AmrtaGo

AmrtaGo Smart Travel Companion for Myanmar

30/10/2023
လက်ကျန်လ​ရောင်မြ​ကျေးရုံနဲ့ ဆူးပုတ်တို့ရွာ​လေး  #သွားမယ်&တည်းမယ် Photo Credit    #အမတဂိုး ✅Credit to သွားမယ်&တည်းမယ် fac...
10/10/2023

လက်ကျန်လ​ရောင်

မြ​ကျေးရုံနဲ့ ဆူးပုတ်တို့ရွာ​လေး

#သွားမယ်&တည်းမယ်

Photo Credit


#အမတဂိုး
✅Credit to သွားမယ်&တည်းမယ် page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

မိုင်ဆွန်ခသွားရောက်မြည်းစမ်းကြပါအုံး။
10/10/2023

မိုင်ဆွန်ခ
သွားရောက်မြည်းစမ်းကြပါအုံး။

မွန်ပြည်နယ်🇲🇲ကျိုက်ထီးရိုးအနီး🙏ကဒတ်ချောင်း 🏊‍♂️🚣‍♀️🏊‍♀️ကင်မွန်းချောင်းကျေးရွာ၊ကျိုက်ထိုမြို့မွန်ပြည်နယ်ကျိုက်ထီးရိုးတောင...
28/09/2023

မွန်ပြည်နယ်🇲🇲

ကျိုက်ထီးရိုးအနီး🙏

ကဒတ်ချောင်း 🏊‍♂️🚣‍♀️🏊‍♀️
ကင်မွန်းချောင်းကျေးရွာ၊ကျိုက်ထိုမြို့မွန်ပြည်နယ်

ကျိုက်ထီးရိုးတောင်ခြေက ကဒတ်ချောင်း အရမ်းလှတယ်
ကျိုက်ထီးရိုး ဘုရားဖူးပြီးအပြန် အပန်းဖြေလို့ရပါတယ်

ကျိုက်ထီးရိုးဘုရားဖူးရင်း အပန်းဖြေနိုင်မယ့်နေရာလေး တစ်ခုလဲဖြစ်ပါတယ်...

ကျိုက်ထိုမြို့ကို အလည်တခေါက်ရောက်ခဲ့မယ်ဆိုရင်တော့ မဖြစ်မနေသွားသင့်တဲ့နေရာလေးတစ်ခုပါ..

#မြန်မာ့အလှမြန်မာ့ဘဝ



#အမတဂိုး

✅Credit to မြန်မာ့အလှ မြန်မာ့ဘဝ page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

 #ပူတာအိုမှာရေခဲတောင်တက်မယ်ဆိုရင်....-------------------------------------ရေခဲတောင်လို့ပြောလိုက်တာနဲ့ လူအများစုကတော့ အန္...
23/09/2023

