20/12/2022
အခုလိုအချိန်အခါမှာ နိုင်ငံခြားထက် အလှကြွယ်တဲ့ မြိတ်၊ ကော့သောင်းဖက် ကျွန်းခရီးစဉ်တွေ လာမဲ့သူတွေ အတွက် မလာခင် ဖတ်ထားသင့်တဲ့ Review လေး မင်မင် ရေးပေးပါရစေ။
ခရီးထွက်တယ်ဆိုတာ ကိုယ်နဲ့တစ်ပါတည်းစိတ်ချမ်းမြေ့ဖွယ် ကြည်နူးစရာ Memory လေးကို တစ်သက်လုံးသိမ်းထားချင်လို့ပါ။ ဒီလိုအချိန်မှာ ရရှိတဲ့ စိတ်ခံစားချက်ဟာ အစားထိုးပေးလို့မရတဲ့အတွက် အမှားအယွင်းမဖြစ်အောင် အတတ်နိုင်ဆုံးစီစဉ်ရပါတယ်။
ပထမဆုံး မြိတ်ကျွန်းစုဆိုသည်မှာ ကျွန်းပေါင်း 804ကျွန်းနဲ့ဖွဲ့စည်းထားတဲ့ ထား၀ယ်၊ မြိတ်၊ ကော့သောင်း ကမ်းရိုးတန်းတစ်လျောက် တည်ရှိတဲ့ ကျွန်းအစုအဖွဲ့ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
မြိတ်(သို့)ကော့သောင်းကို လာမယ်ဆိုရင်ဖြင့် ပထမဆုံး လေယာဉ်ဖြင့်ဘဲ့ လာပါလို့ recommend ပေးပါရစေရှင့်။
မြိတ်ခရီးစဉ်
ရန်ကုန် - မြိတ် လေယာဉ်အသွားအပြန် လက်မှတ်ဖိုးသည် 350000 ကျပ်ခန့် ကျသင့်မည် ဖြစ်ပါတယ်။
ဟိုတယ်ကတော့ 35000တန် မှ 200000ကျော်တန်အထိ တည်းခိုမည့်ဟိုတယ်နှင့်အခန်းပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်။
အဓိက ခရီးစဉ် ကျွန်းခရီးစဉ်နဲ့ပတ်သက်ပြီး အကျယ်တ၀င့် ရှင်းပြလိုပါတယ်။
ပထမဆုံး မြိတ်ဖက်ကျွန်းခရီးစဉ်တွေအကြောင်း အကျယ်တ၀င့် ရှင်းပြချင်ပါတယ်။
မြိတ်ဖက်တွင် နေ့ချင်းပြန်ခရီးစဉ်တွေကို ခရီးသည် 10 ယောက်ပြည့်တာနဲ့ speed boat ဖြင့် စတင်ပြေးဆွဲပေးပါတယ်။ 10 ယောက်မပြည့်ဘဲ ထွက်မယ်ဆိုလျှင် ခရီးသည်မှ လှေဖိုး supplement charges များ ထပ်မံပေးသွင်းပြီး သွားနိုင်ပါတယ်။
ခရီးစဉ်တိုင်းသည် အစားအသောက်၊ Guide၊ ရေအောက်အလှကြည့်မျက်မှန်၊ ရေပေါ်ရေအောက် အလှဓာတ်ပုံရိုက်ပေးခြင်း စသည့်၀န်ဆောင်မှုများ ပါ၀င်ပြီးဖြစ်သည်။
နေ့ချင်းပြန် joint trip ဈေးနှုန်းများမှာ -
* လေးကျွန်း/သမီးလှ/ငါးဖောင် - 160000
* စမတ်ကျွန်း/ညောင်မှိုင်းရွာ/ဒုံးရေတံခွန် - 220000
* ဘေလီကျွန်း /စမတ်ကျွန်း - 270000
* ဘေလီကျွန်း/စမတ်/ ကြယ်လိပ်ကျွန်း -300000
မြိတ်ဖက်ကျွန်းများပေါ်တွင် Hotels/ Resorts များမရှိသဖြင့် ညအိပ်ချင်သူ local များသည် ကျွန်းပေါ်တွင် ရွက်ဖျင်တဲဖြင့် အိပ်စက်နိုင်ပြီး ကျွန်း 6 ကျွန်းပတ် တစ်ညအိပ်နှစ်ရက်ခရီးသည် 450000 ကျပ် ကျသင့်ပါသည်။
