10/03/2022
အိမ်မှာ မီးထွန်းဖို့၊ wifi ၊ laptop၊ ဖုန်းအားသွင်းချင်လို့
အင်ဗာတာ နှင့် ဘက်ထရီ ဘယ်လိုဟာဝယ်ရမလဲ
သိချင်သူများ အတွက် အခု post လေးကို ရေးသားဖြစ်ပါတယ်။
အစ အဆုံး သေချာ ဖတ်ပြီးရင် ကိုယ်တိုင်ရွေး ချယ်ဝယ်
ယူနိုင်မယ် လို့ မျှော်လင့်ပါတယ်။
ပထမဦးဆုံး မိမိ အသုံးပြုမည့် လျှပ်စစ် ပစ္စည်းများရဲ့
စုစုပေါင်း Watt ကို အရင်တွက်ရပါမယ်။
နမူနာ တွက်ပြပေးပါမယ်။
အိမ်မှာ
Wifiစက် 20W
Laptop 60W
4" မီးချောင်း 40W တစ်ချောင်း သုံးပါမယ်။
20W + 60W + 40W = 120W
စုစုပေါင်း 120W ရပါတယ်။
အချိန်ဘယ်လောက်ကြာကြာသုံးမှာလဲ ????
၆နာရီ လောက် သုံးချင်တယ်။
120W ကို 6Hrs လောက် အထိ
အသုံးခံနိုင် မဲ့ ဘက်ထရီအိုးကို
အောက်က Battery list တွေထဲ မှာရှာလိုက်ရုံပါပဲ။
ဘက်ထရီ လျှပ်စီး ပါဝါ အသုံးပြုခံနာရီ
AH နူန်း(A) Watt. Hours
35AH 1.75A 21W. 20Hrs
3.5A. 42W. 8Hrs.
4A. 48W. 6Hrs.
5.25A. 63W. 3Hrs
. 300W. 30mins
60AH. 3A. 36W. 20Hrs
6A. 72W. 8Hrs.
7.5A 90W. 6Hrs.
. 300W. 55mins
70AH. 3.5A 42W 20Hrs
7A. 84W. 8Hrs.
9A. 108W. 6Hrs.
. 300W. 78mins
80AH. 4A. 48W. 20Hrs
8A. 96W. 8Hrs
10A. 120W. 6Hrs
. 300W. 101mins
90AH. 4.5A. 54W. 20Hrs.
9A. 108W. 8Hrs.
12.5A. 150W. 5Hrs.
. 300W. 124mins.
100AH. 5A. 60W. 20Hrs.
10A. 120W. 8Hrs.
15A 180W. 5:40Hrs.
20A. 240W. 3Hrs.
25A. 300W. 2:30Hrs.
120AH. 6A. 72W. 20Hrs.
12A. 144W. 8Hrs.
16A. 192W. 6Hrs.
25A. 300W. 3Hrs.
150AH. 7.5A. 90W. 20Hrs
15A. 180W 8Hrs
18A. 216W. 6Hrs.
22A. 264W. 5Hrs.
25A. 300W. 4:30Hrs.
200AH. 10A. 120W. 20Hrs
20A. 240W. 8Hrs.
25A. 300W. 6:30Hrs.
30A. 360W. 5Hrs.
35A. 420W. 4Hrs.
*********
(အထက်ပါအချက်အလက် များသည် FLA / SLAB
ဘက်ထရီ အိုး အစို / အခြောက် များ ပေါ်မူတည်ပြီး
တွက်ချက်ထားသော ရလဒ် များ ဖြစ်ပါသည်။
#နဲ့ဖော်ပြထားတဲ့Aတွေကအရေးပေါ်Emergency
အတွက် ခဏတာ သုံးဖို့ ရည်ရွယ်ပါတယ်။
အမြဲတမ်း အတွက်အသုံးပြုရန်မသင့်ပါ။
ဘက်ထရီ နာမည် Brand ပေါ်မူတည်၍ အနည်းငယ်
ပြောင်းလဲနိုင်ပါတယ်။ ) ********
80AH ဘက်ထရီ အိုးလောက်သုံးရင်
120W ကို 6Hrs လောက်အသုံး ခံနိုင်တာတွေ့ပါတယ်။
ဘက်ထရီ အမျိုး အစားပေါ်မူတည်ပြီး အသုံးပြုချိန်
အနည်းငယ် ကွာဟနိုင်တာ ကြောင့်
90AH ဘက်ထရီအိုးကြီးတာ ကို ပိုရွေးသင့်ပါတယ်။
Battery Dry charge ( or) FLA
&
Battery Maintenance Free ( or ) SLAB
ဘက်ထရီ အိုးအစို နဲ့ အခြောက် ဘယ်ဟာရွေးရ
မလဲ???????
