United Auto PIT & GO

United Auto PIT & GO Safe and Happy driving experience
(37)

Requirement✔️✔️✔️✅Store Part Assistant= (1) posts(Female/Male)-Computer အခြေခံကျွမ်းကျင်ရမည်။-ကျောင်းကိစ္စကင်းရှင်းသူ၊ဘွ...
10/06/2024

Requirement✔️✔️✔️

✅Store Part Assistant= (1) posts(Female/Male)

-Computer အခြေခံကျွမ်းကျင်ရမည်။

-ကျောင်းကိစ္စကင်းရှင်းသူ၊ဘွဲ့တခုခုရပြီးသူဖြစ်ရမည်။

-သင်ယူလိုစိတ်ရှိပြီး အသင်းဖွဲ့နှင့်ပူးပေါင်းလိုစိတ်ရှိသူဖြစ်ရမည်။

&GO


🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA

☎️09-256487766、09797487558

Requirement✔️✔️✔️✅Service advisor = (2) posts(Male/Female)-ပြောဆိုဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။-Computer အခြေခံ...
13/05/2024

Requirement✔️✔️✔️

✅Service advisor = (2) posts(Male/Female)

-ပြောဆိုဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။

-Computer အခြေခံကျွမ်းကျင်ရမည်။

-ကားနှင့်စက်ပစ္စည်း များကို စိတ်ဝင်စားသူဖြစ်ရမည်။

-အသင်းအဖွဲ့နှင့် လိုက်လျောညီထွေစွာလုပ်ဆောင်နိုင်သူဖြစ်ရမည်။

-Customer Service အပိုင်းတွင် လုပ်ငန်းအတွေ့အကြုံရှိပြီး Customer များကိုစိတ်ရှည်စွာဖြင့် အကောင်းမွန်ဆုံး၀န်ဆောင်မှုပေးနိုင်သူ ဖြစ်ရမည်။

❄️ လစာ - ညှိနှိုင်း
❄️ အလုပ်ချိန် - နံနက် (၈:၃၀) မှ ညနေ (၅:၃၀) အထိ
❄️ နားရက် - လပြည့်/လကွယ်တိုင်းဆိုင်ပိတ်သည်။

📑 CV Form ကို အောက်ပါ Viber ဖုန်းနံပါတ်များသို့ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

Manager hotline 09792166168

&GO


🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA

☎️09-256487766、09797487558

အိတ်ဇောကျောက်ဇကာ (Catalytic Converter) ကို ဆေးပြီးပြန်သုံးလို့ရလား ❓မော်တော်ကား အင်ဂျင်ရဲ့ အိတ်ဇောစနစ်မှာ တပ်ဆင်အသုံးပြု...
28/04/2024

အိတ်ဇောကျောက်ဇကာ (Catalytic Converter) ကို ဆေးပြီးပြန်သုံးလို့ရလား ❓

မော်တော်ကား အင်ဂျင်ရဲ့ အိတ်ဇောစနစ်မှာ တပ်ဆင်အသုံးပြုထားတဲ့ အိတ်ဇောကျောက်ဇကာ (Catalytic Converter) ဆိုတာ အိတ်ဇောဓါတ်ငွေ့ထဲက CO (ကာဗွန်မိုနောက်ဆိုဒ်)၊ HC (ဟိုက်ဒရိုကာဗွန်) နဲ့ NOx (ကာဗွန်ဒိုင်အောက်ဆိုဒ်) တို့ကဲ့သို့ သဘာဝပါတ်ဝန်းကျင် နှင့် လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုဓါတ်ငွေ့များကို CO2 (ကာဗွန်ဒိုင်အောက်ဆိုဒ်)၊ H2O (ရေ) နဲ့ N2 (နှိုက်ထရိုဂျင်) များအဖြစ် ပြောင်းလဲပေးကာ သဘာဝပါတ်ဝန်းကျင် နှင့် လူကို အန္တရာယ်ပြုစေနိုင်တဲ့ ဓါတ်ငွေ့များကို ထိန်းသိမ်းခြင်း၊ လျော့ချပေးခြင်း တို့ကို ပြုလုပ်ပေးပါတယ် ။

အိတ်ဇောကျောက်ဇကာရဲ့သက်တမ်းက အကြမ်းဖျင်း ကီလိုမီတာ (၁၀၀,၀၀၀ မှ ၂၀၀,၀၀၀) ကြား ရှိပါတယ် ။ ထိုသက်တမ်း ကို ကျော်လွန်သွားတဲ့အခါ ကျောက်ဇကာပျက်စီးခြင်းနှင့် ကျောက်ဇကာရဲ့ စွမ်းဆောင်ရည်ထိုးကျသွားကာ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေတက်ပါတယ် ။ ကျောက်ဇကာ ချေးပိတ်တဲ့အခါ အင်ဂျင်ဆီစားများခြင်း၊ လီဗာနင်းမရခြင်း၊ အင်ဂျင်ချက်မီးလင်းခြင်း၊ အင်ဂျင်အပူလွန်ကဲခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ် ။

အကယ်၍ ကျောက်ဇကာမှာ အိတ်ဇောချေးတွေပိတ်နေတယ်ဆိုရင်တော့ ကျောက်ဇကာဆေးရည် (သို့မဟုတ်) ကာဗွန်ဆေးရည်ကို အသုံးပြုပြီး ကျောက်ဇကာကို ဆေးလို့ရပါတယ် ။ တချို့မိတ်ဆွေများက ကျောက်ဇကာကို ခွဲထုတ်ကြတာကိုလည်း တွေ့ကြရပါတယ် ။ ကျောက်ဇကာခွဲထုတ်ပြီးအသုံးပြုတဲ့အခါ အိတ်ဇောအသံကျယ်ခြင်း၊ အိတ်ဇောဆင်ဆာများ သက်တမ်းတိုခြင်း၊ အင်ဂျင်သက်တမ်းတိုခြင်း အစရှိတဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ် ။

အိတ်ဇောကျောက်ဇကာကို ဆေးပြီးအသုံးပြုပြီး သိပ်မကြာခင် အင်ဂျင်ချက်မီးပြန်လင်းပြီး ကျောက်ဇကာပြစ်ချက်ကုဒ် ပြန်တက်နေပြီဆိုရင်တော့ ကျောက်ဇကာ သက်တမ်းကုန်နေပြီး ကျောက်ဇကာပျက်စီးနေပြီ လို့ဆိုလိုတာ ဖြစ်ပါတယ် ။ ထိုအခါမျိုးတွင်တော့ ကောင်းမွန်သော အိတ်ဇောကျောက်ဇကာဖြင့် လဲလှယ်သင့်ပါကြောင်း ချစ်ခင်စွာဖြင့် မျှဝေပေးလိုက်ပါရစေ ခင်ဗျာ ။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

17/04/2024

မင်္ဂလာနှစ်သစ်ပါ။
အလုပ်ရုံကို နှစ်ဆန်း သုံးရက် 19.4.2024 နေ့မှာ ပြန်ဖွင့် သွားမှာဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်ခင်ဗျာ

🙏🏻 မြန်မာနှစ်သစ် ဆုတောင်း 🙏🏻မင်္ဂလာရှိသော မြန်မာနှစ်သစ်မှာ ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ ကျန်းမာရွှင်လန်းကြပါစေကြောင်း PIT&...
17/04/2024

🙏🏻 မြန်မာနှစ်သစ် ဆုတောင်း 🙏🏻

မင်္ဂလာရှိသော မြန်မာနှစ်သစ်မှာ ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ ကျန်းမာရွှင်လန်းကြပါစေကြောင်း PIT&GO Car Service မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

BMW 320i Engine overheated ➡️check and replaced electric water pumpEngine oil leak ➡️check and replace crankcase oil sea...
26/03/2024

BMW 320i
Engine overheated ➡️check and replaced electric water pump
Engine oil leak ➡️check and replace crankcase oil seal

Land Rover Velar
Sub-cooler replacement
Water pump replacement
Electric door handle replacement

&GO


🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA

☎️09-256487766、09797487558

ပူပြင်း ခြောက်သွေ့သော နွေရာသီမှာ ကား Air Con တွင် အဖြစ်များ ကြုံတွေ့ရတဲ့  ပြဿာနာများ1. Air Con ဖွင့်လျှင် အအေးလျော့နည်းခ...
20/03/2024

ပူပြင်း ခြောက်သွေ့သော နွေရာသီမှာ ကား Air Con တွင် အဖြစ်များ ကြုံတွေ့ရတဲ့ ပြဿာနာများ

1. Air Con ဖွင့်လျှင် အအေးလျော့နည်းခြင်း
2. လုံး၀ မအေးခြင်း
3. အသံထွက်ခြင်း
4. အပူပဲ လာနေခြင်း
5.လေလုံးဝမထွက်ခြင်း
6.အနံ့ထွက်ခြင်း အစရှိသော Air Con ပြဿာနာများကို

ကျွန်တော်တို့ United Auto မှာတပြိုင်နက်ထဲ ဖြေရှင်းပေးသွားနိုင်ပါသည်။
လူကြီးမင်းတို့ အနေဖြင့် ဘယ်လို ပြဿာနာ အဖြစ်မျိုးနဲ့ တွေ့ကြုံခံစားနေရပါသလဲ???

