Nay La Kyal - နေလကြယ်

Nay La Kyal - နေလကြယ် နေလကြယ် အ ဝေးပြေးကားလက်မှတ် နှင့် လေ

31/03/2024

MandalarMin Express

ဖြတ်ချင်ရင် ရပြီနော်♥️♥️

 #ရန်ကုန် မန္တလေးအမြန်လမ်းအသုံးပြုသူများ အောက်တိုဘာ(၃၁)ရက်နေ့မှစပြီး  #အမြန်လမ်းကို(၂၄)နာရီအချိန်ပြည့်သွားလို့ရပြီဟုသိရ....
31/10/2023

#ရန်ကုန် မန္တလေးအမြန်လမ်း

အသုံးပြုသူများ
အောက်တိုဘာ(၃၁)ရက်နေ့မှစပြီး #အမြန်လမ်းကို(၂၄)နာရီ
အချိန်ပြည့်သွားလို့ရပြီဟုသိရ..

Photo-MK

ရန်ကုန်  မုံရွာ Vipကားရန်ကုန်  မြင်းခြံ ညနေကားများ ထပ်တိုးပြေးဆွဲတော့မည့်သတင်းကောင်း... 🎉🎉 ✅ ရန်ကုန်  မုံရွာ  ရန်ကုန်🕗 6...
28/04/2023

ရန်ကုန် မုံရွာ Vipကား
ရန်ကုန် မြင်းခြံ ညနေကားများ ထပ်တိုးပြေးဆွဲတော့မည့်သတင်းကောင်း... 🎉🎉

✅ ရန်ကုန် မုံရွာ ရန်ကုန်
🕗 6:00 PM (ရန်ကုန်ဘက်မှ ထွက်ချိန်)
🕞 3:30 PM (မုံရွာဘက်မှ ထွက်ချိန်)

❤️ VIP - 30,000 ကျပ်
1.5.2023 ရန်ကုန် မှ စထွက်ပါမည်။

✅ ရန်ကုန် မြင်းခြံ ရန်ကုန်
🕗 5:00 PM
❤️ Normal - 22,000 ကျပ်
28.4.2023 ရန်ကုန် မှ စထွက်ပါမည်။

#နေလကြယ်ခရီးသွားလက်မှတ်အရောင်းဌာန

#မုံရွာမြို့။
☎️09788599588/09265521622/09797879522/09978976445/09760160260




ရန်-မုံ 6/4/2023 ဖြတ်လို့ရနေပါပြီ။ကြိုတင် ဖြတ်ထားချင်တယ် ဆိုရင်တော့☎️09797879522/09265521622/09788599588/09788598588/099...
12/03/2023

ရန်-မုံ 6/4/2023 ဖြတ်လို့ရနေပါပြီ။

ကြိုတင် ဖြတ်ထားချင်တယ် ဆိုရင်တော့

☎️09797879522/09265521622/09788599588/09788598588/09978976445/09760160260/09790228953/09251070719/09954051657

 #လွမ်းစရာ🍂နွေဦး အညာရာသီစာ 🌿 #သမုန်းဖူးအညာနေပူပူအောက်မှာ  အေးမြသော သမုန်းပင်ကြီးအရိပ်ကို ခိုပီး တရေးတမော မှေးစက် လိုက်ရခ...
10/03/2023

#လွမ်းစရာ

🍂နွေဦး အညာရာသီစာ 🌿

#သမုန်းဖူး

အညာနေပူပူအောက်မှာ အေးမြသော သမုန်းပင်ကြီးအရိပ်ကို ခိုပီး တရေးတမော မှေးစက် လိုက်ရချင်ပါဘိနှယ် 😴

သင်္ကြန်နားနီးလို့ စားရတဲ့ သမုန်းဖူးသုပ်က အညာမြေရဲ့ ထင်ရှားလှသော အစားအစာတခုပါ။ အရသာက ခါးသက်သက် ပေါ့....
☀️အညာနွေပူပူကို အံတုနိုင်စွမ်းရှိတဲ့အပင်ကြီးမျိုး ...

