Mergui Paradise Travels & Tours Company

Mergui Paradise Travels & Tours Company Boat Rental Service
Islands hopping Package
Ticketing ( flight ✈️ + Car 🚙 )
Guide/ Visa Service
(19)

24/06/2024

ဒါလေးက Aalua Resort သွားတုန်းက ဗိုလ်နက်ကျော်ကျွန်းမှာ တွေ့ရတဲ့ Jelly fish လေးပါ။ သူ့ရဲ့အနားမှာ ငါးကလေးတွေက သူ့ရဲ့အကျိအချွဲလေးတွေကို လိုက်ကပ်စားနေတာလေးပါ။ သေချာကြည့်ရင် မြင်ရပါတယ်ရှင့်။
Travel with Mergui Paradise 🌴

21/06/2024

🌴မြိတ်ကို လည်ပတ်မယ်ဆိုရင် 🌴
🤔🤔🤔
မြိတ်(သို့)ဘိတ် လို့ ပြောလိုက်တာနဲ့ အားလုံးရဲ့အမြင်မှာ ကျွန်းလှလှတွေ🏝️၊ 🌄🤿⛱️ပေါများလှတဲ့ ပင်လယ်စာ😋🦪🦑🦞🐠တွေကို ပြေးမြင်မိမှာ အမှန်ပါဘဲ့။ မြိတ်ကို သွားပြီး ကျွန်းတွေသွားမယ်၊ အပန်းဖြေမယ်လို့ တွေးမိတာနဲ့ ဒီအချက်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာ အရင်သုံးသပ်ရမည် ဖြစ်ပါတယ်။ Speed Boats တွေနဲ့ သွားတဲ့ ကျွန်းခရီးစဉ်ကို ၀ယ်ယူတဲ့အခါ ပုံစံ (၂)မျိုး ရှိပါတယ်။ Speed Boat တစ်စင်းလုံး ငှားပြီး မိမိတို့အုပ်စုသီးသန့်စီစဥ်တဲ့ Private Trip နှင့် အခြားခရီးသွားတွေနဲ့ Sharing သွားတဲ့ Joint Trip ဆိုပြီး နှစ်မျိုးရှိပါတယ်။ Private Trip က အလွယ်တကူ စီစဉ်သွားလာနိုင်ပေမဲ့၊ ဧည့်သည်တော်များမှ Joint Trip ကို ၀ယ်ယူမယ်ဆိုရင်ဖြင့် အောက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိမှသာ ကျွန်းခရီးစဉ်ကို သွားလာလို့ အဆင်ပြေနိုင်မည် ဖြစ်ပါတယ်ရှင့်။
🤝Joint Trip (sharing trip) နေ့ချင်းပြန် ခရီးစဉ် (or) ညအိပ်ခရီးစဉ်များကို အနည်းဆုံး ဧည့်သည်(၁၂)ယောက်ပြည့်မှသာ စီစဉ်ပေးပါတယ်။ အခါကြီးရက်ကြီးတွေဘဲ့ လူစုလို့ ပြည့်တဲ့အခြေအနေပါ။ ဧည့်သည်က 6 ယောက် 7ယောက် ဘဲ့ရှိတယ် လူမပြည့်ပေမဲ့ သွားချင်တယ်ဆိုရင် Boat ခ အပိုထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါက လက်ရှိ ဖြစ်နေတဲ့ အခြေအနေလေးပါ။ Agent တွေ အနေဖြင့် ဧည့်သည် 10ယောက် ပြည့်ဖို့ စုစည်းရတာ အရင်တစ်ချိန်ကလို မလွယ်ကူပါဘူး။ အရင်ကလိုမျိုး မြိတ်ရောက်မှ လက်မှတ်၀ယ်ပြီး ကျွန်းပတ်မယ်ဆိုတဲ့ အိမ်မက်‌လေးတွေက လန့်နိုးလိုက်ပါတော့😁 ကိုယ်က Group အုပ်စုလည်းမရှိဘူး။ တစ်ယောက်နှစ်ယောက်ဆိုရင်တော့ ဒေသခံ Tour Agent တွေကို အရင်စုံစမ်းပြီးမှ လေယာဉ်လက်မှတ်ကို ၀ယ်ပါရှင့်။
