Myanmar Hotelier Association - Mandalay Zone

Myanmar Hotelier Association - Mandalay Zone Myanmar Hotelier Association

06/01/2025

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည်

(၁) ရုံးအဖွဲ့မှုး မ (၁) ဦး
(၂) ရုံးအကူ မ (၂) ဦး

အမှတ်စဉ် (၁) ရာထူးအတွက် - ဘွဲ့တစ်ခုခုရရှိပြီးသူ ၊Computer Word,Excel ကျွမ်းကျင်ရမည် ၊ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည် ၊ ရုံးလုပ်ငန်း အတွေ့အကြုံ ရှိသူ ဦးစားပေးမည် ။

အမှတ်စဉ် (၂) ရာထူးအတွက် - ဘွဲ့ရရှိပြီးသူဖြစ်ရမည် ၊Computer Word , Excel ကျွမ်းကျင်ရမည် ၊ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည် ။

အထက်ပါ အမှတ်စဉ် (၁) , (၂) ရာထူးအတွက်
အကျင့်စာရိတ္တကောင်းမွန်ရမည်၊
နိုင်ငံရေးကင်းရှင်းရမည် ဖြစ်ပြီး ကြော်ငြာပါသည့်နေ့မှစ၍ (၁)ပတ်အတွင်း ရုံးချိန် ( 9:00 Am to 5:00 Pm) လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည် ။

Location : ၇၈လမ်း နှင့် ၁၁၅လမ်းထောင့်
Phone : 092027479 , 09792005020 , 092009680

11/09/2024

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည်

(၁) ရုံးအဖွဲ့မှုး မ (၁) ဦး
(၂) ရုံးအကူ မ (၂) ဦး

အမှတ်စဉ် (၁) ရာထူးအတွက် - ဘွဲ့တစ်ခုခုရရှိပြီးသူ ၊Computer Word,Excel ကျွမ်းကျင်ရမည်၊ English ဘာသာစကားကျွမ်းကျင်ရမည် ၊လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည် ၊ ရုံးလုပ်ငန်း အတွေ့အကြုံ ရှိသူ ဦးစားပေးမည် ။

အမှတ်စဉ် (၂) ရာထူးအတွက် - ဘွဲ့ရရှိပြီးသူဖြစ်ရမည် ၊Computer Word , Excel ကျွမ်းကျင်ရမည် ၊ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည် ။

အထက်ပါ အမှတ်စဉ် (၁) , (၂) ရာထူးအတွက်
အကျင့်စာရိတ္တကောင်းမွန်ရမည်၊
နိုင်ငံရေးကင်းရှင်းရမည် ဖြစ်ပြီး ကြော်ငြာပါသည့်နေ့မှစ၍ (၁)ပတ်အတွင်း ရုံးချိန် ( 9:00 Am to 5:00 Pm) လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည် ။

Location : ၇၈လမ်း နှင့် ၁၁၅လမ်းထောင့်
Phone : 092027479 , 09259202073

22.07.2024 (Monday)နေ့တွင် “MHA(Mandalay Zone) အမှုဆောင်သစ်ရွေးချယ်ရန်အကြိုရှင်းလင်းပွဲ” အောင်မြင်စွာကျင်းပပြီးစီး 🎈တက်ရ...
25/07/2024

22.07.2024 (Monday)နေ့တွင်
“MHA(Mandalay Zone)
အမှုဆောင်သစ်ရွေးချယ်ရန်အကြိုရှင်းလင်းပွဲ” အောင်မြင်စွာကျင်းပပြီးစီး

🎈တက်ရောက်ချီးမြင့်ပေးပါသော မန္တလေးတိုင်းဒေသကြီး ဟိုတယ်ခရီးညွန်မှူးဦးဇော်မျိုးလတ်အား အထူးပင်ကျေးဇူးတင်ရှိပါတယ်
🎈အချိန်ပေးတက်ရောက်လာကြသော မန္တလေးမြို့ဟိုတယ်လုပ်ငန်းရှင်များအားလဲ အထူးပင်ကျေးဇူးတင်ရှိပါတယ်