ဘက်ထရီ အိုးအစို ထက် အခြောက်တွေ က ဈေးပိုကြီး
ပါတယ်။
မိမိ အသုံးပြုမဲ့ နေရာ အိမ်က လေအဝင် အထွက် သိပ်
မကောင်းဘူး ၊ အိမ် မှာ ပန်းနာ ရင်ကြပ် အသက်ရှု လမ်း
ကြောင်း ဆိုင်ရာ ရောဂါ ဝေဒနာ သည်ရှိတယ်ဆိုရင်
ဘက်ထရီ ခြောက် ကိုအသုံးပြုသင့်ပါတယ်။
၃နှစ် အောက် ကလေး သူငယ် ရှိတယ်ဆိုရင်လဲ
ဘက်ထရီ ခြောက် SLAB ကို အသုံးပြုသင့်ပါတယ်။
ဘက်ထရီ ခြောက်က Maintenance Free အမျိုးအစား
ဖြစ်တာကြောင့် ဝယ်ယူ ပြီးချိန်မှ စ၍ ပြုပြင်ထိန်းသိမ်း
ရန် မလိုပါ။
ဘက်ထရီ အိုး အစို Dry Charge , FLA ကို
အသုံးပြု မည့်ဆိုပါက
လေဝင်လေထွက် ကောင်းဖို့လိုပါတယ်။
မိမိ အသုံးပြုမူ အပေါ်မူတည်၍ ၃လ နှင့် ၅လ အကြား
ဘက်ထရီ မိုးရေ တိုင်းတာ စစ်ဆေး ပြီးထည့်ပေးဖို့
လို့ပါတယ်။
ဘက်ထရီ အက်ဆစ် အရည် Low level နဲ့ High level
ကြား မှာ ဂရုတစိုက်ထားပေးဖို့လိုပါတယ်။
အားသာ ချက်ကတော့ ဘက်ထရီ ခြောက် SLAB
ထက် ဈေး သက်သာပါ။
အင်ဗာတာက ဘယ်လောက် watt ဝယ်ရမလဲ????
အလွယ်ဆုံး ရွေးနည်းကပြော ပြပေးပါမယ်။
အောက်က ဇယားသာကြည့်ရွေးလိုက်ပါ။
Inverter / Ups. တွဲသုံးနိုင်သောဘက်ထရီများ
VA/ W AH
100W. 7AH , 9AH , 15AH
200W. 15AH, 25AH, 35AH
300W. 25AH, 35AH, 45AH,
60AH.
500W,650VA 45AH, 60AH, 70AH,
80AH, 90AH, 100AH.
750VA,850VA. 90AH, 100AH,120AH
150AH,
1000W. 100AH, 120AH, 150AH
200AH
1250VA. 100AH, 150AH, 200AH
1550VA. 100AH, 150AH, 200AH
220AH, 250AH
အထက်ပါ အချက်အလက်များသည်
DC 12V သာ အသုံးပြုသော Inverter / Ups များ
အတွက်သာ ရည်ရွယ်ပါတယ်။
အထက်ဖော်ပြပါ Inverter / battery အတွဲများသည်
Charging ( ရိုးရိုး အင်ဗာတာသာများအတွက်သာ)
ဘက်ထရီ အားပြန်သွင်း ချိန် "H" high နဲ့အားသွင်း
လျှင် ၃နာရီ ၄ နာရီ နဲ့ အား ပြည့်နိုင်ပြီး
"L" Low နှင့် အားသွင်းလျှင် ၅ နာရီ ၆နာရီ အတွင်း
ပြည့်အောင်သွင်းပေးနိုင်သောအတွဲများဖြစ်ပါတယ်။
Smart charging အလိုလျောက်အားသွင်းစနစ်
ပါသော Ups များ အတွက် အသုံးပြုသူမှ
battery အားပြည့်မပြည့် စောင့်ဆိုင် အားသွင်း ပိတ်ပေးရန်မလိုပါ။
မီးထွန်းရန်၊ wifi ၊ laptop အားသွင်းရင် tv ကြည့်ရန်
အတွက် ရိုးရိုး အင်ဗာတာများကို အသုံးပြုနိုင်ပါတယ်။
Desktop computer , မော်တာ ပန်ကာ များ အသုံးပြု
လိုပါက Pure Sine Wave UPS များ သာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
ဈေးနူန်းတတ်နိုင်ရင်တော့ Pure sine wave Ups သုံး
တာ အကောင်းဆုံးပါ။
အားလုံး အဆင်ပြေ ဘေးကင်းကြပါစေ။
Credit