သို့ဖြစ်ပါ၍ ဤကာလတွင် Private Trip တွေသာ စီစဉ်ရတဲ့အခြေအနေသို့ တဖြည်းဖြည်းရောက်ရှိလာပါတယ်။
Private Trip များအတွက် Speed Boat ငှားရမ်းသုံးစွဲလိုပါက
🏝️ခရီးစဉ် ၁။ ( လေးကျွန်း - သမီးလှ )
( ၁၄ )ယောက်စီး- ၁၇ သိန်း
(၂၅ )ယောက်စီး- ၂၂ သိန်း
🏝️ခရီးစဉ် ၂။ ( ဒုန်း - စမတ် )
( ၁၄ )ယောက်စီး- ၂၄ သိန်း
(၂၅ )ယောက်စီး- ၃၂ သိန်း
🏝️ခရီးစဉ် ၃။ ( ဒုန်း - စမတ် - ပဒန်း)
( ၁၄ )ယောက်စီး- ၂၆သိန်း
(၂၅ )ယောက်စီး- ၃၄ သိန်း
🏝️ခရီးစဉ် ၄။ ( ဒုန်း - စမတ် - ဘေလီ)
( ၁၄ )ယောက်စီး- ၂၉ သိန်း
(၂၅ )ယောက်စီး- ၃၇ သိန်း
အထက်ဖော်ပြပါ ဈေးများသည့် နေ့ချင်းပြန် Speed Boat ငှားရမ်းခများဖြစ်ပြီး ညအိပ်ခရီးစဉ်ဖြစ်ပါက သွားရောက်သည့် ကျွန်းအကွာအဝေးပေါ်မူတည်ပြီး ပြန်လည် တွက်ချက်ပေးသည်။
🤝Joint Trip (sharing boat) နေ့ချင်းပြန် ခရီးစဉ်များ၏ ဈေးနှုန်းများမှာ ...
* လေးကျွန်း/သမီးလှ/ငါးဖောင် - 200000
* စမတ်ကျွန်း/ညောင်မှိုင်းရွာ/ဒုံးရေတံခွန် - 250000
* ဘေလီကျွန်း /စမတ်ကျွန်း - 300000
* ‌ဘေလီကျွန်း/စမတ်/ ကြယ်လိပ်ကျွန်း -350000
မြိတ်ဖက်ကျွန်းများပေါ်တွင် ညအိပ်ချင်သူ local များသည် ကျွန်းပေါ်တွင် ရွက်ဖျင်တဲဖြင့် အိပ်စက်နိုင်ပြီး ကျွန်း 6 ကျွန်းပတ် တစ်ညအိပ်နှစ်ရက်ခရီးသည် 600000 ကျပ် (full board) ကျသင့်ပါသည်။ ကျွန်းရဲ့အရသာကို ထိထိမိမိ ခံစားလိုသူများအတွက် ကျွန်းညအိပ်ခရီးစဉ်ကို ရွေးချယ်ဖို့ recommend ပေးပါရစေ။ အပူဒဏ်မခံနိုင့်သည့် ဧည့်သည်တော်များအနေဖြင့် ဘရှန်းကျွန်းပေါ်ရှိ Mera Resort တွင် တည်းခိုနိုင်ပြီး တညအိပ် (two sharing) တစ်ခန်းကို - ၄၈၀၀၀၀ကျပ် (ကျွန်းပတ် Speed Boatခ မပါ) ကျသင့်မည် ဖြစ်ပါတယ်။
မြို့ပေါ်တွင် လည်ပတ်ရန် Tok Tok, ကား နှင့် ဆိုင်ကယ်လည်း ငှားရမ်းနိုင်ပါသည်။
ကားဈေးမှာ တစ်နေ့လုံးငှားလျှင် 150000ခန့်/ နေ့တစ်၀က်ဆိုလျှင် 80000ခန့် ပေးပြီး ငှားရမ်းနိုင်ပါသည်။
ဟိုတယ်ခကတော့ တည်းခိုတဲ့ဟိုတယ်ပေါ်မူတည်ပြီး -45000 ကနေ 150000ထိ ရှိပါတယ်ရှင့်။
မြိတ်ခရီးစဉ်များကို ဒေသခံ ခရီးသွားကုမ္ပဏီ Mergui Paradise Travels & Tours Company
☎️: 09776275630…09422213712... 09259916638
စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
Admin : Sumyat Htwe ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်။

