Royal Shwe Hinn Thar Travels & Tours

Royal Shwe Hinn Thar Travels & Tours ကျိုက်ထီးရိုး / ချောင်းသာ / ငွေဆောင်

💦 မဟာသင်္ကြန်ပွဲတော်မှာ💦🍂🌊 ချောင်းသာ သွားမယ်ဆိုတဲ့ ချစ်တို့အတွက် 🤩 ကားလက်မှတ်နဲ့ အခန်းပက်ကေ့ခ်ျလေးတွေ🙏 ကြိုတင်ရောင်းချပေ...
07/03/2024

💦 မဟာသင်္ကြန်ပွဲတော်မှာ💦🍂
🌊 ချောင်းသာ သွားမယ်ဆိုတဲ့ ချစ်တို့အတွက်
🤩 ကားလက်မှတ်နဲ့ အခန်းပက်ကေ့ခ်ျလေးတွေ
🙏 ကြိုတင်ရောင်းချပေးနေပါပြီခင်ဗျာ 😍

🏨 Alliance Hotel Package
👉 April 13 ရက်နေ့ အသွား
👉 April 14 ရက်နေ့ အပြန်

👉 April 15 ရက်နေ့ အသွား
👉 April 17 ရက်နေ့ အပြန်

♦️နှစ်ညအိပ် သုံးရက်ခရီးစဉ်♦️

✅ ကားခ အသွား အပြန်
✅ ဟိုတယ် ၂ ညတည်း
✅ မနက်စာ ဘူဖေး ၂နပ်

🤩 တစ်ဦးလျှင် (120000) Ks

April (13,14,15,16) ကားခသီးသန့်
အသွား အပြန် တစ်ဦးလျှင် (45000) Ks

အခန်းအရေအတွက်နဲ့ ကားလက်မှတ်လေးတွေ
အကန့်အသတ်နဲ့ ရောင်းချပေးနေတာမို့
လက်မှတ်လေးတွေ ဝယ်ယူမယ်ဆိုရင်
☎️ 09 400 14 88 33 ကို ဆက်သွယ်နိုင်ပါပြီခင်ဗျာ

ဇာတ်မင်းသားလေး သိန်းဇော်တို့နာမည်ကြီးခဲ့တဲ့ ခေတ်တုန်းက မန္တလေး မြောက်ပြင်က ကားဘော်ဒီထုကြ ဆေးသုတ်ကြတဲ့ ဆိုင်တွေဖက်မှာ တစ်...
02/03/2024

ဇာတ်မင်းသားလေး သိန်းဇော်တို့
နာမည်ကြီးခဲ့တဲ့ ခေတ်တုန်းက မန္တလေး မြောက်ပြင်က
ကားဘော်ဒီထုကြ ဆေးသုတ်ကြတဲ့ ဆိုင်တွေဖက်မှာ
တစ်ရက် သူတို့ ဇာတ်လာ က တယ်။

ဇာတ် က နေတုန်းမှာ မန္တလေးသိန်းဇော်နဲ့
သူ့ညီတို့ ဇာတ်စင်ပေါ်မှာ က,နေရင်း
ပြောကြ ဆိုကြရာက သူညီက ပြောတယ်။

"အစ်ကိုက နာမည်ကြီးတဲ့သူ ဖြစ်နေလို့
ပရိတ်သတ် ရှိတာပါ" တဲ့ ။

"တကယ်တော့ ကျွန်တော်က
အက ပိုကောင်းပါတယ်" တဲ့ ။

ပန်ထျာကျောင်းမှာ တုန်းကဆို သူဘယ်လို
အက ဆုတွေ ဘာတွေ ရခဲ့တာတွေ ပြောတယ်။

သိန်းဇော်ကလည်း
သူ့အကကောင်းလို့ ပရိတ်သတ်ရှိတာ
ပရိတ်သတ် အားပေးတာ
မင်းသား'က' သူကြိုးစား ကနိုင်လို့
ဘာညာ ပြောကြ ငြင်းကြတယ်ပေါ့လေ။

ဒီလိုနဲ့ သူတို့က ဒီလိုဆို
ဒို့နှစ်ယောက် ပြိုင်က မလားပေါ့။ ဟန်နဲ့

နောက်တစ်ယောက်ကလည်း
စိန်လိုက်လေ ပြိုင်က,ကြမယ်ပေါ့။

ဘယ်သူ ပိုကောင်းသလဲဆိုတာ
ဘယ်လို ဆုံးဖြတ်ကြမလဲဆိုတော့။

တစ်ယောက်က ဒီလိုလုပ်ဆိုပြီး
ဇာတ်စင်ပေါ်ကနေ အလယ်မှာ ရပ်ပြီး
လက်ကလေးနဲ့ တစ်ဝက်တိတိနေရာမှာ ပိုင်းလိုက်တယ်။

ဒီဖက်ခြမ်းက ကျွန်တော့်ပရိတ်သတ်
ကျန်တစ်ဖက်ခြမ်းက အစ်ကို့ပရိတ်သတ် ဘာညာပေါ့။

ဒီလိုလုပ်ကြမယ် တစ်ယောက်တစ်လှည့်စီ က,ကြမယ်၊
အစ်ကို က, ပြီးလို့ ဒီဖက်က အားပေးကြတဲ့ လက်ခုတ်သံနဲ့
ကျွန်တော် က ,ပြီးလို့ ကျန်တဲ့ ဖက်က လက်ခုတ်သံ
ပြိုင်မယ်ဆိုပြီး က, ကြတယ်။

ဒီလိုနဲ့ တစ်ဖက်က ကလိုက် သူ့ပရိတ်သတ်ကို
အားပေးဖို့ပြောလိုက် လက်ခုတ်တီးလိုက်ကြ

နောက်တစ်ဖက်က ကလိုက်
ကျန်တဲ့ဖက်က သူတွေကို ပိုကျယ်အောင်
လက်ခုတ်တီးခိုင်းလိုက် လုပ်ပြီး ပြိုင်ကြတယ်တဲ့ ။

__________________________________________

( အဲဒီအကြောင်းကို ပြောပြတာက မန္တလေးမှာ
UD မီးစက်နဲ့ နာမည် စကြီးခဲ့တဲ့ မန္တလေးက
လုပ်ငန်းရှင်ကြီး UD ဦးခင်မောင်ဝင်း
UD Khin Maung Win က ပြောပြတာပါ။ )

စိတ်ဝင်စားစရာကောင်းတာက ဒီလိုနဲ့ က,ကြရင်း
ကိုယ့်ဖက် မဟုတ်တဲ့ သူက က,ရင်
ဘယ်လောက်ကောင်းကောင်း လက်ခုတ် မတီးကြတော့ဘူး တဲ့။

ဒီဖက်က က,ရင် ဟိုဖက်က လက်ခုတ် မတီးဘူး

ဟိုဖက်က က,ရင် ဒီဖက်က လက်ခုတ်မတီး ဖြစ်ပြီး

ကိုယ့်ဖက်က က,တာနဲ့
ကိုယ် အစွမ်းကုန် လက်ခုတ် တီးကြ တယ်တဲ့ ။

___________________________________________

သူ သုံးသပ်ပြတာက

ကိုယ့် မြန်မာလူမျိုးတွေများ ဘက်ခွဲရတာ လွယ်မှလွယ်

ဇာတ်စင်ပေါ်ကနေ လက်ကလေးနဲ့
ဒါ.. မင်းဖက် .. ဒါ.. ငါ့ဖက် လုပ်လိုက်တာနဲ့

၂-ဖက်

မိတ်ဆွေတွေ သူငယ်ချင်းတွေ အချင်းချင်း
သူ့ဖက် ကိုယ့်ဖက်နဲ့ဘဲ အားပေးကြတော့ တယ်တဲ့။

မြန်မာတွေက အဲ့လို ဘက်နဲ့ဘဲ နေချင်သတဲ့ ။

__________________________________________

စကားဝိုင်းက အခြားတစ်ယောက်က ဝင် ပြောတယ်။

ရွာမှာ ရွာဦးကျောင်း ၂-ကျောင်း ရှိခဲ့ရင် ၂-စု
ဒီဖက် ဘုန်းကြီး ရွာသားအုပ်စုနဲ့
ဟိုဖက် ဘုန်းကြီး ရွာသားအုပ်စု ရှိကြတယ်။

၂-ကျောင်းက မတည့်တာ များတယ်။

ရွာတောင်ခြမ်း.. မြောက်ခြမ်း တည့်ဖို့
တောင်ရွာ မြောက်ရွာ မတည့်ဖို့ ချနေဖို့ လိုတယ်တဲ့။

ရွာ၂-ရွာ ပြိုင်နေမှ မတည့်မှ
ရွာသားတွေ စည်းလုံး တယ်တဲ့။

ဒီလိုဘဲ

တောင်ရွာ မြောက်ရွာ တည့်ဖို့ အခြား မြို့နယ်နဲ့ ပြိုင်မှ
သူတို့ချင်း ပြန်တည့် သတဲ့ ။

ဒါကြောင့် ..
မြန်မာလူမျိုးတွေဟာ ဘက်နဲ့ နေချင်ကြတယ်။

သူရဲကောင်းကို မက်တယ်။ အားကိုးတယ်။
ယှဉ်ပြိုင်မှုကို ခုံမင်တယ် လို့ စကားဝိုင်းမှာ သုံးသပ်မိကြ ပြောဆို မိကြတယ်။

ဘာရယ်လို့ မဟုတ်ပါဘူး ..