တက်ကြွစွာပူးပေါင်းပါဝင်ပေးကြသော မန္တလေးဟိုတယ်ခရီးဝန်ထမ်းများ နှင့် Y Mandalay Hotelမှဝန်ထမ်းတို့အား အထူးကျေးဇူးတင်ရှိပါတယ်

MHA(Mandalay Zone)တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိသည် 👩🏼‍💻📲စိတ်ပါဝင်စားသူများ ကြော်ငြာပါဖုန်းနံပတ်များက...
26/01/2024

MHA(Mandalay Zone)တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိသည် 👩🏼‍💻

📲စိတ်ပါဝင်စားသူများ ကြော်ငြာပါဖုန်းနံပတ်များကို ဆက်သွယ် လျှောက်ထားနိုင်ပါသည်

❣️Viberနံပတ် -09265950782 , 092024301 , 09962024301သို့လဲ ပေးပို့လျှောက်ထားနိုင်ပါသည်

31.01.2024ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါတယ်ရှင့်☺️

ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဆရာဖြစ်(TOT)သင်တန်း ဖွင့်ပွဲအခမ်းအနား
04/12/2023

ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဆရာဖြစ်(TOT)သင်တန်း ဖွင့်ပွဲအခမ်းအနား


23/09/2023

Myanmar Hoteliers Association is one of the leading professional organization in Myanmar.

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ Enchanting Myanmar Health and safety Protocol ထုတ်ပြန်ချက်အား MHA(Manda...
20/08/2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ
Enchanting Myanmar Health and safety Protocol ထုတ်ပြန်ချက်အား
MHA(MandalayZone)အသင်းသားများသိရှိစေရန် ပြန်လည်ဝေမျှလိုက်ပါသည်

အောက်ပါ Linkထဲဝင်ရောက် လေ့လာနိုင်ပါပြီ
https://hsp.tourism.gov.mm/health-and-safety-protocol

MOHT ၏ အစီအစဉ်နှင့် DHT(MDY) + MHA(MDY) မှ စီစဉ်ဖွင့်လှစ်သော COVID-19 Safety for SMEs သင်တန်းအတွင်း ပါဝင်ပတ်သက်ဆွေးနွေးတ...
21/01/2021

MOHT ၏ အစီအစဉ်နှင့် DHT(MDY) + MHA(MDY) မှ စီစဉ်ဖွင့်လှစ်သော
COVID-19 Safety for SMEs သင်တန်းအတွင်း ပါဝင်ပတ်သက်ဆွေးနွေးတိုင်ပင်ခဲ့ကြသည့် ၄ ရက်တာ ခရီးတခု၏
အမှတ်တရ ပုံရိပ်တချို့

COVID-19 Safety for SMEs ၄ရက်သင်တန်းကို မေတ္တာဖြင့်စိတ်ရှည်လက်ရှည် Group Activities, Q&A game များနဲ့ အသေးစိတ် သင်ကြားပို့ချပေးပါသော ဆရာဦးသန့်ဇင်ထွဋ် ( GM , Hotel Magetic) နှင့် ပါဝင်တက်ရောက်ဆွေးနွေးတိုင်ပင်ကြသည့် ဟိုတယ်အသီးသီးမှ အတူတူဆွေးနွေးသင်ကြားကြသူ တစ်ဦးတစ်ယောက်ခြင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါတယ်🎈
ပါဝင်ခဲ့ကြသည့်ဟိုတယ်များ
Central Hotel (3)
Leaf Hotel (5)
Myint (2)
Thuzar (1)
Magic Mandalay (1)
Ma Guest House (1 )
Link 78 (6)
Link 83 (4)
Grand Hotel (5)
ဟိုတယ်များစနစ်တကျပြင်ဆင်နိုင်ရန် နိုင်သလောက်အားဖြင့် ကိုသန့်ဇင်ထွဋ်ရဲ့ “Batch4 session I”အောင်မြင်စွာ ပြီးစီး

(MandalayZone)

*DHT(Mandalay)မှ ညွန်မှူးဦးဇော်မျိုးလတ် ၊ လက်ထောက်ညွန်မှူးဦးစန်းယု နှင့် *MHA(Mdy Zone)တို့မှ ဟိုတယ်/မိုတယ်များပြန်လည်ဖွ...
28/12/2020