20/06/2024

ဒါလေးက ကမ္ဘာ့အလှဆုံးကျွန်း (၁၀)ခုထဲက တစ်ခုပါ။ မြင်းခွာကျွန်းလို့ခေါ်ပါတယ်။ ကော့သောင်းကနေ Speed Boat ဖြင့် မိနစ်40လောက်မောင်းရင် ရောက်ရှိပါပြီ။ ရေပေါ် ရေအောက် အလှတွေ ပြည့်စုံလွန်းလို့ ကမ္ဘာမှာကို Top 10 ၀င်တာမို့ သိမ့်ပြီး မဖော်ညွှန်းတော့ပါဘူး။ အဲဒီကို အရောက်သွားချင်ရင်ဖြင့် ဒီ vedio ထဲက မင်မင်တို့ Speed Boat လေးကို ငှားရမ်းနိုင်ပါတယ်ရှင့်။
Travel with Mergui Paradise 🌴

Travel with Mergui Paradise
20/06/2024

Travel with Mergui Paradise


20/06/2024

မိုးရာသီမှာ မင်မင်ရဲ့ခရီးသွား မှတ်တမ်းလေးတွေ ပုံမှန်တင်ပေးပါ့မယ်ရှင့်။
သွားချင်တဲ့ ကျွန်းခရီးစဉ်တွေရှိရင်လည်း တိုင်ပင်ဆွေးနိုင်ပါတယ်ရှင့်။
Travel with Mergui Paradise 🌴

11/05/2024

10-5-2024 ဘေလီခရီးစဉ် အမှတ်တရ

အဆာပြေ ကျောက်ပုစွန်နဲ့ ငါးကင် ကျွေးလိုက်တာ... ထိမိဂွိ 😂Travel with Mergui Paradise 🌴
18/04/2024

အဆာပြေ ကျောက်ပုစွန်နဲ့ ငါးကင် ကျွေးလိုက်တာ... ထိမိဂွိ 😂
Travel with Mergui Paradise 🌴

17/04/2024
နောက်ထပ် ပင်လယ်စာကို မစားချင်လောက်အောင် ရူးခါသွားမတတ် ကျွေးပစ်လိုက်တယ် 😂😁Travel with Mergui Paradise 🌴
17/04/2024

နောက်ထပ် ပင်လယ်စာကို မစားချင်လောက်အောင် ရူးခါသွားမတတ် ကျွေးပစ်လိုက်တယ် 😂😁
Travel with Mergui Paradise 🌴

16/04/2024
အစဉ်အလာမပျက် မဂ်လာနှစ်သစ်မှာ သက်ြန်နှစ်သစ်ကူးလက်ဆောင် ပေးပို့သော Victoria Cliff Resort - Nyaung Oo Phee Island,Kawthaung...
11/04/2024

အစဉ်အလာမပျက် မဂ်လာနှစ်သစ်မှာ သက်ြန်နှစ်သစ်ကူးလက်ဆောင် ပေးပို့သော Victoria Cliff Resort - Nyaung Oo Phee Island,Kawthaung, Myanmar မိသားစုအား ကျေးဇူးတင်ရှိပါတယ်ရှင့်။ နှစ်သစ်ကူးမှာ မဂ်လာအပေါင်းနှင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဆထက်ပိုး တိုးတက်ပါစေလို့ 🙏 Mergui Paradise Travels & Tours Company မှ ဆုမွန်ကောင်း တောင်းဆုခြွေပါတယ်ရှင့်။

မကြာခင်ကျရောက်လာမယ့်မြန်မာ့နှစ်ကူး အတာသက်ြန်အခါသမယမှာ ဘယ်ကိုခရီးထွက်ရမလဲစဉ်းစားရခက်နေပါသလား။မြို့ပြရဲ့အနီးဆုံးကျွန်းတကျွ...
03/04/2024

မကြာခင်ကျရောက်လာမယ့်မြန်မာ့နှစ်ကူး အတာသက်ြန်အခါသမယမှာ ဘယ်ကိုခရီးထွက်ရမလဲစဉ်းစားရခက်နေပါသလား။

မြို့ပြရဲ့အနီးဆုံးကျွန်းတကျွန်းဖြစ်တဲ့ King Island (လေးကျွန်း)မှာ အေးအေးဆေးဆေး အနားယူပီး ရေကူးရေငုပ်ပြုလုပ်လို့ရတဲ့ကျွန်း နေ့ချင်းပြန်ခရီးစဉ်လေး လူကြီးမင်းတို့ဆီရောက်ရှိလာပါပီနော်။
Kind Island Day Trip (လေးကျွန်းနေ့ချင်းပြန်ခရီးစဉ်)

သက်ြန်ကာလအတွင်း 14, 15, 16, 17 April ရက်များအတွက် နေ့ချင်းပြန် (လေးကျွန်း)ခရီးစဉ်ကို လူတဦးလျှင် 150000 ကျပ် နှုန်းဖြင့် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်ရှင့်။

