Good Lucky Tourism & Health Services

Good Lucky Tourism & Health Services We Provide The Best Tourism & Health Services. Contact us for more details - 09256238332 | 09420930471

အားလုံးသောမိတ်ဟောင်းမိတ်သစ်အပေါင်းမဂ်လာနှစ်သစ် 2025 ဖြစ်ကြပါစေကြောင်း Good Lucky health and tourism မိသားစု မှတောင်းဆုပြ...
31/12/2024

အားလုံးသောမိတ်ဟောင်းမိတ်သစ်အပေါင်းမဂ်လာနှစ်သစ် 2025 ဖြစ်ကြပါစေကြောင်း Good Lucky health and tourism မိသားစု မှတောင်းဆုပြုအပ်ပါတယ်ရှင့်🙏Happy New year 2025.May you be all happy and healthy 🙏

18/12/2024

မိတ်ဆွေတို့ရေ ပြည်တွင်း ပြည်ပခရီးစဉ်များသွားမယ်ဆို Good Lucky Tourism & Health Services ကို သတိရလိုက်ပါ
မှန်ကန်သောစျေးနှုန်း, ကောင်းမွန်သော ဝန်ဆောင် မှုများနဲ့ စိတ်ချယုံကြည်စွာအားပေးနိုင်ပါတယ် Visa services များလည်း သက်သာသောဝန်ဆောင်ခများနှင့်ဆောင်ရွက်ပေးနေပါပြီ
ငွေစျေးအတက်အကျရှိတာမို့ မိမိသွားမည့်ခရီးစဉ်နေ့မတိုင်ခင် နှစ်ပတ် အနည်းဆုံး ကြိုတင်ပြီး ပြည်တွင်း ပြည်ပခရီးစဉ် လက်မှတ်များဝယ်ယူနိုင်ပါပီ အစဉ်အားပေးနေသော ဖောက်သည်တော်များနဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံးကိုလေးစားစွာ ကျေးဇူးတင်ပါတယ်ရှင့်🙏
ဆက်သွယ်ရန်ရုံးဖုန်း 09256238332/09420930471

26/10/2024

လေယာဉ်ထိုင်ခုံတွေ အပြာရောင်ဖြစ်ရတဲ့ အကြောင်းအရင်း။

လေယာဉ်ခရီး မကြာခဏ သွားဖူးသူတွေအနေနဲ့ လေကြောင်းလိုင်း တော်တော်များများရဲ့ လေယာဉ်ထိုင်ခုံတွေဟာ အပြာရောင်ဖြစ်နေတာကို သတိထားမိကြမှာပါ။

ဘာကြောင့် အပြာရောင်ကို အသုံးပြုကြတာလဲ။

တချို့လူတွေကတော့ အပြာရောင်က ကောင်းကင်ကို ရည်ညွှန်းတာလို့ ယူဆကြပေမယ့် တခြားအချက်တွေလည်း ရှိနေပါသေးတယ်။

အောက်မှာတော့ Bright Side မှာတွေ့ရှိထားတဲ့ လေယာဉ်ထိုင်ခုံတွေနဲ့ ပတ်သက်တဲ့အချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက လေကြောင်းလိုင်းတွေ အကုန်လုံးလိုလို ခုံအပြာရောင်တွေကို အသုံးပြုခဲ့ပါတယ်။

ဗြိတိန်သိပ္ပံပညာရှင်တွေအဆိုအရ အပြာရောင်ဟာ လုံခြုံစိတ်ချမှုရှိခြင်းကို ရည်ညွှန်းကြောင်းနဲ့

(၉၀) ရာခိုင်နှုန်းသော လူတွေဟာ လေကြောင်းလိုင်းရွေးချယ်ကြရာမှာ လေယာဉ်အမှတ်တံဆိပ် အရောင်ပေါ်မူတည်ပြီး မသိစိတ်ကနေ ရွေးချယ်လေ့ရှိပါတယ်တဲ့။

ဖုန်မှုန့်၊ အစွန်းအထင်းနဲ့ ခြစ်ရာ၊ရှရာတွေဟာ အပြာရောင်ပေါ်မှာဆိုရင် သိပ်ပြီးသိသာထင်ရှားလေ့ မရှိပါဘူး။

ဒါကြောင့် အပြာရောင်က တခြားအရောင်နုတွေထက်စာရင် ပိုတာရှည်ခံ သုံးနိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်က ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်များမှာဆိုရင် အချို့လေကြောင်းလိုင်းတွေဟာ အနီရောင်ကူရှင်တွေကို သုံးလေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အနီရောင်က ခရီးသည်တွေအချင်းချင်း ရန်လိုမှုကို မြင့်တက်စေတာကြောင့် နောက်ပိုင်းမှာ အပြာရောင်ပြောင်းလဲခဲ့ရကြောင်း သိရပါတယ်။

ဒါတွေကတော့ လေယာဉ်ထိုင်ခုံတွေကို အပြာရောင်အဖြစ် ထားရှိရခြင်းနဲ့ပတ်သတ်တဲ့ ယေဘူယျအချက်တွေပါ။ တခြားအကြောင်းပြချက်တွေနဲ့ အသုံး ပြုကြတာလည်း ရှိနိုင်ပါတယ်။

လေယာဉ်ထိုင်ခိုင်ခုံကို အပြာရောင်ထားရှိရမယ်လို့ သတ်မှတ်မထားပါဘူး။ ဒါကြောင့် လေယာဉ်ထိုင်ခုံတွေကို အနီရောင်၊ အစိမ်းရောင် ထားပြီးအသုံးပြုတဲ့ လေကြောင်းလိုင်းတွေလည်းရှိကြပါတယ်။

လေယာဉ်ထိုင်ခုံတွေကို သားရေတုသို့မဟုတ် အထည်သားတွေနဲ့ ပြုလုပ်ကြပါတယ်။

နာရီပေါင်းများစွာကြာအောင် ပျံသန်းရတဲ့ ရက်ရှည်ခရီးစဉ်တွေဆိုရင်တော့ ထိုင်ခုံတွေကို အထည်သားနဲ့ပြုလုပ်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အထည်သားဟာ ချွေးစုပ်တာကြောင့် အရေပြားကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။

သားရေတုထိုင်ခုံတွေကိုတော့ ရေတိုခရီးစဉ်တွေမှာအသုံးပြုပါတယ်။ စားရင်းသောက်ရင်းနဲ့ တစ်ခုခု ထိုင်ခုံပေါ်ဖိတ်ကျရင်တောင် ခုံမှာ အစွန်း အထင်း ကျန်ခဲ့မှာ မဟုတ်လို့ပါ။

လေယာဉ်ထိုင်ခုံ ခေါင်းနောက်မှီက အဝတ်ကလေးကိုတော့ Headrest covers - antimacassar လို့ ခေါ်ကြပါတယ်။