*DHT(Mandalay)မှ ညွန်မှူးဦးဇော်မျိုးလတ် ၊ လက်ထောက်ညွန်မှူးဦးစန်းယု နှင့် *MHA(Mdy Zone)တို့မှ
ဟိုတယ်/မိုတယ်များပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး ဟိုတယ်ခရီးဝန်ကြီးနှင့်တွေ့ဆုံတင်ပြရန်ပြုလုပ်ခဲ့ပါသည်🎈

(MandalayZone)

28/12/2020
❣️DHT(Mandalay)မှ ညွန်မှူးဦးဇော်မျိုးလတ် ၊ လက်ထောက်ညွန်မှူးဦးစန်းယု နှင့် ❣️MHA(Mdy Zone)မှ COVIDပထမလှိုင်း နှင့် ဒုတိယလ...
27/12/2020

❣️DHT(Mandalay)မှ ညွန်မှူးဦးဇော်မျိုးလတ် ၊ လက်ထောက်ညွန်မှူးဦးစန်းယု နှင့်
❣️MHA(Mdy Zone)မှ COVIDပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့တွင် Quarantine Hotelအဖြစ်ဖွင့်လှစ်ပြီးသောဟိုတယ်များနှင့် မဖွင့်လှစ်ရသေးသောဟိုတယ်/မိုတယ်များကိုယ်စား
မန္တလေးရှိဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနလိုင်စင်ရဟိုတယ်/မိုတယ်အုပ်စုများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးစီစဉ်လျှက်ရှိနေပါသည်။

•ပထမဦးစွာ ၁၁.၁၂.၂၀၂၀ရက်စွဲ၏ Quarantine Hotelများလျှောက်ထားရန်ဖိတ်ခေါ်စာအရ လျှောက်လွှာတင်ထားသောဟိုတယ်/မိုတယ်များ အချိန်နှင့်တပြေညီဖွင့်လှစ်နိုင်ဖို့ တင်ပြမှုများနှင့်ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ဆွေးနွေးခြင်း

•ထိရောက်သော စစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆွေးနွေးခြင်း

•တရားမဝင်ဧည့်လက်ခံခြင်းများ ထိရောက်စွာကာကွယ်နိုင်ရန်တို့အား ဆွေးနွေးခြင်းနှင့်

•ဟိုတယ်များ၌ လက်တွေ့ဖြစ်ပေါ်နေသော ကိစ္စများပြန်လည်သုံးသပ် ဆွေနွေးမှုများပြုလုပ်ခြင်း

•ကျန်းမာရေးစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ပြီးသော ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနလိုင်စင်ရ ဟိုတယ်/မိုတယ်များအတွက် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေနွေးလုပ်ဆောင်လျှက်ရှိနေပါသည်

Tourismလုပ်ငန်များအပြင် လုပ်ငန်းများအားလုံး ကျန်းမာစွာဖြင့်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🎈
(MandalayZone)

မင်္ဂလာပါရှင် Quarantine Hotelအဖြစ် ဖွင့်လှစ်ဆောင်ရွက်လိုသော ဟိုတယ်များရှိပါက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန...
13/12/2020

မင်္ဂလာပါရှင်
Quarantine Hotelအဖြစ် ဖွင့်လှစ်ဆောင်ရွက်လိုသော ဟိုတယ်များရှိပါက
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးခွဲ (၂၉လမ်း၊ ၈၄နှင့်၈၅ကြား )မန္တလေးမြို့ သို့စာတင်အကြောင်းကြားနိုင်ပါသည်။

(MandalayZone)

ကမ္ဘာ့နိုင်ငံအသီးသီးတွင်ဖြစ်ပေါ်နေသောCoronarvirus Disease 2019(COVID-19)ရောဂါပိုးကြိုတင်ကာကွယ်ထိန်းချုပ်၊ကုသရေးဆိုင်ရာကိ...
02/12/2020