ကိုယ်တွေလူမျိုးကို အထာသိ သူတိုင်းက
ကိုယ်လူမျိုးကို အချဉ်ကြီးလို့ အပိုင် သဘောထားပြီး
လိုသလို .. လိုတဲ့သူကို သွေးခွဲလိုက်ကြတိုင်း
အလိုတူ အလိုပါ နဲ့ လွယ်လွယ်လေးပဲ ။

သွေးခွဲကြ.. အချင်းချင်းချကြ ..ဘက်တွေ နဲ့ ဆော်ကြ
ကွဲကြ ပြဲကြတွေ .. တွေ့နေလို့ပါ။

UD ကြီးပြောသလို

[ လေထဲမှာ လက်ကလေးနဲ့တောင် ဘက်ခွဲလို့ ရတဲ့
လူမျိုးဆိုတာလေး သတိရမိ လို့ပါ။ ]



ဘက်ခွဲခံလို့
ဘက်ကွဲနေသမျှတော့
ပျက်စီးနေကြ ဦးမှာပါပဲ..

🌊 Ngwe Saung Beach 🏖️
01/03/2024

🌊 Ngwe Saung Beach 🏖️

ဧရာဝတီတိုင်းရဲ့အလှတစ်ပါး ကျောက်ကလပ်ကမ်းခြေ 🍀ဧရာဝတီတိုင်းဒေသကြီးထဲကအလှတစ်ပါး ဖြစ်တဲ့ ကျောက်ကလပ်ကမ်းခြေ🐳🍀ကျောက်ကလပ် တည်ရှိ...
22/02/2024

ဧရာဝတီတိုင်းရဲ့အလှတစ်ပါး
ကျောက်ကလပ်ကမ်းခြေ 🍀

ဧရာဝတီတိုင်းဒေသကြီးထဲကအလှတစ်ပါး ဖြစ်တဲ့ ကျောက်ကလပ်ကမ်းခြေ🐳

🍀ကျောက်ကလပ် တည်ရှိရာနေရာကဧရာဝတီတိုင်း ၊ငပုတောမြို့နယ်မော်တင်တင်စွန်းနဲ့မျက်နှာချင်းဆိုင်ထိပ်စွန်းခေါ်တဲ့ အရပ်ဒေသ တောင်ဘက်အစွန်းလေးမှာပါ

🍀သူ့အနီးဝန်းကျင်မှာ
ပြင်ခရိုင်၊ဒီးဒူးကုန်း၊ချောင်းဝ၊သက္ကယ်သောင်၊ဘုန်းတော်ပြည့်၊အုတ်တွင်းဆိုတဲ့ရွာကလေးများတည်ရှိပါတယ်ဘင်္ဂလားပင်လယ် အစဟိုင်းကြီးကျွန်းအနီး မြန်မာနိုင်ငံအတွင်းတည်ရှိသောသဘာဝအလှတရားများ🏞️

post from Popular Paoh Stars
📷-kokwaikar(လမ်းညွှန်)

မင်္ဂလာ ညချမ်းလေးပါ 🙏🙏🙏
16/02/2024

မင်္ဂလာ ညချမ်းလေးပါ 🙏🙏🙏

အထက်မှာ ကောင်းမှုလုံအလယ်မှာ ရွှေစည်းခုံအောက်မှာ ရွှေတိဂုံစေတီတော်များကို ဖူးမြော်ကြည်ညိုကြပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါ...
13/02/2024

အထက်မှာ ကောင်းမှုလုံ
အလယ်မှာ ရွှေစည်းခုံ
အောက်မှာ ရွှေတိဂုံ
စေတီတော်များကို ဖူးမြော်ကြည်ညိုကြပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

သမိုင်းဝင် ကောင်းမှုလုံ စေတီတော်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊
ကောင်းမှုလုံကျေးရွာအနီး၊
မလိခမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားပါတယ်။
Credit: Myint Swe Mahar

ပုဂံ ရွှေစည်းခုံ စေတီတော်
🙏🙏🙏🙏🙏🙏🙏🙏

ရွှေစည်းခုံစေတီတော်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင်တည်ထားပါတယ်။
Credit: Wiki

လေးဆူဓာတ်ပုံ ရွှေတိဂုံ​ စေတီတော်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ရွှေတိဂုံ​ စေတီတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ တည်ထားပါတယ်။

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔

ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိ၀ဎ်ဍနော။ဧဝမေ၀ ဇယော ဟောတု၊ဇယဿု ဇယမင်္ဂလေ။အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိ-ပုက္ခလေ။အဘိသကေ သ...
07/02/2024

ဇယန္တော ဗောဓိယာ မူလေ၊
သကျာနံ နန္ဒိ၀ဎ်ဍနော။
ဧဝမေ၀ ဇယော ဟောတု၊
ဇယဿု ဇယမင်္ဂလေ။

အပရာဇိတပလ္လင်္ကေ၊
သီသေ ပုထုဝိ-ပုက္ခလေ။
အဘိသကေ သဗ်ဗဗုဒ်ဓါနံ၊
အဂ္ဂပ္ပတ္တော ပမောဒတိ။

သုနက္ခတ္တံ သုမင်္ဂလံ၊
သုပ်ပဘာသံ သုဟုဋ်ဌိတံ။
သုခဏော သုမုဟုတ္တော စ၊
သုယိဋ္ဌံ ဗြဟ္မစာရိသု။

ပဒက္ခိဏံ ကာယကမ္မံ၊
၀ါစာကမမှံ ပဒကခှိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊
ပဏီဓိ တေ ပဒက္ခိဏေ။

ပဒက္ခိဏာနိ ကတွာန၊
လဘန္တတ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊
၀ိရုဠာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊
သဟ သဗဗှဟေိ ဥာတိဘိ။
🌼🍀🌼🍀🌼

မင်္ဂလာညချမ်းလေးပါ 😍မြန်မာ့ရိုးရာ "ပုသိမ်ထီး"
04/02/2024

မင်္ဂလာညချမ်းလေးပါ 😍
မြန်မာ့ရိုးရာ "ပုသိမ်ထီး"

ထားခဲ့ခံရမှ နာကျင်ရတာ မဟုတ်ပါဘူး 🥹ခရီးထွက်မယ်လုပ်ခါမှ ကားလက်မှတ်တွေမရတော့ရင်လဲနာကျင်ရပါတယ် 😪လက်မှတ်လာဝယ်သူတိုင်းကို ငြင်...
04/02/2024

ထားခဲ့ခံရမှ နာကျင်ရတာ မဟုတ်ပါဘူး 🥹

ခရီးထွက်မယ်လုပ်ခါမှ ကားလက်မှတ်တွေ
မရတော့ရင်လဲနာကျင်ရပါတယ် 😪

လက်မှတ်လာဝယ်သူတိုင်းကို ငြင်းလွှတ်ရတာလဲ
မင်မင့်အတွက် နာကျင်စရာကောင်းလှပါတယ် 🥺

ကဲ အဲ့တော့ ဘယ်သွားမလဲ 🤔 ဘယ်နေ့လေးလဲ❓
ကြိုက်တာရွေးလိုက်နော်‼️🫰

အသက်သာဆုံး Budget Package လေးတွေနဲ့အတူ
ခရီးထွက်မယ်ဆိုရင် 👉☎️ 09 400 14 88 33 ကို
ဆက်သွယ်နိုင်ပါပြီခင်ဗျာ

ဪ ဒါနဲ့ 🤔‼️

♦️February (10,11,12) ရက်နေ့လေးတွေမှာ
🙏 ကျိုက်ထီးရိုး ကားလက်မှတ် 👉 30000 Ks
🏖️ ချောင်းသာ ငွေဆောင် 👉 35000 Ks

ဖိုးဖိုးလေးဗီလာ ဘတ်ဂျတ်ပက်ကေ့ခ်ျလေး
အဲ့ရက်အတွက် ရသေးတယ်နော် 😍

 #မင်္ဂလာရှိသောသူ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!မင်္ဂလာဆိုတာ ဘယ်သူ့အတွက်လဲ?(၁) မင်္ဂလာဆိုတာ ဗာလနဲ့ လက်မတွဲသူအတွ...
04/02/2024

#မင်္ဂလာရှိသောသူ
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
မင်္ဂလာဆိုတာ ဘယ်သူ့အတွက်လဲ?

