Royal Family Travel & Tours

Royal Family Travel & Tours Travel is the only thing you buy that makes your life richer. 💯🏞️🏖️🏝️

နဂါးနှစ်ဦး တရုတ်နှစ်ကူးမှာ စီးပွားလာဘ်လာဘများ တိုးပွားပြီး သက်ရှည်ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🙏...
09/02/2024

နဂါးနှစ်ဦး တရုတ်နှစ်ကူးမှာ စီးပွားလာဘ်လာဘများ တိုးပွားပြီး သက်ရှည်ကျန်းမာကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🙏🙏
Happy Chinese New Year…..⛩

ပျော်ရွှင်ဖွယ်ရာ ကရင်နှစ်သစ်ကူးလေးဖြစ်ပါစေ 😍
11/01/2024

ပျော်ရွှင်ဖွယ်ရာ ကရင်နှစ်သစ်ကူးလေးဖြစ်ပါစေ 😍

ချစ်စရာ ဓလေ့လေးတွေ 😍
10/01/2024

ချစ်စရာ ဓလေ့လေးတွေ 😍

မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု

မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊ မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း (၁၀) မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။

✳️ မုန့်တီ

မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစားအများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ်အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

မန္တလေးမုန့်တီစားမယ်ဆိုရင်
နန်းသေး = 0.1 - 0.2 cm
နန်းလတ် =0.4 - 0.5 cm
နန်းကြီး = 0.7 - 0.8 cm ဆိုပြီး အရွယ်အစား (၃)မျိုးရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့
ခိုတောင်နန်းလို့ခေါ်တဲ့ 0.3-0.4 cm ဆိုဒ်ကိုအများဆုံးအသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ်စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီအမျိုးအစားနဲ့ နန်းအမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။

✳️ မုန့်ဟင်းခါးသောက်မယ်

မန္တလေးမှာ မုန့်ဟင်းခါးသုံးဆောင်တာကို "မုန့်ဟင်းခါး စားတယ်"လို့ မသုံးနှုန်းဘဲ "မုန့်ဟင်းခါး သောက်တယ်"လို့ သုံးကြပါတယ်။ မန္တလေးရဲ့မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည်မပျစ်၊ ငါးအဖတ်မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ်နည်းနည်းနဲ့ ချက်ကြတာမို့ "သောက်တယ်"လို့ သုံးကြတာဖြစ်ပါတယ်။

✳️ မန္တလေးထမင်းပေါင်း

မန္တလေးမှာ ထမင်းပေါင်းတစ်ပွဲပေးပါလို့မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့နယ်ထားပြီး မြေပဲဆံဖြူးထားတဲ့၊ အသားကြော်၊ အသားကင်များများပါတဲ့ ထမင်းတပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက်ကြော်ထားတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မန္တလေးမှာ ထမင်းပေါင်းမှာစားရင် မန္တလေးထမင်းပေါင်းလား၊ ရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့လိုပါလိမ့်မယ်နော်။

✳️ တိုရ/ပဲပင်ပေါက်

မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက "တိုရထည့်မလား"လို့ ပြန်မေးတတ်ကြပါတယ်။ "တိုရ"ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုး(တမျိုး)ပါ။ မြီးရှည် ဆိုတဲ့ စကားလုံးကိုက တရုတ်လို: 米線(Mǐxiàn) "မီရှန့်"ကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် မြီးရှည်ထဲထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá)"တို့ရာ"ကနေ ဆင်းသက်လာပြီး မြန်မာလို "တိုရ" ဖြစ်သွားပါတယ်။

✳️ ခါကျက်ဥ

ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာတာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေအမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာဖြစ်ပါတယ်။
(Gaajar Root)= ခါကျက်ဥ
(Aloo)= အာလူး
(Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပါ

✳️ ဒူးမလိုင်

မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှမပါတဲ့ မလိုင်စစ်စစ်တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ဒူးရင်းသီးမပါတာလဲမေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကို အလွယ်တကူခေါ်တဲ့စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့လိုပါတယ်နော်။

✳️ Co Co /ခေါခေါ

မန္တလေးမြို့အနှံ့မှာတွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများကို မန္တလေးသူ မန္တလေးသားများက "ခေါခေါ"လို့သာ ခေါ်ကြပါတယ်။ တခြားမြို့ကလာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ခေါ်ရသလဲဆိုတာကလည်း သမိုင်းကြောင်းရှိပါတယ်။ Co Co ဟာ မူလက "ခေါခေါ"ဆိုတဲ့နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်ကို ခေါခေါ လို့သာ လူသိများခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့အတိုင်း ခေါခေါလို့သာ ဆက်လက်ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။

