Unique Discovery

Unique Discovery Providing Travel Services for Unique Experience in Myanmar.
(1)

18/09/2023

စားသောက်ဆိုင်လုပ်ငန်းဆောင်ရွက်‌နေသူတိုင်းအတွက် "𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐂𝐨𝐮𝐫𝐬𝐞 " စက်တင်ဘာလထဲမှာ 𝐁𝐚𝐭𝐜𝐡-3 အတန်းသစ်ဖွင့်ပါမယ်ရှင့်🙏💙

အောင်မြင်ပြီးသား စားသောက်ဆိုင်တွေကိုကြည့်လိုက်မယ်ဆိုရင် Kitchen ထဲကလူတွေရော၊ Waiter နဲ့ နောက်က Operation Team တစ်ခုလုံးပါ တက်ညီလက်ညီနဲ့ အချိတ်အဆက်မိမိဆောင်ရွက်နေကြတာကို သတိထားမိမှာပါ။

တိုးတက်လာတဲ့ခေတ်နဲ့အညီ စီးပွားရေး၊လူမှုရေးနဲ့စားသောက်နေထိုင်မှုပုံစံတွေပါ ပြောင်းလဲလာတာနဲ့အမျှ တိုးချဲ့ဖွင့်လှစ်လာကြတဲ့စားသောက်ဆိုင်တွေကြား ကိုယ်ကခုမှအသစ်ဖွင့်မယ့်သူ ဒါမှမဟုတ် ဖွင့်နေဆဲသိပ်အားမရသေးသူဆိုရင် ဒီပညာရပ်လေးတွေထပ်မံ သင်ယူလိုက်ပါလို့ တိုက်တွန်းပါရစေ။
ဒီသင်တန်းမှာပါဝင်မယ့် သင်ခန်းစာတွေကတော့
🔹 Menu တစ်ခု ထွက်လာပုံအဆင့်ဆင့်
🔹 ကုန်ကျစရိတ်ထိန်းသိမ်းနည်း
🔹 Unique Selling Point ရဲ့အရေးပါပုံတို့အပြင်
🔹 ဒီသင်တန်းရဲ့ Key Point ဖြစ်တဲ့ "Restaurant ကြီးတစ်ခုရဲ့ Concept ကိုအစပြုပြီး ကိုယ့်ဆိုင်ရဲ့ Profit & Loss အထိ" သင်တန်းသားတွေကိုယ်တိုင်ဆွေးနွေးပါဝင်သင်ကြားရမှာပါ။ ဒီလိုဆွေးနွေးလိုက်ခြင်းအားဖြင့် မတူညီတဲ့အမြင်တွေကနေ အကြံဉာဏ်အသစ်တွေရလာနိုင်ပါတယ်။
ဒီသင်ခန်းစာတွေအပြင် ထပ်ဆောင်းဗဟုသုတတွေအနေနဲ့
🟦 တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းအပေါ်စားသုံးသူနဲ့လည်း မိတ်မပျက်အောင်၊ ကိုယ့်အတွက်လည်း တွက်ခြေကိုက်အောင် ဘယ်လိုစျေးတွက်ရမလဲသိလာမယ်
🟦 လူ့စွမ်းအားအရင်းအမြစ်ရဲ့အရေးကြီးပုံနဲ့ Communication Skills က လုပ်ငန်းကိုဘယ်လောက်ထိ အထောက်အကူပြုသလဲသိလာနိုင်တယ်
🟦 ကုန်ကြမ်းတွေ ဝယ်ယူ၊ ထားသို၊ ထုတ်လုပ်၊ ရောင်းချ၊ ထိန်းသိမ်းတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သေချာသိသွားမယ်။

ဒီလိုအဖိုးတန်အကြောင်းအရာတွေကို
မန္တလေးမြို့ရဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ လက်ထောက်မန်နေဂျာများ၊ စားဖိုဆောင်မန်နေဂျာများ၊ အုပ်ချုပ်နေသူများ နှင့် ကြီးကြပ်ရေးမှူးများအတွက် ရည်ရွယ်ပြီး 𝐁𝐞𝐲𝐨𝐧𝐝 𝐀𝐛𝐢𝐥𝐢𝐭𝐲 Business Solutions နှင့် 𝐓𝐏𝐏𝐒 တို့အတူတကွ ပူးပေါင်းပြီးဖွင့်လှစ်ထားတာဖြစ်လို့ ဆက်ဆက်လာတက်ကြဖို့ကိုလည်း စောင့် ‌မျှော်နေပါမယ်ရှင့်🙏🙆

🔵 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫 : 𝐔 𝐓𝐡𝐚𝐧𝐭 𝐙𝐢𝐧 𝐇𝐭𝐮𝐭
🔵 (𝐁.𝐀 𝐇𝐢𝐬𝐭𝐨𝐫𝐲,𝐂𝐇𝐀,𝐂𝐌)
📅 Date : 21st Sep - 23rd Sep 2023
🕒 Time : 9AM to 5PM
🏡 Location : TPPS (Garden City Complex)
🔵 𝐋𝐮𝐧𝐜𝐡 + 𝐓𝐞𝐚 𝐁𝐫𝐞𝐚𝐤 𝐈𝐧𝐜𝐥𝐮𝐝𝐞𝐝!

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
☎️ 𝟎𝟗 𝟗𝟒𝟒 𝟎𝟐𝟒 𝟖𝟕𝟑, 𝟎𝟗 𝟗𝟓𝟎 𝟗𝟕𝟐 𝟓𝟗𝟖, 𝟎𝟗 𝟗𝟕𝟗 𝟕𝟐𝟔 𝟏𝟏𝟔 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို 𝐏𝐚𝐠𝐞 𝐜𝐛 မှာလည်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်💙
🏤𝐑𝐨𝐨𝐦(𝟐𝟎,𝟐𝟏),𝐓𝐨𝐰𝐞𝐫 𝟒, 𝐆𝐚𝐫𝐝𝐞𝐧 𝐂𝐢𝐭𝐲,𝟕𝟒𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐓𝐚 𝐊𝐡𝐮𝐧 𝐃𝐚𝐢𝐧𝐠, 𝐏𝐲𝐢 𝐆𝐲𝐢 𝐓𝐚 𝐊𝐡𝐮𝐧 𝐓𝐬𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲


မိတ်ဆွေများ အားလုံး မင်္ဂလာပါခင်ဗျာ။ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေကို ၂၀၂၀ ကပ်ရောဂါ ကာလကတည်းက ရပ်နားထားခဲ့တာပါ။အခြေအနေ...
08/02/2023

