GG - ဂျီဂျီ ခရီးသွား၀န်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Pathein
  • GG - ဂျီဂျီ ခရီးသွား၀န်ဆောင်မှုလုပ်ငန်း

GG - ဂျီဂျီ ခရီးသွား၀န်ဆောင်မှုလုပ်ငန်း လူတိုင်းအဆင်ပြေစိတ်ချမ်းသာစွာခရီး?
(1)

~~~ ခရီးသွားဖို့ဘာတွေပြင်ဆင်ထားသင့်လဲ ~~~ကျွန်တော့်မှာ ငယ်ထဲကအိပ်မက်တစ်ခုရှိတယ်။အဲ့တာက ကျွန်တော်မရင်းနီးတဲ့ဒေသတွေကိုကျော...
17/06/2022

~~~ ခရီးသွားဖို့ဘာတွေပြင်ဆင်ထားသင့်လဲ ~~~

ကျွန်တော့်မှာ ငယ်ထဲကအိပ်မက်တစ်ခုရှိတယ်။အဲ့တာက ကျွန်တော်မရင်းနီးတဲ့ဒေသတွေကိုကျောပိုးအိတ်တစ်လုံးနဲ့သွားလာချင်တာပါပဲ။အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကျွန်တော်ခရီးတွေပိုသွားချင်လာတယ်။ဒါပေမယ့် Package တွေကိုကျွန်တော်မဝယ်နိုင်ဘူး။အဲ့အတွက် ကျွန်တော် Budget Tripလေးတွေရှာတယ်။ကိုယ်တိုင်သွားလာလို့ရအောင်ကျွန်တော်ကြိုးစားကြည့်တယ်။တဖြည်းဖြည်းနဲ့ကျွန်တော်နေရာဒေသလေးတွေကိုသွားလာဖြစ်ခဲ့တယ်။Budget tripလေးတွေသွားပါများလာတော့ သူငယ်ချင်းတွေ အသိတွေကမေးလာကြတယ်။"မင်းခရီးတွေတအားထွက်နိုင်တယ်နော်။ဘယ်လိုပြင်ဆင်ပြီးသွားလဲ"တဲ့။ဟုတ်ကဲ့ ကျွန်တော့်လိုပဲ အကုန်အကျနည်းနည်းနဲ့ခရီးတွေသွားချင်သူတွေအတွက် ကျွန်တော်ပြင်ဆင်ကျင့်သုံးတဲ့နည်းလေးတွေတချို့ကို ပြောပြပေးချင်ပါတယ်။

*** အချိန် *** ⌚⌚⌚

ခရီးတစ်ခုထွက်ဖို့တွေးတဲ့အခါတိုင်း အပျက်စေဆုံးသော အကြောင်းတစ်ခုပါ။Solo Tripတွေမှာမသိသာပေမယ့် အများနဲ့သွားမယ်ဆိုတဲ့အခါတိုင်း အဖျက်အနေနဲ့ဒုက္ခအပေးဆုံးအရာပေါ့။"အချိန်ကမရှိတော့လို့""အချိန်အဆင်မပြေလို့"ဆိုတဲ့အကြောင်းပြချက်ကိုအားလုံးပဲကြုံဖူးကြမှာပါ။အဲ့အတွက် ပထမဆုံးအနေနဲ့ ခရီးတစ်ခုထွက်တော့မယ်ဆိုရင် အချိန်ကိုအရင်ဆုံး Confirm လုပ်ပါ။မသေချာဘူးဆိုရင်တော့ ပိုသေချာတဲ့အချိန်ကိုရွေးပါ။ပြီးရင် မိသားစုနဲ့အလုပ်ရှိခဲ့ရင်အလုပ်ကိုလည်း ကြိုတင်ပြီး အသိပေးထားပါ။မဖြစ်မနေဖျက်ရမယ့်အနေအထားကလွဲရင်တော့ မိမိဆုံးဖြတ်ထားတဲ့ အချိန်မှာ ခရီးကိုမဖြစ်ဖြစ်အောင်ထွက်ပါ။

