Uni Hearts Travel

Uni Hearts Travel ခရီးသွားချစ်မိတ်ဆွေတို့ လိုအပ်တဲ့ ခရီးသွား၀န်ဆောင်မှုများကို စိတ်တိုင်းကျ စီစဉ်ပေးနေပါတ
(12)

⚠ ပြည်တွင်းလေကြောင်းခရီးသွားများခင်ဗျာ... ယနေ့မှစ လေယာဥ်မထွက်ခွာမှီ ၄၈ နာရီအတွင်း RDT စစ်ဆေးရန်လိုအပ်ပါသည်ခင်ဗျာ။ RDT စစ...
15/02/2022

⚠ ပြည်တွင်းလေကြောင်းခရီးသွားများခင်ဗျာ... ယနေ့မှစ လေယာဥ်မထွက်ခွာမှီ ၄၈ နာရီအတွင်း RDT စစ်ဆေးရန်လိုအပ်ပါသည်ခင်ဗျာ။

RDT စစ်ဆေးရန် နေရာများကို comment တွင် ကြည့်နိုင်ပါသည်ခင်ဗျာ။

အားလုံးကျန်းမာကြပါစေ။🙏🙏🙏

❗️ထားဝယ် ၊ မြိတ် ၊ ကော့သောင်းမြို့ များသို့ လေကြောင်းခရီးဖြင့် သွားလာမည့်ခရီးသည်များ RDT ဆေးစစ်ထားသည့် လက်မှတ်ပါရှိရပါမည...
10/02/2022

❗️ထားဝယ် ၊ မြိတ် ၊ ကော့သောင်းမြို့ များသို့ လေကြောင်းခရီးဖြင့် သွားလာမည့်ခရီးသည်များ RDT ဆေးစစ်ထားသည့် လက်မှတ်ပါရှိရပါမည်။

❗️RDT မစစ်ဆေးရသေးလျှင် လေဆိပ်မှ စစ်ဆေးနိုင်ပါသည်။

😍😍Uni Hearts ရဲ့ ချစ်မိတ်ဆွေများရှင့်Air KBZမှ ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေစေရန် ထပ်တိုးပြေးဆွဲသော လေယာဥ်များကို U...
07/01/2022

😍😍Uni Hearts ရဲ့ ချစ်မိတ်ဆွေများရှင့်

Air KBZမှ ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေစေရန် ထပ်တိုးပြေးဆွဲသော လေယာဥ်များကို Uni Herats Travel မှ မှာယူမေးမြန်းနိုင်ပါပြီရှင်......

လက်မှတ်မှာယူချင်တယ်ဆိုရင်တော့
Phone- 09-975914339/09-784586229
🔹💌Facebook - Uni Hearts Travel (Page Messenger )
💜Viber – 09975914339 မှ ဆက်သွယ် စုံစမ်းလိုက်ပါနော်…….

😍😍Uni Hearts ရဲ့ ချစ်မိတ်ဆွေများရှင့်Air KBZမှ ပြည်တွင်းခရီးသွားလာမူများ အဆင်ပြေချောမွေ့စေရန် မြို့ကြီး ၁၃ မြို့ဖြစ်သောမ...
29/12/2021

😍😍Uni Hearts ရဲ့ ချစ်မိတ်ဆွေများရှင့်

Air KBZမှ ပြည်တွင်းခရီးသွားလာမူများ အဆင်ပြေချောမွေ့စေရန် မြို့ကြီး ၁၃ မြို့ဖြစ်သောမန္တလေး၊ သံတွဲ၊ လားရှိုး၊ တာချီလိတ်၊ ဟဲဟိုး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လွိုင်ကော်၊ နေပြည်တော်၊ စစ်တွေ၊ ထားဝယ်၊ ညောင်ဦးနှင့် ခန္တီးမြို့များသို့ ATR လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပါသည်။

လက်မှတ်မှာယူချင်တယ်ဆိုရင်တော့
Phone- 09-975914339/09-784586229
🔹💌Facebook - Uni Hearts Travel (Page Messenger )
💜Viber – 09975914339 မှ ဆက်သွယ် စုံစမ်းလိုက်ပါနော်…….

25/12/2021
🧡Uni Hearts ရဲ့ ချစ်မိတ်ဆွေများရှင့်     🧡🤍ပြည်တွင်းလေယာဉ်လက်မှတ် ၀ယ်ယူလိုသူများအတွက် ပြေးဆွဲလျက်ရှိသော ခရီးစဉ်များနှင့်...
21/12/2021