ပါဝင်သည့်ဝန်ဆောင်မှုများအနေဖြင့်

*လူဦးရေ 30စီး Speed Boat ဖြင့် စီစဉ်ထားရှိခြင်း
*နေ့လည်စာ ဘူဖေး ဖြင့်တည်ခင်းဧည့်ခံခြင်း
*ရေငုပ်မျက်မှန်နှင့်အသက်ကယ်အကျီများ ပါရှိခြင်း
*ကျွမ်းကျင်သော ဒေသခံmarine guide ဖြင့် ဝန်ဆောင်မှုပေးခြင်း
*ရေသန့်, ရေခဲ, အအေးနှင့်အဆာပြေမုန့်

များအပြင် King Island(လေးကျွန်း)တကျွန်းတည်းကိုသာ သွားရောက်လည်ပတ်မှာဖြစ်လို့ အချိန်လည်းရ relaxလည်းဖြစ်နေစေမှာ အမှန်ပဲမို့ လက်ဦးဖို့တော့လိုမယ်နော်😍

အတာသက်ြန်ကာလအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချပေးခြင်းဖြစ်လို့ အခုပဲ ကြိုတင်ဘိုကင်တင်လိုက်တော့နော်။

ညအိပ်သွားချင်သောခရီးသွားဧည့်သည်တော်များအတွက် King Island (လေးကျွန်း)တညအိပ် တဦးလျှင် 250000 ks နှုန်းဖြင့်လည်း သွားရောက်လည်ပတ်နိုင်ပါပီရှင့်။

☎-09776275630, 09422213712


island

Edit : Fully Booked မို့ နောက်ထပ် ထပ်မံရောင်းချခြင်းကို ရပ်ဆိုင်းပါပြီရှင့် 😘😘မင်မင်င်စီစဉ်တဲ့ Luxury Package လေးကို ၀ယ်...
24/03/2024

Edit : Fully Booked မို့ နောက်ထပ် ထပ်မံရောင်းချခြင်းကို ရပ်ဆိုင်းပါပြီရှင့် 😘😘
မင်မင်င်စီစဉ်တဲ့ Luxury Package လေးကို ၀ယ်ယူအားပေးတဲ့အတွက် ကျေးဇူးပါရှင့် ♥️♥️♥️
15Apr to 18 Apr မြိတ်မြို့ရဲ့ သက်ြန် Luxury Package ..........📦⛵🎁💓🌴⛱️🤿

မြိတ်မြို့က ကျွန်းခရီးစဉ်တွေက luxury မဆန်ဘူးတဲ့... ဟုတ်လား?????? 🤔
ဒီအစဥ်အလာကို ချိုးဖောက်ဖို့ Mergui Paradise Travels & Tours Company က စတင်ပါရစေ။💐
မြိတ်မြို့ရဲ့ ခန်းနားလှပလွန်းတဲ့ ကမ်းခြေresort Pearl Laguna Resort မှာ - 2ည၊ မြိတ်မြို့ရဲ့ပထမဆုံး ကျွန်းပေါ်ရှိ luxury hotel ဖြစ်တဲ့ ဘရှမ်းကျွန်းပေါ်ရှိ Mera Luxury resortမှာ -1ည၊ မြို့ပေါ်ရှိ အထင်ကရနေရာတွေရယ်၊ အလှဆုံးကျွန်း 6ကျွန်းရယ် အတူပတ်ကာ ရေအောက်အလှတွေ အတူခံစားရင်း ပင်လယ်စာ တမုန်းဆွဲမယ့် အစီအစဉ်‌တွေနဲ့ luxuy ဆန်ဆန် အတူတူ သွားဖို့ ဖိတ်ခေါ်ပါရစေရှင့်။ 3ညအိပ်4ရက်ခရီးစဉ် Package အပြီးအစီး တစ်ဉီးလျှင် 1035000ကျပ် ကျသင့်မည် ဖြစ်ပါတယ်ရှင့်။⛵

Ph : 09259916638…09776275630....09422213712

Island Dreams: Your Myeik Getaway Begins Here... 🏝️🏖️🌺🐚🐠🐟🦑🐡🦐🎣သင်္ကြန်အခါသမယမှာ မြိတ်မြို့ရဲ့ အလှပဆုံးရှုခင်းများနဲ့ နေဝင...
10/03/2024