(၁) မင်္ဂလာဆိုတာ ဗာလနဲ့ လက်မတွဲသူအတွက်ဖြစ်တယ်။
(၂) မင်္ဂလာဆိုတာ ပဏ္ဍိတနဲ့ လက်တွဲသူအတွက်ဖြစ်တယ်။
(၃) မင်္ဂလာဆိုတာ မိဘဆရာကို ပူဇော်သူအတွက်ဖြစ်တယ်။
(၄) မင်္ဂလာဆိုတာ အဆင်ပြေတဲ့နေရာ နေသူအတွက်ဖြစ်တယ်။
(၅) မင်္ဂလာဆိုတာ ကုသိုလ်ရှင်အတွက် ဖြစ်တယ်။

(၆) မင်္ဂလာဆိုတာ စိတ်ထားမြတ်သူအတွက် ဖြစ်တယ်။
(၇) မင်္ဂလာဆိုတာ ဗဟုသုတကြွယ်ဝသူအတွက်ဖြစ်တယ်။
(၈) မင်္ဂလာဆိုတာ လက်မှုပညာတတ်သူအတွက်ဖြစ်တယ်။
(၉) မင်္ဂလာဆိုတာ လူ့ကျင့်ဝတ်လိုက်နာသူအတွက်ဖြစ်တယ်။
(၁၀) မင်္ဂလာဆိုတာ တန်ဘိုးရှိစကား ပြောတတ်သူ
အတွက် ဖြစ်တယ်။

(၁၁) မင်္ဂလာဆိုတာ မိဘကို ပြုစုသူအတွက် ဖြစ်သည်။
(၁၂) မင်္ဂလာဆိုတာ သားမယား တာဝန်ယူသူအတွက်ဖြစ်သည်။
(၁၃) မင်္ဂလာဆိုတာ တရားဝင်လုပ်ငန်း လုပ်သူအတွက်ဖြစ်သည်။
(၁၄) မင်္ဂလာဆိုတာ အလှူဒါန ပြုလုပ်သူအတွက်ဖြစ်သည်။
(၁၅) မင်္ဂလာဆိုတာ ကိုယ်ကျင့်တရားနှင့်အညီ
နေထိုင်သူအတွက် ဖြစ်သည်။

(၁၆) မင်္ဂလာဆိုတာ ဆွေမျိုးသားချင်းများကို
ကူညီတတ်သူအတွက် ဖြစ်သည်။

(၁၇) မင်္ဂလာဆိုတာ လူမှုရေးအလုပ် လုပ်သူအတွက်ဖြစ်သည်။

(၁၈) မင်္ဂလာဆိုတာ မကောင်းမှုမှ ရှောင်ကြဉ်သူ
အတွက် ဖြစ်သည်။

(၁၉) မင်္ဂလာဆိုဟာ မူးယစ်သောက်စားခြင်းမှ
ကင်းသူ အတွက် ဖြစ်သည်။
(၂ဝ) မင်္ဂလာဆိုတာ ကုသိုလ်တရား မမေ့သူအတွက်ဖြစ်သည်။

(၂၁) မင်္ဂလာဆိုတာ ရတနာသုံးပါး ဆရာမိဘများကို
လေးစားတတ်သူအတွက် ဖြစ်သည်။

(၂၂) မင်္ဂလာဆိုတာ မာန မကြီးသူအတွက် ဖြစ်သည်။
(၂၃) မင်္ဂလာဆိုတာ ရောင့်ရဲနိုင်သူအတွက် ဖြစ်သည်။
(၂၄) မင်္ဂလာဆိုတာ ကျေးဇူးသိတတ်သူအတွက်ဖြစ်သည်။
(၂၅) မင်္ဂလာဆိုတာ လိုအပ်တဲ့အချိန်မှာ တရားနာသူ
အတွက် ဖြစ်သည်။

(၂၆) မင်္ဂလာဆိုတာ သည်းခံစိတ်ရှိသူအတွက် ဖြစ်သည်။
(၂၇) မင်္ဂလာဆိုတာ ဆုံးမစကား တန်ဘိုးထား
လိုက်နာသူအတွက် ဖြစ်သည်။
(၂၈) မင်္ဂလာဆိုတာ စိတ်နှလုံးအေးချမ်းတဲ့ သမဏကို
တွေ့ဆုံသူအတွက် ဖြစ်သည်။
(၂၉) မင်္ဂလာဆိုတာ သင့်လျော်တဲ့အချိန်မှာ တရား
ဆွေးနွေးသူအတွက် ဖြစ်သည်။

(၃၀) မင်္ဂလာဆိုတာ ယုတ်ညံ့တဲ့စိတ်ကို ဖယ်ရှားနိုင်သူ
အတွက် ဖြစ်သည်။
(၃၁) မင်္ဂလာဆိုတာ မြင့်မြတ်သည့် အကျင့်ဖြင့်
နေထိုင်သူအတွက် ဖြစ်သည်။
(၃၂) မင်္ဂလာဆိုတာ အရိယသစ္စာကို သိသူအတွက်
ဖြစ်သည်။
(၃၃) မင်္ဂလာဆိုတာ နိဗ္ဗာန်ကို ကိုယ်တွေ့ သိမြင်
သူအတွက် ဖြစ်သည်။
(၃၄) မင်္ဂလာဆိုတာ လောကဓံကို ခံနိုင်သူအတွက်ဖြစ်သည်။
(၃၅) မင်္ဂလာဆိုတာ စိတ်သောက မရှိသူအတွက်ဖြစ်သည်။
(၃၆) မင်္ဂလာဆိုတာ စိတ်ရဲ့မြူမှုံ (ဗိုင်းရပ်စ်) ကင်းသူ
အတွက် ဖြစ်သည်။
(၃၇) မင်္ဂလာဆိုတာ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းသူ
အတွက် ဖြစ်သည်။

မင်္ဂလာမူဝါဒ ပြီး၏။

မှတ်ချက်။ ။ မာတာပိတုဥပဋ္ဌာနံ၌ အမိ နှင့် အဘတစ်ခုစီခွဲလျှင်
၃၈-ဖြာ မင်္ဂလာ။ တွဲလျှင်
၃၇-ဖြာ မင်္ဂလာဟု မှတ်ပါ။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#𝕆𝕟𝕝𝕚𝕟𝕖ဓမ္မစာလွှာများစာအုပ်မှ
#ℍ𝕥𝕦𝕟ℍ𝕥𝕦𝕟𝕎𝕚𝕟

🏖️ ငွေဆောင်ကမ်းခြေ 🫶🫰 ချစ်သူများကျွန်း ⛱️
31/01/2024

🏖️ ငွေဆောင်ကမ်းခြေ 🫶
🫰 ချစ်သူများကျွန်း ⛱️

အချိန်ရရင်ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားသွားဖူးကြရအောင်🍀ကျိုက်ထီးရိုးရင်ပြင်ကနေ ညနေခင်း ​ဆည်းဆာအလှကို ငေးမောရတာသဘောကျတယ်🍀ဒ...
31/01/2024

အချိန်ရရင်ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားသွားဖူးကြရအောင်🍀

ကျိုက်ထီးရိုးရင်ပြင်ကနေ ညနေခင်း ​ဆည်းဆာအလှကို ငေးမောရတာသဘောကျတယ်🍀

ဒီအချိန်ရောက်တာနဲ့ ဒီကိုပဲ အမြဲသွားချင်နေတယ် 🍀

ဘယ်နှစ်ကြိမ်ဖူးခဲ့ကြပြီလဲ🙏


Paingsoe Paingsoe(ဓာတ်ပုံ)

🍁ဆောင်းလရက်ရှည် ကုန်လွန်ခါနီးလေတော့ ပုဂံ ရဲ့  ဘုရားပုထိုးများ ဆီ ကွေ့ဝှိုက် သွားတဲ့ အညာလမ်းကလေးက ရွက်ဟောင်း တို့ မြေသို့...
31/01/2024

🍁ဆောင်းလရက်ရှည် ကုန်လွန်ခါနီးလေတော့ ပုဂံ ရဲ့ ဘုရားပုထိုးများ ဆီ ကွေ့ဝှိုက် သွားတဲ့ အညာလမ်းကလေးက ရွက်ဟောင်း တို့ မြေသို့ ခကာ လွမ်းမောဖွယ်ကောင်းလို့နေပါတယ်။✨🍁✨

🌻ပုဂံမြေရဲ့ အလှတွေကို အညာ မြေဆန်ဆန် လှည်းဘီးလေးစီးရင်း ခံစားကြည့်မယ်ဆိုရင် အရိဒ္ဓမာအိမ်မက်ဆန်ဆန် ခမ်းနားလွန်းလှမယ်ထင်ပါတယ်။💐💐

🌈မြေနီလမ်းလေးအနှံ့ လှည်းဘီးလေးနဲ့ အတူတူလျှောက်ရင်း လွမ်းမောဖွယ်နွေဦးဝင်စ ပုဂံအလှကိုခံစားကြည့်လိုက်ပါနော်။🌄🌄🌄