✳️ တပြ၊ နှစ်ပြ

နေရာတခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင် ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။ တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ "ပြ"ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်းလက်ထက်ကတည်းက မြနန်းစံကျော်ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအိုးတခုစီတိုင်းနဲ့တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့်မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂)ခုအတိအကျခွဲထားတာမို့ ပြအိုး တခုနဲ့တခုဟာ တာ(၅၀)ကွာဝေးပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀)ဝန်းကျင်ပါ။ ဒါကြောင့် ပြအိုးတခုခြားတိုင်း လမ်းတခုရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက်ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကိုအနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ်-ညာမသုံးဘဲ အရှေ့၊အနောက်၊တောင်၊မြောက်ကို ရည်ညွှန်းပြောတတ်ကြပါတယ်။

✳️ ဘူတာကြီး

မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို "ကြီး"ထည့်ပြီး ဘာလို့ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩဖြစ်တတ်ကြပါတယ်။ တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုးရှိခဲ့လို့ပါပဲ။ ပါတော်မူပြီးစက မန္တလေးမှာ အိန္ဒိယလူမျိုး Manetji "မနန့်ဂျီ"က ပြေးဆွဲတဲ့ ပုဂ္ဂလိကပိုင် ရထားငယ်တမျိုးရှိခဲ့ပါတယ်။ မနန့်ဂျီ ဓာတ်ရထားဟာ ပုံမှန်မြင်တွေ့နေကျ ရထားအရွယ်အစားထက်သေးသလို အသုံးပြုတဲ့သံလမ်းအမျိုးအစားကလည်းပိုသေးပါတယ်။ ဒါကြောင့် မနန့်ဂျီရထားကို မနှင်းဆီရထားလို့လည်းခေါ်ကြသလို မနှင်းဆီ ရထားဆိုက်ရာဘူတာကို ဘူတာလေးလို့ခေါ်ပါတယ်။ မနှင်းဆီရထားဟာ ဈေးချို-မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေအဓိက သယ်ဆောင်ပါတယ်။ ဘူတာလေးဟာ ယခု မန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ ၁၉၂၀ ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့မရှိတော့ပါဘူး။ လမ်း ၃၀ - ၇၈ လမ်းဆုံမှာတည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားကြီးများဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာနှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ ဘူတာလေးလို့ ခွဲခြားခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို "ဘူတာကြီး"လို့ပဲ ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

✳️ ကျွန်တော်

မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် "ကျွန်တော်/ကျနော်"ဆိုတဲ့နာမ်စား သုံးလေ့ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် "ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ"ဆိုပြီး ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီးခင်သန်းနု (ထား) က မန္တလေးဆန်တဲ့ "ကျွန်တော်"ဆိုတဲ့ နာမ်စားထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည်ဖြုတ်ချခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော၊ အမျိုးသမီးရော အသုံးပြုတဲ့နာမ်စားဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးစိုးစံခဲ့တဲ့မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကိုနှိမ့်ချသုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ်မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့စကားကို ဒီနေ့ထိ အမျိုးသားရောအမျိုးသမီးပါ ဆက်လက်သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။

စာလည်းရှည်သွားပြီဆိုတော့ အခုဆိုရင် မန္တလေးက တခြားမြို့နဲ့မတူတဲ့ အသုံးအနှုန်းတွေဟာ ဘယ်ကနေဘယ်လိုဆင်းသက်လာတယ်ဆိုတာ သိသွားကြလောက်ပြီထင်ပါတယ်။

Credit to (Mandalarian ယဉ်ယဉ်နှောင်း)

အိမ်ရှင်မ မှတ်စု

ဖွေးလည်တဲ့ နေရာလေး သွားကြမယ် 😍🎂
05/01/2024

ဖွေးလည်တဲ့ နေရာလေး သွားကြမယ် 😍🎂

08/12/2023
ဒါ ဘယ်နားလေးလဲ သိကြလားနော် ❤️😍
01/12/2023

ဒါ ဘယ်နားလေးလဲ သိကြလားနော် ❤️😍

🙏🙏🙏
27/11/2023

🙏🙏🙏

ကြိုက်တာမေးလို့ရပါတယ် မေးပြီးရင်တော့ မင်မင်နဲ့ ခရီးသွားရမယ် 🤪🤣🤪Photo-Credit
14/11/2023

ကြိုက်တာမေးလို့ရပါတယ် မေးပြီးရင်တော့ မင်မင်နဲ့ ခရီးသွားရမယ် 🤪🤣🤪

Photo-Credit

13/11/2023

🍀🇲🇲𝐏𝐀𝐒𝐒𝐏𝐎𝐑𝐓 ဝန်ဆောင်မှုများ ရပါပြီရှင့်☘️

🇲🇲PASSPORT အသစ်ပြုလုပ်ရန် လိုအပ်သူများ ကြွမြန်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော် ....
QR ဒီနေ့လုပ် ဒီနေ့ထွက်တဲ့ Date နဲ့ ရပါမယ်‌‌ရှင့် ☺️

