D Khayee Travel & Tours

D Khayee Travel & Tours Take only memories, Leave only footprints.
(7)

မိုးရာသီနဲ့အတူ လှပနေတဲ့ 🌧️ 🌧️ 🌧️နောင်ချို ဂုတ်ထိပ်တံတား 🚂 🚂 🚂စိမ်းစိုလန်းဆန်းနေတဲ့ ရှုခင်းများနဲ့ သဘာဝအလှပတရား ...Credit...
29/08/2021

မိုးရာသီနဲ့အတူ လှပနေတဲ့ 🌧️ 🌧️ 🌧️
နောင်ချို ဂုတ်ထိပ်တံတား 🚂 🚂 🚂
စိမ်းစိုလန်းဆန်းနေတဲ့ ရှုခင်းများနဲ့ သဘာဝအလှပတရား ...

Credit : 📸📸📸

နာမည်ကျော် အင်းလေးရေပေါ်စျေး 🥕🥦🥬@ဟဲယာရွာမရေပေါ်စျေး~~~~~~~~~~~~~~~~အင်းလေးဒေသခံများက ဒီရေပေါ်စျေးမှာအင်းလေးဒေသထွက် လက်ဆတ...
28/08/2021

နာမည်ကျော် အင်းလေးရေပေါ်စျေး 🥕🥦🥬
@ဟဲယာရွာမရေပေါ်စျေး
~~~~~~~~~~~~~~~~
အင်းလေးဒေသခံများက ဒီရေပေါ်စျေးမှာအင်းလေးဒေသထွက် လက်ဆတ်တဲ့ခြံထွက်သီးနှံများကိုလာရောက်ရောင်းချကြပါတယ်။

ဟဲယာရွာမရေပေါ်စျေးဟာ ပြည်တွင်းပြည်ပခရီးသွားများအတွက် အထူးနာမည်ကျော်ကြားတဲ့၊ အထူးစိတ်ဝင်စားမှုများတဲ့ ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။




Credit ;

FAN

__အသွားချင်ဆုံးက ကလောပါဘယ်သူနဲ့လဲဆိုတော့ မင်းနဲ့ပေါ့ ❤️❤️@ဗျိုက်တောင် 𝕂𝕒𝕝𝕒𝕨 🌲🌲🌻ကြေးကုန်း ကျောက်တန်း အနီးတစ်ဝှိုက် သဘာဝရှ...
27/08/2021

__အသွားချင်ဆုံးက ကလောပါ
ဘယ်သူနဲ့လဲဆိုတော့ မင်းနဲ့ပေါ့ ❤️❤️

@ဗျိုက်တောင် 𝕂𝕒𝕝𝕒𝕨 🌲🌲🌻
ကြေးကုန်း ကျောက်တန်း အနီးတစ်ဝှိုက် သဘာဝရှုခင်းများ ...

ကျန်းမာကြပါစေဗျာ ❤️❤

Credit travelling

ကလော 𝕂𝕒𝕝𝕒𝕨 🌲🌲🌻@𝕂𝕒𝕝𝕒𝕨 လို့ပြောလိုက်တာနဲ့ တောင်ပေါ်မြို့လေးတမြို့...သန့်ရှင်းလတ်ဆတ်တဲ့ လေပြေနုတွေနဲ့ ထင်းရှူးပင်ရနံ့လေးတွေ...
26/08/2021

ကလော 𝕂𝕒𝕝𝕒𝕨 🌲🌲🌻

@𝕂𝕒𝕝𝕒𝕨 လို့ပြောလိုက်တာနဲ့ တောင်ပေါ်မြို့လေးတမြို့...
သန့်ရှင်းလတ်ဆတ်တဲ့ လေပြေနုတွေနဲ့ ထင်းရှူးပင်ရနံ့လေးတွေက ကျနော်တို့အဖို့ အဖိုးမဖြတ်နိုင်တဲ့ အောက်စီဂျင် ...

ဒီလိုအေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးတနေရာရဲ့ မိုးစက်လေးတွေအောက်မှာ မိုးရာသီအမှတ်တရတွေ ရှိခဲ့မယ်လို့ မျှော်လင့်မိတယ် 🌧️🌧️🌧️

#ဘယ်လိုအမှတ်တရတွေများ ရှိနေမလဲ ...?

အမှတ်တရလေးတွေ Cmt မှာ အပြန်အလှန်ဖြေကြရင်း စိတ်မွန်းကြပ်ခြင်းမှ ခဏတာပြေပျောက်နိုင်ကြပါစေဗျာ ❤️❤️

Credit travelling

အာခါလူမျိုးတွေရဲ့ ချစ်စရာဓလေ့ နှစ်သစ်ကူးပွဲတော် (သို့မဟုတ်) ဒန်းစီးခြင်း။▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️ကောလူမျိုး သို့မဟုတ် အာခါ...
25/08/2021

အာခါလူမျိုးတွေရဲ့ ချစ်စရာဓလေ့ နှစ်သစ်ကူးပွဲတော် (သို့မဟုတ်) ဒန်းစီးခြင်း။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ကောလူမျိုး သို့မဟုတ် အာခါလူမျိုး မှာ လိုလိုမိုဆို အစုဝင်လူမျိုး ဖြစ်သည်၊ လူဦးရေ မှာ ၄၀၀၀၀ ( ဖြည့်စွက်-၂၃၉၂၀၀ (၂၀၁၀စစ်တမ်းအရ) ) နီးပါးမျှရှိ၍ တဖြည်းဖြည်း တိုးတက်လျက်ရှိသည်။ ကောလူမျိုးများသည် နေထိုင်ရာ အစုအလိုက် အိကော။ ခကော။ ကောဟူ၍ အမည်ကွဲပြားလျက်ရှိသည်။ (လိုလိုမိုဆိုလူမျိုးလည်းရှု)။ ထိုလူမျိုးတို၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ ထိုဒေသမှ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ဆင်းသက်လာ၍ ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံနယ်အရှေ့ဘက်နယ်စပ်ဆီမှ မြန်မာနိုင်ငံတွင်းသို့ ဝင်‌ရောက်လာဟန်တူသည်။ ယခုအခါတွင် ထိုသူတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့စွန်ဒေသများတွင် အများဆုံး တွေ့ရ၏။ ယူနန်နယ် တောင်ပိုင်းနှင့် ယိုးဒယားနိုင်ငံ မြောက်ပိုင်းတို့၌လည်း တွေ့ရသည်။

ကောလူမျိုးတို့မှာ များသောအားဖြင့် နတ်ကိုးကွယ်ကြ၏။ ခရစ်ယာန်အယူဝါဒီ အနည်းငယ်မျှ ရှိသည်။ အယူသည်း၍ ဘိုးဘေးစဉ်ဆက်ကို ရိုသေကိုးကွယ်ကြသူများဖြစ်သည်။ ကချင်တို့ကဲ့သို့ပင် လူရည်သန့် လူတောင့်များဖြစ်ကြသည်။ ရိုးရိုးနှင့်ရှင်းရှင်း နေတတ်ကြသည်။ အမြွာ၊ ရုပ်ပျက်ဆင်းပျက်၊ မစွမ်းမသန် မွေးဖွားသော ကလေးများကို ဖျောက်ဖျက်ပစ်လေ့ရှိကြသည်။ ကချင်တောင်များတွင် တွေ့ရှိလေ့ရှိသော ကိုယ်အင်္ဂါချို့တဲ့သူမျိုးကို ကောရွာများတွင် တွေ့ရခဲသည်။ ကောအမျိုးသမီးတို့ ခါးဝတ်မှာ အတွန့်အခေါက်များဖြင့် လှပစွာတန်ဆာဆင်ထားသည်။ ဘာသာဘာဝ သီဆိုကျူးရင့် ပျော်ရွှင်စွာနေတတ်သည်နှင့်အမျှ လုပ်မှုဆောင်တာများကို မပင်မပန်း မပျင်းမရိ ဆောင်ရွက်သူများ ဖြစ်သည်။ ကောအမျိုးသားတို့မှာ ယောက်ျားပီသ လွတ်လပ်စွာ နေလိုသူများဖြစ်သည်။ လိုလိုအစုဝင် လီဆူး၊ လားဟူတို့ ကဲ့သို့ပင် ဒူးလေးနှင့် မြှားကို သုံးစွဲကြသည်။ အမဲလိုက်ဝါသနာပါ၍ မုဆိုးဘဝတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။

#ဒန်းစီးပွဲတော်

သြဂုတ်လရောက်ပြီဆိုလျင် ကက်သလစ်သာသ နာအနေဖြင့် အမိမယ်တော်ကောင်း ကင်ဘုံပင့်ဆောင်ခံသော ပွဲကိုကျင်းပရန် ဆိုင်းပြင်းကြသည်။ ထို့အတူ အာခါလူမျိုးကက်သ လစ်ဘာသာ၀င်များလည်း အမိမယ် တော်ကောင်းကင်ဘုံပင့်ဆောင်ခံသောပွဲနှင့်အတူ အာခါရိုးရာ
ဒန်းစီးပွဲကိုလည်းပူးတွဲကျင်းပကြသည်။ အမှန်မှာ ဒန်းစီးပွဲသည် အစပိုင်း ၌ ဘာသာရေးနှင့်မနွယ်။ လူမျိုးစု၏ရိုး ရာဓလေ့သက်သက် သာဖြစ်ခဲ့ပါသည်။ သို့သော်သာသနာပြုများက ကက်သလစ် ဘာသာ၀င်ဖြစ်လာသော အာခါလူမျိုးတို့၏ရိုးရာကိုပြန် လည်သုံးသပ်ပြီး၊ လူမျိုးစုတို့၏ပွဲ‌တော်ကျင်းပရခြင်း၊ကျင်းပပုံတို့သည် ကက်သ လစ်သာသနာအနေ ဖြင့်လက်မခံနိုင်စရာအကြောင်းမရှိ၍ မပယ်၊ မဖျက်ဘဲ ဒန်းစီးသည့်ပွဲကို ဆက် လက်ထိန်းသိမ်းစောင့်ရှောက်ကျင်းပ လာခဲ့ခြင်းဖြစ်ပါသည်။