ဆေးသမုန်းပင်ဟာ တပို့တွဲ တပေါင်းလလောက်မှာ အရွက်နုတွေ ပြန်ထွက်ပါတယ်။ တမာရွက်လိုပဲ အဖူးနဲ့အရွက် တစ်ခါထဲ ထွက်တာပါ။ အဖူးများတဲ့အပင်ကိုတော့ လူကြိုက်များပါတယ်။ ဆေးဖက်အလွန်ဝင်တာကြောင့် သမားတော်တွေကတောင် မုန်းရတဲ့အရွက် သမားမုန်း ၊ နောင်တော့ သမုန်းဖြစ်လာတယ်တဲ့ ဇန်နဝါရီလလောက်က စပြီး သမုန်းဖူးတွေ စျေးမှာဝယ်လို့ရနေပါပီ

အညာထမင်းဝိုင်းတွေမှာတော့ သမုန်းဖူးသုတ်​၊ မြူရွက်သုတ်၊ မရမ်းသီးထောင်း၊ ပဲဟင်းချို၊ မုံရွာ ငါးခြောက်ထိုးကတော့ လိုက်ဖက်လွန်းသော ဟင်းလျာ တွေဖြစ်တယ်.....

သမုန်း ပန်းလေးတွေက အစိမ်းရောင်ရှိကြတယ် လိင်စုံပန်းလေးတွေဖြစ်ပြီး လေးချမ်းညီပြီး အချိုးလည်းညီကြတယ်၊

သမုန်းဖူးလေးက
သလိပ်ကိုနိုင်လို့ ရင်ကြပ်ရောဂါအတွက် ဆေးတစ်ခွက်ပါအကြောတက်အကြောအောင် ့အညောင်းအညာသက်သာစေပါတယ်

သမုန်းဥသည်
ညောင်းကိုက် ထုံကျင် ခြေဖျားလက်ဖျားအေး ဖောရောင် မျက်စေ့မှုန် ကိုယ်လက်လေးလံခြင်းများကိုပျောက်ကင်းစေနိုင်၏ဟူ၍ ရှင်နာဂသိန် ဆေးကျမ်း မှာဖော်ပြထားပါတယ်နော်

#တို့တောရွာ
#သမုန်းဖူး

 #ရွှေစင်စကြာ် ခရီးသွားလုပ်ငန်းမှ #မော်လမြိုင်-ရန်ကုန် ယာဥ်ထွက်ချိန်နှင့်လက်မှတ်စျေးနှုန်းများနံနက်  8:00  ရိုးရိုး   2+...
19/02/2023

#ရွှေစင်စကြာ် ခရီးသွားလုပ်ငန်းမှ

#မော်လမြိုင်-ရန်ကုန် ယာဥ်ထွက်ချိန်နှင့်လက်မှတ်စျေးနှုန်းများ
နံနက် 8:00 ရိုးရိုး 2+2 15000ကျပ်
နံနက် 8:30 ရိုးရိုး 2+2 15000ကျပ်
နံနက် 10:30 ရိုးရိုး 2+2 15000ကျပ်
နံနက် 11:00 အထူး 2+1 20000ကျပ်

#မော်လမြိုင်-မုဒုံ-ချောင်းဆုံမှ

ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း-ပခုက္ကူ-ကမ္မမရန်ကုန်-သံဖြူဇရပ်ရေး-ထားဝယ်-မြိတ်-ဘားအံ-မြဝတီ-လှိုင်သာယာ(ဒဂုံဧရာကားဝင်း)-ဓနုဖြူ-ဇလွန်-ဟင်္သာတ-အင်္ဂပူ-မဲဇလီကုန်း-ထူးကြီး-အင်ပင်-မြန်အောင်-ကြံခင်းမြို့သို့လက်မှတ် ဖြတ်လို့ ရပါပြီနော်❤️❤️