ကျွန်တော်တို့ United Auto ရဲ့ ကျွမ်းကျင် ဆရာများနှင့် လူကြီးမင်း တွေ့ကြုံခံစားနေရသော ပြဿာနာများကို စစ်ဆေးပြုပြင် ဖြေရှင်းပေးသွားပါမည် ခင်ဗျာ။

&GO


🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA

☎️09-256487766、09797487558

One-stop Hi-Tech Japan car serviceလူကြီးမင်း ကားအောက်ပိုင်းစစ်ဆေးပြုပြင်ဖို့ လိုအပ်နေပါသလား?ကားအောင်ပိုင်း အသံရှိနေပါသလာ...
14/03/2024

One-stop Hi-Tech Japan car service
လူကြီးမင်း ကားအောက်ပိုင်းစစ်ဆေးပြုပြင်ဖို့ လိုအပ်နေပါသလား?
ကားအောင်ပိုင်း အသံရှိနေပါသလား?
ကားမောင်းရတာ လူးနေပါသလား?
ကားမောင်းရတာ ပုံမှန်မဟုတ်သလို ခံစားနေရပါသလား?
🔧ကျွန်တော်တို့၏ကျွမ်းကျင်ဝါရင့် ဝပ်ရှော့ဆရာများကိုယ်တိုင် စစ်ဆေးပြီး ပြစ်ချက်များကို ရှာဖွေပေးသွားပါမည်ခင်ဗျာ။
ကားပြုပြင်ရာတွင် ကုန်ကျစရိတ်များသွားမလား?
အချိန်အရမ်းကြာသွားမလား?
စိတ်မပူရအောင်လည်း ကျွန်တော်တို့ United Auto Car Service အနေဖြင့် ကုန်ကျစရိတ်နှင့်ကြာချိန်ကို သေချာစစ်ဆေးတွက်ချက်ပြီး အကြောင်းကြားပေးသွားပါမည် ခင်ဗျာ။
ကားပြုပြင်ရာတွင် လည်း Customer ၏ ခွင့်ပြုချက်လက်ခံရမှသာ ကျွန်တော်တို့ အနေဖြင့် စတင်ပြုပြင်ပေးသွားပါမည် ခင်ဗျာ။

&GO


🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA

☎️09-256487766、09797487558

အော်တိုဂီယာ အမျိုးအစားများ (Types of Automatic Transmission) မော်တော်ကားမှာအသုံးပြုထားတဲ့ ဂီယာစနစ်မှာ အခြေခံအားဖြင့် အော...
01/03/2024

အော်တိုဂီယာ အမျိုးအစားများ (Types of Automatic Transmission)

မော်တော်ကားမှာအသုံးပြုထားတဲ့ ဂီယာစနစ်မှာ အခြေခံအားဖြင့် အော်တိုဂီယာ (Automatic Transmission) နှင့် မန်နူရယ်ဂီယာ (Manual Gear) ဆိုပြီး အမျိုးအစားနှစ်မျိုးကို တွေ့ရမှာဖြစ်ပါတယ်။ အော်တိုဂီယာစနစ်ကို ခွဲခြမ်းစိတ်ဖြာပိုင်းခြားလိုက်ရင် အမျိုးအစား (၅) မျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲ့ဒီအမျိုးအစားတွေကတော့
1️⃣ AMT (Automated Manual Transmission)
2️⃣ CVT (Continuous Variable Transmission)
3️⃣ DCT (Dual Clutch Transmission)
4️⃣ IMT (Intelligent Manual Transmission)
5️⃣ Torque Converter တို့ဖြစ်ပါတယ်။

1️⃣ AMT (Automated Manual Transmission)
AMT အော်တိုဂီယာဆိုတာကတော့ အော်တိုဂီယာလိုလည်း မောင်းနှင်လို့ရသလို မန်နူရယ်ဂီယာလိုလည်း မောင်းနှင်လို့ရတဲ့ အော်တိုဂီယာအမျိုးအစားတခုဖြစ်ပါတယ်။ AMT ဂီယာစနစ်က မန်နူရယ်ဂီယာစနစ်ကို အခြေခံပြီး မန်နူရယ်ဂီယာကို အဆင့်မြှင့်ထားတာဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး ဆီစားနှုန်းလျော့ချပေးနိူင်တဲ့ စနစ်ဖြစ်ပါတယ်။ AMT ဂီယာစနစ်နဲ့ ဓါတ်ဆီအင်ဂျင်ကား၊ ဒီဇယ်အင်ဂျင်ကား၊ CNG အင်ဂျင်ကား၊ LPG အင်ဂျင်ကားတွေမှာ အသုံးပြုတာကိုလည်း တွေ့ရပါတယ်။

2️⃣ CVT (Continuous Variable Transmission)
CVT ဂီယာအမျိုးအစားကို လက်ရှိကားဈေးကွက်မှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။ ဥပမာ – Toyota Belta ၊ Toyota Camry ၊ Toyota Corolla စသည်ဖြင့် တိုယိုတာကားများမှာလည်း CVT ဂီယာစနစ်ကို အသုံးပြုကြသလို Honda ၊ Nissan၊ Mazda၊ Mitsubishi အစရှိတဲ့ ကားအမျိုးအစားများတွင်လည်း ထိုစနစ်ကို အသုံးပြုကြပါတယ်။ CVT ဂီယာစနစ်က အထနှေးပေမယ့်လည်း ဂီယာချိန်းညင်သာပြီး ဆီစားသက်သာစေပါတယ်။

3️⃣ DCT (Dual Clutch Transmission)
DCT ဂီယာစနစ်ကို DSG – Direct Shift Gearbox လို့လည်း ခေါ်ပါတယ်။ DCT စနစ်ကတော့ နည်းပညာပိုမိုမြင့်တဲ့ အော်တိုဂီယာစနစ်တခုဖြစ်ပါတယ်။ ဒီစနစ်က ဂီယာချိန်းညင်သာမှုနှင့် ချောမွေ့စေရန်အတွက် နှစ်ထပ်ကလပ် (Dual Clutch) စနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ DCT စနစ်အတွက် Dry ကလပ်ကို အသုံးပြုပြီး DSG စနစ်အတွက် Wet ကလပ်ကို အသုံးပြုထားပါတယ်။ မန်နူရယ်ဂီယာကားထက် ဆီစားသက်သာစေသလို အော်တိုဂီယာပေမယ့် ဂီယာနံပါတ်တွေကို လိုသလို ပြောင်းလို့ရတဲ့ Paddle Shifter ပါဝင်ပါတယ်။

4️⃣ IMT (Intelligent Manual Transmission)
IMT ဂီယာစနစ်မှာ ဂီယာတံပုံစံက မန်နူရယ်ဂီယာတံပုံစံဖြစ်ပြီး ကလပ်မပါဝင်ဘဲ ဘရိတ်နဲ့ လီဗာသာပါဝင်ပါတယ်။ IMT စနစ်မှာ အော်တိုမက်တစ်ဆင်ဆာများရဲ့ အာရုံခံမှုဖြင့် ကွန်ထရိုးယူနစ်မှ အက်ကျူရေတာများကို အလုပ်လုပ်ဆောင်စေကာ ကားမောင်းသူရဲ့ ဂီယာနံပါတ်ရွေးချယ်မှုကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ မန်နူရယ်ဂီယာတွေမှာ ဂီယာချိန်းရင်ကလပ်နင်းပြီး ဂီယာချိန်းနေရတဲ့အတွက် IMT ဂီယာစနစ်က ကလပ်နင်းစရာမလိုဘဲ မန်နူရယ်ဂီယလို မောင်းနှင်နိုင်အောင် တီထွင်ဖန်တီးလိုက်တာဘဲ ဖြစ်ပါတယ်။