အမှတ်တရ‌လေးတွေ ဖန်တီးဖို့
ပုဂံ-ညောင်ဦး-ပုပ္ပါးခရီးစဥ်
ပုဂံခရီးစဥ်စတင်ထွက်မည့်ရက်

👉 9.02.2024(စထွက်)12.02.2024(ပြန်ရောက်)
😱 တစ်ဦးလျှင် 160000 Ks
(ဟိုတယ်တည်း+စားစရိတ်+တစ်ဆင့်သွားခ အပြီးအစီး)

ခရီးစဉ် Link 👇
https://m.facebook.com/story.php?story_fbid=122146943534064525&id=61551935777709&mibextid=Nif5oz

Photos -Crd

🏝ချောင်းသာ🌊 ချောင်းသာ 🌴🌴🌴🤔 ဘယ်လိုသွားချင်လဲ ❓💌 ကားလက်မှတ်သီးသန့်လား....⁉🏡 ဟိုတယ်ပက်ကေ့ချ်နဲ့လား.... ⁉ 💲 ကားခ အသွားအပြန်သ...
31/01/2024

🏝ချောင်းသာ🌊 ချောင်းသာ 🌴🌴🌴
🤔 ဘယ်လိုသွားချင်လဲ ❓
💌 ကားလက်မှတ်သီးသန့်လား....⁉
🏡 ဟိုတယ်ပက်ကေ့ချ်နဲ့လား.... ⁉

💲 ကားခ အသွားအပြန်သီးသန့် (၂၅၀၀၀) ကျပ်
🕔 နေ့စဥ် မနက် ၅နာရီကားထွက်ရှိပါတယ်

♦ ကားခ၊ ဟိုတယ်၊ မနက်စာအပါအဝင်
လူတစ်ဦးကို, ☝ တစ်ညအိပ် (၄၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၅၅၀၀၀) ကျပ်

👉 ကားလမ်းတဖက်ခြမ်း Alliance Hotel မှာ
အနားယူတည်းခိုရမှာပါခင်ဗျာ

♦️ February (10,11,12) ရုံးပိတ်ရက်
💲 ကားခ အသွားအပြန်သီးသန့် (၃၅၀၀၀)ကျပ်

လက်မှတ်ဝယ်ယူမယ်ဆိုရင်
☎ 09 400 14 88 33 ကို ဆက်သွယ်နိုင်ပါပြီခင်ဗျာ

🏔️ဟိမဝန္တာတောင်နားက ဘူတန်နိုင်ငံဆိုတာ ⛰️ဘူတန်နိုင်ငံတွင် အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီးတွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နို...
31/01/2024

🏔️ဟိမဝန္တာတောင်နားက ဘူတန်နိုင်ငံဆိုတာ ⛰️

ဘူတန်နိုင်ငံတွင်
အမျိုးသား ၃၀% လောက်ဟာ
ဘုန်းကြီးတွေဖြစ်ပြီး
၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ
အမှုတစ်မှုပဲရှိခဲ့ပါတယ်

အဲ့ဒီ အမှုကလည်း
ဘုန်းကြီးကျောင်းထဲကို
ဖိနပ်စီးပြီး ဝင်မိခြင်းပင်ဖြစ်သည်

ဘူတန်ဟာ
World Map Of Happiness
ကမ္ဘာ့ပျော်ရွှင်ခြင်းနိုင်ငံများမြေပုံမှာ
ပဉ္စမနေရာကိုယူခဲ့တယ်

ဘူတန်နိုင်ငံရဲ့
နယ်နိမိတ် အကျယ်အဝန်းဟာ
၄သောင်း ၇ထောငွ ကီလိုမီတာ
ပတ်လည်ပဲရှိတယ်

လူဦးရေပေါင်း
၆သိန်း ၇သောင်းကျော် ရှိပြီး
ဘူတန်လူမျိုး (၅ဝ%)
နီပေါလ်လူမျိုး (၃၅%)နဲ့
ကျန်လူမျိုး (၁၅%) ဖြစ်ကြတယ်

(၇၅%) က
ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး
(၂၅%)က ဟိန္ဒူဘာသာတွေဖြစ်တယ်

၁၉ဝ၇ ခုနှစ်မှာ
တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်ပြီး
မြို့တော်က Thimphu ဖြစ်တယ်

ဘူတန်နိုင်ငံရဲ့မြို့ကြီးမြို့ငယ်
လမ်းအသွယ်သွယ်မှာ
တောင်းရမ်းသူမရှိဘူး

လမ်းကျဉ်း လမ်းငယ်တွေမှာ
မိန်းမရွှင်မရှိဘူး

ဆေးသမားတွေ မရှိဘူး

တောင်ကြီးတောင်ငယ်
အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့နိုင်ငံမှာ
ခမ်းနားတဲ့ အဆောက်အအုံတွေကို
မမြင်နိုင်သလို စုတ်ပြတ်ပြီး
မိုးမလုံလေမလုံတဲ့
အိမ်ငယ်မျိုးလည်း မတွေ့ရဘူး

အရက်ဆိုင်မရှိဘူး

မြို့တော် Thimphu မှာ
နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့
အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်

ဘူတန်
ယောက်ျားမိန်းမအားလုံး
ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြတယ်

ယောက်ျားတွေက
(gol) လို့ခေါ်တဲ့ဒူးထိရှည်လျှား တဲ့
စကပ်သဏ္ဍာန် ဝတ်စုံတစ်ထည်ကို
ဝတ်ဆင်ကြပြီး
မိန်းမတွေက (kira) လို့ခေါ်တဲ့
ခြေမျက်စိထိဖုံးတဲ့
ဝတ်စုံ၃ထည်ကို ဝတ်ဆင်ကြတယ်

ဘူတန်က ကလေးလူကြီးမကျန်
ကုန်သည် ကျောင်းသား
လက်လုပ်လက်စားတွေကို
အင်တာဗျူးကြည့်တဲ့အခါ
သူတို့ဆီက တူညီတဲ့
စကားတစ်ခွန်းကို ကြားခဲ့ရတယ်

အဲဒီစကားက
ကျွန်တော်တို့ ကျေနပ်တယ်
ရောင့်ရဲတင်းတိမ်တယ်ဆိုတဲ့
စကားပဲဖြစ်တယ်

ရိုးရာဝတ်စုံနှင့် ဘူတန်ဘုရင်
Jigme Singye Wangchuck
ဆင်းရဲတဲ့တိုင်းပြည်ကို
အပျော်ရွှင်ဆုံး တိုင်းပြည်အဖြစ်
တည်ထောင်နိုင်ခဲ့သူကတော့
ဘူတန်ဘုရင် Jigme Singye Wangchuck ပဲ ဖြစ်ပါတယ်

Jigme Singye ဟာ
ခမည်းတော် သေဆုံးပြီးတဲ့နောက်
၁၇ နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့ပြီး
ကမ္ဘာ့အသက်အငယ်ဆုံး
ဘုရင်ဖြစ်ခဲ့တယ်

ဘုရင် Jigme ဟာ
အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ်
ရှစ်နှစ်သားမှာပဲ အိန္ဒိယကို
ပညာသင်ဖို့ ရောက်ခဲ့တယ်

(၁ဝ) နှစ်သားမှာ
အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး
၁၄နှစ်မှာသားမှာတော့
အောက်စဖို့ဒ် တက္ကသိုလ်ကို
တက်ရောက်ခဲ့တယ်

ဒီတိုင်းပြည်မှာ
လူတန်းစားမရွေး ပြည်သူတိုင်း
အခမဲ့ကျောင်းတက်ခွင့်
ဆေးကုသခွင့်ရှိတယ်

ဘူတန်မှာ
စာတတ်သူတွေက
တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး

နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ
၉၉%ဟာ ဘွဲ့ရပြီးနောက်
တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်

ဘူတန်
တစ်တိုင်းပြည်လုံး
ဆေးလိပ်မသောက်ရလို့
တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်

တစ်တိုင်းပြည်လုံးရဲ့
ဆေးလိပ်သောက်နှုန်းဟာ
၁% ပဲရှိခဲ့တယ်

ပလပ်စတစ်အိတ် သုံးစွဲ ခွင့်ကိုလည်း
ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်

ဘူတန်နိုင်ငံ
ပတ်ဝန်းကျင်မှာ ၇၂%က
သစ်တောတွေဖြစ်ပြီး
အာရှနိုင်ငံမှာ ပထမဆုံးသော
သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်
၂၆% ကိုပြည်သူတွေအပန်းဖြေတဲ့
ပန်းခြံအဖြစ် ထားရှိတယ်

ရေအားလျှပ်စစ်ကို အသုံးပြုပြီး
တစ်တိုင်းပြည်လုံး
၇၁% မီး အပြည့်အဝ ရရှိတဲ့
နိုင်ငံဖြစ်တယ်

သူတို့ လူမျိုးတွေကို
နိုင်ငံခြားသား အထူးသဖြင့်
ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့
အိမ်ထောင်ပြုခွင့် မပေးပါဘူး