မိတ်ဆွေများ အားလုံး မင်္ဂလာပါခင်ဗျာ။

ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေကို ၂၀၂၀ ကပ်ရောဂါ ကာလကတည်းက ရပ်နားထားခဲ့တာပါ။

အခြေအနေ အရပ်ရပ်ကြောင့် ရုံးခန်း ကို ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေးပါ။

မဖြစ်မနေ ခရီးသွားနေကြရသူများအတွက် လိုအပ်တဲ့ ခရီးသွား ဝန်ဆောင်မှုတွေ ပြန်လည် ဆောင်ရွက်ပေးနေပြီ ဖြစ်တဲ့ အကြောင်း အသိပေးပါရစေ။

လိုအပ်မယ် ဆိုရင် Page Messenger ကတဆင့် ဖြစ်စေ၊ ဖုန်းနံပါတ် 09256025799 ကို ဖြစ်စေ ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။





#ပြည်တွင်းခရီးသွား
#ပြည်ပခရီးစဉ်

ခရီးသွား ဝန်ဆောင်မှုတွေ လိုအပ်နေပြီလား?.ခရီးတွေ သွားနေကြပြီလား?.ပြည်တွင်း ခရီးလား?.ပြည်ပ ခရီးလား?
25/01/2023

ခရီးသွား ဝန်ဆောင်မှုတွေ လိုအပ်နေပြီလား?.
ခရီးတွေ သွားနေကြပြီလား?.
ပြည်တွင်း ခရီးလား?.
ပြည်ပ ခရီးလား?

09/10/2022

"အခမဲ့ လေယာဉ်လက်မှတ် စောင်ရေ ၅ သိန်း (၅၀၀,၀၀၀)"

ကိုဗစ် ဆိုင်ရာ ကန့်သတ်ချက်တွေ လုံးဝ ဖယ်ရှားပြီးတဲ့အချိန်မှာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နဲ့ ပြန်လည် မြှင့်တင်နိုင်ဖို့ လေယာဉ် လက်မှတ် အစောင်ရေ ၅ သိန်း (၅၀၀,၀၀၀) တိတိကို အခမဲ့ ပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်က စလို့ ဟိုတယ်မှာ ကန့်သတ် နေထိုင်ရတာနဲ့ ခရီးစဉ် မစတင်မီ ကိုဗစ် ကင်းရှင်းကြောင်း ဆေးစစ်ရတာတွေကို ဖြေလျှော့ပြီး ဖြစ်သော်လည်း ကျန်းမာရေး ဆိုင်ရာ စောင့်ကြည့်မှု အစီအစဉ်တွေကို စားသောက်ဆိုင်၊ ဖျော်ဖြေရေး ပျော်ပွဲ ရွင်ပွဲတွေနဲ့ အခမ်းအနားတွေမှာ ဆက်လက် ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။ ဆိုက်ရောက်ပြီးနောက်ပိုင်း ကိုဗစ် ကူးစက်မှု ခံရတယ်လို့ ယူဆနိုင်တဲ့ လက္ခဏာတွေ ခံစားရရင်လည်း ၂ ရက်၊ ၄ ရက် နဲ့ ၆ ရက်မြောက် နေ့တွေမှာ ပီစီအာ (PCR) စစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။

“လာရောက်ကြမယ့် ခရီးသည်တွေ အတွက် ကိုဗစ် ကန့်သတ်ချက်တွေကို အစိုးရဖက်က အကုန် ဖယ်ရှားလိုက်ပြီ ဆိုတာနဲ့ လေယာဉ် ခရီးစဉ် လက်မှတ်တွေ အခမဲ့ ပေးတဲ့ အစီအစဉ်ကို စတင်မှာပါ” လို့ ဟောင်ကောင် ခရီးသွားလုပ်ငန်း အဖွဲ့ (Hong Kong Tourism Board) အမှုဆောင် ဒါရိုက်တာ ဒိန်းချမ်း က ပြောပါတယ်။

ကိုဗစ်ဆိုင်ရာ ဘဏ္ဍာရေး အထောက်အပံ့ အစီအစဉ်အနေနဲ့ ဟောင်ကောင် လေဆိပ် အာဏာပိုင် အဖွဲ့က ဒီလက်မှတ်တွေကို ၂၀၂၀ ခုနှစ်က ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင် ကို ပျံသန်းနေကြတဲ့ Hong Kong Airlines, Hong Kong Express လေကြောင်းနဲ့ Cathay Pacific လေကြောင်းလိုင်းတွေကို ကိုဗစ် ကန့်သတ်ချက်တွေကြောင့် ရပ်နားထားရတဲ့ ကာလမှာ အထောက်အကူ ဖြစ်စေဖို့ ဝယ်ယူပေးခဲ့တာ ဖြစ်ပြီး ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တဲ့ အချိန်မှာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပြန်လည် အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အနေအထားတွေ အရ ဒီအစီစဉ်ကို လာမဲ့ ၂၀၂၃ နှစ်ဦးပိုင်းမှာ စတင်နိုင်မယ်လို့ မျှော်လင့် ထားကြောင်း ဘီဘီစီ သတင်းမှာ တွေ့ရပါတယ်။

ကိုးကား
Photo Credit

သတင်းအပြည့်အစုံ https://www.ttrweekly.com/site/2022/10/hong-kong-gifts-500000-tickets/



27/09/2022

"မြန်မာ့ ခရီးသွား နဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်း နေ့ ၂၀၂၂"

ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ ၂၀၂၂ ရဲ့ ဆောင်ပုဒ် က “Rethinking Tourism” ပါတဲ့။ ကျွန်တော်ကတော့ “သုံးသပ် ဆင်ခြင် တိုးရစ်စင်” လို့ မြန်မာမှု ပြုလိုက်ပါတယ်။ (တိုးရစ်စင် ဆိုတာ မြန်မာစကားလုံး မဟုတ်ပေမဲ့ အသံကိုက်အောင် ဒီလိုပဲ ရေးလိုက်တာပါ) ကမ္ဘာ တစ်ဝှမ်းလုံးမှာ ဒီနေ့အတွက် အခမ်းအနားတွေကို နည်းလမ်း မျိုးစုံနဲ့ ကျင်းပနေကြသလို ဒီ ဆောင်ပုဒ်နဲ့ ပတ်သက်တာတွေကိုလည်း ဝိုင်းဝန်း ဆွေးနွေး နေကြတာပါ။ ဒီဆောင်ပုဒ် ကလေးက မြန်မာ့ ခရီးသွားလုပ်ငန်း အတွက်ဆိုရင်ကော ဘယ်လို စဉ်းစားကြမလဲ။

