Bagan Yati Travel Agency

  • Home
  • Bagan Yati Travel Agency

Bagan Yati Travel Agency Bagan Yati Travel Agency. Enjoy your Bagan Trip with us.
ပုဂံရတီ ခရီးသွား၀န်ဆောင်မှု

03/03/2023
ပုဂံရဲ့ နေထွက်ချိန်အလှ
20/11/2022

ပုဂံရဲ့ နေထွက်ချိန်အလှ

ပုဂံရဲ့ မိုးညနေ
25/10/2022

ပုဂံရဲ့ မိုးညနေ

ပုဂံ ပုဂံ  (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လ...
14/05/2022

ပုဂံ

ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌ေကာင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

🟡 ဝေါဟာရရင်းမြစ်

များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။

🟡တည်နေရာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။

🟡သမိုင်းကြောင်း

ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

🟡ပုဂံနိုင်ငံတော်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

🟡ပုဂံနိဂုံး

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

🟡ယနေ့ပုဂံ

ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး ၁၉ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။

🟡မြေမျက်နှာသွင်ပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။

🟡ရာသီဥတု

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။

🟡ယဉ်ကျေးမှု

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

🟡ပြတိုက်

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။

🟡နန်းတော်

အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

🟡သယ်ယူပို့ဆောင်ရေး

ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။

🟡လေကြောင်းလိုင်း

နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။

🟡ရထား

ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။]မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။

🟡ကားလမ်း

ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။
ရေကြောင်း

မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။

🟡ထင်ရှားသည့် ပုဂံဘုရားပုထိုးများ

• ရွှေစည်းခုံစေတီ
• အလိုတော်ပြည့်ဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ကန်တော့ပလ္လင်ဘုရား
• သဗျဗညုဘုရား
• ဗူးဘုရား
• ရွှေဆံတော်စေတီ
• ဓမ္မရံကြီးဘုရား
• လောကထိပ်ပန်ဘုရား
• မြစေတီ
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• လောကနန္ဒာဘုရား
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• သကျမုနိ
• ရှင်ပင်သာလျောင်း
• ဂူပြောက်ကြီး
• ငှက်ပစ်တောင်ဘုရား(ညောင်ဦး)
• စူဠာမဏိဘုရား
• ဘုရားသုံးဆူ(ပုဂံ)
• သမ္ဘူလဘုရား
• တရုတ်ပြေးဘုရားကြီး
• အပယ်ရတနာဘုရား
• ရွှေဂူကြီး( နန်းဦး) ဘုရား