🧡Uni Hearts ရဲ့ ချစ်မိတ်ဆွေများရှင့်
🧡🤍ပြည်တွင်းလေယာဉ်လက်မှတ် ၀ယ်ယူလိုသူများအတွက် ပြေးဆွဲလျက်ရှိသော ခရီးစဉ်များနှင့် စျေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်ရှင့်..... 🧡
🧡ရန်ကုန် - မန္တလေး / မန္တလေး -ရန်ကုန် ၄၈၀၀၀ကျပ်
🧡ရန်ကုန် -ဟဲဟိုး / ဟဲဟိုး -ရန်ကုန် ၃၄၀၀၀ကျပ်
🧡ရန်ကုန် -ကျိုင်းတုံ / ကျိုင်းတုံ- ရန်ကုန် ၉၃၀၀၀ကျပ်
🧡ရန်ကုန်-ကျောက်ဖြူ / ကျောက်ဖြူ-ရန်ကုန် ၇၃၀၀၀ကျပ်
🧡ရန်ကုန်-လားရှိုး / လားရှိုး- ရန်ကုန် ၉၃၀၀၀ကျပ်
🧡ရန်ကုန်-မြိတ် / မြိတ်-ရန်ကုန် ၆၃၀၀၀ကျပ်
🧡ရန်ကုန်-မြစ်ကြီးနား / မြစ်ကြီးနား -ရန်ကုန် ၁၀၃၀၀၀ကျပ်
🧡ရန်ကုန်-နေပြည်တော် / နေပြည်တော်-ရန်ကုန် ၇၀၀၀၀ကျပ်
🧡ရန်ကုန်-တာချီလိတ် / တာချီလိတ်-ရန်ကုန် ၈၈၀၀၀ကျပ်
🧡ရန်ကုန်-ကော့သောင်း / ကော့သောင်း-ရန်ကုန်၉၃၀၀၀ကျပ်
🧡ရန်ကုန်-ထား၀ယ် / ထား၀ယ်-ရန်ကုန် ၅၇၀၀၀ကျပ်
🧡ရန်ကုန်-လွိုင်ကော် / လွိုင်ကော်-ရန်ကုန် ၅၅၀၀၀ကျပ်
🧡ရန်ကုန် -ဗန်းမော် /ဗန်းမော်-ရန်ကုန် ၈၃၀၀၀ကျပ်
🧡ရန်ကုန်- ကလေး / ကလေး-ရန်ကုန် ၈၃၀၀၀ကျပ်
🧡မန္တလေး-ဗန်းမော် / ဗန်းမော်-မန္တလေး ၄၈၀၀၀ကျပ်
🧡မန္တလေး -ခန္တီး / ခန္တီး -မန္တလေး ၆၆၀၀၀ကျပ်
🧡မန္တလေး-ကျိုင်းတုံ / ကျိုင်းတုံ- မန္တလေး ၆၆၀၀၀ကျပ်
🧡မန္တလေး-မြစ်ကြီးနား / မြစ်ကြီးနား -မန္တလေး ၅၃၀၀၀ကျပ်
🧡မန္တလေး-ပူတာအို /ပူတာအို - မန္တလေး ၇၃၀၀၀ကျပ်
🧡မန္တလေး-တာချီလိတ်/ တာချီလိတ် -မန္တလေး ၅၈၀၀၀ကျပ်
🧡မန္တလေး -ဟဲဟိုး / ဟဲဟိုး- မန္တလေး ၄၀၀၀၀ကျပ်
🧡မန္တလေး-လားရှိုး / လားရှိုး - မန္တလေး ၆၈၀၀၀ကျပ်
🧡ဟဲဟိုး -ကျိုင်းတုံ/ကျိုင်းတုံ-ဟဲဟိုး ၅၅၀၀၀ကျပ်
🧡ဟဲဟိုး -တာချီလိတ် /တာချီလိတ်- ဟဲဟိုး ၅၆၀၀၀ကျပ်
🧡ဟဲဟိုး-ညောင်ဦး / ညောင်ဦး - ဟဲဟိုး ၄၀၀၀၀ကျပ်
🧡မြစ်ကြီးနား-ပူတာအို /ပူတာအို-မြစ်ကြီးနား ၄၁၀၀၀ကျပ်
🤍အထက်ဖော်ပြပါစျေးနှုန်းများမှာ အနည်းဆုံးစျေးနှုန်းများဖြစ်ပါသဖြင့် သွားလိုသည့်ရက် နှင့် လက်မှတ်၀ယ်ယူသည့်အချိန်ပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။
🤍ခရီးသည်များ အနေဖြင့် ခရီးမထွက်မီ 36 နာရီအလို ဆေးစစ်ရန် လိုအပ်ပါသည်၊၊
🤍ငွေပေးချေမှု အဆင်ပြေလွယ်ကူအောင် KBZ Bank, CB, AYA( Mobile Banking ) မှတဆင့် ပေးချေလို့ရပါမယ်ရှင့်။
🤍Uni Hearts Travel က 🤍
🤍ဈေးနှုန်းမှန်ကန်ခြင်း
🤍Customer များကို ချစ်ခင်တန်ဖိုးထားပြီး စိတ်တိုင်းကျဖြစ်အောင် ဆောင်ရွက်ပေးခြင်း
🤍၀န်ဆောင်မှုနဲ့ပတ်သက်ပြီး စုံလင်စွာရှင်းပြခြင်းနှင့် ထာ၀န်ယူခြင်း စသည့် customer service ပိုင်းကို အမြဲအလေးထားမှုများကြောင့် ယုံကြည်စိတ်ချစွာ ၀ယ်ယူအားပေးနိုင်ပါသည်။
💌ဆက်သွယ်ရမည့် အချက်အလက်လေးကတော့ Phone- 09-975914339
Facebook - Uni Hearts Travel (Page Messenger ) Viber – 09975914339 မှ ဆက်သွယ် စုံစမ်းလိုက်ပါနော်……. 💙