ခရီးသွားနဲ့ ဝန်ဆောင်မှု လုပ်ငန်း ဆိုတာ ဟိုလွန်ခဲ့တဲ့ ဘီစီ ၄၀၀ လောက် ကတည်းက စတင်လာခဲ့တာပါ။ လူနေမှု စနစ်တွေ ပြောင်းလဲလာတာ၊ နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ခရီးသွားနဲ့ ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ကြတဲ့ ပုံစံတွေလည်း ပြောင်းလဲလာခဲ့တာ ယနေ့ အထိပါပဲ။ ဒါပေမဲ့ အခု ၂၀၂၂ မှာ ပြန်လည် သုံးသပ် ဆင်ခြင်ပြီး ပြန်လည် စတင်ရမှာကတော့ မတူကွဲပြားနေတာ သေချာပါတယ်။

မတူကွဲပြားရခြင်းရဲ့ အဓိက အကြောင်းအချက်ကတော့ ၂၀၁၉ နှစ်ကုန်ပိုင်းက စလို့ ပေါ်ပေါက်ပျံ့နှံ့ ခဲ့တဲ့ ကမ္ဘာ့ ကပ်ရောဂါရဲ့ သက်ရောက်မှုပါ။ ၂၀၂၀ နှစ်ဦးပိုင်းမှာ ကပ်ရောဂါအဖြစ် တရားဝင် အတည်ပြုလိုက်ပြီးတဲ့နောက် ဒီကပ်ရောဂါကို နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်၊ အဲဒီ နည်းလမ်းတွေထဲမှာ ခရီးသွားနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံးကို လုံးဝ နီးပါး ရပ်တန့် ပစ်လိုက်ရတာလည်း အပါအဝင်ပါပဲ။

ဒီနေ့ ဆိုရင် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ပြန်စနေကြပါပြီ။ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (World Tourism Organization- UNWTO) ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် ကပ်ရောဂါ မတိုင်မီက အနေအထားရဲ့ ၆၀ ရာခိုင်နှုန်း အခြေအနေကို ပြန်ရပြီလို့ သိရပါပါတယ်။ ဒီလို ပြန်စနိုင်တဲ့ အခြေအနေမှာ သေချာတာ တစ်ခုကတော့ ခရီးသွားနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်နေရတဲ့ အခြေအနေတွေကို မတူညီတဲ့ ပုံစံတစ်ခုဆီကို ပြောင်းလဲနေပြီ ဆိုတဲ့ အချက်ပါပဲ။

ကပ်ရောဂါ ရဲ့ သက်ရောက်မှုကြောင့် ပြောင်းလဲပြင်ဆင်ရတာ တွေကတော့ ထင်သာ မြင်သာ ရှိတဲ့ အပြောင်းအလဲ တွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ ကပ်ရောဂါ ကြောင့် ခရီးသွားနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်တန့် လိုက်ရတဲ့ အခါမှာ မြင်တွေ့ ခံစား ဖြစ်ပေါ်လာခဲ့တဲ့ သက်ရောက်မှုတွေအပေါ် သုံးသပ် ဆင်ခြင် စဉ်းစားဆောင်ရွက်စရာတွေ ရှိလာပါတယ်။ ဒါကြောင့်လည်းပဲ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က “Rethinking Tourism” လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

ကမ္ဘာ့ ခရီးသွားလုပ်ငန်း နေ့ အတွက် ပေးပို့တဲ့ သတင်းစကားထဲမှာ “ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ခဲ့ကြရင်း အားနည်းချက်တွေ ကို မြင်ခဲ့ရတာကြောင့် ဘယ်လို နေရာတွေမှာ ပိုမို တောင့်တင်းခိုင်မာအောင် တည်ဆောက်ရမယ် ဆိုတာ သိမြင်လာခဲ့ကြတယ်၊ ဘယ်လို နေရာတွေမှာ မညီမျှမှုတွေ၊ မမျှ မတ မှုတွေ ရှိနေတယ် ဆိုတာကိုလည်း မြင်သိခဲ့ရတာမို့ မျှတမှုအတွက် ဘယ်လို ဆောင်ရွက်ကြရမယ် ဆိုတာတွေ ပိုသိနားလည်လာခဲ့ရတယ်” လို့ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာ့ ခရီးသွား လုပ်ငန်းအတွက် ဆိုရင်ကော ဘယ်အချက်တွေ ကို စဉ်းစား သုံးသပ် ပြင်ဆင်ရပါမည်လဲ?

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရယ်လို့ စတင် ဖွဲ့စည်းပြီး ဆောင်ရွက်လာခဲ့တာ ဆယ်စုနှစ် ၃ ခု နီးပါး ရှိလာ ခဲ့ပါပြီ။ ဘယ်လို နေရာတွေမှာ အားနည်းချက်တွေ ရှိနေပါသလဲ၊ ဘယ်လို နေရာတွေမှာ မညီမျှမှုတွေ ရှိနေပါသလဲ၊ ဘယ်လို နေရာတွေမှာ လိုအပ်ချက်တွေ ရှိနေပါသလဲ၊ ဒီမေးခွန်းတွေကို စနစ်တကျ ပြည့်စုံအောင် ဖြေဖို့ ဆိုတာက ပါရဂူ ဘွဲ့အတွက် ကျမ်းပြုရသလို ဖြစ်နေမှာမို့ ကျွန်တော့ အမြင် ကျွန်တော့ အတွေးလောက်ပဲ တင်ပြပါရစေ။

ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်တန့်သွားတဲ့အခါမှာ သက်ရောက်မှုတွေ အများကြီးကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေကို သတိပြုမိကြပါရဲ့လား၊ ခရီးသွားလုပ်ငန်း ဆိုတာ ဒေသခံ လူထုကို စီးပွါးရေး အရ ဘယ်လောက်အထိ အကျိုးပြုတယ် ဆိုတာ စာရွက်ထဲက သီအိုရီတွေ၊ ဂဏန်းတွေကတင် ပြောပြတာ မဟုတ်ပါဘူး။ အခုလို လက်တွေ့ မျက်တွေ့ ခံစား နားလည်လို့ ရတဲ့ အဖြစ်အပျက်တွေ အများကြီးပါပဲ။