မြို့ပေါ်တွင် လည်ပတ်ရန် Tok Tok, ကား နှင့် ဆိုင်ကယ်လည်း ငှားရမ်းနိုင်ပါသည်။
ကားဈေးမှာ တစ်နေ့လုံးငှားလျှင် 100000ခန့်/ နေ့တစ်၀က်ဆိုလျှင် 50000ခန့် ပေးပြီး ငှားရမ်းနိုင်ပါသည်။
ကော့သောင်းခရီးစဉ်
ရန်ကုန် - ကော့သောင်း လေယာဉ်အသွားအပြန် လက်မှတ်ဖိုးသည် 415000 ကျပ်ခန့် ကျသင့်မည် ဖြစ်ပါတယ်။
ကော့သောင်းမြို့ပေါ် ဟိုတယ်တည်းခိုခန်းများသည် 35000 တန်မှာ 2သိန်းကျော်တန်အထိ မိမိတည်းခိုရာ ဟိုတယ်နှင့်အခန်းပေါ်မူတည်ပြီး ကွဲပြားသည်။
ကော့သောင်းခရီးစဉ်များသည် ရွေးချယ်စရာများပြားပြီး နေ့ချင်းပြန် ခရီးစဉ်များလည်း များပြားလှတဲ့အပြင် ကျွန်းပေါ်တွင်လည်း နိုင်ငံတကာ အဆင့်မှီ hotel resort အများအပြား ရှိပါသည်။
မြိတ်နဲ့မတူတဲ့ ထူးခြားချက်ကတော့ စနေ၊ တနဂ်နွေနေ့တိုင်း နေ့ချင်းပြန် ခရီးစဉ်များပြေးဆွဲပေးနေပါသည်။ ကော့သောင်းမှ နာမည်ကြီးကျွန်းများမှာ အသဲပုံ(@)ကြက်မောက်ကျွန်း၊ မြင်းခွာကျွန်း၊ ဆေးတန်ကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ပန်းကျွန်း၊ ညောင်ဉီးဖီးကျွန်း (Resort)၊ ခရင်းခွကျွန်း၊ စောင်းကောက်ကျွန်း၊ လိုဏ်ဂူကျွန်း၊ ငခင်ညိုကြီးကျွန်း၊ လည်ရွှဲလေးလုံးကျွန်း၊ 115 ကျွန်း၊ ဟန်းနီးမွန်းကျွန်း၊ ဖီလာကျွန်း(resort)၊ ဖိုးနီကျွန်း(resort)၊ ဂျပန်ကမ်းခြေ (hotel)၊ လန်ပိအမျိုးသားဥယျာဉ်၊ လေသာပြင်ကျွန်း၊ တာရာကျွန်း၊ မကြုံဂလက်၊ ညောင်ဝိ အစရှိသည့် ကျွန်းပေါင်းများစွာ လှပစွာ တည်ရှိသည်။
ကော့သောင်းမြို့မှ Speed Boatနေ့ချင်းပြန်ခရီးစဉ်များ
* အသဲပုံ(@)ကြက်မောက်ကျွန်း၊ မြင်းခွာကျွန်း၊ ဆေးတန်ကျွန်း၊ ဇာဒက်ကြီးကျွန်း -3500 ဘတ်
( စနေ၊ တနဂ်နွေနေ့တိုင်း ခရီးစဉ်ပုံမှန် ပြေးဆွဲပေးသည်)
* အသဲပုံ(@)ကြက်မောက်ကျွန်း၊ မြင်းခွာကျွန်း၊ Paradise Bay ( Snorkeling Point👍)၊ ဇာဒက်ကြီးကျွန်း -3500 ဘတ်
* 115/ ဟန်းနီးမွန်း/ငါးမန်းကျွန်း - 3900 ဘတ်
* ညောင်ဦးဖီးကျွန်းနေ့ချင်းပြန် ခရီးစဉ် - $165
စသည့် နေ့ချင်းပြန်ခရီးစဉ်များအပြင် ကိုယ်သွားချင်သည့်ကျွန်းများကို Speed boat ငှားရမ်းပြီး သွားလာနိုင်သည်။
