23/01/2021
ဖြစ်အောင် လာပါဘုရားထံ
-----------------
ဘုရားထံဟေ့ ရာဇဝင်မှန်
ဇာတိမာန်ဝင့် ခေတ်တစ်ခေတ်က
သမိုင်းတွင်လို့ ကျန်ရစ်ခဲ့ပြီ
လည်ပတ်စရာ ဂူများစွာနှင့်
ကျားပြီးဆင်ဂူ လှိုင်ဂူနဂါး
ဆင်များအိမ်ရာ မြွေများစုံလင်
ရေဂူလည်းရှိ လင်းနို့ထောင်ပေါင်း
ငှက်ပေါင်းစုံတို့ ပျော်မွေ့စံရာ
စမ်းရေအေးမြ ရှုခင်းသာလို့
တောတောင်လှပ မြင်တွေ့ရမည်
ဇရပ်ကျောင်းကန် စေတီပုထိုး
သွားလာလွယ်ကူ ဖူးမျော်သူတို့
စိတ်ဝယ်ကြည်နူး ချမ်းမြေ့စေရာ
ဒီနေရာလေး လာလှည့်ပါလို့
ဖိတ်ခေါ်လိုက်သည် ဘုရားထံဆီ
ဒေါနမြေ(လေညာ)