ခရီးသွားလုပ်ငန်းကြောင့် ဒေသခံတွေ ဝင်ငွေ ကောင်းတဲ့ အခါ အခြား စီးပွါးရေး လုပ်ငန်းတွေလည်း ကျွဲကူးရေပါ ကောင်းခဲ့တာပါ။ အခုလို ရပ်သွားတဲ့အခါမှာတော့ အခြားသော စီးပွါးရေး လုပ်ငန်းတွေ အားလုံးနီးပါးကိုပါ သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်း ဆိုတာကို ဒီနေ့ အချိန်အထိ ဦးစားပေး စီးပွါးရေး လုပ်ငန်း အတစ်ခုအဖြစ် အသိအမှတ် မပြုသေးတာကတော့ အသေအချာပါပဲ။

ခရီးသွားလုပ်ငန်း တကယ်ကောင်းနေရင်၊ လုပ်ငန်းကိုလည်း စနစ်တကျ စီမံခန့်ခွဲပြီး ဆောင်ရွက်ကြမယ်ဆိုရင် အခြား လူမှုရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ ကိစ္စတွေအတွက်ပါ အလွန်ကောင်းမွန်တဲ့ အကျိုး ရလာဒ်တွေ ရနိုင်တာမျိုးပါ။ လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ စနစ်ကျနမှု မရှိ၊ စီမံခန့်ခွဲမှု မမှန်ကန်ဘူး ဆိုရင်လည်း မကောင်းတဲ့ သက်ရောက်မှုတွေ အများအပြား ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စနစ်ကျနတဲ့ စီမံခန့်ခွဲမှု အစီအစဉ်တွေ ချမှတ် အကောင်အထည် ဖေါ်ဖို့က အင်မတန် အရေးကြီးပါတယ်။

ဒီအချက်ကိုလည်း လုပ်ငန်းတွေ ရပ်တန့်သွားခဲ့ရတဲ့ ကာလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ စီမံခန့်ခွဲမှု အားနည်းလို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေဟာ ခရီးသွားလုပ်ငန်း ရပ်တန့်သွားလို့ လူတွေ မလာတဲ့အချိန်ကာလတစ်ခုမှာ ပြန်လည် ရှင်သန်လာနိုင်ပါတယ်။

အလားတူပါပဲ။ စနစ်ကျနတဲ့ စီမံခန့်ခွဲမှုနဲ့ လည်ပတ်နေတဲ့ ခရီးသွားလုပ်ငန်း ရှိချိန်မှာ ထိန်းသိမ်းမှုတွေ လုပ်နိုင်ပေမဲ့ လုပ်ငန်း ရပ်တန့်သွားတာကြောင့် ထိန်းသိမ်းမဲ့သူ မရှိ၊ ဥပဒေမဲ့ ထုတ်ယူ ဖျက်ဆီးတာ၊ ခိုးထုတ် ရောင်းချ ခံရတာ၊ ကိုယ်ကျိုးအတွက် အသုံးချ ခံရတာတွေလည်း ရှိနေပြန်ပါတယ်။

ဒီအနေအထားတွေအတွက် ဥပမာ ပြစရာတွေက မြန်မာပြည်မှာ ထုနဲ့ ထေးပါ။ နေရာအနှံ့မှာ ရှိပါတယ်။ ပုံသဏ္ဋန် မျိုးစုံနဲ့ ရှိနေပါတယ်။ ဒါတွေကိုသာ တစ်ခုစီ ထုတ်ဖေါ်ပြောရမယ် ဆိုရင်တော့ အထက်က ဆိုခဲ့သလို ပါရဂူဘွဲ့ အတွက် ပြင်ဆင်ရတဲ့ ကျမ်းတစ်စောင်မက ရေးရမှာပါ။

ဒါဆိုရင် အခု မြန်မာပြည် ခရီးသွားလုပ်ငန်းအတွက် ဘာတွေ လုပ်နေကြပါသလဲ။ ဘာတွေ ပြင်ဆင်နေကြပါသလဲ။ ဘာတွေကို ပြန်လည် ဆင်ခြင် သုံးသပ်ရပါမည်လဲ။ ကျွန်တော် မေးခွန်းတွေပဲ မေးနေတာပါ၊ အဖြေကိုတော့ စာဖတ်သူများပဲ စဉ်းစား စေချင်ပါတယ်။

“ကမ္ဘာကြီးရဲ့ အဓိက ကျတဲ့ စီးပွါးရေး ကဏ္ဋကြီး တစ်ခုကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပြင်ဆင်ပြောင်းလဲမှုတွေက စနေခဲ့ပါပြီ။ ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရသလို အခွင့်အလမ်းတွေလည်း အများကြီး ပေါ်လာခဲ့ပါတယ်။ ခရီးသွားလုပ်ငန်း ပြန်လည် စတင်မှုနဲ့အတူ လူသားအားလုံး ခရီးသွားလုပ်ငန်းကနေ အကျိုးခံစားခွင့်တွေ ရနိုင်ကြဖို့ ကြိုးစားကြရမှာပါ” လို့ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က သူ့ရဲ့ သတင်းစကားမှာ ပြောထားပါတယ်။

သူ့ရဲ့ သတင်းစကားကို အခုလို အဆုံးသတ် ထားပါတယ်။

“On World Tourism Day 2022, UNWTO calls on both tourism leaders and everyone at the base of the broad and diverse tourism pyramid to pause, reflect and rethink what we do and how we do it. The future of tourism starts today.”

ကျွန်တော် နားလည်သမျှ ဘာသာပြန်ရရင် “၂၀၂၂ ရဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့မှာ အဖွဲ့ချုပ်အနေနဲ့ ပြောချင်တာက ခရီးသွားလုပ်ငန်း နယ်ပယ်နဲ့ ဆက်စပ် လုပ်ငန်းများ အားလုံးရဲ့ အလွှာအသီးသီးမှာ ပါဝင်ကြသူတွေ အားလုံးအနေနဲ့ လုပ်ငန်းတွေကို တစ်ခဏလေး ရပ်မယ်၊ ပြီးရင် ဘာတွေ လုပ်ခဲ့ကြတယ် ဆိုတာကို ပြန်လည် သုံးသပ်မယ်၊ ဘယ်လို လုပ်ကြမယ် ဆိုတာကို ပြန်လည်စဉ်းစား ကြဖို့ပါ။ ခရီးသွားလုပ်ငန်းရဲ့ အနာဂတ် အသစ် ဟာ ဒီနေ့ပဲ စတင်ပါပြီ” တဲ့။

မြန်မာ့ ခရီးသွားလုပ်ငန်း နယ်ပယ်မှာကော ကျွန်တော်တို့ ဘာတွေ ကို ဘယ်လို လုပ်ခဲ့ကြပါသလဲ၊ လာမဲ့ အနာဂတ်မှာကော ဘယ်လိုတွေ လုပ်ကြပါမည်လဲ၊

မြန်မာ့ ခရီးသွားလုပ်ငန်းရဲ့ အနာဂတ် အသစ်က ဘယ်တော့ စတင်မှာပါလဲ?