ဆက်သွယ်ရန် ☎️097978979522/09265521622/09788599588

နေလကြယ် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း၊မုံရွာမြို့။

ပြင်ဦးလွင်ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းမှာ Sky Cable Car စီးလို့ရပြီ....................ဖေဖော်ဝါရီ ၁၃ပြည်တွင်းပြည်ပခရီး...
19/02/2023

ပြင်ဦးလွင်ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းမှာ Sky Cable Car စီးလို့ရပြီ....................
ဖေဖော်ဝါရီ ၁၃

ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင်တစားလာရောက်လည်ပတ်လေ့ရှိတဲ့ ပြင်ဦးလွင်မြို့က ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းမှာ ခရီးသွားနဲ့လည်ပတ်သူတွေကို ဆွဲဆောင်တဲ့အစီစဉ်တစ်ခုအနေနဲ့ Sky Cable Car အပန်းဖြေစီးနင်းဖို့ စတင်ဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။

အဆိုပါ Sky Cable Carဟာ တစ်ကြိမ်မှာ လူ ၄ဦး လိုက်ပါစီးနင်းနိုင်ပြီးအသွားအပြန် ၂၄မိနစ် ခန့်ကြာမြင့်ကာ ကေဘယ်လ်ကားရဲ့ ပြေးဆွဲမယ့်လမ်းကြောင်းအသွားအပြန် ဟာ(၁၁၀၈)မီတာရှည်လျားတယ်လို့ဆိုပါတယ်။

Sky Cable Car တည်ဆောက်ထားမှုမှာ Driver Station House အဆောက်ဦးနှစ်လုံး တာဝါ ၆ခု ပါဝင် တည်ဆောက်ထားပြီး Cabins ၃၆လုံး တပ်ဆင်မောင်နှင်လျက်ရှိရာ စမ်းသပ်မောင်းနှင်ရာ ဘေးအန္တရာယ်ရှိမရှိ ကေဘလ်စက်တွေ အောင်မြင်ပြီးမှ ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။

ပွဲကောက်ရေတံခွန် အပမ်းဖြေစခန်း
(BE.FALLS)က Sky Cable Car ဖွင့်လှစ်လိုက်ပါပြီ။

နေလကြယ်မှာ အဝေးပြေးလက်မှတ်များ
Wavepay/ Kpay/Mobile baking များဖြင့် လွယ်ကူစွာ ဝယ်ယူလိုက်လို့ရပြီ.....

ဆက်သွယ်ရန် _
09788599588/09797879522/09265521622/09978976445/09788598588

Viber 👉09797879522/09265521622/09251070719



#အောင်မင်္ဂလာ #ပြင်ဦးလွင်

#ပွဲကောက်ရေတံခွန် #အပမ်းဖြေစခန်း

#ကားလက်မှတ်

ရန်ကုန်  မုံရွာ  ရန်ကုန် အထူးလျော့ဈေး 🥳🥳 #မူလဈေးနှုန်း ၂၅၀၀၀ ကျပ် မှ ၂၂၀၀၀ ကျပ်သို့  ချထားပါကြောင်း သတင်းကောင်းပါးအပ်ပါသ...
02/02/2023

ရန်ကုန် မုံရွာ ရန်ကုန် အထူးလျော့ဈေး 🥳🥳

#မူလဈေးနှုန်း ၂၅၀၀၀ ကျပ် မှ ၂၂၀၀၀ ကျပ်သို့

ချထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်🙏

နေလကြယ်ခရီးသွားလက်မှတ်အရောင်းဌာန၊မုံရွာမြို့။
☎️09797879522/09265521622/09788599588



 #ခရီးသွားပြည်သူများ အတွက် သတင်းကောင်း   #ကားလက်မှတ်ဖြတ်ရင် သတိရလိုက်ပါ🥰🥰 #ရန်ကုန်  မြင်းခြံ နှင့် ရန်ကုန်  မုံရွာ ခရီးစ...
20/01/2023

