
10/06/2025
📣"URGENT JOB VACANCIES!!!"📣
အဗန့်(စ်)မြန်မာ မှ အောက်ပါဝန်ထမ်းများကို အမြန် ခေါ်ယူလျက် ရှိပါသည်။
Cashier – (၁) ဦး (ချမ်းမြသာစည် ရုံးခွဲ)
🔹 ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍ ၊ စာရင်းကိုင်ပညာ၊စီမံခန့်ခွဲမှုပညာ ၊ စီးပွားရေးနှင့် သက်ဆိုင်သောဘွဲ့ (သို့) တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
🔹 ငွေကြေးနှင့် ငွေကြေးစာရင်းများကိုမှန်ကန်တိကျစွာ တွက်ချက်စစ်ဆေးနိုင်သူ ဖြစ်ရမည်။
🔹 စာရွက်စာတမ်းကိစ္စရပ်များကိုမှန်ကန်စွာ ဖြည့်စွက်ရေးသားဖတ်ရှုနိုင်ရမည်။
🔹 စာရင်းအင်းနှင့်ဆိုင်သော ဗဟုသုတရှိရမည်။
🔹 ကျွန်ပျူတာ အသုံးပြုနိုင်ရမည်။
🔹 ငွေဝင်ငွေထွက်များကိုအသေးစိတ် အမှား
အယွင်းမရှိအောင် တွက်ချက်စာရင်းသွင်းနိုင်ရမည်။
🔹 လူမှုဆက်ဆံရေးအထူးကျွမ်းကျင်ပြီး အသင်းသားများအား ဖော်ရွေစွာဆက်ဆံနိုင်ရမည်။
🔹 အသင်းသားများဘက်မှ တိုင်ကြားမှုများကို
ရုံးခွဲမန်နေဂျာထံ ကောင်းမွန်စွာတင်ပြနိုင်ရမည်။
🔹 မြန်မာစကား ကျွမ်းကျင်ရမည်။ ဒေသခံဘာသာစကားများကျွမ်းကျင်ပါကပိုကောင်းသည်။
🔹 ငွေကြေးကိုင်တွယ်ခြင်း နှင့် စာရင်းသွင်းခြင်းဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ပါကဦးစားပေးပါမည်။
Teller – (၂) ဦး (ချမ်းမြသာစည် ရုံးခွဲ)
🔹 တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည် (သို့) ဘွဲ့မရသေးသူများလည်း လျှောက်ထားနိုင်ပါသည်။
🔹 သက်ဆိုင်ရာ ရာထူး(ငွေကိုင်) ဖြင့် အလုပ်အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိသောသူဖြစ်ရမည်။ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
🔹 အသေးစားငွေရေးကြေးရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍတို့နှင့် သက်ဆိုင်သော အတွေ့အကြုံ/ဗဟုသုတရှိလျှင် ပိုမိုကောင်းမွန်ပါသည်။
🔹 လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်၍ ရိုးသားဖြောင့်မတ်ပြီး အကောင်းမြင်စိတ် ရှိသူဖြစ်ရမည်၊၊
🔹 အလုပ်ဖိအားကို ခံနိုင်ရည်ရှိပြီး သွက်လက်ချိူသာစွာ ဝန်ဆောင်မှုပေးနိုင်သူ ဖြစ်ရမည်၊၊
🔹 ကွန်ပျူတာ (Microsoft Office, Internet, Email) ကျွမ်းကျင်မှုရှိရမည်။
အထက်ပါရာထူးနှင့် ကိုက်ညီ၍ လျှောက်ထားလိုပါက အလုပ်လျှောက်လွှာဖောင်အား အချက်အလက် ပြည့်စုံမှန်ကန်စွာဖြည့်သွင်းပြီး [email protected] , [email protected] သို့လည်းကောင်း၊ 09-951 045 425 (viber) သို့လည်းကောင်း ( 24.06. 2025) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။ အသေးစိတ် စုံစမ်းလိုပါက 09-951 045 425 သို့ ရုံးချိန် (8 AM to 5 PM) (Monday to Friday) အတွင်း ဆက်သွယ်နိုင်ပါသည်။
⭐Interview စာရင်းတွင် ပါဝင်သော သူများကိုသာ ဆက်သွယ်အကြောင်းကြားပေးပါမည်။⭐
#အလုပ်ခေါ်စာ #ချေးငွေလုပ်ငန်း #မန္တလေးအလုပ်အကိုင်