မောင်ဝလုံး

ဓါတ်ပုံ Credit
ကိုးကား https://www.unwto.org/world-tourism-day-2022





#မောင်ဝလုံး

27/09/2022

"မဲခေါင် ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ ၂၀၂၂ (Mekong Tourism Forum 2022)"

၂၀၂၂ အောက်တိုဘာ ၁၂ နဲ့ ၁၃ မျာ ကျင်းပြုလုပ်မယ့် မဲခေါင် ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ (Mekong Tourism Forum 2022) ကို မြန်မာ အပါအဝင် အဖွဲ့ဝင် ၆ နိုင်ငံ မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများနဲ့ အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက်ကြမယ်လို့ သိရပါတယ်။

“ခိုင်ကျည်စွာနဲ့ ကျော်ဖြတ်၊ ပြန်လည် စတင် တိုရစ်စင်” (Rebuild Tourism, Rebound with Resilience”) ဆိုတဲ့ ခေါင်စဉ်ကို ဦးတည်ပြီး အဖွဲ့ဝင် နိုင်ငံများက စာတမ်းရှင် ၂၅ ဦးက တက်ရောက် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ “Social Enterprises, New Ways of Connecting Sustainable Tourism Suppliers and Buyers နဲ့ နည်းပညာ () ဆိုင်ရာ နယ်ပယ်များကို ဦီးတည် ဆွေးနွေးကြမှာ ဖြစ်ပြီး Agoda, Clickable Impact, JNE Group, EXO Travel Lao, Plan International/Travellife အပါအဝင် အခြား ထင်ရှားတဲ့ အဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင် များစွာ တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank)၊ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်း အသင်း (Pacific Asia Travel Association - PATA) နဲ့ အာဆီယံ ခရီးသွားလုပ်ငန်း အသင်း (ASEAN Tourism Association) တို့က ခေါင်းဆောင်များနဲ့ အကြီးတန်း အမှုဆောင်အရာရှိများလည်း တက်ရောက်ဟောပြောကြမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့ အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ခရီးသွားလုပ်ငန်း ပြပွဲကိုလည်း တစ်ပြိုင်တည်း ကျင်းပမှာ ဖြစ်ပြီး လူထု အခြေပြု ခရီးသွားလုပ်ငန်းများနဲ့ ဒေသထွက်ကုန်ပစ္စည်းများကို ပြသမှာ ဖြစ်ပါတယ်။ ပြပွဲကတော့ အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိလို့ သိရပါတယ်။

ဗီယက်နမ် နိုင်ငံရဲ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဟွိုင်အန်း အနီးမှာရှိတဲ့ Hoiana Resort & Golf (Hoiana) မှာ ကျင်းပမှာ ဖြစ်ပြီး မဲခေါင် ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ ခရီးသွားနဲ့ ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ကြသူများ အခမဲ့ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်များနဲ့ တက်ရောက်ရန် စာရင်း ပေးသွင်းလိုသူများအနေနဲ့ https://mekongtourismforum.Org မှာ ဝင်ရောက် ကြည့်ရှု စာရင်းပေးသွင်းနိုင်ပါတယ်။

ကိုးကား

သတင်းအပြည့်အစုံ https://www.ttrweekly.com/site/2022/09/mtf-tackles-rebuilding-challenge/

ဓါတ်ပုံ



26/09/2022

"ပြည်တွင်း လေယာဉ်ခရီးစဉ် ဈေးနှုန်းများ လျှော့ချမည်"

၂၀၂၂ ၊ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ လအတွင်း ပြည်တွင်း ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ဈေးနှုန်းတွေကို လျှော့ချပေးမှာဖြစ်ကြောင်း လေကြောင်းလိုင်း ၆ ခုက ကြေညာလိုက်ပါတယ်။

အောက်တိုဘာလ ၁၀ ရက် ည သန်းကောင် အချိန် မတိုင်မီ မှာယူသော ခရီးစဉ်များအတွက် အထူး လက်မှတ် ဈေးနှုန်း အစီအစဉ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ ခရီးစဉ်တွေကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် (၂ လ) အတွင်း အသုံးပြုရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ (Tourism Authority of Thailand - TAT) က ဦးဆောင် စီစဉ်တဲ့ ယခု အစီအစဉ်မှာ လေကြောင်းလိုင်း ၆ ခုက ပူးပေါင်း ပါဝင်ကြတာဖြစ်ပြီး ထိုင်ခုံ နေရာ ၅ သိန်း သတ်မှတ်ထားကြောင်းနဲ့ ခရီးစဉ်တိုင်းအတွက် ထိုင်း ဘတ် ၃၀၀ လျှော့ချ ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ယခု အစီအစဉ်မှာ Bangkok Airways, Thai AirAsia, Thai Smile, Nok Air, Thai Lion Air နဲ့ Thai VietJet လေကြောင်းလိုင်းများ ပါဝင်ကြပြီး လျှော့ ဈေးနှုန်းကို ရယူဖို့အတွက် လက်မှတ် မှာယူချိန်မှာ AMZTH300 ကုဒ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အတိုင်းအတာ တစ်ခုအထိ ပြန်လည် အသက်ဝင်လာပြီ ဖြစ်ပေမဲ့ ခရီးသွားနဲ့ ပို့ဆောင်ရေး လုပ်ငန်းတွေအတွက် ကပ်ရောဂါ ကာလ မတိုင်မီ ၂၀၁၉ ခုနှစ်က အခြေအနေမျိုးကို ပြန်လည် ရရှိဖို့ ရုန်းကန်နေကြရဆဲပါ။ နိုင်ငံတကာ ခရီးသည်တွေ စတင် ဝင်ရောက်နေပြီ ဖြစ်သော်လည်း ပြည်တွင်း ခရီးသွားများအတွက် အဓိက ဦးတည်တဲ့ အခု အစီအစဉ်ဟာ လေကြောင်းလိုင်းများအတွက် အများအကြီး အထောက်အကူ ဖြစ်မယ်လို့ TAT ရဲ့ တာဝန် ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီအစီအစဉ်ကို ပူးပေါင်း ပါဝင်ပေးကြတဲ့ လေကြောင်းကုမ္ပဏီ များအနေနဲ့ ကိုဗစ် မတိုင်မီ ၂၀၁၉ ခုနှစ် လက်မှတ် ရောင်းအားကို လာမယ့် ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ပြန်လည် ရောက်ရှိမယ်လို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံ လေကြောင်းလိုင်းများ အသင်း (Thailand Airline Association – TAA) ဥက္ကဌ က ဆိုပါတယ်။ ကိုဗစ် ဖြစ်ပွားလာတဲ့ နောက်ပိုင်း နိုင်ငံတကာ လေကြောင်းလိုင်းများနဲ့ ပူးပေါင်း ပျံသန်းတဲ့ (codeshare agreements) အစီအစဉ်တွေကို ရပ်တန့် ထားခဲ့တာကြောင့် နိုင်ငံတကာ ခရီးစဉ်တွေ ရောင်းချနိုင်မှုဟာလည်း လျော့နည်း နေခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင် အာရှ နိုင်ငံများက လေကြောင်း လိုင်းများအတွက် တရုတ်နိုင်ငံသားတွေ ပြည်ပလည်ပတ်မှု မစတင်နိုင်သေးတာဟာလည်း အရေးပါတဲ့ ထိုးနှက်မှု တစ်ခုပါ။ ၂၀၂၃ နှစ်ကူးကာလမှ ပြန်လည် စတင်နိုင်မယ်လို့ ခန့်မှန်းနေကြပေမဲ့ ယခုအချိန်အထိ ထူးခြားမှုကို မမြင်တွေ့ရသေးပါဘူး။ ဒီလို အနေအထားမှာ နိုင်ငံတကာ လေကြောင်းလိုင်းများနဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြန်လည် စတင်နိုင်မယ် ဆိုရင်တောင် ကိုဗစ် မတိုင်မီက အနေအထားကို ပြန်ရောက်ဖို့ဆိုတာ ၂၀၂၄ နောက်ပိုင်းအထိ ကြာရှည်သွားနိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။