#ဒန်းစီးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များ

စိုက်ပျိုးရ ရှိလာသောစပါး၊ ကောက်ပဲသီးနှံများအတွက်ကျေးဇူး တင်ရန် ဒန်းစီးပွဲသည် ပျော်ပွဲသက်သက်သာမဟုတ်။ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အ စည်းအတွက်လည်း အလွန်အကျိုးပြုသော ပညာပေးရိုးရာပွဲတော်ဖြစ်သည်။ ထိုပညာပေးရိုးရာ ပွဲတော်သည် ဘာ သာရေးနှင့်လည်းနွယ်ယှက်ပါသည်။ ဒန်းစီးပွဲ၌ လူတို့၏ လုပ်အားဖြင့်ရရှိ လာသောသီးဦးသီးဖျားများ၊ ကောက်ပဲ သီးနှံများကို သက်ကြီးဝါကြီးများ အား ဦးချဂါရပြုကြသည်။ ဘာသာရေး
နှင့်နွယ်လာသော အခါ အတူတကွစု စည်း၍ မစ္ဆားတရားပူဇော်၍သော်လည်း ကောင်း၊ ဘုန်းတော်ကြီးများမကြွရောက်နိုင်က ရွာခံဓမ္မအမူတော်ဆောင်တို့၏ဦး ဆောင်မူဖြင့် ဆု တောင်းခြင်းအခမ်း အနားများကျင်းပကာ ကျေးဇူးတင်ကြသည်။

#ရေကြည်ရာမြက်နုရာသို့ပျံနှံ့သွားခြင်း။

အာခါလူမျိုးစုတို့၏ ( ဂျာဒယ်း ) ဒေသတွင် အေဒီ(၅) ရာစုမှ (၁၀)ရာစုအထိ မြို့ပြတည်ထောင်၍ နေလာခဲ့ရာ၊ အေဒီ (၁၀) ရာစုနောက်ပိုင်းတွင် ပြောင်းရွှေ့မှုကြီးရှိခဲ့ရာ၊ တရုတ်ပြည်တောင်ပိုင်း၊ ဗီယက်နမ် အနောက်မြောက်ပိုင်း၊ လောနိုင်ငံ အလယ်နှင့်မြောက်ပိုင်းဒေသ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ( အရှေ့ပိုင်း )၊ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများသို့ ပျံ့နှံ့နေထိုင်သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ( ၁၀ ) ရာစုကတည်းက ရောက်ရှိလာခဲ့ကြောင်း၊ အထူးဒေသ (၄) ရှိ အာခါရွာများဖြစ်ကြသော ဘားဆားအာခါရွာ၊ အေးချွေးအာခါရွာ နှင့် အခြားရွာများစွာတို့က ရွာတည်နှစ် ( ၈၀၀ ) နှစ်ကျော်ဖြစ်သည်ဟု သိရသည်။

#တောင်ပေါ်နေတိုင်းရင်းသားအာခါလူမျိုး

အာခါတိုင်းရင်းသားလူမျိုးများသည် တောင်ပေါ်ဒေသ၌ နေထိုင်ရခြင်း၏ အကြောင်း လေ့လာသော်- (၁) ပတ်ဝန်းကျင်ရှိ လူမျိုးများ၏ အနိုင်ကျင့်မှုဒဏ်နှင့် နှောက်ယှက်ခြင်းဒဏ်မှ ကင်းလွတ်ရန်၊ တောင်ပေါ်ဒေသ၏ ရာသီဥတု၌ နေပျော်ခြင်း၊ (၂) အာခါလူမျိုးများသည် သမိုင်းအရ အနောက်ပိုင်းဒေသသို့ အဆက်မပြတ် ရွှေ့ပြောင်းနေရခြင်းကြောင့် မြေပြန့်ဒေသ၏ အပူဒဏ်ကိုမခံနိုင်ခြင်း၊ (၃) မြစ်၊ ချောင်းဘေးနေရာဒေသများ၌ ဖြစ်လေ့ရှိသော ငှက်ဖျားရောဂါဒဏ်ကို စိုးရိမ်ခြင်း၊ (၄) တောင်ပေါ်ဒေသ၌သာ ရွှေ့ပြောင်းတောင်ယာလုပ်ရန် သင့်လျော်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။

#မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာခြင်း

အာခါတိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသော လူမျိုးစု အုပ်စုကြီး (၃) ခုအနက် တိဗက်မြန်မာ အနွယ်အုပ်စုဝင်ဖြစ်သည့် "လိုလိုမို"ဆို အုပ်စုဖြစ်သည်။ တိဗက်လွင်ပြင် မဲခေါင်မြစ်အတိုင်း တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အာခါလူမျိုးတို့၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ အေဒီ ၁၀ရာစုကတည်းက ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။

#အာခါရွာနှင့်ချစ်စရာ့ဓလေ့များ

အာခါ လူမျိုးများသည် ရွာသစ်တည်မည်ဆိုပါက ထိုရွာတွင် အာခါလူမျိုး၏ (ဇွေမား) ခေါ် အကြီးအကဲတစ်ဦး၊ (ဗာဂျီ) ခေါ် (ကျီမား) ပန်းပဲဆရာတစ်ဦး၊ (ဖီးမား) ခေါ် နတ်ဆရာတစ်ဦးတို့ ပါရှိရသည်။ ထို့သို့သော ပုဂ္ဂိုလ် (၃) ဦးရှိမှသာ ရွာ၏ အဂါၤရပ်နှင့် ညီညွတ်သည်။ အာခါလူမျိုးများနေထိုင်သည့် ရွာများသည် ထူးခြားသည့် ဓလေ့ (၅)ရပ် ရှိသည်။ (၁) နှစ်တစ်နှစ်၏ စားနပ်ရိက္ခာသီးနှံများ၊ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးမှု အထိမ်းအမှတ်အဖြစ် နှစ်သစ်ကြိုဆိုသည့် ခါးထောင်းဖား ( အဖွေလော ) နှစ်သစ်ကူးပွဲ ကျင်းပသည့် ဓလေ့၊ (၂) အိမ်တိုင်းတွင် မိမိတို့၏ ဘိုးဘေး ဘီဘင်ကို ကိုးကွယ်ရန် ( ပါလော့ ) ခေါ် ဘုရားစင် ထားရှိပြီး၊ နှစ်စဉ် ရာသီပွဲများဖြင့် ( ၁၀ ) ကြိမ်ထက်မက ပူဇော်သည့် ဓလေ့၊ (၃) ရွာတိုင်းတွင် လူနှင့် သရဲတစ္ဆေနေရာကို ခွဲခြားသတ်မှတ်သည့် " လချေလန်းခန် " ရှိသည်။

နှစ်စဉ် သရဲတစ္ဆေ နတ်ဆိုးမောင်းထုတ်ပွဲတွင် တစ်ရွာလုံးရှိ အိမ်များမှ သူရဲတစ္ဆေကို ရွာတံခါးပြင်သို့ မောင်းထုတ်သည့်ဓလေ့၊ (၄) အိမ်တိုင်း၏ လယ်၊ခြံ များတွင် " ဟွန်ဖီ " ဟုခေါ်သည့် နတ်စင်တည်ထားပြီး စပါးသီးနှံအထွက်တိုးရန်၊ နေကောင်းကျန်းမာရန် ဆုတောင်းသည့်ဓလေ့ရှိသည်။ အာခါတိုင်းရင်းသားတို့၏ နတ်ပူဇော်ခြင်းသည် တိကျစွာလိုက်နာရသည်။ သို့မှသာလျှင် မင်္ဂလာဖြစ်သည်။

#အာခါတိုင်းရင်းသားတို့၏ဝတ်စားဆင်ယင်မှု

မိမိတို့၏ တိုင်းရင်းသားဝတ်စုံကို မိမိကိုယ်တိုင် ဝါစိုက်ပြီး၊ ဝါကြိတ် စသည်ဖြင့် ယက္ကန်းလုပ်ငန်းများကို မိသားစုတိုင်းသားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးကြသည်။ ချည်များကိုရရှိနိုင်ရန် အာခါအမျိုးသမီးများသည် ထင်းခုတ်၊ ရေခပ်၊ တောင်ယာသွား/ပြန် လမ်းလျှောက်ရင်း ဝါကိုကျစ်၍ ရသော ချည်နှင့်သာ အထည်ယက်လုပ်ကာ (မြန်) ခေါ်အပင်ဖြင့် အနက်ရောင်ကို ကိုယ်တိုင်အရောင်ဆိုးကြသည်။

အာခါတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအခြေခံအရောင်မှာ အနက်ရောင်ဖြစ်သည်။ မိမိတို့၏ရိုးရာဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ကြသည်။ အမျိုးသားများသည် ဘောင်းဘီရှည်၊ အင်္ကျီတို/ရှည် ခေါင်းပေါင်းဆင်မြန်းကြပြီး၊ ဘောင်းဘီတွင် ပန်းထိုးလေ့မရှိ၊ အင်္ကျီ၏ အရှေ့ဘက်တွင်သာ ပန်းထိုးလေ့ရှိသည်။ အမျိုးသမီးများသည် စကတ်တို/ရှည်၊ ဘောင်းဘီ၊ အင်္ကျီတို/ရှည် နှင့် ခေါင်းဆောင်းအမျိုးမျိုးကို ငွေထည်၊ ငွေပြား၊ ပုတီး၊ ကြက်မြီးရောင်စုံဖြင့် စီမံကြသည်။ အမျိုးသမီးများ၏ စကတ်အနောက်ဘက်တွင် အစင်းများပါရှိပြီး ပန်းထိုးလေ့မရှိ။

အင်္ကျီ၏အရှေ့ / အနောက်တွင် ပန်းအလှများ စီမံကြသည်။ အမျိုးသမီးများသည် ခြေစွပ်၊ ခါးပတ်အမြီးများကို ရှေ့တွင်ချ၍ ပိုးချည် သို့မဟုတ် ရောင်စုံချည်ဖြင့် ပန်းထိုးကြသည်။ အာခါတိုင်းရင်းသားလူမျိုးတို့သည် နေရာဒေသကို လိုက်၍သော်လည်းကောင်း၊ အမျိုးအနွယ်ကိုလိုက်၍သော်လည်းကောင်း၊ ခေါင်းပေါင်း၊ ခေါင်းဆောင်းအမျိုးမျိုးတွေ့ရှိနိုင်သည်။ အမျိုးသားများ၏ ခေါင်းပေါင်းကိုကြည့်၍ သာမန်လူနှင့် နတ်ဆရာကိုခွဲခြားသိရှိနိုင်သည်။ အမျိုးသမီးများ၏ ခေါင်းဆောင်းများတွင် ငွေထည်ငွေပြားအမျိုးမျိုးဖြင့် အမြတ်တနိုးဆင်မြန်းလျက် လေးသည်ဟုပင် အမှုမထားကြပေ။ အမျိုးသမီးဝတ်စုံနှင့် အမျိုးသားဝတ်စုံကို လဲလှယ်ဝတ်ဆင်ခြင်းပြုလေ့မရှိ။

#ကိုးကွယ်သည့်ဘာသာ

အာခါတိုင်းရင်းသားလူမျိုးတို့သည် ကနဦး ကိုးကွယ်မှုဘာသာသည် အာခါရိုးရာဘာသာ ( အဖွေပေါ်လော် - အာခါဇန်း ) ဘာသာဖြစ်သည်။ အာခါဇန်းဘာသာသည် အာခါလူမျိုးစုသာ သီးသန့်ကိုးကွယ်ရသော ဘာသာဖြစ်သည်။ အကယ်၍ အခြားသော လူမျိုးစုက အာခါဇန်းဘာသာကိုးကွယ်လိုပါက အာခါအနွယ်အဖြစ် ခံယူကြရသည့် ဓလေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားတို့၏ဘုရားကို ကိုးကွယ်သောကြောင့် မျိုးရိုးဆက်ခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ယနေ့ခေတ်တွင် အာခါဇန်းဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိလာကြသည်။ အာခါတိုင်းရင်းသားများသည် နေရာဒေသ၊ ကိုးကွယ်သည့်ဘာသာ မတူကြသော်လည်း " အာခါချေးခါ ထီခါမား " ဟူသော အာခါလူမျိုးရှိသမျှ တစ်အူတုံဆင်းမိသားစုဝင်များ ဖြစ်ကြသည် ဟုခံယူ၍ ဂုဏ်ယူစွာ နှုတ်မြွတ်ကြသည်။ အာခါတိုင်းရင်းသားများသည် ရက်၊ လ၊ နှစ် ရေတွက်ပုံနှင့် ရာသီပွဲတော်များလည်းရှိကြသည်။

Sources...

Pike
@အာခါဝတ်စုံနှင့်ဓာတ်ပုံများ

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းဆတ်မြို့နယ် ၊ မိုင်းတွင်းတောင်ပေါ် ၊ အူးဖူဒေ့ အာခါရွာ ... ချစ်စရာကောင်းတဲ့ အာခါတိုင်းရင...
25/08/2021

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းဆတ်မြို့နယ် ၊ မိုင်းတွင်းတောင်ပေါ် ၊ အူးဖူဒေ့ အာခါရွာ ...
ချစ်စရာကောင်းတဲ့ အာခါတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဒန်းစီးပွဲတော်🌼🌦️

: Original Uploader

မရောက်ဖြစ်တာ ကြာပြီဖြစ်လို့ ပုဂံညတွေကို ကျွန်တော်တို့လိုပဲ လွမ်းနေသူတွေရှိလား ..!!!ပုဂံဟာ ပုဂံအတိုင်း တင့်တည်လို့ပုဂံဟာ ...
24/08/2021

မရောက်ဖြစ်တာ ကြာပြီဖြစ်လို့
ပုဂံညတွေကို ကျွန်တော်တို့လိုပဲ လွမ်းနေသူတွေရှိလား ..!!!

ပုဂံဟာ ပုဂံအတိုင်း တင့်တည်လို့
ပုဂံဟာ ပုဂံအတိုင်း နန်းဆန်လို့
ပုဂံဟာ ပုဂံအတိုင်း ထည်ဝါလို့
ပုဂံဟာ ပုံဂံအတိုင်း သမိုင်းအဆက်ဆက်ကို စောင့်ကြည့်နေဆဲပဲ ...

ခေတ်ပျက်ကြီးပြီးရင်တော့
ကျွန်တော်တို့ သမိုင်းသစ်နဲ့အတူလာလည်ပါဦးမယ်
ပုဂံရေ ...

Panda_Pinterest

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိလိမ့်မယ်။အမြဲ ပြန်ချင်နေတဲ့ မြို့ပေါ့။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်...
23/08/2021

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိလိမ့်မယ်။

အမြဲ ပြန်ချင်နေတဲ့ မြို့ပေါ့။
အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။

နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့
ပိုပြီး စိတ်အေးစရာကောင်းနေသလို
နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က
ပိုပြီးခွန်အားဖြစ်စရာပါပဲ။

တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။

ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။
အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။

လူတစ်ယောက်ကိုလည်းလွမ်းရသလို
မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။

စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို
အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့
လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို
ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။

သင်ရော ဘယ်ဆီလွမ်းနေမိမလဲ ...?

အရင်အချိန်တွေပြန်လွမ်းမိတယ် ... မြန်မာပြည် 😢😢
19/03/2021

အရင်အချိန်တွေပြန်လွမ်းမိတယ် ... မြန်မာပြည် 😢😢


ဝန်ခံလိုက်ပါကွာ....ပုဂံကို အရမ်းလွမ်းနေပီမို့လား ?
14/01/2021

ဝန်ခံလိုက်ပါကွာ....ပုဂံကို အရမ်းလွမ်းနေပီမို့လား ?

တနေ့နေ့ ... ဒီမြို့တွေဆီ 🌲🌲🌲〰️〰️〰️〰️〰️〰️〰️〰️ကျနော်တို့ ခရီးသွားများခံစားချက်က .....ဒီပုံလေးတွေ မြင်တဲ့အခါ အချို့က သူတို့...