5️⃣ Torque Converter
Torque Converter စနစ်ကတော့ လက်ရှိဈေးကွက်မှာ အသုံးအများဆုံးဖြစ်တဲ့ AT လို့အသိများတဲ့ ဂီယာစနစ်ဘဲဖြစ်ပါတယ်။ အော်တိုဂီယာစနစ်မှာ အခြေခံကျတဲ့စနစ်လို့လည်း ပြောလို့ရတဲ့ ဂီယာစနစ်လည်း ဖြစ်ပါတယ်။ ကားအမျိုးအစားတော်တော်များများ ဒီစနစ်ကို တွေ့ရပြီး ဥပမာ Toyota ၊ Honda ၊ Nissan ၊ Mazda ၊ Mitsubishi ၊ Isuzu ၊ Suzuki အစရှိတဲ့ ကားတွေမှာလည်း တွေ့နိုင်ပါတယ်။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

   &GO    Transmission disassembly and assembly Dual clutch set adjustment and replacementComputer  diagnosis, reset and...
29/02/2024

&GO




Transmission disassembly and assembly
Dual clutch set adjustment and replacement
Computer diagnosis, reset and calibration
Work done

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA

☎️09-256487766、09797487558

Variable Valve Timing (VVT) စနစ်ရဲ့ ကောင်းကျိုး တွေက ဘာတွေဖြစ်မလဲ ❓ကားအင်ဂျင်တွေမှာပါတဲ့ VVT စနစ်ဆိုတာ Variable Valve Ti...
27/02/2024

Variable Valve Timing (VVT) စနစ်ရဲ့ ကောင်းကျိုး တွေက ဘာတွေဖြစ်မလဲ ❓

ကားအင်ဂျင်တွေမှာပါတဲ့ VVT စနစ်ဆိုတာ Variable Valve Timing ဆိုတဲ့ အတိုကောက်နာမည်ဖြစ်ပြီး အင်ဂျင်လည်ပတ်မှု၊ အင်ဂျင်ထမ်းဆောင်ရတဲ့ ဝန်အားပေါ်မူတည်ပြီး Valve Timing ကို လိုသလို ချိန်ညှိပေးကာ အကောင်းဆုံးအင်ဂျင်စွမ်းဆောင်ရည်၊ ဆီစားသက်သာမှု အကောင်းဆုံးကို ရရှိအောင် လုပ်ဆောင်ပေးတဲ့ စနစ်တခုဖြစ်ပါတယ်။

VVT စနစ်ကို မော်ဒန်ကားအင်ဂျင်တော်တော်များများမှာ တပ်ဆင်အသုံးပြုကြပြီး TOYOTA က VVT-i (Variable Valve Timing with intelligence)၊ HONDA က VTEC (Variable Valve Timing and Lift Electronic Control)၊ FORD က VCT (Variable Camshaft Timing) စတဲ့ နာမည်တွေနဲ့ တပ်ဆင်အသုံးပြုကြပြီး BMW ၊ NISSAN အစရှိတဲ့ကားတွေမှာလည်း မတူကွဲပြားတဲ့ နာမည်တွေနဲ့ VVT စနစ်ကို အသုံးပြုကြပါတယ်။ VVT စနစ်ရဲ့ ကောင်းကျိုးတွေကတော့

၁) ဆီစားသက်သာစေခြင်း – VVT ပါတဲ့ကားအင်ဂျင်တွေက အင်ဂျင်လည်ပတ်မှု၊ အင်ဂျင်ဝန်ရုန်းအားပေါ်မူတည်ကာ ကားမောင်းသူမှ လီဗာနင်းတဲ့ပမာဏပေါ်အခြေခံပြီး အကောင်းဆုံးဗားတိုင်မင်ကို တွက်ချက်ကာ ဗားအဖွင့်အပိတ်ပြုလုပ်ပေးတဲ့ ကမ်မရှပ် (Camshaft) လည်ပတ်မှုကို ထိန်းချုပ်ကာ စောလည်ပေးခြင်း (Advance) နှင့် နောက်ကျလည်ပေးခြင်း (Re**rd) တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေတာကြောင့် လောင်စာဆီစား သက်သာစေပါတယ်။

၂) Idle Speed တွင် အင်ဂျင်စက်သံငြိမ်ခြင်း – VVT ပါတဲ့ ကားအင်ဂျင်တွေရဲ့ Idle Speed တွင် လည်ပတ်မှုကို ဆူညံသံသိပ်မထွက်ဘဲ အင်ဂျင်တုန်ခါမှုလည်း နည်းစေပါတယ်။ Valve Timing ကို လိုအပ်သလို ထိန်းချုပ်နေတဲ့အတွက် အင်ဂျင် Idle Speed တွင် စက်သံငြိမ်ပြီး ဆူညံသံ နည်းရခြင်းဖြစ်ပါတယ်။

၃) အကောင်းဆုံး အင်ဂျင်ပါဝါကို ရရှိစေခြင်း – VVT စနစ်ပါတဲ့ ကားအင်ဂျင်တွေမှာ အင်ဂျင်ကွန်ထရိုးယူနစ်မှ ကမ်မရှပ်လည်ပတ်မှုကို လိုအပ်သလိုထိန်းချုပ်ကာ ဗားအဖွင့်အပိတ်ကို ချိန်ညှိထားတဲ့အတွက် အင်ဂျင်မီးလောင်ခန်းအတွင်း အကောင်းဆုံး ဖိအား၊ အကောင်းဆုံး လောင်ကျွမ်းပေါက်ကွဲအားဖြင့် အကောင်းဆုံး အင်ဂျင်စွမ်းဆောင်ရည်၊ အင်ဂျင်ပါဝါကို ရရှိစေပါတယ်။

၄) ညစ်ညမ်းဓါတ်ငွေ့စွှန့်ထုတ်မှု နည်းပါးခြင်း – VVT စနစ်ပါတဲ့ကားတွေမှာ တိုင်မင်ကိုက် လောင်ကျွမ်းပေါက်ကွဲပြီး အိတ်ဇောငွေ့တွေကို စွန့်ထုတ်ပေးတဲ့အတွက် သဘာဝပါတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှုလည်း နည်းပါးသွားပါတယ်။

ဒါကြောင့် VVT စနစ်ပါတဲ့ ကားအင်ဂျင်တွေကို ပိုမိုအသုံးပြုသင့်ပါတယ်။ ဒါပေမယ့် VVT စနစ်ပါတဲ့ ကားအင်ဂျင်တွေမှာလည်း အထူးဂရုစိုက်ရမဲ့ အချက်တွေရှိပါတယ်။ VVT စနစ်က အင်ဂျင်ဝိုင်ဖိအားအပေါ် အခြေခံပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အင်ဂျင်ဝိုင်ပုံမှန်လဲလှယ်ပေးသင့်သလို သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ဂရိတ် (ဥပမာ – 5W-30, 10W-30) ကိုသာ အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ အင်ဂျင်ဝိုင်အမျိုးအစားလည်း ကောင်းဖို့လိုအပ်ပါတယ်။ ဒါမှသာ VVT စနစ်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေမှာ ဖြစ်ပါတယ်။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

🧧 Happy Chinese New Year 🧧ယခုကျရောက်သော တရုတ်နှစ်သစ်ကူးကာလတွင် ချစ်ခင်ရသော Customer များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ...
09/02/2024

🧧 Happy Chinese New Year 🧧

ယခုကျရောက်သော တရုတ်နှစ်သစ်ကူးကာလတွင် ချစ်ခင်ရသော Customer များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း PIT&GO Car Service မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ ။

&GOCarService

EGR (Exhaust Gas Recirculation) စနစ် ဆိုတာ ဘာလဲ ❓EGR (Exhaust Gas Recirculation) စနစ် ဆိုတာ အိတ်ဇောပိုက်ထဲက အိတ်ဇောငွေ့တ...
06/02/2024

EGR (Exhaust Gas Recirculation) စနစ် ဆိုတာ ဘာလဲ ❓

EGR (Exhaust Gas Recirculation) စနစ် ဆိုတာ အိတ်ဇောပိုက်ထဲက အိတ်ဇောငွေ့တချို့ကို Inlet Manifold မှတဆင့် အင်ဂျင်မီးလောင်ခန်း (Combustion Chamber) ထဲကို ပြန်ထည့်ပေးကာ အိတ်ဇောပိုက်ထဲက NOx (Nitrogen Oxide) ပမာဏကို လျော့ချပေးကာ အိတ်ဇောရဲ့ အပူကိုလည်း လျော့ချပေးတဲ့ စနစ်တခုဖြစ်ပါတယ်။

EGR စနစ်ရဲ့ အဓိက အစိတ်အပိုင်း တခုကတော့ EGR Valve ဖြစ်ပါတယ်။ EGR Valve ကို လေဖြင့် အဖွင့် အပိတ် ပြုလုပ်ပေးတဲ့စနစ်ရှိသလို နောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာ မော်တာဖြင့် ထိန်းချုပ်ကာ အဖွင့် အပိတ် ပြုလုပ်ပေးပါတယ်။ အင်ဂျင်ရဲ့ ဝန်အား၊ အင်ဂျင်လည်ပတ်မှုပေါ် မူတည်ပြီး Inlet Manifold အထဲကို ထည့်ပေးမယ့် အိတ်ဇောပိုက်ထဲက အိတ်ဇောငွေ့ အနည်းအများကို ထိန်းချုပ်ပေးတာဖြစ်ပါတယ်။

