Mandalay K&K Travel and Tours Co,Ltd

Mandalay K&K Travel and Tours Co,Ltd Car rental and E ticketing services. Inbound and outbound tours.

12/12/2023
19/10/2023

ထိုင်းဆေးစစ် ၂ညအိပ်၃ရက်အပြီးအစီးကြိုက်သူများအတွက်လည်းအောက်ပါစျေးနှုန်းများ (လေယာဥ်လက်မှတ်အသွားအပြန်မပါဝင်ပါ) အတိုင်းသွားရောက်နိုင်ပါပြီ
☎️☎️☎️09968922002/09882225324

For Knowledge sharing
03/09/2023

For Knowledge sharing

ခေါင်းလောင်းတစ်လုံးဟာ ဘာကြောင့် အသံမမြည်တာလဲ
အထက်ပါ မေးခွန်းကိုဖြေပေးသူကတော့ မန္တလေး တမ္ပဝတီ ကြေးသွန်းရပ်မှ ပြူခေတ်သမိုင်းသုတေသီ၊ မြန်မာမှုပညာရှင်၊ လက်ရှိ ကြေးသွန်းလုပ်ငန်းကို လုပ်ကိုင်နေသူ ဆရာကြီး တမ္ပဝတီဦးဝင်းမောင် ပဲဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းလောက်အောင် ကြေးသွန်းပညာဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာမှ မန္တလေးတမ္ပဝတီရပ်၊ တမ္ပဝတီရပ်မှာမှ ဦးဝင်းမောင်အပါအဝင် ကြေးသွန်းလုပ်ငန်း လုပ်ကိုင်သူ မိသားစု သုံးစု၊ ဆရာကြီးသုံးဦးသာ ကျန်ပါတော့တယ်။ အဲဒီဆရာကြီး သုံးဦးသာ မရှိလျှင် မြန်မာနိုင်ငံမှာ ကြေးသွန်းပညာ တိမ်ကော သွားနိုင်ပါပြီ။
ဒါတွေထားလို့ မူလ မေးခွန်းဖြစ်တဲ့ ခေါင်းလောင်းတစ်လုံးဟာ ဘာကြောင့် အသံမမြည်တာလဲ ဆိုတာကို ဆရာဦးဝင်းမောင်က ဒီလိုဖြေပါတယ်။
" ခေါင်းလောင်း တစ်လုံးကို သွန်းလုပ်တဲ့အခါ မို ( mould ) ထဲကို ကြေးရည်တွေ လောင်းထည့်တဲ့အချိန် သတ်မှတ်ချိန် အတွင်း အလျင်မီအောင် လောင်းထည့်ရပါတယ်။ ပထမလောင်းထည့်လိုက်တဲ့ ကြေးရည်တွေ အေးပြီး မခဲမီ၊ နောက်ကြေးရည်တွေကို အချိန်ကိုက် လောင်းထည့်ရပါတယ်။ ရှေ့ ကြေးရည်တွေ အေးပြီး ခဲ သွားခဲ့ရင် နောက်လောင်းထည့်တဲ့ ကြေးရည်နဲ့ အတွင်းထဲမှာ မဆက်တော့ပါဘူး။ အဲဒီလို မဆက်တော့တဲ့အခါ အတွင်းမှာအက်ကြောင်းဖြစ်ပြီး ခေါင်းလောင်းက အသံမမြည်တော့ ပါဘူး။
နောက်တစ်ချက်ကတော့ ခေါင်းလောင်းသွန်းပြီး သွားတဲ့အခါမှာ စိတ်ချရတဲ့ အချိန်တစ်ခုရောက်မှ မိုလုပ်စဉ် မံထားတဲ့ ရွှံတွေကို ခွာရပါတယ်။ အညီအမျှ မအေးမီ ခွာလိုက်ရင် ခွာလိုက်တဲ့ နေရာက အေးပြီး အပူ အအေးမျှပဲ အက်သွားပါတယ်။ အဲဒီအခါ ခေါင်းလောင်း အသံမမြည်တော့ပါဘူး။ "
အဲဒီလို ခေါင်းလောင်းသွန်းတဲ့ အထာမှ မသိပဲ ရုရှားက ဇာကိုလိုကိုး (Tsar Kolokol) ခေါင်းလောင်းကြီးဟာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည် လို့ မှားယွင်းရေးနေ ပြောနေကြတာတွေ တွေ့ရတယ်။ wiki က ခေါင်းလောင်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ် အချို့အောက်မှာ ရောပေါ့။