ဘူတန် ဘုရင်ဟာ
၂၀ဝ၈ ခုနှစ် တုန်းကမှ
သူ့သဘော နဲ့သူ
သက်ဦး ဆံပိုင် ဘုရင်စနစ် ကနေ
စည်းမျဉ်းခံ ဘုရင် စနစ် ကို
ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်

စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး
ဘုရင်မှာ မိဖုရားတစ်ပါးသာ ရှိပါတယ်

ပုံပြင်ဆန်ဆန်
အချစ်ဇာတ်လမ်းလေးလည်း ရှိပါတယ်

အဲဒါကတော့
တစ်နေ့ ၁၇ နှစ်အရွယ်
အိမ်ရှေ့မင်းသားဟာ
တိုင်းခန်းလှည့်လည်တဲ့အခါမှာ
၇ နှစ်သမီးအရွယ်
မိန်းကလေးတစ်ယောက်က
သူ့ကိုခေါ်သွားဖို့ ပြောပါတယ်

အဲဒီအခါ
မင်းသားက
မင်းလည်း အရွယ်ရောက်လို့
အိမ်ထောင်မရှိတဲ့အခါ
ငါလည်း အိမ်ထောင် မပြုရသေးရင်
လာခေါ်မယ်လို့ ကတိပေးခဲ့ပါတယ်

နောင်တစ်ချိန်
မင်းသားက ၃၁ နှစ်
မိဖုရားက ၂၁ နှစ်အရွယ်မှာ
ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်

ကတိသစ္စာတည်သောအခါဝယ်
နွယ်မြစ်သစ်ပင် ဆေးဘက်ဝင်၏တဲ့
ဘူတန်လူမျိုးတွေဟာ
ကတိတည်ကြသလို
သစ္စာလည်းအရမ်းရှိကြတယ်
ကံငါးပါးလုံခြုံကြပြီးတော့
အသက်ရှည်ရှည်နေကြရတဲ့
လူမျိုးတွေဖြစ်ပါတယ်။

Credit ♥

မင်္ဂလာနံနက်ခင်းပါ 💛🙏🙏🙏
30/01/2024

မင်္ဂလာနံနက်ခင်းပါ 💛🙏🙏🙏

ပုပ္ပါးဌာနေ စကားဝါမြေ🍀ပုပ္ပါးရောက်တဲ့အခါပုပ္ပါးမြို့က အသီးတန်းကိုပါရောက်ခဲ့လား🍀  Popular Paoh Stars
30/01/2024

ပုပ္ပါးဌာနေ စကားဝါမြေ🍀

ပုပ္ပါးရောက်တဲ့အခါ
ပုပ္ပါးမြို့က အသီးတန်းကိုပါရောက်ခဲ့လား🍀

Popular Paoh Stars

ငါ့ကို မေ့လိုက်ပါ မိညိုရန်လုံနဲ့ တွဲနေတာ တွေ့ကတည်းကဟောဒီရင်ဘတ်ကြီးက ဆွေ့ဆွေ့ခုန်နေတာတော်သလင်းလက စတဲ့ ဇာတ်လမ်းပြာသိုလမှ လ...
30/01/2024

ငါ့ကို မေ့လိုက်ပါ မိညို

ရန်လုံနဲ့ တွဲနေတာ တွေ့ကတည်းက
ဟောဒီရင်ဘတ်ကြီးက ဆွေ့ဆွေ့ခုန်နေတာ
တော်သလင်းလက စတဲ့ ဇာတ်လမ်း
ပြာသိုလမှ လက်သည် လာမရှာနဲ့။

လူမဟုတ်ပေမယ့်
အပူရုပ်နဲ့ ခံစားတတ်တယ်
ကျောခိုင်းတတ်တယ်။

အနာဂတ်ဆိုတာ
ဓါတ်တိုင်အောက်
ဝပ်လျားမှောက်နေရုံနဲ့ မပြီးဘူး။
ရပ်တည်မှုတစ်ခုအတွက်
ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတယ်။

သူရှာပေးခဲ့တဲ့ အရိုးတစ်ကိုက်စာလောက်က
ငါ ရှာကျွေးခဲ့တဲ့ အသားတစ်မြုံကို
နင် ရင်မခုန်စေခဲ့တာ ငါရင်နာတယ်။
နင့်ကို စိတ်နာတယ် မိညို ။

ရှိပါစေတော့လေ
တို့နှစ်ကောင်က
ဂုံနီအိတ်ခြုံလည်း မနွေး
လုံချည်စုတ် ခြုံလည်း မထွေး တော့တဲ့နောက်
ခပ်ကောက်ကောက်လမ်းကို
ခပ်ဖြောင့်ဖြောင့် သွားကြတာပေါ့
နောက်ပြန် မကြည့်ကြေးလေ။

ဟိုးအရင်ကဆို
လမ်းတကာသွား တံတားအောက်အိပ်
ခြုံထဲမှာ ချော့သိပ်ရင်း
နင့်ကို ကြည့်တဲ့ တဏှာမျက်ဝန်းတွေကို
ငါ ရင်ဆိုင် ဖြိုခဲ့တာ
နင်လည်းအသိ ငါ အသိပါ မိညို ။

အခုတော့
ဘယ်ကရောက်လာ ဘယ်ဟာမှန်းမသိတဲ့
အကြံကုန်တဲ့ ရန်လုံနဲ့ တွဲ
ခုမြင် ခုကြိုက် ခုနောက်လိုက်ခဲ့တာ
ခွေးထက်မိုက်တဲ့ မိညို
နင့်ကို စိတ်နာတယ်။
တကယ် ! !
Crd
ပုံ 😁ဂုတ်ကျား
ချစ်ခြင်းမေတ္တာဖြင့်
Wîñkò Óo

*သတိလေးတော့ထားကြ*အနှိပ်ခန်း"မာဆတ်"ကိုဖမ်းတဲ့ အမှုစစ်နေတယ် ပထမဆုံးစစ်တာက ဖမ်းတဲ့ တရားလို နယ်ထိန်းထွက်ချက်ကိုပေါ့"အမည်"" ခ...
30/01/2024

*သတိလေးတော့ထားကြ*

အနှိပ်ခန်း"မာဆတ်"ကိုဖမ်းတဲ့ အမှုစစ်နေတယ်
ပထမဆုံးစစ်တာက ဖမ်းတဲ့ တရားလို
နယ်ထိန်းထွက်ချက်ကိုပေါ့

"အမည်"
" ခင်မောင်မြင့်ပါ"
"အဆင့်"
"ဒုရဲအုပ်ပါ"

အဲ့မှာစစ်နေတုန်း နောက်က
အဖမ်းခံရတဲ့ မိန်းကလေး တစုက
တီးတိုးတီးတိုးနဲ့

" ဟဲ့ကောင်မသဲစု အဲဒါ နင့်ဘဲ မဟုတ်လား"
လို့မေးတော့ "သဲစုက ...

"ဟုတ်ပါ့ ငါ့ကိုပြောတော့ သူ့နာမည်က
အာကာကျော်တဲ့ မသာလူလိမ်"

အဲ့ဒါကို အစစ်ခံရင်း ကြားတော့
တရားလို ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာကြီးနီလို့၊
အခြေအနေကို သဘောပေါက်တဲ့ တရားသူကြီးက

"အဟမ်း"လို့ ချောင်းဟန့်လိုက်တော့
နောက်က ကောင်မလေးတသိုက်ငြိမ်သွားတယ်၊
ခဏကြာတော့ ဥပဒေအရာရှိရောက်လာတယ်
ခေါင်းပေါင်းကိုမြန်မြန်ဝတ် အမှုစစ်မယ်လို့
တရားခွင်ထဲကိုလဲဝင်ရော....
နောက်က ကောင်မလေးတွေထဲက

"ဟဲ့ နိုနို အဲ့ဒါ နင့်ကိုကြီးမဟုတ်လား"
"ဟုတ်ပါ့ သူပဲ"

ဥပဒေအရာရှိက တရားခံကောင်မလေးတွေဘက်
လှမ်းကြည့်တော့ နိုနိုကိုတွေ့သွားတော့
ရှက်ကိုး ရှက်ကန်းဖြစ်သွားပြီး
တရားခံတွေဘက်ကို ကျောပေးပြီး အမှုစစ်နေတယ်

တရားလိုဘက်စစ်ပြီးလို့ စွဲချက်တင်သင့်မတင်သင့်
အမိန့်ချခါနီးကျတော့ တရားသူကြီးက

"တရားခံ လင်းလက်၊ ကြယ်စင်၊ အိမ့်ဖူး၊
နိုနို၊ သဲစု၊လမင်း ၊ ဟန်နီမေ၊မြတ်နိုး၊ဧကရီ ၊
ဆောင်းယွန်း ...သင်တို့မှာ
အပြစ်ရှိလား မရှိဘူးလား ဖြေပါ" လို့မေးလိုက်ရော
လင်းလက် ထဖြေတဲ့ စကားကြောင့်
တရားသူကြီး တရားခွင်က ဆင်းပြေးသွားတယ်၊

လင်းလက်ဖြေတာက....