10/01/2021

တနေ့နေ့ ... ဒီမြို့တွေဆီ 🌲🌲🌲
〰️〰️〰️〰️〰️〰️〰️〰️

ကျနော်တို့ ခရီးသွားများခံစားချက်က .....

ဒီပုံလေးတွေ မြင်တဲ့အခါ အချို့က သူတို့မြို့တွေ သူတို့ ကြည့်မိကြလိမ့်မယ်။ ပုံဖော်ထားတာလေးတွေ လှကြောင်း ကြည့်မိပါလိမ့်မယ်။

ဒါပေမယ့် ခရီးသွားရတာကို ဝါသနာပါတဲ့သူတွေ ခရီးအမြဲလိုလိုထွက်ဖြစ်နေတဲ့ ကျနော်တို့လိုသူတွေကတော့ ....
အခုနှစ်သစ်မှာ ကျနော်တို့ မရောက်ဖြစ်နေတဲ့ မြို့နာမည်လေးနဲ့ မြို့ကို ဖော်ညွှန်းထားတဲ့ ပုံတွေ ကြည့်ပြီး ......

🧳 ဒီမြို့လေးဆီ ငါခရီးထွက်ချင်နေတာ
🧳 ဒီမြို့လေးဆီ ငါခရီးထွက်ဖို့စီစဉ်ထားတာလေဆိုပြီး ရင်ထဲမှာ မခံချိမခံသာဖြစ်နေကြပါလိမ့်မယ် ...

>>ကျနော်တို့ Admin တွေ ကိုယ်တိုင်လည်း ဒီပုံလေးတွေကြည့်ပြီး ခံစားမိလို့ ဒီပုံလေးတွေရဲ့ ပိုင်ရှင်ဆီ ခွင့်ပြုချက်တောင်းပြီး တင်လိုက်တာပါ ...

မိတ်ဆွေတို့ရော ...
☘️ဘယ်မြို့တွေ စီစဉ်ထားခဲ့တာလဲ ...
☘️ဘယ်ခရီးတွေ ဖျက်သိမ်း ပြီး ...
☘️ဘယ်ခရီးစဉ်တွေကို နောက်ဆုတ်ထားရတာလဲ ...

ကျနော်ကတော့ ယုံပါတယ် ... ကျနော်တို့ ခရီးသွားတွေကို ကိုဗစ်ကြီးက ထာဝရမတားဆီးနိုင်ဘူးဆိုတာ ...

တနေ့နေ့ ...
ဒီမြို့တွေဆီ ....

Credit Alphabet Concrete Visual Art

"လွတ်လပ်ရေးနေ့"သူ့ကျွန်ဘဝကနေ ရုန်းထွက်ပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးကို လွမ်းဆွတ်ရင်းနဲ့....
04/01/2021

"လွတ်လပ်ရေးနေ့"

သူ့ကျွန်ဘဝကနေ ရုန်းထွက်ပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးကို လွမ်းဆွတ်ရင်းနဲ့...

ဒီကနေ့ "ဇန်နဝါရီလ လေးရက်နေ့"မှာ ကျရောက်တဲ့ "(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့"ကို...

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနဲ့အတူ "D Khayee Travel & Tour" မိသားစုမှ ဂုဏ်ယူစွာနဲ့ ကြိုဆိုအပ်ပါတယ်...🇲🇲


🎇Happy New Year!🎆ခြေရာတွေ ထင်ကျန်ခြင်းမရှိခဲ့တဲ့ 2020 ကို အတိတ်မှာထားခဲ့ပြီး...2021 မှာ စိတ်သစ်၊ လူသစ်နဲ့ ခရီးတွေအများကြ...
31/12/2020

🎇Happy New Year!🎆

ခြေရာတွေ ထင်ကျန်ခြင်းမရှိခဲ့တဲ့ 2020 ကို အတိတ်မှာထားခဲ့ပြီး...

2021 မှာ စိတ်သစ်၊ လူသစ်နဲ့ ခရီးတွေအများကြီးထွက်နိုင်ကြပါစေလို့ "D Khayee Travel & Tour" မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်...

"နှစ်သစ်မှာပျော်ရွှင်ကြပါစေ"

👣"ဒီခရီးနဲ့အတူ သင့်ခရီးကို အစပြုလိုက်ပါ"👣




#2021

နှစ်ဆယ်နှစ်ဆယ်ရဲ့ ဒီဇင်ဘာနောက်ဆုံးညမှာ❄️သီချင်းသံလေးတွေနဲ့အတူ ဆိုးဝါးလှတဲ့နှစ်တစ်နှစ်ကို နှုတ်ဆက်ချင်ပါသလား🔖ဒါတင်သာမက Ha...
30/12/2020

နှစ်ဆယ်နှစ်ဆယ်ရဲ့ ဒီဇင်ဘာနောက်ဆုံးညမှာ❄️
သီချင်းသံလေးတွေနဲ့အတူ ဆိုးဝါးလှတဲ့နှစ်တစ်နှစ်ကို
နှုတ်ဆက်ချင်ပါသလား🔖

ဒါတင်သာမက
Happy New Year ဆိုပြီး
အတူအော်ဖို့အတွက် အဖော်တွေလိုက်ရှာနေပါသလား🔖

အဲသလို ပျော်ချင်တယ်ဆိုရင်တော့
လာမယ့် 31.12.2020 (11:00 PM ) ည မှာ
ကျွန်တော်တို့ ဒီခရီးကနေ
Live Stream လေးလွှင့်ပြီး 2020 ကိုနှုတ်ဆက်ဖို့
အစီအစဉ်လေးရှိပါတယ်ခင်ဗျာ😇😇

ကိုယ့်အတွက်တစ်စုံတစ်ရာကိုအမှတ်ရမိစေတဲ့သီချင်းမျိုးပဲလား 🎵
ကိုယ်ကြိုက်တဲ့သီချင်းကို အခြားသူတွေကိုပါ နားထောင်စေချင်သလား 🎵
ဒီခရီးရဲ့ Live Stream လေးကိုသာ သတိရလိုက်ပါနော်
တကယ်လို့များ ဖွင့်စေချင်တဲသီချင်းလေးတွေရှိရင် 🎶
ဒီ Post ရဲ့ Cmt မှာရေးသွားလို့ရပါတယ်ဗျာ😇

31.12.2020 မှာ အဲဒီသီချင်းလေးတွေကို ဖွင့်ပေးသွားမှာဖြစ်ပါတယ်

__ကဲစိတ်ဝင်စားတယ်ဆိုရင်တော့
ကျွန်တော်တို့နဲ့အတူ 31.12.2020 ည ၁၁နာရီမှာ
ပျော်ပါးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ😇


#ဒီခရီး
#ဒီခရီးက_သင့်ခရီး

ဟားခါးမြို့တွင် ရေခဲနေပြီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ဟားခါး၊ ဒီဇင်ဘာ (၁၉)ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အနိမ့်ဆုံးအပူခ...
20/12/2020

ဟားခါးမြို့တွင် ရေခဲနေပြီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဟားခါး၊ ဒီဇင်ဘာ (၁၉)
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အနိမ့်ဆုံးအပူချိန် အနုတ် (၄.၇) ဒီဂရီ စင်တီဂရိတ်ရှိပြီး၊ ရေခဲကာ အအေးပိုနေကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာ (၁၉)ရက်၊ နံနက် (၆)နာရီခွဲ အချိန်တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန် အနုတ် (၄.၇) ဒီဂရီစင်တီဂရိတ်ရှိ၍ ရေခဲပြီး အအေးပို နေကြောင်း သိရှိရသည်။

Credit by MRTV

မြန်မာနိုင်ငံရဲ့ အရှည်ဆုံးကမ်းခြေက ဘယ်ကမ်းခြေလို့ ထင်ပါသလဲ ?(၁) ချောင်းသာ(၂) ငွေဆောင်(၃) ငပလီ(၄) ဂေါ်ရန်ဂျီ #သိရင်ဖြေသွာ...
18/12/2020

မြန်မာနိုင်ငံရဲ့ အရှည်ဆုံးကမ်းခြေက ဘယ်ကမ်းခြေလို့ ထင်ပါသလဲ ?

(၁) ချောင်းသာ
(၂) ငွေဆောင်
(၃) ငပလီ
(၄) ဂေါ်ရန်ဂျီ

#သိရင်ဖြေသွားပေးပါဦးနော် 😍😍

 #ဆေးစစ်ချက် ခံယူပါ။​ပြန်လည်ပြေးဆွဲနေတဲ့လေကြောင်းခရီးစဉ်များအတွက် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ...