ကိုးကား

သတင်း အပြည့်အစုံ https://www.ttrweekly.com/site/2022/09/airlines-cut-domestic-fares/

Photo Credit





24/09/2022
21/09/2022

"ပိုက်ဆံ မကုန်ပဲ လေယာဉ်စီးကြမလား?"
"ထိုင်ခုံ နေရာ ၅ သန်း အခမဲ့ နီးပါး ပေးမယ့် AirAsia"

အရှေ့တောင် အာရှ နိုင်ငံ ၁၀ နိုင်ငံ နဲ့ အခြား ဒေသတွင်း နိုင်ငံ တွေကို ပျံသန်းနေတဲ့ ခရီးစဉ်များအတွက် ထိုင်ခုံ နေရာ ၅ သန်းကျော်ကို Air Asia လေကြောင်းလိုင်းက အခမဲ့ ရောင်းချပေးနေကြောင်း သိရပါတယ်။

ထိုင်ခုံနေရာအတွက် အခမဲ့ ဆိုသော်လည်း လေဆိပ် အခွန် နဲ့ အခြား အခွန်အခများ ကိုတော့ ပေးချေရမှာပါ။

ဒီအစီအစဉ်ကို ရယူဖို့ AirAsia Super App နဲ့ Air Asia အင်တာနက် စာမျက်နှာ မှာပဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ၂၀၂၂ ၊ စက်တင်ဘာ ၂၅ ရက်နေ့အတွင်း ရယူရမှာ ဖြစ်ပါတယ်။

ယခု အစီအစဉ်မှာ လူသိများ ထင်ရှားတဲ့ လန်ကဝီ၊ ပီနန်း၊ ဂျိုဟော၊ ဘာရူ၊ ကရာဘီ၊ ဖူကော့ နဲ့ စင်္ကာပူ ခရီးစဉ်များ ပါဝင်ပြီး အခြားသော ရယူထားတဲ့ ခရီးစဉ်တွေကို ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့ မှ အောက်တိုဘာ ၂၈ ရက်အတွင်း အသုံးပြုရမယ်လို့ သိရပါတယ်။

ဒါ့အပြင် AirAsia X နဲ့ Thai AirAsia X တို့က ပြေးဆွဲနေတဲ့ ခရီးရှည် (long-haul) လေကြောင်း ခရီးစဉ်များအတွက်လည်း အထူးဈေးနှုန်းများနဲ့ ရောင်းချလက် ရှိကြောင်း သိရပါတယ်။

ကိုးကား

သတင်းအပြည့်အစုံ https://www.ttrweekly.com/site/2022/09/airasia-bombs-the-market-with-5-million-free-seats/

Photo Credit




20/09/2022

"မြစ်တွင်း ဆည်းဆာ ခရီးစဉ်များ ပြန်လည် စတင်"

ညနေခင်း နေဝင်ချိန် အလှအပများကို ခံစားနိုင်ဖို့ မြစ်တွင်း ဆည်းဆာ (Sunset Cruise) ခရီးစဉ်များ ပြန်လည် စတင်နေပြီ လို့ သိရပါတယ်။ ကိုဗစ် ၁၉ ရောဂါ ပျံ့ပွားမှုကြောင့် ၂ နှစ်ကြာ ရပ်နားထားခဲ့ရာကနေ ၂၀၂၂ စက်တင်ဘာလမှာ ပြန်လည် စတင် ပြေးဆွဲတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ လာအို နယ်စပ် အနီး၊ မဲခေါင်မြစ်နဘေးက ချင်းဆီန် မြို့ ဆိပ်ကမ်းကနေ နေ့စဉ် ညနေ ၅ နာရီ မှာ စတင် ထွက်ခွါမှာ ဖြစ်ပြီး ည ၈ နာရီ မှာ ဆိပ်ကမ်းကိုပြန်လည် ဆိုက်ရောက် မှာပါ။ အခု စတင်ဘာလထဲမှာတော့ ခရီးသည် နည်းပါသေးတယ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာ လတွေမှာတော့ ပိုများမယ်လို့ မျှော်လင့် ထားကြောင်း ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (Tourism Authority of Thailand- TAT) ရဲ့ ချင်းရိုင် နဲ့ ဖယို ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး က ပြောပါတယ်။

နိုင်ငံတကာ ခရီးသွားတွေ ခွင့်မပြုသေးတဲ့ ကိုဗစ် ကာလထဲမှာတော့ ပြည်တွင်း ခရီးသွားတွေကိုပဲ အားကိုး လည်ပတ် နေခဲ့ရတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ် လုပ်ငန်းတွေဟာ အခု လာမဲ့ ၂၀၂၂ အောက်တိုဘာနဲ့ နိုဝင်ဘာ လတွေမှာ ပြန်လည် စတင်ကြမယ်လို့ မျှော်လင့် ထားကြပါတယ်။