0 Comments

Uni Hearts မှချစ်မိတ်ဆွေများရှင့် 💛Golden Myanmar Airlines မှ 21st, Dec 2021 မှ စတင်၍ Yangon – Mandalay– Myitkyina – Man...
15/12/2021

Uni Hearts မှချစ်မိတ်ဆွေများရှင့် 💛

Golden Myanmar Airlines မှ 21st, Dec 2021 မှ စတင်၍ Yangon – Mandalay– Myitkyina – Mandalay – Yangon ခရီးစဥ်ကိုအပတ်စဉ် (အင်္ဂါ နှင့် ကြာသပတေး )နေ့များတွင် အထူးဈေးနှုန်းများဖြင့် ပြန် လည်၍ ပျံသန်းပြေးဆွဲပေးမည် ဖြစ်ပါကြောင်းသတင်း ပါးအပ်ပါသည်။

လက်မှတ်အတွက် စုံစမ်းမေးမြန်းလိုသည်များကို
Phone- 09-975914339
မှဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင့်


Happy New Year 2021 !🥳🥳ကပ်ရောဂါကြီး ကင်းစင်းပြီး ကံကောင်းခြင်း နဲ့ ကျန်းမာပျော်ရွှင်ခြင်း ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာ ဖြစ...
01/01/2021

Happy New Year 2021 !🥳🥳
ကပ်ရောဂါကြီး ကင်းစင်းပြီး ကံကောင်းခြင်း နဲ့ ကျန်းမာပျော်ရွှင်ခြင်း ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ။ 🤩🤩
ခရီးတွေလဲ ပြန်ထွက်နိုင်ပြီး ပျော်ရွှင်စရာ အမှတ်တရများစွာ ပိုင်ဆိုင်နိုင်ပါစေနော်။ 🥰🥰

Air KBZ လေကြောင်းလိုင်းဖြင့် ပြည်တွင်းခရီးစဥ်များတွင် ခရီးသွားလာမည့် လေယာဥ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ...
24/12/2020

Air KBZ လေကြောင်းလိုင်းဖြင့် ပြည်တွင်းခရီးစဥ်များတွင် ခရီးသွားလာမည့် လေယာဥ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ

ပြည်တွင်းလေကြောင်းခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင...
22/12/2020

ပြည်တွင်းလေကြောင်းခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

Credit Ministry of Health and Sports

ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လေယာဉ်စီး ခရီးသည်များ လိုက်နာဆောင်ရွက်ရန်လေယာဉ်ထွက်ခွာ/ ဆိုက်ရောက်မည့် မြို့နယ်များ၏ S...
14/12/2020

ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လေယာဉ်စီး ခရီးသည်များ လိုက်နာဆောင်ရွက်ရန်

လေယာဉ်ထွက်ခွာ/ ဆိုက်ရောက်မည့် မြို့နယ်များ၏ Stay at Home သတ်မှတ်ချက်ပေါ် မူတည်ကာ လိုက်ပါမည့် ခရီးသည်များလိုက်နာဆောင်ရွက်ရမည့် COVID- 19 ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့် အသွားအလာ ကန့်သတ်ခြင်း

(က) ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း
Rapid Antigen Diagnostic Test (NDT)ဖြင့်
စစ်ဆေးထားသည့် Covid-19 ရောဂါပိုးမရှိကြောင်းဓါတ်ခွဲစမ်းသပ်ချက်ကို Check-inဝင်သည့်အချိန်၌ တင်ပြနိုင်ရမည်။

(ခ) Check-in ဝင်သည့်အချိန်တွင် မိမိနေရပ်လိပ်စာဖြည့်စွက်ရာတွင် ဆိုက်ရောက်သည့်မြို့၌တည်းခိုမည့်နေရာကို တိကျမှန်ကန်စွာ ဖြည့်စွက်ရမည်။