😥Passportလုပ်ဖို့တွေးနေသလား❓
😫ဘယ်က စလုပ်ရမယ် မသိအခက်ဖြစ်နေသလား❓
😞ပင်ပန်းမှာကို စိတ်ညစ်နေသလား❓
😓Passportလုပ်ရန် အခက်ခဲတစုံတရာဖြစ်နေသလား❓

💥ရရှိနိုင်သော Passport ဝန်ဆောင်မှုများ။

👉ပတ်စပို့စ်စာအုပ် အသစ်လျှောက်ထားခြင်း။
👉ပတ်စပို့စ်စာအုပ် အပျောက်လျှောက်ထားခြင်း။
👉ပတ်စပို့စ်စာအုပ် သက်တမ်းတိုးခြင်း။
👉ပက်စပိုစ့်စာအုပ် PJ မှ PV လဲခြင်း

💁‍♀️အထက်ပါအချက်တို့ကို မြန်မြန် ဆန်ဆန် ရနိုင်ရန် အတွက် ဝန်ဆောင်မှု ပေးနေပါပြီ။

💁‍♀️PASSPORT ကိစ္စများအတွက် အခက်ခဲတစုံ တစ်ရာ ရှိနေလျှင်လဲ ဆွေးနွေးတိုင်ပင်ဖို့ ကြွမြန်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ☺️

�လူကြီးမင်းတို့၏အခက်အခဲများကို အစွမ်းကုန် တတ်နိုင်သမျှကူညီဖြေရှင်းပေးမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်

☎️09-448175502
☎️ viber -09-979218929



#သက်တမ်းတိုးဝန်ဆောင်မှု

🇲🇲 Mandalay- Bangkok- Pattaya  🇹🇭(5N-6D)📣📣📣 Dec(21) ထွက် Dec (26) ပြန်ရောက် ခရီးစဉ်🧳တစ်ဦး (445 ) USD + Flight Ticket📣📣📣 ...
12/11/2023

🇲🇲 Mandalay- Bangkok- Pattaya 🇹🇭(5N-6D)

📣📣📣 Dec(21) ထွက် Dec (26) ပြန်ရောက်

ခရီးစဉ်🧳တစ်ဦး (445 ) USD + Flight Ticket

📣📣📣 Dec(28) ထွက် Jan(2) ပြန်ရောက်

ခရီးစဉ်🧳တစ်ဦး (490) USD + Flight Ticket
(ခရီးစဉ်စာရင်းပေးသွင်းသည့်အခါ လေယာဉ်လက်မှတ်ပါ တစ်ပါတည်းစီစဉ်ပေးပါသည်)

Day (1) Bangkok
✈️✈️- DM Airport
🍫🍩 - Chocolate Ville

Day (2) Bangkok
🎡🎢- Dream World & Snow Town
👜👗- Platinum Fashion Mall
🌃🎪- Jodd Fairs Night Mark

Day (3) Pattaya
🎄🎋-Nong Nooch Garden
🙏🙏- Laser Budda ( Khao Chi Chan)
🏖🏖- Pattaya View Point
🙏🙏- Big Buddha
🏖️🏖️- Pattaya Beach
🚶🚶- Walking St

Day (4) Pattaya
🏖️🏖️- PaPa Beach
🗽🏬- Terminal 21
🛸🛸- Art in Paradise
🍦🍨- Great & Grand Sweet Destination
🐏🐏- Pattaya Sheep Farm
💃💃- Alcazar Show

Day (5) Pattaya to Bangkok
🙏🙏- Wah Pho
🙏🙏- Wat Arun
🕍🕍- Grand Palace & Emerald Buddha
🎄🏛️- Iconsiam
⚓⚓- Asiatique The Riverfront
🛳️🚢- White Orchid Dinner Cruise

Day (6) Bangkok to Mandalay
✈️✈️- Mandalay Airport

🎄🎄🎄 လူဦးရေ (8) ယောက်ပြည့်တာနှင့် စတင် ထွက်ရှိပါမည်။

📣 ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ📣

🥪🍳 - Breakfast ( 5 time)
🍱🍱 - Lunch 🍽️ ( 2 time )
🚢🛳️- Dec 25 ( Christmas Dinner) , New Year Dinner Cruise ညစာ သုံးဆောင်ခွင့်
🛌 3Star Hotel (5)ညတည်းခိုခွင့် (နှစ်ယောက်တခန်း)
🌟🌟🌟 ဝင်ကြေးများ
🌟🌟🌟 Tour Leader
🚌 ခရီးစဉ်အစအဆုံး Aircon Car
📱📱 Tourist SIM Card