EGR Valve ရဲ့ ပုံမှန်အခြေနေက ပိတ်နေတာ ဖြစ်ပြီး အင်ဂျင်စတင်နှိုးတဲ့အချိန်မှာ EGR Valve လုံး၀ မပွင့်သလို လီဗာဖိနင်းလိုက်ချိန် အရှိန်တင်တဲ့အချိန်တွေမှာလည်း EGR Valve လုံး၀ မပွင့်ပါဘူး။ EGR Valve အများဆုံးပွင့်တဲ့အချိန်က Idle Speed အခြေနေဖြစ်ပါတယ်။ EGR စနစ်မှာ EGR Cooler ပါဝင်ပြီး အင်ဂျင်ထဲကို ပြန်ထည့်ပေးတဲ့ အိတ်ဇောငွေ့များကို အအေးပေးတာဖြစ်ပါတယ်။ အိတ်ဇောငွေ့များက EGR Valve ကို ဖြတ်သန်းကာ Inlet Manifold ထဲကို ဝင်ရောက်တာဖြစ်တဲ့အတွက် EGR Valve မှာ ကာဗွန်ဂျိုးများ၊ အိတ်ဇောအမှုန်များ ကပ်ငြိနေတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ အိတ်ဇောအမှုန်များနှင့် ကာဗွန်ဂျိုးများက EGR Value ကို ပျက်စီးစေပါတယ်။

EGR Value မကောင်းတဲ့အခါ (သို့မဟုတ်) လုံး၀ပွင့်နေတဲ့အခါ အင်ဂျင်စက်မငြိမ်ခြင်း၊ အင်ဂျင်ဆီစားများခြင်း၊ Engine Idle Speed တွင် စက်သေခြင်း၊ ဆီနံ့မွှန်ခြင်း၊ အင်ဂျင်ပါဝါဆုံးရှုံးခြင်း၊ အင်ဂျင်ချက်မီးလင်းခြင်း၊ အင်ဂျင်မီးသံခေါက်ခြင်း အစရှိသော ပြစ်ချက်တို့ကို ဖြစ်စေနိုင်ပါတယ်။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

အိတ်ဇောပိုက်က ဘာဖြစ်လို့ မီးခိုးဖြူ ထွက်တာလဲ ❓ကားအင်ဂျင်တွေရဲ့ အိတ်ဇောပိုက်က ထွက်လာတဲ့ မီးခိုးတွေမှာ အရောင်တွေရှိအမျိုးမ...
14/01/2024

အိတ်ဇောပိုက်က ဘာဖြစ်လို့ မီးခိုးဖြူ ထွက်တာလဲ ❓

ကားအင်ဂျင်တွေရဲ့ အိတ်ဇောပိုက်က ထွက်လာတဲ့ မီးခိုးတွေမှာ အရောင်တွေရှိအမျိုးမျိုးရှိပါတယ်။ ပုံမှန် အင်ဂျင်ကောင်းနေတဲ့အချိန်မှာ မီးခိုးထွက်တာ သိပ်မတွေ့ရဘဲ ပြစ်ချက်တစုံတရာရှိလာတဲ့အခါ မီးခိုးအမဲ၊ မီးခိုးအဖြူ၊ မီးခိုးအပြာ စသည်ဖြင့် မီးခိုးထွက်လေ့ရှိပါတယ်။ ဒီဆောင်းပါးလေးမှာ ကားအိတ်ဇောပိုက်က မီးခိုးအဖြူထွက်တဲ့ အဖြစ်အများဆုံးပြစ်ချက်တွေကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

၁) အင်ဂျင်ဟက်အက်ကွဲခြင်း
Engine Head (သို့မဟုတ်) Cylinder Head အက်ကွဲတဲ့အခါ အင်ဂျင်မီးလောင်းခန်း (Combustion Chamber) ထဲကို အင်ဂျင်ကူးလန့်များ ရောက်ရှိစေပြီး မီးလောင်ကျွမ်းစေတဲ့အတွက် မီးခိုးအဖြူတွေထွက်စေတာဖြစ်ပါတယ်။

၂) အင်ဂျင်ဘလော့ အက်ခြင်း
Engine Block သို့မဟုတ် Cylinder Block အက်ကွဲတဲ့အခါမှာလည်း Engine Head အက်သလို အင်ဂျင်ကူးလန့်များက အင်ဂျင်မီးလောင်ခန်းအတွင်း ရောက်ရှိလောင်ကျွမ်းစေပြီး မီးခိုးအဖြူထွက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Engine Head Gasket ပြတ်ရင်လည်း ဒီပြစ်ချက် ဖြစ်စေနိုင်ပါတယ်။

၃) အင်ဂျက်တာ ပြစ်ချက်ရှိခြင်း
လောင်စာဆီများကို အင်ဂျင်မီးလောင်ခန်းအတွင်း ဖြန်းပေးတဲ့ Fuel Injector မကောင်းတဲ့အခါ ဆီပေးတဲ့ ပမာဏ မမှန်ကန်ခြင်း၊ ဆီပေးတဲ့အချိန် မတိကျခြင်းတို့ကြောင့် မီးခိုးအဖြူလိုက်စေနိုင်ပါတယ်။ တခါတလေ အင်ဂျက်တာ ဆိုလိုနှိုက်အားနည်းခြင်းကြောင့်လည်းဖြစ်စေနိုင်သလို အင်ဂျက်တာ ချေးပိတ်တာကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လောင်စာဆီထဲကို ရေရောခြင်းကြောင့်လည်း မီးခိုးအဖြူ ထွက်စေနိုင်ပါတယ်။

၄) ပစ်စတင်ရိန်းနှင့် ဗားဆီးလ်များ မလုံခြင်း
Piston Ring များကျခြင်း၊ Valve Seal များ မလုံခြင်းကြောင့် အင်ဂျင်ဝိုင်များ အင်ဂျင်မီးလောင်ခန်းအတွင်း ဝင်ရောက်လောင်ကျွမ်းစေပြီး မီးခိုးအပြာ ( ပြာလဲ့လဲ့အရောင်) ထွက်စေနိုင်ပါတယ်။ ဒါပေမယ့် ရုတ်တရက် ကြည့်လိုက်ရင်တော့ မီးခိုးအဖြူထွက်နေတယ်လို့ ထင်ရနိုင်ပါတယ်။

၅) အင်ဂျင်ကွန်ထရိုးယူနစ် ပြစ်ချက်ရှိခြင်း
ဒီပြစ်ချက်ကတော့ နောက်ဆုံးအနေနဲ့ စဉ်းစားသင့်တဲ့ ပြစ်ချက်ဖြစ်ပါတယ်။ အင်ဂျင်ကွန်ထရိုးယူနစ်ရဲ့ပြစ်ချက်ဖြစ်တဲ့ အတွင်းဆားကဒ်ပြစ်ချက်ရှိခြင်း (သို့မဟုတ်) ကွန်ထရိုးယူနစ် ပရိုဂရမ်ပိုင်း ပြစ်ချက်ရှိတဲ့အခါ Injector များကို ဆီပေးတဲ့ပမာဏနှင့် ဆီပေးတဲ့တိုင်မင် မမှန်ကန်ခြင်းကြောင့် မီးခိုးအဖြူ လိုက်စေနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့ ပြစ်ချက်တွေကတော့ ကားအိတ်ဇောပိုက်က မီးခိုးအဖြူထွက်စေနိုင်တဲ့ အဖြစ်အများဆုံးပြစ်ချက်တွေဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇယ်ကားတွေမှာ ဒီဇယ်ဖစ်တာထဲတွင် ရေများစွာရောက်ရှိနေပြီး ဖစ်တာမလဲခြင်းကြောင့် လောင်စာဆီထဲ ရေပါဝင်မှုကြောင့် မီးခိုးအဖြူထွက်စေနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။ မိမိကားရဲ့ အိတ်ဇောမီးခိုးအရောင်တွေ ထူးခြားချက်ရှိတဲ့အခါ နီးစပ်ရာ Car Service တွင် စစ်ဆေးသင့်ပါတယ် ခင်ဗျာ။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

31/12/2023
☃️🎄Merry Christmas To You All 🎄☃️Best wishes for a joyous Christmas filled with love, happiness, peace and prosperity!  ...
24/12/2023

☃️🎄Merry Christmas To You All 🎄☃️

Best wishes for a joyous Christmas filled with love, happiness, peace and prosperity!