ဒီလို အဝတ်အပိုင်းကလေးတွေကို ဗစ်တိုးရီးယန်းခေတ်က ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

ထိုစကားဟာ အမျိုးသားတွေသုံးတဲ့ ခေါင်းလိမ်းဆီ macassar ဆိုတဲ့ စကားကနေ ဖြစ်လာတာပါ။

ထိုဆီက အင်မတန် ပျစ်နှစ်တာကြောင့် ပရိဘောဂတွေမှာ အစွန်းအထင်းဖြစ်လွယ်ပါတယ်။

ဒါကြောင့်လူတွေက တန်ဖိုးကြီးတဲ့ပရိဘောဂတွေမှာ ဆီကြောင့် အပျက် အစီး အစွန်းအထင်းတွေ မဖြစ်ရလေအောင် ထိုင်ခုံထိပ် ခေါင်းမှီနေရာတွေမှာ အဝတ်အပိုင်းလေးကို ချုပ်လုပ်တပ်ဆင်ခဲ့ကြတာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ
crd to original writer
Good Lucky health and Tourism

ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေကြောင်း Good Lucky Health and Tourism မိသားစု မှဆုမွန်​ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်
18/10/2024

ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေကြောင်း Good Lucky Health and Tourism မိသားစု မှဆုမွန်​ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်

လေယာဉ်ကိုယ်ထည်အတွင်းက အမှတ်အသားတွေ။ (လေယာဉ်ထဲမှာ သင်မြင်တွေ့ရမယ့်အရာတွေ)သင်လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Cabin လို့ခေါ်တဲ့...
04/10/2024

လေယာဉ်ကိုယ်ထည်အတွင်းက အမှတ်အသားတွေ။

(လေယာဉ်ထဲမှာ သင်မြင်တွေ့ရမယ့်အရာတွေ)

သင်လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Cabin လို့ခေါ်တဲ့ လေယာဉ်ခရီးသည်တင်အခန်းထဲကို ဝင်ရပါမယ်။

သင့်လက်မှတ်ပေါ်မှာပါတဲ့ ထိုင်ခုံနံပါတ်အတိုင်း ရှာဖွေပြီး ထိုင်ရပါမယ်။

မရှာတတ်ရင်လည်း မပူပါနဲ့။ လေယာဉ် မောင်/မယ်တွေက ကူညီရှာဖွေ ပေးပါတယ်။

အခုပြောချင်တာက အဲဒီလိုရောက်သွားတဲ့အချိန်မှာ သင်မြင်တွေ့ရမယ့် စာတန်းတွေ၊ အမှတ်အသား ဆိုင်းဘုတ်တွေအကြောင်း ဖြစ်ပါတယ်။

အပျင်းပြေ ဒီ " Signs and Placards" အကြောင်းလေး အဆုံးထိ ဖတ်ကြည့်ပေးကြပါအုံးနော်။

၁။ Fasten Seat Belt

ဒါကတော့ သင့်ကို ထိုင်ခုံမှာ ထိုင်နေစဉ် ခါးပါတ်ပါတ်ထားဖို့ သတိပေးတဲ့ အချက်ပြမီးပါ။

စာတန်းလည်းပါတတ်သလို၊ ခါးပါတ်ပုံလေးနဲ့ ပြတာမျိုးလည်း ရှိပါတယ်။

မီးမပျောက်မချင်း သင့်ခါးပါတ်ကို ပါတ်ထားရမှာပါ။ တစ်ခါတစ်လေ မီးငြိမ်းသွားပေမဲ့ လေယာဉ်မောင်/မယ်တွေက ခါးပါတ်ကို ဆက်ပါတ်ထားဖို့ အကြံပြုတာကို ကြားရပါလိမ့်မယ်။

အကာင်းဆုံးကတော့ ကိစ္စမရှိရင် ခါးပါတ်ကို ပါတ်ထားတာက သင့်အတွက် စိတ်ချရပါတယ်။

၂။ No Smoking/ No Device

အရင်ကတော့ ဆေးလိပ်သောက်တာကို လေယာဉ်ပေါ်မှာ ခွင့်ပြုခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ လုံးဝ ခွင့်မပြုတော့ပါဘူး။

ဒါ့ကြောင့် No Smoking ဆိုင်းဘုတ်အစား၊ No Device ကို ပြောင်းတပ်လာပါတယ်။ ဒါကတော့ ဖုန်းတို့၊ ကွန်ပျူတာတို့ မသုံးရဆိုတဲ့ အဓိပ်ပါယျပါ။

၃။ Exit

လေယာဉ်ရဲ့ ထွက်ပေါက်တွေကို ညွန်ပြတာ ဖြစ်ပါတယ်။ လေယာဉ်အမျိုးအစားအလိုက် ထွက်ပေါက်တွေ အနည်းအများ ကွာပါတယ်။

ဒီဆိုင်းဘုတ်ပေါ်မှာ မြှားပုံ အမှတ်အသားပါလို့ မြှားရဲ့ ညွှန်ပြတဲ့ အတိုင်းသွားရင် ထွက်ပေါက်ကို ရောက်မှာ ဖြစ်ပါတယ်။

၄။ Seat No.
ခုံနံပါတ်တွေကိုတော့ သင့်ထိုင်ခုံအပေါ်ဖက်က "Overhead Luggage Bin" ရဲ့ အနားစပ်မှာ ရေးထားပါတယ်။ "1A,B" "2A,B" စသဖြင့်ပေါ့။

၅။Life Vest is Under Your Seat

သင့်ရှေ့ခုံရဲ့ ကျောမှီပေါ်က စာတန်းပါ။ ဒါက သင့်ခုံရဲ့ အောက်ပိုင်းမှာ တွဲချုပ်ထားတဲ့ အိတ်တစ်လုံး ရှိပါတယ်။ အဲဒီ အိတ်ထဲမှာ အသက်ကယ် အင်္ကျီရှိတာကို ပြောတာပါ။

၆။ Safety Instruction Card

သင့်ရှေ့ခုံရဲ့ ကျောဖက်အိတ်ထဲမှာ ပလတ်စတစ်နဲ့ ဖုံးအုပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ရပါလိမ့်မယ်။

ဒီထဲမှာတော့ အရေးပေါ် အခြေအနေမှာ သင်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ပုံနဲ့ စာနဲ့ပါ ဖော်ပြပေးထားပါတယ်။ ဒါက ခုံတိုင်းမှာ ထည့်ပေးထားပါတယ်။

၇။ Reading Light / Crew Call

သင်ထိုင်ခုံမှာ ထိုင်လိုက်ပြီး အပေါ်ကို မော့ကြည့်ရင် လေပိုက်ခေါင်း အပေါက်နဲ့အတူ ခလုပ်လေးတွေ တွေ့ရပါလိမ့်မယ်။