Island Dreams: Your Myeik Getaway Begins Here... 🏝️🏖️🌺🐚🐠🐟🦑🐡🦐🎣

သင်္ကြန်အခါသမယမှာ မြိတ်မြို့ရဲ့ အလှပဆုံးရှုခင်းများနဲ့ နေဝင်ချိန်ကို ခံစားနိုင်တဲ့ Rooftop Bar & Restaurant ရှိတဲ့ Hotel Drift မှာတည်းခိုပြီး ပင်လယ်ရေပြာပြာနဲ့ သဲဖြူဖြူကျွန်း တွေဆီ အလည်သွားကြမယ် 😊

#ခရီးစဉ်အမျိုးအစား
၃ညအိပ်/၄ရက်ခရီး

တွင် ပါဝင်မည့် ဝန်ဆောင်မှုများ

- ၁၃ရက် ဧပြီလ ၂၀၂၄ တွင် မြိတ်မြို့သို့ ရောက်ရှိပြီး Hotel Drift တည်းခိုကာ မြိတ်မြို့အတွင်းရှိ နာမည်ကြီးနေရာများသို့ Sightseeing ခရီးစဉ်အား လည်ပတ်ကြမည်ဖြစ်ပါသည်။

- ၁၄ရက် ဧပြီလ ၂၀၂၄ တွင် Hotel Drift မှတဆင့် သမီးလှကျွန်း၊ King Island နှင့် မြိတ်မြို့အနီးရှိ ပထော်ပထပ်ကျွန်းပေါ်ရှိ လျောင်းတော်မူ ဘုရားသို့ လည်ပတ်ကြမည်ဖြစ်ပါသည်။

- ၁၅ရက် ဧပြီလ ၂၀၂၄ တွင် Hotel Drift မှတဆင့် ကြယ်လိပ်ကျွန်း၊ ဘေလီကျွန်းနှင့် စမတ်ကျွန်းများသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ပါသည်။

- ၁၆ရက် ဧပြီလ ၂၀၂၄ တွင် မြိတ်မြို့မှပြန်လည် ထွက်ခွာမည်ဖြစ်ပါသည်။

- ခရီးစဉ်တလျှောက် ကျွမ်းကျင်ဧည့်လမ်းညွှန်များ၊ ပင်လယ်စာ ‌ပါဝင်သော နေ့လည်စာ၊ ညစာများလည်းပါဝင်မည်ဖြစ်ပါသည်။

ေးနှုန်း
၁၅သိန်းကျပ် မှစတင်ပြီး ကြိုတင် Booking ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

#အထက်ပါဈေးနှုန်းတွင် ခရီးစဉ်တလျှောက် လေယာဉ်ပျံလက်မှတ်၊ အခန်းခများ၊ Guide၊ မနက်စာ၊ နေ့လည်စာ၊ ညစာနှင့် Speed Boat လှေခများအားလုံးပါဝင်ပြီးဖြစ်ပါသည်။

#မြိတ်မြို့ခံများနှင့်မြိတ်မြို့သို့ရောက်ရှိပြီးသော ဧည့်သည်တော်များအနေဖြင့်

#တဦးလျှင်၂၅၀၀၀၀ကျပ်ဖြင့်
- ၁၄ရက် ဧပြီလ ၂၀၂၄ တွင် သမီးလှကျွန်း၊ King Island နှင့် မြိတ်မြို့အနီးရှိ ပထော်ပထပ်ကျွန်းပေါ်ရှိ လျောင်းတော်မူ ဘုရားသို့ လည်ပတ်မည့် ခရီးစဉ်

(သို့မဟုတ်)

#တဦးလျှင်၃၅၀၀၀၀ကျပ်ဖြင့်
- ၁၅ရက် ဧပြီလ ၂၀၂၄ တွင် ကြယ်လိပ်ကျွန်း၊ ဘေလီကျွန်းနှင့် စမတ်ကျွန်းများသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်များအားလိုက်ပါနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။ 😊

#ဆက်သွယ်ရန်
Messenger : Mergui Paradise Travels & Tours Company
ဖုန်း - 09 776275630, 09 422213712

