10/06/2020
Hells Angels
…………………………………………………
ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး …
အကြမ်းဆုံး …
အင်းအားအကြီးဆုံး …
စည်းလုံးညီညွတ်ဆုံး …
ရှေးအကျဆုံး MC တစ်ခုဆိုရင်လည်း မမှားပါဘူး …
ဘယ်လောက်တောင်ကြမ်းလည်းဆိုရင် 2018 မှာ ကမ္ဘာမှာ ပထမဆုံး နယ်သာလန် နိုင်ငံ က သူတို့ကို Ban ခဲ့ပါတယ် …
သူတို့နိုင်ငံထဲကို လုံးဝပေးမဝင်ပါဘူး…
အမေရိကန်ကလည်း သူတို့ကို တရားဥပဒေ အပြင်ဖက် က ဆိုင်ကယ်အဖွဲ့လို့ သတ်မှတ်ခဲ့ပါတယ် …
ဘာလို့လဲ … ?
သူတို့ဘာတွေလုပ်ခဲ့လို့လဲ … ?
………………………………
Hells Angels MC ကို 1948 March 17 မှာစတင်ဖွဲ့စည်းခဲ့တယ် …
(ဒုတိယ ကမ္ဘာစစ်ပြီးပြီးတော့ နှစ်နှစ်အကြာ)
အားလုံးသိတဲ့အတိုင်းပဲ ဒုတိယကမ္ဘာစစ်အတွင်း သယ်ယူပို့ဆောင်ရေးအဆင်ပြေစေဖို့ ဆိုင်ကယ်တော်တော်များများကို ထုတ်လုပ်ကြတယ် …
စစ်ကြီးပြီးဆုံးသွားတဲ့အချိန်မှာ ဆိုင်ကယ်တွေများစွာကျန်ရှိနေခဲ့တယ် …
အဲ့ကနေပြီးတော့ motorcycle clubs တွေများစွာပေါ်ပေါက်လာခဲ့တယ် …
ရှေးကျတဲ့ MC တွေကြည့်မယ်ဆိုရင် အများစုက ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးမှ ဖွဲ့စည်းခဲ့တာကိုတွေ့ရမှာပါ …
အဲ့လိုပဲ Hells Angels ကို အမေရိကန်စစ်ပြန်တွေကနေ California မှာစတင်ဖွဲ့စည်းခဲ့ပါတယ် …
သူတို့သုံးခဲ့တဲ့ တိုက်လေယာဉ် နာမည် Hells Angels ကို အစွဲပြုပြီးတော့ MC ကိုလည်း အဲ့ နာမည်ပေးခဲ့ပါတယ်
စ,စချင်းမှာတော့ အဖွဲဝင်ရေအတွက်က နည်းပါတယ် …
တစ်ဖြေးဖြေးနဲ့ သူတို့ MC အမေရိကန်အနှံ့ဆိုင်ကယ်စီးပြီးတော့ ခရီးထွက်ရင်းနဲ့ သူတို့အဖွဲ့ထဲဝင်ချင်တဲ့ member တွေရှိလာပါတယ် …
ဒီလိုနဲ့ 1953 မှာ San Francisco မြို့အတွက်ပါ ခေါင်းဆောင်တစ်ယောက်ထားပြီး Hells Angels အဖွဲ့ခွဲစည်းခဲ့ပါတယ်…
နောက်ပိုင်းအမေရိကန်အနှံ့မှာ အဖွဲ့ဝင်ချင်တဲ့သူတွေ များတဲ့အတွက်ကြောင့် ပြည်နယ်တွေမှာ ဌာနခွဲတွေ ဖွဲ့စေပြီးတော့ ခေါင်းဆောင်တွေကို အုပ်ချုပ်စေပါတယ် …
1960 အချိန်မှာတော့ အမေရိကန်ပြည်နယ်တော်တော်များများမှာ သူတို့အဖွဲ့ခွဲတွေရှိလာပြီးတော့ အဖွဲ့ဝင်အရေအတွက်ကလည်း တော်တော်ကို များလာခဲ့ပါတယ် …
2015 မှတ်တမ်းအရ ကမ္ဘာတစ်ဝန်းမှာ