ကမ္ဘာ့နိုင်ငံအသီးသီးတွင်ဖြစ်ပေါ်နေသော
Coronarvirus Disease 2019(COVID-19)
ရောဂါပိုးကြိုတင်ကာကွယ်ထိန်းချုပ်၊ကုသရေး
ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ မန္တလေးတိုင်း
ဒေသကြီးအတွင်းလိုအပ်သည့်နေရာများတွင်
အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ
လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌဦးအောင်မျိုးမင်းဒင်နှင့်အတူမြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်း
ရှင်များအသင်း(မန္တလေးဇုန်)မှဥက္ကဌ၊အတွင်းရေးမှူး
တို့မှအသင်း၏ကိုယ်စား ၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာ
လ(၁)ရက်နေ့ မနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသ
ကြီးအစိုးရအဖွဲ့ရုံးသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

COVID-19အတွက်သာမက အသုံးတည့်မယ့်  {10,660,000 ကျပ်}တန်ဖိုးရှိအသက်ရှုစက်(၂၆)လုံး ကိုMHA(MDY Zone)မှမကြာခင်ကျန်းမာရေးနဲ့ဝန်...
27/11/2020

COVID-19အတွက်သာမက အသုံးတည့်မယ့် {10,660,000 ကျပ်}တန်ဖိုးရှိအသက်ရှုစက်(၂၆)လုံး ကို
MHA(MDY Zone)မှမကြာခင်ကျန်းမာရေးနဲ့ဝန်ကြီးဌာနသို့ အပ်နှံလှူဒါန်းသွားပါမည်

ပါဝင်လှူဒါန်းကြသော MHAအသင်းဥက္ကဌကြီး နှင့်MHA(MDY zone)ဥက္ကဌနှင့်အမှုဆောင်Hotelအသီးသီးတို့အား ကျေးဇူးအထူးတင်ရှိပါသည်

(Mandalay Zone)

25/11/2020
25/11/2020

မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော Digital Marketing လုပ်ငန်းဆိုင်ရာ Influencer Marketing လုပ်ငန်းအတွက် ဒုတိယအကြိမ် Expression of Interest (EOI ) ခေါ်ယူခြင်း
***********************************************************************
နေပြည်တော်၊ နိုဝင်ဘာ (၂၅) ရက်

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင် ပြည်တွင်း ၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာ နိုင်ငံရှိခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များခေါင်းစဉ် ခွင့်ပြုချက်ဖြင့် Influencer Marketing လုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့်ပြည်တွင်း/ ပြည်ပရှိInfluencer ၊ Blogger ၊ Vlo¬gger ၊ Digital Marketing Agency များ၊ ကုမ္ပဏီများအနေဖြင့် (EOI) အဆိုပြုလွှာ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) EOI Form ရယူနိုင်သည့်နေရာ - https://bit.ly/2IUnabL တွင်
လည်းကောင်း၊ အောက်ပါ
QRCode ကို Scan ဖတ်၍
လည်းကောင်းရယူနိုင်ပါသည်။

(ခ) EOI Form ပိတ်မည့်နေ့ရက် - ၂၂-၁၂-၂၀၂၀ ရက်နေ့(အင်္ဂါနေ့)
နှင့် အချိန် နေ့လယ် (၁၂:၀၀)နာရီ

(ဂ) EOI Form ဖွင့်ဖောက်စိစစ် - ၂၂-၁၂-၂၀၂၀ရက်နေ့ (အင်္ဂါနေ့)
မည့် နေ့ရက်နှင့်အချိန် နေ့လယ် (၁:၀၀)နာရီ

(ဃ) ဆက်သွယ်ရန်လိပ်စာ - ခရီးမြှင့်တင်ရေးဌာနခွဲ(Digital
Marketing) ၊ဟိုတယ်နှင့်ခရီး
သွားလာရေးဝန်ကြီးဌာန၊ ရုံး
အမှတ် (၃၃) ၊ နေပြည်တော်။

(င) ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၇- ၄၀၆၄၇၆

(စ) ပေးပို့ရမည့် Email - [email protected]
[email protected]

တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

25/09/2020

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ -၂၀၂၀ အထိမ်းအမှတ်အဖြစ် Tourism and Rural Development ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် အမှာစကား Video Message