*** ငွေ ***💸💸💸

အများဆုံးသောခရီးမထွက်ဖြစ်တဲ့အကြောင်းအရာတစ်ခုပါ။"ပိုက်ဆံမရှိဘူးကွာ"ဆိုတာနဲ့ ကျန်တာတွေဆက်ပြီး တွေးဖို့ခက်ပါပြီ။အဲ့ဒီတော့ တကယ်ခရီးထွက်ရတာဝါသနာပါရင် ပိုက်ဆံစုပါ။အများကြီးမဟုတ်ပါဘူး။နေ့တိုင်းလည်းစုစရာမလိုအပ်ပါဘူး။မိမိလက်ထဲငွေအတိုင်းအတာတစ်ခုရှိလာရင် ၂၀ရာခိုင်နှုန်းလောက်ကို စုပါ။သတိပြုရမှာကတော့ထိုငွေကိုလုံးဝမသုံးမိဖို့ပါပဲ။ကျွန်တော်ကတော့ နှစ်မျိုးစုပါတယ်။ခရီးတိုအတွက်နဲ့ခရီးရှည်အတွက်ဆိုပြီးစုပါတယ်။Over Sea ခရီးတွေမရည်ရွယ်ပဲ အဖော်ကောင်းလို့ပါသွားရင်တောင် ခရီးရှည်အတွက်ရည်ရွယ်ထားတဲ့ထဲက ယူသုံးလိုက်ရင် တော်တော်လေးအဆင်ပြေသွားလို့ပါ ။နောက်တစ်ခုကျွန်တော်စုတဲ့နည်းကတော့ တစ်ရာ နှစ်ရာ အစရှိတဲ့ အသေးသုံးအနှုတ်တွေကိုစုတာပါ။တစ်ရာနှစ်ရာကို ဗူးတစ်ခုခုထဲတွေ့တိုင်းထည့်ထားပါတယ်။ခရီးထွက်မယ်ဆိုရင် အိမ်၊ဒါမှမဟုတ် အသိဆိုင်တွေမှာ ပြန်လဲပါတယ်။ဒါကလည်းလမ်းခရီးသုံးဖို့တော့ အသေးသုံးရလာစေပါတယ်။နောက်တစ်ချက်ကတော့ မလိုအပ်တာတွေကိုမဝယ်ပါဘူး။မိန်းကလေးတွေအနေနဲ့အလှကုန်တွေ အဝတ်အစားတွေလိုအပ်ကြပေမယ့် ယောက်ကျားလေးအများစုအတွက်တော့ ဒါတွေကအနည်းငယ်ပဲလိုတယ်ထင်ပါတယ်။ယောက်ကျားလေးတွေအတွက်ကတော့ အသောက်အစားနဲ့ဆေးလိပ်ကွမ်းရာဖိုးကို လျော့ချနိုင်ရင် ငွေပိုစုမိမှာပါ။

***နေရာ***🌎🌎🌎

ဒါကလည်းအရေးကြီးပါတယ်။တွေ့သမျှနေရာတွေကိုသွားရင်တော့ Budget ချိန်ဖို့ခက်ပါတယ်။အဲ့တော့
ပထမဆုံးကိုယ်သွားချင်တဲ့နေရာတွေကို Note ထုတ်ပါ။ကိုယ့်မှာရှိတဲ့ငွေနဲ့ချိန်ပါ။ပြီးရင် မိမိတကယ်စိတ်ဝင်စားတာက Adventureလား၊Soft trip တွေလား၊သက်သက်သာသာနဲ့သွားပြီးRelax လုပ်လို့ရမယ့် Luxury tripတွေလားသေချာသိအောင်လုပ်ပါ။Onlineမှာသူများသွားတိုင်းလိုက်သွားဖို့မတွေးပါနဲ့။ကိုယ်ကအပင်ပန်းမခံနိုင်ပဲသူများသွားသလို Trekking တွေ Rock Climbing တွေလုပ်ရင်တိုင်ပတ်ပါလိမ့်မယ်။ပြီးတော့ အရမ်း Hot ဖြစ်နေတဲ့နေရာတွေကိုလူသွားများတဲ့အချိန်တွေမသွားပါနဲ့။နည်းနည်းငြိမ်သွားမှသွားပါ။