အကျဉ်းဆုံး ချုံးပြောရရင် ဇာကိုလိုကိုး ခေါင်းလောင်းကြီးကို Ivanovsky Square မှာ မြေကျင်းအကြီးကြီး တူးပြီး 1734 မှာ ခေါင်းလောင်း စသွန်းတယ်။
1735 သြဂုတ်လမှာ ခဏရပ်နားပြီး နောက်သုံးလ အကြာ နိုဝင်ဘာမှာ ထပ်သွန်းတယ်။
အလှအပ အချယ်အလှယ်လုပ်နေလို့ မပြီးသေးခင် 1737 မှာ သစ်သားထောက်တိုင်ကြီးတွေအထိ မီးလောင်တယ်။
ရေတွေနဲ့ ဝိုင်းပက်လို့ အပူအအေး မမျှတပဲ အခုမြင်နေရတဲ့ ၁၁တန်ကျော်လေးတဲ့ အပဲ့ကြီး ပဲ့ထွက်သွားတယ်။
နောင် နှစ်တရာကျော် 1836 ကျမှ တွင်းထဲက ထုတ်နိုင်ပြီး အောက်ခံခုံပေါ် တင်နိုင်တယ်။
(မိုက ရွှံ့လေး ခွာလိုက်ရင်တောင် ခွာတဲ့နေရာက အေးပြီး အက်၊ အသံမထွက်နိုင်တာ အကြိမ်ကြိမ် သွန်းရတဲ့ ဒီဟာကြီး ဘယ်တုန်းကမှ အသံမထွက်တာ ထင်ရှားပြီ။)
တကယ်မရှိတဲ့ ကောဠဟလ ထဲက အကြီးဆုံးဆိုတဲ့ ခေါင်းလောင်းကိုလည်း မတွေ့၊ သက္ကရာဇ် ၂၀၀၀ အထိ ချိတ်ဆွဲနိုင်တဲ့ ခေါင်းလောင်းလောင်းတွေထဲမှာ အသံမြည်တဲ့ အကြီးဆုံးဖြစ်တဲ့ မင်းကွန်းခေါင်းလောင်းကြီးကို မနာလိုတဲ့သူတွေက အွန်လိုင်းပေါ်မှာ ဇာကိုလိုကိုးကို တစ်ချိန်က အသံသာဆုံး သံစုံခေါင်းလောင်း လုပ်ပစ်ကြတာ တချို့လည်း ယုံကုန်ကြပါတယ်။
ခေါင်းလောင်းသွန်းတဲ့အချိန်မှာ အထက်ကပြောသလို တစ်စုံတစ်ရာမှားယွင်းလို့ အသံမထွက်တာကို ဇာတာခွင်မှ မပြနိုင်၊ မူလ ဘယ်အချိန်သွန်းတယ်ဆိုတာ ဘယ်သူမှ မသိပဲ မိချောင်းနက္ခတ်မိလို့ အသံမမြည်ဘူးဆို လျှောက်ရွှီးတာလည်း ယုံကြတာပဲ။
တမ္ပဝတီဦးဝင်းမောင်ကြီးကို မမေးမီက ကြေးသွန်းရပ်ထဲက လူတွေကလွဲရင် အခြားသူတွေက ခေါင်းလောင်းဘာကြောင့် အသံမထွက်လဲဆိုတာ သိမှ မသိ တာကိုး။
အချုပ်ပြောရရင်တော့ ဇာကိုလိုကိုးဟာ ဘယ်တုန်းကမှ အသံမမြည်သလို၊ ခေါင်းလောင်း တစ်လုံး အသံမမြည်တာ မိချောင်း နက္ခတ် မိတာ၊ မိချောင်းမှာ လျှာမရှိလို့ အသံမမြည်တာ မဟုတ်ပဲ ပြောခဲ့သလို သွန်းတဲ့အလုပ် လုံးဝ မပြီးခင်မှာ အမှားတစ်စုံတစ်ရာ ဖြစ်ခဲ့လို့ အသံမမြည်တာသာ ဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်။
(စာကြွင်း။ ။ အဲ့ဒါကြောင့် မင်းကွန်းခေါင်းလောင်းကြီးသွန်းပြီးတော့ ပန်းတဉ်းဝန်က ခေါင်းလောင်းသွန်း လုပ်ငန်းမှာ ပါဝင်သူ အားလုံးကို ထောင်ထဲ ပိတ်ထည့်ထားလိုက်တာ။ တစ်ယောက်ယောက်က လက်ကမြင်းပြီး ရွှံ့လေးသွားခွာရင် အက်ပြီး အသံမထွက်တော့မှာစိုးလို့။ သတ်မှတ်ချိန်ရောက်လို့ ပြန်လည်း လွှတ်ပေးရော သားမယားထံ ဘယ်သူမှ အိမ်မပြန်ပဲ ခေါင်းလောင်းကြီးရှိရာသွား တီးကြည့်ထိုးကြည့်နဲ့ ဝမ်းသာအားရ အောင်ပွဲ ခံခဲ့ကြတယ်တဲ့ ခင်ဗျာ)