#ပူတာအိုမှာရေခဲတောင်တက်မယ်ဆိုရင်....
-------------------------------------
ရေခဲတောင်လို့ပြောလိုက်တာနဲ့ လူအများစုကတော့ အန္တရာယ်များတယ်
အရမ်းမြင့်လွန်းပြီး တက်ဖို့ ခက်ခဲတဲ့ ရေခဲ တောင်တွေ ရှိသလို တက်လို့ လွယ်ကူပြီး ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်တွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဒီလို သာယာတဲ့ သဘာဝအလှတွေနဲ့ ပြည့်စုံတဲ့ ရေခဲတောင်တွေအကြောင်းကို မြန်မာနိုင်ငံသား အားလုံးတောင် မသိကြသေးပါဘူး။ ပူတာအိုအနီးမှာ ရှိနေတဲ့ ရေခဲတောင်အားလုံးဟာ အိန္ဒိယနိုင်ငံဘက်က ဟိမဝန္တာတောင်တန်းတွေရဲ့ အဆက်တွေပါ။ မိမိကိုယ်တိုင် ပြည်ပကို ရောက်နေပေမယ့် ရေခဲတောင်တက်ဖို့ ကုန်ကျစရိတ်များပြီး လူတို့ဖန်းတီးမှူတွေနဲ့ ပြည့်နေတဲ့ ကိုရီးယား ဂျပန်စတဲ့အအေးပိုင်းနိုင်ငံကို သွားမယ့်အစား လူအရာက်အပေါက်နည်းပြီး ဖျက်ဆီးခြင်း မခံရသေးတဲ့ သဘာဝအလှတွေရှိတဲ့ မိခင်နိုင်ငံ မြန်မာနိုင်ငံမြောက်ဖျားက ရေခဲတောင်ကို တက်မယ်လို့ ရွေးချယ်ဆုံးဖြတ်ချက်ချပြီး တက်ခဲ့ပါတယ်။ အချို့ကလည်း ရေခဲတောင်တက်လို့ အိမ်မှာ ဆန်တွေ ဆီတွေ တိုးလာတာ မဟုတ်။ အပင်ပန်းခံပြီး ဘာလို့တက်မှာလဲဟု ယူဆကြပါတယ်။ တောင်တက်ခြင်းမှ ရလာသော သင်ခန်းစာ၊ ကိုယ့်ကိုယ်ကို ယုံကြည့်မှူ၊ စည်းလုံးညီညွှတ်မှူ၊ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်မှူ၊ ဒေသဆိုရာ ဗဟုသုတစသည်တို့ကို သူတို့ မြင်တတ်မည် မထင်ပါ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရေခဲတောင်ကနေ စပြီး ပြောပြရမယ်ဆိုရင်
၁။ ခါကာဘိုရာဇီ ရေခဲတောင် (၁၉၄၃၃ ပေ) (တောင် အတက်/အဆင်း ခန့်မှန်း ၃၀ရက်)
၂။ ဂါလန်ရာဇီ ရေခဲတောင် (၁၉၂၅၂ ပေ) (တောင် အတက်/အဆင်း ခန့်မှန်း ၃၀ရက်)
၃။ မဒွယ်တောင် ရေခဲတောင် (၁၅၀၀၀ ပေ) (တောင် အတက်/အဆင်း ခန့်မှန်း ၁၅ရက်)
၄။ ဖန်ဂရမ်ရာဇီ ရေခဲတောင် (၁၄၂၀၀ ပေ) (တောင် အတက်/အဆင်း ခန့်မှန်း ၁၅ ရက်)
၅။ ဖုန်ရင်ရာဇီ ရေခဲတောင် (၁၄၀၅၀ ပေ) (တောင် အတက်/အဆင်း ခန့်မှန်း ၈ ရက်)
၆။ ဖုန်ကန်ရာဇီ ရေခဲတောင် (၁၁၉၂၀ ပေ) (တောင် အတက်/အဆင်း ခန့်မှန်း ၇ ရက်)
(တစ်နှစ်နဲ့ တစ်နှစ် ခေတ်မီ စက်ကိရိယာတွေ သုံးပြီး တိုင်းတာကြတဲ့အတွက် တောင်တွေရဲ့ အမြင့်တွေကတော့ အခြားမှတ်တမ်းတွေနဲ့ အနည်းငယ် ကွဲပြားမှူ ရှိနိုင်ပါတယ်။)
ဖုန်ကန်ရာဇီ နဲ့ ဖုန်ရင်ရာဇီရေခဲတောင်တွေကတော့ ပူတာအိုမြို့နဲ့ ၅၃မိုင်ပဲ ဝေးပြီး အပျော်တမ်းတောင်တက်သမားတွေနဲ့ ပိုပြီး သင့်တော်ပါတယ်။ ခန့်မှန်းကြာချိန် ၇ရကျကတော့ ဒေသခံတွေ သွားတဲ့ နှုန်းပါ။ မိမိတို့ သွားတဲ့ နှုန်းအပေါ်မူတည်ပြီး ဒါထက် ပိုကြာနိုင်ပါသေးတယ်။ ကျန်တဲ့ရေခဲတောင်တွေကတော့ ပူတာအိုနဲ့ ပိုပြီးဝေးသလို လမ်းကြမ်းတယ်။ အချိန်ပိုကြာတယ်။ တံတားမရှိသေးတဲ့ တောင်ကျချောင်းတွေကို ကိုယ်တိုင်သစ်ခုတ် တံတားလုပ်ပြီး သွားရတယ်။ ကြိုးတန်းပြီး ကူးရတယ်။ ပိုပြိး အန္တရာယ်များလို့ အထူးလေ့ကျင့်ထားတဲ့ ကျွမ်းကျင်တောင်တက်သမားတွေနဲ့ပဲ သင့်တော်ပါတယ်။ ကျွန်တော်တို့ တက်ခဲ့တာကတော့ အမြင့်ပေ ၁၁၉၂၀ ပဲရှိတဲ့ ဖုန်ကန်ရာဇီ ရေခဲတောင်ပါပဲ။ ပူတာအိုအနီးက အနိမ့်ဆုံးရေခဲတောင်ပါ။ မိန်းကလေးတွေလည်း အလွယ်တကူတက်နိုင်ကြလို့ ဒေသခံတွေကတော့ မိန်းကလေးတောင် လို့လည်း ခေါ်ကြပါသေးတယ်။ 😛
တကယ်တော့ ပူတာအိုမြို့လေးက ရေခဲတောင်တွေ ဝန်းရံနေတဲ့ အေးချမ်းတဲ့မြို့ငယ်လေး တစ်ခုပါ။ အတော်အသင့် ကြီးတဲ့ ထမင်းဆိုင် တစ်ဆိုင် ရှိပါတယ်။ ထဝမ်ဆိုတာ ရေခဲ၊ ရာဇီဆိုတာ တောင်။ ဒါကြောင့် ထဝမ်ရာဇီဆိုတဲ့ စားသောက်ဆိုင် တစ်ဆိုင်လည်းရှိပါသေးတယ်။ ရေခဲသေတ္တာမလိုဘဲ ဘီယာပုလင်းတွေကို အပြင်မှာ ထားရုံနဲ့ အေးပါတယ်။ ထဝမ်ရာဇီ စားသောက်ဆိုင်က ပူတာအိုမှာ နာမည်ကြီးသလို ထဝမ်ရာဇီနာမည်နဲ့ပဲ တည်းခိုခန်းတစ်ခုလည်း ဖွင့်ထားပါသေးတယ်။ ပူတာအိုကို ရောက်နေတဲ့ သူငယ်ချင်းကတော့ ပြောပါတယ်။ ပူအာအိုမှာ အမှိုက်မရှိဘူး။ သူခိုးမရှိဘူး။ အိမ်တံခါးတွေ ခြံတံခါးတွေကို သော့ခတ်မထားဘူး တဲ့။ ဒါပေမယ့် ပူတာအို ဒေသခံနဲ့ သူငယ်ချင်း စကားပြောနေရင်း အိမ်က ခွေးလေး နှစ်ကောင် ပျောက်သွားတယ်ဆိုတာ ပြောနေကြတယ်။ အနီးအနားက အရက်သောက်တဲ့သူတွေက အမြည်းလုပ်ပြစ်လိုက်တယ်တဲ့။ အဲဒါနဲ့ မင်းတို့ ပူတာအိုက သူခိုးမရှိတာ မဟုတ်ပါဘူး၊ ခွေးသူခိုးတော့ ရှိပါသေးတယ်လို့ ပြောခဲ့လိုက်သေးတယ်။ 😊
ပူတာအိုကို ရေခဲတောင်တက်မယ်ဆိုပြီး ရောက်သွားတာက ၂၀၁၆ ဧပြီလ ၂၃ရက်၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ် ရှိနေချိန်မှာ ပူတာအို လေဆိပ်ရောက်လို့ လေယာဉ်ပေါ်က ဆင်းဆင်းခြင်း သိလိုက်ရတဲ့ အပူချိန်က နားဝမှာ အေးချမ်းစရာ။ ၁၃ ဒီဂရီ တဲ့။ မိုးလေး တစ်ဖွဲဖွဲနဲ့ နွေရာသီမှာလည်း မိုးမပြတ်တဲ့ ပူတာအိုဆိုပဲ။ ပူတာအိုကို အရင်ရောက်တဲ့ သူငယ်ချင်းတည်းခိုနေတဲ့ အိမ်က ခြေတံရှည်ပျဉ်ထောင်အိမ်။ အပေါ်ထပ်ကို တက်လိုက်တော့ ဧည့်ခန်းအဖြစ်ရော မီးဖိုခန်းအဖြစ်ရော သုံးတဲ့ ခန်းမကြီးအလယ်က ထင်းမီးဖိုလေး ဘေးမှာ ထိုင်ပြီး အနွေးဓာတ် ယူလိုက်ရတယ်။ ပြီးတော့မှ တောင်တက်ဖို့ရာအတွက် ဒေသခံ အိမ်ရှင်နဲ့ တိုင်ပင်၊ ရေခဲတောင်တက်ဖို့ လူများဖို့ အဖေါ်ထပ်ရှာ။ ပူတာအိုဈေးထဲသွားကာ ပစ္စည်းဝယ်၊ လူစုနဲ့ တောင်တက်ဖို့ စုစုပေါင်း လူ ခုနစ်ယောက်ရှိလာပြီ။ ဒေသခံ ရဝမ်လူမျိုး ၅ယောက်၊ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း။ တောင်တက်ရင် လိုအပ်တဲ့ ပစ္စည်းတွေက တော်တော်ကို များပါတယ်။ စဉ်းစားရလည်း ကြပ်ပါတယ်။ အစား၊ အသောက်၊ မိုးရွာရင်၊ နေပူရင်၊ လေတိုက်ရင်၊ ချမ်းအေးရင် ဆိုပြီး သေခြာစဉ်းစားပြီး လိုက်အပ်တာတွေကို တစ်ခုခြင်း စီစဉ်ရပါတယ်။ အိပ်သာတက်ဖို့ တစ်ရှူးကအစ ပါရပါတယ်။ အစားအသောက်မှာ အဟာရဖြစ်ဖို့လိုသလို အခြားပစ္စည်းတွေမှာလည်း ပေါ့ပါးဖို့ ခိုင်ခန့်ဖို့ လိုပါတယ်။
ပူတာအို မြို့လယ်မှာ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ၅၃မိုင် ဆိုပြီး ဆိုင်းဘုတ်ရှိပါတယ်။ ရေခဲတောင်တက်ဖို့ စုစုပေါင်း လူခုနစ်ယောက် ဆိုင်ကယ် လေးစီးနဲ့ ပူတာအိုကနေ မနက်ပိုင်းမှာ စပြီး ထွက်ပါတယ်။ ပူတာအိုကနေ ဆိုင်ကယ်လမ်းရှိတဲ့ အနီးဆုံးတောင်ခြေရွာဖြစ်တဲ့ အထက်ဆန်ကောင်ရွာအထိ ဆိုင်ကယ်နဲ့ နာရီဝက်ခန့် သွားပြီး အဲဒီရွာမှာ ဆိုင်ကယ်တွေ ထားခဲ့တယ်။ ပူတာအိုကနေ အထက်ဆန်ကောင်ရွာကို ၈မိုင်၊ ပြီးရင်တော့ ကျန်တဲ့ ၄၅မိုင်ကို တောင်ထိပ်ရောက်တဲ့အထိ ခြေလျှင်တက်ရပါပြီ။ အထက်ဆန်ကောင်ရွာအနီးက ဒေသအခေါ် အထက်ဆန်ကောင်တောင်ကို ကျော်ပြီးတော့ ညရောက်သွားပါပြီ။ အဲဒီမှာ ခြေလျှင်သာရောက်နိုင်တဲ့ ဝါဆန်ဒမ်းလို့ခေါ်တဲ့ တောင်ကြားရွာလေးကို ည ၇နာရီလောကျမှာ ရောက်သွားပါတယ်။ အဲဒီရွာမှာပဲ တစ်ညအိပ်စခန်းချခဲ့ကြပါတယ်။ မီးပုံဘေးမှာအိပ်၊ နောက်တစ်နေ့ ခရီးဆက်။ စမ်းချောင်းအမျိုးအစားများစွာ ဖြတ်ကူးရပါတယ်။ အချို့က တံတားမရှိသေးတော့ ရေထဲဆင်းဖြတ်ခဲ့ရတယ်။ အချို့က ဝါးလုံးတံတားနဲ့၊ အချို့က သစ်လုံးတံတားနဲ့၊ အချို့ကတော့ ကြိုးတံတားနဲ့။ ကြိုးတံတားဖြင့် ကူးရသော တောင်ကျချောင်းများမှာ ကျယ်လည်းကျယ်သလို မြင့်လည်း မြင့်ပါတယ်။ ချော်ကျသွားလျှင်တော့ မတွေးဝံံံ့စရာ။ အောက်မှာက ကြောက်မယ်ဖွယ်အသံနဲ့စီးနေတဲ့ ကျောက်တုံးကျောက်ဆောင်အပြည့်နဲ့ တောင်ကျချောင်း။ ဆိုင်ကယ်ထားခဲ့သော အထက်ဆန်ကောင်ရွာကို ကျော်လာပြီးနောက် တောင်ကြားရွာများကို