&GOCarService

Blind Spot Monitoring (BSM) ဆိုတာ ဘာလဲ ❓BSM အကြောင်း မရှင်းပြခင်မှာ Blind Spot ဆိုတာနဲ့ ပါတ်သက်ပြီး ရှင်းပြချင်ပါတယ်။ Bl...
24/12/2023

Blind Spot Monitoring (BSM) ဆိုတာ ဘာလဲ ❓

BSM အကြောင်း မရှင်းပြခင်မှာ Blind Spot ဆိုတာနဲ့ ပါတ်သက်ပြီး ရှင်းပြချင်ပါတယ်။ Blind Spot (မျက်ကွယ်အရပ်) ဆိုတာကတော့ ကားနောက်ကြည့်မှန်၊ ဘက်ကြည့်မှန်တွေကနေကြည့်တဲ့အခါ မမြင်နိုင်တဲ့ ကွယ်ရာအရပ် ( မြင်ကွင်းကပျောက်နေတဲ့အရပ်) ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီ Blind Spot ဆိုတာ ကားမောင်းနှင်သူအတွက်တော့ တော်တော်လေးအရေးကြီးတဲ့ အချက်ဘဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကတော့ Blind Spot ကို သိပ်ပြီး သတိမထားကြပါဘူး။

Blind Spot ကြောင့် ကိုယ်ကသူများကို သွားပြီးတိုက်နိုင်သလို သူများ Blind Spot ထဲကို ကိုယ်ကရောက်သွားလို့ ကိုယ့်ကိုပြန်တိုက်ခံရတာလည်း ဖြစ်စေနိုင်ပါတယ်။ ကားအရှည်၊ ကားအမြင့်၊ ကားမှန်အချိန်အဆမှားယွင်းမှုတို့ကြောင့်လည်း Blind Spot ဧရိယာပိုကျယ်စေနိုင်ပါတယ်။

အထူးသဖြင့် ဆိုင်ကယ်အသုံးများတဲ့ မြို့တွေမှာဆိုရင် ကိုယ်ရဲ့ကားဘေးမှာ ဆိုင်ကယ်ကပ်ပါလာပေမယ့် နောက်ကြည့်မှန်ရဲ့ မြင်ကွင်းကပျောက်နေတဲ့အခါမျိုးတွေမှာ ယာဉ်တိုက်မှုကို အများဆုံးဖြစ်စေနိုင်ပါတယ်။ အများအားဖြင့် ဆိုင်ကယ်သမားများက ကားဘေးမှာကပ်လိုက်မိတဲ့အခါ ကားမောင်းနှင်သူမမြင်လိုက်ဘဲ ကားနှင့် ချိတ်မိတဲ့အခါမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ မော်ဒယ်မြင့်ကားတွေမှာ BSM (Blind Spot Monitoring) စနစ်ကို ကားမှာ တပ်ဆင်အသုံးပြုထားတာဖြစ်ပါတယ်။ မျက်ကွယ်အရပ်ထဲကို ကား ၊ ဆိုင်ကယ် စသည်ဖြင့် အရာဝထ္ထုတွေ ဝင်လာတဲ့အခါ (သို့မဟုတ်) မိမိကားက တဖက်ယှဉ်ကြောကို ကူးပြောင်းလို့ Blind Spot ထဲမှာ တခုခုရှိတဲ့အခါ ဒီစနစ်က စတင်အလုပ်လုပ်ပြီး အဲ့ဒီဘက်ခြမ်းရဲ့ ကားဘက်ကြည့်မှန်မှာ မီးမှိတ်တုတ် မှိတ်တုတ်လင်းကာ အသံမြည်ပြီး ကားမောင်းနှင်သူကို အသိပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

95 RON အစား 92 RON ထည့်သုံးရင် ဘာဖြစ်နိုင်မလဲ ❓95 RON အစား 92 RON ကို ထည့်သုံးရင် ဘာဖြစ်နိုင်မလဲဆိုတာ မရှင်းပြခင် ဓါတ်ဆီ...
17/12/2023

95 RON အစား 92 RON ထည့်သုံးရင် ဘာဖြစ်နိုင်မလဲ ❓

95 RON အစား 92 RON ကို ထည့်သုံးရင် ဘာဖြစ်နိုင်မလဲဆိုတာ မရှင်းပြခင် ဓါတ်ဆီအင်ဂျင်တွေမှာ အသုံးပြုတဲ့ 92 RON, 95 RON ဆိုတာနဲ့ပါတ်သက်ပြီး အရင်ဆုံးရှင်းပြချင်ပါတယ်။ ဆီဆိုင်တွေမှာ ဓါတ်ဆီကားတွေအတွက် ရောင်းနေတဲ့ အောက်တိန်းဆီ (Octane) ဆိုတာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကနေလာတဲ့ (Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုဖြစ်ပါတယ်။ ဓါတ်ဆီကို ဘာလို့ အောက်တိန်းဆီလို့ ခေါ်ကြတာလဲဆိုရင် ဓါတ်ဆီရဲ့ အကောင်းဆုံးအရည်သွေးပြည့်ခြင်း၊ မပြည့်ခြင်းသတ်မှတ်တဲ့အခါ Octane Rating Method ခေါ် Research Octane Number (RON) နဲ့ သတ်မှတ်ပါတယ်။ RON နံပါတ်မြင့်လေလေ ဓါတ်ဆီအရည်သွေး မြင့်လေလေဖြစ်ပါတယ်။

အောက်တိန်းနံပါတ်က အင်ဂျင်ရဲ့ ဖိကျစ်မှုအချိုး (Compression Ratio) နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ဖိကျစ်မှုအားကောင်းတဲ့အင်ဂျင်မှာ အောက်တိန်းနံပါတ်အနိမ့်ကို ထည့်မိရင် အင်ဂျင်မီးခေါက်သံ (Engine Knocking and Pre-Ignition) လို ပြဿနာမျိုး ကြုံတွေ့နိုင်ပါတယ်။ ဘာကြောင့်မီးခေါက်သံ ဖြစ်စေရတာလဲရှင်းပြချင်ပါတယ်။ ဓါတ်ဆီကားမှာအသုံးပြုတဲ့အင်ဂျင်တွေက I.C.E (Internal Combustion Engine) အတွင်းမီးလောင်ပေါက်ကွဲတဲ့ အင်ဂျင်တွေဖြစ်တာကြောင့် လေနဲ့ လောင်စာကို ပစ္စတင်နဲ့ ဖိကျစ်ပြီး ပလပ်က မီးကူးပေးလိုက်တဲ့အခါ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အင်ဂျင်ပါဝါကို ရရှိစေတာဖြစ်ပါတယ်။

အောက်တိန်းနံပါတ်မြင့်လေလေ ဖိကျစ်အားကို ခံနိုင်လေလေဖြစ်ပြီး အင်ဂျင်မီးလောက်ပေါက်ကွဲအားကို ပိုကောင်းမွန်စေပါတယ်။ RON နံပါတ်ကို တိုင်းတာရာမှာ 90 မှ 92 RON ကို ပုံမှန်ဓါတ်ဆီ (Regular) လို့ သတ်မှတ်ပြီး 95 RON မှ 100 RON ထိကိုတော့ ပရီမီယံ ဓါတ်ဆီ (Premium) လို့ သတ်မှတ်ပါတယ်။

ဒါကြောင့် အင်ဂျင်ဖိကျစ်အားမြင့်တဲ့ကား (တနည်းအားဖြင့်) အင်ဂျင်ပါဝါမြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်းနံပါတ်ကို အသုံးပြုသင့်ပြီး အင်ဂျင်ပါဝါနိမ့်တဲ့ကားတွေနဲ့ အင်ဂျင်ကျနေတဲ့ကားတွေဆိုရင်တော့ အောက်တိန်းနံပါတ်အမြင့်သုံးရင်လည်း အကျိုးကျေးဇူးက အနည်းငယ်ဘဲ ခံစားရမှာဖြစ်ပါတယ်။ 95 အသုံးပြုနေတဲ့ကားကို 92 ပြောင်းသုံးလို့ရလားဆိုတော့ သုံးလို့ရပါတယ်။

အင်ဂျင်ပါဝါသေးတဲ့ ကားတွေမှာဆို ဆီပြောင်းလိုက်လို့ အရမ်းသိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်မှာ မဟုတ်ပေမယ့် အင်ဂျင်ပါဝါကြီးတဲ့ ကားအမျိုးအစားတွေဆိုရင်တော့ မီးသံခေါက်ခြင်း၊ အဆွဲအရုန်း အနည်းငယ်ကျသွားခြင်း၊ ကားစအထွက်တွေမှာ ဝပ်နေခြင်း အစရှိတာတွေ ကြုံရနိုင်ပါတယ် ။ ဒါက ရေတိုကြုံတွေ့နိုင်တာကို ဆိုလိုပြီး ရေရှည်ဆိုရင်တော့