ကျမ်းကိုး။ ။ တမ္ပဝတီဦးဝင်းမောင်၏ ခေါင်းလောင်းသွန်းပညာ ဟောပြောချက်၊ ဇာကိုလိုကိုး အတွက် Moscow Local Time၊ အရှင်ပဏ္ဍိတာနန္ဒရဲ့ ဓမ္မစေတီခေါင်းလောင်းကြီး တကယ်ရှိမရှိနဲ့၊ မင်းကွန်းခေါင်းလောင်းကြီး သမိုင်း တို့ပဲဖြစ်ပါတယ်။

DHAMAZETI research
Via chaw chaw KYe mon
KYAW KYAW KHAING

Crd

16/06/2023
မိုးရာသီမှာခရီးသွားရတာဟိုတယ်တည်းရတာအတန်ဆုံးဘဲနော်အမျိုးတွေ😄☎️☎️09968922002
26/05/2023

မိုးရာသီမှာခရီးသွားရတာဟိုတယ်တည်းရတာအတန်ဆုံးဘဲနော်အမျိုးတွေ😄

☎️☎️09968922002

18/05/2023
ယုံကြည်စိတ်ချရသော Mandalay KandK ရှိတယ်နော်
15/05/2023

ယုံကြည်စိတ်ချရသော Mandalay KandK ရှိတယ်နော်

06/05/2023

မင်္ဂလာပါ။

၆.၅.၂၀၂၃ မှစတင်ပြီး လက်ရှိအစိုးရ၏ ညွှန်ကြားချက်အရ UN ဝန်ထမ်းများ၊ INGO ဝန်ထမ်းများနှင့် သံရုံးဝန်ထမ်းများမှ လွဲ၍ အခြားသော နိုင်ငံခြားသားများအား လားရှိုးမြို့သို့ သွားရောက်လည်ပတ်ခွင့် မပြုတော့ကြောင်း အသိပေးအပ်ပါတယ်။

ထို့အပြင် လားရှိုးမြို့၌ နေထိုင်နေသောနိုင်ငံခြားသားများအားလည်း အမြန်ဆုံး လားရှိုးမြို့မှ ထွက်ခွာပေးရန်အတွက် အကြောင်းကြားထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ MAI/Air KBZ မှလားရှိုးမြို့မှ ထွက်ခွာမည့် နိုင်ငံခြားသားများ လေယာဉ်လက်မှတ်ဝယ်ယူပါက လက်မှတ်ရရှိရေးဦးစားပေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုလည်း အသိပေး အကြောင်းကြားအပ်ပါတယ်။

အဲအေးရှား လေကြောင်းလိုင်းဖြင့် ရန်ကုန် / မန္တလေး မှ တိုက်ရိုက် ပျံသန်းနေသော ခရီးစဉ်နဲ့ အချိန်ဇယားများကို မျှဝေပေးပါရစေ ✈...
27/04/2023

အဲအေးရှား လေကြောင်းလိုင်းဖြင့် ရန်ကုန် / မန္တလေး မှ တိုက်ရိုက် ပျံသန်းနေသော ခရီးစဉ်နဲ့ အချိန်ဇယားများကို မျှဝေပေးပါရစေ ✈️✈️✈️

📌 ရန်ကုန် ✈️ ဘန်ကောက် (တိုက်ရိုက်)
(နေ့စဉ်)

📌ရန်ကုန် ✈️ ကွာလာလမ်ပူ ( တိုက်ရိုက်)
(နေ့စဉ်)

📌 မန္တလေး ✈️ ဘန်ကောက် (တိုက်ရိုက်)
(အပတ်စဉ် အင်္ဂါ၊ ကြာသာပတေး နှင့် စနေနေ့တိုင်း)