ဖြတ်ကျော်ခဲ့ရသည်။ ဝါဆန်းဒမ်း၊ အဝပ်ဒမ်း၊ ဇီးယာဒမ်း စသည်တို့ဖြစ်သည်။ ဇီးယာဒမ်းမှာ နောက်ဆုံးရွာဖြစ်သည်။ ဒီရွာကိုကျော်ပြီးလျှင် နောက်ထပ် ရွာမတွေ့ရတော့။ ရေခဲတောင်ရောက်သည်အထိ တောအထပ်ထပ်ကို ဖြတ်ကာ တောင်ကြောပေါ်မှတစ်ဆင့် တက်ကြရပြီ။ တခါတရံ တိတ်ဆိတ်လွန်းပြီး စိမ်းညို့နေသော သစ်တော ဝါးတောကြီးတွေကို ဖြတ်နေရစဉ် စိတ်ခြောက်ခြားဖွယ် ကောင်းသလို ကြည်နူးဖွယ်လည်း ကောင်းသည်။ သဘာဝချောင်းရေစီးသံ၊ ကျေးငှက်သံ၊ တောမျောက်အော်သံ၊ သစ်ရွက်လှုပ်သံ၊ လေတိုးသံတို့ကို နားထောင်ရင်း သစ်တောနက်များကို ဖြတ်နေရသည်မှာ အချိန်ကိုလည်း မေ့၊ နာရီလည်း မေ့၊ ပြက္ခဒိန်လည်း မေ့။ တောင်ပေါ်က ဆင်းလာတော့ ၂၀၁၆ မေလ ဆိုသည်ကို မနည်း စဉ်းစားတွက်ယူရသည်။ ရက်စွဲသိဖို့ ဖုန်းမှာ ပေါ်နေသော ရက်ကို အတည်ယူရသည်။ တောင်းတက်လို့ မောပန်းသမျှသည်လည်း ခေတ္တခဏရပ်ကာ ပတ်ဝန်းကျင် ရှူခင်းကြည့်လိုက်ရုံဖြင့် မောတယ်ဆိုတာ ဘာမှန်းမသိတော့။ တောင်ကြောပေါ်တက်လာရင်း တဖြည်းဖြည်း မြင့်လာသည်။ ရွာကလေးတွေ ဖြတ်လာတုန်းက မော့ကြည့်ခဲ့ရသော တောင်ပေါ်မှ တိမ်တိုက်များသည် အခုတော့ မိမိတို့နှင့် ဘေးခြင်းယှဉ်လျှက်ဖြစ်နေပြီ။ စိတ်ထဲမှာ တိမ်တွေပေါ်မှာ လမ်းလျှောက်နေသလို ခံစားရသည်။ စိတ်ကြည်နူးချမ်းမြေ့မှူကို စကားလုံးဖြင့် မဖေါ်ပြနိုင်။ ရေရှာရန် ထင်းရှာရန် သင့်တော်သော နေရာတွင် စခန်းချ၊ ပြီးရင် နောက်တစ်နေ့ ခရီးဆက်။ ဒေသခံတို့ ပေးထားသောရပ်နားလေ့ရှိသည့် နေရာလေးတွေ အမည်ကလည်း စိတ်ဝင်စားစရာ။ ချောင်းနှစ်ခုဆုံရာကို ချောင်းဆုံစခန်း၊ တောင်တက်ရန်လမ်းခုလတ်အလယ်ဖြစ်သော နေရာကို အလယ်စခန်း၊ ခမ်းတောက်မြစ် တူးသောနေရာကို ခမ်းတောက်မြစ်စခန်း၊ သစ်ပင်ကြီးအောက် နားသောနေရာကို သစ်ပင်ကြီး စခန်း။ စခန်းဆိုပေမယ့် ဘာအဆောက်အဦးမျှ မရှိပါ။ တဲဆောက်ရန်သင့်တော်သော မြေကွက်လပ်ကလေးတွေသာ ဖြစ်သည်။ ထိုနေရာလေးတွင် ကိုယ်ဘာသာ ယာယီတဲ့ဆောက် ညအိပ်။ မနက်လင်းတော့ တဲဖျက်၊ ခရီးဆက်။ တောင်တွေ တစ်လုံးပြီး တစ်လုံး ကျော်ရသည်။ တောင်တစ်လုံး တက်လိုက်၊ နည်းနည်း ပြန်ဆင်းလိုက်၊ နောက်တစ်လုံးကို များများ ပြန်တက်လိုက်ဖြင့် တစ်ဖြည်းဖြည်း မြင့်လာသည်။ နောက်လှည့်ပြီး ပြန်ငုံ့ကြည့်လိုက်တော့ တိမ်တွေက ကိုယ့်အောက်ရောက်နေပြီ။ ရေခဲတောင်ထွတ်သို့ ရောက်လုပြီ။ ဒီလိုဖြင့် ခုနှစ်ရက်ကြာပြီးနောက် ရေခဲတောင်ခြေစခန်းသို့ ရောက်ပြီ။ ရေခဲတောင်ခြေရင်းတွင် စခန်းချပြီး နောက်တစ်နေ့မနက် တောင်ထွတ်သို့ တက်ကြသည်။ တောင်ခြေမှာ စခန်းချနေစဉ်ရေခဲမိုးတွေ ရွာလိုက်သေးသည်။ မနက်အိပ်ယာထသည်အထိ တဲဘေးက ရေခဲတွေက အရည်မပျော်သေး။ မိမိဘဝတွင် ပထမဦးဆုံးကြုံဖူးသော အချမ်းဆုံးညဟု ပြောရမည်။ ခန္ဒာကိုယ်တစ်ခုလုံး မည့်သည့်အစိတ်အပိုင်းမျှ လေသလပ်ခံလို့မရ။ အနွေးထည်က ၅ထည်၊ ဘောင်းဘီက ၃ထည် ဝတ်ထားသည်။ စောင်ကို ခေါင်းမြီးခြုံထားရသေးသည်။ ခိုက်ခိုက်တုန်အောင်ချမ်းဆိုတာ ဒါမျိုးဖြစ်မည်။ နောက်တစ်နေ့ ရေခဲတောင်ထွတ်သို့ တက်ကြပြီ။ မိုးလင်းတော့ ညကလောက် မချမ်းတော့။ ရေခဲတွေကို နင်းပြီး တက်ရတာ ပျော်စရာကောင်းသလို အန္တရာယ်လည်း များလှသည်။ မတော်၍ ချော်ကျသွားလျှင် သွားပြီ။ သတိရှိရသည်။ မလောရ။ သေခြာမှ တစ်လှမ်းတက်ရသည်။ သေခြာမှ ခြေကုပ်ယူရသည်။ စိတ်ချရမည့် သစ်ပင်သစ်ကိုင်း ဝါးပင်စသည်တို့ကို ဆွဲတက်ရသည်။ နောက်တော့ တောင်ထိပ်နှင့် နီးလေ အပင်တွေက ကျဲလာလေ။ သစ်ပင်ကြီးကြီးမားမား မရှိတော့။ တောင်ထွတ်ကို ရောက်တော့ ဘာပင်မျှ မရှိတော့။ လုံးဝ ရေခဲပြင်ကြီးသာ။ တောင်ထိပ်ရောက်စက တိမ်တိုက်တို့ ဖုန်းအုပ်နေသဖြင့် ရာသီဥတုမကောင်းသော်လည်း ခဏကြာပြီးနောက် ရာသီဥတု သာယာလာသည်။ နေထွက်လာပြီ။ ရေခဲတောင်ထိပ်မှာ ရာသီဥတု အပြောင်းအလဲမြန်သည်ဆိုတာ ကြားသာ ကြားဖူးသည်။ အခုတော့ ကိုယ့်တွေ့ ကြုံရပြီ။ တောင်ထိပ်မှာ နှင်းလျှောစီးကြသည်။ ဓာတ်ပုံရိုက်ကြသည်။ အချို့က ရေခဲပြင်ပေါ်မှာ လူးလှိမ့်ဆော့ကြသည်။ နောက်တစ်ယောက်ကတော့ ရေခဲပြင်မှာ ကျွမ်းပစ်နေသည်။ ပါလာသော လောင်စာတုံးများကို သုံးကာ ကော်ဖီသောက်ဖို့ ရေခဲများကို ရေနွေးကျိုကြသည်။ ရေခဲတောင်ထိပ်ဖြစ်ပေမယ့် နေထွက်နေတော့ ထင်သလောက် မချမ်း။ သာမန်အနွေးထည်ဖြင့် နေနိုင်သည်။ ရေခဲကျနေချိန်တော့ မခံမရပ်နိုင်အောင် ချမ်းမည်။ ဒါကိုတော့ မနေ့ညက အတွေ့အကြုံအရသိပြီသား။ ရေခဲတောင်ထိပ် သာယာပုံမှာ စာဖြင့် မပြောပြနိုင်။ အောက်က ဓာတ်ပုံမှာ ကြည့်ပါလို့ပဲ ပြောချင်သည်။ ရေခဲတောင်ထိပ်မှာ တစ်ရက်နေပြီးနောက် ညနေစောင်းတော့ တောင်ခြေစခန်းသို့ ပြန်လာကြသည်။ ညအိပ်ယာမဝင်ခင် တဲထဲမှာ မီးလှုံရင်း ရေခဲတောင်ထိပ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြန်ကြည့်ကြ၊ အပျော်တွေ ပြန်လည်နိုးထကြ။ မီးပုံဘေးမှာ ဓာတ်ပုံတွေ ပြန်ကြည့်ကြရင်း တဝါးဝါးတဟားဟာဖြင့် ရယ်မောလို့ မဆုံးတော့။ အတူပါလာသော ဒေသခံ ရဝမ်တိုင်းရင်းသား ကျောင်းသူနှစ်ယောက်ကတော့ ဒီတစ်ခါ ရေခဲတောင်တက်ရတာ အပျော်ဆုံးပဲဟုဆိုသည်။ ဒါဆိုရင် အရင်က ရေခဲတောင် တက်ဖူးလားမေးတော့ ဒါပထမဆုံး တက်ဖူးတာ.. တဲ့။ 😀
နောက်တစ်နေ့မနက်လင်းတော့ တောင်အောက်ဆင်းဖို့ ပြင်ကြသည်။ အလာတုန်းက ၇ ရက်ကြာခဲ့သော တောင်တက်ခရီးသည် အပြန်ကျ ၃ ရက်ပဲ ကြာသည်။ ၃ရက်မြောက် ညနေမှာ ပူတာအိုသို့ ပြန်ရောက်ပြီ။ ရန်ကုန်ကနေ ပူတာအို ရောက်စက အလွန်ချမ်းသော ပူတာအိုသည် အခု ရေခဲတောင်က ပြန်လာတော့ ပူအိုက်ချင်သလိုလို။ တောင်တက် တောင်ဆင်း စုစုပေါင်း မိုင် ၉၀ ခန့် ကျောပိုးအိတ်ကြီးကို သယ်ကာ လမ်းလျှောက်ခဲ့ရသည်ဆိုတော့ ပင်ပန်းလွန်းသဖြင့် ၂ရက်တိတိ ဘယ်မှ မသွားဘဲ စားလိုက် အိပ်လိုက်ဖြင့် နားလိုက်သည်။ ပြီးမှ ပူတာအိုအနီး လည်စရာတွေကို လျှောက်လည်ကြမည်။ နောက်နှစ်တွင် နောက်ထပ် ရေခဲတောင်တစ်လုံးတက်ကြဖို့ တိုင်ပင်ကြမည်။ အခုအခေါက်မှ လိုအပ်ချက်များကို သင်ခန်းစာယူကာ နောက်တစ်ခေါက်တွင် ပိုပြီး ပြည့်စုံအောင် စီစဉ်ကြမည်။ ပြီးရင်တော့ လေယာဉ်လက်မှတ်ဝယ်ကာ အပူပိုင်းဒေသသို့ ပြန်လည် ကျက်စားရဦးမည်။ ။
----
ရေခဲတောင်တက်ရာတွင် လိုက်ပါကူညီပြီး အတူပျော်ခဲ့ကြသော ပူတာအို ဒေသခံရဝမ်တိုင်းရင်းသား သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါသည်။
--------
နောက်ဆက်တွဲအမှိုက် ပြဿနာ
ရေခဲတောင်တက်ခဲ့ရတာ အားလုံးအဆင်ပြေပေမယ့် အမှိုက်ကို စနစ်တကျ မပြစ်တတ်တဲ့ စည်းကမ်းမရှိတဲ့ တောင်တက်သမားတွေကြောင့် ရပ်နားတဲ့ စခန်းတွေမှာ ကြွပ်ကြွပ်အိပ်အမှိုက်မျိုးစုံကို တွေ့ရပါတယ်။ ကော်ဖီ၊ ကွေကာ၊သကြားလုံး၊ ဘီစကစ်၊ ကွတ်ကီ စတဲ့ အိပ်ခွံမျိုးစုံပါ။ ဒီတောင်တက်လမ်းတွေဟာ နိုင်ငံခြားသား တောင်တက်သမားတွေလည်း တက်နေတော့ အလွန်ရှက်ဖို့ ကောင်းပါတယ်။ သဘာဝအလှကို ဖျက်ဆီးနေသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေပါတယ်။ ဂျပန်မှာ ရှိတဲ့ မြန်မာတွေ ဖူဂျီတောင်တက်ဖို့ ပြင်ဆင်ကြတော့ တောင်ပေါ်မှာ ကိုယ့်အမှိုက်ကို ကိုယ်ပြန်သိမ်းဖို့ အမှိုက်အိပ် ၂အိပ်စီ ယူခဲ့ကြဖို့ အချင်းချင်း သတိပေးနေကြတာသိရလို့ ဝမ်းသာမိတယ်။
အဲဒါကြောင့် တောင်တက်လမ်းမှာ နိုင်သလောက် အမှိုက်တွေကောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တောင်တက်သမားအချင်းချင်းလည်း တောင်ပေါ်မှာ အမှိုက်မပစ်ဖို့နဲ့ ရရှိလာတဲ့အမှိုက်တွေကို စနစ်တကျမီးရှို့ပစ်ခဲ့ဖို့ သတိပေးချင်ပါတယ်။