#ခရီးသွားပြည်သူများ အတွက် သတင်းကောင်း


#ကားလက်မှတ်ဖြတ်ရင် သတိရလိုက်ပါ🥰🥰

#ရန်ကုန် မြင်းခြံ နှင့် ရန်ကုန် မုံရွာ ခရီးစဉ်များကို 24.1.2023 မှ စတင်၍ ထပ်တိုးပြေးဆွဲပါတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

✅ ရန်ကုန် => မြင်းခြံ
🕠 5:30 PM (ထပ်တိုးပြေးဆွဲမည့်အချိန်)
🕣 8:30 AM (လက်ရှိပြေးဆွဲလျက်ရှိသောအချိန်)
✅ မြင်းခြံ => ရန်ကုန်
🕔 5:00 PM (ထပ်တိုးပြေးဆွဲမည့်အချိန်)
🕣 8:30 AM

✅ ရန်ကုန် => မုံရွာ
🕗 8:00 AM (ထပ်တိုးပြေးဆွဲမည့်အချိန်)
🕔 5:00 PM (လက်ရှိပြေးဆွဲလျက်ရှိသောအချိန်)
✅ မုံရွာ => ရန်ကုန်
🕗 8:00 AM (ထပ်တိုးပြေးဆွဲမည့်အချိန်)
🕓 4:00 PM



☎️09797879522/09265521622/09788599588
#နေလကြယ်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

#မုံရွာမြို့ #ဈေးဟောင်းမြောက်ဘတ်တိုက်တန်း

 #ကပ်မှမလာပါနဲ့ခင်ဗျာ,🙏တစ်နေ့မှာကျနော်ရန်ကုန်-မြိတ်ခရီးစဉ်တစ်ခုကိုခရီးသည်အဖြစ်လိုက်ပါရန် မိမိစီးမည့်ခရီးစဉ်အတွက်သက်ဆိုင်...
12/12/2022

#ကပ်မှမလာပါနဲ့ခင်ဗျာ,🙏

တစ်နေ့မှာကျနော်ရန်ကုန်-မြိတ်ခရီးစဉ်တစ်ခု
ကိုခရီးသည်အဖြစ်လိုက်ပါရန် မိမိစီးမည့်ခရီး
စဉ်အတွက်သက်ဆိုင်ရာ check in ကောင်တာ
မှာ check in လုပ်နေချိန်ဘေးကအဲလိုင်းတစ်ခု
မှာcheck in ကောင်တာပိတ်ချိန်ကျော်မှရောက်
လာသောခရီးသည်နှစ်ဦးရဲ့ ပွစိဆူညံသံတွေ
ကြောင့်နားစွင့်လိုက်တာ”….လေယာဉ်မှမထွက်
သေးတာ..နင်တို့တင်ပေးရင်ရတာပဲ”ဘာညာ
…..ဘလာဘလာ….ပေါ့…
တကယ်တော့ သူတို့ပြောသလောက်မလွယ်
ပါဘူးဆိုတာလေးရှင်းပြချင်ပါတယ်…..

ကျနော်တို့ လေယာဉ်များသည်မိမိတို့ထွက်ချိန်
တွေကိုATC (air traffic control center)သို့
ကြိုတင် တင်ပြတောင်းခံထားပြီးသားဖြစ်လို့
မိမိတို့တင်ပြထားတဲ့အချိန်မထွက်နိုင်လျှင်
သူများလေယာဉ်တွေထွက်ပြီးမှ (အခြားလေ
ယာဉ်များလည်းသူတို့သတ်မှတ်ချိန်ထွက်ရတာ
ပါ)ကိုယ့်အလှည့်ပြန်ရောက်တဲ့အထိစောင့်ဆိုင်း
ရပါတယ်။ဘယ်လောက်စောင့်ရမလဲဆိုတာမိမိ
အနောက်မှာထွက်ခွါမည့်လေယာဉ်အနည်းအများ
အပေါ်မူတည်ပြီး ကြာနိုင်ပါတယ်။
ဒါကြောင့်လေယာဉ်မှူးကြီးများသည်မိမိရဲ့ထွက်
ခွါရမည့်အချိန် (departure time)ထွက်နိုင်ဖို့
ကြိုးစားရပါတယ်။