ညအချိန် ပျံသန်းလို့ တစ်စီးလုံး အမှောင်ချထားချိန်မှာ သင်ဟာ Reading Light ခလုပ်ကိုနှိပ်ပြီး တစ်ကိုယ်ရေစာ မီးနဲ့ စာကြည့်နိုင်ပါတယ်။

သင့်မှာ အခက်အခဲရှိလို့ လေယာဉ်မောင်/မယ်ကို အကြောင်းကြားချင်ရင် Crew Call ခလုပ်ကို နှိပ်လိုက်ပါ။ သူတို့ရောက်လာပါလိမ့်မယ်။

၈။ Emergency Exit (အရေးပေါ်ထွက်ပေါက်)

အရေးပေါ်ထွက်ပေါက် ဘယ်နေရာမှာ ရှိတယ်ဆိုတာ မီးအနီရောင်နဲ့ ညွှန်ပြထားပါတယ်။

၉။ Floor Path Marking

သင့်ထိုင်ခုံကို သွားနေစဉ်မှာ သတိထားပြီး ကြမ်းပြင်ကို ကြည့်လိုက်ပါ။ လျှောက်လမ်းမှာ ခင်းထားတဲ့ ကော်ဇောအနားစွန်တွေမှာ ရောင်ပြန်တိပ်နဲ့ မျဉ်းဖြောင့်အတိုင်း တစ်ဖက်တစ်ချက် ကပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဒါတွေက သင့်ကို ထွက်ပေါက်ဆီကို ညွှန်ပြနေပါတယ်။

၁၀။ Lavatory (သန့်စင်ခန်း)

သန့်စင်ခန်းမှာလည်း တံခါးမှာကတည်းက ဆိုင်းဘုတ်အမှတ်အသားတွေ တွေ့ရပါလိမ့်မယ်။ လူရှိမရှိကို "Occupied"အမှတ်အသားနဲ့ ဖော်ပြထားပါတယ်။

အတွင်းမှာ ဆိုရင်လည်း အိမ်သာတက်ပြီး ရေဆွဲပါဆိုတဲ့ အဓိပ်ပါယျရှိတဲ့ "Flush" ဆိုတဲ့ ခလုပ်ကို တွေ့ရပါလိမ့်မယ်။ အမှိုက်ထည့်ရမယ့် နေရာကိုလည်း ပုံနဲ့ ပြထားပါတယ်။

အခြားသော " Signs and Placards" တွေ အများကြီးရှိပါသေးတယ်။ အဲ့ဒါတွေကတော့ လေယာဉ်အမှုထမ်းတွေနဲ့ ဆိုင်တာမျိုးတွေ များပါတယ်။

သင်နဲ့ ပါတ်သက်တဲ့ အမှတ်အသားများကို တင်ပြခဲ့တာဖြစ်လို့ နှစ်သက်ကြမယ်ထင်ပါတယ်။
လိုတာရှိရင်လည်း မန့်ခဲ့ကြပါအုံးလို့။
crd to original writer
#လေယာဉ်

လေယာဉ်ကိုယ်ထည်အတွင်းက အမှတ်အသားတွေ။ (လေယာဉ်ထဲမှာ သင်မြင်တွေ့ရမယ့်အရာတွေ)သင်လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Cabin လို့ခေါ်တဲ့...
04/10/2024

လေယာဉ်ကိုယ်ထည်အတွင်းက အမှတ်အသားတွေ။

(လေယာဉ်ထဲမှာ သင်မြင်တွေ့ရမယ့်အရာတွေ)

သင်လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Cabin လို့ခေါ်တဲ့ လေယာဉ်ခရီးသည်တင်အခန်းထဲကို ဝင်ရပါမယ်။

သင့်လက်မှတ်ပေါ်မှာပါတဲ့ ထိုင်ခုံနံပါတ်အတိုင်း ရှာဖွေပြီး ထိုင်ရပါမယ်။

မရှာတတ်ရင်လည်း မပူပါနဲ့။ လေယာဉ် မောင်/မယ်တွေက ကူညီရှာဖွေ ပေးပါတယ်။

အခုပြောချင်တာက အဲဒီလိုရောက်သွားတဲ့အချိန်မှာ သင်မြင်တွေ့ရမယ့် စာတန်းတွေ၊ အမှတ်အသား ဆိုင်းဘုတ်တွေအကြောင်း ဖြစ်ပါတယ်။

အပျင်းပြေ ဒီ " Signs and Placards" အကြောင်းလေး အဆုံးထိ ဖတ်ကြည့်ပေးကြပါအုံးနော်။

၁။ Fasten Seat Belt

ဒါကတော့ သင့်ကို ထိုင်ခုံမှာ ထိုင်နေစဉ် ခါးပါတ်ပါတ်ထားဖို့ သတိပေးတဲ့ အချက်ပြမီးပါ။

စာတန်းလည်းပါတတ်သလို၊ ခါးပါတ်ပုံလေးနဲ့ ပြတာမျိုးလည်း ရှိပါတယ်။

မီးမပျောက်မချင်း သင့်ခါးပါတ်ကို ပါတ်ထားရမှာပါ။ တစ်ခါတစ်လေ မီးငြိမ်းသွားပေမဲ့ လေယာဉ်မောင်/မယ်တွေက ခါးပါတ်ကို ဆက်ပါတ်ထားဖို့ အကြံပြုတာကို ကြားရပါလိမ့်မယ်။

အကာင်းဆုံးကတော့ ကိစ္စမရှိရင် ခါးပါတ်ကို ပါတ်ထားတာက သင့်အတွက် စိတ်ချရပါတယ်။

၂။ No Smoking/ No Device

အရင်ကတော့ ဆေးလိပ်သောက်တာကို လေယာဉ်ပေါ်မှာ ခွင့်ပြုခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ လုံးဝ ခွင့်မပြုတော့ပါဘူး။

ဒါ့ကြောင့် No Smoking ဆိုင်းဘုတ်အစား၊ No Device ကို ပြောင်းတပ်လာပါတယ်။ ဒါကတော့ ဖုန်းတို့၊ ကွန်ပျူတာတို့ မသုံးရဆိုတဲ့ အဓိပ်ပါယျပါ။

၃။ Exit

လေယာဉ်ရဲ့ ထွက်ပေါက်တွေကို ညွန်ပြတာ ဖြစ်ပါတယ်။ လေယာဉ်အမျိုးအစားအလိုက် ထွက်ပေါက်တွေ အနည်းအများ ကွာပါတယ်။

ဒီဆိုင်းဘုတ်ပေါ်မှာ မြှားပုံ အမှတ်အသားပါလို့ မြှားရဲ့ ညွှန်ပြတဲ့ အတိုင်းသွားရင် ထွက်ပေါက်ကို ရောက်မှာ ဖြစ်ပါတယ်။