By ခိုင်မြဲ
Daily Eleven (7 June 2016)



#အမတဂိုး
✅Credit to Family Myanmar Travels & Tours page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

22/09/2023

တောင်ပုလ ရွှေဌာနီ ၊ပြင်ဦးလွင်

Shan Queen-Taunggyi
22/09/2023

Shan Queen-Taunggyi

😍ဘားအံသို့ ရောက်ဖြစ်ရင် မဖြစ်မနေသွားသင့်တဲ့နေရာက ဇွဲကပင်တောင်ပဲဖြစ်ပါတယ်။ဘားအံကိုရောက်ပြီး ဇွဲကပင်တောင်မတက်လိုက်ရရင် ဘား...
08/09/2023

😍ဘားအံသို့ ရောက်ဖြစ်ရင် မဖြစ်မနေသွားသင့်တဲ့နေရာက ဇွဲကပင်တောင်ပဲဖြစ်ပါတယ်။ဘားအံကိုရောက်ပြီး ဇွဲကပင်တောင်မတက်လိုက်ရရင် ဘားအံရောက်တယ်လို့ မဆိုနိုင်သေးပါဘူးနော်😁။

🌧ယခုလိုဝဿန်မိုးရာသီချိန်ခါမှာ မြင်တွေ့ရတဲ့ တိမ်တွေပတ်လည်ဝိုင်းနေတဲ့ ဇွဲကပင်တောင်အလှ၊စိမ်းလန်းတဲ့လယ်ကွင်းတွေနဲ့ကျေးလက်အလှရှုခင်းတွေကတော့ မြန်မာပြည်ရဲ့ဆွတ်ဇာလန်လေးလို့ပင် တင်စားရလောက်အောင်လှပလွန်းပါတယ်💚💚💚။

ဇွဲကပင်တောင် တက်ပြီး တောင်ခြေက ရွာလေးတွေဆီ ဝင်လည်ဖို့လည်းမေ့မနေနဲ့နော်😘။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ဇွဲကပင်တောင်

#အမတဂိုး

✅Credit to Myanmar.Travel page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

07/09/2023
လားရှိုးမြို့နဲ့မနီးမဝေး မိုင်းတင်ရွာမရောက်ခင် မင်္ဂလာပါ ဥယျာဥ်ကို လာရောက်ဖိတ်ခေါ်ပါတယ် အေတီတံတားအကျော် မိုင်းယော်အသွားလ...
02/09/2023