ဥရောပနဲ့ နိုင်ငံတကာ က ခရီးသွား အုပ်စုတွေ ပြန်လည် ရောက်ရှိလာဖို့ မျှော်လင့်ထားကြပြီး ခရီးသည် အရေအတွက် များပြားလာတာနဲ့ အမျှ အောက်တိုဘာနဲ့ နိုင်ဝင်ဘာ လတွေမှာ ခရီးစဉ်တွေကိုလည်း တိုးချဲ့ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ပြင်ဆင်နေတဲ့ ချင်းရိုင် ဒေသရဲ့ ခရီးစဉ်တွေထဲမှာ မြန်မာနဲ့ လာအို နိုင်ငံ နယ်စပ်တွေကို ဖြတ်ကျော် လည်ပတ်တာလည်း အပါအဝင် ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ နယ်စပ် ဖြတ်ကျော် ခရီးစဉ်တွေကို ခွင့်ပြုမထားသေးပါဘူး။ ဒေသခံတွေနဲ့ ကုန်စည်စီးဆင်းမှု အချို့ကိုပဲ အကန့်အသတ်နဲ့ ခွင့်ပြုထားတာပါ။

ထိုင်း နဲ့ လာအို နယ်စပ်ဖြတ်ကျော်ခွင့်တွေကို အခုလ (စက်တင်ဘာ) ထဲမှာ ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့ သတင်းပတ် ထဲကလည်း နယ်စပ်ဖြတ်ကျော် ပြေးပွဲတစ်ခု ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

နယ်စပ် ဖြတ်ကျော် ခရီးစဉ်တွေအတွက် ဘယ်အချိန်မှာ ဘယ်လို ပုံစံနဲ့ ခွင့်ပြုသွားမယ် ဆိုတာ အတိအကျ မပြောနိုင်သေးပေမဲ့ မကြာခင် မှာပဲ ပြန်လည် စတင်နိုင်မယ်လို့ ခရီးသွားလုပ်ငန်း ဆိုင်ရာ တာဝန်ရှိသူများက ယုံကြည်ထားကြပါတယ်။

ကိုးကား

မူရင်း သတင်း https://www.ttrweekly.com/site/2022/09/mekong-sunset-cruises-return/





#

20/09/2022

ကမ္ဘာ့ ခရီးသွား ညီလာခံ ၂၀၂၂

ဆဌမအကြိမ်မြောက် ကမ္ဘာ့ ခရီးသွား ညီလာခံ (6th World Tourism Conference) ကို မလေးရှားနိုင်ငံမှာ ၂၀၂၂ နိုဝင်ဘာလ ၂၈ မှ ၃၀ အထိ ၃ ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

ခရီးသွား၊ အနုပညာနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့အချုပ် (World Tourism Organization - UN WTO) တို့ ပူးပေါင်းစီစဉ် ကျင်းပတာ ဖြစ်ပြီး ၃ ရက်တာ ကျင်းပမယ့် ဒီညီလာခံမှာ ခရီးသွားလုပ်ငန်းဆိုင်ရာ အထင်ကရ ပညာရှင်များက ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ကပ်ရောဂါ ကာလ နောက်ပိုင်း ခရီးသွားလုပ်ငန်း ပြန်လည် နိုးထ ရှင်သန်နိုင်ရေးအတွက် ကဏ္ဋပေါင်းစုံ ပါဝင်ပြီး အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမဲ့ အခြေခံတွေ တည်ဆောက်နိုင်ဖို့ “ခရီးသွားကဏ္ဋ အနာဂတ်ကို ပြန်လည် စိတ်ကူးပုံဖေါ်ခြင်း (Tourism Futures Reimagined)” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အဓိက ဆွေးနွေးမယ့် ခေါင်းစဉ်များကတော့ Decoding Tourism Futures- Foresight and Scenarios, Discovering Niche Opportunities for Growth, Redefining Tourism Success-Inspiring Stories, နဲ့ Rebuilding Tourism Resilience and Readiness တို့ ဖြစ်ကြပါတယ်။

အခမ်းအနားကို မလေးရှားနိုင်ငံ ဆာဘ ပြည်နယ်ရဲ့မြို့တော် "ကိုတ ကင်ဘာလူ (Kota Kinabalu)" မှာ ရှိတဲ့ Sabah International Convention Centre (SICC) မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

မလေးရှား နိုင်ငံဟာ ၂၀၂၂ ၊ ဧပြီလ ၁ ရက်နေ့က စပြီး နိုင်ငံတကာ ခရီးသည်တွေ လာရောက်ဖို့ ပြန်လည် ခွင့်ပြုခဲ့ပြီး ကမ္ဘာ့ ခရီးသွား ညီလာခံ ဟာလည်း လူကိုယ်တိုင် တက်ရောက်နိုင်တဲ့ ပွဲလမ်းတွေ၊ အခမ်းအနားတွေ ပြန်လည် စီစဉ်နိုင်တဲ့ ၂၀၂၂ ရဲ့ အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ကိုးကား

သတင်း အပြည့်အစုံ https://www.ttrweekly.com/site/2022/09/malaysias-meetings-are-back-on-track/

Photo Credit



အစားအသောက် ချစ်သူများ အတွက်....အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အသစ်အသစ်တွေကို လေ့လာ ချင်သူများအတွက်.....
26/08/2022

အစားအသောက် ချစ်သူများ အတွက်....
အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အသစ်အသစ်တွေကို လေ့လာ ချင်သူများအတွက်.....