************************************************************************************************
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက်

တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

၁။ ဒီကနေ့ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ ကျင်းပလာခဲ့တာ နှစ်ပေါင်း (၄၀) ရှိပြီ ဖြစ်ပြီး မနှစ်က MICC 2 မှာ ကျင်းပတဲ့ အခမ်းအနားကို ကျမကိုယ်တိုင် တက်ရောက်နိုင်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ COVID-19 ကပ်ရောဂါပျံ့နှံ့မှု အခြေအနေ ကြောင့် တစ်ကမ္ဘာလုံးမှာ online ဘဲ ကျင်းပကြမယ်လို့ သိရှိရပါတယ်။
၂။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အဆက်မပြတ် ရှင်သန် ဖွံ့ဖြိုးနေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ၂၀၁၉ ခုနှစ် အချက်အလက်တွေအရ ခရီးသွားလုပ်ငန်းဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုရဲ့ ၇ ရာခိုင်နှုန်း ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ လူ(၁၀)ဦးမှာ (၁)ဦးကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနေသလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ သန်းပေါင်းများစွာသောလူတွေ အထူးသဖြင့် အမျိုးသမီးတွေနဲ့ လူငယ်တွေ၊ ကျေးလက်ဒေသတွေအတွက် အသက်မွေးဝမ်းကျောင်းတွေ ဖန်တီးပေးနိုင်တဲ့အဓိက လုပ်ငန်းတစ်ခုလည်းဖြစ်တယ်လို့ သိရှိရပါတယ်။
၃။ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်တဲ့ Tourism and Rural Development ဟာ ကျွန်မတို့အစိုးရက စဉ်ဆက်မပြတ် ဆောင်ရွက်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ တန်းတူညီမျှမှုရှိရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးစတဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိနေသလို မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) မှာပါတဲ့ ပြည်သူများ၏ လူမှုယဉ်ကျေးမှုဘဝနှင့် စီးပွားရေးဖွံဖြိုးမှုများကို အထောက်အကူပြုနိုင်မည့် ခရီးသွားကဏ္ဍအား ရေရှည်တည်တံ့အောင် တိုးချဲ့ဆောင်ရွက်ခြင်းကို အလေးပေးထားသည့် ဘက်စုံပါ၀င်သော ပြုပြင်ပြောင်းလဲမှုများအား အကောင်အထည်ဖော်ရန်နဲ့၊ ယဉ်ကျေးမှုနဲ့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် ၄င်းတို့နှင့်သက်ဆိုင်သော တန်ဖိုးမြှင့် ၀န်ဆောင်မှုလုပ်ငန်းများကဲ့သို့သော တီထွင်ဖန်တီးမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ လုပ်ငန်းများကို ဖော်ဆောင်၍ ကာကွယ်ပေးရန်၊ ဆိုတဲ့ လုပ်ငန်းစဉ်များနဲ့လဲ ကိုက်ညီနေပါတယ်။
၄။ လက်ရှိအချိန်မှာတော့ Covid-19 ကပ်ရောဂါ ထိန်းသိမ်းကာကွယ်ဖို့ အပန်းဖြေ ခရီးစဉ် တွေအတွက် ပြည်၀င်ခွင့် ရပ်ဆိုင်းထားတာ၊ ပုံမှန် ခရီးသည် ပို့ဆောင်ရေး လေယာဉ်ပျံသန်းမှုတွေ ရပ်ဆိုင်းထားတာ၊ ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ဒေသတွေ ပိတ်သိမ်းထားတာ တွေကြောင့် တစ်ကမ္ဘာလုံးမှာ ခရီးသွားလုပ်ငန်းဟာ လုံးဝရပ်ဆိုင်းသွားခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ခန့်မှန်းမှုတွေအရ ဒီဇင်ဘာလဆန်းပိုင်းမှာ ခရီးသွားကန့်သတ်မှု တွေလျှော့ချပြီး ပြည်၀င်ခွင့် ပြန်ပေးတာတွေကို ဆောင်ရွက်နိုင်ရင်တောင်မှ နိုင်ငံတကာ ခရီးသွားဟာ ၂၀၁၉ ခုနှစ်ကထက် ၇၈% လျော့ကျသွားဖို့ ရှိတယ်လို့ သိရပါတယ်။