အဖွဲ့ဝင် (2700) ကျော်ရှိတယ်လို့ ဖော်ပြထားတယ် …
Hells Angels က တစ်ဖြည်းဖြည်းအင်အားကြီးမားလာတာနဲ့အမျှ ပြသနာတွေကလည်း ပိုများလာပါတယ်…
1960 လောက်ကတည်းကဖြစ်လိုက်တဲ့ ပြသနာတွေက ယနေ့အချိန်ထိရှိတုန်းပါပဲ …
အဖွဲ့ကို တည်ထောင်တဲ့သူတွေကလည်း အမေရိကန်စစ်ပြန်တွေပီပီ မကြောက်မရွံ နဲ့ဒုစရိုက် လုပ်ငန်းတွေလုပ်ဆောင်ခဲ့ပါတယ် …
မူးယစ်မှောင်ခိုလုပ်ငန်း၊ ခြိမ်းချောက်လုယက်မှုတွေ၊ လိင်ကိစ္စ ပြည့်တန်ဆာ လုပ်ငန်းတွေ မှာ Hells Angels အဖွဲ့သားတွေက နာမည်ကြီးခဲ့ပါတယ် …
Motorcycle clubs ရန်ပွဲတွေမှာလည်း နာမည်ကြီးတဲ့အဖွဲ့ဖြစ်ပါတယ် …
Hells Angels ရဲ့ အဓိက ရန်ဖက်ကတော့ Mongols MC ဖြစ်ပါတယ်…
ရန်ပွဲတွေဖြစ်တိုင်း လူတွေသေဆုံးရသည်အထိဖြစ်ခဲ့ပါတယ် …
Mongols တွေကလည်း အမေရိကန်အခြေစိုက် MC တစ်ခုဖြစ်ပြီးတော့ အင်းအားကြီး MC တစ်ခုလည်းဖြစ်ပါတယ်…
အချို့ရန်ပွဲတွေမှာဆိုရင် သေနတ်တွေနဲ့ ပစ်ခတ်ကြရင်း အမြောက်အများသေဆုံးကြပါတယ်…
Hells Angels တစ်ချို့က မကောင်းမှုဒုစရိုက်လုပ်ငန်းတွေမှာလည်း
ပါဝင်ပတ်သက်ကြပါတယ်…
မူးယစ်ဆေးတွေသုံးစွဲရောင်းဝယ် ဖောက်ကားကြပါတယ် …
တစ်နိုင်ငံနဲ့တစ်နိုင်ငံ မူးယစ်မှောင်ခိုတင်သွင်းကြပါတယ် …
အဲ့ချက်ကြောင့်ပဲ နယ်သာလန် နိုင်ငံက Hells Angels အဖွဲ့ကို နိုင်ငံအတွင်းဝင်ရောက်မှုကို လုံးဝပိတ်ဆို့ခဲ့ပါတယ် …
နောက်တစ်ချက်က သေနတ်တွေကို တရားမဝင်ရောင်းဝယ်ကြပါတယ် …
ထိုအချက်တွေကြောင့် အမေရိကန် အစိုးရအဖွဲ့က သူတို့ကို အမြဲတမ်းစောင့်ကြည့်နေခဲ့ရပါတယ် …
သူတို့ကို တွေ့ရင် စစ်ဆေးတယ် ဘာမှမရှိရင် အေးဆေးပါပဲ …
တွေ့တိုင်းအားအားယားယား ထောင်ထဲထည့်တာမဟုတ်ပါဘူး …
စစ်ဆေးတယ် မတွေ့ရင် အေးဆေးပါပဲ …
1948 က စလို့အခုအချိန်ထိ
လူအတော်များများဟာ သူတို့ Logo တွေ့ရင် ကြောက်ရတယ်…
တစ်ခြားMC တွေကလည်းလေးစားကြရပါတယ်…
1969 Rock music ပွဲမှာ Hells Angels ကို လုံခြုံရေးငှားရတယ်…
Rock free show ဆို အားလုံးသိတဲ့အတိုင်းပဲ အရမ်းထိန်းရခက်တယ်…
ရန်ပွဲတွေများတယ်…
လာဖျော်ဖြေတာကလည်း Rolling Stone အဖွဲ့၊ထိန်းသိမ်းဖို့အတွက် အမေရိကန်မှာလူတိုင်းကြောက်ရတဲ့
Hells Angels တွေကို လူဆိုးထိန်း ငှားလိုက်တယ် …