☎️☎️ hotline: 09968922002
------------------------------

မိုးရာသီမရောက်ခင် ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ မိတ်ဆွေများအတွက် Mandalay K&K မှာ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များကို ဈေးနှု...
25/04/2023

မိုးရာသီမရောက်ခင် ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ မိတ်ဆွေများအတွက် Mandalay K&K မှာ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များကို ဈေးနှုန်းသက်သာမြန်ဆန်စွာ ဝယ်လို့ရပါတယ်နော်🤩

မြန်မာနိုင်ငံအတွင်း အသွားအများဆုံးနေရာလေးတွေရဲ့ ခန့်မှန်းဈေးနှုန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်ရှင့်

𝐎𝐧𝐞-𝐖𝐚𝐲 𝐏𝐫𝐢𝐜𝐞 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐅𝐫𝐨𝐦

ရန်ကုန် ⇆ မန္တလေး 🛫 114000ks
ရန်ကုန် ⇆ စစ်တွေ 🛫 120000ks
ရန်ကုန် ⇆ သံတွဲ 🛫 120000ks
ရန်ကုန် ⇆ ထားဝယ် 🛫 153000ks
ရန်ကုန် ⇆ ကော့သောင်း 🛫 249000ks
ရန်ကုန် ⇆ မြိတ် 🛫 166000ks
ရန်ကုန် ⇆ ဟဲဟိုး🛫 110000ks
ရန်ကုန် ⇆ ကျိုင်းတုံ 🛫 142000ks
ရန်ကုန် ⇆ မြစ်ကြီးနား 🛫 211000ks
ရန်ကုန် ⇆ လားရှိုး 🛫 185000ks
ရန်ကုန် ⇆ မော်လမြိုင် 🛫 136000ks
မန္တလေး ⇆ မြစ်ကြီးနား 🛫 139000 ks
မန္တလေး ⇆ လားရှိုး 🛫 146000 Ks
မန္တလေး ⇆ တာချီလိတ် 🛫 140000 Ks

ဈေးနှုန်းတွေက သွားမယ့်နေ့ရက်အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်ရှင့်။

☎️ Hot Line: + 95 9968922002

24/04/2023

𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐓𝐨 𝐃𝐮𝐛𝐚𝐢, 𝐅𝐫𝐨𝐦 𝐎𝐧𝐥𝐲 𝐔𝐒𝐃 𝟒𝟖𝟒!

MAI is now offering additional flights to Dubai (𝐞𝐯𝐞𝐫𝐲 𝐌𝐨𝐧 𝐞𝐟𝐟. 𝟎𝟏 𝐌𝐚𝐲 𝟐𝟎𝟐𝟑, 𝐓𝐡𝐮 𝐞𝐟𝐟. 𝟏𝟏 𝐌𝐚𝐲 𝟐𝟎𝟐𝟑 & 𝐒𝐮𝐧).

✅ Full-service experience

✅ Inflight meal

✅ Baggage allowance

• 40 KG for Business Class

• 30 KG for Economy Class

☎️ 09868822002

24/04/2023
20/04/2023

Happy Flight Everyone ✈️🛫

ဒီနှစ်အတွက်ရာသီချိန်ပြီးဆုံးသွားပြီ။ နောက်နှစ် 2023-2024 မှာပြန်လည်တွေ့ဆုံကြပါစို့🎈
18/04/2023

ဒီနှစ်အတွက်ရာသီချိန်ပြီးဆုံးသွားပြီ။ နောက်နှစ် 2023-2024 မှာပြန်လည်တွေ့ဆုံကြပါစို့🎈

09/04/2023

MAI ​လေ​ကြောင်းလိုင်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် ယာဉ်မောင်းနေရာများအား ခေါ်ယူလျက်ရှိပါသည်။ လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသည့် စိတ်ပါဝင်စားသူ မည်သူမဆို Corporate Affairs Division သို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့နောက်ဆုံးထား၍ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

Driver vacancies are available in Myanmar Airways International. Those interested and eligible may apply to Corporate Affairs Division on or before 𝟐𝟎 𝐀𝐩𝐫 𝟐𝟎𝟐𝟑.