16/12/2020

#ဆေးစစ်ချက် ခံယူပါ။

​ပြန်လည်ပြေးဆွဲနေတဲ့လေကြောင်းခရီးစဉ်များအတွက် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

Sources By - MOHS

မြန်မာအမျိုးသားလေကြောင်း(MNA) ၏ ပြည်တွင်းလေကြောင်းခရီးစဉ် 🇲🇲🇲🇲➖➖➖➖➖➖➖➖➖➖➖➖➖✈️✈️ခရီးသွားမိတ်ဆွေများအားလုံးပဲ မင်္ဂလာပါခင်...
16/12/2020

မြန်မာအမျိုးသားလေကြောင်း(MNA) ၏ ပြည်တွင်းလေကြောင်းခရီးစဉ် 🇲🇲🇲🇲
➖➖➖➖➖➖➖➖➖➖➖➖➖✈️✈️

ခရီးသွားမိတ်ဆွေများအားလုံးပဲ မင်္ဂလာပါခင်ဗျာ...
Myanmar National Airlines (MNA) မှ ယနေ့ 16th Dec, 2020 မှ 31 Dec, 2020 ရက်အတွက်
ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များကိုပုံတွင် ဇယားနှင့်တကွ အောက်ပါအတိုင်းဖော်ပြပေးထားပါသည်။
မိမိသွားလိုသော ခရီးစဉ်၏ အချိန်ဇယားများကို page messenger တွင် အသေးစိတ်စုံစမ်းမေးမြန်နိုင်ပါသည်။

လိုက်ပါစီးနင်းမည့် ခရီးသွားမိတ်ဆွေများအတွက် လိုက်နာရမည့်စံသတ်မှတ်ချက်များ⤵️⤵️

( ၁ ) လူကြီးမင်းတို့သွားလိုသည့် ခရီးစဉ်နှင့် ရက်အတွက် ဦးစွာလေယာဉ်လက်မှတ် ဝယ်ယူရမည်ဖြစ်ပါသည်။

( ၂ ) ဝယ်ယူထားသောခရီးသည်များ အ နေ ဖြင့်
လေယာဉ် လက်မှတ် ပြ ၍ ဖြစ်စေ သက်ဆိုင်ရာ လေ ယာဉ် ခရီးစဉ် အတွက် ကြိုတင် စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ၊ Rapid Antigen Diagnostic Test ( RDT ) Kit
ဖြင့် Covid - 19 ရောဂါ ကင်းစင် ကြောင်း ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပေး ရမည်ဖြစ်ပါသည် ။

Check - in ပြုလုပ်ရာတွင် ၃၆နာရီအတွင်းစစ်ဆေးထားသော Negative test result
ဖြစ်ရမည် ။

၃ ( က ) ခရီးသည် အ နေ ဖြင့် Rapid Antigen Diagnostic Test တွင် Positive ပြပါက
မြန်မာအမျိုးသား လေကြောင်းမှ ဝယ်ယူ ထားသော လက်မှတ်များ အတွက် Free Date
Change ( သို့ ) Full Refund ပြန်လည် ပေးအပ် ပါမည် ။

( ခ ) Travel Agents များမှ မိမ်ိရောင်းချထားသော လေယာဉ်လက်မှတ်များကို Free date Change ( သို့ ) Full Refund ပြုလုပ်ပေးရမည်ဖြစ်သည်။ Refund ပြန်လည် ပေးအပ်ရာတွင် MNA မှ ချက်ချင်း ဆောင်ရွက်ပေးပါသဖြင့် သက်ဆိုင်ရာ Travel Agents များမှလည်း ခရီးသည်များထံ ချက်ချင်း ပြန်လည်ပေးအပ် ပေးပါရန် အသိပေးအပ်ပါသည် ။

( ၄ ) ယခင် ဝယ်ယူထားသော ပြည်တွင်းလေယာဉ် လက်မှတ် များကိုလည်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၆ ) ရက်နေ့မှ စတင်ပြေးဆွဲမည့် ပြည်တွင်း ခရီးစဉ်များအတွက် Free Date
Change ပြုလုပ်ပေးမည် ဖြစ်သည် ။

( ၅ ) ပြည်တွင်း လက်မှတ်များ ဆိုင်ရာ လက်မှတ် ရောင်းချမှု မူလ စည် မျဉ်း သတ်မှတ်ချက်များ
( fare rules ) ပြောင်းလဲခြင်း မရှိပါ။ အထက်ပါ အမှတ်စဉ် ( ၁ ) မှ ( ၄ ) သည် COVID - 19 ရောဂါဖြစ်ပွားနေသော ကာလအတွင်း ဖြေလျှော့ပေးထားခြင်း ဖြစ်ပါသည် ။

မြန်မာအမျိုးသား လေကြောင်း ပြည်တွင်း ခရီး စဉ်တွင် လိုက်ပါ မည့် ခရီးသွား ပြည်သူများ အ နေ ဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လေကြောင်းလိုင်း ဝန်ထမ်းများ ၊
လေဆိပ် ဝန်ထမ်းများ နှင့် လေ ယာဉ် စီး ခရီးသည်များ လိုက်နာ ရ မည့် ကျန်းမာရေးဆိုင်ရာ
စံ သတ်မှတ်ချက်များ ( Standard Operation Procedure - SOP ) အား သေချာစွာ
ဖတ်ရှု လေ့လာ ပေးရန် တိုက်တွန်း အပ်ပါသည်။



မင်္ဂလာပါခင်ဗျာ 🙏🏻🙏🏻🙏🏻 ___ 16.12.2020 ( Wednesday ) နေ့တွင် ပြန်လည်ပျံသန်းတော့မည့် ပြည်တွင်းလေကြောင်းခရီးစဉ်အတွက်  #လိုက...
15/12/2020

မင်္ဂလာပါခင်ဗျာ 🙏🏻🙏🏻🙏🏻 ___ 16.12.2020 ( Wednesday ) နေ့တွင် ပြန်လည်ပျံသန်းတော့မည့် ပြည်တွင်းလေကြောင်းခရီးစဉ်အတွက် #လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures - SOP) (Version 2.1) 🇲🇲🇲🇲🇲🇲
➖➖➖➖➖➖➖➖➖➖➖➖➖✈️✈️✈️

နေပြည်တော်၊ ဒီဇင်ဘာလ (၁၅) ရက်

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

၂။ ယခုအခါ ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်း လိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့်် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေး ဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures - SOP) (Version 2.1) အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားရှိပါသဖြင့် လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့်် လေယာဉ်စီးခရီးသည်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပေးအပ်ပါသည်။
- ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures - SOP) (Version 2.1) အား https://bit.ly/3gOjBAr Link တွင် Download ရယူနိုင်ပါသည်။

Source by MOHS - https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/4046636478698960

မန္တလေးကို လွမ်းတယ် .... ခက်တော့ ခက်သားဗျာ မန္တလေးမှာ နေပြီး မန္တလေး​ကို လွမ်းနေရတဲ့ ဘဝ ... အရင်ကဆို မန်းသူ မန်းသားတွေက ...
09/12/2020

မန္တလေးကို လွမ်းတယ် .... ခက်တော့ ခက်သားဗျာ
မန္တလေးမှာ နေပြီး မန္တလေး​ကို လွမ်းနေရတဲ့ ဘဝ ...

အရင်ကဆို မန်းသူ မန်းသားတွေက ဖော်ရွေတဲ့ အပြုံးတွေကိုယ်စီနဲ့ တစ်ဦးကို တစ်ဦး နှုတ်ဆက်တတ်ကြတယ်။
ခုတော့ ဖော်ရွေတဲ့အပြုံးတွေကိုကွယ်ပြီး နေထိုင်နေရတာ
အရင်လို လတ်ဆတ်တဲ့ အပြုံးတွေကို လွတ်လပ်စွာ ပြုံးပြတိုင်တဲ့ မန္တလေး ပြန်ဖြစ်လာမယ့်နေ....
ကျနော် မန္တလေးကို လွမ်းတယ်။

အရင်ကဆို ဆိုင်ကယ်သံတွေညံခဲ့တဲ့ ကျနော်တို့ မန္တလေးလမ်းမတွေက
ခုဆို တိတ်ဆိတ်လို့ အရေးပေါ်ကားအသံတွေနဲ့ လွှမ်းခြုံနေလေရဲ့

ကျွန်တော်တို့ မန္တလေးက ညီပါတယ်။ စည်းလုံးပါတယ်။
ဒီကပ်ကြီးကို ကျွန်တော်တို့ အတူ ကျော်လွှားနိုင်မယ်လို့ယုံတယ်။

ကျွန်တော်တို့ လွမ်းရတဲ့ မန္တလေးကို မကြာခင် ပြန်ရောက်လိမ့်မယ်လို့ ယုံကြည်ရင်း .....