၅။ ကျမတို့နိုင်ငံအနေနဲ့ ၂၀၂၀ ဧပြီလမှာ ခရီးသွားလာတာတွေနဲ့ လူစုလူဝေးတွေကို ကန့်သတ်ခဲ့ တဲ့အတွက် COVID-19 ပထမလှိုင်း ရိုက်ခတ်တာကို အောင်အောင်မြင်မြင် ထိန်းချုပ်ထားနိုင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ စက်ရုံအလုပ်ရုံတွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ စျေးတွေ၊ စားသောက်ဆိုင်တွေ၊ ကျောင်းတွေကို ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနရဲ့ လမ်းညွန်ချက် တွေနဲ့အညီ physical distancing နဲ့ တဆင့်ပြီး တဆင့် ပြန်လည်ဖွင့်လှစ်နိင်ခဲ့ပေမဲ့ အခု အခါမှာတော့ COVID-19 ဒုတိယလှိုင်း ရိုက်ခတ်တာကို ထိန်းချုပ်နိုင်ဖို့ မလိုအပ်ဘဲ ခရီးမသွားဖို့ တိုက်တွန်းနေရတဲ့အတွက် ပြည်တွင်းခရီးသွားများနဲ့ လုပ်ငန်းပြန်စဖို့ ပြင်ဆင်နေတဲ့ ခရီးသွား လုပ်ငန်းအပေါ် နောက်တကြိမ် ပြင်းထန်တဲ့ သက်ရောက်မှု ကြုံတွေ့နေရပါတယ်။
၆။ COVID-19 ရဲ့ စီးပွားရေး သက်ရောက်မှုတွေကို ကုစားဖို့ COVID-19 Economic Relief Plan CERP ကို နိုင်ငံတော်က ဖော်ဆောင်နေရာမှာ နောက်ဆက်တွဲအဖြစ် Tourism Relief Plan လဲ ပါ၀င်ပါတယ်။ CERP အရ လက်ခစား အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းများနဲ့ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ၁% အတိုးနဲ့ တစ်နှစ်ချေးငွေ ကျပ် ဘီလီယံ ၁၀၀ ထုတ်ချေးခြင်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းများရဲ့ လိုင်စင်ခွန် တစ်နှစ် ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးဆောင်ရမယ့် ၀င်ငွေခွန်တွေ ကုန်သွယ်လုပ်ငန်းခွန်တွေ ရွှေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်း၊ လုပ်ငန်းရှင်များမှ နိုင်ငံပိုင်ဟိုတယ်များ ငှားရမ်းခကို အချိန်ကာလကန့်သတ်ပြီး ၅၀% လျှော့ချ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ Tourism Relief Plan အရ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက အလုပ်နားနေရတဲ့၀န်ထမ်းတွေ၊ ဆက်စပ်လုပ်ငန်းတွေက ၀င်ငွေမရှိတော့တဲ့ အနှေးယာဉ်လုပ်သားတွေ၊ ပျံကျစျေးသည်တွေ၊ အမှတ်တရလက်ဆောင် အရောင်းဆိုင်လုပ်သား တွေ၊ လက်မှုပညာသည်တွေ ၀င်ငွေရနိုင်ဖို့ Cash for Training အစီအစဉ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်း၊ အဆင့်မြင့်သင်တန်းတွေကို online နဲ့ရော လူ ၅ ဦးထက်မပိုတဲ့ mentoring နဲ့ ရော ပို့ချပေးနေပါတယ်။