04/04/2023

𝟑𝐱 𝐖𝐞𝐞𝐤𝐥𝐲 𝐓𝐨 𝐆𝐮𝐚𝐧𝐠𝐳𝐡𝐨𝐮, 𝐅𝐫𝐨𝐦 𝐎𝐧𝐥𝐲 𝐔𝐒𝐃 𝟑𝟓𝟎!

From the ancient temples to the modern skyscrapers, Guangzhou is a city of contrasts that is sure to captivate any traveler.

With our unbeatable fares from only 𝐔𝐒𝐃 𝟑𝟓𝟎, there's never been a better time to explore this stunning city. So, book your flights now at www.maiair.com!

✅ Full-service experience
✅ Inflight meal
✅ Baggage allowance
• 40 KG for Business Class
• 30 KG for Economy Class
✅ 𝐔𝐩 𝐭𝐨 𝟑𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 at >70 Sky Deals partners

Purchase your ticket at www.maiair.com, MAI Xtra App, or our Passenger Sales Agents (PSAs). For more information, connect with us on Facebook Messenger.

𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐌𝐀𝐈 𝐗𝐭𝐫𝐚 𝐀𝐩𝐩 & 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐌𝐀𝐈-𝐮𝐚𝐛 𝐕𝐢𝐬𝐚 𝐂𝐚𝐫𝐝:

𝐀𝐧𝐝𝐫𝐨𝐢𝐝: https://play.google.com/store/apps/details?id=com.uab.maiwallet

𝐢𝐎𝐒: https://apps.apple.com/th/app/mai-xtra/id1632396998

30/03/2023

ထိုင်းနိုင်ငံမှ Visa Free 14 ရက်သာပေးတော့မည်။

ထိုင်းနိုင်ငံသို့လာရောက်ရန် ဗီဇာ ကြိုတင်လျောက်ထားစရာမလိုပဲ ဝင်ရောက်ခွင့် 45 ရက်ကို 2022 ခုနှစ် အောက်တို ဘာလကနေ 2023 ခုနှစ်မတ်လ ၃၁ ရက်နေ့ အထိ နိုင်ငံတကာ ခရီးသွားများအတွက် ခွင့်ပြုခဲ့တာ ဒီကနေ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။

ဒါကြောင့် ဧပြီလ ၁ ရက်နေ့ကနေစတင်ဝင်ရောက်လာတဲ့ မြန်မာခရီးသွားများ နဲ့ နိုင်ငံတကာ ခရီးသွားများဟာ ဗီဇာဖရီး ဖြင့် ဝင်ရောက်လာပါက ၁၄ ရက်သာ ဗီဇာရရှိတော့မှာပါ။မြန်မာနိုင်ငံသားဆိုရာဝယ် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို တိုက်ရိုက်လာရောက်သူများ အပြင် အခြားနိုင်ငံတစ်ခုခုမှနေပြီး မြန်မာပတ်စပို့ကိုင်ဆောင်ကာ ထိုင်းနိုင်ငံတွင်းကို ဝင်ရောက်လာသူများလည်း တန်းတူ အနေနဲ့ ၁၄ရက်ပဲ ဗီဇာရမှာဖြစ်ပါတယ်။
ဗီဇာရက်ပိုလိုချင်ရင်တော့ မိမိနေထိုင်ရာ နိုင်ငံတိုင်းရဲ့ ထိုင်းသံရုံးမှာ တိုးရစ်ဗီဇာ 2 လ လျောက်ထားပြီး ဝင်ရောက်လို့တော့ရပါတယ်။

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ပြောတာဘဲ
01/03/2023

ပြောတာဘဲ

စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ်ပြန်လည်လျှောက်ထားနိုင်ပြီး တစ်ရက်လျှင် လူ ၂၅၀၀ နှုန်းဖြင့် ထုတ်ပေးမည်