31/01/2024

Free Room Upgrade ‌Offer ကြောင့်... တဦးကို ၄ သိန်းနီးပါးထိ စျေးလျှော့ပေးမည့် Victoria’s Myittar Program လေးပြန်လာပြီနော်…😎😎
ဟုတ်ပါတယ်…🥰
Victoria ရဲ့ မေတ္တာတွေနဲ့အတူ မတ်လအတွင်း မည်သည့်ရက်ကိုမဆို လာလည်ပါက ၁၆ သိန်းတန် Package ကိုဝယ်လိုက်တာနဲ့ သိန်း ၂၀ နီးပါရှိတဲ့ Villa အခန်းများကို Free Room Upgrade ရရှိမှာဖြစ်ပါတယ်…✨✨
Room Upgrade က အခန်းတမျိုးဘဲရတာလား❓❓
❎မဟုတ်ပါဘူး.. ဘယ်အခန်းကို ယူယူ အောက်မှာပြထားတဲ့အတိုင်းလေးရရှိမှာပါ…✅
Forest Tent ကနေ Superior Type A
Superior Type A ကနေ Superior Type B
Superior Type B ကနေ Beach Villa (or) Seaview Forest Villa
စျေးတွေရော ပြောင်းသေးလား…❓
ပုံမှန်စျေးတွေအတိုင်း နည်းနည်းလေးမှ မပြောင်းပါဘူးခင်ဗျာ….☺️

(3 Nights 4 Days Package)
ကျွန်း (၂) ည / ကော့သောင်း (၁) ညအိပ် ခရီးစဉ်
Forest Tent - 1,350,000 Ks / Pax
Superior Type A - 1,455,000 Ks / Pax
Superior Type B - 1,600,000 Ks / Pax
Beach Villa & S F Villa - 1,975,000 Ks / Pax
ဘာတွေကန့်သတ်ထားတာရှိသေးလဲ❓
ရှိတာပေါ့.. ခုအစီစဉ်လေးက March လ တလတည်းဘဲ အကျုံးဝင်မှာဖြစ်လို့ အရမ်းတန်နေတုန်း လာလိုက်တော့နော်….🥰
ကဲဗျာ….
ဒီစျေးနုန်းနဲ့ မတ်လထဲကိုမှ မလာရင် ဘယ်တော့လာမလဲ စဉ်းစားသာကြည့်တော့နော်…💁💁
ခရီးစဉ်အသေးစိတ်လေးကို ရှင်းပြဖို့အတွက် ကျွန်တော်တို့အဖွဲ့ ဖုန်းလေးတွေပေါ်မှာ စောင့်နေပီနော်…💗💗
📧Email : [email protected]
☎️Sales Hotline: 09776275630, 09259916638, 19422213712

30/01/2024

ဒီလို ကြည်လင်လှတဲ့ရေပြင်ရှိတာ ဘာကျွန်းလေးလဲ....??
ဒီကျွန်းလေးရဲ့ နာမည်ကို သိပြီး Mergui Paradise Travels & Tours Company ကနေ ခရီးစဉ်၀ယ်ယူပါက 10% Discount ပါရှင့်။
Travel with Mergui Paradise 🌴

💦သင်္ကြန်တွင်း အရမ်းလှတဲ့နေရာတွေကိုမသွားရဘဲနေမှာစိုးလို့ အသိပေးလိုက်ပါရစေ... ပထမဆုံး ဝယ်ယူသူ ၂၀ ဦးအတွက် (A very fresh lo...
26/01/2024

💦သင်္ကြန်တွင်း အရမ်းလှတဲ့နေရာတွေကိုမသွားရဘဲနေမှာစိုးလို့ အသိပေးလိုက်ပါရစေ...
ပထမဆုံး ဝယ်ယူသူ ၂၀ ဦးအတွက်
(A very fresh lobster BBQ for First booker - 20 Pax) 🔫

😪ခုရက်ပိုင်းတွေ ခရီးသွားခါနီးမှ ခရီးစဉ်စီစဉ်လိုက်တာ...
😪အရမ်းလာချင်ပြီး လေယာဉ်လက်မှတ်မရလို့ အစီစဉ်ပျက်သွားတဲ့သူတွေအရမ်းများလာတဲ့အတွက်...
ခရီးစဉ်များကြိုတင် စီစဉ်လို့ရအောင် ယခု Post လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ...

Thingyan အတွက် စီစဉ်ပေးထားသောခရီးစဉ်နှင့် ဈေးများမှာ...