လားရှိုးမြို့နဲ့မနီးမဝေး မိုင်းတင်ရွာမရောက်ခင် မင်္ဂလာပါ ဥယျာဥ်ကို လာရောက်ဖိတ်ခေါ်ပါတယ် အေတီတံတားအကျော် မိုင်းယော်အသွားလမ်း နားဖ ရွာအကျော် မိုင်းတင် မရောက်ခင်မှာရှိပါတယ်။

ရှူခင်းလဲလှ ဧည့်ရိပ်မွန်လဲတည်းလို့ရပါတယ် Beach Mood အ​နေနဲ့ Speed Boat လဲစီးလို့ရပါတယ်​နော်

#သွားမယ်&တည်းမယ်



#အမတဂိုး
✅Credit to သွားမယ်&တည်းမယ် page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

ဘားအံမြို့ ဇွဲကပင်တောင်ခြေက မိုးရာသီနဲ့ ဆောင်းရာသီမှာပဲ ရှိတဲ့ ရေပြာရေကန်ဘားအံ ခရီးသွားHpa An Traveller   #အမတဂိုး ✅Cred...
01/09/2023

ဘားအံမြို့ ဇွဲကပင်တောင်ခြေက မိုးရာသီနဲ့ ဆောင်းရာသီမှာပဲ ရှိတဲ့

ရေပြာရေကန်

ဘားအံ ခရီးသွား
Hpa An Traveller


#အမတဂိုး
✅Credit to ဘားအံ ခရီးသွား page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️လပြည့် လကွယ် စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေအကုန်လုံး ရုံးတ...
01/09/2023

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
လပြည့် လကွယ် စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေအကုန်လုံး ရုံးတွေကျောင်းတွေ အလုပ်တွေ ကုမ္ပဏီတွေ ဆိုင်တွေ ပိတ်ပေမဲ့
Shan Queen-Taunggyi ဆိုင်ကတော့ မပိတ်ပါဘူးရှင်
မပိတ်ရတဲ့အကြောင်းရင်းကလဲ ဆိုင်က မြို့နဲ့ နည်းနည်းဝေးတော့ အချိန်ပေးပြီးလာရပါတယ် အချိန်ပိုရှိမှ အချိန်ပေးနိုင်မှ Shan Queen ဆိုင်က ဟင်းပွဲတွေ မြေအိုးထမင်းတွေက်ို စားလို့ရမှာပါရှင့်😋
အဲ့ဒါကြောင့် ‌ပိတ်ရက်တိုင်းဖွင့်ပေးနေတာပါရှင့်😁
လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါရစေ💛
မစောင့်နိုင်ရင် မစောင့်ချင်ရင်ဖုန်းကြိုဆက်ပြီးမှာထားကြပါရှင်📲📲📲📲📲

0️⃣9️⃣7️⃣8️⃣8️⃣9️⃣8️⃣4️⃣6️⃣6️⃣5️⃣


#အမတဂိုး
✅Credit to Shan Queen-Taunggyi page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

ထိုင်းနိုင်ငံက ကန်ချနဘူရီကို သွားဖို့မလိုပါဘူး မြန်မာနိုင်ငံက အဲ့ထက်လှတဲ့နေရာကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ မြို့ပြရဲ့ ...
01/09/2023

ထိုင်းနိုင်ငံက ကန်ချနဘူရီကို သွားဖို့မလိုပါဘူး မြန်မာနိုင်ငံက အဲ့ထက်လှတဲ့နေရာကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေရုန်းထွက်ပြီး သဘာဝဆီ ခဏသွားကြရအောင်....☘️

မန္တလေးကနေ ထွက်ရှိမယ့် နေ့ချင်းပြန် ခရီးစဉ်လေး ရှိသလို တစ်ညအိပ် ခရီးစဉ်လေးလဲ ရှိပါတယ်

ရန်ကုန်ကဆိုရင်တော့ ရုံးသမားများအတွက်လည်း အဆင်ပြေမယ့် တစ်ညအိပ်ခရီးစဉ်လေးရှိပါတယ်

☘️သွားမယ့်နေရာက

-ပန်းလောင်မြစ်ဘေးက ဘဘာဝဆန်တဲ့နေရာလေး Pan Laung Eco Lodge ကို လှေလေးစီးပြီး သွားမယ်။

- လှပတဲ့ တောင်ယာစိုက်ကွင်းတွေ၊ တောင်ကုန်းမြင့်လေးတွေကို mini trekking ပုံစံဖြတ်သန်းပြီး အရမ်းလှပတဲ့ ‌အထက်ရေတံခွန်ကြီးဆီ သွားကြမယ်

- Adventure ကြိုက်သူတွေအတွက် ပန်းလောင်မြစ်ထဲကို စီးဝင်နေတဲ့ ရေတံခွန်ကြီးဆီ လှေစီးပြီး သွားကြမယ်။

- ပန်းလောင်မြစ်ထဲ ရေကူးမယ်၊ Kayaking လုပ်ကြမယ်၊ ရေစီးသံ၊ တောတောင်ကျေးငှက်သံလေးတွေနဲ့ အတူ အနားယူကြမယ်

- ကျောက်ဆည်မြို့က ရွှေသိမ်‌တော်ဘုရား၊ ရှင်ပင်ရွှေဆပ်သွားဘုရား၊ တမုတ်ရှင်ပင်ရွှေဂူ ဘုရားတွေဆီ ဝင်‌ရောက် ဖူးမြော်ကြဦးမယ်

☘️ပါဝင်မယ့်ဝန်ဆောင်မှုတွေက

-ကားခ အသွားအပြန်
-မနက်စာ၊ နေ့လည်စာ (နေ့ချင်းပြန်ခရီးစဉ်)
-မနက်စာ၊ နေ့ခင်းစာ ၂ ကြိမ်၊ ညစာ ( ညအိပ်ခရီးစဉ်)
-စက်လှေ စီးနင်းခများ
- Tour Leader / Trekking Guide
- နားနေရန် ဘန်ဂလို
- water activities များ
- ရေသန့်နှင့် စနိုးတာဝါများ

☘️ ခရီးစဉ်အတွက် အပိုဘာမှ ထပ်ပေးစရာမလိုဘဲ ဝန်ဆောင်မှုအားလုံးပါပြီး တစ်ဦးကိုမှ

✓မန္တလေးမြို့မှ လိုက်ပါမည့် သူများအတွက်

နေ့ချင်းပြန် .....95000 ကျပ်
တစ်ညအိပ်......150000 ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

✓ ရန်ကုန်မြို့မှ လိုက်ပါမည့် သူများအတွက်

တစ်ညအိပ် ....190000 ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

☘️ ထွက်ရှိမယ့်နေ့တွေကတော့

✓ မန္တလေးမြို့မှ အပတ်စဉ် စနေနေ့တိုင်း ထွက်ရှိမှာပဲ ဖြစ်ပါတယ်။

✓ ရန်ကုန်မြို့မှ အပတ်စဉ် သောကြာနေ့ညထွက် တနဂ်နွေနေ့ ညပြန်ရောက် မှာပဲဖြစ်ပါတယ် ရုံးတက်ရမယ့်သူတွေ ခွင့်ယူစရာ မလိုတော့ဘူးနော် 😍

မိသားစု၊သူငယ်ချင်း သီးသန့် သွားရောက်လိုသူများအတွက်လည်း စီစဉ်ပေးနေပါတယ် 😍

အသေးစိတ်စုံစမ်းလိုပါက...
Shwe La Yaung Travel & Tour ရဲ့

☎ Official ph no - 09-444734441 သို့
ဆက်သွယ်မေးမြန်း ၍ ဖြစ်စေ လူကိုယ်တိုင်ရုံးသို့လာရောက်လက်မှတ်ဝယ်ယူခြင်းဖြင့်ဖြစ်စေ အားပေးနိုင်ပါတယ်​နော် 😍😍

ရန်ကုန်ရုံးလိပ်စာ
အမှတ်(၂၁)၊သာဓုလမ်း၊သာဓုအနောက်ရပ်ကွက်၊ကြည်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း ၀၉၉၅၉၉၀၇၆၇၁ ၊ ၀၉၄၀၀၉၇၉၇၈၉

မန္တလေးရုံးလိပ်စာ
55 C၊ ဝါးခင်းကုန်းဘုရားလမ်း၃၂Bနှင့်၃၂Cကြား၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။
ဖုန်း ၀၉ ၄၄၄၇၃၄၄၄၁၊၀၉ ၂၆၈၆၈၀၄၉၁

#သွားမယ်&တည်းမယ်



#အမတဂိုး
✅Credit to သွားမယ်&တည်းမယ် page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

အင်းလေးကဟူပင်ဟိုတယ်🌿☘️တောတောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေရေပြင်ပြာတကယ်လှတဲ့ Viewလေးတွေပါမြေပြန့်က ညီနောင်များခြေဆန့်လို့...
27/08/2023

အင်းလေးကဟူပင်ဟိုတယ်🌿

☘️တောတောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေရေပြင်ပြာတကယ်လှတဲ့ Viewလေးတွေပါ

မြေပြန့်က ညီနောင်များ
ခြေဆန့်လို့လာရင်ကွယ်
နောင်အင်းလေးကို
လာဖို့ဖိတ်ခေါ်တယ်...