အဖွဲ့ဝင်တိုင်းက ဒုစရိုက်လုပ်နေတာတော့မဟုတ်ပါဘူး …
သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကိုက ဆိုင်ကယ်စီးရင်းနဲ့ မိတ်ဆွေရှာဖို့ဖြစ်ပါတယ် …
Trust,Respect,brotherhood,Loyalityဆိုတဲ့အတိုင်း
ကိုယ့်ရဲ့နယ်မှာရှိတဲ့ ခေါင်းဆောင် president ကို လေးစားကြရတယ် …
အချင်းချင်းစည်းလုံးမှု၊လေးစားမှု၊ယုံကြည်မှုတွေနဲ့
တည်ဆောက်ထားတဲ့အဖွဲ့ဖြစ်တယ် …
1970 ကစလို့ အခုချိန်ထိ လူငယ်ပိုင်း ဆိုင်ကယ်စီးသူတိုင်းက Hells Angels အဖွဲ့ထဲကိုဝင်ချင်ကြတယ် …
1970 လောက်က သူတို့ရဲ့ Style က လူငယ်တွေကို တော်တော်လွမ်းမိုးထားတယ်…
ဆိုင်ကယ်အကြီးကြီးတွေ၊မုတ်ဆိတ်မွေးတွေ၊
Tattoo တွေ၊လယ်သာ အင်္ကျီတွေဟာ လူငယ်တွေရဲ့ အိမ်မက်ဖြစ်ခဲ့ကြတယ်…
ဒါပေမယ့်လည်း ဆိုင်ကယ်ရှိယုံနဲ့ အဖွဲ့ထဲ ဝင်လို့မရပါဘူး…
အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ member ဖြစ်ပါတယ် …
ထိပ်ဆုံးအနေနဲ့ အင်ဂျင်ပါဝါ 750 cc နဲ့အထက် ဆိုင်ကယ်ရှိရပါမယ် …
သူတို့အခုသတ်မှတ်ထားတာတော့
Harley Davidson (or) Gold Wing ရှိရပါမယ် …
ပြီးရင် လူကိုအကဲခတ်ပါတယ် …
ပြီးတော့ …
သူတို့နဲ့တူတူဆိုင်ကယ်လိုက်စီးရပါတယ် …
အချိန်ဘယ်လောက်လဲဆိုတာတော့ အတိအကျမပြောပါဘူး …
Hells Angels မှာရှိတဲ့ members တွေ တစ်နှစ်အတွင်း ခရီးထွက်တဲ့ kilo(20000) ကျော်ရှိပါတယ် …
တစ်ခြားအဖွဲ့ဝင်တွေကို တစ်ခြားမြို့တွေမှာ သွားတွေ့ရင် လိုက်သွားရပါတယ် …
ဒီလိုလိုက်စီးကြည့်ပြီးမှ ကြိုက်တယ်ဆိုရင် စောင့်ကြည့် အနေနဲ့ ၁/၂နှစ်စောင့်ကြည့်ပါတယ်…
အတူတူတော့ ဆိုင်ကယ်လိုက်စီးလို့ရပြီ
ဒါပေမယ့် full member တော့မဟုတ်သေးဘူး…
နောက်ဆုံးအနေနဲ့မှ member မှာရှိတဲ့သူတွေ
Vote ပေးပြီးတော့ ဒီကောင့်ကို လက်ခံမလား လက်မခံဘူးလားဆုံးဖြတ်တယ် …
စောင့်ကြည့်အဆင့်မှာပေးထားတဲ့ အင်္ကျီမှာ အလယ်က အရိုးခေါင်းပုံ မပါသေးဘူး …
ကျန်တာတော့ပါတယ်…
full member ဖြစ်သွားမှ Dead head logo ပေးတာ…
လွယ်လွယ်နဲ့တော့ member ဖြစ်လာတာမဟုတ်ဘူး …
ပြီးတော့ …
ခေါင်းဆောင်က မထုတ်မချင်း
forever hells angels member ပဲ …
ရုံးခွဲတိုင်းမှာ ခေါင်းဆောင်ရှိတယ်…
ခေါင်းဆောင်ကပဲ အားလုံးညွှန်ကြားတယ် …