"အစားအသောက် ပွဲတော် ကျင်းပမည်"

၂၀၂၂ ဩဂုတ်လ ၂၄ ရက် မှာ စတင်ပြီး စက်တင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပမယ့် အစားအသောက် ပွဲတော်ဟာ ကိုဗစ် အလွန်ကာလမှာ ပထမဆုံး အနေနဲ့ ပြန်လည် စတင် ကျင်းပတာ ဖြစ်ပြီး မတူ ထူးခြားတဲ့ အစီအစဉ်ပေါင်း များစွာကို ထည့်သွင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

၂၉ ကြိမ်မြောက် ဖြစ်တဲ့ စင်္ကာပူ အစားအသောက်ပွဲတော် ၂၀၂၂ () မှာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပါဝင်ပူးပေါင်းကြတဲ့ စားသောက်ဆိုင်တွေမှာ သွားရောက် သုံးဆောင်ဖို့ အစီအစဉ်တွေ ပါဝင်တဲ့ အလည်အပတ် ခရီးစဉ်တွေ အပါအဝင် ပွဲတော် ဧရိယာ အတွင်းမှာလည်း ထူးခြား ဆန်းသစ်တဲ့ အစားအသောက်၊ အချက်အပြုတ် ဆိုင်ရာ အတွေ့အကြုံတွေ ခံစားနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

စင်္ကာပူ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် () ရဲ့ ညွန်ကြားရေးမှူး Teyi Guo က “လူကိုယ်တိုင် တက်ရောက် သုံးဆောင် ခံစားနိုင်တဲ့ အစားအသောက်ပွဲတော် () ကို ပြန်လည် ကျင်းပနိုင်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ နိုင်ငံတကာ ခရီးသည်တွေ ပြန်လည် များပြားလာတဲ့ အချိန်မှာ ဧည့်သည်တော်များအတွက် မတူ ဆန်းပြား တဲ့ အရာသာကောင်းတွေကို ခံစားရလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

အစားအသောက်နဲ့ အဖျော်ယမကာ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် ၂၅ ခုကျော် ပါဝင်မဲ့ ဒီပွဲတော်ကို () ဆိုတဲ့ ခေါင်းစဉ်နဲ့ စင်္ကာပူနိုင်ငံ () မှာ ကျင်းပမှာဖြစ်ပါတယ်။

ပွဲတော်ဆိုင်ရာ အချက်အလက်တွေ၊ အစီအစဉ်တွေနဲ့ လက်မှတ် ရောင်းချမှု ဆိုင်ရာ အသေးစိတ် သတင်းတွေကို www.singaporefoodfestival.sg မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

ကိုးကား

သတင်းအပြည့်အစုံ https://www.ttrweekly.com/site/2022/08/singapores-food-festival-is-back/

Photo Credit web page




နိုင်ငံတကာမှာ ခရီးသွားလုပ်ငန်းတွေ အရှိန်အဟုန် ကောင်းကောင်းနဲ့ စနေကြပါပြီ။
26/08/2022

နိုင်ငံတကာမှာ ခရီးသွားလုပ်ငန်းတွေ အရှိန်အဟုန် ကောင်းကောင်းနဲ့ စနေကြပါပြီ။

"မဲခေါင် ဒေသ၏ အကြီးဆုံး နိုင်ငံတကာ ခရီးသွားပြပွဲ ၂၀၂၂"

၂ နှစ်ကြာ ရပ်နားထားပြီးတဲ့နောက် ဗီယက်နမ် နိုင်ငံနဲ့ မဲခေါင် မြစ်ဝှမ်းဒေသ အတွက် အကြီးဆုံးသော နိုင်ငံတကာ ခရီးသွား ပြပွဲကြီး (ITE - HCMC) ကို ပြန်လည် ကျင်းပတော့မယ်လို့ သိရပါတယ်။ ဗီယက်နမ် နိုင်ငံ ဟိုချီးမင်း မြို့တော်၊ ဆိုင်ဂုံ စင်တာ ( Saigon Exhibition and Convention Center ) မှာ ၂၀၂၂ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ယခု ပြပွဲကတဆင့် ဗီယက်နမ် နိုင်ငံနဲ့ မဲခေါင်ဒေသအတွက် နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြပါတယ်။

ကိုဗစ် ၁၉ ရောဂါ ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ ဗီယက်နမ် နိုင်ငံရဲ့ ပြည်တွင်း ခရီးသွားလည်ပတ်မှုဟာ ပုံမှန် အနေအထားကို ပြန်ရောက်နေပြီလို့ ဆိုနိုင်ပေမဲ့ နိုင်ငံတကာ ဧည့်သည် ဝင်ရောက်မှုကတော့ ၂၀၁၉ ရဲ့ အနေအထားကို ပြန်လည် ရောက်ရှိဖို့ ဝေးကွာနေသေးတယ်လို့ သိရပါတယ်။

ပြပွဲ ကာလ ၃ ရက်တာ အတွင်း တက်ရောက်သူ ၂ သောင်းကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး လုပ်ငန်းဆိုင်ရာ ရောင်းသူ-ဝယ်သူ တွေ့ဆုံမှုပေါင်း ခြောက်ထောင်ကျော် ရှိမယ်လို့လည်း ဆိုပါတယ်။ ပြပွဲ နောက်ဆုံးနေ့မှာ ခရီးသွား ဝန်ဆောင်မှုတွေကို လေ့လာ ဝယ်ယူဖို့အတွက် ခရီးသွား ဝါသနာရှင် တစ်သောင်းကျော် လာရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ခရီးသွားဆိုင်ရာ နိုင်ငံတကာ ဆုတစ်ခု ဖြစ်တဲ့ ကမ္ဘာ့ ခရီးသွား ဆု (World Travel Awards- WTA 2022) ချီးမြှင့်ပွဲ အခမ်းအနားအတွက် အာရှနဲ့ သမုဒ္ဒရာပိုင်း ဒေသဆိုင်ရာ အခမ်းအနားကိုလည်း ဟိုချီမင်း မြို့တော်က စက်တင်ဘာ ၇ ရက်နေ့မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။
ယခုလို အခမ်းအနားတွေနဲ့ ပြပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ခြင်းဟာ ဟိုချီမင်း မြို့တော်ကို ကမ္ဘာ့ ခရီးသွား မြေပုံပေါ်မှာ ပိုမို ထင်ရှား လူသိများလာစေမှာဖြစ်တယ် လို့ ဟိုချီမင်းမြို့တော် ခရီးသွားလုပ်ငန်း ဌာနရဲ့ ညွန်ကြားရေးမှူး Nguyen Thi Anh Hoa က ပြောကြောင်း သိရှိရပါတယ်။

ပြပွဲ ဆိုင်ရာ အသေးစိတ် အချက်အလက်များကို https://itehcmc.travel/ မှာ ဝင်ရောက် ကြည့်ရှု လေ့လာ နိုင်ပါတယ်။

ကိုးကား

မူရင်း သတင်း https://www.ttrweekly.com/site/2022/08/ite-hcmc-is-back-on-the-show-calendar/

Photo Credit





Address

Corner Of 70th & 28th Streets
Mandalay
05021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00
15:00 - 16:00

Telephone

+959256025799

Website

Alerts

Be the first to know and let us send you an email when Unique Discovery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Unique Discovery:

Videos

Share


Other Mandalay travel agencies

Show All