"သမီးကို လင်းလက်လို့ မခေါ်ပါနဲ့
ဆိုင်မှာလာတုန်းကလို "သဲလေး"လို့ပဲခေါ်ပါ
သဲလေးမှာ လုံးဝ အပြစ်မရှိပါဘူး ကိုကြီး" ။
တဲ့😁😁😁

Crd #
#တာဇဲ
😁😁

(ဟာသအမြင်လေးးးးနဲ့ ဖတ်ပေးးဘာ 😁😁မရောက်ပုးးတော့ မသိတတ်ပုးးးးနော😁😁)

ပုဂံကို ချစ်သလို မင်းကိုလဲ ချစ်ပါတယ် 💛အမှတ်တရ‌လေးတွေ ဖန်တီးဖို့ပုဂံ-ညောင်ဦး-ပုပ္ပါးခရီးစဥ်ပုဂံခရီးစဥ်စတင်ထွက်မည့်ရက်👉 9...
30/01/2024

ပုဂံကို ချစ်သလို မင်းကိုလဲ ချစ်ပါတယ် 💛

အမှတ်တရ‌လေးတွေ ဖန်တီးဖို့
ပုဂံ-ညောင်ဦး-ပုပ္ပါးခရီးစဥ်
ပုဂံခရီးစဥ်စတင်ထွက်မည့်ရက်

👉 9.02.2024(စထွက်)12.02.2024(ပြန်ရောက်)
😱 တစ်ဦးလျှင် 160000 Ks
(ဟိုတယ်တည်း+စားစရိတ်+တစ်ဆင့်သွားခ အပြီးအစီး)

ခရီးစဉ် Link 👇
https://m.facebook.com/story.php?story_fbid=122146943534064525&id=61551935777709&mibextid=Nif5oz

Photos -Crd

🏝️ ငွေဆောင်ကမ်းခြေ ခရီးစဉ် 🕔 နေ့စဉ်မနက် ၅နာရီ ကားထွက်ရှိပါတယ်💲 ကားခ အသွား/အပြန်သီးသန့် 25000 ကျပ်♦️ February (10,11,12) ...
30/01/2024

🏝️ ငွေဆောင်ကမ်းခြေ ခရီးစဉ်
🕔 နေ့စဉ်မနက် ၅နာရီ ကားထွက်ရှိပါတယ်
💲 ကားခ အသွား/အပြန်သီးသန့် 25000 ကျပ်

♦️ February (10,11,12) ရုံးပိတ်ရက်
💲 ကားခ အသွား/အပြန်သီးသန့် 35000 ကျပ်

😍 အခန်းပက်ကေ့ခ်ျလေးနဲ့ ပုံမှန်ပိတ်ရက်
ကြားရက်လေးသွားမယ်ဆိုရင်
✅ ကားခ + အခန်းခ+ မနက်စာအပါအဝင်

🏖 ငွေဆောင် (Summer Inn Hotel 🏘)
☝ တစ်ညအိပ် (၅၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၇၅၀၀၀) ကျပ်

🌊 ငွေဆောင် (ဖိုးဖိုးလေးဗီလာ 🏡)
☝ တစ်ညအိပ် (၃၇၅၀၀) ကျပ်
✌ နှစ်ညအိပ် (၅၅၀၀၀) ကျပ်

လက်မှတ်ဝယ်မယ်ဆိုရင်
☎ 09 400 14 88 33 ကို
ဆက်သွယ်နိုင်ပါပြီခင်ဗျာ 🙏

 #ဗုဒ္ဓ၏အဆုံးအမ_၉_ချက်************************🙏🙏🙏🙏၁။ ကံ၊ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း         ကိုယ်လုပ်သမျှ အကောင်းအဆ...
30/01/2024

#ဗုဒ္ဓ၏အဆုံးအမ_၉_ချက်
************************🙏🙏🙏🙏

၁။ ကံ၊ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း

ကိုယ်လုပ်သမျှ အကောင်းအဆိုးကို ကိုယ်ပဲ တာဝန်ယူ၊ တာဝန်ခံရမယ်။ ကောင်းတာ လုပ်ပြီးလည်း လူသိအောင် လိုက်ကြွားနေစရာ မလိုသလို၊ မကောင်းတာ လုပ်ပြီးရင်လည်း ရှောင်လွှဲလို့ မရဘူး။ ဒါတွေအကုန်လုံးက တစ်နေ့ကိုယ့်ဆီ ပြန်ရောက်လာမှာပဲ။

ဒီအတွက် သူများတွေ မဟုတ်တာ လုပ်ပြီး ကြီးပွားနေတိုင်းလည်း ကိုယ်လိုက်မလုပ်တော့ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်လမ်းကိုယ်လျှောက်နိုင်လာလိမ့်မယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်း ဖြစ်ပါတယ်။

၂။ အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံခြင်း

ဗုဒ္ဓက အကြောင်းမဲ့ ဖြစ်နေတာ ဘာမှမရှိဘူးလို့ ဆိုတယ်။ အားလုံးဟာ အကြောင်းနဲ့ အကျိုး ဆက်စပ်ဖြစ်ပေါ်နေတယ်။ ဆိုတော့ ဒီအကျိုးတရားကို လိုချင်ရင် ဆိုင်ရာအကြောင်းတရားကို ဖြည့်ဆည်းဖို့ လိုလိမ့်မယ်။

ဥပမာ ကွန်ပျူတာ တက်ချင်ရင် ကွန်ပျူတာ သင်ပေါ့။ ပိုက်ဆံချမ်းသာချင်ရင် ပိုက်ဆံချမ်းသာစေမဲ့ အကြောင်းတရားတွေကို လုပ်ပေါ့။ စိတ်ညစ်ညူးစေမဲ့ အရာတွေကို လုပ်နေပြီး စိတ်ချမ်းသာချင်လိုက်တာ အော်နေလို့တော့ မရဘူးပေါ့။ စနစ်အပြောင်းအလဲ ဖြစ်ချင်တယ်ဆိုလည်း ဂုဏ်တော်ပုတီး စိပ်နေရုံနဲ့တော့ ဘယ်ရမလဲ။ ဆိုင်ရာအကြောင်းတရားတွေကို ဖြည့်ဆည်းမှ ရမှာပေါ့။

အဲ့လို မဟုတ်ဘဲ ဗေဒင်မေးမယ်၊ ယတြာချေမယ်၊ အဆောင်အယောင်တွေ၊ နတ်တွေကို အားကိုးနေမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ ပြောလို့ မရနိုင်သေးပါဘူး။

၃။ အစွန်းမရောက်ခြင်း

မဇ္ဈိမ ပဋိပဒါဆိုတာ ဘာလာလာ ကြားချဖို့ မဟုတ်ဘူး။ အစွန်းမရောက်တာကို ဆိုလိုတာပါ။ မလိုအပ်တဲ့ ဒုက္ခဆင်းရဲတွေ ခံနေတာလည်း အစွန်းတစ်ဖက်၊ ကာမဂုဏ်စည်းစိမ်တွေ ခံစားပြီး ယစ်မူးနေတာလည်း အစွန်းတစ်ဖက်။ ဒီနှစ်ခုလုံးကို ရှောင်ရှားပြီး အစွန်းလွတ်အောင် နေတာပါ။

သေချာစဉ်းစားကြည့်ရင် ဘဝရဲ့ အစိတ်အပိုင်းအားလုံးမှာလည်း အသုံးတည့်ပါတယ်။ ဥပမာ အောင်မြင်လိုစိတ် မရှိရင် လူက ဘာမှဖြစ်ထွန်းမှာ မဟုတ်ဘူး။ အောင်မြင်လိုစိတ် လွန်ကဲသွားပြန်ရင်လည်း မဟုတ်တဲ့နည်းတွေနဲ့ ကြိုးစားမိတတ်တယ်။

Balanced diet, Balanced Life, Work Life Balance စသဖြင့် ပြောနေကြတာတွေ အကုန်လုံးဟာလည်း ဒီသဘောပါပဲ။

၄။ ကြိုးစားအားထုတ်မှု

ဗုဒ္ဓဟာ ကြိုးစားအားထုတ်ခြင်းကို အထူးအလေးထားပါတယ်။ မဂ္ဂင် ၈ ပါးမှာလည်း မှန်သော အားထုတ်မှု (Right effort) ဆိုတာကို ထည့်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံထားတဲ့သူဟာ မကြိုးစားလို့ကို မရဘူး။

ဘဝမှာ ပြည့်စုံဖို့ဆိုလည်း ကြိုးစားရတယ်။ ကျန်းမာဖို့လည်း ကြိုးစားရတယ်။ ကုသိုလ်ပြုဖို့ဆိုလည်း ကြိုးစားရတယ်။ တရားထိုင်မယ်ဆိုလည်း ထိုင်နည်းတွေ လေ့လာရတယ်။ ကိုယ်တိုင်ထိုင်ကြည့်ရတယ်။ အဆင်မပြေရင် အတွေ့အကြုံရှိသူကို မေးမြန်းရတယ်။ အဲ့တော့မှ တဖြည်းဖြည်း အဆင်ပြေလာတာ။