၇။ COVID-19 ကပ်ရောဂါ ဘယ်တော့ ပြီးဆုံးမယ် ဆိုတာကို ဘယ်သူမှ အပ်ချမတ်ချ မပြောနိုင်တဲ့ အနေအထားမှာ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝ ဆက်လက် ရှင်သန်နိုင်ရေးအတွက် COVID-19 ကပ်ရောဂါ ကူးစက်မှုကို ထိန်းသိမ်းကာကွယ်နိုင်တဲ့ ပုံစံမျိုးနဲ့ လုပ်ငန်းတွေ ပြန်လည် စတင်ရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက နိုင်ငံတကာ ခရီးသွားတွေဟာ ၂၀၂၁ ကျမှသာ ပြန်လည်၀င်ရောက်လာနိုင်မယ်လို့ ခန့်မှန်းထားတဲ့အတွက် လက်ရှိအချိန်မှာ ပြည်တွင်းခရီးသွားတွေ နဲ့ လုပ်ငန်းစတင်ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပြန်လည် စတင်ရာမှာ COVID-19 ကပ်ရောဂါ ကူးစက်မှု နောက်တကြိမ်ခေါင်းထောင်မလာဖို့ ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနရဲ့ လမ်းညွန်မှု တွေကို တိတိကျကျ လိုက်နာဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီလမ်းညွန်မှုတွေနဲ့အညီ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ၀န်ထမ်းတွေက ၀န်ဆောင်မှု ပေးနိုင်ဖို့၊ ခရီးသွားတွေက ဒီလမ်းညွန်မှုတွေကို လိုက်နာဖို့ ကြိုတင်ပြင်ဆင်မှုတွေ၊ သင်ကြားလေ့ကျင့်မှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။
၈။ COVID အလွန်ကာလမှာ ခရီးသွားတွေရဲ့ အကြိုက်၊ ရွေးချယ်မှုနဲ့ အမူအကျင့်တွေ ပြောင်းလဲ သွားမယ်၊ သမားရိုးကျ လူများစု သွားလာလေ့ရှိတဲ့ လူထူထပ်တဲ့ ခရီးစဉ်ဒေသတွေထက် သဘာ၀ ပတ်၀န်းကျင်နဲ့ နီးစပ်တဲ့ ပိုပြီး လွတ်လပ်ပွင့်လင်းတဲ့ ခရီးစဉ်ဒေသသစ်တွေကို ပိုဘေးကင်း လုံခြုံတဲ့ ရွေးချယ်စရာတွေအဖြစ် ယူဆလာကြလိမ့်မယ်လို့ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတွေက မှန်းဆ ပါတယ်။ ကျမတို့နိုင်ငံအနှံအပြားမှာရှိတဲ့ အဲဒီလိုနေရာတွေ ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်ဒေသသစ်တွေ အဖြစ် ပေါ်ထွက်လာဖို့ နိုင်ငံတော်က ညွန်ကြားချက်တွေ ထုတ်နေရုံနဲ့ မလုံလောက်ဘဲ ဒေသန္တရ အာဏာပိုင်တွေ လုပ်ငန်းရှင်တွေ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး ထိန်းသိမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ COVID-19 ထိန်းသိမ်း ကာကွယ်ရေး လမ်းညွန်ချက် တွေကို လိုက်နာပြီး လုပ်ငန်းလုပ်ဆောင်နေတဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေကိုလဲ ခရီးသွားတွေ အလွယ်တကူ သိရှိ ရွေးချယ်နိုင်အောင် COVID-19 Safe Service တွေ အဖြစ် အသိအမှတ်ပြုပေး ရပါမယ်။ ဒီလို ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပြည်တွင်းခရီးသွားတွေကို ဘေးကင်းလုံခြုံအောင် ၀န်ဆောင်မှု ပေးနိုင်မှသာ COVID-19 အလွန် နိုင်ငံတကာ ခရီးသွားလုပ်ငန်း တွေ ပြန်ဖွင့်တဲ့အချိန်မှာ သူ့ထက်ငါ ကိုယ့်ဆီဧည့်သည်လာအောင် အပြိုင်အဆိုင် ဆွဲဆောင်ကြမဲ့ နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်မှာ ဖြစ်ပါတယ်။
၉။ ဒီနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို online ကဘဲ ကျင်းပရပေမဲ့ နောက်နှစ်မှာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ပြီး ဒီနေ့တက်ရောက်လာသူ အားလုံးနဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ကျန်းကျန်းမာမာ ပြန်လည် ဆုံတွေ့ပါရစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

