ကလောမြို့ မဟာတန်ဆောင်တိုင်ပွဲတော်မှ နာမည်ကျော်
မီးကြာစံပူဇော်ပွဲဖြစ်ပါတယ်...အရမ်းလှသလို အရမ်းလည်း
အန္တရာယ်များပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
(၄.၁၁.၂၀၁၇)
✔ ✔✔ ဆေးပေါင်းခတဲ့ည တန်ဆောင်တိုင် လပြည့်ညမှာ မိမိတို့ချစ်ခင်ရတဲ့သူတွေနဲ့အတူ...မိဘညီအကိုမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ babylon က ဆုတောင်းမေတ္တာပို့ပါတယ်။ 🎈🎈🎈
babylon trekking tour
babylon trekking tour
အခုအပတ် babylon trekking tour ခရီးစဉ် 0101 နဲ့အတူ လိုက်ပါခဲ့ကြတဲ့ babylon customer တွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ခရီးစဉ်ဟာ ထင်ထားတာထက် ပိုပြည့်စုံပြီး အရမ်းပင်ပန်းသွားတာမျိုးလည်းမရှိလို့ တနင်္လာနေ့
ရုံးအမှီလည်း လုပ်ငန်းခွင်ပြန်ဝင်နိုင်ကြတယ်လို့လည်း feedback ပြန်ရပါတယ်။
...ကဲ ၂၄ ရက်နေ့ထွက်မယ့် ခရီးစဉ်အမှတ် 0102 ကိုလည်း ကြိုတင်စာရင်းသွင်းနိုင်ကြပါပြီနော်...
babylon Travels&Tours Promo
“babylon trekking/hiking tour နဲ့ လိုက်ပါပြီး သဘာဝရဲ့အလှတ၇ားနဲ့ ထူးဆန်းမှုတွေကို ထိတွေ့ ခံစားကြည့်ကြရအောင်”
***babylon ဟာ ဘယ်လိုခရီးစဉ်လဲ***
babylon ရဲ့ (အောင်ပန်း-ပင်းတယ(တောင်ပေါ်ယာယီအပန်းဖြေစခန်း-ရွာငံ(မြသပိတ်ရေပြာအိုင် သဘာဝ ဆင်ရေ၀င်ဂူ) ခရီးစဉ်ဟာ အခြား package tour တွေနဲ့ မတူပဲ ခရီးသွားတွေကို ထူးခြားတဲ့
အတွေ့အကြုံတွေကို ကျေနပ်စွာခံစားခွင့်ရစေမှာဖြစ်ပါတယ်။ Adventure tour လို့လည်းခေါ်လို့ရ ပါတယ်။
babylon ရဲ့ရည်ရွယ်ချက်အတိုင်း ခရီးသွားတွေကို မြန်မာပြည်ရဲ့ လှပထူးဆန်းတဲ့ ပကတိအလှတရား
တွေရှိတဲ့နေရာတွေဆီကို အရောက်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
***ဘယ်လိုနေရာတွေကို ဆောင်သွားမှာလဲ***
ယခုခရီးစဉ်ရဲ့ အဓိကနေရာ ၂ ခုရှိပါတယ်။ အဲဒါကတော့ babylon ရဲ့ တောင်ပေါ်ယာယီအပန်းဖြေ စခန်းမှာ အရည်အသွေးမြင့် ယာယီရွက်ဖျင်တဲတွေနဲ့ တစ်ညတာ လုံခြုံစွာအိပ်စက်ပြီး အေးမြတဲ့ရာသီ ဥတုနဲ့အတူ တောင်ပေါ် နေ၀င်၊နေထွက်အလှကို ကော်ဖီပူပူလေးသောက်ပြီး တစ်ဝကြီးခံစားခွင့် ရစေမှာဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်ဟာ အသက်ရှုမေ့လောက်တယ်လို့ဆိုရင် လွန်မလားပဲ။
ကြယ်တွေကိုလည်း ရေတွက်ရင်းနဲ့ပေါ့။ လိုက်ပါခံစားကြည့်မှ ဒီထက်ပိုတယ်ဆိုတာ သိပါလိမ့်မယ်။
ညဘက်မှာ မီးဖိုဘေး ၀ိုင်းဖွဲ့ပြီး ရှမ်းပြည်ရဲ့အအေးဒဏ်ကို အံတုရတာကလည်း အရသာတစ်မျိုးပါပဲ။
နောက်တစ်နေ့မှာတော့ တောင်ပေါ်ကရွာကလေးမှာ ဓနု၊ပလောင်လူမျိုးတွေရဲ့ လူနေမှုဘ၀တွေကို ခေတ္တလေ့လာခွင့်ရကြမှာဖြစ်ပြီး babylon ခရီးစဉ်ရဲ့ အဓိကနေရာနောက်တစ်ခုဖြစ်တဲ့ ရွာငံမြို့နယ်
ထဲက သဘာဝဆင်ရေ၀င်ဂူဆီ babylon customer တွေကို အရောက်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ရေ၀င်ဂူဟာ သဘာဝပကတိအတိုင်းတည်ရှိနေသေးပြီး တစ်နှစ်မှာ ယခုလိုပွင့်လင်းရာသီမှ ၀င်ရောက် လေ့လာနိုင်တာကြောင့် ဒါဟာလည်း ထူးခြားတဲ့အခွင့်အရေးဖြစ်လာစေမှာပါ။ ဂူဟာ ကျယ်ပြန့် ရှည်လျှားလွန်းလို့ ၂၄ နာရီ ဂူထဲလှည့်လည်တာတောင် မပြီးဆုံးနိုင်ပါဘူး။ Babylon customer တွေကိုတော့ အတွင်းမှာ ၁ နာရီခွဲကျော်လောက်အချိန်ပေးပြီး မှင်သက်သွားစေမယ့် အလှဆုံးနေရာတွေဆီပဲ ခေါ်ဆောင် ပေးသွားမှာပါ။ (ဂူထဲမှာ အသုံးပြုရမယ့် ဓါတ်မီး၊ အချက်ပြမီး၊ တုတ်ကောက် စီစဉ်ထားပါတယ်။)
စစချင်း အောင်ပန်းကနေ အသွားလမ်းတစ်လျှောက်မှာတော့ ထင်းရှူးပင်တန်းတွေ၊ အရောင်အသွေးစုံ တောင်ယာစိုက်ခင်းတွေ၊ ဒါတွေကို အပေါ်က စီးမိုးကြည့်နိုင်တဲ့ မိန်းမရဲတောင်၊ နာမည်ကြီး (ရွာငံ)မြသပိတ်ရေပြာအိုင်နဲ့တောကျယ် ရေတံခွန်တို့ဆီလည်း ၀င်ရောက်ပို့ဆောင်ပေးသွားမှာ