(𝐏𝐊𝐆 𝐀)
𝟏𝟏~𝟏𝟒 𝐀𝐩𝐫𝐢𝐥
(𝐍𝐎𝐏 𝟐 𝐍 + 𝐊𝐓 𝟏 𝐍)
Forest Tent : 1,365,000 Ks / Pax
Superior Type A : 1,470,000 Ks / Pax
Superior Type B : 1,620,000 Ks / Pax
Villa : 1,990,000 Ks / Pax

(𝐏𝐊𝐆 𝐁)
𝟏𝟑~𝟏𝟕 𝐀𝐩𝐫𝐢𝐥
(𝐍𝐎𝐏 𝟐 𝐍 + 𝐊𝐓 𝟐 𝐍 + 𝐑𝐚𝐧𝐨𝐧𝐠 𝐂𝐢𝐭𝐲 𝐓𝐨𝐮𝐫)
Forest Tent : 1,730,000 Ks / Pax
Superior Type A : 1,830,000 Ks / Pax
Superior Type B : 2,000,000 Ks / Pax
Villa : 2,380,000 Ks / Pax

(𝐏𝐊𝐆 𝐂)
𝟏𝟒~𝟏𝟕 𝐀𝐩𝐫𝐢𝐥
(𝐍𝐎𝐏 𝟐 𝐍 + 𝐊𝐓 𝟏 𝐍)
Forest Tent : 1,400,000 Ks / Pax
Superior Type A : 1,510,000 Ks / Pax
Superior Type B : 1,685,000 Ks / Pax
Villa : 2,060,000 Ks / Pax

(𝐏𝐊𝐆 𝐃)
𝟏𝟔~𝟏𝟗 𝐀𝐩𝐫𝐢𝐥
(𝐍𝐎𝐏 𝟐 𝐍 + 𝐊𝐓 𝟏 𝐍)
Forest Tent : 1,385,000 Ks / Pax
Superior Type A : 1,490,000 Ks / Pax
Superior Type B : 1,650,000 Ks / Pax
Villa : 2,030,000 Ks / Pax

(𝐏𝐊𝐆 𝐄)
𝟏𝟖~𝟐𝟐 𝐀𝐩𝐫𝐢𝐥
(𝐍𝐎𝐏 𝟐 𝐍 + 𝐊𝐓 𝟐 𝐍 + 𝐑𝐚𝐧𝐨𝐧𝐠 𝐂𝐢𝐭𝐲 𝐓𝐨𝐮𝐫)
Forest Tent : 1,685,000 Ks / Pax
Superior Type A : 1,790,000 Ks / Pax
Superior Type B : 1,930,000 Ks / Pax
Villa : 2,300,000 Ks / Pax

😪ကြိုတင်မစီစဉ်ထားရင်
😪လေယာဉ်လက်မှတ်မရတာ…
😪အခန်းတွေ စိတ်ကြိုက်ရွေးမရတော့တာ…
😪ခရီးစဉ်မှာပါရပြီးရောဆိုပြီး အဆင်ပြေတဲ့ လွတ်တဲ့အခန်းလေးတွေမှာပဲ တည်းလိုက်ရတာ… စတဲ့ ပြဿနာတွေ ကြုံရတတ်တယ်နော်။

😪လေယာဉ်လက်မှတ်ကလည်း ဒီလိုကာလမျိုးတောင် ကြိုမစီစဉ်ထားရင်မရနိုင်တာ
သင်္ကြန်လိုသာဆိုရင် လက်မှတ်ရရင်တောင် နောက်တစ်နှစ်စာအတွက်ပဲ ဖြစ်သွားနိုင်ပါတယ်။

ကဲဗျာ မင်မင်တို့အဖွဲ့လည်း ဖုန်းလေးတွေပေါ်ကနေတဆင့် စောင့်မျှော်နေပါပီနော်...