၁) မီးသံခေါက်ခြင်း
၂) ပလပ်များ သက်တမ်းမကုန်ခင်ပျက်စီးခြင်း
၃) အင်ဂျက်တာများ ချေးပိတ်ခြင်း
၄) ကာဗွန်ဂျိုးများ တက်ခြင်း
၅) တိုင်ကီဆီပန့်များ ပျက်စီးခြင်း စတဲ့ပြစ်ချက်တွေ ကြုံတွေ့နိုင်တာကြောင့် ပလပ်စစ်ဆေးခြင်း၊ အင်ဂျက်တာဆေးခြင်း၊ တိုင်ကီပန့်နဲ့ ဆီဖစ်တာ စစ်ဆေးခြင်း စတဲ့လုပ်ဆောင်ချက်တွေကို (၃) လတစ်ကြိမ်ခန့် လုပ်ဆောင်ပေးသင့်ပြီး လိုအပ်ပါက ကာဗွန်ဆေးခြင်းကိုလည်း လုပ်ဆောင်ပေးသင့်ပါကြောင်း ချစ်ခင်စွာဖြင့် မျှဝေပေးလိုက်ပါရစေ ခင်ဗျာ။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

     #တနင်္ဂနွေနေ့တိုင်းအင်ဂျင်ဝိုင်လဲလက်ခမဲ့ >>  🌀အင်ဂျင်ဝိုင်လဲပေးတိုင်းလည်း ဒါလေးတွေတပါတည်း အခမဲ့စစ်ဆေးပေးပါတယ်Air fi...
08/12/2023


#တနင်္ဂနွေနေ့တိုင်းအင်ဂျင်ဝိုင်လဲလက်ခမဲ့
>>

🌀အင်ဂျင်ဝိုင်လဲပေးတိုင်းလည်း ဒါလေးတွေတပါတည်း အခမဲ့စစ်ဆေးပေးပါတယ်
Air filter check ✅
AC filter check ✅
Auto transmission oil check ✅
Brake fluid check ✅
Wiper check ✅
Wiper fluid check ✅

⏰ ဆိုင်ဖွင့်ချိန် ⏰
8:30 AM မှ 6:00 PM အထိ

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး
📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

&GO

ကားတစ်စီးရဲ့  တာယာလေပေါင်ကို ဘယ်လောက်ထိုးသင့်ပါသလဲ ❓ကားတစ်စီးရဲ့ တာယာက ကားအတွက် အရမ်းအရေးပါပါတယ်။ တာယာကောင်းဖို့ လိုအပ်သ...
03/12/2023

ကားတစ်စီးရဲ့ တာယာလေပေါင်ကို ဘယ်လောက်ထိုးသင့်ပါသလဲ ❓

ကားတစ်စီးရဲ့ တာယာက ကားအတွက် အရမ်းအရေးပါပါတယ်။ တာယာကောင်းဖို့ လိုအပ်သလို တာယာလေပေါင်ပြည့်နေဖို့လည်း လိုပါတယ်။ တာယာမကောင်းရင် မောင်းနေရင်း တာယာပွင့်ထွက်သွားနိုင်သလို လေပေါင် အနည်းအများကြောင့်လည်း တာယာပွင့်ထွက်ပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကားတာယာလေပေါင်တွေက တစီးနဲ့ တစီးကွာခြားမှုရှိတာကြောင့် ကားတိုင်းလေပေါင်အတူတူ ထိုးပေးလို့ မရပါဘူး။

ကားတစ်စီးချင်းစီအတွက် တာယာလေပေါင် အတိအကျကို ကားမောင်းသူဘက် တံခါးဘောင်မှာ အသေးစိတ် ဖော်ပြထားသလို ကားပိုင်ရှင်လက်စွဲ (Owner Manual) စာအုပ်မှာလည်း ရှာကြည့်လို့ရပါတယ်။ ကားအမျိုးအစားပေါ်မူတည်ပြီး လေပေါင်ပမာဏ မတူညီကြသလို ရှေ့ဘီး နဲ့ နောက်ဘီးအတွက် လေပေါင်မတူတဲ့ ကားတွေလည်း ရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကားတွေရဲ့ တံခါးဘောင်မှာ ဖော်ပြထားတဲ့ လေပေါင်အတိုင်း ထိုးပေးသင့်ပါတယ်။

လေပေါင်ထိုးပေးရမှာ ယူနစ် (Unit) တွေကလည်း အမျိုးမျိုးရှိပါတယ်။ နေ့စဉ်သုံးနှုန်းနေတဲ့ ၃၀ ပတ်လည် ထိုးပေးပါ၊ ၃၅ ပတ်လည်ထိုးပေးပါဆိုတာက psi (pound per square inch) ကို ဆိုလိုပြီး ပေါင် (lb) နဲ့ သုံးနှုန်းနေကြတာဖြစ်ပါတယ်။ တကယ်လို့ bar နဲ့ ဖော်ပြထားတယ်ဆိုရင် 1 bar = 14.5 psi ရှိတာကြောင့် တွက်ချက်ပြီး လေပေါင်ထိုးပေးလို့ရပါတယ်။ သတ်မှတ်ချက်အတိုင်း လေပေါင်ထိုးပေးသင့်သလို စပယ်ယာတာယာကိုလည်း လေပေါင်ဖြည့်ထားပေးဖို့ လိုအပ်ပါတယ်။

အပိုတာယာဖြစ်တဲ့ စပယ်ယာတာယာအမျိုးအစားမှာ နှစ်မျိုးရှိပါတယ်။ ရိုးရိုးတာယာပုံစံဆိုရင်တော့ ကားမှာအသုံးပြုနေတဲ့ တာယာလေပေါင်အတိုင်းထိုးပေးရမှာဖြစ်ပေမယ့် စပယ်ယာတာယာသီးသန့်ဆိုရင်တော့ သတ်မှတ်ထားတဲ့အတိုင်း (အကြမ်းဖျင်း 60 psi) ထိုးပေးရပါမယ်။ မော်ဒယ်မြင့်ကားတွေမှာ တာယာလေပေါင်အာရုံခံတဲ့ စနစ်တွေပါဝင်တာကြောင့် လေပေါင်မပြည့်တာ၊ လေပေါင်များနေတာ၊ လေပေါင်မညီတဲ့အခါ ကားရဲ့ဒိုင်ခွက်မှာ လေပေါင်မီးလင်းစေပါတယ်။

လေပေါင်မီးလင်းနေတယ်ဆိုရင်တော့ တာယာလေပေါင်အမှန် ချိန်ပေးဖို့လိုအပ်ပြီး ရီဆက် (reset) ချပေးဖို့လည်း လိုအပ်ပါတယ်။ တခါတလေ စပယ်ယာတာယာ လေပေါင်မပြည့်တာကြောင့်လည်း လေပေါင်မီးလင်းနိုင်တာကို သတိပြုစေချင်ပါတယ်။

မိတ်ဆွေကားရဲ့တာယာလေပေါင် ဘယ်လောက်ဖြည့်ရမလဲဆိုတာ မိတ်ဆွေများ သိရှိစေရန် ရည်ရွယ်၍ ချစ်ခင်စွာဖြင့် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

🙏 တန်ဆောင်တိုင်ဆုတောင်း 🙏ချစ်ခင်ရတဲ့ မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်း နှင့်  PIT&GO Car Service Customer များ အားလုံး အေ...
27/11/2023

🙏 တန်ဆောင်တိုင်ဆုတောင်း 🙏

ချစ်ခင်ရတဲ့ မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်း နှင့် PIT&GO Car Service Customer များ အားလုံး အေးချမ်းသာယာတဲ့ တန်ဆောင်တိုင် အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း PIT&GO Car Service မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။

အော်တိုဂီယာကား မောင်းတဲ့အခါ မလုပ်သင့်တဲ့အချက်များ မော်တော်ကားမှာ ဂီယာစနစ်အမျိုးမျိုးကို ထည့်သွင်းအသုံးပြုကြပြီး များသောအ...
20/11/2023