ဒီတော့မေးစရာရှိပါတယ်..အချိန်ကပ်မှလာ
တော့ရောဘာဖြစ်လဲ..လေယာဉ်မတက်မီအချိန်
မီရောက်တာပဲလို့ပြောချင်ပြောလို့ရပါတယ်….
တကယ်တော့ လေယာဉ်ဆိုသည်မှာလူစုံပြီဟေ့.
တခါးပိတ်၊စက်နိုးပြီးထွက်ရတာမျိုးမဟုတ်ဘူး
ဗျ။ တစ်ခေါက်တက်တိုင်း မြေပြင်ဝန်ထမ်းများက လေယာဉ်ပေါ်တင်သွားမည့် အမှန်တကယ် weight အလေးချိန်ကို အတိအကျတွက်ပြီး
Load sheet မှာစုစုပေါင်းလူကဘယ်နှစ်ယောက်
နှင့်ခရီးဆောင်အိတ်တွေရဲ့အလေးချိန်၊ အထူးစ
ပါယ်ရှယ်သယ်သွားရမည့်ပစ္စည်းကဘယ်နှစ်မျိုး၊
(ဘယ်နှစ်ခု၊ ဘယ်နေရာမှာထားတယ်..ဥပမာ
လက်နက်ခဲယမ်း)အသေးစိတ်စာရင်းပြုစုရသ
လိုအဲဒီလူပစ္စည်းတွေကိုဘယ်နေရာမှာဘယ်လို ၊ဘယ်လောက်နှင့်လေယာဉ်ရဲ့ဘယ်အပိုင်းမှာထား
ရမယ်ဆိုတာတွေတွက်ချက်၊အဲလိုထားလိုက်ရင်
လေယာဉ်ရဲ့ CG center of gravity ကဘယ်
နေရာကိုရွှေ့သွားလို့ ရာခိုင်နှုန်းဘယ်လောက်
ဖြစ်သွားတယ်ဆိုတာတွက်ချက်ပေးရပါတယ်။

အဲလ်ိုတွက်ချက်ထားတဲ့Load sheetတစ်စောင်
ရဖို့အတွက် ကောင်တာပိတ်ပြီးမှ နောက်ထပ်လူ၊
ပစ္စည်းထပ်မရောက်လာမှရေးဆွဲလို့ရပါတယ်။
အဲလိုမဟုတ်ပဲတစ်ယောက်လာလိုက်ပိတ်လိုက်
နောက်တစ်ယောက်လာလိုက်ပိတ်လိုက်ဆွဲလိုက်
ဆိုတာမျိုးလွယ်လွယ်ကူကူလုပ်လို့မရပါဘူး။
ဒါကြောင့်လေယာဉ်ထွက်ခွါမည့်အချိန်မရောက်
မီနှစ်နာရီအရောက်လာဖို့ချိန်းတတ်ကြပါတယ်။
နှစ်နှာရီကြိုခေါ်ရတဲ့အကြောင်းကလည်းမိမိလို
အခြားခရီးသည်များရှိသလို လဝကစစ်ဆေးခံ
ခြင်း၊အကောက်ခွန်စစ်ဆေးခံခြင်း၊ မိမိတို့ခရီး
ဆောင်အိတ်များ x-ray စက်များဖြင့်စစ်ဆေး
ခြင်း၊သတ်မှတ်နေရာရောက်အောင်ပို့ပေးခြင်း
တို့ကိုတစ်ဆင့်ခြင်းဆောင်ရွက်ရတာကြောင့်ဖြစ်
ပါတယ်။