(ဂ) Stay-at-Home ဒေသမှ လာသောခရီးသည်များအနေဖြင့် Non-Stay-at-Home ဒေသသို့ရောက်ရှိပါက Facility Quarantine(သို့မဟုတ်)
Hotel Quarantine ဝင်ရမည်။ ရောက်ရှိသည့်နေ့၌ Facility Quarantine မလုံလောက်ပါကHotel Quarantine ကိုမိမိစရိတ်ဖြင့်ဝင်ရောက်ရမည်။ Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် RT-PCR Testကိုမိမိစရိတ်ဖြင့်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quarantine မှထွက်နိုင်သည်။ RT.PCR Test ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ Rapid Antigen Diagnostic Test (NDT)ဖြင့်သာစစ်ဆေးပါက Quarantine ကို (၇) ရက်အကြာဝင်ရမည်။ စစ်ဆေးမှုစရိတ်များကိုအောက်ပါအတိုင်း မိမိစရိတ်ဖြင့်ပေးချေရမည်။
စစ်ဆေးမှုအမျိုးအစား
~~~~~~~~~~~~~~~~~~
Reverse Transcriptase Polymerase Chain ReactionTest (RT-PCR)တစ်ကြိမ်ဈေးနှုန်း ၃၅,၀၀၀ ကျပ်

Rapid Antigen Diagnostic Test
(RDT)တစ်ကြိမ်ဈေးနှုန်း ၁၀,၀၀၀ ကျပ်

(ဃ) Stay-at-Home ဒေသမှလာသောခရီးသည်များအနေဖြင့် အခြား Stay-at-Homeဒေသသို့ သွားပါက ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (NDT) ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(c) Non-Stay-at-Homeဒေသမှ လာသောခရီးသည်များအနေဖြင့် မည်သည့်ဒေသသို့ပင်သွားစေကာမူခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid AntigenDiagnostic Test (RDT)ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(စ) သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။

(ဆ) ခရီးသည်များ အနေဖြင့် COVID-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ သတ်မှတ် ခရီးစဉ်တွင်လိုက်ပါရမည်။

(သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့်လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ် များအား မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန်၊)

မှတ်ချက်။ ။Quarantine ဆိုင်ရာသတ်မှတ်ချက်များသည် ပြောင်းလဲလာသည့်အခြေအနေအချိန်အခါ(Changing Epidemiological Situation) ပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်တွင်းလေကြောင်းလက်မှတ် ဝယ်ယူရမည့် ခန့်မှန်း လုပ်ဆောင်ရမယ့်အချက် လေယာဉ်လက်မှတ် ဝယ်ပြီး ဆေးစစ်ချက် အောင်မြင်မှသာ လေယာဥ်...
13/12/2020

ပြည်တွင်းလေကြောင်းလက်မှတ် ဝယ်ယူရမည့် ခန့်မှန်း လုပ်ဆောင်ရမယ့်အချက်

လေယာဉ်လက်မှတ် ဝယ်ပြီး ဆေးစစ်ချက်
အောင်မြင်မှသာ လေယာဥ် စီးနင်းခွင့် ရရှိမည်။

မကြာခင်ပြည်တွင်းလေကြောင်းလိုင်းများပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်သော်လည်း လေယာဥ် လက်မှတ်ဝယ်ယူပြီး ဆေးစစ်ချက် အောင်မြင်ပြီးမှသာ လေယာဥ် စီးနင်းခွင့်ကို ရရှိမည်ဖြစ်သည်ဟု လေကြောင်းလိုင်းအသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ
ဒီဇင်ဘာ ၁၂ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ချက်တွင်