အော်တိုဂီယာကား မောင်းတဲ့အခါ မလုပ်သင့်တဲ့အချက်များ

မော်တော်ကားမှာ ဂီယာစနစ်အမျိုးမျိုးကို ထည့်သွင်းအသုံးပြုကြပြီး များသောအားဖြင့် မန်နူရယ်ဂီယာ (Manual Gear) နဲ့ အော်တိုဂီယာ (Auto Gear) ဆိုပြီး (၂) မျိုးတည်းကိုသာ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ မန်နူရယ်ဂီယာထက် အော်တိုဂီယာမောင်းနှင်းရာမှာ ပိုမိုသက်တောင့်သက်သာရှိပါတယ်။ အော်တိုဂီယာမှာ အခြေခံအားဖြင့် P - Parking ၊ R - Reverse ၊ N - Neutral ၊ D - Drive စသည်တို့ ပါဝင်ပါတယ်။ အော်တိုဂီယာက ကားမောင်းသူကို သက်တောင့်သက်သာရှိစေပေမယ့်လည်း အသုံးပြုတဲ့အခါ အထူးသတိထားသင့်တဲ့အချက်တွေ ရှိပါတယ်။

၁) ကားဘီးလိမ့်နေစဉ် P မထိုးရပါ။ Parking (P - ပါကင်) ထိုးတော့မယ်ဆိုရင် ကားဘီးအားလုံး ရပ်တန့်သွားမှသာ ဂီယာကို P သို့ ရွှေ့ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ ကားရွှေ့နေစဉ် P ကို ထိုးလိုက်ပါက ဂီယာဘောက်အတွင်းထဲက ဂီယာသွားကို P ထိုးချိန် လော့ချပေးတဲ့ Parking Pawl (ခေါ်) လော့ပင်ကျိုးတတ်ပါတယ်။ ဒါကြောင့် ကားဘီးအားလုံး လုံးဝရပ်တန့်သွားပြီဆိုမှ P ကို ထိုးသင့်ပါတယ်။

၂) ကားဘီးရှေ့လိမ့်နေစဉ် R မထိုးရပါ။ ကားနောက်ဆုတ်ဖို့ Reverse (R - ဘက်ဂီယာ) ထိုးတော့မယ်ဆိုရင် ကားဘီးရှေ့ကိုလိမ့်နေစဉ် လုံးဝမထိုးရပါဘူး။ တကယ်လို့ ကားဘီးရှေ့ကိုလိမ့်နေစဉ် R ထိုးလိုက်တယ်ဆိုရင် ဂီယာဘောက်ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကားဘီးလိမ့်နေစဉ်၊ R မှ D ပြောင်းတာ၊ D မှ R ပြောင်းတာ လုံးဝမလုပ်သင့်တဲ့ အချက်ဖြစ်ပါတယ်။

၃) အော်တိုဂီယာကားကို ဖရီးမရိုက်ရပါ။ တချို့ကားမောင်းတဲ့မိတ်ဆွေတွေက ကားဆီစားသက်သာအောင် မန်နူရယ်ဂီယာကားတွေမောင်းသလို အရှိန်ရလာတဲ့ ဂီယာကို N (Neutral) ထားပြီး ဖရီးရိုက်မောင်းတတ်ကြပါတယ်။ အရှိန်ရလို့ အဲ့လိုဖရီးရိုက်မောင်းတဲ့အခါ ပြစ်ချက်နှစ်ချက်ကိုဖြစ်စေပါတယ်။ အော်တိုဂီယာဘောက်မှာ အော်တိုဆီအတွက် Oil Pump (အော်တိုဆီပန့်) ပါဝင်ပြီး အင်ဂျင်ဖလိုင်းဝှီးနဲ့တွဲပြီးတပ်ဆင်ထားတဲ့ သပိတ်လုံး (ခေါ်) တော့ကွန်ဗာတာက ဝိုင်ပန့်ကို မောင်းပေးတာဖြစ်ပါတယ်။

ကားက အရှိန်နဲ့သွားနေချိန် ဖရီးရိုက်လိုက်လို့ အင်ဂျင်လည်ပတ်မှုနှေးသွားတဲ့အခါ အော်တိုဆီပန့်လည်ပတ်မှုလည်း နှေးသွားပါမယ်။ ဒါပေမယ့် အော်တိုဂီယာဘောက်အတွင်းမှာ သက်ဆိုင်ရာအစိတ်အပိုင်းတွေက အရှိန်မြင့်လည်ပတ်နေတာကြောင့် ချောဆီကောင်းကောင်းမရောက်ရင် အနည်းနဲ့အများတော့ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် ဖရီးရိုက်ချိန် အတားအဆီးတခုခုကြောင့် ကားအရှိန်နှေးဖို့ ဘရိတ်နင်းရတယ်ဆိုရင်လည်း ကားဘရိတ်ကို ပိုမိုဝန်ပိစေပြီး ဘရိတ်ရှူးတွေ၊ ဘရိတ်ပတ်တွေရဲ့ သက်တမ်းကိုလည်း တိုစေပါတယ်။

၄) ကုန်းအဆင်းတွေကို N ဂီယာမသုံးရပါ။ ဒီအချက်ကလည်း အထက်မှာရှင်းပြခဲ့တဲ့အချက်အလက်အတိုင်းပါဘဲ။ တချို့ကားမောင်းသူတွေက ကုန်းဆင်းတွေမောင်းနှင်ချိန်မှာ D ကနေ N (Neutral) ကိုပြောင်းပြီး ဆီစားသက်သာအောင် ဖရီးရိုက်ကြပါတယ်။ ဒါက တော်တော်လေးကို အန္တရာယ်များတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ကုန်းအဆင်းတွေမှာ အရှိန်ထိန်းတဲ့အခါ ဘရိတ်တခုတည်းနဲ့လုပ်ဆောင်ရင် ဘရိတ်ကိုလည်းဝန်ပိစေသလို ဘရိတ်ပျောက်ခြင်း (ဘရိတ်ရှောခြင်း) ပြဿနာကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာ ကုန်းအဆင်း N ဂီယာမသုံးရဆိုပြီး ဥပဒေထုတ်ထားပါတယ်။

၅) N ဂီယာဖြင့် လီဗာနင်းခြင်း ရှောင်ကြဉ်ပါ။ ပြစ်ချက်ရှာဖို့ လိုအပ်တဲ့အခါ ဂီယာကို N မှာ ထားပြီး လီဗာနင်းရတဲ့အခါတွေရှိတတ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ ဂီယာကို N မှာထားပြီး လီဗာဖိနင်းလိုက် လွတ်လိုက်နဲ့ တချို့က ပြုလုပ်တတ်ကြပါတယ်။ အဲ့လိုလီဗာတွေဖိနင်းပြီး အင်ဂျင်လည်ပတ်မှု (RPM) မြင့်နေချိန် ဂီယာထည့်လိုက်တယ်ဆိုရင် ဂီယာဆောင့်ဝင်ပြီး ဂီယာဘောက်ပျက်စီးတတ်ပါတယ်။

၆) မီးပွိုင့်တွေမှာ N ဂီယာထားခြင်း ရှောင်ကြဉ်ပါ။ ဒီလုပ်ဆောင်ချက်ကိုတော့ တော်တော်များများ ကားမောင်းသူတွေ လုပ်လေ့ရှိပါတယ်။ မီးပွိုင့်မိနေစဉ် D မှာထားရင် ပြစ်ချက်တခုခုကြောင့် အင်ဂျင်တုန်နေတာကြုံရတဲ့အခါ N ကို ပြောင်းထားလိုက်ကြပါတယ်။ ဒါပေမယ့် N မှာ ထားရင် ကားဘီးလိမ့်တတ်သလို မီးပွိုင့်လွတ်လို့ ပုံမှန်မောင်းနေကြအတိုင်း လီဗာနင်းထွက်တဲ့အခါ ကားမထွက်တော့မှ ဂီယာကို N မှ D ပြန်ပြောင်းချိန် အင်ဂျင်လည်ပတ်မှုမြင့်နေတာကြောင့် ဂီယာဆောင့်ဝင်သွားတတ်ပါတယ်။ ဒါကလည်း ဂီယာဘောက်သက်တမ်းကို တိုစေနိုင်တာကြောင့် မလုပ်သင့်တဲ့ အချက်တခုဖြစ်ပါကြောင်း ချစ်ခင်စွာဖြင့် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

🚗✨လူကြီးမင်းတို့ကားကို အင်ဂျင်ဝိုင် လဲလှယ်ဖို့အတွက် အချိန်ကျနေပြီလား ❓🚗✨သင့်ကားအင်ဂျင်အတွက် ကိုက်ညီတဲ့ အင်ဂျင်ဝိုင်အမျို...
18/11/2023