Hupin Inle Khaung Daing Village Resort Hotel

#မြန်မာ့အလှမြန်မာ့ဘဝ

#အမတဂိုး
✅Credit to မြန်မာ့အလှ မြန်မာ့ဘဝ page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

Credits to original uploader

😍ပင်းတယမြို့သည် တောင်ကြီးမြို့ရဲ့ အနောက်မြောက်ဘက်တွင်တည်ရှိကာ ထင်ရှားကျော်ကြားလှတဲ့ ပင်းတယဂူကြောင့် ခရီးသွားဧည့်သည်များ ...
26/08/2023

😍ပင်းတယမြို့သည် တောင်ကြီးမြို့ရဲ့ အနောက်မြောက်ဘက်တွင်တည်ရှိကာ ထင်ရှားကျော်ကြားလှတဲ့ ပင်းတယဂူကြောင့် ခရီးသွားဧည့်သည်များ အမြဲလာရောက်လည်ပတ်လေ့ရှိပါတယ်။

🌼🌳အလွန်သာယာလှတဲ့သဘာဝရှုခင်းတွေနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့လူနေမှုဘဝ ရိုးရာယဉ်ကျေးမှု၊ဖော်ရွေပျူငှာမှုတို့ကိုကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။

ပင်းတယဂူထဲမှာဆိုရင် အရွယ်အစားအမျိုးအစားစုံလင်လှတဲ့ ဗုဒ္ဓဆင်းတုတော်များစွာကို ဖူးမျှော်ကြည်ညိုနိုင်မှာလည်းဖြစ်ပါတယ်။တစ်ချို့မှာ ရာစုနှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့ ရုပ်ပွားတော်များဖြစ်ကာ တချို့ကတော့ မကြာသေးမီကာလမှ ပူဇော်ထားရှိတဲ့ ရုပ်ပွားတော်များလည်းရှိကြောင်းသိရှိရပါတယ်နော်😊။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ပင်းတယဂူ #ပင်းတယ #ရှမ်းပြည်နယ်


#အမတဂိုး
✅Credit to Myanmar.Travel page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

ဘားအံက ‌အလှ    #အမတဂိုး ✅Credit to မြန်မာ့အလှ မြန်မာ့ဘ၀ page.Content with images copied from this page.✅DISCLAI...
25/08/2023

ဘားအံက ‌အလှ


#အမတဂိုး
✅Credit to မြန်မာ့အလှ မြန်မာ့ဘ၀ page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

ခေါင်မိုးချွန်ချွန် ဘန်ဂလိုလှလှလေးတွေနဲ့ မန္တလေးမြို့ကရွှေမိုးကြီး Resort❤️ မန္တလေးမြို့ ရေတံခွန်တောင်လမ်းပေါ်မှာ တည်ရှိ...
23/08/2023

ခေါင်မိုးချွန်ချွန် ဘန်ဂလိုလှလှလေးတွေနဲ့ မန္တလေးမြို့က
ရွှေမိုးကြီး Resort❤️

မန္တလေးမြို့ ရေတံခွန်တောင်လမ်းပေါ်မှာ တည်ရှိတဲ့ `ရွှေမိုးကြီး ကြက်ကြော်နှင့်စားဖွယ်စုံ´ရဲ့သဘာဝအလှတရားလေးပါ❤️

ရွှေမိုးကြီးResortက ဆိုင်ရှင်ကောဝန်ထမ်းတွေပါ အရမ်းဖော်ရွေပြီတော့တကယ်သဘောကောင်းတဲ့ဆိုင်လေးပါ❤️

⛔️စနေ တနင်္ဂနွေ ဥပုသ်နဲ့ အခါကြီးရက်ကြီးများမှာလာရောက်အပန်းဖြေသူများပြားတာကြောင့်Free Photo Service ဝန်ဆောင်မှု မပေးနိုင်တာနားလည်ခွင့်လွှတ်ပေးစေလိုပါတယ်☺️

💧ရေတံခွန်တောင်အနီးနားတစ်ဝိုက်မှာ ကြက်ကြော်ဆိုင်တော်တော်များများရှိတယ်

⛺အခုဆိုင်လေးကတော့ ဓာတ်ပုံရိုက်ချင်စရာနေရာလည်းများသလိုပုံရိုက်ဖို့အတွက်အလှဆင်​ပေးထားတာလည်းတကယ်လှတယ်

အေးဆေးစွာ အနားယူစားသောက်ရင်းပုံလှလှလေးတွေရိုက်ကြမယ်❤️

ကဲကဲ......ပုံလှလှလေးရိုက်ချင်တာပဲဖြစ်ဖြစ်စိတ်အပန်းဖြေချင်တာပဲဖြစ်ဖြစ်လတ်ဆတ်တဲ့အစားအသောက်မြည်းကြည့်ချင်တာပဲဖြစ်ဖြစ် `ရွှေမိုးကြီး Resort ´ကိုသတိရလိုက်ပါနော်❤️

ဆိုင်လိပ်စာလေး‌ကတော့ ရေတံခွန်တောင်ဂေါက်ကွင်းလမ်း ရေကြည်ရွာအနောက်ဘက် Yလမ်းဆုံအနီးပါ😍

❌ဝင်ကြေးမပေးရပါဘူးနော်

ဆိုင်ဖွင့်ချိန် မနက်(၉)နာရီ
ဆိုင်ပိတ်ချိန်ည (၆)နာရီ



⭕️လွတ်လပ်စွာ Shareယူနိုင်ပါတယ်❤️


#အမတဂိုး

✅Credit to A Plus Travel & Tours page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

Budget မှ Budget ဆိုသူများအတွက် ပုဂံမှာ အသက်သာဆုံးစျေးနှုန်း တစ်ဦးလျှင် ၅၀၀၀ ကျပ်ဖြင့် တည်းခိုနိုင်ပြီ 😱 Only Bed in Ba...
21/08/2023

Budget မှ Budget ဆိုသူများအတွက် ပုဂံမှာ အသက်သာဆုံးစျေးနှုန်း တစ်ဦးလျှင် ၅၀၀၀ ကျပ်ဖြင့် တည်းခိုနိုင်ပြီ 😱

Only Bed in Bagan

ပုဂံကို Solo ပဲဖြစ်ဖြစ် သူငယ်ချင်း​တွေစုပြီး​တော့ပဲ ဖြစ်ဖြစ် လာလည်မယ်ဆိုရင် အညာစတိုင် ဝါးကပ်အိမ်လေးမှ ဖိတ်​ခေါ်ပါရ​စေ​နော် 🤗

Only Bed in Bagan ဆို​ပေမယ့် အိပ်စရာ ​နေရာတင် မကပဲ အခြားဝန်​ဆောင်မှုများ အ​နေဖြင့်

✨24 hour wifi
✨ 12 hour မီး (ည ၇နာရီမှ မနက် ၇ နာရီထိ ပန်ကာ)
✨ 24 hour ချိုးရေ / သုံးရေ
✨ သွားတိုက်ဆေး ၊ သွားတိုက်တံ ၊
ခေါင်းလျှော်ရည်၊ ဆပ်ပြာ
✨ 24 hour လုံခြုံရေး နှင့် နွေးထွေးသော မိသားစုပုံစံဖြင့် တည်းခိုနိုင်မှာ ဖြစ်ပါတယ်နော် 😊

အ​သေးစိတ် သိချင်တယ် Booking တင်ချင်တယ်ဆိုရင်

☎ 09257039085
09961010416 တို့ကို Hello ​လေးသာ လုပ်လိုက်ပါ​နော် 🤗

Only Bed in Bagan
E.6 ပုန်းညက်လမ်း
ရွှေလောင်းရပ်ကွက်
ပုဂံမြို့သစ်။

#သွားမယ်&တည်းမယ်



#အမတဂိုး
✅Credit to သွားမယ်&တည်းမယ် page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

Maravijaya Buddha in Myanmar 🇲🇲Māravijaya Buddha (Smiling Buddha☺️) is a 81 feet (25 m) marble statue of the Buddha in D...
17/08/2023

Maravijaya Buddha in Myanmar 🇲🇲

Māravijaya Buddha (Smiling Buddha☺️) is a 81 feet (25 m) marble statue of the Buddha in Dekkhinathiri Township, Naypyidaw, the capital of Myanmar. The image, which features the bhumiphassa mudra, is the world's largest marble Buddha statue. The statue it self weighs 5,292 tons, built using marble quarried from Sagyin, near Mandalay. The image is located on a 91-hectare site, which also features stone inscriptions, stupas, religious buildings, and a Mucalinda pond.