photo - Min Zaw

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲နှစ်(၁၀၀)ပြည့် " အမျိုးသားနေ့ "__သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ( 2020...
09/12/2020

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲
နှစ်(၁၀၀)ပြည့် " အမျိုးသားနေ့ "
__သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ( 2020 ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက် )နေ့မှာ ကျရောက်သော အမျိုးသားနေ့အား ကျွန်တော်တို့ D Khayee Travel & Tours မှ လှိုက်လှဲစွာဂုဏ်ပြု ကြိုဆိုပါ၏...

"သာယာလှပ တန်ဆောင်တိုင်ည"ပြာလဲ့လဲ့ ကောင်းကင်ရဲ့ မိုးသားတွေထဲမှာ ထိန်လင်းနေတဲ့ လပြည့်လနဲ့....🌕လင်းလက်တဲ့ကြယ်တာရာတွေစုံလင်တ...
29/11/2020

"သာယာလှပ တန်ဆောင်တိုင်ည"

ပြာလဲ့လဲ့ ကောင်းကင်ရဲ့ မိုးသားတွေထဲမှာ ထိန်လင်းနေတဲ့ လပြည့်လနဲ့....🌕

လင်းလက်တဲ့ကြယ်တာရာတွေစုံလင်တဲ့ သာယာလှပတဲ့ တန်ဆောင်တိုင်ညရဲ့ အလှအပလေးတွေနဲအတူ...🌠

ဆီမီးများထွန်းညှိရင်း၊ မီးပုံးပျံလွှတ်တင်ရင်းနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့...🕯️🏮

"D Khayee Travel & Tour" မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်...🙏

👣"ဒီခရီးနဲ့အတူ သင့်ခရီးကို အစပြုလိုက်ပါ"👣



အခုချိန် ...❤️သင့်ချစ်တဲ့ပုဂံကို ဘယ်သူနဲ့ အသွားချင်ဆုံးလဲ ?? #ပုဂံ ကိုလွမ်း‌နေသူများအတွက်သတင်းကောင်းလေးပါပုဂံကအထင်ကရဘုရာ...
27/11/2020

အခုချိန် ...❤️
သင့်ချစ်တဲ့ပုဂံကို ဘယ်သူနဲ့ အသွားချင်ဆုံးလဲ ??

#ပုဂံ ကိုလွမ်း‌နေသူများအတွက်သတင်းကောင်းလေးပါ
ပုဂံကအထင်ကရဘုရား ၉၉ ဆူ နှင့် ပုပ္ပါး‌တောင် ဒီဇင်ဘာ (5 ) ရက်နေ့မှစတင်ဖွင့်ပေးမယ်လို့ကြားသိရပါတယ်ခင်ဗျ🙏
ဟိုတည်တွေနဲ့စားသောက်ဆိုင်များအား Covid(19) ထိန်းချုပ်မှုကျန်းမာ‌ေရးနဲ့အညီအားလုံးပြန်ဖွင့်ပေးမယ်လို့သိရပါတယ်ခင်ဗျ🙏

Balloons Over Bagan , Hot-aired balloons မှလဲ ဒီလကုန်မှာ 66% ကျော် ဈေးလျှော့ပြီးပျံသန်း‌ပေးမယ်လို့သိရပါတယ်။



ပျော်ရွင်ခြင်း ဆိုတာ Expire ရှိပါတယ် ◾▪▪▪▪▪▪▪▪▪▪▪◾အသက် 14နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့ရီမုနဲ့ကားလေး ဝယ်နိုင်ပြီ။လူက...
26/11/2020

ပျော်ရွင်ခြင်း ဆိုတာ Expire ရှိပါတယ်
◾▪▪▪▪▪▪▪▪▪▪▪◾

အသက် 14နှစ်မှာ
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုနဲ့ကားလေး ဝယ်နိုင်ပြီ။
လူကြီးတွေကို ပူဆာစရာမလိုတော့ဘူး။
ဒါပေမယ့် ............... မလိုချင်တော့ဘူး။

အသက် 16 နှစ်မှာ
လူကြီးတွေမပါပဲ သူငယ်ချင်းတွေနဲ့ပဲ
တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရပြီ။
ဒါပေမယ့်............... မသွားချင်တော့ဘူး။

အသက် 20 မှာ ကလပ်တက်လို့ရပြီ။
ဒါပေမယ့် ................. ဆယ်တန်းတုန်းက
ခိုးသွားရသလောက် ရင်မခုန်တော့ဘူး။

အသက် 23 နှစ်မှာ
ငယ်ငယ်က ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ
ကိုယ့်ဟာကို ဝယ်နိုင်ပြီ။
ဒါပေမယ့် ................. မဝယ်ချင်တော့ဘူး

ပြောချင်တာက...
ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ်။ အချိန်မီမစားသုံးရင် နောက်ပိုင်းမှာအရသာမရှိဘူး။

ခရီးသွားတာကလည်း အဲလိုပဲ Expire Date ရှိတယ်။

လက်ရှိအချိန်မှာလုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့်ကိုကို ပျော်အောင်ထားပါ။ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။

သဘာဝကျကျ အလှတရားများရှိရာဆီကို 🍁🍃🌿 ကျွန်တော်တို့တတွေအားလုံး အတူတကွ တကူးတက
သွားပြီးခံစားနိုင်တဲ့ အချိန်လေးရှိတုန်း.....
သဘာဝတရားကြီးက လှပနေတုန်း.....
သဘာဝတရားကြီးက ခေါ်နေတုန်း​​.....
အရေးကြီးဆုံးက ကျွန်​​တော်​တို့က သွားနိုင်တဲ့ အချိန်ကို စောင့်ရမှာမဟုတ်ဘူး​ဗျ သဘာဝတရားကြီးက ကျွန်တော်တို့ကို ခေါ်တဲ့ အချိန်မှာ ကြိုးစားပြီးသွားရမှာပါ...

စိတ်တူကိုယ်တူဝါသနာတူ ခရီးသွားဖော်တွေအားလုံး ဆန္ဒနဲ့ဘဝ ထပ်တူကျပြီး ခရီးတွေထွက်နိုင်ကြပါစေ 😊

Credit - Ko Zaw Myint Htay

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကို လွမ်းနေတဲ့သူတွေရှိလား ...🥺🥺▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️_ဆောင်းရာသီရဲ့ အအေးဓါတ်က...
25/11/2020

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကို လွမ်းနေတဲ့သူတွေရှိလား ...🥺🥺
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

_ဆောင်းရာသီရဲ့ အအေးဓါတ်ကို အံတုရင်း အနွေးထည်အထူကြီးဝတ် ညလုံးပေါက်မီးပုံးပျံတွေ ထိုင်းငေးနေတဲ့သူတွေရှိလား ...??
_မိုးပေါ်ပျံတက်သွားတဲ့ မီးပုံးပျံအနောက်လိုက်ပြီး ပြေးပြေးဆိုလို့ အပြေးအလွှားကွင်းပတ်ပြေးခဲ့ရတဲ့ သူတွေရှိလား ...??

မေ့မရတဲ့ သူငယ်ချင်းတွေနဲ့ အမှတ်တရလေးရှိရင် ပြီး ရင်ဖွင့်ခဲ့ပေးပါ...📝
အလွမ်းဓါတ်ခံသူတဲ့သူတွေအတွက် ပြန်လွမ်းသွားရင် ဆော်တီးပါဗျာ 😜😜

__ဘာလို့လဲဆိုတော့ ဒီနှစ် #ကိုဗစ်ကြောင့်တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲမကျင်းပဖြစ်တော့လို့ပါ….🥺🥺🥺

Photoby@Ko Hla Aung ( photo Garden )



🗓️ ၂၀၂၁ ခုနစ် ပြက္ခဒိန် 🗓️( ဘယ်လိုလဲ...အတိုးချပြီးခရီးထွက်ကြမယ်မလား )😍😍▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️၂၀၂၀ ခုနစ်မှာတော့ ပ...