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဥ်များပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်းများ (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ရက်မှစ၍ စတင်ဆောင်ရွက်သွားရန် COVID 19ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ၏ လမ်းညွန်မှုအရ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးလာပြီး ပြည်တွင်းလေကြောင်းလိုင်းများသိရှိရန် ဆက်လက်အသိပေးရန် အကြောင်းကြားစာထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

" လက်မှတ်ဝယ်ပြီးရင် သူတို့သတ်မှတ်ထားတဲ့စင်တာ မှာ သွားစစ်ရင် ဦးစားပေးစစ်ပေးမယ်။ ကျသင့်တဲ့အခကိုတော့ ပေးရမယ်။ စစ်ဆေးချက်အောင်ရင် လေယာဥ် စီးခွင့်ပြုမယ်။လက်မှတ်ကကြိုဝယ်ရမယ်။ သွားမယ့် ရက်ထက် အဲဒါမှ လက်မှတ် ပြပြီး ဆေးစစ်ရမှာ။ လောလော ဆယ် Stay at Home ဒေသတွေကနေ Stay at Home မဟုတ်တဲ့ ဒေသကို သွားရင် သက်ဆိုင်ရာ မြို့ရောက်တဲ့အချိန်ကျရင် Q ဝင်ရမယ်။ သုံးရက် သို့မဟုတ် ၇ ရက် ဝင်ရမယ်။ဒါပေမယ့် အဲဒါကိုလည်း ဖြေလျော့ပေးဖို့အတွက်ပြန်ညှိနှိုင်းနေတယ်"ဟု လေကြောင်းလိုင်းတစ်ခုမှ အရောင်းကိုယ်စားလှယ် တစ်ဦးကလည်း Travelling journal သို့ပြောသည်။

ထို့ပြင်လေကြောင်းလိုင်းများကလည်းမြို့အားလုံးသို့ ခရီးစဥ်မဆွဲပဲ ခွဲပြီးဆွဲသွားရန်အတွက် ညှိနှိုင်းနေကြောင်းသိရသည်။

"ပြုံဆွဲရင်တော့ သူလည်းခရီးသည်မရ ကိုယ်လည်းခရီးသည်မရ ဖြစ်မှာစိုးတယ်။ ခရီးသည် ရရှိမှုပေါ်ကိုမူတည်​ပြီး ဆွဲသွားမှာပါ။ အဲဒီအတွက် ကြေညာချက်ထွက်လာပါအုံးမယ်။အခုတော့ လေကြောင်းလိုင်းတွေ ညှိနေကြပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ဒီဇင်ဘာ ၁၅ရက်နေ့ထိ ခရီး စဥ်များ ပျံသန်းပြေးဆွဲခွင့်ကို ရပ်ဆိုင်းထားကြောင်း သိရသည်။

Credit-
journal

Scheduled Flights

ချစ်တို့ရေ😍😍….ရှေ့အပတ်က ထားဝယ်ရှင်ကိုးရှင် အကြောင်းရေးထားပြီးပြီဆိုတော့ ဒီတစ်ခေါက် လည်လို့မကုန်နိုင်တဲ့ ထားဝယ်မြို့ 💙Pho...
04/12/2020

ချစ်တို့ရေ😍😍….ရှေ့အပတ်က ထားဝယ်ရှင်ကိုးရှင် အကြောင်းရေးထားပြီးပြီဆိုတော့ ဒီတစ်ခေါက် လည်လို့မကုန်နိုင်တဲ့ ထားဝယ်မြို့ 💙Photo Stop Point💙 လေးပြောပြဦးမယ်နော်…….

ထားဝယ်မြို့က ဘုရားစေတီတွေအပြင် ကျွန်းတွေ၊ တောင်တွေ လည်ပတ်စရာသိပ်ကိုများပြီး သဘာဝအလှအတိုင်းရှိနေတဲ့မြို့လေးပေါ့….🥰

ဘုရားဖူးကြီးပဲမသွားချင်ပါဘူး.. 😉လူငယ်ပီပီ instragramable ဖြစ်တဲ့နေရာလေးတွေသွားပြီး ဓာတ်ဖမ်းမယ်ဆိုသူတွေအတွက်ကတော့ နေရာလေးတွေ ရွေးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်……😃

မောင်းမကန်ကမ်းခြေ💙💙
ထားဝယ်နဲ့မောင်းမကန်ကမ်းခြေကတော့ ခွဲထားလို့မရပါဘူးနော်…..လူသွားလူလာများလို့ ရေကတော့ နောက်တတ်ပြီး စားသောက်ဆိုင် တည်းခိုခန်းလေးတွေပေါပါတယ်……

မျှောရစ်ကမ်းခြေ နှင့် မျော်ရစ်ဘုရား💙💙
မောင်းမကန်ရွာကနေ (၈မိုင်) ကျော်လောက်မှာ မျောရစ်ကမ်းခြေကို ရောက်နိုင်ပါတယ်… မျော်ရစ်ဘုရားကိုတော့ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ ဘုရားလို့သိရပါတယ်.. ကျွန်းပေါ်မှာတည်ထားတဲ့ဘုရားမို့ အေးချမ်းလှပါတယ်…..ကျောက်ဆောင်တွေကို ရိုက်ခတ်နေတဲ့လှိုင်းပြာပြာကြီးတွေနဲ့ သိပ်သာယာလှပတဲ့ မျော်ရစ်ဘုရားနှင့် မျှော်ရစ်ကမ်းခြေကလည်း Photo Stop အတွက်နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်…….

