Smile Air Ticket Agent

Smile Air Ticket Agent Smile Air Ticket Service

:-) E- Ticket & Online Services
:-) Sales Officially Prices
:-) Myanmar National Airlines
:-) Air KBZ
:-) Air Mandalay & All

26/09/2024

28-9-24 ( ရန်ကုန် မှ ကျောက်ဖြူ)
YGN To KPU
လေယာဉ်လက်မှတ်ရပါဖို့ပါ ...

လိုအပ်ပါက ဆက်သွယ်ပီးလို့ရပါယေခင်ဗျ

09771144283
09421749782
09421729100
Smile Air Ticket Agent

FYI
14/02/2024

FYI

NEW YEAR PROMOTION လာပါရာနန့်လက်မှတ်တစောင်ဝယ်ကေ ... ၃၀၀၀၀ ကျပ်ငွေသားပြန်အမ်းပီးဖို့အစီအစဥ်လာပါရာကားဒေ-------------------...
03/01/2024

NEW YEAR PROMOTION လာပါရာနန့်
လက်မှတ်တစောင်ဝယ်ကေ ... ၃၀၀၀၀ ကျပ်ငွေသားပြန်အမ်းပီးဖို့အစီအစဥ်လာပါရာကားဒေ

--------------------------------------------------------------------
MNA လက်မှတ် ၂-၃-၂၄ ရက်နိအတွက် ပုံမှန်လက်မှတ်ဈေး ၂၈၃၀၀၀ ကျပ်ကို တစောင်ဝယ်တိုင်း ၃၀၀၀၀ ကျပ် အထူးသက်သာရေဈေး ချေနဲ့ရောင်းပေးလားပါဖို့..... ခုံအကန့်အသတ်ဟိတဲ့အတွက် မြန်ရေလူယူပါ....

မှတ်ချက်-

လောလောဆယ်ဘင်းနိအတွက်ခုံနီရာမဟိပါရာ....
မိတ်ဆွေများသိအောင်မျှဝေပီးပါခင်ဗျ...

လက်မှတ်ဝယ်ယူရန်
တရားဝင်အရောင်းကိုယ်စားလှယ်
စမိုင်း (လ်) လိပ်စာနှင့် ဖုန်းနံပတ်များ ⤵️⤵️
=================
စမိုင်း (လ်) ကို Facebook တွင်ရှာဖွေမည်ဆိုပါက" Smile Ticketing Agent " ဟုသာရိုက်ရှာပါ ⤵️⤵️
Smile Ticketing Smile Air Ticket Agent
No(7), Market Street, Than Pan Chaung Quatre, Kyaukphyu, Rakhine State.
စမိုင်း (လ်)
အမှတ် ( ၇)၊ ဈေးလမ်း ၊ပြည့်စုံတည်းခိုခန်းရှေ့ ၊ သန်ပန်ချောင်းရပ်ကွက် ၊ ကျောက်ဖြူမြို့ ။
☎ 09 421729100 , 09 771144283 (Viber)
☎ 09 681930671
☎ 09 4217 39 782

✈️လေယာဉ်စီးရင် ခရီးဆောင်အိတ်ထဲ ဘာတွေ မထည့်ရဘူးလဲ? 🧳🎒👜…………………….အကြမ်းဖျဉ်းပြောရရင်တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ဥပဒေန...
06/09/2023