( Dec 2 )နောက်ဆုံးထားစာရင်းပေးသွင်းပေးပါရန်*
( Dec 2)နောက်ပိုင်းစာရင်းသွင်းလျင်စျေးအနည်းငယ်ပြောင်းလဲနိုင်ပါသည်။

Passportရှိရမည်ဖြစ်ပြီး အနည်းဆုံးသက်တမ်း(6)လ ကျန်ရှိရပါမည်။

ငွေပေးချေမှုအနေနဲ့လည်း USD, KPay, AyaPay , Mobile Banking တွေနဲ့ ပေးချေလို့ရပြီး တနင်္လာနေ့မှ စနေနေ့အထိ ကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ပါတယ်။ 💸💳💰💵

Ps. မိတ္ထီလာမှ Customer များအတွက် လေယာဉ်ကွင်း အသွား/အပြန် စီစဉ်ပေးပါမည်။

(**ကုမ္ပဏီ/အသင်းအဖွဲများ သီးသန့်ခရီးစဉ်များစီစဉ်ပေးပါသည်**)

☎ဆက်သွယ်ရန်☎
09-448175502 , 09-979218929
🏡အောင်ဆန်းနယ်မြေ၊ မြို့သစ်(2) ၊ စိန်ပန်းလမ်း ၊ မိတ္ထီလာမြို့။

27/09/2023

Admin 🔜🔜🔜 ခရီးသွားနေပါတယ် 😍

😍😍😍
21/09/2023

😍😍😍

မိတ္ထီလာ ကားအငှား၀န်ဆောင်မှု ရှိရင် Join ပေးပါအုံးရှင် 🤗 ရည်ရှည်လက်တွဲ လုပ်မယ့်သူဆို ပိုအဆင်ပြေပါတယ်နော် ✌️Join Our Team...
11/09/2023

မိတ္ထီလာ ကားအငှား၀န်ဆောင်မှု ရှိရင်
Join ပေးပါအုံးရှင် 🤗 ရည်ရှည်လက်တွဲ လုပ်မယ့်သူဆို ပိုအဆင်ပြေပါတယ်နော် ✌️
Join Our Team 😀😀😀

☎ဆက်သွယ်ရန်☎
09-448175502 , 09-979218929

10/09/2023

2 လဘဲ အချိန်ရတာနော် ဒီလိုပန်းခင်းကြီထဲ သွားလည်ဖို့ဆိုတာ ❤️❤️❤️ Let's Go

09/09/2023

ပြင်ဦးလွင် - မိုးကုတ် ခရီးစဉ် 😍❣️😘

😍😍😍😍 Coming Soon 🔜🔜🔜
09/09/2023

😍😍😍😍 Coming Soon 🔜🔜🔜

08/09/2023

နောက်လမှာ ထွက်မည့် ခရီးစဉ် တစ်ခုကို အမြည်းကျွေးထားပါ‌တယ်နော် 😍😍😍
ကလော-အင်းလေး-ပင်းတယ-ရွာငံ ( ၂ ညအိပ် ၃ရက်)
မိတ္ထီလာကနေ စထွက်ပါမယ်ရှင် ❣️ အသေးစိတ်ကို မကြာမှီ ကြော်ငြာပေးပါမယ်နော် 😍



Admin ခရီးစဉ် Plan တွေ ချပြပါတော့မယ်နော် 😍😍😍
09/08/2023

Admin ခရီးစဉ် Plan တွေ ချပြပါတော့မယ်နော် 😍😍😍

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ************************************ဆန့်ကျင်ဘက်မြို့များ•••••••••••••••••••၁။ ကျေ...
22/07/2023

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ
************************************

ဆန့်ကျင်ဘက်မြို့များ
•••••••••••••••••••
၁။ ကျောက်ဖြူ X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၄။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော

အက္ခရာပူးမြို့များ
===========
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့

နာမည်တစ်လုံးရှိမြို့များ
==============
၁။ ချောက် ၂။ ဂွ ၃။ ဆော ၄။ ဆွာ ၅။ ပေါက် ၆။ ပေါင် ၇။ ပြည် ၈။ ဖြူး ၉။ မြိတ် ၁၀။ မြိုင် ၁၁။ မြောင် ၁၂။ ရေး ၁၃။ လှိုင် ၁၄။ ဝေါ ၁၅။ အမ်း

ဂဏန်းသင်္ချာ ပါတဲ့မြို့များ
================
၁။ ထန်းတစ်ပင် ၂။ ဘုရားသုံးဆူ ၃။ သုံးခွ ၄။ ညောင်လေးပင် ၅။ လေးမျက်နှာ ၅။ ငါးသိုင်းချောင်း ၆။ ကိုကိုးကျွန်း ၇။ မူဆယ် ၈။ သုံးဆယ် ၉။ အထောင် ၁၀။ ဗိုလ်တထောင် ၁၁။ ကော့သောင်း