22/11/2020

🗓️ ၂၀၂၁ ခုနစ် ပြက္ခဒိန် 🗓️
( ဘယ်လိုလဲ...အတိုးချပြီးခရီးထွက်ကြမယ်မလား )😍😍
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
၂၀၂၀ ခုနစ်မှာတော့ ပုံမှန်အားဖြင့် ပိတ်ရက်တွေများခဲ့ပေမယ့် Covid ကြောင့် ပုံမမှန်တဲ့ ပိတ်ရက်ရှည်ဖြစ်သွားတဲ့အတွက် ဘယ်ခရီးမှ ကောင်းကောင်း မသွားလိုက်ရပဲ အိမ်မှာပဲ နေခဲ့ကြရပါတယ်။😪
အခုတစ်ခါမှာတော့ Covid ကြီးပြီးလို့ ပုံမှန်အခြေအနေ ပြန်ရတဲ့အခါ ပိတ်ရက်တွေမှာ ခရီးတွေထွက်လို့ရအောင် ၂၀၂၁ ပြက္ခဒိန်ကို အစိုးရရုံးပိတ်ရက်များနှင့်တကွ ဖော်ပြလိုက်ပေးပါတယ်။ 🗓️

ယခုလာမယ့် ၂၀၂၁ ခုနှစ်မှာဆိုရင် အစိုးရရုံးပိတ်ရက်ပေါင်း (၃၄) ရက်ရှိပြီး Weekend ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေ အပါအ၀င်ဆိုရင်တော့ ရက်ပေါင်း (၁၂၈) ရက် ပိတ်ရက်ရှိပါတယ်။

January
_______
🗓️ နှစ်တစ်နှစ်ရဲ့ ပထမဦးဆုံးလဖြစ်တဲ့ ဇန်နဝါရီလမှာဆိုရင်တော့ နိုင်ငံတကာနှစ်သစ်ကူးနေ့အဖြစ် (၁.၁.၂၁) သောကြာနေ့မှာ (၁) ရက် စပိတ်ပါတယ်။
🗓️ ထို့နောက် လွတ်လပ်ရေးနေ့အဖြစ် (၄.၁.၂၁) တနင်္လာနေ့ကို ထပ်ပိတ်တာကြောင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့အပါအဝင် ကြားမှာ စနေ၊ တနင်္ဂနွေခံပြီး ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ (၄) ရက်ဆက်တိုက်ပိတ်ပါတယ်။🤗
အဲ့ဒီအချိန် Covid သာ လုံးဝပြီးပြတ်သွားခဲ့ရင် New Year နဲ့ အတူ အပန်းဖြေခရီးသွားချင်တဲ့သူများအတွက်ကတော့ တကယ်၀မ်းသာစရာသတင်းပါပဲ။😇🎉
🗓️ နောက်ပြီး ကရင်နှစ်သစ်ကူးနေ့အဖြစ် (၁၃.၁.၂၁) ဗုဒ္ဓဟူးနေ့မှာ (၁) ရက်ပိတ်ပါတယ်။

February
_________
🗓️ ဖေဖော်ဝါရီလမှာတော့ ပြည်ထောင်စုနေ့အဖြစ် (၁၂.၂.၂၁) သောကြာနေ့မှာ (၁) ရက်ပိတ်ပါတယ်။🤗

March
______
🗓️ မတ်လမှာတော့ (၂.၃.၂၁) အင်္ဂါနေ့မှာ တောင်သူလယ်သမားနေ့အဖြစ် (၁) ရက်ပိတ်ပါတယ်။
🗓️ ထို့အပြင် (၂၇.၃.၂၁) စနေနေ့ဟာ တပေါင်းလပြည့်နေ့အနေနဲ့ရော တပ်မတော်နေ့အနေနဲ့ပါ ရက်တိုက်သွားတာကြောင့် (၂၆.၃.၂၁) သောကြာနေ့ကို တပေါင်းလပြည့်နေ့အတွက် (၁) ရက်၊ (၂၉.၃.၂၁) တနင်္လာနေ့ကို တပ်မတော်နေ့အတွက် (၁) ရက် ပိတ်တာကြောင့် ကြားမှာ စနေ၊ တနင်္ဂနွေခံပြီး တပေါင်းလပြည့်နေ့နဲ့ တပ်မတော်နေ့အတွက် စုစုပေါင်း (၄) ရက်ဆက်တိုက် ပိတ်ပါတယ်။ ဒါကြောင့် ခရီးသွားချင်သူများအတွက်အဆင်ပြေသွားတာပေါ့နော်။🤗
ခရီးမသွားဖြစ်တဲ့သူများကလည်း အိမ်မှာအေးဆေးအနားယူရင်း မိမိဆန္ဒရှိရာလုပ်ချင်တာလေးတွေ လုပ်ဖို့အဆင်ပြေနေပြန်ရောပေါ့။🥰

April
____
🗓️ ဧပြီလမှာတော့ မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်များအဖြစ် (၁၃.၄.၂၁) အင်္ဂါနေ့မှ (၁၉.၄.၂၁) တနင်္လာနေ့အထိ စနေ၊ တနင်္ဂနွေအပါအဝင် (၇) ရက်ဆက်တိုက်တောင် ပိတ်ပါတယ်နော်။🤗
ခရီးရက်ရှည် အေးဆေးသွားလိုသူများအတွက်တော့ ဧပြီလက ခရီးထွက်ဖို့ အကောင်းဆုံးလလို့တောင် ပြောလို့ရတာပေါ့။ 🥳🎉
🗓️ အဲ့ဒီနောက်မှာတော့ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် (၃၀.၄.၂၁) သောကြာနေ့မှာ (၁) ရက်ပိတ်ပါတယ်။ တကယ်တော့ အလုပ်သမားနေ့ဟာ (၁.၅.၂၁) စနေနေ့ဖြစ်တာကြောင့် သောကြာနေ့ကို ကမ္ဘာ့အလုပ်သမားနေ့ အစိုးရရုံးပတ်ရက်အဖြစ် ပိတ်ပေးတာ ဖြစ်ပါတယ်။

May
____
🗓️ မေလမှာတော့ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် (၁.၅.၂၁) စနေနေ့မှာ ပိတ်ပါတယ်။
မတ်လမှာ ပြောထားသလိုပဲ အလုပ်သမားနေ့ဟာ စနေနေ့ဖြစ်တာကြောင့် (၃၀.၄.၂၁) သောကြာနေ့ကို ကမ္ဘာ့အလုပ်သမားနေ့ အစိုးရရုံးပိတ်ရက်အဖြစ် ပိတ်ပေးထားပါတယ်။ ဒါကြောင့် သောကြာ၊ စနေ၊ တနင်္ဂနွေ ဆိုတော့ (၃) ရက် ဆက်တိုက် ပိတ်တာပေါ့နော်။😉
🗓️ (၂၅.၅.၂၁) အင်္ဂါနေ့မှာတော့ ကဆုန်လပြည့်နေ့အဖြစ် (၁) ရက်ပိတ်ပါတယ်။ 🤗

June
____
ဇွန်လမှာတော့ ပိတ်ရက်မရှိပါ။🙅🏻‍♀️

July
____
🗓️ ဇူလိုင်လမှာတော့ အာဇာနည်နေ့အဖြစ် (၁၉.၇.၂၁) တနင်္လာနေ့မှာ (၁) ရက်ပိတ်ပါတယ်။
🗓️ ထို့နောက် ဝါဆိုလပြည့်နေ့အဖြစ် (၂၃.၇.၂၁) သောကြာနေ့မှာ (၁) ရက်ပိတ်ပါတယ်။ သောကြာနေ့ဟာ ဝါဆိုလပြည့်နေ့ ပိတ်ရက်ဖြစ်တဲ့အတွက် စနေ၊ တနင်္ဂနွေပါ အပါအဝင်ဆိုတော့ (၃) ရက်ဆက်တိုက် ပိတ်ရက်ဖြစ်သွားတာပေါ့နော်။🤗

August
______
ဩဂုတ်လမှာတော့ ပိတ်ရက်မရှိပါ။🙅🏻‍♀️

September
_________
စက်တင်ဘာလမှာတော့ ပိတ်ရက်မရှိပါ။🙅🏻‍♀️

October
_______
🗓️ အောက်တိုဘာလမှာတော့ သီတင်းကျွတ်ရုံးပိတ်ရက်များအဖြစ် (၁၉.၁၀.၂၁) အင်္ဂါနေ့ ကနေ (၂၁.၁၀.၂၁) ကြာသပတေးနေ့အထိ (၃) ရက်ဆက်တိုက်ပိတ်ပါတယ်။
အိမ်တိုင်းလိုလို ချိတ်ဆွဲလေ့ရှိတဲ့ မီးပုံးငယ်လေးများနဲ့ လျှပ်စစ်မီးရောင်စုံရှုခင်းများ၊ မြန်မာ့ဓလေ့ ဆီမီးပူဇော်ထားပုံများကို နေရာအနှံ့ ကြည့်ရှုခံစားနိုင်ပြီး လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် မွန်မြတ်တဲ့အချိန်အခါလေး ဖြစ်တာကြောင့် မိသားစုနဲ့အတူနေတဲ့သူတွေအနေနဲ့လည်း မိသားစုအတွက် အချိန်ပေးနိုင်တဲ့ အားလပ်ရက်လေးဖြစ်သလို မိသားစုနဲ့ ဝေးနေတဲ့ ရပ်ဝေးကသူတွေအတွက်လည်း ကိုယ့်မိဘအိမ်ကို ပြန်ပြီး မိသားစုနဲ့အတူ အချိန်ကုန်ဆုံးလို့ရမယ့် နွေးထွေးတဲ့ အားလပ်ရက်တစ်ခုပဲ ဖြစ်ပါတယ်။🤗

November
_________
🗓️ နို၀င်ဘာလမှာတော့ တန်ဆောင်တိုင်ရုံးပိတ်ရက်များအဖြစ် (၁၇.၁၁.၂၁) ဗုဒ္ဓဟူးနေ့နဲ့ (၁၈.၁၁.၂၁) ကြာသပတေးနေ့ (၂) ရက်ပိတ်ပါတယ်။
နိဗ္ဗာန်ဈေးပွဲတော်တွေ လျှောက်လည်လို့ရတာပေါ့နော်။😋
🗓️ ထို့နောက် အမျိုးသားနေ့အဖြစ် (၂၈.၁၁.၂၁) တနင်္ဂနွေနေ့နဲ့ (၂၉.၁၁.၂၁) တနင်္လာနေ့ (၂) ရက်ပိတ်ပါတယ်။
အမျိုးသားနေ့က ၂၈ ရက်နေ့ တနင်္ဂနွေနေ့ ဖြစ်သွားတဲ့အတွက် ၂၉ ရက်နေ့ တနင်္လာနေ့ကို အမျိုးသားနေ့ ရုံးပိတ်ရက်အဖြစ် ပိတ်ပေးတာ ဖြစ်ပါတယ်။
စနေနေ့ပါ ထပ်ပေါင်းလိုက်တော့ ပိတ်ရက် (၃) ရက်ဆက်တိုက် ဖြစ်သွားတာပေါ့။🥳

December
_________
🗓️ ဒီဇင်ဘာလမှာတော့ ခရစ္စမတ်နေ့အဖြစ် (၂၄.၁၂.၂၁) သောကြာနေ့နဲ့ (၂၅.၁၂.၂၁) စနေနေ့ (၂) ရက် ပိတ်ပါတယ်။ တနင်္ဂနွေပါ အပါအဝင်ဆိုတော့ (၃) ရက်ဆက်တိုက် ပိတ်ပါတယ်။🎄
🗓️ နိုင်ငံတကာ နှစ်သစ်ကူးအကြိုနေ့အနေနဲ့ (၃၁.၁၂.၂၁) သောကြာနေ့ (၁) ရက်ပိတ်ပါတယ်။ 🎇
စနေ၊ တနင်္ဂနွေနဲ့ပါ တိုက်သွားတော့ (၃) ရက်ဆက်တိုက် ဖြစ်သွားတာပေါ့နော်။🤗

အချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်တော့......