ပြည်တွင်းလေယာဉ်အများစုကလေယာဉ်ထွက်
ချိန် မတိုင်မီ မိနစ်(၃၀) သို့မဟုတ် (၄၅) မိနစ်
အလိုမှာ ကောင်တာပိတ်တတ်ပါတယ်။
နိုင်ငံတကာလေဆိပ်တွေမှာတော့တစ်နာရီ
တစ်နာရီခွဲကြိုပြီးကောင်တာပိတ်တတ်ပါတယ်။
ချွင်းချက်အနေနဲ့ LMC ဆိုတဲ့ last minute change ဆိုတာတော့ရှိတာပေါ့။ သို့သော်
LMC ကိုCaptainကလက်ခံမှတင်လို့ရပါတယ်။
အချို့ခရီးသည်တွေကကောင်တာပိတ်ချိန်ထက်
နောက်ကျမှလည်းလာသေးတယ်.. လေယာဉ်မှ
မထွက်သေးတာ..ငါကဘာလို့လိုက်လို့မရတာလဲ
ဆိုတဲ့ ကော်ပလိန်း တက်တာတွေအများကြီးကြုံ
ဖူးပါတယ်။

အကြမ်းဖျဉ်းအချိန်တွက်ချက်မှု
———————————————

-Departure time လေယာဉ်ထွက်ခွါချိန်0000
-Cabin crew စစ်ဆေးပြင်ဆင်ချိန်(၁၀မိနစ်-၂၀မိနစ်)0000-20=2340
-Boarding time ခရီးသည်တင်ချိန်(၁၅မိနစ်-၂၅မိနစ်)2340-20=2320
-Load sheet ရောက်ချိန်..(၅မိနစ်-၁၀မိနစ်)
2320-10=2310
-Check in-ကောင်တာပိတ်ချိန် - 2300
အဲဒါကြောင့် လေယာဉ်ထွက်ချိန်မတိုင်မီကောင်
တာစောပိတ်ရခြင်းဖြစ်ပါတယ်…
အခုတင်ပြတဲ့အချိန်တွက်ချက်မှုများသည် medium weight aircraft ကိုအခြေခံပြီး ကျနော်အတွေ့အကြုံအရတင်ပြခြင်း
ပါ။ လေယာဉ်အကြီးအသေးပေါ်မူတည်၍သော်
လည်းကောင်း၊အခြားသောပုံမှန်မဟုတ်သော
အကြောင်းများကြောင့်လည်းကောင်းပြောင်းလဲ
မှုရှိပါသည်။

ကျနော်သတိထားမိသလောက်အထူးသဖြင့်
နယ်ကွင်းတွေမှာဖြစ်ပါတယ်။
ခရီးသည်အများစုကလေယာဉ်ဆင်းခါနီးအချိန်
ကျမှလေယာဉ်ကွင်းကိုအချိန်ကပ်ပြီးလာကြပါ
တယ်။ အခုဆိုပိုတောင်ဆိုးလာကြတယ်။
Flight tracker app (flight radar 24) တွေသုံး
ပြီးလေယာဉ်ဆင်းခါနီးမှလာကြတာတွေရှိပါတယ်။ အထူးသဖြင့် အချို့သောVIP ပုဂ္ဂိုလ်များ
နှင့် ငွေကြေးပြည့်စုံသူများဖြစ်ကြပါတယ်။
(သို့သော်ထိုပုဂ္ဂိုလ်များသည်ပင်လျှင်နိုင်ငံခြား
တိုင်းပြည်များတွင်သတ်မှတ်ချိန်ထက်ပင်စော
၍လေယာဉ်ကွင်းရောက်တတ်ကြပါတယ်)