ဖားမြို့များ
======
၁။ ဖားကန့် ၂။ ဖားဆောင်း

စစ်မြို့များ
======
၁။ စစ်ကိုင်း ၂။ စစ်တွေ ၃။ စစ်တောင်း

ဆင်မြို့များ
=======
၁။ ဆင်ဘို ၂။ ဆင်ပေါင်ဝဲ ၃။ ဆင်ဖြူကျွန်း

မြင်းမြို့များ
=======
၁။ မြင်းခြံ ၂။ မြင်းမူ ၃။ မြင်းလွှတ်

ဆိပ်မြို့များ
=======
၁။ ဆိပ်ကမ်း ၂။ ဆိပ်ကြီးခနောင်တို ၃။ ဆိပ်ဖြူ

ခန္ဓာကိုယ်အစိပ်အပိုင်းပါတဲ့မြို့
===================
၁။ ပေါက်ခေါင်း ၂။ ပျဉ်းမနား ၃။ ဝက်လက် ၄။ ဝမ်းတွင်း ၅။ ဟားခါး ၆။ ပေါင် ၇။ ကျော (ဂန့်ဂေါခရိုင်) ၈။ မြေဒူး ၉။ မအူပင် ၁၀။ ဆင်ပေါင်ဝဲ ၁၁။ ပေါင်းတလည်

တပ်မြို့များ
=======
၁။ ဗထူးတပ် (ရှမ်း) ၂။ ရဲမွန်တပ် (ရန်ကုန်) ၃။ ဘုရင့်နောင်တပ် (ကရင်)
၄။ တပ်ကုန်း

အကျဉ်းအကြပ်ဆုံးမြို့
=============
၁။ ဝမ်းတွင်း

ရွာအမည်ရှိမြို့များ
============
၁။ ရွာငံ ၂။ မုံရွာ ၃။ ရွာသစ် (မိုးညင်း
ခရိုင်) ၄။ ရှမ်းရွာသစ် (ကရင်)

တောအမည်ရှိ မြို့များ
==============
၁။ ရှားတော ၂။ အင်တော ၃။ ငပုတော ၅။ ပေါက်တော ၆။ မောင်တော

ရေးအမှန် ဖတ်အသံမြို့များ
=================
၁။ ကျောက်ပန်းတောင်း ၂။ ငါန်းဇွန် ၃။ တန့်ဆည် ၄။ တံတား ၅။ တံတားဦး ၆။ ထားဝယ် ၇။ နွားထိုးကြီး ၈။ ပုဂံ ၉။ ပုဇွန်တောင် ၁၀။ ပုလဲ ၁၁။ ပုသိမ် ၁၂။ ပုလော ၁၃။ ပဲခူး ၁၄။ ပြည် ၁၅။ ဗန်းမောက် ၁၆။ ဗန်းမော် ၁၇။ ဘားအံ ၁၈။ မြိတ် ၁၈။ သံလျင်

ပါဠိမြို့
====
၁။ ကရသူရိ ၂။ ကေတုမတီ ၃။ ကောလိယမြို့ဟောင်း ၄။ စေတုတ္တရာ ၅။ ဇေယျဝတီ ၆။ တောင်ဥက္ကလာ ၇။ ဒက္ခိဏသီရိ ၈။ ပုဗ္ဗသီရိ ၉။ မတ္တရာ ၁၀။ မိတ္ထိလာ ၁၁။ မေတ္တာ ၁၂။ မေရဉ္စရာမြို့ဟောင်း ၁၃။ မြောက်ဥက္ကလာ ၁၄။ လပွတ္တာ ၁၅။ ဝေသာလီ ၁၆။ သက္ကလ ၁၇။ သာကေတ ၁၈။ သာဝတ္ထိ ၁၉။ သုဝဏ္ဏဝတီ ၂၀။ ဟင်္သာတ ၂၁။ ဟံသာဝတီ ၂၂။ အင်္ဂပူ ၂၃။ အမရပူရ ၂၄။ ဥတ္တရသီရိ

လောကနဲ့ ပြောင်းပြန်ဖြစ်တဲ့မြို့ (ကလော)

လူကြီးမဟုတ်တဲ့မြို့ (ကလေး)

ငယ်တုံးက မပိန်တဲ့မြို့ (ကလေးဝ)

မပူပင်ရတဲ့မြို့ (ကံမ)

ပူရှိန်းပူရှိန်းမြို့ (ငရုပ်ကောင်း)

ထွက်ပေါက်မရှိသောမြို့ (အလုံ)

ကြောက်စရာ ကောင်းသောမြို့ (ဘီလူး)

မင်းမရှိတဲ့မြို့ (မင်းကင်း၊)

အချမ်းသာဆုံးမြို့ (ရွှေတောင်)

မျက်နှာများတဲ့မြို့ (လေးမျက်နှာ)

ကြည့်ပေါင်းရသောမြို့ (သာပေါင်း)