🚗✨လူကြီးမင်းတို့ကားကို အင်ဂျင်ဝိုင် လဲလှယ်ဖို့အတွက် အချိန်ကျနေပြီလား ❓

🚗✨သင့်ကားအင်ဂျင်အတွက် ကိုက်ညီတဲ့ အင်ဂျင်ဝိုင်အမျိုးစားဖြစ်ရမယ်၊ ၀န်ဆောင်မှုလည်းကောင်းရမယ်၊ ဒါ့အပြင် လက်ဆောင်လေးပါရမယ့် အစီအစဉ်လေးတစ်ခုကို အသိပေးချင်လို့ပါ ခင်ဗျာ ။

🚗✨ အဲ့ဒီအစီအစဉ်လေးကတော့ PIT&GO Car Service ဆိုင်ခွဲများတွင်သာ ရရှိနိုင်မည့် Exclusive Offer Promotion အစီစဥ်လေးတစ်ခု ဖြစ်ပါတယ်။ အဲ့တာကတော့ PIT&GO Car Service ဆိုင်ခွဲများမှာ DENSO Engine Oil (4 Li) နှင့်အထက် အင်ဂျင်ဝိုင် ဝယ်ယူလဲလှယ်ပါက PIT&GO အိတ်တစ်လုံး လက်ဆောင်ရရှိမယ့် အစီအစဉ်လေး ဖြစ်ပါတယ်။

🚗✨ Promotion ကာလ​ကတော့ 🗓️ 20.11.2023 မှ 30.11.2023 အထိ 🗓️ အကန့်အသတ်နဲ့ လုပ်ဆောင်တဲ့အစီစဥ်လေးမို့ လက်ဆောင်လေးရယူနိုင်ဖို့အတွက်နီးစပ်ရာဆိုင်ခွဲများမှာ ကြိုတင် Appointment ရယူထားလိုက်ပါ ခင်ဗျာ ။

⏰Working hours
8:30 am-6:00 pm

🚧အမှတ် (၁၅၅) ၈၆လမ်း ၁၀-၁၁လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေး

📌Google Map
https://goo.gl/maps/G7SFmxSv3Cj1MNNWA
☎️09-256487766、09797487558

**လပြည့် လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်**

&GO

ခရုကွန်ထရိုးစနစ် (Cruise Control System) ဆိုတာ ဘာလဲ ❓ခရုကွန်ထရိုးစနစ် (Cruise Control System) ဆိုတာ မော်တော်ကားမှာ တပ်ဆင...
17/11/2023

ခရုကွန်ထရိုးစနစ် (Cruise Control System)
ဆိုတာ ဘာလဲ ❓

ခရုကွန်ထရိုးစနစ် (Cruise Control System) ဆိုတာ မော်တော်ကားမှာ တပ်ဆင်အသုံးပြုတဲ့ ကားအမြန်နှုန်းကို လိုသလိုထိန်းချုပ်ပေးပြီး ကားမောင်းသူကို သက်တောင့်သက်သာရှိအောင် လုပ်ဆောင်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ အမြန်လမ်း၊ ဟိုင်းဝေးလမ်းတွေမှာ ကားမောင်းနှင်သူများအနေနဲ့ ကားလီဗာကို အချိန်အကြာကြီးနင်းထားရတာ သက်တောင့်သက်သာမရှိလှပါဘူး။ ခရုကွန်ထရိုးစနစ်ပါတဲ့ကားတွေမှာဆိုရင် လီဗာနင်းစရာမလိုဘဲ ကားအမြန်နှုန်းကို တသမတ်တည်းချိန်ထားလို့ရပါတယ်။

ဥပမာ - ကီလို ၁၀၀ နဲ့မောင်းနှင်ချင်တယ်ဆိုရင် ခရုကွန်ထရိုးစနစ်မှာ ချိန်ညှိထားပါက လီဗာနင်းစရာမလိုဘဲ ကီလို ၁၀၀ နဲ့ ကားကသွားနေမှာဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အလုပ်လုပ်ပုံကတော့ ကားမောင်းသူက လီဗာနင်းစရာမလိုဘဲ ကားမောင်းသူရွေးချယ်သတ်မှတ်ပေးထားတဲ့ အမြန်နှုန်းအတိုင်း ကားကို ဆက်လက်မောင်းနှင်စေမှာဖြစ်ပါတယ်။

VSS ဆင်ဆာ၊ လေတံခါးဆင်ဆာ၊ ဘရိတ်ခလုတ်၊ ခရုကွန်ထရိုးခလုတ်တွေကလာတဲ့အချက်အလက်ပေါ်မူတည်ပြီး လေတံခါးမော်တာကို ထိန်းချုပ်ကာ ခရုကွန်ထရိုးစနစ် အလုပ်လုပ်စေတာဖြစ်ပါတယ်။ ဒီစနစ်က ကားတိုင်းတော့ မပါဝင်ပါဘူး။ ခရုကွန်ထရိုးပါတဲ့ ကားတွေမှာဆိုရင် စတီယာရင်လက်ကိုင် (သို့) စတီယာရင်အနီးပါတ်ဝန်းကျင်မှာ ခရုကွန်ထရိုးကို ထိန်းချုပ်ပေးတဲ့ ခလုတ်တွေ ပါရှိပါတယ်။

ခရုကွန်ထရိုခလုတ်အသုံးပြုပုံက မိမိလိုချင်တဲ့ ကားအမြန်နှုန်းကို မောင်းနှင်ပြီး ခရုကွန်ထရိုးခလုတ်ရဲ့ "ON/OFF" ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်တဲ့အခါ ကားဒိုင်ခွက်မှာ Cruise (သို့) နာရီပုံစံ မီးအစိမ်းနဲ့ ခရုကွန်ထရိုးအလုပ်လုပ်နေပြီဆိုတဲ့ သင်္ကေတမီးလေး ပေါ်လာပါလိမ့်မယ်။ လိုချင်တဲ့ အမြန်နှုန်းရပြီဆိုရင် "SET" ဆိုတဲ့ ခလုတ်ကို ထပ်နှိပ်ပေးပါ။ နှိပ်ပြီးသွားတဲ့အခါ ကားက လီဗာနင်းစရာမလိုဘဲ အဲ့ဒီအမြန်နှုန်းနဲ့ သွားနေမှာဖြစ်ပါတယ်။

တကယ်လို့ အတားအဆီးတခုကြောင့် ဘရိတ်ကိုအသုံးပြုလိုက်တယ်ဆိုရင် ခရုကွန်ထရိုးစနစ်က အလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ ဒါမှမဟုတ် "CANCEL" ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင်လည်း ခရိုကွန်ထရိုးစနစ် အလုပ်မလုပ်တော့ပါဘူး။

ဘရိတ်နင်းပြီးလို့ သတ်မှတ်အမြန်နှုန်းကို ပြန်ရောက်ချင်တယ်ဆိုရင် "RES" ဆိုတဲ့ခလုတ်ကို ပြန်နှိပ်ပေးလိုက်တဲ့အခါ မူလအမြန်နှုန်းကို ပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။ "RES" ဆိုတာကတော့ "Resume" (ပြန်စသည်) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ခရုကွန်ထိုးစနစ်ရဲ့ အားသာချက်တွေက ဆီစားသက်သာခြင်း၊ ခရီးဝေးသွားတဲ့အခါ ကားမောင်းသူကို သက်တောင့်သက်သာဖြစ်စေခြင်းနဲ့ သတ်မှတ်အမြန်နှုန်းနဲ့ ပုံသေမောင်းနှင်နိုင်တာတွေဘဲဖြစ်ပါတယ်။ ခရိုကွန်ထရိုးစနစ်ရဲ့ ဆိုးကျိုးတွေကတော့ ရာသီဥတုရုတ်တရက်ပြောင်းသွားတဲ့အခါ ကားအမြန်နှုန်းကို ထိန်းရခက်ခဲနိုင်ခြင်း၊ အကွေ့အကောက်လမ်းတွေနဲ့ လမ်းကြမ်းတွေမှာ အသုံးပြုဖို့ အဆင်မပြေနိုင်ခြင်း၊ ကားမောင်းသူအတွက် အာရုံစူးစိုက်မှုအားနည်းပြီး အိပ်ငိုက်နိုင်ခြင်း စတဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။

အထူးသတိထားရမှာကတော့ ခရုကွန်ထရိုးစနစ်က ရပ်တန့်စရာမလို (သို့) အရှိလျော့စရာမလိုတဲ့ အမြန်လမ်းမျိုးမှာသာအသုံးပြုသင့်ပြီး ကားကြပ်တဲ့ မြို့ထဲလမ်းတွေမှာ အသုံးမပြုသင့်ပါကြောင်း ချစ်ခင်စွာဖြင့်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

Address

No. 155, 86 Street Between 10-11 Street, Aungmyae Thar San Township/Mandalay
Mandalay
05

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09797487558

Website

Alerts

Be the first to know and let us send you an email when United Auto PIT & GO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to United Auto PIT & GO:

Videos

Share