*** အသုံးအဆောင်ပစ္စည်း ***👟💼👕

Budget trip သွားမယ်ဆို ပစ္စည်းတွေအများကြီးနဲ့ဆိုအဆင်မပြေပါဘူး။ကိုယ့်ရဲ Budgetအချေအနေအရ လိုအပ်ရင် Hitchhike(အခမဲ့ကားကြုံစီးခြင်း)တွေလည်းလုပ်သင့်ရင်လုပ်ရပါမယ်။ဒါကြောင့် Backpackအကြီးတစ်လုံးနဲ့အသေးတစ်လုံးတော့စုပြီးဝယ်ထားပါ။ကိုယ်ကခရီးစုံထွက်တတ်တယ်ဆိုရင်တော့ Tent တို့ Sleeping Bed တို့ကို စုပြီးဝယ်ထားပါ။ပြီးရင်ခပ်လတ်လတ် Baggage လေးလည်းဆောင်ထားသင့်ပါတယ်။ခရီးထွက်မယ်ဆိုမှ ပစ္စည်းတွေလိုက်ဝယ်ရရင် Budgetထိပါတယ်။ဒါကြောင့်လိုအပ်မယ်ထင်တာလေးတွေကိုအခါအခွင့်သင့်ရင်ဝယ်သာစုထားပါ။ပြီးတော့Shoe တစ်ရံ၊Slipperတစ်ရံနဲ့မိုးကာတစ်ထည်လောက်လည်းဆောင်ထားပေါ့။ပေါ့ပေါ့ပါးပါးနဲ့နေရာသိပ်မယူတဲ့အဝတ်အစားလေးတွေကလည်းလိုအပ်ပါတယ်။

*** သွားလာရေး ***🚄🚃✈

ပြည်တွင်းခရီးစဉ်တွေဆို သိပ်မသိသာပေမယ့် Over Sea ခရီးစဉ်တွေမှာတော့ တော်တော်လေးပိုက်ဆံကုန်တဲ့အရာတွေပါ။Taxi သမားတွေ ဆိုင်ကယ်ကယ်ရီတွေကလည်း ဘာသာစကားမတူတာနဲ့စျေးကနှစ်ဆလောက်ခုန်တက်သွားတော့တာပါပဲ။ဒါကြောင့် ပြည်ပခရီးတွေသွားရင် Local သုံး Public Transportationတွေဖြစ်တဲ့ MRT,BTS,BUS တွေစီးတတ်အောင်ကြိုတင်ပြီးလေ့လာထားသင့်ပါတယ်။Solo Trip သွားမယ့်သူတွေအတွက်ကတော့ ဒါတွေကတကယ့်ကို Budget အရမ်းသက်သာစေပါတယ်။နောက်ထပ် Ticket စျေးနှုန်းတွေကိုအမြဲစုံစမ်းထားသင့်ပါတယ်။ကိုယ်သွားချင်တဲ့နေရာကိုရောက်မယ့် လေယာဉ် ကား စတာတွေစျေးချတဲ့အခါချိန်ပြီးသွားရင် ခရီးစရိတ်လျော့ချပြီးသားဖြစ်မှာပါ။