၄။ Seat No.
ခုံနံပါတ်တွေကိုတော့ သင့်ထိုင်ခုံအပေါ်ဖက်က "Overhead Luggage Bin" ရဲ့ အနားစပ်မှာ ရေးထားပါတယ်။ "1A,B" "2A,B" စသဖြင့်ပေါ့။

၅။Life Vest is Under Your Seat

သင့်ရှေ့ခုံရဲ့ ကျောမှီပေါ်က စာတန်းပါ။ ဒါက သင့်ခုံရဲ့ အောက်ပိုင်းမှာ တွဲချုပ်ထားတဲ့ အိတ်တစ်လုံး ရှိပါတယ်။ အဲဒီ အိတ်ထဲမှာ အသက်ကယ် အင်္ကျီရှိတာကို ပြောတာပါ။

၆။ Safety Instruction Card

သင့်ရှေ့ခုံရဲ့ ကျောဖက်အိတ်ထဲမှာ ပလတ်စတစ်နဲ့ ဖုံးအုပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ရပါလိမ့်မယ်။

ဒီထဲမှာတော့ အရေးပေါ် အခြေအနေမှာ သင်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ပုံနဲ့ စာနဲ့ပါ ဖော်ပြပေးထားပါတယ်။ ဒါက ခုံတိုင်းမှာ ထည့်ပေးထားပါတယ်။

၇။ Reading Light / Crew Call

သင်ထိုင်ခုံမှာ ထိုင်လိုက်ပြီး အပေါ်ကို မော့ကြည့်ရင် လေပိုက်ခေါင်း အပေါက်နဲ့အတူ ခလုပ်လေးတွေ တွေ့ရပါလိမ့်မယ်။

ညအချိန် ပျံသန်းလို့ တစ်စီးလုံး အမှောင်ချထားချိန်မှာ သင်ဟာ Reading Light ခလုပ်ကိုနှိပ်ပြီး တစ်ကိုယ်ရေစာ မီးနဲ့ စာကြည့်နိုင်ပါတယ်။

သင့်မှာ အခက်အခဲရှိလို့ လေယာဉ်မောင်/မယ်ကို အကြောင်းကြားချင်ရင် Crew Call ခလုပ်ကို နှိပ်လိုက်ပါ။ သူတို့ရောက်လာပါလိမ့်မယ်။

၈။ Emergency Exit (အရေးပေါ်ထွက်ပေါက်)

အရေးပေါ်ထွက်ပေါက် ဘယ်နေရာမှာ ရှိတယ်ဆိုတာ မီးအနီရောင်နဲ့ ညွှန်ပြထားပါတယ်။

၉။ Floor Path Marking

သင့်ထိုင်ခုံကို သွားနေစဉ်မှာ သတိထားပြီး ကြမ်းပြင်ကို ကြည့်လိုက်ပါ။ လျှောက်လမ်းမှာ ခင်းထားတဲ့ ကော်ဇောအနားစွန်တွေမှာ ရောင်ပြန်တိပ်နဲ့ မျဉ်းဖြောင့်အတိုင်း တစ်ဖက်တစ်ချက် ကပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဒါတွေက သင့်ကို ထွက်ပေါက်ဆီကို ညွှန်ပြနေပါတယ်။

၁၀။ Lavatory (သန့်စင်ခန်း)

သန့်စင်ခန်းမှာလည်း တံခါးမှာကတည်းက ဆိုင်းဘုတ်အမှတ်အသားတွေ တွေ့ရပါလိမ့်မယ်။ လူရှိမရှိကို "Occupied"အမှတ်အသားနဲ့ ဖော်ပြထားပါတယ်။

အတွင်းမှာ ဆိုရင်လည်း အိမ်သာတက်ပြီး ရေဆွဲပါဆိုတဲ့ အဓိပ်ပါယျရှိတဲ့ "Flush" ဆိုတဲ့ ခလုပ်ကို တွေ့ရပါလိမ့်မယ်။ အမှိုက်ထည့်ရမယ့် နေရာကိုလည်း ပုံနဲ့ ပြထားပါတယ်။

အခြားသော " Signs and Placards" တွေ အများကြီးရှိပါသေးတယ်။ အဲ့ဒါတွေကတော့ လေယာဉ်အမှုထမ်းတွေနဲ့ ဆိုင်တာမျိုးတွေ များပါတယ်။

သင်နဲ့ ပါတ်သက်တဲ့ အမှတ်အသားများကို တင်ပြခဲ့တာဖြစ်လို့ နှစ်သက်ကြမယ်ထင်ပါတယ်။
လိုတာရှိရင်လည်း မန့်ခဲ့ကြပါအုံးလို့။
crd to original writer
#လေယာဉ်

 #တခုဝယ်တခုလက်ဆောင်ရ ထိုင်းဘတ် 6500/-သာရှိထိုင်းနိုင်ငံ ထွန်ပုရီဘာရွန်မွန်ဆေးရုံရဲ့ medical checkup plan အမျိုးသမီး သို့...
26/08/2024

#တခုဝယ်တခုလက်ဆောင်ရ ထိုင်းဘတ် 6500/-သာရှိ
ထိုင်းနိုင်ငံ ထွန်ပုရီဘာရွန်မွန်ဆေးရုံရဲ့
medical checkup plan အမျိုးသမီး သို့မဟုတ် အမျိုးသားအတွက်တစ်ဉီးဝယ်တဉီးလက်ဆောင်ရအစီစဉ်လေးလာပါပီ
ဆက်သွယ်ရန်ဖုန်း 09256238332/ 09420930471

 #တခုဝယ်တခုလက်ဆောင်ရ ထိုင်းနိုင်ငံ ထွန်ပုရီဘာရွန်မွန်ဆေးရုံရဲ့ medical checkup plan အမျိုးသမီး သို့မဟုတ် အမျိုးသားအတွက်တ...
26/08/2024

#တခုဝယ်တခုလက်ဆောင်ရ
ထိုင်းနိုင်ငံ ထွန်ပုရီဘာရွန်မွန်ဆေးရုံရဲ့
medical checkup plan အမျိုးသမီး သို့မဟုတ် အမျိုးသားအတွက်တစ်ဉီးဝယ်တဉီးလက်ဆောင်ရအစီစဉ်လေးလာပါပီ
ဆက်သွယ်ရန်ဖုန်း 09256238332/ 09420930471