✈️လေယာဉ်စီးရင် ခရီးဆောင်အိတ်ထဲ ဘာတွေ မထည့်ရဘူးလဲ? 🧳🎒👜
…………………….
အကြမ်းဖျဉ်းပြောရရင်တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ဥပဒေနဲ့ မညီတဲ့ပစ္စည်းတွေ မထည့်ရပါဘူး။
လေယာဉ်ပေါ်သယ်တဲ့အိတ်မှာ (၂)မျိုးခွဲပြောပေးပါမယ်။
၁)လက်ဆွဲအိတ်-
❌လက်ဆွဲအိတ်မှာ 100ml ထပ်ပိုတဲ့ အရည် ထည့်လို့မရပါဘူး။ သွားတိုက်ဆေး၊ စည်သွပ်ဗူး တွေလဲပါတယ်။ ဗူးကြီးတွေမှန်သမျှ checkin အိတ်(ကောင်တာမှာ အပ်တဲ့အိတ်) ထဲ ထည့်ပါ။
❌ချွန်ထက်တဲ့ ပစ္စည်းတွေ၊ သူများကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေပေါ့ ဓါး၊ ကတ်ကြေး အစရှိသဖြင့်.
✅အိတ်ရဲ့အရွယ်အစားက သတ််မှတ်ထားတဲ့size ဖြစ်ကိုဖြစ်ရပါမယ်။ အထူးသဖြင့် အိတ်မာတွေ။ ဘာလို့ဆိုတော့ ခေါင်းပေါ်က စင်ထဲထည့်ရမှာဆိုတော့ အဲ့အရွယ်နဲ့ဆန့်မှ ဖြစ်မှာပါ။
၂)Checkin အိတ်-
❌သူက အဓိကက ပေါက်ကွဲစေတဲ့ ပစ္စည်းမထည့်ရပါဘူး။ ပါဝါဘဏ်၊ ဘထ္ထရီ၊ မီးခြစ်၊ Gas မရပါ။ သာမိုမီတာလို ပြဒါးပါတဲ့ ပစ္စည်းတွေဆို လုံအောင်သေချာ ထုတ်ပိုးရပါမယ်။
⚠️အပေါ်က (၂)မျိုးလုံးထဲ မထည့်ရတာက- ထွက်ခွါရော၊ ရောက်မယ့်နိုင်ငံရောက တားမြစ်ပစ္စည်းတွေပါ။ ဥပမာ- အစ္စလာမ်မစ်နိုင်ငံတွေကို ဝက်သား၊ အရက် သယ်လို့မရပါဘူး။ အိတ်ထဲမှာသာမက duty free ကနေလဲ ဝယ်လာလို့မရပါ။ အခန့်မသင့် ဂျေးအောင်းရနိုင်ပါတယ်။
✅တချို့ပစ္စည်းတွေက သယ်လာလို့ရပေမယ့် custom claim ရပါတယ်။ ဥပမာ- ရွှေငွေ ၊ ဒေါ်လာ ၁၀၀၀၀ အထက်ငွေ စသဖြင့်။
အမေးများတဲ့ ဆေးဝါးက - တကိုယ်ရည်စာ သယ်လို့ရပါတယ်။ ပြန်ရောင်းမယ့်အနေလောက် များလို့မရပါ။ တချို့ဆေးတွေအတွက် ဆရာဝန်ဆေးစာလိုပါတယ်။ ဥပမာ- စိတ်ငြိမ်ဆေး။
ရောက်မယ့်နိုင်ငံနဲ့ ပိုဆိုင်ပါတယ်။ မသွားခင် ကြိုပြီး လေ့လာသွားပေးပါ။

06/06/2023
10/02/2023

ကျေးဇူးရှင်မိဘနှစ်ပါး သင့်စိတ်မှာအမြဲရှိပါစေ။

When our parents are getting old....
မိဘများ အိုမင်းလာတဲ့ အခါမှာ.....

1. ယနေ့ခေတ်ကြီးတွင် လူအများက သူတို့၏ နေ့စဉ် လုပ်ဆောင်ရန်ဇယားများဖြင့် အလုပ်များလှသောကြောင့် အလုပ်မှ အချိန်အားယူကါ သူတို့၏ မိအို ဘအိုများအနား နေပေးရန်မှာ ခက်ခဲသည်ဟု ပြောတတ်ကြသည်။
Nowadays, many people tend to say that they are so busy with their day-to-day schedules that taking time off work to be with their aging parents is difficult.

2. အထီးကျန်ခြင်းနှင့် စိတ်ငြီးငွေ့ခြင်းတို့သည် သက်ကြီးရွယ်အိုများအကြား ဖြစ်တတ်ကြသော ကိစ္စများဖြစ်သည်ကို ကျွန်တော်တို့ မမေ့သင့်ပေ။
We should not forget that loneliness and boredom are the most common issues among elderly people.

3. အရင်ကလို အပြင်ထွက်၍ မိတ်ဆွေများနှင့် မတွေ့ဆုံနိုင်ကြတော့ခြင်းကလည်း သူတို့ နေ့စဉ် ခံစားနေရသည့် အထီးကျန်မှုကို ပို၍ဆိုးရွားစေမည်မှာ သေချာ၏။
The fact that they can no longer go out and socialize as they used to do before will certainly compound the loneliness they feel on a daily basis.

4. သင် မည်မျှပင် အလုပ်များနေစေကာမူ မိအို ဘအိုများထံ ပို၍မကြာခဏ သွားတွေ့နိုင်ရန် အချိန်ယူပါ။
Regardless of how busy you are, please make time to visit your aging parents more frequently.