မသေသောမြို့ (အမရပူရ)

ဒဏ်ရာရှိတဲ့မြို့ (အရာတော်)

အိမ်တွေ တရောင်တည်း ရှိတဲ့မြို့ (အိမ်မဲ)

ခေတ်စကားအရ သွက်လက်သောမြို့ (ဖလမ်း)

ဗိုလ်များတဲ့မြို့ (ဗိုလ်တထောင်)

လက်ရွံစရာကောင်းတဲ့မြို့ (လောက်ကိုင်)

အခိုင်မာဆုံးမြို့ (သံတောင်၊ သံတောင်ကြီး)

မိန်းမမြို့ (မေမြို့)

ယောက်ျား ဘသားမြို့ (တောင်ကြီး၊ ပြွန်တန်ဆာ)

မစိုပြေတဲ့မြို့ (ချောက်၊ မိုးနဲ)

ရွာမလို လာမလိုလိုမြို့ (မိုးညို)

လှသလားလို့ မေးစရာမလိုတဲ့မြို့ (မြို့လှ)

တမြို့လုံး ချိုတဲ့မြို့ (ကြံခင်း)

လုံခြုံသောမြို့ (ကျောက်တံခါး)

ဘုန်းဘုန်းတွေဆွမ်းမဝတဲ့မြို့ (သပိတ်ကျဉ်း)

တရုတ်ကြီး သူ့မိန်းမရဲ့ ညီမကိုခေါ်တဲ့မြို့ (ဝါးခယ်မ)

နှာခေါင်းပိတ်ရမည့်မြို့ (ပေါက်တော)

ဆီပေါတဲ့မြို့ (ဆီဆိုင်)

ရန်မရှိတဲ့မြို့ (ရန်ကုန် ၊ ရန်ကင်း)

အလုပ်ကြမ်းမြို့ (ကျောက်ထု)

ဖြောင့်မတ်သောမြို့ (မကွေး)

အရင်ဆုံးပေါ်တဲ့မြို့ (မြို့ဟောင်း)

နောက်ဆုံးပေါ်တဲ့မြို့ (မြို့သစ်)

အသားမဲတဲ့ ဓနုမရှိတဲ့မြို့ (ဓနုဖြူ)

နာမည်ပြောင်းပြန်ဖြစ်တဲ့ မြို့
၁။ ညောင်ရွှေ >< ရွှေညောင်

နာမည်တူမြို့
* မင်းလှ (မကွေးတိုင်း သရက်ခရိုင်၊ အထက်မင်းလှ)
* မင်းလှ(ပဲခူးတိုင်း သာယာဝတီခရိုင်၊ အောက်မင်းလှ)

* ထန်းတပင် (ရန်ကုန်တိုင်း)
* ထန်းတပင် (အင်းစိန်ခရိုင် လှိုင်မြစ်အရှေ့)
* ထန်းတပင် (ပဲခူးတိုင်း တောင်ငူခရိုင်)

ကာမြို့များ
၁။ ကာလိ ၂။ ကာမိုင်း ၃။ မိုင်းကာ

ကျိုက်အမည်ရှိမြို့များ
၁။ ကျိုက္ခမီ ၂။ ကျိုက်ဒုံ ၃။ ကျိုက်ထို ၄။ ကျိုက်မရော ၅။ ကျိုက်လတ် ၆။ ဇင်းကျိုက်

ကျိုင်းမြို့များ
၁။ ကျုင်းတုံ ၂။ ကျိုင်းတောင်း ၃။ ကျိုင်းလပ်

ကျောက်အမည်ရှိမြို့များ
၁။ ကျောက်ကြီး ၂။ ကျောက်စရစ်မြို့ဟောင်း ၃။ ကျောက်ဆည် ၄။ ကျောက်တလုံး ၅။ ကျောက်တန်း ၆။ ကျောက်တော် ၇။ ကျောက်တံတား ၈။ ကျောက်တံခါး ၉။ ကျောက်ထု ၁၀။ ကျောက်ပန်းတောင်း ၁၁။ ကျောက်ဖြူ ၁၂။ ကျောက်မဲ ၁၃။ ကျောက်မြောင်း

တောင်အမည်ရှိမြို့များ
၁။ တောင်ကုတ် ၂။ တောင်ကြီး ၃။ တောင်ငူ ၄။ တောင်တွင်းကြီး ၅။တောင်ပြိုလက်ဝဲ ၆။ တောင်သာ ၇။ တောင်ဥက္ကလာပ ၈။ ရွှေတောင် ၉။ သံတောင် ၁၀။ သံတောင်ကြီး ၁၁။ ဗူးသီးတောင် ၁၂။ ရသေ့တောင်

