Flh5.googleusercontent.com%2F-njOqxGeb_4Q%2FWIsl7SL-kQI%2FAAAAAAAAH1w%2Ff0_qOSOAqXQh-sZDAZ_HURVY2MJfSkoYACLIB%2Fno%2Fphoto.jpg
Find local businesses, view maps and get driving directions in Google Maps.
27/11/2016
🌴🌴🌴Vitamin Sea မှ ဧည့်သည်များ နေ့လည်စာနဲ့ညစာကို ဆိုင်တွေမှာသွားမစားပဲ Vitaminsea မှာပဲ အနားယူရင်း စားမယ်ဆိုလဲရပါတယ်ရှင် 🍽🍴🍽
ဆိုင်တွေမှOrderလာကောက်ပေးပါတယ် လက်ရာလဲကောင်းပီး ဈေးလဲတန်ပါတယ် 🍝🍲🍜🍡🍢🦀🐟
ဒီပုံတွေကတော့ မှာစားဖြစ်ခဲ့တာလေးကို တင်ပေးတာပါ 😋
၎ယောက်စာ ၂၅၀၀၀ ပဲကုန်ပါတယ် ဟင်းတွေပိုလို့တောင် ညနေစာတွက် ချန်ထားလိုက်သေးတယ် 😄👍👍
ညစာတွက် မီးပုံပွဲလေးလုပ်ပီး ငါးကင်လေးစားခဲ့တယ်ရှင့်🍢🍢🍢💥💥
PhotoCredit :
27/11/2016
16/11/2016
🌴🏕Vitamin Sea ကိုရွေးချယ်ပီး ငွေဆောင်ကမ်းခြေမှာ ပျော်နေတဲ့ ချစ်မမများ အရမ်းလှတဲ့ပုံလေးတွေပို့ပေးတဲ့တွက်ကျေးဇူးအများကြီးတင်ပါတယ် နောက်ထပ်ဆုံချင်ပါသေးတယ် 😍😍😍
https://www.facebook.com/malay.wai.94/posts/262582840806257
13/11/2016
🏕Vitamin Sea ဟာဈေးနှုန်းသက်သာသောကြောင့် ကုန်ကျစရိတ်သက်သာစွာနဲ့ခရီးသွားချင်သူများ အကြိုက်တွေ့လို့နေပြီး လာရောက်တည်းခိုသူများနှင့်ပြည့်လို့နေပါတယ် 👬👭👫
🌴All Season Hotel
🌴EFR Seconda _Casa Hotel
🌴Luxer Deluxe Hotel
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ၇၇၅၆ ၂၁၆၅၉
Email- [email protected]
Unicode version:
🎉🎉 တန်ဆောင်တိုင်ပွဲတော်ရက်တွင်းမှာ Vitamin Sea Beach House ကိုရွေးချယ်ပီး Budget Trip လေးနဲ့ ငွေဆောင်ကမ်းခြေကို အပန်းဖြေလာကြတဲ့ ဧည်သည်တော်များကို အထူးပဲကျေးဇူးတင်ပါတယ် 🙏
🏕Vitamin Sea ဟာစျေးနှုန်းသက်သာသောကြောင့် ကုန်ကျစရိတ်သက်သာစွာနဲ့ခရီးသွားချင်သူများ အကြိုက်တွေ့လို့နေပြီး လာရောက်တည်းခိုသူများနှင့်ပြည့်လို့နေပါတယ် 👬👭👫
🏕Vitamin Sea Beach House ဟာ ငွေဆောင်မြို့ရဲ့
မြို့လည်ခေါင် မြို့မလမ်းကြီးရဲ့နောက်ကျောကပ်လမ်းအတွင်းမှာရှိပြီး ကျယ်ဝန်းတဲ့ကားပါကင်လည်းရှိပါတယ်။ Vitamin Sea မှ မြို့မလမ်းစျေးတန်းလေးကိုဖြတ် ၈မိနစ်လမ်းလျှောက်ရုံနဲ့ ကမ်းခြေသို့ဆင်းနိုင်ပါတယ် ။ကိုယ်ပိုင်ကားလေးနဲ့ ကမ်းခြေကိုသွားမယ်ဆိုရင်လည်း ၂မိနစ်သာမောင်းရုံနဲ့ရောက်နိုင်ပါတယ် 🌊
🏕Vitamin Sea နဲ့ အနီးစပ်ဆုံး Hotel များကတော့
🌴All Season Hotel
🌴EFR Seconda _Casa Hotel
🌴Luxer Deluxe Hotel
🌴Hotel Lux တို့နဲ့အနီးဆုံးမှာရှိပါတယ်
🏕Vitamin Sea Beach House မှာ လောလောဆယ် ဘန်ဂလိုအရေတွက်အနည်းငယ်သာ ရှိသေးတာကြောင့် ပွဲတော်ရက် ရုံးပိတ်ရက်တို့ အနီးကပ်မှbooking လုပ်မယ်ဆို အခန်းရဖို့မသေချာလို့ Budget Trip လေးနဲ့ ငွေဆောင်ကမ်းခြေကိုလာဖို့ အစီစဉ်ရှိတယ်ဆိုရင်တော့ ရန်ကုန်မှာ ငွေကြိုသွင်းဘောက်ချာဖြတ်ထားပြီး အခန်းယူထားလို့ရပါတယ် 😊🏝🏖
🏕စရိတ်သက်သာစွာနဲ့ ခရီးသွားချင်သူများများ တည်းခိုနိုင်အောင်လည်း Vitamin Sea ရဲ့ ဘန်ဂလိုအရေတွက်ကိုလည်း ထပ်မံတိုးချဲ့ဖို့ စီစဉ်နေကြောင်း အသိပေးအပ်ပါတယ် 😊😊😊
အားလုံးတွက်ပျော်စရာကောင်းတဲ့ ကမ်းခြေခရီးစဉ်လေးဖြစ်ပါစေဆုတောင်းပေးပါတယ် 🎆🎆
ဆက်သွယ်ရန်။
ဖုန်း ။ ၀၉- ၉၆၀ ၈၃၉ ၀၃၉ ၊ ၀၉- ရ၇၅၆ ၂၁၆၅၉
Email- [email protected]
Address
No. 702/703, Sapal Street, Ngwe Saung Beach, Ngwe Saung Township, Ayeyarwady Region, Myanmar.
Kyaukkyi
10271
Alerts
Be the first to know and let us send you an email when Vitamin Sea Ngwe Saung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Vitamin Sea Ngwe Saung:
Share
Nearby travel agencies