31/01/2025
🔰 လူတော်တော်များများက လေယာဥ်စီးဖူးကြပါတယ်၊ ဒါပေမယ့် ဒါကိုတော သိပ်မသိကြဘူး👇🏻👇🏻
🔰ဒီတစ်ခေါက်မှာတော့ လေယာဉ်လက်မှတ်မဖြတ်ခင် သိထားရမည့် အကြောင်းအရာ၊ Kg အကြောင်းအရာနှင့် Laptop, Power Bank သယ်ယူရ/မရ အကြောင်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
1️⃣ လက်မှတ်အမျိုးအစားများ
🔰လက်မှတ်များဖြတ်ရတွင် လူကြီး၊ Chiild နှင့် Infant ဟူ၍ သုံးမျိုးရှိပါတယ်
(ဥပမာ - လူကြီး - ၁၂ နှစ်အထက် , Child - ၂ နှစ်မှ ၁၂ နှစ်ထိ, Infant - လသားအရွယ်မှ ၂ နှစ်ထိ)
2️⃣ KG အကြောင်း
🔰All Sectors :
: Business Class - 30 Kg, and Infant - 10 kg
: Economy class - 20 Kg, and Infant - 10 Kg
: Hand Carry - 7 Kg
🛫 သတ်မှတ်ထားတဲ့ Kg ပိုသွားရင် သတ်မှတ်ထားတဲ့ စျေးနှုန်းပေးပြီး သယ်သွားလို့ရပါတယ်။
🛫 Hand Carry က 7kg ပဲရတဲ့အတွက် အထုတ် ၁ ထုပ်ထဲ ရှိသမျအကုန် ထည့်သယ်ကြတဲ့အခါ မလိုလားအပ်ပဲ လေဆိပ်မှာ ထားခဲ့ကြရတာတွေ တွေ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။
3️⃣Laptop , Tablet , Power Bank တို့ကို သယ်ယူလို့ ရရဲ့လား?
🔰 ဟုတ်❗ရပါတယ်၊ ဒါပေမယ့် Laptop , Tablet , Power Bank တို့ကို Hand Carry အနေနဲ့သာ သယ်ယူသင့်ပါသည်။(အကယ်၍မိမိက အပ်မည့် Luggage ထဲ ၎င်းပစ္စည်းတွေကို ထည့်ထားမိရင် လေဆိပ် လက်မှတ်ကောင်တာမှ ဝန်ထမ်းက တစ်ခါတည်း ထုတ်ခိုင်းပါတယ်။)
4️⃣ Arrived ရောက်လို့ Luggage အိတ်ကို ရှာမတွေ့သောအခါ
🔰 လေယာဉ်လက်မှတ်ရဲ့ နောက်မှာကပ်ပေးလိုက်တဲ့ Sticker လေးက Luggage အိတ်ထုတ်တဲ့အခါ၊မိမိ Luggage ရှာမတွေ့တဲ့အခါ အလွယ်တကူ ပြန်ရှာလို့ရအောင် ကပ်ပေးထားတာဖြစ်ပါတယ်။
အကယ်၍ မိမိ Luggage ကို ရှာမတွေ့ခဲ့ဘူးဆိုရင် လေယာဉ်လက်မှတ် နောက်ကျောမှာပါတဲ့ ဒီ Sticker လေးကိုပြပြီး လေဆိပ်က တာဝန်ရှိသူတွေက ဘားကုတ်လေးကို Scan ဖတ်ပြီး မိမိ Luggage ကို ရှာပေးပါလိမ့်မယ်။
🔰နောက်ထပ်လေကြောင်းလိုင်းဗဟုသုတများသိရှိရန်နှင့် လက်မှတ်များဝယ်ယူလိုပါက Myat Sanpay Air Ticket Agency ကို Like👍🏻 လုပ်ထားဖို့ မမေ့နှင့်နော်❗❗❗
"မသိသေးသော ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေပါစေ"
💯💯💯လက်မှတ်များဝယ်ယူလိုပါက💯💯💯
Myat Sanpay Agent
Air Ticket Sale Agency
Main Road, Pyi Taw Thar Quater, Sittwe
📱 09421714398/ 09685162418
📱 09421726823
👇👇အောက်ပါတို့ဖြင့် လွယ်ကူစွာငွေလွှဲနိုင်ပါသည်👇👇
☑️ AYA BANK
☑️ KBZ BANK / KBZ PAY
☑️ CB BANK
☑️ YOMA BANK
☑️ WAVE MONEY
☑️ WAVE PAY