5. သူတို့နှင့် အဖေါ်ရအောင် အတူနေပေးရန် အချိန်ပေးနိုင်သမျှ ပေးပါ။
Spend as much time as you can to keep them company.

6. သက်ကြီးရွယ်အို မိဘများ ဆေးခန်းပြရန် ချိန်းထားလျှင် သို့မဟုတ် မီးဖိုချောင်သုံးပစ္စည်းများ ဈေးဝယ်သွားလျှင် သူတို့နှင့် အတူ အဖေါ်လိုက်ပေးပါ။
Accompany your aging parents to the clinic when they have a doctor appointment, or to supermarket when they want to pick up some grocery items.

7. သင် ငယ်စဉ်က သူတို့က သင့်ကို ပြုစုပျိုးထောင်ခဲ့ပြီး ယခု သူတို့ ဇရာချိန်တွင် သင်၏ အကူအညီကို သူတို့လိုအပ်သည်ကို သတိရပါ။
Remember that when you were small, they brought you up; now they need your help in thier old age.

8 . သင်၏ မိအို ဘအိုများကို ဖြစ်နိုင်သမျှ နည်းပေါင်းစုံ ပြုစုစောင့်ရှောက်ပါ။ သူတို့ကိုယ် သူတို့ မစောင့်ရှောက်နိုင်တော့သောအခါမှာ သင့်မိဘများကို ပွေ့ဖက်ပါ၊ ပြုစုပါ၊ စိတ်ချရအောင် အားပေးပါ၊ ကာကွယ်ပါ၊ ချစ်ပါ၊ လေးလေး စားစား ဆက်ဆံပါ။
Do take care of your elderly parents in as many ways as possible. Hold, nurture, reassure, protect, and love and respect your parents when they can no longer take care of themselves.

9. သူတို့အသက်ရှိစဉ်မှာ မိဘနှစ်ပါးနှင့် တန်ဖိုးထား ပျော်ရွှင်စွာ နေထိုင်ပါ။ ဘာကိုမျှ မမျှော်ကိုးဘဲ သူတို့အား သင်၏ မေတ္တာ၊ ခွင့်လွှတ်ခြင်းနှင့် ကြင်နာယုယခြင်းတို့ကို ပေးပါ။
Honor and celebrate their lives while they’re here. Give them your love, forgiveness and tender care, expecting nothing in return.

10. ဤမဟာလူသားနှစ်ဦးကို မိဘတော်ခွင့်ရသည်ကို ကျေးဇူးတင်ပါ။ သင် အလုပ်ရှုပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သက်ကြီးရွယ်အို မိဘနှစ်ပါးသည်သာ သင့်ဘဝတွင် ထိပ်တန်းဦးစားပေးကိစ္စဖြစ်သင့်သည်ကို သတိရပါ။
Be grateful for having these two great people as your parents. You maybe 'busy' with your work, but remember that your two aging parents should be your top priority in life.

🙏🙏🙏🙏🙏
With love,
Dr.Soe Than

Smile Ticketing Agent QR Code
07/02/2023

Smile Ticketing Agent QR Code

21/09/2022
ဟဲဟိုးမြို့မှ ခရီးသွားပြည်သူများရှင့်… MAI နှင့် Air KBZ ၏ အပတ်စဉ်ပျံသန်းပြေးဆွဲလျှက်ရှိသော တိုက်ရိုက်ခရီးစဉ်များဖြင့် ဟ...
27/04/2022

ဟဲဟိုးမြို့မှ ခရီးသွားပြည်သူများရှင့်… MAI နှင့် Air KBZ ၏ အပတ်စဉ်ပျံသန်းပြေးဆွဲလျှက်ရှိသော တိုက်ရိုက်ခရီးစဉ်များဖြင့် ဟဲဟိုးမှတဆင့် ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ လားရှိုး၊ကျိုင်းတုံ နှင့် တာချီလိတ်မြို့များသို့ အလည်အပက်သွားရောက်နိုင်ပါပြီ။

☎️ 09421729100 ( Hot Line )( Viber)
☎️ 09778416884
☎️ 09458844578

ရုံးသို့ ကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ဖို့ အဆင်မပြေသော Customer များအနေဖြင့် AYA Bank , CB Bank , KBZ Bank, Wave Money ,OK Dollor , KBZ Pay , True Money တို့ကနေ တစ်ဆင့် ငွေလွှဲ၍ ဝယ်ယူရရှိနိုင် ပြီး လက်မှတ်များကို Email , Viber , တို့မှ တစ်ဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ် ခင်ဗျ။