ဖော်ပြထားတဲ့ဈေးလေးတွေမှာ...
👉ဘာတွေပါဝင်ဦးမလဲဆိုတော့..
🌷ညောင်ဦးဖီးကျွန်းပေါ်မှာ နေ့စဉ် Dinner တွင် Cocktail Free Flow
🌷ကော့သောင်းလေဆိပ် အသွား-အပြန် အကြို/အပို့
🌷ခရီးစဉ် တစ်ခုလုံးအတွက် နေ့စဉ် မနက်စာ၊ နေ့လည်စာ၊ ညစာ များ
🌷ညောင်ဦးဖီးကျွန်းပေါ်တွင် ည အိပ်တည်းခိုခ
🌷Victoria Cliff Hotel Kawthaung ရဲ့ Ocean View Wing တွင် ည အိပ် တည်းခိုခ
🌷အများနှင့်အတူ ကော့သောင်းမြို့မှ ကျွန်းသို့သွားသည့် အသွား-အပြန် Speed Boat ဖိုးများ
🌷သစ်သားဒန်းကြီးနဲ့ ဓါတ်ပုံရိုက်လို့ သိပ်လှတဲ့ အပြင် table coralအလှတွေနဲ့ ကြည့်မဝတဲ့ သူဌေးမကမ်းခြေ၊ ဟန်းနီးမွန်းဘေး၊ နီမိုငါးလေးတွေ ပေါ်များလှတဲ့ နီမိုအော်၊ ရေအောက်ပန်းပွင့် ခရမ်းရောင်ပွင့်ကြီးတွေသိပ်လှတဲ့ ရဲမက်ကျွန်း၊ Fire Coral တွေနဲ့ လှလွန်းလှတဲ့ မီးတိုင်ကျွန်းတို့ကို speed boatဖြင့် သွားရောက်ပြီး Snorkeling လုပ်မယ့်ခရီးစဉ်များ..
🌷ကျွန်းပေါ်မှာ ၃ ညအိပ် အထက် ခရီးစဉ်များအတွက် ပုလဲမေွးမြူရေးမှာ နာမည်ကျော်လှတဲ့ ပြင်စကျွန်း (ခေါ်) ငလုံးလက်ဖယ်ကျွန်း ဆိုတဲ့ ကျွန်း‌ပေါ်မှာ ပုလဲမွေးမြူ၊ ထုတ်လုပ်ရေးလုပ်ငန်း အဆင့်ဆင့်ကို သွားရောက် လေ့လာ ကြည့်ရှုခွင့်ခရီးစဉ်များ
🌷ရေသန့်၊ အသီးများနှင့် Life Jacket များ
🌷ရေငုပ်ကျွမ်းကျင်သည့် ရေငုပ်လမ်းပြ Guide များ
🌷Snorkeling Set များ
🌷ဖိုင်ဘာ Kayak လှေလှော်ခြင်းမျာ

☎️Sales Hotline: 09776275630...09422213712...09259916638


🌊 #ကော့သောာင်းကျွန်းခရီးစဉ် #ညောင်ဦးဖီးကျွန်း

🌴 Embark on the Ultimate Island Adventure with Mergui Paradise Travel & Tour! 🚢🌅မကြာမီအချိန်လေးမှာ တစ်မူထူးတဲ့ ခရီးစဉ်အသ...
26/01/2024

🌴 Embark on the Ultimate Island Adventure with Mergui Paradise Travel & Tour! 🚢🌅
မကြာမီအချိန်လေးမှာ တစ်မူထူးတဲ့ ခရီးစဉ်အသစ်လေးကို ရောင်းချသွားမှာ ဖြစ်ပါတယ်ရှင့်။

Pack your bags, and let the adventure begin! 🌊🌟

06/01/2024

အလှပဆုံး ညနေခင်းတွေကို Mergui Paradise 🌴နှင့်အတူ ဖန်ဆင်းမယ် 🩷

03/01/2024

မြသားရောင်လို ကြည်လင်ရွှမ်းတောက်နေတဲ့ မြင်းခွာကျွန်းရဲ့ ရူမငြီးအလှဟာ မြန်မာတွေနဲ့လည်း ထိုက်တန်ပါတယ်လို့ 🏝️
ထိုင်းခရီးသွားအများဆုံး လာတဲ့ မြင်းခွာကျွန်း‌ပါ။ ကျွန်းခရီးစဉ်ကို လာချင်ပေမဲ့ လေယာဉ်လက်မှတ်ခက အသွားအပြန် 9သိန်းကျော်ဆိုတော့ ... မင်မင်လည်း ရောင်းရတာ တော်တော်အားနာ...ဈေးကြီးလည်း လာမယ်ဆိုတဲ့ဧည့်သည်တွေအတွက် လေယာဉ်လက်မှတ်က အကုန် sold out.... ဖေဖော်ဝါရီမှ ရနိုင်မယ်ဆိုတော့ ...
တစ်လလောက် ကြိုစီစဉ်မှ လေယာဉ်လက်မှတ်က ရနိုင်တဲ့အခြေအနေမို့ ... ကော့သောင်း လာမယ်လို့ ရည်ရွယ်ထားရင်ဖြင့် တစ်လလောက် အချိန်ယူပြီး စီစဉ်ပါလို့ အကြံဉာဏ်လေး ပေးပါရစေရှင့်။

02/01/2024

ညောင်ဦးဖီးနှစ်ကူးခရီးစဉ် အားပေးကြတဲ့ ချစ်ဧည့်သည်များကို Mergui Paradise 🌴မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင့်။
Travel with Mergui Paradise 🌴

29/12/2023

Good Night 😴
Travel with Mergui Paradise 🌴

Address

Seint Nge Jetty Road
Myeik

Alerts

Be the first to know and let us send you an email when Mergui Paradise Travels & Tours Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mergui Paradise Travels & Tours Company:

Videos

Share

Category



You may also like