၅။ စဉ်းစားဆင်ခြင်မှု

ဗုဒ္ဓဝါဒမှာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေမှာ အားအနည်းဆုံးကလည်း အဲဒါပဲ။ ပညာရေးစနစ်နဲ့လည်း ဆိုင်တာပေါ့။ ဦးနှောက်တွေကို စဉ်းစားဖို့ထက် မှတ်သားဖို့၊ လိုက်နာဖို့၊ နာယူဖို့ပဲ လေ့ကျင့်ပေးလိုက်တဲ့အခါ ဗုဒ္ဓဖြစ်စေချင်တာနဲ့က တခြားစီ ဖြစ်လာတယ်။

ဗုဒ္ဓအဆုံးအမတွေထဲမှာ ကာလာမသုတ် ဆိုတာ ထင်ရှားသလောက် အင်မတန်လည်း လေးစားစရာ ကောင်းတယ်။ ဘယ်သူပြောလို့မှ မဟုတ်ဘဲ ကိုယ်တိုင်အသိနဲ့သာ လက်ခံပါ ဆိုပြီး ဟောခဲ့တာ။ ဘာကိုမဆို ဝေဖန်ပါ။ ဆန်းစစ်ပါ။ စဉ်းစားပါ။ ဘုရားအဆုံးအမတွေကိုတောင်မှ ဘာကြောင့် ဒီလိုဆုံးမခဲ့တာလဲ၊ တားမြစ်ခဲ့တာလဲ၊ တိုက်တွန်းခဲ့တာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို နားလည်ရင် ကိုးကွယ်ရတာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

၆။ ကိုယ်ချင်းစာတရား

လူ့ဘောင်အဖွဲ့အစည်းတစ်ခု သာယာဖို့ဆိုတာ ကိုယ်ချင်းစာတရားရှိတဲ့ လူတွေ လိုအပ်တယ်။ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ်စောင့်ထိန်းကြရတဲ့ ငါးပါးသီလဆိုတာ တကယ်တော့ ကိုယ်ချင်းစာတရားကို အခြေခံတာပဲ။ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် စောင့်ထိန်းနေထိုင်တာ ဖြစ်လို့ မဟာဒါနလို့လည်း ဆုံးမခဲ့တယ်။

ဒီတော့ ကုသိုလ်ရဖို့ ဆိုတာမျိုးလောက် မဟုတ်ဘဲ ကိုယ်ချင်းစာတရားကို ကိုယ့်စိတ်ထဲမှာ မွေးမြူနိုင်ဖို့ လိုတယ်။ ဥပမာ ဆေးလိပ်မသောက်တတ်တဲ့သူရှေ့မှာ ဆေးလိပ်မသောက်ရဘူး ဆိုတာ ငါးပါးသီလထဲ မပါဘူး။ သို့သော် ကိုယ်ချင်းစာတရား ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်။ လုပ်သင့် မလုပ်သင့် ကွဲကွဲပြားပြား ဖြစ်သွားလိမ့်မယ်။

၇။ မေတ္တာ၊ ကရုဏာထားဖို့

ဒါလည်း ဗုဒ္ဓအဆုံးအမတွေမှာ မကြာခဏ ကြားရတဲ့အချက် ဖြစ်တယ်။ မေတ္တာဆိုတာ မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ထားမျိုးကို ဆိုလိုတာ။ ကောင်းစေချင်တယ်။ အဆင်ပြေစေချင်တယ်။ ပျော်ရွှင်စေချင်တယ်။ အဲ့လိုစိတ်ကလေးထားပြီး ဘယ်သူ့ကိုမဆို ကူညီတယ်။ နှုတ်အားဖြင့် ဖေးမတယ်။ အားပေးတယ်။ ကရုဏာဆိုတာကတော့ သနားကြင်နာမှုပေါ့။ ဆင်းရဲဒုက္ခရောက်နေသူတွေကို စောင့်ရှောက်တယ်။ မျှဝေတယ်။ ဒါတွေဟာ ကိုယ်ချင်းစာတရားလိုပဲ သာယာတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့မှာ သိပ်လိုအပ်တဲ့ စိတ်နေစိတ်ထားတွေ ဖြစ်တယ်။

၈။ စိတ်ဗဟိုပြု သင်ကြားမှု

ဗုဒ္ဓအဆုံးအမတွေကို Mind-centered teaching လို့လည်း ဆိုကြတယ်။ လေ့လာမိသလောက် ဘာသာတရား အားလုံးထဲမှာ စိတ်ကို အသေးစိတ်အကျဆုံး ဟောကြားခဲ့တာ ဗုဒ္ဓပဲ။ သတ္တဝါတွေမှာ ကိုယ်နဲ့ စိတ်၊ ရုပ်နဲ့ နာမ် ဆိုပြီး ရှိတယ်။ အဲဒီစိတ်ဆိုတာကိုမှ ၄ ခု ထပ်ခွဲလိုက်သေးတယ်။ ရုပ်နဲ့ ပေါင်းလိုက်တော့ ၅ ခု။ ဒါကို ခန္ဓာ ၅ ပါးလို့ ခေါ်တယ်။ တစ်နည်းအားဖြင့် စိတ်ကို ခွဲခြမ်းစိတ်ဖြာလိုက်တာပဲ။

မေတ္တသုတ်မှာဆို မေတ္တာထားနိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို့မှာ ဘယ်လိုအချက်တွေ လိုအပ်သလဲ အသေးစိတ် ဟောထားတယ်။ စိတ်အညစ်အကြေးတွေဆိုရင်လည်း စိတ်ပုပ်၊ စိတ်ယုတ်ကိုမှ ခေါ်တာ မဟုတ်ဘူး။ အတိတ်ရောက်လိုက်၊ အနာဂတ်ရောက်လိုက်နဲ့ ပျံ့လွင့်နေတာသည်လည်း စိတ်ကို ညစ်နွမ်းစေတဲ့ အညစ်အကြေးပဲတဲ့။ မနာလိုတာကလည်း စိတ်အညစ်အကြေးပဲ။ အရှက်အကြောက် မရှိတာကလည်း စိတ်အညစ်အကြေးပဲတဲ့။

တရားထိုင်တာ၊ ဝိပဿနာ အားထုတ်တာတွေကလည်း တကယ်တော့ ကိုယ့်စိတ်ကို လေ့လာနေခြင်း၊ ပိုင်းခြားရှုမြင်ခြင်း၊ ကုသနေခြင်းပါပဲ။ ဒါကြောင့် စိတ်နဲ့ ပတ်သက်လို့ အားထုတ်မှု၊ လေ့ကျင့်မှု တစ်စုံတရာ ရှိနေမှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

▪️၉။ အစွဲအလမ်းတွေကို ဖြတ်တောက်ဖို့

ဗုဒ္ဓဝါဒက သံသရာဆိုတာ ရှိတယ်။ တစ်ဘဝပြီးတစ်ဘ၀ ဖြစ်နေရတယ်လို့ ဆိုတယ်။ ဘဝဖြစ်ခြင်းဟာ ဒုက္ခဆင်းရဲပဲ။ ဘာလို့ ဒုက္ခဖြစ်တာလဲဆိုတော့ မတည်မြဲလို့၊ ကိုယ်မပိုင်လို့၊ အစိုးမရလို့။ ဒီတော့ နှစ်သက်စရာ မကောင်းဘူးလို့ ဆိုတယ်။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ ဘုံတစ်ခု မဟုတ်ဘူး။ ဘဝအသစ် ထပ်မဖြစ်တော့ခြင်းကို ဆိုလိုတာ။ သံသရာ မလည်တော့တာပေါ့။ အဲ့လိုလွတ်မြောက်ဖို့ဆို တဏှာဆိုတဲ့ အစွဲအလမ်းကို ဖြတ်တောက်ဖို့ လိုလိမ့်မယ်။ ဗုဒ္ဓရဲ့ တကယ့်အရေးကြီး သင်ကြားမှုတွေဖြစ်တဲ့ သစ္စာ ၄ ပါးတို့၊ ပဋိစ္စသမုပ္ပါဒ်တို့ ဆိုတာကလည်း ဒါကိုပဲ အကျဉ်းအကျယ် ဟောထားတာပဲ။