စနေ၊ တနဂ်နွေ ပုံမှန်ထွက်ပေးသည့် ကျွန်းခရီးစဉ်မှ အပ ကျန်နေ့များနှင့်ခရီးစဉ်အားလုံးသည် လူဦးရေ 8 ယောက်ပြည့်မှ စတင်ပါသည်။
ဈေးသက်သာအောင် ကားဖြင့်အောင်ဘာရွာသို့သွားပြီး သစ်သားလှေဖြင့် အောင်ဘာအနီးတစ်ဝိုက် ကျွန်းပတ်ခရီးစဉ်များလည်း စီစဉ်နိုင်ပါသည်။
ထိုင်းနိုင်ငံ ရနောင်းမြို့သို့ နေ့ချင်းပြန်(သို့) ညအိပ် ခရီးစဉ်များ အလွယ်တကူ သွားလာနိုင်သည်။ *** ထိုင်းတွင် 28Dec မှ 6Jan အထိ ပီမိုင်နှစ်သစ်ကူးပွဲတော် ကျင်းပနေသဖြင့် ကုန်ပစ္စည်း Discount အများဆုံး ချတဲ့အချိန်ဖြစ်တဲ့အတွက် Shopping 🛒🛍️ထွက်ရန် အကောင်းဆုံးအချိန်***
ရနောင်းကိုနေ့ချင်းပြန်သွားလာသူများသည် ဘတ် 2000 ခန့် ကုန်ကျနိုင်ပြီး တစ်ညအိပ်သူများသည် ဘတ်3000ခန့် ကုန်ကျနိုင်သည်။
ကျွန်းပေါ်တွင် ညအိပ်ချင်သူ Local များအတွက်
ရွက်ဖျင်တဲဖြင့် အိပ်ပါက တစ်ညအိပ်နှစ်ရက်ခရီးကို 6500ဘတ် ခန့် ကျသင့်မည် ဖြစ်ပါတယ်။
ကျွန်းပေါ် Resort တွင် ဇိမ်ကျကျ အနားယူ အပန်းဖြေ ချင်သူများမှာ တစ်ညအိပ်နှစ်ရက်ခရီး တစ်ယောက်လျှင် $450 ခန့် ကျသင့်မည် ဖြစ်ပါတယ်။
ကျွန်းပေါ် ညအိပ်ခရီးစဉ်တိုင်းသည် တည်းခိုသည့် ကျွန်းပေါ် မူတည်ပြီး ကျွန်း 5 ကျွန်း(သို့)6 ကျွန်း ခန့် ပို့ဆောင်ပေးသည်။ ရေပေါ်ရေအောက် ဓါတ်ပုံအလှရိုက်ပေးသည်။ Marine Guide နှင့်အတူ ထူးထွေဆန်းပြားလှတဲ့ ရေအောက်အလှတွေ ကြည့်ရှုခံစားမည်။ လတ်ဆတ်ချိုမြတဲ့ ပင်လယ်စာတွေပါ၀င်တဲ့ နေ့လည်စာ၊ ညစာ များပါ၀င်မည်။ Group Tour တွေအတွက် BBQ ပါတီ၊ Pool Party စီစဉ်ပေးမည်။
ကလေးဈေးမှာ 5နှစ်-12နှစ်အထိသည် ခရီးစဉ်၏ 50% ဖြစ်ပါသည်။
ကားဈေးမှာ တစ်နေ့လုံးငှားလျှင် 100000ခန့်/ နေ့တစ်၀က်ဆိုလျှင် 50000ခန့် ပေးပြီး ငှားရမ်းနိုင်ပါသည်။
အထက်ပါ Review လေးအား ဖတ်ရှုပြီး ဖြစ်တွင်းဖြစ် ပြည်တွင်းခရီးစဉ်များ အားပေးနိုင်ကြပါစေ။
🌟🌟🌟🌟🌟🙏🙏🙏🙏❤️❤️❤️
ပိုမိုသိရှိချင်သည့် Information များရှိရင်လည်း မဲမဲသည်းသည်းငပိသံဝဲဝဲနှင့် ရှင်းပြမည့် မင်မင်ရဲ့ဖုန်း 094222137120/ 09776275630
မင်မင်ရဲ့ ဖုန်းမအားတာမျိုးရှိရင်လည်း ခန့်ချောတဲ့အူးရဲ့ဖုန်း 09259916638 ကို ဆက်သွယ်ပေးပါရှင့်။
Travel with Mergui Paradise,,,,👌
#ရနောင်း #ကော့သောင်း #မြိတ်