02/08/2024

မိတ်ဆွေတို့ရေ ပြည်တွင်း ပြည်ပခရီးစဉ်များသွားမယ်ဆို Good Lucky Tourism & Health Services ကို သတိရလိုက်ပါ
မှန်ကန်သောစျေးနှုန်း, ကောင်းမွန်သော ဝန်ဆောင် မှုများနဲ့ စိတ်ချယုံကြည်စွာအားပေးနိုင်ပါတယ်👍
ငွေစျေးအတက်အကျရှိတာမို့ မိမိသွားမည့်ခရီးစဉ်နေ့မတိုင်ခင် နှစ်ပတ် အနည်းဆုံး ကြိုတင်ပြီး ပြည်တွင်း ပြည်ပခရီးစဉ် လက်မှတ်များဝယ်ယူနိုင်ပါပီ အစဉ်အားပေးနေသော ဖောက်သည်တော်များနဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံးကိုလေးစားစွာ ကျေးဇူးတင်ပါတယ်ရှင့်🙏
ဆက်သွယ်ရန်ရုံးဖုန်း📞 09256238332/09420930471

29/07/2024

လူကြီးမိဘတွေအတွက် ထိုင်းနိုင်ငံမှာ (၁) ရက်ထဲနဲ့ အပြီး (15လ) နေထိုင်ခွင့် Retirement Visa လျှောက်ကြမယ်

Retirement Visa (15လ) ဘယ်သူတွေ လျှောက်သင့်လဲ

အသက် (၅၀) ပြည့်ပြီးတဲ့ လူကြီးမိဘများ

ထိုင်းနိုင်ငံမှာ ကျောင်းတက်/ အလုပ်လုပ်နေကြတဲ့ သားသမီးများနဲ့အတူ လာရောက်နေထိုင်လိုသည့် မိဘများ

မကြာခဏ ဆေးကုသမှုခံယူရန် လိုအပ်သည့် လူကြီးမိဘများ "Retirement Visa (15လ) လျှောက်ထားသင့်ပါတယ်။

Retirement Visa လျှောက်မယ်ယ်ဆိုရင်တော့

လက်ကျန် Visa သက်တမ်း ရက်ပေါင်း (၃၀) ကျန်ရပါမယ်။
ထိုင်းဘဏ်အကောင့် လိုအပ်ပါတယ် (မရှိသူများအတွက် ဝန်ဆောင်မှု ပေးပါတယ်)
ဘန်ကောက် TM30 ရှိရပါမယ် (မရှိလျှင် ဆောင်ရွက်ပေးပါတယ်)

ကြာချိန် - (၁) ရက်သာ

Retirement Visa လျှောက်ပြီး ရနိုင်တဲ့ အကျိုးခံစားခွင့်များ

ထိုင်းနိုင်ငံမှာ တစ်နှစ်တစ်ခါ သက်တမ်းတိုးပြီး နေလို့ရခြင်း
Multiple entry တုံးထုပီး ထိုင်းနိုင်ငံထဲကို စိတ်ကြိုက်ဝင်ထွက်နိုင်ခြင်း
ထိုင်းနိုင်ငံမှာ ငွေစုဖို့အတွက် ကြိုက်နှစ်သက်ရာ ထိုင်ဘဏ်အကောင့်များ လွယ်ကူစွာ ဖွင့်နိုင်ခြင်း။

Golden Karaweim နဲ့အတူ "Retirement Visa (15) လ လျှောက်မယ်ဆိုရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်းအစုံကိုအစအဆုံး ပြင်ဆင်ပေးပြီး Visa ရပြီးတဲ့ထိ အတူတူ လိုက်ဆောင်ရွက်ပေးမှာဖြစ်လို့ ဘာမှ စိုးရိမ်စရာ မရှိဘူးနော်

Thai Visa Process နဲ့ပတ်သက်လို့ တိကျမှန်ကန်တဲ့ ဝန်ဆောင်မှုတွေကို ရယူလိုတယ်ဆိုရင် Good Lucky serviceဖုန်း09256238332 သို့ဆက်သွယ်လိုက်တော့နော်

Good Lucky Travel and Tour
travel & visa service

27/07/2024

ပထမဆုံး လေယာဉ်စစီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက်

လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ??

ပထမဆုံးပြောချင်တာကတော့ ခရီးသွားတော့မယ်ဆိုရင် ကိုယ်ဖာသာဘယ်နေ့သွားမှာသေချာပြီလဲလို့ပြန်မေးပါ။

သွားမှာသေချာတဲ့ရက်က တစ်လလောက်လိုသေးရင် လေယာဉ်လက်မှတ်ကိုကြိုဝယ်ထားပါ။

Air Ticket တွေက ရက်နီးဈေးတွေကတစ်ရိပ်ရိပ်လေပါ။

တစ်ရက်နဲ့တစ်ရက်လည်း ဈေးမတူပါဘူး။

တစ်ချို့ကရက်နီးမှဝယ်မယ်ဆိုပြီး အေးအေးဆေးဆေးနေတတ်ပါတယ်။

ရက်နီးလေ Air Ticket ဈေးတွေကတက်လေပါပဲ။

Airticket ဝယ်ရင် ဘယ်ရက်တွေကိုရှောင်ရမလဲ??

Airticket ဝယ်တဲ့အခါ Sat Sanလိုရက်တွေကိုရှောင်ပါ။ အဲ့လိုရက်တွေဟာ ခရီးသွားတွေလည်းများတတ်တာမို့ လေယာဉ်လက်မှတ်ဈေးတွေဟာ လည်း ပုံမှန်ရက်တွေထက်ပိုတတ်ပါတယ်။

ခရီးသွားတွေများတဲ့နေ့တွေမှာ Airticket ဈေးတွေပိုများတတ်ပါတယ်။

ခရီးသွားမယ်လို့ Plan ချပြီးပါက Airticket ကိုတစ်လလောက်ကြိုဝယ်ပါ။

Air Ticket ဝယ်တဲ့အခါ Seat တစ်ခါတည်းရတာလား??

တစ်ခါတည်းရွေးဝယ်လို့ရပါတယ်။ တစ်ချို့လေကြောင်းလိုင်းတွေကတော့ Seat ရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိသလို တစ်ချို့လေကြောင်းလိုင်းတွေကတော့ ထပ်ပေးစရာမလိုပါဘူး။

လေယာဉ်လက်မှတ်မှာ Seat မပါရင်ဘယ်လိုလုပ်မလဲ??

တစ်ကယ်က လေယာဉ်လက်မှတ်နဲ့ boarding pass နဲ့ကမတူပါဘူး။ Air Ticket က လေကြာင်းလိုင်းကနေဝယ်ဝယ်ပြီးချင်းရတဲ့ဟာပါ။

Boarding Pass ကတော့ Check In Counter ရောက်မှ ရတာပါ။

ဘာကွာတာလည်းဆိုတော့ Boarding Pass မှာSeat တွေတစ်ခါတည်းရေးပေးလိုက်ပါတယ်။

Gate No ဘယ်လောက်မှာစီးရမယ် ဆိုတာတွေပါပါတယ် လက်မှတ်လိုပါပဲ။ Checkin Counter ရောက်မှပေးတာပါ။

လေဆိပ်ကိုအိမ်ကနေဘယ်အချိန်လောက်ဆင်းရမလဲ??