စမြို့များ
၁။ စကု ၂။ စလင်း

စဉ့်မြို့များ
၁။ စဉ့်ကူး ၂။ စဉ့်ကိုင်

တာမြို့များ
၁။ တာချီလိတ် ၂။တာမိုးညဲ ၃။ တာလေ ၄။ တုံတာ ၅။ ပူတာအို ၆။ လပွတ္တာ

တန့်မြို့
၁။ တန့်ယန်း ၂။ တန့်ဆည်

နမ့်မြို့များ
၁။ နမ့်ခမ်း ၂။ နမ့်စန် ၃။ နမ့်ဆန် ၄။ နမ့်တစ်

နောင်မြို့များ
၁။။ နောင်ခစ် ၂။ နောင်ချို ၃။ နောင်တရား ၄။ မိုင်းနောင် ၅။ နောင်မွန်း

ပင်မြို့များ
၁။ ပင်လောင်း ၂။ ပင်လုံ ၃။ ပင်လယ်ဘူး ၄။ ဟိုပင် ၅။ ယင်းမာပင် ၆။ညောင်လေးပင် ၇။ ထန်းတပင် ၈။ ဥသျစ်ပင် ၉။ အောင်ပင်လယ် ၁၀။ သနပ်ပင်

ပေါင်းမြို့များ
၁။ ပေါင်းတလည် ၂။ ပေါင်းတည် ၃။ သာပေါင်း

ပန်မြို့
၁။ ပန်ဝါ ၂။ ပန်နန်းဒင် ၃။ ပန်ခမ့် ၄။ ပန်ယန်း ၅။ ပန်လုံ ၆။ ပန်ဝိုင် ၇။ မိုင်းပန် ၈။ ပန်ဆန်း

ပန်းမြို့
၁။ ပန်းတနော် ၂။ အောင်ပန်း ၃။ ကျောက်ပန်းတောင်း ၄။ ပန်းပဲတန်း

မိုးအမည်ရှိသောမြို့များ
၁။ မိုးကုတ် ၂။ မိုးကောင်း ၃။ မိုးညို ၄။ မိုးညှင်း ၅။ မိုးနဲ ၆။ မိုးဗြဲ ၇။ မိုးမောက် ၈။ မိုးမိတ်

မော်မြို့
၁။ မော်လမြိုင် ၂။ မော်လမြိုင်ကျွန်း ၃။ ဗန်းမော် ၄။ ဝိုင်းမော် ၅။ မော်ထိုက် ၆။။ မော်လိုက်

မောက်မြို့များ
၁။ မောက်မယ် ၂။ မိုးမောက် ၃။ ဗန်းမောက် ၄။ နတ်မောက်

မင်းမြို့များ
၁။ မင်းကင်း ၂။ မင်းကွန်း ၃။ မင်းတပ် ၄။ မင်းတုန်း ၅။ မင်းပြား ၆။ မင်းဘူး ၇။ မင်းရဲလှမြို့ဟောင်း ၈။ မင်းလှ

မိုင်းအမည်ရှိမြို့များ
၁။ မိုင်းကာ ၂။ မိုင်းကိုင် ၃။ မိုင်းခတ် ၄။ မိုင်းခုတ် ၅။ မိုင်းငေါ့ ၆။ မိုင်းစံ ၇။ မိုင်းဆတ် ၈။ မိုင်တုံ ၉။ မိုင်းနောင် ၁၀။ မိုင်းပန် ၁၁။ မိုင်းပွန် ၁၆။ မိုင်းပေါက် ၁၇။ မိုင်းပျဉ်း ၁၈။ မိုင်းဖျန် ၁၉။ မိုင်းဖြတ် ၂၀။ မိုင်းမော ၂၁။ မိုင်းယန်း ၂၂။ မိုင်းယု ၂၃။ မိုင်းယောင်း ၂၄။ မိုင်းရယ် ၂၅။ မိုင်းရှူ း ၂၆။ မိုင်းလား ၂၆။ မိုင်းလုံ ၂၇။ ကာမိုင်း ၂၈။ လမိုင်း

မြိုင်မြို့များ
၁။ မြိုင် ၂။ မော်လမြိုင် ၃။ မော်လမြိုင်ကျွန်း ၄။ မြိုင်ကြီးငူ ၅။ ဝေါလေမြိုင်

ရေမြို့များ
၁။ ရေကြည် ၂။ ရေစကြို ၃။ ရေဇွာ ၄။ ရေတာရှည် ၅။ ရေနံချောင်း ၆။ ရေဖြူ ၇။ ရေဦး

ရန်မြို့များ
၁။ ရန်ကင်း ၂။ ရန်ကုန်

ရွှေအမည်ရှိမြို့များ
၁။ ရွှေကူ ၂။ ရွှေကျင် ၃။ ရွှေညောင် ၄။ ရွှေပေါ်ကွန်း ၅။ ရွှေပြည်သာ ၆။ ရွှေဘို ၇။ ရွှေသောင်ယံ ၈။ ညောင်ရွှေ ၉။ ချင်းရွှေဟော်