ဖေဖော်ဝါရီ ၂၈



နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူများအနေဖြင့် Online Appointment System စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ်အသစ် ပြန်လည်လျှောက်ထားနိုင်ပြီး တစ်ရက်လျှင် လူ ၂၅၀၀ နှုန်းဖြင့် ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရန် Online Appointment System ဖြင့် ရက်ချိန်းရယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ ၃၅၀၀၀ ကျပ်ကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် တစ်ပါတည်းပြုလုပ်ပေးသွင်းရတဲ့ လျှောက်ထားခြင်းကို ဖေဖော်ဝါရီ၂၄ရက်ကစတင်ခဲ့တာဖြစ်ပေမဲ့ စနစ်မှာလိုအပ်ချက်များကြောင့် လျှောက်ထားသူများအဆင်မပြေမှုတွေဖြစ်ပေါ်နေတာကြောင့် အသစ်လျှောက်ထားမှုတွေကိုရပ်ဆိုင်းကာ စနစ်ကိုပြုပြင်ဆောင်ရွက်ခဲ့ရာဖေဖော်ဝါရီ၂၇ရက်နေ့ညကစလို့ အသစ်လျှောက်ထားမှုပြန်လည်ရှရိပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုရပ်ဆိုင်းမှုတွေပြုလုပ်ရတာနဲ့ပတ်သက်ပြီး " ဒီနေ့ညနေ ၆ နာရီခွဲလောက်မှာတော့ အားလုံးကို ပြန်ဖွင့်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ပုံမှန်လုပ် ငန်းတွေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထား တာကတော့ တစ်ရက်ကို ၂၅၀၀ နှုန်း ဆက်လက်ပြီး ထုတ်ပေးသွားမှာဖြစ်ပါတယ်" တယ်လို့ စစ်ကောင်စီကပြောဆိုထားပါတယ်။

ဖေဖော်ဝါရီ၂၄ရက်ကစတင်ဖွင့်လှစ်ချိန်မှာ စနစ်သစ်ဖြင့်လျှောက်ထားမှုအောင်မြင်ခဲ့တဲ့ ၈၀၀၀ကျော်အနက် လူဦးရေ ၂၅၀၀ခန့်ကို စလစ်ထုတ်ပေးခဲ့ပြီးဖြစ်သလို စနစ်သစ်မှာအခက်အခဲဖြစ်နေကြသူတွေဟာ ငွေပေးချေပြီးသော်လည်းရက်ချိန်းမရရှိခြင်းနဲ့ငွေချေပြီးပေမဲ့ ဆက်လက်ငွေပေးချေရန်စာတိုရရှိခြင်းတွေ ဖြစ်ပေါ်နေကြတာဖြစ်ရာ ၎င်းတို့က တစ်ဦးတစ်ယောက်တည်းလျှောက်ထားမှုတွေမဟုတ်ဘဲ အဖွဲ့လိုက်လျှောက်သူတွေကသာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းအတွက် ငွေ ၃၅၀၀၀ ကျပ်၊ ပျက်စီး/ပျောက်ဆုံးလျှောက်ထားရန် (ပြည်တွင်းပျောက်၊ သက်တမ်းကျန်၊ ရေစို၊ စွန်းထင်း/စုတ်ပြဲ/ရေးခြစ်မှုများ)အတွက် ငွေ ၇၅၀၀၀ ကျပ်၊ ပြည်ပပျောက်ဆုံး (ပြည်ပတွင် စာအုပ်ပျောက်ဆုံးခြင်း) ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာနှင့် ညီမျှသောမြန်မာကျပ်ငွေတို့ အသီးသီးကုန်ကျရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ရန်ကုန်ကထုတ်ပြန်ထားတာပါ။

08/02/2023
08/02/2023

တစ်ချို့ စျေးရောင်းရင် ဘာလို့အောင်မြင်တယ်ထင်လဲ.. ဗျူဟာရှိပါတယ်

၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။

၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။

၃ ။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။

၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။

၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။

၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။

၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။

၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။

၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။

၁၂ ။ စျေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ် ။

၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။

၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။

၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။

၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။

Credit – Original

01/02/2023

🎉🎉The countdown is over!

Applications for Scholarships for study in Australia 🇦🇺 in 2024 are now open!

Join a network of influential leaders and with an Australia Awards Scholarship.

Start your application today: bit.ly/3WWWHKm

YAngon-Bangkok-YAngon ဒီထက်တန်တာမရှိတော့ဘူး MNA ဆိုတော့သုဝဏ္ဏဘူမိလေဆိပ်ဆင်းမှာကဲဘာလိုသေးလဲအမြန်တာပြေးခဲ့တော့✈️✈️✈️☎️0996...
14/11/2022

YAngon-Bangkok-YAngon
ဒီထက်တန်တာမရှိတော့ဘူး MNA ဆိုတော့သုဝဏ္ဏဘူမိလေဆိပ်ဆင်းမှာကဲဘာလိုသေးလဲအမြန်တာပြေးခဲ့တော့✈️✈️✈️
☎️09968922002