🟡စွယ်တော်လေးဆူ

• ရွှေစည်းခုံစေတီ
• တန့်ကြည့်တောင်စေတီ
• လောကနန္ဒာစေတီ
• တုရင်တောင်စေတီ

🟡ဘုရားပုထိုးများ

• ဂူပြောက်ကြီး (ဝက်ကြီးအင်း)
• ဂူပြောက်ငယ် (ဝက်ကြီးအင်း)
• ဆပဒစေတီ
• ကျောက်ဂူဥမင်ဘုရား
• ကုန်းတော်ကြီးဂူဘုရား
• သကျမုနိဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ရွှေဂူကြီးဘုရား
• သံတော်ကြားဘုရား
• သဗျဗညုဘုရား
• ဓမ္မရံကြီးဘုရား
• ရွှေဆံတော်စေတီ
• ရှင်ပင်သာလျောင်း
• မင်္ဂလာစေတီ
• ပုထိုးသားများဂူဘုရား
• ကန်တော့ပလ္လင်ဘုရား
• မဟာဗောဓိစေတီ
• ဗူးဘုရား
• ဂူပြောက်ကြီး (မြင်းကပါ)
• ဂူပြောက်ငယ် (မြင်းကပါ)
• မြင်းကပါစေတီ
• ပေါ်တော်မူဘုရား
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• အပယ်ရတနာဘုရား
• နဂါးရုံဂူဘုရား
• စိမ်းညက်အစ်မဘုရား
• စိမ်းညက်ညီမဘုရား
• နန္ဒာမညာဂူဘုရား
• သမ္ဘူလဘုရား
• ဘုရားသုံးဆူ
• လေးမျက်နှာဂူဘုရား
• ဓမ်မရာဇိကဘုရား
• စူဠာမဏိဘုရား
• မြစေတီ
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• အလိုတော်ပြည့်ဂူဘုရား
• ရှင်မထီးဘုရား
• ငကျွဲနားတောင်းစေတီ
• လောကထိပ်ပန်ဘုရား
• စိုးမင်းကြီးစေတီ
• ဖက်လိပ်ဘုရားများ
• စေတနာကြီးဘုရား (စည်စနာ)
• ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)
• တရုတ်ပြေးဘုရားကြီး
• ရပ်စောက်ဂူဘုရား
• တောင်ပုံလောကနာထ ဂူဘုရား
• တိုင်းချွတ်ဂူဘုရား
• ပုတ္တလင်ပုထိုး
• မြင်းပြဂူဘုရား
• ကျဆင်းဂူဘုရား
• အဇ္ဇဂေါဏဂူဘုရား
• ငလူးဂူဘုရား
• စောလှဝန်းဂူဘုရား
• မလာဖြစ်ဂူဘုရား
• မလုံးဖြစ်ဂူဘုရား
• လက်ပွတ်ကန်ဂူဘုရား
• သင်္ကန်းရုံဂူဘုရား
• သမန်းဂူဘုရား
• ဇံသီးဂူဘုရား
• ထောက်လှော်ကားဂူဘုရား
• တပ်ခလေးဂူဘုရား
• ပိန်နဲဂူဘုရား
• ဇေယျသွတ်ဂူဘုရား
• ကဇွန်းအိုဘုရား
• သုံးနယ်ခြားဂူဘုရား
• ဆင်များရှင်ဘုရား
• ရှင်ပင်သက်ရှည်ဘုရား
• သက်တော်ရစေတီတော်
• ထီးတန်ဆောင်ဘုရား
• ငှက်ပစ်တောင်ဘုရား
• နရသီဟပတေ့မင်းကောင်းမှုဘုရား
• အိမ်ရာကျောင်းငါးမျက်နှာ
• တန်ဆောင်းဂူဘုရား
• မြေပုံသာဘုရားလှ(လောကမုနိ)
• တာမနိဘုရား
• ချောက်ဘုရားလှ
• ချောက်ဘုရားလှငယ်
• ဂူနီဘုရား

🟡အထင်ကရ နေရာများ

• ပုဂံမြို့ဟောင်း
• ပုဂံမြို့သစ်
• ပုဂံရှေးဟောင်းသုတေသနပြတိုက်
• ပုဂံနန်းတော်ရာ
• သရပါတံခါး
• ငှက်ပစ်တောင်
• မြင်းကပါ
• ဥပါလိသိမ်
• နတ်လှောင်ကျောင်း
• ရှင်အာနန္ဒာအုတ်ကျောင်း
• ကျန်စစ်သားဥမင်
• မြကန် -ပိဋကတ်တိုက်
• မီးမလောင်ကျောင်း
• စိုးမင်းကြီးကျောင်း
• အာမနာကျောင်း -ဖွားစောရွာ -မင်းနန်သူရွာ
• သူဌေးမုခ်ဂူ
• ကျောက်စာဂူ
• စာသင်ဂူ
• တုရင်တောင်
• မြကန်စက္ကူတိုက်
• တန့်ကြည့်တောင်
• သမီးဝှက်ဥမင်နှင့် မြားသဂူ
• သီရိပစ္စယာ

Crd # မူရင်းရေးသားသူအား လေးစားလျှက်ပါ🙏🙏🙏

ပုဂံညောင်ဦးအနီးက ခရီးသွားများစိတ်၀င်စားဖွယ်ဒေသအသစ်လေးအကြောင်းကို ချစ်မိတ်ဆွေခရီးသွားဧည့်သည်များအတွက်တင်ပြပေးပါရစေ....🙏ညေ...
26/02/2022

ပုဂံညောင်ဦးအနီးက ခရီးသွားများစိတ်၀င်စားဖွယ်ဒေသအသစ်လေးအကြောင်းကို ချစ်မိတ်ဆွေခရီးသွားဧည့်သည်များအတွက်တင်ပြပေးပါရစေ....