ကျနော်သတိထားမိသလောက်ပြောရရင်
KBZ Bank , MAI & Air KBZ တို့ရဲ့
“နယကကြီးဦးအောင်ကိုဝင်း” သည်
အမြဲတမ်း သတ်မှတ်ချိန်ထက်ပင်စော၍လေဆိပ်
သို့ရောက်နေတတ်ပါတယ်။လေးစားစရာကောင်း
တဲ့အချက်ပါ။ အချိန်နဲ့ အလုပ်လုပ်နေတဲ့သူများ
ကိုအလေးထားတဲ့သဘောပါ။ သူနောက်ကျမှလာရင်တောင်စောင့်ပေးကြမှာပါပဲ။ သို့သော်ကျနော်
Air KBZ မှာ (၈) နှစ်လုပ်ခဲ့ပါတယ်။
ကျနော်ဖလိုက်နှင့်အခေါက်ပေါင်းများစွာသူ
လိုက်ဖူးပါတယ်။ တစ်ခါမှစောင့်ရတယ်ဆိုတာ
မရှိခဲ့ပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လုပ်
ငန်းများအဆင်ပြေချောမွေ့မှု၊ အထူးသဖြင့်
Customer Service လုပ်ငန်းကိုအလွန်ကျွမ်း
ကျင်သောပုဂ္ဂိုလ်တစ်ဦးပီပီ “အချိန်နှင့်အလုပ်”
အပေါ်လေးစားသူမို့ယနေ့အထိလေးစားလျက်
ရှိပါတယ်။

ဒါကြောင့်မိမိတို့လည်းသွားလိုတဲ့ခရီးစဉ်လေး
မှာစိတ်အနှောက်ယှက်ကင်းပြီးသာယာပျော်ရွှင်
ချမ်းမြေ့သောခရီးလေးဖြစ်ရအောင်၊ မိမိတို့ကို
ဝန်ဆောင်မှုပေးရသောဝန်ထမ်းများလည်းအချိန်
မီဖို့မိမိစီးနင်းလိုက်ပါမည့်လေယာဉ်လည်းအချိန်
မီထွက်ခွါနိုင်ဖို့လေယာဉ်ကွင်းသို့အချိန်မီသွား
ပေးဖို့ အများအတွက်ပူပေါင်းဆောင်ရွက်ပေးကြ
ပါရန်မေတ္တာရပ်ခံအပ်ပါတယ်။ အခုလောက်ဆို
ခရီးသည်များနားလည်လောက်ပြီလို့ယူဆပါ
တယ်။
Crd-U MyintZaw
တွေးမိတွေးရာ

11122022
0937

 #အမြန်လမ်း  #အသုံးပြုသောခရီးသွားများသိရှိစေရန် ရန်ကုန်- မန္တလေး (အမြန်လမ်း) မန္တလေး-  #စကားအင်းမိတ္ထီလာ -  #သီးကုန်း တိ...
28/10/2022

#အမြန်လမ်း #အသုံးပြုသောခရီးသွားများသိရှိစေရန်

ရန်ကုန်- မန္တလေး (အမြန်လမ်း)
မန္တလေး- #စကားအင်း
မိတ္ထီလာ - #သီးကုန်း တိုးဂိတ်များ၏ မူလ လော့ဒေါင်းအချိန် ည(၁၂) နာရီအစား (၂၆-၁၀-၂၀၂၂) မှစ၍ ည(၁၀) နာရီ #ပြောင်းလဲသတ်မှတ်ကြောင်း သိရှိရပါသည်။

#အမြန်လမ်းဘေးနှင့် #တိုးဂိတ် ဧရိယာများတွင် #ယာဉ်များရပ်တန့်ညအိပ်ရပ်နားခြင်းမပြုရန် နှင့် ယာဉ်ရပ်နားဝင်းများဖြစ်သော ( 39 မိုင်၊ 115 မိုင်၊ မိုင် 200၊ 285 မိုင်)
များတွင်သာ #ညအိပ်ရပ်နားနိုင်ကြောင်းတင်ပြအပ်ပါသည်။

#နေလကြယ်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း
#နေလကြယ်ကားလက်မှတ်အရောင်းဌာန
#ဂိတ်ပေါင်းစုံဖြတ်ရသည်။


Photo Credit: Ko Ye Lin Kyaw
☎️09797879522/09265521622/09788599588

Address

Monywe

Website

Alerts

Be the first to know and let us send you an email when Nay La Kyal - နေလကြယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category