ဆင်ထောက်ကမ်းခြေ💙💙
ဆင်ထောက်ကမ်းခြေကတော့ ထားဝယ်မြို့မှ ၂နာရီဝန်းကျင်လောက်သွားရပါတယ်…. ကမ်းခြေမှာ တည်းဖို့ ဘန်ဂလို လေးတွေရှိလို့ ညအိပ်သွားရင်လည်းရတဲ့နေရာလေးပါ။
သိပ်ပြီးမစည်ကားသေးတာမို့ အစားအသောက် နှင့် တည်းခိုဖို့ဈေးကြီးပါတယ်တဲ့။ ထားဝယ်မြို့သွားရင် ကမ်းခြေမှာအိပ်လို့ရတဲ့တစ်နေရာပေါ့….. တကယ်လို့သိပ်အချိန်မရရင်တော့ ဆင်ထောက်သွားဖို့က recommend တော့ မပေးချင်ပါဘူး……..

ဖိုးဖိုးကျောက်💙💙
ဆင်ထောက်ကမ်းခြေကနေ ၄၅မိနစ်လောက်မောင်းလိုက်ရင် တံငါရွာလေးကို ရောက်ပြီးဖိုးဖိုးကျောက်ကို ဆိုင်ကယ် (၁၅မိနစ်) လောက်စီးရပါမယ်.. ညနေပိုင်းမှာ အဆင်ပြေပြီး ဓာတ်ပုံရိုက်လို့ကောင်းတာပေါ့နော်…… နေ့ခင်းပိုင်ကတော့ပူလို့ပါ…..ထားဝယ်ကိုသွားရင်တော့ တခြားကမ်းခြေတွေ မသွားဖြစ်ရင်တောင် ရှင်မော် သွားရင်းနဲ့ ဖိုးဖိုးကျောက်ကို သွားဖြစ်အောင်သွားခဲ့ကြပါလို့ …..ဖိုးဖိုးကျောက်မှာ ရေကြည်ချက်ကတော့ 9++ ပါ ရေစိမ်လို့ရသလို snorkeling အတွက်သိပ်ကို လှတဲ့ ကမ်းခြေပါ…….ညအိပ်နေချင်သူတွေအတွက်လည်း Tend လေးတွေငှားလို့ရပါပြီး စားသောက်ဆိုင် မှာလည်း ပင်လယ်စာများရနိုင်တဲ့ နေရာလေးတစ်ခုပါ။ သဲဖြူဖြူ ရေကြည်စိမ်းနေပြီး သိပ်ကို လှတဲ့ ကမ်းခြေပါ….
(အချိန်ရသေးရင်မြင်းခွာအော်ဘက်ကိုလည်းသွားလို့ရပါသေးတယ် )

The Village Restaurant💙💙
The Villlage café လေးကတော့ ရှင်မော်သွားတဲ့လမ်းလေးမှာရှိတဲ့ဆိုင်လေးပါ….instagramable ဖြစ်အောင် အသေးစိတ် အပြင်အဆင်လေးနဲ့ Photo Point နေရာလေးတစ်ခု အဖြစ် အခုတလော ရေပန်းစားလာပါတယ်…
ကလုံးထာရွာအနီးက တလိုင်းယာချောင်းလေး နှင့် သဘာဝရေပူကန်
ဒီတလိုင်းယာချောင်းလေးကို သွားဖို့ ဆရာတော်ကြီးတစ်ပါးက ကျောက်လှေကားလှလှေးတွေ နားနေဖို့ခုံလေးတွေ သွားလာရအဆင်ပြေအောင်လုပ်ပေးထားတယ်လို့ သိရပါတယ်။ သူကလည်း တော့ ရေဖြူကျော်ကျော် ကလုံးထားရွာအနီးမှာရှိပြီး ဓာတ်ဖမ်းချင်းသူတွေအတွက်တော့ အကောင်းဆုံးနေရာလေးပေါ့….ဘာဆိုမှတော့မရှိလို့ ယူဆောင်သွားဖို့တော့မမေ့နဲ့ဦးနော်……

ထန်းပင်တန်း 📷📷
နောက်တစ်ခုက ထန်းပင်တန်းလမ်းလေးဖြစ်တဲ့ ကျန်းမာရေးလမ်းလေးမှာလည်း ဓာတ်ဖမ်းခဲ့ဖို့မမေ့နဲ့နော်🥰

ထားဝယ်မှာရိုးရာမုန့်စုံ တွေ၊ ပင်လယ်စာလတ်လတ်ဆက်ဆက်တွေရှိရာ ချစ်စရာကောင်းတဲ့ စကားသံဝဲ၀ဲလေးနဲ့ ထားဝယ်သူလေးတွေ ရောင်းတဲ့ ထားဝယ်ညဈေးကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ….😃😃

👀👀သယောင်ကမ်းခြေ၊တီဇစ်ကမ်းခြေ၊မယင်းကြီး စသည့်ကမ်းခြေမြောက်များစွာလည်းရှိတာမို့ ယခုဖော်ပြပေးထားတာလေးကတော့ ထားဝယ်မှာ နာမည်ကြီးတဲ့ကမ်းခြေနှင့် နေရာလေးတစ်ချို့ပါ နော်……💙

ချစ်စရာကောင်းတဲ့ဒီဒေသလေးကို ချစ်တို့ရောရောက်ဖူးပြီးကြပြီလား??....😉😉

Photo credit to original uploader


လေကြောင်းလိုင်းများ ၁၅ ရက်ဒီဇင်ဘာထိ ရပ်ဆိုင်းမှု တိုးမြင့်ထားပါကြောင်း.....
29/11/2020

လေကြောင်းလိုင်းများ ၁၅ ရက်ဒီဇင်ဘာထိ ရပ်ဆိုင်းမှု တိုးမြင့်ထားပါကြောင်း.....

မင်္ဂလာရှိသော တန်ဆောင်တိုင်လေးဖြစ်ဖို့ ကျွနုပ်တို့အတူတကွ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပါစို့………🌺🌺🌺Photo credit to origina...
29/11/2020