*** Application and Media ***📳📶📺

ပြည်တွင်းရော ပြည်ပရောအတွက် အရေးကြီးပါတယ်။မြို့တစ်မြို့ရောက်ရင် ကိုယ်သွားချင်တဲ့နေရာကို Google Map မှာရှာပြီး သွားလာဖို့စီစဉ်တာက အချိန်ကုန် ငွေပန်းသက်သာစေပါတယ်။ကိုယ်သွားချင်တဲ့နေရာကိုသိဖို့တော့လိုပါတယ်။ပြီးတော့ Googling လုပ်တဲ့အလေ့အကျင့်ထားပါ။ခရီးမထွက်ခင် မိမိသွားလိုတဲ့နေရာအကြောင်းကို Googleမှာသေချာရှာကြည့်သင့်ပါတယ်။အဲ့တာဆို Budget ချိန်ရတာလည်း ပိုပြီးအဆင်ပြေပါတယ်။နောက်ထပ် Travel Bloggတွေကိုကြည့်ပါ။သူတို့တွေသွားတဲ့ထဲမှာကိုယ်သွားချင်တဲ့နေရာတွေပါလာရင် ခရီးစဉ်အတွက်အထောက်အကူအရမ်းများပါတယ်။နောက်ထပ်အခြားAppတွေဖြစ်တဲ့ Trip Advisor လိုမျိုးAppတွေကိုလည်းရင်းနှီးအောင်အသုံးပြုထားသင့်ပါတယ်။

*** ဘာသာစကား ***🎭🎭🎭

ပြည်တွင်းအတွက်သိပ်မလိုအပ်ပေမယ့်ပြည်ပအတွက်ဆိုရင်တော့ လိုအပ်ပါတယ်။နိုင်ငံတကာသုံးဖြစ်တဲ့ English ကိုတော့ ထမင်းစားရေသောက်ထက်အနည်းငယ်ပိုတတ်ထားမှအဆင်ပြေတာပါ။အချိန်မရဘူးဆိုရင်တော့ ခရီးသွားရင်သုံးဖို့ လိုအပ်မယ့်အပြောအဆိုလေးတွေကိုကြုံတဲ့အခါမှတ်သားထားပါ။ပြည်တွင်းဆိုရင်လည်း မိမိသွားမယ့်ဒေသက တိုင်းရင်းသားဘာသာစကားအချို့ကိုမှတ်သားထားရင်အဆင်ပိုပြေပါတယ်။

*** မိတ်ဆွေဖွဲ့ပါ ***👬👫👭

ပြည်တွင်းပြည်ပ အကုန်ဖွဲ့ပါ။ Socia Mediaဖွံ့ဖြိုးနေတဲ့အချိန်မှာ မိတ်ဆွေဖွဲ့ဖို့လွယ်ကူပါတယ်။မိမိသွားမယ်ဒေသမှာ အမာခံဒေသခံတွေနဲ့ရင်းနှီးရင်အစစအရာရာပိုမိုလွယ်ကူပါတယ်။ပြီးရင်ခရီးသွားလေ့ရှိတဲ့သူတွေကိုလည်းမိတ်ဆွေဖွဲ့ထားပါ။Solo Trip သွားဖို့အဆင်မပြေတဲ့နေရာတွေဆိုရင် ခရီးသွားဖော်သူငယ်ချင်းတွေရှိနေတဲ့အတွက် ပူစရာမလိုတော့ဘူးပေါ့။နောက်ပြီးရောက်တဲ့ဒေသမှာလည်းမိမိသိလိုတာတွေကို ဒေသခံတွေထံကမေးမြန်းဖို့မရှက်ပါနဲ့။

*** စိတ်ဓာတ် ***💪💪💪

ဒါကတော့ခရီးသွားတစ်ယောက်အတွက်လိုအပ်တဲ့မရှိမဖြစ်အရာတစ်ခုပါ။သွားကိုသွားမယ်၊ဖြစ်အောင်သွားမယ်၊ရောက်အောင်သွားမယ်၊ငါလုပ်ကိုလုပ်နိုင်တယ် ဆိုတဲ့စိတ်ခွန်အားမွေးပါ။Trekkingတွေ Hiking တွေ လုပ်မယ်ဆိုရင်တော့ စိတ်ပျော့ရင် ထိပ်တော့မရောက်ပါဘူးခင်ဗျာ။

အားလုံးပဲ ခရီးတွေပျော်ရွှင်စွာသွားလာနိုင်ကြပါစေ။

Credit
#ဂျီဂျီ

Address

Pathein

Website

Alerts

Be the first to know and let us send you an email when GG - ဂျီဂျီ ခရီးသွား၀န်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby travel agencies