19/02/2023
နေပြည်တော် ငလိုက်ဆင်စခန်းသို့ အလည်အပါတ်ခရီးစဉ် 🐘🦣🐘
နေပြည်တော်မှ ချစ်မိတ်ဆွေများအတွက် ရုံးပိတ်ရက်/ကျောင်းပိတ်ရက်တွေမှာ နေရာလည်းအဝေးကြီး မသွားရဘဲ အပန်းပြေပျော်ပွဲစားထွက်ကြရင်း ဆင်လေးတွေအကြောင်း ဗဟုသုတတွေလည်းရချင်တယ် ဆိုရင် နေပြည်တော်မြို့အနီးတဝိုက်မှာရှိတဲ့ အမြန်လမ်းပေါ်က ငလိုက်ဆင်စခန်းလေးကို သွားလည်ကြဖို့ အကြံပြုပါရစေရှင့်
ငလိုက်ဆင်စခန်းမှာဆိုရင် ဆင်လေးတွေကို နေ့စဉ်လှုပ်ရှားမှုလေးတွေအပြင်
- ဆင်လိမ္မာလေးတွေရဲ့ ချစ်စရာဆင်ကပွဲလေးကြည့်ရမယ်
- ဆင်စာကျွေးကြမယ်
- ဆင်စီးရတဲ့အတွေ့အကြုံအထူးအဆန်းလေးရမယ်
- တောတွင်း သစ်သားတံတားရှည်ပေါ်မှာ လမ်းလျှောက်ရင်း ပုံလှလှလေးတွေရိုက်မယ်
- ဆင်ပြတိုက်မှာ ဆင်တွေအကြောင်း ဗဟုသုတရစရာတွေ ရှင်းပြတာ ကြည့်ရမယ်
- နေ့လည်စာစားရင်း ပျော်ပျော်ပါးပါး ဂိမ်းတွေဆော့ကြမယ်
- ကန်ထဲမှာလှေစီးကြမယ်
ဒီလို နေ့ချင်းပြန်ခရီးတိုလေးကို ကားခအပြင် နေ့လည်စာ+အအေး+ရေ+ဝင်ကြေး+ဆင်စီးခ+ဆင်စာဖိုး အားလုံးအပြီးအစီး စီစဉ်ပေးမယ်ဆိုရင် အရမ်းကိုတန်ပြီး ဒီအတိုင်းလေးပဲ လှလှလေးပြင်ပြီးသွားရုံပဲမို့ သက်တောင့်သက်သာဖြစ်တယ်မလား???
ဒီခရီးစဉ်လေးအတွက် Package (၃)မျိုး စီစဉ်ထားတာမို့ ကိုယ့်ရဲ့ဘက်ဂျက်အလိုက် ကြိုက်နှစ်သက်ရာ ရွေးချယ်အားပေးလို့ရပါပြီရှင့်
Special Package (လူတစ်ဉီး - 35,000 ကျပ်)
- ဆင်အစာဘူဖေးကျွေးတာပါမယ်
- နေ့လည်စာ (ကြက်ဆီထမင်း) စီစဉ်ပေးပါမယ်
- အအေး+ရေ (အခမဲ့)
- ဆင်စီးတာလည်းပါမယ်
- တောတွင်းသစ်လုံးတံတား+ကြိုးတံတားလျှောက်တာပါမယ်
- ဆင်ပြတိုက်သို့လေ့လာမယ်
- ဆင်လိမ္မာပြပွဲတွေကြည့်မယ်
- လှေစီးမယ့်သူများအတွက် လှေစီးခထပ်မံကောက်ခံပါမယ်
- အမှတ်တရလက်ဆောင်တွေပေးမယ်
** အိမ်အရောက်ကြို/ပို့ လုပ်ဆောင်ပေးပါမယ် **
Normal Package (လူတစ်ဉီး - 28,000 ကျပ်)
- ဆင်အစာကျွေးတာပါမယ် (လူတစ်ဉီးလျှင်တစ်ပွဲနှုန်း)
- နေ့လည်စာ (ကြက်ဆီထမင်း) စီစဉ်ပေးပါမယ်
- အအေး+ရေ (အခမဲ့)
- ဆင်စီးတာလည်းပါမယ်
- တောတွင်းသစ်လုံးတံတား+ကြိုးတံတားလျှောက်တာပါမယ်
- ဆင်ပြတိုက်သို့လေ့လာမယ်
- ဆင်လိမ္မာပြပွဲတွေကြည့်မယ်
- လှေစီးမယ့်သူများအတွက် လှေစီးခထပ်မံကောက်ခံပါမယ်
** အိမ်အရောက်ကြို/ပို့ပေးရလျှင် ကားခထပ်မံကောက်ခံပါမယ် **
Low-cost Package (လူတစ်ဉီး - 15,000 ကျပ်)
- နေ့လည်စာ (ကြက်ဆီထမင်း) စီစဉ်ပေးပါမယ်
- ရေ (အခမဲ့)
- တောတွင်းသစ်လုံးတံတား+ကြိုးတံတားလျှောက်တာပါမယ်
- ဆင်ပြတိုက်သို့လေ့လာမယ်
- ဆင်လိမ္မာပြပွဲတွေကြည့်မယ်
- ဆင်စီးမယ့်သူများအတွက် ဆင်စီးခထပ်မံကောက်ခံပါမယ်
- လှေစီးမယ့်သူများအတွက်လည်း လှေစီးခထပ်မံကောက်ခံပါမယ်
- Higer အဲယားကွန်းဘတ်စ်ကားတစ်စီးလျှင် လူ(၃၀)ဉီးအထိသာ လက်ခံမှာမို့ သက်တောင့်သက်သာ သွားလာနိုင်ပါမယ်ရှင်
** အိမ်အရောက်ကြို/ပို့ပေးရလျှင် ကားခထပ်မံကောက်ခံပါမယ် **
ခရီးစဉ်ထွက်ခွာမည့်ရက်/အချိန် - စနေ၊ တနင်္ဂနွေ (မနက် ၈:၀၀)
စတင်ထွက်ခွာမည့်နေရာ
- မြို့မဈေး၊ ဓာတုဇယျဓာတ်ပေါင်းစေတီရှေ့၊ သပြေကုန်းဈေး၊ နှင်းဆီပန်းအဝိုင်းအနီး၊ ပုပ္ဗသီရိညဈေး
(နီးစပ်ရာနေရာများသို့လာရောက်ကြိုပေးရမည်ဆိုပါကကြိုတင်အကြောင်းကြားပေးရပါမည်)
ကဲ အရမ်းတွေတန်နေပြီမို့ ပိတ်ရက်မှာ ချစ်ရသူတွေနဲ့အတူ ပျော်ပျော်ပါးပါး လျှောက်လည်ကြဖို့ စေတနာခွန်းချို “နယူးရွှေမြင့်မိုရ်” ကို အမြန်ဆုံးဖုန်းဆက်လိုက်ကြပါစို့နော်
ဆက်သွယ်ရန်
New Shwe Myint Mo Travels & Tours
အမှတ်(၁၀၀၀)၊ ရာဇဌာနီလမ်း၊ အောင်သာယာရပ်ကွက်၊ မြင့်မိုရ်နန်းဟိုတယ်မြေညီထပ်၊ ပုပ္ဗသီရိမြို့နယ် နေပြည်တော်
ဖုန်း - 09447599917, 09447599918, 09402255511, 09402255522