လေယာဉ်Check In Counter တွေဟာ လေယာဉ်မထွက်ခင်နာရီဝက် တစ်နာရီလောက် စောပြီးတော့ပိတ်တတ်ပါတယ်။ ခရီးသွားတွေများတဲ့ လတွေအချိန်တွေဆို CheckIn ကောင်တာမှာ တန်းစီစောင့်ရတာနဲ့အချိန်ကြာတတ်ပါတယ်။

Airline Check In Counter ပိတ်ချိန်တွေဟာမတူတတ်တာမို့ လမ်းမှာကားပိတ်မှာနဲ့ဘာနဲ့အချိန်ကိုတွက်ပြီး အိမ်ကနေ နှစ်နာရီ သို့မဟုတ် သုံးနာရီလောက်ကြိုပြီးစောထွက်ပါ။

Boarding Pass ဆိုတာဘာလဲ??

Boarding Passဆိုတာကတော့ Checkin Counter မှာထုတ်ပေးလိုက်တဲ့ လေယာဉ်ပေါ်တက်ရင်ပြရတဲ့လက်မှတ်လေးကိုပြောတာပါ။

အဲ့လက်မှတ်ထဲမှာ ခုံနံပါတ်တွေ။ ဘယ် Gate မှာသွားစီးရမလဲဆိုတာတွေပါပါတယ်။ လေယာဉ်နံပါတ်တွေ။
အဲ့လက်မှတ်ထဲမှာရေးထားတဲ့ Gate Noကိုရောက်အောင်သွားပြီး လေယာဉ်စီးရမှာပါ။

လေယာဉ်လက်မှတ်ရရင် Print ထုတ်ထားသင့်သလား??

Print ထုတ်ထားစရာမလိုပါဘူး။ ဖုန်းထဲမှာသိမ်းထားတဲ့ လက်မှတ်ကို Checkin Counter ရောက်မှပြလိုက်ရင် Boarding Passထုတ်ပေးပါတယ်။

ထုတ်ထားရင်တော့ ပိုရှင်းပါတယ်။ အဲ့Air ticket ပရင့်ထုတ်ထားတဲ့စာရွက်ကိုပေးလိုက်ရင် Bording Passထုတ်ပေးမှာပါ။

Terminal1ကိုသွားရမှာပါ။

လေဆိပ်ထဲကိုဘယ်လိုဝင်ရလဲ??

လေဆိပ်ထဲက စဝင်တဲ့အခါ မြန်မာလေဆိပ်မှာ အဝင်ကို တစ်ခါစစ်ပါတယ်။

Luggage အိတ်တွေ လူတွေကိုစစ်ပါတယ်။
ပြီးရင်တော့ လေဆိပ်ထဲကိုရောက်ပါပြီ။

လေဆိပ်ထဲရောက်တဲ့ အခါ Check In လုပ်လို့ရမရ Departure Board မှာကြည့်လို့ရပါတယ်။

ကိုယ့် အဲ့လိုင်းနံပါတ် ကဉပမာ UB307ဆိုရင် board မှာ အချိနဲ့ Airline No တွေနဲ့ပြနေပါတယ်။ Check In Counter ဖွင့်နေရင် ကိုယ့်အဲ့လိုင်းနံပါတ်ကို

Board မှာပါတာတွေကတော့

Time Destination Flight Gate Status ပါ။

Time ကတော့ ကိုယ့်Air Line ကဘယ်အချိန်ထွက်မှာလည်းဆိုတာကိုပြနေတာပါ။ Air Ticket မှာပါတဲ့အချိန်ပါ။

Destination ကတော့ သွားမယ့်နိုင်ငံပါ။

Thailand ဆို Thailand လို့ပြနေမှာပါ။

Flight ကတော့ ကိုယ့် Air Ticket မှာပါတဲ့ Flight Noပါ။

လေယာဉ်နံပါတ်ဘယ်လောက်ဆိုပြီးပြနေတာပါ။ ကိုယ်စီးရမယ့်လေယာဉ်နံပါတ်ပါ။

Gate ကတော့ ကိုယ်လေယာဉ်သွားစီးရမယ့်Gate ပါ။

Status မှာတော့ Boardingဆို လေယာဉ်ထွက်ခွာပြီလို့ပြောတာပါ။

Gate Close ဆိုGate ပိတ်ပြီ

Gate Openဆို Gate ဖွင့်နေပြီ။

Check In ဆို Check In ကောင်တာဝင်လို့ရပြီလို့ပြောတာပါ။

တစ်ခုရှိတာက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာမို့ ပုံစံချင်းကတော့အတူတူပါပဲ။

တစ်ချို့ကလည်း Check In လို့တန်းရေးထားတတ်ကြပါ။ ဝင်လို့ရရင် Open လို့ရေးထားတတ်ကြပါတယ်၊

မြန်မာမှာတော့ လေဆိပ်ကကျဉ်းကျဉ်းလေးမို့ ကြည့်မနေပါနဲ့ Check In ကောင်တာဖွင့်မဖွင့်ကို လေဆိပ်ထဲက ဝန်ထမ်းတစ်ယောက်ယောက်ကိုသာ ကိုယ်စီးမယ့်လေကြောင်းလိုင်းနာမည်ပြောပြီး Check In ကောင်တာဘယ်မှာလဲလို့သာမေးလိုက်ပါ။ ဝင်လို့ရရင် လူတွေတန်းစီနေတာတွေ့ရပါလိမ့်မယ်။

Check In ဘယ်လိုဝင်မလဲ??

Check In ဝင်တယ်ဆိုတာကတော့ ကိုယ် ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ကို Boarding Passပြောင်းပြီး Show Money ပါမပါတို့။ စာရွက်စာတမ်းတွေစစ်တဲ့နေရာပါ။ Passport ကနာမည်နဲ့ Airticket ကနာမည်တွေတူမတူတိုက်စစ်ပါတယ်။ Visa နဲ့လားရိုးရိုးလားတွေတိုက်စစ်တဲ့နေရာပါ။ အဲ့မှာ ကိုယ့်ရဲ့ Luggage အိတ်ရဲ့ အလေးချိန်တွေစစ်ပါတယ်။

လေကြောင်းလိုင်းတစ်ချို့ကLuggage အိတ်ကို 30Kg ထိ လေယာဉ်အိတ်ထဲကိုထည့်လို့ရပြီး ။ 7Kg လောက်ထိ Hand Curry သယ်လို့ပါတယ်။

Kgပိုနေရင်တော့ ပိုက်ဆံထပ်ပေးရပါတယ်။ မြန်မာငွေမလိုတော့ဘူးဆိုပြီးတော့မှမယူလာတာမျိုးတွေမလုပ်ပါနဲ့။ အပိုအလိုထည့်လာပါ။

Kg ပိုမပို ဘယ်လိုချိန်မလဲ??