member တွေထဲမှာလူတန်းစားအမျိုးမျိုးပါတယ် …
ဆရာဝန်တွေ၊စာရေးဆရာတွေ၊ရှေ့နေတွေ၊
ဆိုင်ကယ်ပြင်တဲ့သူတွေ၊ကျောင်းသာတွေ၊စစ်သားတွေ၊
company ဝန်ထမ်းတွေ အစုံပါပဲ …
Member အားလုံးက လူဆိုးတွေမဟုတ်ပါဘူး…
အားတဲ့အချိန်မှာ ဆိုင်ကယ်ထွက်စီးတယ်၊နိုင်ငံအနှံအပြားက မိတ်ဆွေတွေ တွေ့ဆုံကြတယ်…
Hells Angels ဆိုတဲ့ နောက်ကွယ်မှာ သာမာန်လူတွေမတွေ့နိုင်တဲ့ Brotherhood, Respect , love , Loyality ,Trust စ,တာတွေနဲ့ ဖွဲ့စည်းထားပါတယ်…
နောက်တစ်ချက်အနေနဲ့ သူတို့ရဲ့ Brand ကို အရမ်းတန်ဖိုးထားတယ်…
သူတို့ကနာမည်ရလာတော့ သူတို့ရဲ့ Logo တွေ နာမည်တွေကိုယူသုံးလာကြတယ်…
Wild Hogs ဆိုတဲ့ရုပ်ရှင်မှာ
သူတို့နာမည် logo တွေ သုံးလို့ ရုပ်ရှင် company
disney ကို တရားစွဲတယ်…
(Wild Hogs က ဆိုင်ကယ် Gang တွေ အကြောင်းရိုက်ထားတဲ့ရုပ်ရှင် တော်တော်မိုက်တဲ့ကား)
Motorcycle racing Game company တွေကလည်း သူတို့ဇာတ်ကောင်တွေကို Hells Angels က နာမည်တွေ Logo တွေယူသုံးတော့ သူတို့ကတရားစွဲ
Fashion show တွေမှာလည်း သူတို့ရဲ့ Dead head logo ကိုယူသုံးလို့ အရေးယူခဲ့ပါသေးတယ် …
နောက်ပိုင်းမှာ သူတို့နာမည်နဲ့ logo ကို မူပိုင်ခွင့်ပေးလိုက်တယ်
ဘယ်သူမှသုံးလို့မရတော့ဘူး …
Hells Angels
ခုနောက်ပိုင်း တော်တော်ပြောင်းလဲလာပါပြီ…
အရင်က Hells Angels လို မဟုတ်တော့ပါဘူး…
ဒုစရိုက်မှုတွေလည်း မရှိသလောက်နည်းလာပါတယ်…
Members တွေကိုလည်း ပြန်လည်စီစစ်ပြီးတော့ အုပ်ချုပ်ပုံကိုလည်းပြောင်းလဲခဲ့ပါတယ်…
လူမှုရေးလုပ်ငန်းတွေ ပရဟိတအလုပ်တွေမှာလည်း ပါဝင်ကူညီလာပါတယ်…
အခုချိန်မှာဆိုရင်
နိုင်ငံတော်တော်များများမှာ Hells Angles Fans ပရိသတ်တွေရှိလာပါတယ်…
မြို့တွေပတ်မောင်းရင်လည်းကြိုဆိုကြပါတယ်…
(1948 )က စတင်လိုက်တဲ့ Hells Angles က
ယခု (2020) ဆိုရင်72 နှစ်ရှိခဲ့ပါပြီ…
အခုဆိုရင် generation နှစ်ဆက်ဖြစ်သွားပါပြီ…
အဖေတွေစီးခဲ့တယ် …
အခုသားတွေစီးနေကြတယ်…
နောင်ရော …
ဘယ်ချိန်ထိ Hells Angels နာမည်နဲ့ဆိုင်ကယ် စီးနေကြအုန်းမလဲ … စိတ်ဝင်စားစရာပါပဲ …
Hells Angels နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေအများကြီကျန်ပါသေးတယ် … !
…