12/04/2024
ကောင်းမွန်ပြည့်စုံသော နေ့ရက်တိုင်းအတွက် Myat travellerက ခရီးသွားမိတ်ဆွေတို့အနားမှာအမြဲရှိနေပါမယ်❤️
အခုရက်ပိုင်းမှာ အပူလှိုင်းကြောင့် နေ့အပူချိန် မြင့်တက်လာသည့်အတွက် အပူမလျှပ်စေဖို့ မိမိကိုယ်တိုင် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်...☀️☀️☀️
အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၊ ရောဂါအခံရှိသူများ၊ ပြင်ပမှာ လှုပ်ရှားသွားလာပြီး အလုပ်လုပ်နေရသူများအနေဖြင့် အပူဒဏ်ကြောင့် ဖျားနာတာမျိုး၊ ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်ရအောင် အထူးဂရုစိုက် နေထိုင်သင့်ကြောင်းSu Myat traveller(ခရီးသွားဝန်ဆောင်မှု) မှ အကြံပြုပြောကြားလိုပါတယ်...
နေ့အပူချိန်မြင့်တက်ပြီး အပူချိန်ပြင်းထန်နေချိန်အတွင်း အခုလိုနည်းလမ်းကောင်းေလးများကို လိုက်နာဆောင်ရွက်နိုင်ဖို့ တိုက်တွန်းပြောကြားပါရစေ...
☀️လေဝင်လေထွက်ကောင်းပြီး အရိပ်ေကာင်းေကာင်းရတဲ့နေရာများ ၊ အေးမြတဲ့နေရာများမှာ နေထိုင်ပါ
☀️အရောင်ဖျော့ဖျော့နဲ့ ချွေးစုပ်တဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ
☀️နေပူထဲကို မဖြစ်မနေ ထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်စတဲ့ အကာအကွယ်အသံုး အဆောင်များအား အသုံးပြုပါ
☀️ရေဓာတ် မဆုံးရှုံးစေဖို့ ရေများများသောက်ပေးပါ
☀️ချွေးထွက်နည်းလာပြီး မူးဝေသလိုမျိုး ဖြစ်လာရင် အေးမြတဲ့နေရာမှာ အနားယူပြီး ဓာတ်ဆားရည် များများသောက်ပေးပါ
☀️နေပူထဲက ပြန်လာပြီး အဲကွန်းခန်းထဲ ချက်ချင်းဝင်တာ၊ ခြေထောက်ဆေးတာ၊ ခေါင်းနဲ့ လည်ပင်းကို ရေစွတ်တာတွေကိုေရှာင်ကြဉ်ပါ စတဲ့ ရုတ်တရက် အပူချိန် အပြောင်းအလဲကို သတိထားပေးပါ
☀️သွေးတိုး ရောဂါအခံရှိသူတွေအနေနဲ့ အပူအစပ်ရှောင်ပြီး အစားအသောက်ကိုပါ အထူးဂရုပြုဆင်ခြင်ပြီးစားသုံးသင့်ပါတယ်
အပူချိန် ပြင်းထန်လွန်းတာက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့အတွက် အသိ၊ သတိနှစ်ခုလုံးနဲ့ ကြိုတင်ကာကွယ်ဖို့ Su Myat travellerကထပ်မံသတိပေးအပ်ပါတယ်ခဗျာ
Myat traveller