Kg ပိုမပိုဘယ်လိုချိန်မလဲဆိုရင်တော့ အိမ်မှာပေါင်ချိန်စက်ရှိရင် အဲ့အပေါမှာအိတ်ကိုတင်လိုက်ပါ။ lbဖြစ်နေရင် kgကိုပြောင်းလိုက်ပါ။ အနီးစပ်ဆုံးပြပါတယ်။ သာမာန် Luggage အိတ်တစ်လုံးဟာ 30KGထက်မပိုပါဘူး။ အဲ့တာကြောင့် သိပ်တော့မစိုးရိမ်ပါနဲ့။

Check In ဝင်ပြီးရင်ဘယ်ကိုသွားရမလဲ??

Check In ဝင်ပြီးရင် သွားရမှာက Immigration ပါ။ Immigrationဖြတ်တဲ့အခါ Visa Type တွေဘာတွေ စစ်ပါမှာ။ Sacanဖတ်ပါမယ်။ ပြီးရင်တော့ ဘယ်နေ့ကနေစပြီးထွက်ခွာပါတယ်လို့တုံးထုပေးလိုက်မှာပါ။

Immigration Counter ကိုဖြတ်ပြီးရင်တော့ hang carry တွေကိုစစ်ပါမယ်။ ဖိနပ် ဖုန်း အိတ်အကုန်စစ်ပါမယ်။ အဲ့တာကိုဖြတ်ပြီးရင် တော့ Gate ကိုသွားလို့ရပါပြီ။

Bording Pass မှာပါတဲ့ Gate Noကိုသွားပါ။

Bording Gateကို လေယာဉ်ထွက်ခွာမယ့် အချိန်ထက် 45မိနှစ်လောက်ကြိုရောက်အောင်သွားပါ။

လေကြောင်းကြောင်းက Flight Noကိုအော်ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ဖို့အသင့်ဖြစ်ပါပြီဆိုရင်တက်လိုက်လာရုံပါပဲ။

လေယာဉ်ပေါ်ရောက်ရင် စကားအကျယ်ကြီးမပြောပါနဲ့။ ပြောလို့မရလို့မဟုတ်ပါဘူး။ ရပါတယ်။ တိုးတိုးတိတ်တိတ်နေတာဟာ ပတ်ဝန်းကျင်ကိုအနှောင့်ယှက်မပေးရာရောက်ပါတယ်။

လေယာဉ်ပေါ်ရောက်တဲ့အခါ Airplane Mode ကိုOn ထားပါ။

လေယာဉ်ဆိုက်တဲ့အခါ ပြန် ပိတ်ထားပါ။

ဘန်ကောက်ကိုရောက်တဲ့အခါ တယ်လီနောကဒ်ကိုသုံးလို့ရပါတယ်။

တယ်လီနောကဒ် ကို Roaming Data ကိုOn ထားပါ။
အဲ့တာဆိုအင်တာနက်ကောသုံးလို့ရသလို။ ဖုန်းလည်းဆက်လို့ရပါတယ်။

တစ်ဖက်နိုင်ငံလေဆိပ်ကို ကိုရောက်တဲ့အခါဘယ်လိုလုပ်ရမှာလဲ။

Immigration ဆိုတဲ့ Sign ကိုမတွေ့မချင်းလျှောက်ပါ။

Immigrationဆိုတဲ့ Sign ကိုတွေ့တဲ့အခါကွေ့ပြီး တန်းစီပါ။

Immigration Counter မှာ လေယာဉ်လက်မှတ်ရယ်။ Passport ရယ်၊ Hotel Booking၊ Show Money တို့ပြရပါတယ်။

Hotel Booking နဲ့ Show Moneyကလိုအပ်တဲ့အခါမှသာတောင်းကြည့်တတ်ပါတယ်။ ဒါပေမယ့် ပြည့်စုံအောင်ပြင်ဆင်လာပါ။

Passport ကိုတုံးထုပေးလိုက်ရင် နိုင်ငံထဲကိုဝင်လို့ရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ လို့ Good Lucky Tourism & Health Services မိသားစု မှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ရှင်🙏
ဆက်သွယ် ရန်ရုံးဖုန်း 09256238332/ 09420930471

Credit to Original Upload

17/06/2024

လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ 😊
1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်)ရက်နီးလေ ဈေးကြီးလေပါ
2. လေယာဉ်လက်မှတ် ကြိုဝယ်တဲ့ အခါ Kg 30/40 ပါတာမျိုးကို တခါတည်း ရွေးဝယ်ပါ လေဆိပ်ရောက်မှ Kg ဝယ်ရရင် အရမ်းဈေးကြီးပါတယ်
3. လေယာဉ်မထွက်မှီ International ဆို 3 နာရီ ကြိုရောက်အောင် သွားပါ / Local ဆို 2 နာရီ ကြိုသွားပါ
( ထိုင်ခုံနေရာ ကောင်းကောင်း ရွေးဖို့ အတွက်ပါ )
4. လေယာဉ်ကွင်း ရောက်တာနဲ့ Check In ဝင်ရပါမယ် Check in ဝင်တဲ့ အခါမှာ Luggage 24 & 29 & 32 တို့ကို တခါတည်း အပ်ပြီး Boarding Pass (လေယာဉ်လက်မှတ် ) ထုတ်ရမှာပါ
5. Check in ဝင်ရင်း ကိုယ်လိုချင်တဲ့ Seat Number ကို တခါတည်းပြောလို့ရပါတယ်
6. ပြတင်းပေါက် နားကို Window seat လို့ ခေါ်ပါတယ် တခါတည်း ပြောပြီး ရွေးပါ
7. (Check in ဘယ်နေရာမှာ ဝင်ရမှန်း မသိတဲ့သူတွေအတွက် --> online က ဖြတ်ထားတဲ့ E-ticket ကို Print ထုတ်သွားပါ / ကိုယ်သွားမယ့် လေယာဉ် နံပါတ် နဲ့ အချိန်ကို မှတ်ထားပြီး လေယာဉ်ကွင်းရှိ LED Board / TV screen မှာ လေယာဉ်လက်မှတ်ထုတ်ရမယ့်နေရာကို Check-In လို့ခေါ်ပြီး line no A,B,C, D စသည်ဖြင့် ရေးထားပါတယ် မျှားညွှန်တဲ့ အတိုင်း သွားရင် ရပါပြီ)
8. Check-in ဝင်ဖို့ မလိုတဲ့ ပစ္စည်းများ
Laptop / Power Bank / Ph / Tablet / အခြား တကိုယ်ရေတကိုယ်ထ သယ်ချင်တဲ့ ပစ္စည်းများ
9.. Check-in မှာ ထားခဲ့စရာမလိုတဲ့ Luggage Size (လေယာဉ်ပေါ် သယ်သွားလို့ ရတဲ့ size)
ပြည်ပ ဆိုရင် 20/ 22 (7kg)
ပြည်တွင်း ဆိုရင် 20 (5kg)
10. Check In ပြီးတာနဲ့ Immigration ဖြတ်ရပါမယ်ရှင့် ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
11. Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ လေယာဉ်ရပ်ထားတဲ့ နေရာကို ဆင်းရပါမယ် အာ့ကို Gate လို့ ခေါ်ပါတယ်
12. Gate 8/9/10 စသည်ဖြင့် ရှိပါတယ် အာ့ကို ကြည့်ပြီး ထိုင်စောင့်ရုံပါပဲ
16. Gate open လုပ်တဲ့ အခါမှာ သက်ကြီးရွယ်အိုနဲ့ Business class ကို အရင်ခေါ်ပါတယ် အာ့နောက်မှာမှ Economy က ဝင်လို့ရတာပါ
ဒီအထိက Check in ဝင်ပြီး လေယာဉ်ပေါ် ရောက်တဲ့ အထိပါ။