Via: Kyaw Zin Phyoe



#အမတဂိုး
✅Credit to Discover ASEAN page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

လှအားပါပေ့ မွေ့မွေ့ပျော်ပျော် စကားရနံ့လေးပြန့်မွှေး 🎼🎼🎼ညှင်းလေသွေးသနော် နွေးနွေးရှိန်းရှိန်း မိန်းမိန်းမူးမူးကြည်နူးလှုပ...
15/08/2023

လှအားပါပေ့ မွေ့မွေ့ပျော်ပျော် စကားရနံ့လေးပြန့်မွှေး 🎼🎼🎼
ညှင်းလေသွေးသနော် နွေးနွေးရှိန်းရှိန်း မိန်းမိန်းမူးမူး
ကြည်နူးလှုပ်ရှား ပုပ္ပါးမြတ်တောင်တော် 🎼🎼🎼

ပုပ္ပါးတောင် - ၂,၄၁၇ ပေ
ပုပ္ပါးတောင်မကြီး - ၄,၉၈၁ ပေ

Photos credit
𝐏𝐇𝐎𝐓𝐎 - 𝐒𝐀𝐈 𝐒𝐖𝐀𝐍


#အမတဂိုး
✅Credit to Family Myanmar Travel & Tours page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

ကလောမြို့ကနောက်ထပ်လည်ပတ်စရာနေရာသစ်လေး🌲မြင်းမထိView Point 🏞️မြင်းမထိ View Point တည်ရှိရာ နေရာလေးကတော့ 👇မြင်းမထိ သဘာဝလှိုဏ...
12/08/2023

ကလောမြို့က
နောက်ထပ်လည်ပတ်စရာနေရာသစ်လေး🌲

မြင်းမထိView Point 🏞️

မြင်းမထိ View Point တည်ရှိရာ နေရာလေးကတော့ 👇
မြင်းမထိ သဘာဝလှိုဏ်ဂူ ဘုရားအကျော် ဆက်သွားရင် အချိန် (၂)မိနစ်လောက်ဆို ရောက်ပါပြီ


Credit to Owner


#အမတဂိုး

✅Credit to A Plus Travel & Tours page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

အင်းလေးရေပေါ်စျေး❣️အင်းလေးရဲ့ လူစည်ကားဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့(ရေပေါ်စျေး)တစ်ခါတုန်းကမနက်ခင်းအချိန် အင်းလေး ရေပေါ်စျေး...
07/08/2023

အင်းလေးရေပေါ်စျေး❣️

အင်းလေးရဲ့ လူစည်ကားဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့(ရေပေါ်စျေး)

တစ်ခါတုန်းကမနက်ခင်းအချိန် အင်းလေး ရေပေါ်စျေး


လေးစားစွာဖြင့်


#အမတဂိုး

✅Credit to A Plus Travel & Tours page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

မေရေ လိုက်လို့ပို့မယ် မောင်တို့ရဲ့အညာပုပ္ပါးတောင်ကြီး ညို့ညို့မှိုင်း ရှုတိုင်းလှတဲ့ ဒီအညာ☘️   ln lnfinity📸𝗧𝗜𝗡 𝗛𝗧𝗔𝗬 {𝗠𝗔𝗚...
06/08/2023

မေရေ လိုက်လို့ပို့မယ် မောင်တို့ရဲ့အညာ
ပုပ္ပါးတောင်ကြီး ညို့ညို့မှိုင်း ရှုတိုင်းလှတဲ့ ဒီအညာ☘️

ln lnfinity
📸𝗧𝗜𝗡 𝗛𝗧𝗔𝗬 {𝗠𝗔𝗚𝗪𝗔𝗬}


#အမတဂိုး
✅Credit to Beautiful In Infinity page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

ချစ်ခင်ရင်းနှီးရတဲ့သူတွေကို mention ခေါ်လိုက်ပါ။အပန်းဖြေအနားယူဖို့ပုံ‌ထဲကအတိုင်းကို ရှိနေတဲ့နေရာလေးပါဗျ 😍😍🌿 စိမ်းလန်းစို...
04/08/2023

ချစ်ခင်ရင်းနှီးရတဲ့သူတွေကို mention ခေါ်လိုက်ပါ။
အပန်းဖြေအနားယူဖို့
ပုံ‌ထဲကအတိုင်းကို ရှိနေတဲ့နေရာလေးပါဗျ 😍😍

🌿 စိမ်းလန်းစိုပြည်မှုတွေ ဝန်းရံနေတယ်
🛖 ‌ရိုးရာအနှစ်သာရအရ ဓနိလေးတွေဖုံးထားတဲ့ အဆောက်အဦးလေးတွေမှာ အပန်းဖြေရမယ်
❄️ အေးချမ်းတဲ့ ဒေသလေးမှာရှိတယ်
🏕️ အပင်၊ ရေ၊ လေနဲ့ ရှုခင်း သဘာဝစုံလင်တယ်

အစားအသောက်နဲ့ နောက်ထပ်စိတ်ဝင်စားစရာဘာတွေရှိမယ်ဆိုတာကိုတော့ ကိုယ်တိုင် Explore လုပ်ရင်း သွားရောက်ဖို့ အကြံပြုပါတယ်ဗျ 😁😁

🏠 16 Restaurant and BBQ
ကျောက်ချောကျေးရွာ
ပြင်ဦးလွင်အတက်လမ်းဘေး Tour Gate အကျော်



Photo-Credit


#အမတဂိုး
✅Credit to A Plus Travel & Tours page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

Shan Queen-Taunggyiရာသီစာ မှိုဟင်းရှမ်းလိုချက်ထားတာလေးရယ်မှိုထမင်းနယ်ရယ် ဖရုံရွက်ဟင်းရယ်မြေအိုးထမင်းပေါင်းတွေရယ်ကတော့ရော...
04/08/2023

Shan Queen-Taunggyi
ရာသီစာ မှိုဟင်းရှမ်းလိုချက်ထားတာလေးရယ်
မှိုထမင်းနယ်ရယ် ဖရုံရွက်ဟင်းရယ်
မြေအိုးထမင်းပေါင်းတွေရယ်ကတော့
ရောင်းနေရမြဲပါပဲ
မိသားစုလက်ဆုံစားဖို့လဲ
ဒေါင်းလန်းထမင်းဟင်းအစုံလေးကို
သွားရောက် အားပေးကြပါလို့ လက်တို့ပါရစေ။
Our Location:https://goo.gl/maps/GVNx7L89zcKpsXmP9

Credit to Shan Queen - Taunggyi

#အမတဂိုး

ပြင်ဦးလွင်ရောက်ရင်သွားလည်သင့်တဲ့နေရာလေး☘️ တိုင်းရင်းသားအငွေ့သက်လေးနဲ့ချစ်စရာနေရာလေး☘️Lisu Village☘️အစားအသောက်လေးတွေက မိ...
03/08/2023

ပြင်ဦးလွင်ရောက်ရင်
သွားလည်သင့်တဲ့နေရာလေး☘️

တိုင်းရင်းသားအငွေ့သက်လေးနဲ့ချစ်စရာနေရာလေး☘️

Lisu Village☘️

အစားအသောက်လေးတွေက မိုးကုတ်ပြန်ရောက်သွားသလိုပဲ.. ခံစားရစေမယ်😍

လီဆူရွာရောက်ခဲ့ရင် လီဆူကော်ဖီလေးတော့ သောက်ဖြစ်အောင်သောက်ခဲ့ပါ☕️

📌လမ်းညွန်👇🏻

ဒီဇင်ဘာခြံကိုကျော်ရမယ်ရှင့် ၂ မိနစ်လောက်မောင်းလာရင် ညာဘက်မှာ ထုံးဘိုရွာ ဆိုတဲ့ ဘုတ်တွေ့လိမ့်မယ် အဲ့ထဲ ဝင်ခဲ့ရမှာပါရှင့် မိုင်တိုင် ၄၉ ပါ☘️