မင်္ဂလာရှိသော တန်ဆောင်တိုင်လေးဖြစ်ဖို့ ကျွနုပ်တို့အတူတကွ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပါစို့………🌺🌺🌺

Photo credit to original uploader


ထားဝယ် ရှင်ကိုးရှင်ဘုရား လမ်းညွှန်😃😃ဒီတစ်ခေါက်ချစ်တို့ကို မြန်မာနိုင်ငံ တနလာင်္ရီတိုင်းက (ရှေးခေတ် သာယာဝတီမြို့) ထားဝယ်မြို...
24/11/2020

ထားဝယ် ရှင်ကိုးရှင်ဘုရား လမ်းညွှန်😃😃

ဒီတစ်ခေါက်ချစ်တို့ကို မြန်မာနိုင်ငံ တနလာင်္ရီတိုင်းက (ရှေးခေတ် သာယာဝတီမြို့) ထားဝယ်မြို့လေးကိုခေါ်သွားမယ်နော်… 😘ခရီးတွေပြန်သွားရတော့မယ်ဆို ထားဝယ်ကလည်း သွားသင့်တဲ့နေရာလေးပေါ့🥰

ထားဝယ်မြို့သားများ အထွဋ်အမြတ်ထားတဲ့ 🌺ရှင်းကိုးရှင်ဘုရား 🌺ကိုးဆူအကြောင်းလေးပြောပြချင်ပါတယ်….

🥰ရှင်ကိုးရှင် အနက် သွားလာရလွယ်ကူတဲ့ ရှင်ရှိသလို မြို့နဲ့တော်တော်လှမ်းတဲ့နေရာမှာ တည်ထားတဲ့ရှင်လည်းရှိတာမို့ 🥰ဒါလေးတွေသိထားရင် ခရီးလမ်းကြောင်းအတွက် အထောက်အကူဖြစ်စေမှာပါ။

🌺🌺ရှင်ဆံတော်စေတီ (ကလိန်အောင်ဘုရား)
ရှင်ဆံတော်စေတီကတော့ ရေးနဲ့ထားဝယ်ကြားမှာရှိတဲ့ တောင်ပေါ်မှာ တည်ထားတဲ့စေတီလေးဖြစ်ပြီး ရှင်ဆံတော်နှင့် ထားဝယ် (၄၈မိုင်) ကားဖြင့် တစ်နာရီခွဲကျော်ကျော်မောင်းရပါတယ်။ ကလိန်အောင်ရှင်ဆံတော်မှာ အနီးနားဝန်းကျင်ရှုခင်းတွေက သာယာလှတာမို့ ဓာတ်ပုံရိုက်လို့ လှပပြီး တောင်တတ်လမ်းက ပြေပြစ်လို့ သွားလာရလွယ်ကူပါတယ်။ 🥰များသောအားဖြင့် ထားဝယ်အသွားလမ်းမှာဝင်ဖူးကြပြီး နံနက်ခင်းအချိန်က ☀️ရှုခင်းအလှဆုံးအချိန်လို့ပြောရမယ်…..

🌺🌺ရှင်ဓာတ်ဝဲစေတီ
ရှင်ဓာတ်ဝဲစေတီဟာ ရေးမြို့မှ ထားဝယ်မြို့မရောက်ခင် (၇မိုင်)အကွာ မောင်မယ်ရှောင်ရွာမှာ တည်ထားတဲ့စေတီပါ။ လမ်းကောင်းတာမို့ ရှင်ဓာတ်ဝဲကို အသွားလမ်းမှာတင် ချောမွေ့စွာ ဖူးမျော်နိုင်ပါတယ်… ရှင်ဓာတ်ဝဲစေတီကို နှစ်စဉ် တပိုတွဲလပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်တဲ့…….

🌺🌺ရှင်ဥသြ
ရှင်ဥသြ ဘုရားကတော့ ထားဝယ်မြို့ပေါ်မှာ ရှိပါတယ်။ မြို့ပေါ်မှာရှိတဲ့ ဘုရားနှစ်ဆူကတော့ ရှင်ပင်ခရုနှင့်ရှင်ဥသြ ပင်ဖြစ်ပါတယ်။

🌺🌺ရှင်ပင်ခရုဘုရား
ရှင်ပင်ခရုသည် ထားဝယ်မြို့ပေါ် မှာတည်ထားတဲ့ဘုရားဖြစ်လို့ ဖူးမျှော်ရလွယ်ကူပါတယ်။

🌺🌺ရှင်မုတ္ထီးဘုရား
ရှင်မုတ္ထီးကို ထားဝယ်မြို့ (၆မိုင်) အကွာ နီးရှိ သရက်ချောင်ကျေးရွာ တွင်တည်ထားပါတယ်….ရှင်မုတ္ထီးဘုရားတွင် ရှေးမွန်စာများနှင့် သမိုင်းဝင်ခေါင်းလောင်းကတော့ဖြင့် လေ့လာမှတ်သားစရာတစ်ခုပင် ဖြစ်ပါတယ်။ တောင်တတ်လမ်းဟာ ကျဉ်းလို့ ကားကြီးများတတ်ရန်အဆင်မပြေမှုတွေရှိပြီး တောင်တတ်ကားများအသင်းနှင့်ချိတ်ဆက်ခါ ငှားလို့ရပါတယ်……

🌺🌺ရှင်တောင့်ပုံစေတီ
ရှင်တောင့်ပုံစေတီကို ထားဝယ်မှ ဘိတ်ဆီသွားတဲ့လမ်း (၁၈မိုင်) ခန့်က သရက်ချောင်ကျေးရွာအရှေ့ ရှင်တောင့်ပုံတောင်ပေါ်တွင် တည်ထားကိုးကွယ်ထားပါတယ်….ထားဝယ်မြစ်နှင့် ကျယ်ပြန့်တဲ့လယ်ကွင်းတွေနဲ့ တိုက်ခတ်လာတဲ့လေ လေးတွေက ရင်ကို အေးမြစေတာပေါ့…..

🌺🌺ရှင်တောက်ထိန်စေတီ
ရှင်တောက်ထိန်သည် ထားဝယ် -မောင်းမကန်ခြေအသွားလမ်းထားဝယ်မှ (၂မိုင်) အကွာမှာရှိပါတယ်။ မောင်းမကမ်းခြေဖြင့်လမ်းသင့်တဲ့ ရှင်တွေကတော့ ရှင်တောက်ထိန်နှင့် ရှင်ဇလွန်ပဲဖြစ်ပါတယ်……

🌺🌺ရှင်ဇလွန်စေတီ