လေယာဉ်ဆိုက်ရောက်တဲ့ အခါ ဘယ်လိုဆက်သွားရမလဲ
- ပထမဆုံး လေယာဉ်ပေါ်က ဆင်းဆင်းချင်း Baggage Claim No ကို သေချာမှတ်ပါ ( မမှတ်မိပါက ဓာတ်ပုံ ရိုက်ထားပါ) မင်မင်ဆို ပုံရိုက်ထားပါတယ်
- Immigration ဖြတ်ပါ ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
- Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ
- Immigration ပြီးတာနဲ့ Baggage Claim ဖို့ သွားပါ ( များသောအားဖြင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ Baggage claim တဲ့ နေရာထိကို တနာရီ ဝန်းကျင်ကြာပါတယ်) အာ့မှာ ကိုယ်အပ်ထားတဲ့ Luggage ကို ထုတ်ပါ
- Luggage ထုတ်ပြီး သက်ဆိုင်ရာ Taxi / Bus / BTS စသည့်ဖြင့် အလွှာလိုက် ခွဲထားတဲ့နေရာကို သွားပါ ။
လွတ်လပ်စွာ Share နိုင်ပါတယ်။
အဆင်ပြေချောမွေ့ကြပါစေ 🙏🙏🙏
crd to

24/05/2024

လေယာဥ်လက်မှတ်စျေးသက်သာအောင်ဖြတ်နည်း

လေယာဥ်လက်မှတ်ကို စျေးသက်သာဖို့ အချက် (၅) ချက်ပေါ်မူတည်ပြီးဖြတ်ပါ

(1) လေကြောင်းလိုင်းတွေမှာ Low Cost Airlines နဲ့ Sevice Airlines ဆိုပြီး ၂ မျိုးရှိကြပါတယ် Low Cost Airlines တွေက လေယာဥ်ပေါ်မှာ ဘာမှမကျွေးဘူး စားချင်ဝယ်စားရတယ် ( ဥပမာ - Air Asia / Nok Air ........)
Service Airlines တွေကတော့လေယာဥ်ပေါ်မှာ အစားအသောက်တွေကျွေးပါတယ် (ဥပမာ - MNA / MAI / Emirate / Qatar.......)
Low Cost လေကြောင်းလိုင်း တွေက Service လေကြောင်းလိုင်းတွေထက် ၃ ပုံပုံ ၁ ပုံ ဒါမှ မဟုတ် ထက်ဝက် နီးပါးစျေးသက်သာကြပါတယ် အဲ့တော့စျေးသက်သာချင်ရင် Low Cost လေကြောင်းလိုင်းတွေကိုရွေးစီးပါ

(2) လေယာဥ်လက်မှတ်ကို ကြိုဖြတ်ပါ သွားမည့်ရက်ရဲ့ ၁ ရက် ၂ရက်လောက်အလိုမှဖြတ်ရင် စျေးအမြင့်ဆုံးဖြစ်ပါလိမ့်မယ် တခါတလေ လက်မှတ်တောင်ရမှာမဟုတ်ပါဘူးဗျ ၂ပတ်ကျော် ၃ ပတ်ကျော် လောက် ကြိုဖြတ်မယ်ဆို စျေးသက်သာပါတယ် အဲ့တော့ စျေးသက်သာချင်ရင် ကြိုဖြတ်ပါ

(3) ခရီးသွားရာသီ ရှောင်သွားပါ / ခရီးသွားများတဲ့ရက် ရှောင်ပါ ခရီးသွားများတဲ့ ရက်တွေဆို စျေးကြီးတက်ပါတယ် အဲ့တော့ ခရီးသွားနည်းတဲ့လ ခရီးသွားနည်းတဲ့ ရက်တွေကို ရွေးသွားပါ

(4) စီးလို့ရမည့် class ရွေးချယ်ဝယ်ပါ
လေယာဥ်မှာ Economy class / Bussiness class / First class ဆိုပြီးရှိပါတယ် Economy က ရိုးရိုးတန်းဖြစ်တဲ့အတွက် စျေးအသက်သာဆုံးဖြစ်ပါတယ် အဲ့တော့စျေးသက်သာချင်ရင် Economy class ကပဲစီးပါ

(5) လေယာဥ်ပေါ်မှာ မူတည်ပြီး စျေးကွာတက်ပါတယ် ပြည်တွင်းခရီးစဥ်ဆိုသိသာပါတယ်
ATR လေယာဥ်အသေးနဲ့ဆို လေယာဥ်လက်မှတ် စျေးအနည်းငယ်သက်သာတက်ပါတယ်
Boeing / Airbus / E-jet လေယာဥ်အကြီးတွေဆို စျေးအနည်းငယ် မြင့်တက်ပါတယ် အဲ့တော့ စျေးသက်သာချင်ရင် လေယာဥ်အသေးစီးပါ

ပျော်ရွှင်စွာ ခရီးတွေသွားနိုင်ကြပါ
Myanmar Air Travel &Tour page မှတဆင့်ပြန်လည်မျှဝေပေးပါတယ်

24/05/2024

မဂ်လာပါ Good Lucky Tourism and Health Services မှထိုင်းအလည်အပတ်ဗီဇာ,Students Visa နှင့်ဗီဇာမျိုးစုံကိုအဆင်ပြေချောမွေ့စွာလူကြီးမင်းတို့ရရှိစေရန် သက်သာသည့် ဝန်ဆောင်ခနှင့်အတူ မှန်ကန်တိကျစွာ ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ရှင့်😄🙏
ဆက်သွယ်ရန်ရုံးဖုန်း 09256238332/09420930471

Address

No. 91, Tarwa University Main Road, Nyaung Bin Bus Stop
Thanlyin

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959256238332

Website

Alerts

Be the first to know and let us send you an email when Good Lucky Tourism & Health Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Good Lucky Tourism & Health Services:

Videos

Share