#𝐌𝐍𝐀 နှစ်သစ်ကူးအကြို ဘန်ကောက်အထူးဈေးနှုန်း
မြန်မာအမျိုးသားလေကြောင်းကို အစဉ်မပြတ်အားပေးသောခရီးသည်များအတွက် ရန်ကုန် - ဘန်ကောက် - ရန်ကုန် အသွားအပြန်လက်မှတ်အား USD 74 မှစတင်၍ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

လက်မှတ်အရောင်းကာလ - ၂၀၂၂၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှစတင်၍

✈ 𝑫𝒂𝒊𝒍𝒚 𝒇𝒍𝒊𝒈𝒉𝒕 𝒂𝒗𝒂𝒊𝒍𝒂𝒃𝒍𝒆
✈ 𝑩𝒂𝒈𝒈𝒂𝒈𝒆 𝑨𝒍𝒍𝒐𝒘𝒂𝒏𝒄𝒆 + 𝟕𝑲𝒈 𝑯𝒂𝒏𝒅 𝑪𝒂𝒓𝒓𝒚 𝑨𝒍𝒍𝒐𝒘𝒂𝒏𝒄𝒆 + 𝑴𝒆𝒂𝒍
✈ 𝑺𝒖𝒗𝒂𝒓𝒏𝒂𝒃𝒉𝒖𝒎𝒊 𝑨𝒊𝒓𝒑𝒐𝒓𝒕

Start Your Journey Of A Lifetime With Us! ✈

𝐂𝐡𝐞𝐜𝐤-𝐢𝐧 𝐓𝐢𝐦𝐞:မြန်မာအမျိုးသားလေကြောင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များအတွက် Check In အချိန်များကို မျှဝေပေး...
30/09/2022

𝐂𝐡𝐞𝐜𝐤-𝐢𝐧 𝐓𝐢𝐦𝐞:

မြန်မာအမျိုးသားလေကြောင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များအတွက် Check In အချိန်များကို မျှဝေပေးလိုက်ပါတယ်ရှင်။

▪ပြည်တွင်း ခရီးစဉ် (Domestic)
ပြည်တွင်းခရီးစဉ်များကို MNA နှင့် ပျံသန်းမည့်ခရီးသည်များအနေဖြင့် အဆင်ပြေချောမွေ့စွာ Check-in ပြုလုပ်နိင်ရန်အတွက် Check-in Counter ကို လေယာဉ်မထွက်မီ ၂နာရီ အလိုတွင် ဖွင့်လှစ်ပေးထား ပြီး လေယာဉ်မထွက်ခင် မိနစ် ၃၀ အလိုတွေ Check-in Counter ပိတ်သည့်အတွက် စောစီးစွာလာရောက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

▪ပြည်ပ ခရီးစဉ် (International)
ပြည်ပခရီးစဉ်များအတွက်ကိုတော့ လေယာဉ်မထွက်မှီ ၃နာရီအလိုတွင် Check-in Counter ကို ဖွင့်လှစ်ပေးထားပြီး ၄၅မိနစ်အလိုတွင် Check-in Counter ပိတ်ပါတယ်။

ဘန်ကောက်လေဆိပ်ရှိ Check-in Counter ကတော့ လေယာဉ်မထွက်ခင် မိနှစ် ၆၀ အလိုတွင် ပိတ်သည့်အတွက် ခရီးသည်များအနေနှင့် လေယာဉ်မထွက်ခင် ၂နာရီအတွင်းမှာ Check-in ပြုလုပ်ခြင်းများကို အပြီးပြုလုပ်ထားဖို့ အကြံပေးပါရစေရှင်။

သာယာပျော်ရွှင်ဖွယ်ကောင်းသော ခရီးစဉ်တစ်ခုဖြစ်ပါစေရှင်။

[English]

Travelers should arrive at the airport at least 2 hours prior to departure to allow sufficient time to check in and complete security processes.

Domestic flights open for check‐in 2 hours before departure, and close 30 min before flight departure.

International flights open check‐in 3 hours before departure, and close 45 min before flight departure.

NOTE: Bangkok (BKK) airport check-in counters close 60 minutes before flight departure and Hong Kong (HKG) airport check-in counters close 40 minutes before flight departure.

Address

Mandalay
100102

Alerts

Be the first to know and let us send you an email when Mandalay K&K Travel and Tours Co,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalay K&K Travel and Tours Co,Ltd:

Videos

Share

Category

Nearby travel agencies


Other Travel Companies in Mandalay

Show All

You may also like