🗓️ဇန်နဝါရီလ - နိုင်ငံတကာ နှစ်သစ်ကူးနေ့နှင့် လွတ်လပ်ရေးနေ့ (၄) ရက် ဆက်တိုက်ပိတ် တစ်ကြိမ်၊ ကရင်နှစ်သစ်ကူးနေ့ ပိတ်ရက် (၁) ရက်။
🗓️ဖေဖော်ဝါရီလ - ပြည်ထောင်စုနေ့ (၃) ရက်ဆက်တိုက်ပိတ် တစ်ကြိမ်။
🗓️မတ်လ - တောင်သူလယ်သမားနေ့ ပိတ်ရက် (၁) ရက်၊ တပေါင်းလပြည့်နေ့နှင့် တပ်မတော်နေ့ (၄) ရက် ဆက်တိုက်ပိတ် တစ်ကြိမ်။
🗓️ဧပြီလ - မြန်မာ့နှစ်သစ်ကူး သင်္ကြန် (၇) ရက်ဆက်တိုက်ပိတ် တစ်ကြိမ်၊ ကမ္ဘာ့အလုပ်သမားနေ့ (၃) ရက်ဆက်တိုက်ပိတ် တစ်ကြိမ် (မေလမှ နှစ်ရက်အပါအဝင်)။
🗓️မေလ - ကမ္ဘာ့အလုပ်သမားနေ့ (၃) ရက် ဆက်တိုက်ပိတ် တစ်ကြိမ် (မတ်လမှ တစ်ရက်အပါအဝင်)၊ ကဆုန်လပြည့်နေ့ ပိတ်ရက် (၁) ရက်။
🗓️ဇွန်လ - ပိတ်ရက်မရှိပါ။
🗓️ဇူလိုင်လ - အာဇာနည်နေ့ ပိတ်ရက် (၁) ရက်၊ ဝါဆိုလပြည့်နေ့ (၃) ရက် ဆက်တိုက်ပိတ် တစ်ကြိမ်။
🗓️ဩဂုတ်လ - ပိတ်ရက်မရှိပါ။
🗓️စက်တင်ဘာလ - ပိတ်ရက်မရှိပါ။
🗓️အောက်တိုဘာလ - သီတင်းကျွတ် (၃) ရက်ဆက်တိုက်ပိတ် တစ်ကြိမ်။
🗓️နိုဝင်ဘာလ - တန်ဆောင်တိုင် (၂) ရက် ဆက်တိုက်ပိတ် တစ်ကြိမ်၊ အမျိုးသားနေ့ (၃) ရက်ဆက်တိုက်ပိတ် တစ်ကြိမ်။
🗓️ဒီဇင်ဘာလ - ခရစ္စမတ်နေ့ (၃) ရက် ဆက်တိုက်ပိတ် တစ်ကြိမ်၊ နိုင်ငံတကာ နှစ်သစ်ကူးအကြိုနေ့ (၃) ရက်ဆက်တိုက်ပိတ် တစ်ကြိမ်။

" အီဒုလ်အဿွာဟာနေ့ (ကုရ်ဘာနိအီးဒ်) ပိတ်ရက် (၁) ရက် နှင့် ဒီပါဝလီနေ့အတွက် ပိတ်ရက် (၁) ရက် ကျန်ရှိပါသေးတယ်။
ထိုနေ့များကိုတော့ အတိအကျသိရမှ ပြန်လည် ဖြည့်စွက်ကြေညာပေးပါ့မယ်။ "

#ရွှေနိုင်ငံပုံနှိပ်တိုက်


ကိုဗစ်အလွန် ချင်းမိုင်သွားဖို့ ရည်ရွယ်ထားရင် ...🤩ချစ်သူလေးက်ို ခေါ်သွားဖို့တော့ မမေ့နဲ့နော် 😍😍Address North​ Star​ Valle...
22/11/2020

ကိုဗစ်အလွန် ချင်းမိုင်သွားဖို့ ရည်ရွယ်ထားရင် ...🤩

ချစ်သူလေးက်ို ခေါ်သွားဖို့တော့ မမေ့နဲ့နော် 😍😍

Address

North​ Star​ Valley​ หุบเขาดาวเหนือ

77/9​ หมู่1, โป่งแยงในซอย6​ Pong Yaeng, Mae Rim District, Chiang Mai 50180, Thailand

Photo credit-North star valley

ကိုဗစ်ကြီးပြီးလို့ ခရီးထွက်ရင် ဘယ်သူနဲ့ စထွက်မှာလဲ ...?​အဖြေတိုက်ကြည့်ရအောင်  #ညာရင်သွားခေါကြပါစေ 🤪🤪🤪
12/11/2020

ကိုဗစ်ကြီးပြီးလို့ ခရီးထွက်ရင် ဘယ်သူနဲ့ စထွက်မှာလဲ ...?

​အဖြေတိုက်ကြည့်ရအောင်

#ညာရင်သွားခေါကြပါစေ 🤪🤪🤪

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00
Sunday 09:00 - 17:00

Telephone

+959797350356

Alerts

Be the first to know and let us send you an email when D Khayee Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

About D KhaYee Travel & Tours

မြန်မာတစ်နိုင်ငံလုံး ကြိုက်တဲ့နေရာ ကြိုက်သလောက်လူဦးရေ နဲ့ ကြိုက်သလိုခရီးထွက်လို့ ရပါတယ်.. ကျွန်တော်တို့ D KhaYee Travel & Tours မှ ကူညီဆောင်ရွက်ပေးပါတယ်။

D KhaYee Travel & Tours က အတွေ့အကြုံရှိတဲ့ လူငယ်တွေဦးဆောင်ထားတဲ့ Travel & Tours Company တစ်ခုဖြစ်ပါတယ်။ D KhaYee မှ စီစဉ်ထားတဲ့ ခရီးစဉ်များအပြင် လူကြီးမင်းတို့ ကြိုက်တဲ့ဒေသကို သွားချင်တဲ့ အခါမှာလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။ Company, အသင်းအဖွဲ့များ, ကို အထူးဈေးနှုန်းများဖြင့်လည်းဆောင်ရွက်ပေးပါတယ် ခင်ဗျာ...