လားမြို့များ
၁။ လားရှိူး ၂။ မိုင်းလား

လင်မြို့များ
၁။ လွိုင်လင် ၂။ လင်ဟော် ၃။ ဘုတလင်

လွိုင်မြို့များ
၁။ လွိုင်ကော် ၂။ လွိုင်လင်

ဟိုမြို့များ
၁။ ဟိုတောင်း ၂။ ဟိုပင် ၃။ ဟိုပန် ၄။ ဟိုပုံး ၅။ ဟိုမိန်း

ဦးတို့ရဲ့မြို့များ
၁။ ခင်ဦး ၂။ ချောင်းဦး ၃။ ညောင်ဦး ၄။ တံတားဦး ၅။ ဒိုက်ဦး ၆။ ပြင်ဦးလွင် ၇။ မြောက်ဦး ၈။ ရေဦး

အောင်မြို့များ
၁။ အောင်ပန်း ၂။ အောင်လံ ၃။ မြန်အောင် ၄။ မာန်အောင်

အကောင်နာမည်ပါသောမြို့များ
၁။ ဆင်ဘို ၂။ ဖားကန့် ၃။ ဖားဆောင်း ၄။ လိပ်သို ၅။ ဆင်ပေါင်ဝဲ ၆။ ဆင်ဖြူကျွန်း ၇။ ဆိပ်ဖြူ ၈။ ငါန်းဇွန် ၉။ မြင်းခြံ ၁၀။ မြင်းလွတ် ၁၁။ ပုဇွန်တောင် ၁၂။ မိုင်းလား ၁၃။ လောက်ကိုင် ၁၄။ ငသိုင်းချောင်း ၁၅။ ဟင်္သာတ ၁၆။ ကျိုင်းတုံ ၁၇။ ကျိုင်းတောင်း ၁၈။ ကျိုင်းလပ် ၁၉။ နွားထိုးကြီး ၂၀။ ဝက်လက်

ခရီးထွက်ပါ ... ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ။ပါး...
21/07/2023

ခရီးထွက်ပါ ... ငယ်ရွယ်နုပျိုမှုဆိုတာက
ထွက်သွားပြီးရင်
ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။

ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ။

ပါးရည်,နားရည်တွေပါးတုန်းမှာ ဓာတ်ပုံရိုက်ပါ။

အမှတ်တရကောင်းတွေကို ဖန်တီးပါ။

တရိုတသေ သိမ်းဆည်းပါ။

နောင်ဆယ်စုနှစ် သုံး,လေး,ငါးခုကို
ကျော်လွန်ပြီးတဲ့အခါ
သည်နေရာဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

သည်အရွယ်ဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

ရှေးဟောင်းနှောင်းဖြစ်ဆိုတာ မှတ်ဥာဏ်ထဲက,နေပဲ
တစ်စချင်းဆွဲထုတ်ပြလို့ရတဲ့အရာ
ဓာတ်ပုံထဲမှာပဲ တစ်ခုချင်းပြန်ရှာလို့ရတဲ့အရာ ...။

နှစ်စဉ်နှစ်ဆက် ခရီးထွက်ပါ။

အထင်ကရရှိတဲ့ အလှအပတွေနဲ့အတူ
ဓာတ်ပုံရိုက်ပါ။

ကိုယ်အိုမင်းလို့ ဘယ်ကိုမှမသွားနိုင်တော့တဲ့အခါ
ဘယ်သူကမှ ခေါ်မသွားချင်တော့တဲ့အခါ
စိတ်ရဲ့ဖြေရာဆိုတာ ကိုယ်ရဖူးတဲ့အမှတ်တရတွေကိုပဲ
ရေနှူးပြီး သောက်ရတာမျိုးပါ ...။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးမြတ်စွာ ဦးညွတ်လျက် ......ယနေ့ ဇူလိုင်လ(၁၉)ရ...
19/07/2023

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား
လေးမြတ်စွာ ဦးညွတ်လျက် ......
ယနေ့ ဇူလိုင်လ(၁၉)ရက်မှာ ကျရောက်သော ၇၆ နှစ်မြောက် အာဇာနည်နေ့အား
လေးစားစွာ ဂါရဝပြုအပ်ပါတယ်ရှင် 🙏🙏🙏

#အာဇာနည်နေ့

တစ်နေ့ ရောက်အောင် သွားမယ် ဘော်ဒါတို့ ✌️
12/07/2023

တစ်နေ့ ရောက်အောင် သွားမယ် ဘော်ဒါတို့ ✌️

Address

Sein Pan Street
Meiktila
05181

Telephone

+959448175502

Website

Alerts

Be the first to know and let us send you an email when Royal Family Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Family Travel & Tours:

Videos

Share

Category


Other Travel Companies in Meiktila

Show All