📬🏠
Smile Ticketing & Tours
အမှတ် (၇) ဈေးလမ်း ၊ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ် ။

သမင်ရဲ့ပြေးနိုင်တဲ့အမြန်နူန်းက ၁ နာရီမှာ၉၀ ကီလိုမီတာရှိသတဲ့ ကျားရဲ့ပြေးနိုင်တဲ့အမြန်နှုန်းက ၁ နာရီမှာ၅၉ ကီလိုမီတာပဲ ရှိတ...
16/03/2022

သမင်ရဲ့ပြေးနိုင်တဲ့အမြန်နူန်းက ၁ နာရီမှာ
၉၀ ကီလိုမီတာရှိသတဲ့

ကျားရဲ့ပြေးနိုင်တဲ့အမြန်နှုန်းက ၁ နာရီမှာ
၅၉ ကီလိုမီတာပဲ ရှိတယ်တဲ့

ဒါပေမယ့်လေ များသောအားဖြင့်
ကျားက သမင်ကိုလိုက်ရင် သမင်လေးခမျာ
ကျားရဲ့အာခံတွင်းထဲ ရောက်ရောက်သွားရတယ်

ဘာကြောင့်လဲ ? စဉ်းစားဖူးသလား ?

အဖြေကတော့………

သမင်က ကျားလိုက်လို့ပြေးရပြီဆိုရင် စိတ်အားငယ်သွားလေ့ရှိသတဲ့

ကျားကအင်အားကြီးတယ် ငါ့ လွှတ်မှာမဟုတ်ဘူး ဆိုပြီးပြေးရင်းနဲ့ .. သူ နဲ့ ငါ နဲ့ .. အကွာအဝေး ..ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာ တွေးတောစဉ်းစားလေ့ရှိတယ် ဆိုပါတယ်

ကျားကတော့
``ဒီကောင် ငါ့အရှေ့ဘာမို့လဲ ရကိုရနိုင်ရမယ်" ဆိုတဲ့
စိတ်ဓါတ်နဲ့လိုက်တော့ များသောအားဖြင့်
ရသွားလေ့ရှိတယ်

သူတို့ရဲ့စိတ်ဓါတ်ဟာ
သူတို့ရဲ့ပြေးနှုန်းကို လျှော့စေ/မြန်စေလိုက်တယ်

ပေးချင်တဲ့ message ကတော့

ဘဝရဲ့ခြေလှမ်းတိုင်းမှာ အဓိကက စိတ်ဓါတ်ပါပဲ
အင်အားတစ်ခုထဲနဲ့မဖြစ်ထွန်းဘူး

သမင်လို စိတ်အားမငယ်ဖို့ ကျားလို စိတ်ဓာတ်ကြံ့ခိုင်ဖို့ အရေးကြီးပါတယ်.....

06/02/2022

တတ်နိုင်သမျှ ... မိမိအိမ်မာနေကြပါ ... မလိုအပ်ဘဲခရီးတွေမထွက်ကြပါနဲ့ ... အိုမီခ ရွှန်ကူးစက်မူအရမ်းမြန်လာပါပြီ ... ကပ်ဘေးမှကင်းလွတ်ကြပါစေ 🙏

Omicron Day 1 (အဆိုးဆုံးနေ့)

🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူး….ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ….လူကနတ်ဝင်သည်လို တုန်တက်နေတာ

🦠 ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

🦠 ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

🦠တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

🦠 လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ 🥲

Omicron Day 2

🦠 အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

🦠 ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက……

🦠 တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး…..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

🦠 အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ….Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ 🥲

Omicron Day 3

🦠 အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

🦠 လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

🦠 နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

🦠 လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

🦠 ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

Omicron Day 4 (Today)

🦠 လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

🦠 နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ….အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်….
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

🦠 ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်….မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

🦠 လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ….
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်

🦠 လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

ဘယ်နှရက်လောက် ဒါကြီးကိုဆက်ခံစားရဦးမှာလဲ 😭
မဖြစ်သေးတဲ့လူတွေ အရမ်းဂရုစိုက်ပါနော် 🥺

Address

Kyaukpyu

Telephone

+959421729100

Website

Alerts

Be the first to know and let us send you an email when Smile Air Ticket Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smile Air Ticket Agent:

Share

Category


Other Kyaukpyu travel agencies

Show All