နောက်ဆုံး၊ အဲ့လိုနိဗ္ဗာန်ကို မလိုချင်ပါဘူး၊ သို့မဟုတ် သံသရာဆိုတာကို မယုံပါဘူး ဆိုရင်တောင် ခုလက်ရှိဘဝမှာပဲ စဉ်းစားကြည့်။ စိတ်အေးချမ်းမှုနဲ့ စိတ်စွဲလမ်းမှုဟာ ပြောင်းပြန်အချိုးကျတယ်။ စိတ်စွဲလမ်းမှု များလေလေ စိတ်မအေးချမ်းရလေပဲ။ ငွေ ၁ သိန်း ခိုးခံရလို့ ဘာမှမဖြစ်ဘူး။ 'ကိုယ်ပိုင်တဲ့' ငွေ ၁ သိန်း ခိုးခံရတယ်ဆိုမှ လူက ပူလောင်တာလေ။ သက်ရှိသတ္တဝါကို စွဲလမ်းမယ်။ ပစ္စည်းဥစ္စာကို စွဲလမ်းမယ်။ ငွေကို စွဲလမ်းမယ်။ ရာထူး၊ ဂုဏ်ဒြပ်ကို စွဲလမ်းမယ်။ ဘာကိုပဲ စွဲလမ်းစွဲလမ်း သေချာတာက ပူပန်ရမှာပဲ။ ဒါကြောင့် စိတ်အေးချမ်းချင်တဲ့သူဟာ စွဲလမ်းမှုကို လျှော့ချဖို့ လိုအပ်တယ်။

ဒီ ၉ ချက်ကတော့ ဗုဒ္ဓဟောကြားချက်တွေထဲမှာ မကြာခဏ ကြားရလေ့ရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓ အထူးပြုပြီး ဆုံးမခဲ့တာတွေပေါ့။ တခြားလည်း ကျန်ကောင်းကျန်နိုင်ပါတယ်။ ဒီအချက်တွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကျင့်သုံးနေထိုင်မှသာ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။
🙏🙏🙏

၁၉၀၀ ကျော်ကာလများကတွေ့ရတဲ့ ပုဂံခေတ်လက်ရာရေသွန်းခံကျောက်ဆင်းတုများ (ယခု ပြည့်ငါးပြည့် ဟုနာမည်ကြီးပါတယ်)
29/01/2024

၁၉၀၀ ကျော်ကာလများကတွေ့ရတဲ့ ပုဂံခေတ်လက်ရာရေသွန်းခံကျောက်ဆင်းတုများ (ယခု ပြည့်ငါးပြည့် ဟုနာမည်ကြီးပါတယ်)

မွန်းကြပ်တဲ့မြို့ပြကြီးကနေ ပုဂံခရီးထွက်လာကြည့်ပါဆောင်းရာသီရဲ့ ပုဂံအလှတရားကို မြင်တွေ့ရလိမ့်မယ်january နဲ့ february မှာဆိ...
29/01/2024

မွန်းကြပ်တဲ့မြို့ပြကြီးကနေ ပုဂံခရီးထွက်လာကြည့်ပါ

ဆောင်းရာသီရဲ့ ပုဂံအလှတရားကို မြင်တွေ့ရလိမ့်မယ်

january နဲ့ february မှာဆို သိပ်လှတဲ့ပုဂံရဲ့နေဝင်ချိန်ကို

တွေ့ရလိမ့်မယ်။ ❤

ကျိုက်ထီးရိုးရဲ့ဆည်းဆာ...
29/01/2024

ကျိုက်ထီးရိုးရဲ့ဆည်းဆာ...

အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။ သူများကို မထိခိုက်သရွေ့ သင်ပျော်ရွှင်ရာကို လုပ်ပါ။တချို့တွေက ပျော်ရွှင်မှုကို အသက်အရွယ်နဲ့ ...
29/01/2024

အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။
သူများကို မထိခိုက်သရွေ့ သင်ပျော်ရွှင်ရာကို လုပ်ပါ။

တချို့တွေက ပျော်ရွှင်မှုကို
အသက်အရွယ်နဲ့ ကန့်သတ်ထားကြတယ်။

ဒီအရွယ်တွေက ပျော်ရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ရည်းစားထားရမယ့်အရွယ်မဟုတ် တော့ဘူး။

ဒီအရွယ်က အိမ်ထောင်ပြုရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ဘောင်းဘီဝတ်ရမယ့်အရွယ် မဟုတ်တော့ဘူး။

ဒီအရွယ်က အလုပ်လုပ်နေရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ခရီးတွေလျှောက်သွားပြီး
ဖလန်းဖလန်းထနေရမယ့်အရွယ်မဟုတ်တော့ဘူး။
စသဖြင့်ပေါ့.....

တကယ်တော့ အရွယ်ဆိုတာ လူတွေက ကန့်သတ်တာပါ။
ဘယ်အရွယ်မှာ ဘာလုပ်ရမယ်လို့ ဘယ်သူကမှ
ကန့်သတ်ပေးထားတာမရှိပါဘူး။

ပျော်ရွှင်မှုကို အရွယ်တစ်ခုကပဲ
အပိုင်သိမ်းထားခွင့်ရှိတာမဟုတ်ပါဘူး။

အသက် ၂ဝ အရွယ် သူများပျော်နေချိန်မှာ
တချို့တွေက အသက်မရှူနိုင်အောင် ရုန်းကန်ခဲ့ကြရတယ်။

ပျော်ရွှင်မှုလေး ခံစားခွင့်ရဖို့
ဘဝကို မောပန်းတကြီးတည်ဆောက်နေခဲ့ကြရတယ်။ အဆင်ပြေလာချိန်မှာ အသက် ၃ဝ ရောက်နေပြီ။
အသက် ၄ဝ တန်းရောက်နေပြီ။

ပျော်လို့ရတဲ့အချိန်မှာ ပျော်ရွှင်မှုကို ခံစားခွင့်ရတယ်။
သူများကို မထိခိုက်ဘူးဆိုရင် ဒါဟာ သူ့အတွက်
မျှတတဲ့အခွင့်အရေးပါ။

💥ဒါကြောင့် သူများကို မထိခိုက်ဘူးဆိုရင် အသက်အရွယ်ကို
ဂရုမစိုက်ပါနဲ့။
ပျော်ရွှင်မယ်ထင်တာ လွတ်လွတ်လပ်လပ်လုပ်ပါ။

သင့်ရဲ့ ပျော်ရွှင်ခြင်းက သူတပါးနဲ့ လုံးဝ (၂)မသက်ဆိုင်ပါ❗❗❗

ပိန်ရင်လည်းမစား၊ဝရင်လည်းမစားမလှရင်လည်းမစား၊အပျိုမစစ်ရင်လည်းမစားဖျင်တုံးကြီးရင်လည်းမစားသောအင်မတန်ချေမိုး ဂျီးများတော်မူသည...
29/01/2024

ပိန်ရင်လည်းမစား၊ဝရင်လည်းမစား
မလှရင်လည်းမစား၊အပျိုမစစ်ရင်လည်းမစား
ဖျင်တုံးကြီးရင်လည်းမစားသော
အင်မတန်ချေမိုး ဂျီးများတော်မူသည့်
ငှက်ကြီး

ပုဂံရှေးဟောင်းမြို့လေးနဲ့ အတူ 🌹အမှတ်တရ‌လေးတွေ တည်ဆောက်မယ်ဆိုရင်ရွှေဟင်္သာကို သတိရလိုက်နော် 😍ပုဂံ-ညောင်ဦး-ပုပ္ပါးခရီးစဥ်...
29/01/2024

ပုဂံရှေးဟောင်းမြို့လေးနဲ့ အတူ 🌹
အမှတ်တရ‌လေးတွေ တည်ဆောက်မယ်ဆိုရင်
ရွှေဟင်္သာကို သတိရလိုက်နော် 😍

ပုဂံ-ညောင်ဦး-ပုပ္ပါးခရီးစဥ်
ပုဂံခရီးစဥ်စတင်ထွက်မည့်ရက်

👉 9.02.2024(စထွက်)12.02.2024(ပြန်ရောက်)
😱 တစ်ဦးလျှင် 160000 Ks
(ဟိုတယ်တည်း+စားစရိတ်+တစ်ဆင့်သွားခ အပြီးအစီး)

ခရီးစဉ် Link 👇
https://m.facebook.com/story.php?story_fbid=122146943534064525&id=61551935777709&mibextid=Nif5oz

🙏 ကျိုက်ထီးရိုးဘုရားဖူး သွားရအောင် ‼️✅ ကားခ အသွားအပြန်သီးသန့် (၂၅၀၀၀) ကျပ်🕔 နေ့စဉ် မနက် ၅ နာရီ ကားထွက်ရှိပါတယ်February (...
29/01/2024

🙏 ကျိုက်ထီးရိုးဘုရားဖူး သွားရအောင် ‼️
✅ ကားခ အသွားအပြန်သီးသန့် (၂၅၀၀၀) ကျပ်
🕔 နေ့စဉ် မနက် ၅ နာရီ ကားထွက်ရှိပါတယ်

February (10,11,12) ရုံးပိတ်ရက်လေးမှာ
ကားခ အသွားအပြန်သီးသန့် (၃၀၀၀၀)ကျပ်

လက်မှတ် ဝယ်မယ်ဆိုရင်
☎️ 09400148833 ကို ဆက်သွယ်နိုင်ပါပြီခင်ဗျာ

Address

Khattar Stareet, Near Blue Water Resort, NgweSaung Beach
Pathein
6965

Telephone

+959400148833

Website

Alerts

Be the first to know and let us send you an email when Royal Shwe Hinn Thar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category