ရှင်ဇလွန်ကို ရှင်တောက်ထိန်မှဆက်သွား လို့ရပြီး မြို့ဟောင်းရွာလေးမှာ တည်ထားပါတယ်။ ထားဝယ်နှင့် (၇မိုင်) အကွာမှာ တည်ရှိပါတယ်။

🌺🌺ရှင်မော်ဘုရား
ရှင်မော်ဘုရားကတော့ ရှင်ကိုးရှင်ဘုရားဖူးများအတွက် Hight Light နေရာတစ်ခုပါ။ ရှင်မော်ကို ကြက်လွှတ်ရွာ လောင်းလုံမြို့နယ် တောင်ပေါ်တွင် တည်ထားကိုးကွယ်ထားပါတယ်။ ရှင်ကိုးရှင်အနက် ထားဝယ်နဲ့အဝေးဆုံး (၅၉မိုင်) မှာရှိတဲ့ဘုရားဖြစ်သလို ရှင်မော်ဘုရားကို တစ်ရက်သီးသန့် အချိန်ပေးလည်ပတ်မည်ဆိုလျှင် ပိုအဆင်ပြေပါတယ်။ လမ်းခရီးမှာ တောင်တွေကို ဖြတ်ကျော်ရတာမို့ အကွေ့အကောက်များပြားလှပါတယ်။

💙💙ရှင်မော်ကိုသွားရင်းနဲ့သိပ်လှတဲ့ကမ်းခြေ ရေကြည်လင်တဲ့ မြင်းခွာအော် နှင့် ဘိုးဘိုးကျောက် ( ဘိုးဘိုးကျောက်ကို သွားချင်ရင်တော့ လှေတဆင့်စီးရပါမယ်) ကိုလည်းဝင်လို့လမ်းသင့်ပါတယ်နော်…… 🥰

💚အားလုံးရှင်ကိုးရှင် တစ်ရက်တည်းဖူးနိုင်တဲ့သူတွေရှိသလို 💚သုံးရက်လောက်အချိန်ယူဖူးကြတဲ့ ဘုရားဖူးတွေလည်းရှိပါတယ်….

(၁) ရေး-ထားဝယ်လမ်းရှိ ( ရှင်ဆံတော် နှင့် ရှင်ဓာတ်ဝဲ )
(၂) ထားဝယ်မြို့ထဲရှိ ( ရှင်ဥသြ နှင့် ရှင်ပင်ခရု )
(၃) ထားဝယ်မြို့အနီးနား သရက်ချောင်းကျေးရွာအနီးရှိ ( ရှင်မုတ္ထီး နှင့် ရှင်တောင့်ပုံ )
(၄) မောင်းမကမ်းခြေဘက်ရှိ ( ရှင်ဇလွန် နှင့် ရှင်တောက်ထိန် )
(၅) ဖိုးဖိုးကျောက် ကမ်းခြေနှင့်အနီး ထားဝယ်နှင့် အဝေးဆုံး ရှင်မျော်
လို့ အလွယ်လေးမှတ်လို့ရပါတယ်နော်…

💜💜အခြားထင်ရှားတဲ့ ဘုရားများဖြစ်တဲ့ ရွှေတောင်းစားဘုရား၊ ရပ်တော်မူဘုရား၊ လောကမာရဇိန် ၊လောကသရဖူလျောင်းတော်မူဘုရားကြီး၊ ဆုတောင်းပြည့်အရူးပျောက်ဘုရားကြီးနှင့် သမိုင်းဝင်မျှော်ရစ်ဘုရား 😃တို့ကိုလည်း ၀င်ရောက်ဖူးမျှော်နိုင်ပါတယ်နော်။😘😘

😉ရှိကိုရှိတယ်💙💙💙 ဒီချိန်မှာ ငပလီကို လွမ်းနေတဲ့သူတွေ ရှိကိုရှိတယ်🤓🤓👀ဒီချိန်ဆို အလုပ်တွေကြားက ပြေးထွက်ဖို့ ပင်လယ်ခရီးလေး အ...
19/11/2020

😉ရှိကိုရှိတယ်💙💙💙 ဒီချိန်မှာ ငပလီကို လွမ်းနေတဲ့သူတွေ ရှိကိုရှိတယ်🤓🤓

👀ဒီချိန်ဆို အလုပ်တွေကြားက ပြေးထွက်ဖို့ ပင်လယ်ခရီးလေး အတွေးထဲဝင်လာပြီ…..
👀ဒီချိန်ဆို တန်ဆောင်တိုင် နဲ့ ဒီဇင်ဘာရုံးပိတ်ရက်တွေအတွက် ပင်လယ်ခရီးလေး စီစဉ်နေပြီ…..
👀ဒီချိန်ဆို ခရီးသွားရာသီစလို့ငပလီကြီးလည်းအသက်ဝင်နေပြီ…….
👀ဒီချိန်ဆို seaview အခန်းလေးရဖို့ ကြိုတင် booking တွေတင်နေပြီ………
👀ဒီချိန်ဆို တစ်နှစ်ပတ်လုံး ပင်ပန်းသမျှအမောပြေစေဖို့ မိသားစုခရီးလေး စီစဉ်နေပြီ……
👀ဒီချိန်ဆို Uni Hearts ရဲ့ Promotion Plan တွေ ရဖို့ Uni Hearts Page လေးကို အမြဲစောင့်ကြည့်နေပြီ……
👀ဒီချိန်များဆိုရင် ပင်လယ်ကြီးလည်း ဘယ်လောက်များလှနေလိုက်မလဲနော်………
🥰🥰လှပတဲ့ ကမ္ဘာကြီးအနှံပြန်လည် အသက်ဝင် အားလုံးခံစားနိုင်ပါစေ…….🥰🥰
😉
ဆုမွန်ကောင်းတောင်းလျှက် 🙏🙏🙏🥰


Address

No 15/3, Btw 27th & 28th, 63rd & 64th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959975914339

Alerts

Be the first to know and let us send you an email when Uni Hearts Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Uni Hearts Travel:

Videos

Share


Other Tours & Sightseeing in Mandalay

Show All