State Counsellor honours World Tourism Day 2020 — Stresses “Tourism and Rural Development”
********************************************************************

Let me extend my good wishes and Metta to all the distinguished participants for their good health and well-being.

1. Today’s event is to mark the World Tourism Day, which has been organized by members of the World Tourism Organization every year on 27 September since 40 years ago. I attended the event at the Myanmar International Convention Centre-II last year. However, this year the event is being held online all over the world due to the COVID-19 pandemic.

2. The global tourism industry has been recognized as a sustainable business. According to the 2019 data of the WTO, the tourism industry has contributed 7 per cent of international trade and is creating job opportunities for 1 out of 10 people in the world. It is also a major source of employment for millions of people in developing countries, especially for women, youths, and rural communities.

3. The theme for World Tourism Day 2020 is ‘Tourism and Rural Development’. It is in conformity with the consistent efforts of our Union Government for economic development, equality and establishment of a modern and prosperous Democratic Federal Republic. The theme also corresponds to the action plans ‘to implement a comprehensive package of reforms focused on achieving a sustainable expansion of the tourism sector in ways that contribute to economic development and the socio-cultural life of our people’, and ‘to develop and protect innovative and cultural heritage promotion businesses such as cultural and eco-tourism and related value-added services industries’.

4. Suspensions of vacation packages, inbound trips, commercial passenger flights and trips to usual tourist destinations amid control measures of COVID-19 have wreaked havoc on the global tourism industry. The WTO estimates that even if the restrictions on tourism sector are relaxed for the tourists in early December, the reports said that the number of international tourists might decrease by 78 per cent this year.

5. Our country could contain the first wave of the pandemic due to control measures on travels and gatherings in April 2020. Later we allowed factories, industries, public transports, markets, restaurants and schools to reopen in line with the guidelines of the Ministry of Health and Sports and the practice of physical distancing. However, measures to control the second wave of COVID-19 by preventing non-essential travels have once again caused severe impacts on the tour agencies which were preparing for the resumption of local trips.

6. The COVID-19 Economic Relief Plan to recover from the negative impact of the pandemic includes the tourism relief plan. Under the CERP, 100 billion kyats will be given out as one-year loans with 1 per cent interest rate to the CMP garment factories and SME businesses; the hotels and tourism businesses will get one-year exemption for licence fee and suspension of income tax and commercial tax; the rental fee for stateowned hotels has been reduced by 50 per cent for a specific period. Under the Cash for Training programme, online basic and advanced courses on tourism business are being conducted as well as mentoring classes of not more than 5 persons to generate income for the jobless employees from this industry and related businesses of slow-moving vehicles, roadside vendors, souvenir sellers and handicraft producers.

7. As no one can estimate the end of COVID-19, it is necessary to resume the businesses under preventive measures against the pandemic for the socio-economic survival of the people. Experts have estimated tourists would enter only in 2021, so it would be necessary for us to begin with domestic tours. In this situation, it is required to strictly follow the guidelines of the Ministry of Health and Sports to prevent one more surge of the pandemic. Both employees from this industry and visitors need to make arrangements and learn the guidelines.

8. Tourism experts estimate that visitors would change their choice and opt for new destinations which are closer to the natural environment with free travel styles, rather than more popular destinations, in the post-COVID-19 period. In addition to the directives of the Union Government to develop new safe destinations across the country, local authorities, businesspersons and people need to form working groups to conserve these areas. The information must be given to the public to help their choice for appropriate hotels and tourism businesses which comply with the guidelines of COVID-19 measures. Their COVID-19 Safe Service must be recognized. Only if safe services could be given by these preparations, Myanmar will be ready for competing with other countries to attract foreign visitors when international tourism resumes.

9. Although the World Tourism Day event for this year had to be conducted online, I conclude this speech by making a wish that we would be able to resume international tourism next year and hope to meet all the attendees here again at the forthcoming World Tourism Day next year.

Thank you all. May you all be blessed with good health and well-being.

Address

EStrada Francisco Da Cruz Nunes, 6501
Mandalay
24350-343

Telephone

09948664427

Website

Alerts

Be the first to know and let us send you an email when Myanmar Hotelier Association - Mandalay Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Hotelier Association - Mandalay Zone:

Share