Paoh Stars
📷-လီဆူရှာ


#အမတဂိုး

✅Credit to Package - ပက်ကေ့ခ်ျ page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

တောင်ကြီးမြို့ရဲ့ လူသိပ်မသိသေးတဲ့နေရာသစ်လေးတစ်နေရာ☘️တောင်ကြီးမြို့နဲ့ မနီးမဝေးလေးမှာဘဲတည်ရှိတဲ့ အလှတရားများနဲ့ သဘာ၀ စိုက...
03/08/2023

တောင်ကြီးမြို့ရဲ့ လူသိပ်မသိသေးတဲ့နေရာသစ်လေးတစ်နေရာ☘️

တောင်ကြီးမြို့နဲ့ မနီးမဝေးလေးမှာဘဲတည်ရှိတဲ့ အလှတရားများနဲ့ သဘာ၀ စိုက်ပျိုးမွေးမြူရေးခြံ နဲ့အတူ စားသောက်ဆိုင်လေး
Mya Market Farm

သဘာ၀အလှတရားလေးတွေနဲ့ ဖန်တီးထားတဲ့ ဒီဇိုင်းလေးတွေက သဘာ၀ဆန်ပြီး အနားယူအပန်းဖြေလို့လဲကောင်း ဓါတ်ဖမ်းလို့လဲကောင်းတဲ့အပြင် အစားသောက်လေးတွေကလဲ မိုက်နေပြန်ရော🥰

သာယာလှပပြီး ဘဘာ၀ဆန်ဆန်လေးလဲဖြစ်ပြီး ဖန်တီးထားတဲ့
ဒီဇိုင်လေးတွေကလဲလှနေပြန်တော့ ဓါတ်ဖမ်းချင်တဲ့ သူလေးတွေအတွက်တော့ ပိုမိုက်တာပေါ့

တောင်ကြီးမြို့လေးနဲ့ နီးနီးနား‌နားလေးဘဲသွားချင်တယ် အေးဆေးအနားယူချင်တယ် သဘာ၀လေး‌ေတွခံစားချင်တယ် စိတ်‌အပန်းဖြေချင်တယ်ဆိုရင်တော့ ခုဘဲအပြေးလေးလာခဲ့လိုက်တော့ဗျာ

🛖 - ကျောက်တလုံးလမ်း၊ ပန်သခွါးရပ်၊ တောင်ကြီးမြို့



📷-Mya Market Farm


#အမတဂိုး

✅Credit to A PlusTravel & Tour page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

နွားလပို့တောင်⛰️မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိနွားလပို့တောင်⛰️ နွားလပို့တောင်သည် ပေါင်မြို့နယ်ရှိ နတ်ကြီးချောင်နေရာ...
02/08/2023

နွားလပို့တောင်⛰️

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိနွားလပို့တောင်⛰️

နွားလပို့တောင်သည် ပေါင်မြို့နယ်ရှိ နတ်ကြီးချောင်နေရာကနေ စတင်တက်ရမှာဖြစ်ပါတယ် ကားနဲ့တက်လို့ရပါတယ်☘️ခြေကျင်နဲ့တက်နိုင်သူဆိုပိုကောင်းပါတယ် သဘာ၀နဲ့ထိမူအရသာကတကာ်မိုက်တယ် လမ်းကမကြမ်းပါဘူး ကားလမ်းအတိုင်းလိုက်သွားရုံပါပဲ လမ်းဘေးတ‌စ်လျှောက်နားလိုက်ပုံရိုက်လိုက် ရူးခင်းကလည်းတအားမိုက်တယ်🍀🌿

ln lnfinity
📷-Aung Htun(ဓာတ်ပုံ)


#အမတဂိုး

✅Credit to Beautifu In Infinity page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ထဲက ကျောက်ကလပ်ကမ်းခြေ🐚🐚ကျောက်ကလပ် တည်ရှိရာနေရာကဧရာဝတီတိုင်း ၊ငပုတောမြို့နယ်မော်တင်တင်စ...
01/08/2023

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ထဲက ကျောက်ကလပ်ကမ်းခြေ🐚

🐚ကျောက်ကလပ် တည်ရှိရာနေရာကဧရာဝတီတိုင်း ၊ငပုတောမြို့နယ်မော်တင်တင်စွန်းနဲ့မျက်နှာချင်းဆိုင်ထိပ်စွန်းခေါ်တဲ့ အရပ်ဒေသ တောင်ဘက်အစွန်းလေးမှာပါ☘️

🏚️သူ့အနီးဝန်းကျင်မှာ
ပြင်ခရိုင်၊ဒီးဒူးကုန်း၊ချောင်းဝ၊သက္ကယ်သောင်၊ဘုန်းတော်ပြည့်၊အုတ်တွင်းဆိုတဲ့ရွာကလေးများတည်ရှိပါတယ်☘️

🐚ဘင်္ဂလားပင်လယ် အစ
ဟိုင်းကြီးကျွန်းအနီး မြန်မာနိုင်ငံအတွင်းတည်ရှိသောသဘာဝအလှတရားများ☘️

ဘယ်​တွေ​လေ့လာလို့ရ​သေးလဲ ?

ကျောက်ကလပ်ဒေသမှာ ဒီဒူးချိုင်
ကမ်းခြေ၊ ဓားသွေးကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ထိပ်စွန်း ၊ကျောက်ကလပ်စေတီ၊ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊တံငါလုပ်ငန်းတို့ကို ဓာတ်ပုံရို-က်နိုင်ပါတယ်

ဘယ်လိုသွားမလဲ ?

ပုသိမ် မော်တင် ဟိုင်းကြီးကျွန်းမြို့ ကားလမ်းသွားပြီး ဟိုင်းကြီးကျွန်းမြို့မှ ပြင်ခရိုင်ချောင်းဝကို ကူးတို့ ၄၅မိနစ်စီး ၎င်းမှတစ်ဆင့် ဆိုင်ကယ်များ ကားများနှင့် ၃၀မိနစ်ခန့်စီးပြီး လည်ပါတ်ရပါမယ်

ဒုတိယနည်းက ပုသိမ်မှ ရှပ်ပြေးသင်္ဘောများစီး ပြင်ခရိုင်ချောင်းဝမှတစ်ဆင့် လည်ပါတ်လို့ရပါတယ်

တတိယ အကောင်းဆုံးလည်ပါတ်နည်းမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ကားနဲ့ ရန်ကုန်မှ လပွတ္တာမြို့သို့
၁၅၀မိုင်ခန့် လပွတ္တာမှ လပွတ္တလုပ်ရွာသို့ ၂၀မိနစ်ခန့်မောင်း ဇက်ဆိပ်သို့ရောက်ပြီး ၃၀မိနစ်ခန့် ဇက်စီးပြီး ရေပေါ့ကြီးဘက်ကမ်းသို့ကူးရပါ (ဇက်ကူးချိန်က နံနက်၆နာရီ နဲ့ ညနေ၅နာရီနှစ်ကြိမ်ပဲ ကူးပါတယ်ကျန်အချိန်များဇက်ကူးချင်ပါက အထူးအော်ဒါကြေးပေးပြီး ကူးလို့ရပါတယ်)ဇက်ကူးပြီးလျှင် တံတားကြီးသေး ၁၃ခုဖြတ်ပြီး ၅၅မိုင် မောင်းပြီးပါက ရေညှိစိမ်းတွေနဲ့ ကျောက်ကလပ်အလှကို တွေ့မြင်ရှုစားလည်ပါတ်နိုင်ပြီဖြစ်ပါတယ်

Paoh Stars

📷-kokwaikar(ဓာတ်ပုံ)
(လမ်းညွှန်)


#အမတဂိုး
✅Credit to Package- ပက်ကေ့ခ်ျ page.
Content with images copied from this page.
✅DISCLAIMER: We hereby declare that we do not own the rights to this content. All rights belong to the owner. No Copyright Infringement Intended.

Address

No. 36 Circular Road, Pyin Oo Lwin
Maymyo
11132

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959665152590

Website

Alerts

Be the first to know and let us send you an email when AmrtaGo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AmrtaGo:

Videos

Share


Other Tourist Information Centers in Maymyo

Show All