🙏ညောင်ဦးမြို့နယ် သဲပြင်တောရွာက ရုပ်စုံကျောင်းကြီးနဲ့
တောင်ပေါ်ဘုရား 🙏..
ပုဂံညောင်ဦးဘက်မှ ကျောက်ပန်းတောင်းလမ်းအတိုင်းနာမည်ကြီး ထန်းတဲများ မရောက်ခင် လမ်းညာဘက်မှာ
သဲပြင်တောရွာ ဆိုင်းဘုတ်လမ်းညွှန်အတိုင်းသွားရပါမယ် ကန်ကြီးကုန်း နတ်ပလ္လင် ရွာတွေ ဖြတ်လိုက်တာနဲ့ သဲပြင်တောရွာ တောင်ပေါ်ဘုရား (ရွှေနတ်တောင်)အခြေကိုရောက်ပါပြီ ယခုလတ်တလော ရုပ်သံဇာတ်လမ်းတွဲများ(ဆူပန်းခွေသွယ်ဘယက်နဲ့ပေရွက်လိပ် နားတောင်းဆင်ဆိုတဲ့)ဇာတ်လမ်းတွဲမှာပါသည့်အတိုင်း လွမ်းမောသာယာဖွယ်တောင်တက်လမ်းလေးနဲ့အတူ ကြည်ညိုဖွယ်တောင်ပေါ်ဘုရားကိုဖူးတွေ့နိုင်ပါတယ်.. တောင်ထိပ်ကနေ ဘေးပတ်လည်ကရှုခင်းအလှနဲ့အတူ သဘာ၀ ယာတောထန်းတောအလှတွေ ရင်သပ်ရှုမောဖွယ်ခံစားရပါလိမ့်မယ် # ဓာတ်ပုံဝါသနာရှင်များအတွက် ပုဂံညောင်ဦးက ခရီးစဉ်ဒေသအသစ်ကလေးဟာ ဆွဲဆောင်မှုတွေရှိပါလိမ့်မယ်....တောင်ပေါ်မှာဘုရားဖူး ခဏအနားယူ သဘာ၀အလှတွေခံစားပြီးလျှင် ရွာလယ်က သမိုင်း၀င် ရုပ်စုံကျောင်းကြီးကိုလေ့လာဖို့ခရီးဆက်ရပါမယ် ....
တကယ့်အညာဒေသရဲ့သာယာလှတဲ့ရွာလမ်းလေးအတိုင်း
၀င်သွားလျှင် ရွာလယ်ရုပ်စုံကျောင်းသို့ ဆိုင်းဘုတ်လေး တွေ့ပါမယ် လမ်းညွန်ထားတဲ့အတိုင်းလိုက်သွားလျှင် ပဉ္စလက်ကျောင်းကြီးလို့ တင်စားရတဲ့ ရွာလယ်ရုပ်စုံကျောင်းကိုရောက်ပါပြီ..MRTV 4 ရုပ်သံက ပဉ္စလက်ရွာ
ဇာတ်လမ်းတွဲရိုက်တုန်းက ဒီကျောင်းတော်ကြီးမှာ ရိုက်ခဲ့လို့
ရှေးဟောင်းအနုလက်ရာနဲ့ပြည့်စုံတဲ့ ပဉ္စလက်ကျောင်းကြီးအဖြစ် တင်စားခေါ်ဝေါ်လာကြပါတယ်..
ကျောင်းတော်ကြီး အရင်မူလက ဘုံ ပြဿဒ် (၃)ဆောင်နဲ့
သစ်သားတိုင်ပေါင်း ၈၁ တိုင်ခန့် သစ်သားရုပ်ပေါင်း ၈၁ ရုပ်ခန့်ဖြင့်တန်ဆာဆင် တည်ဆောက်ခဲ့တာဟုလေ့လာရပါတယ်..
ယနေ့အခါမှာတော့ ပြဿဒ်(၃)ဆောင်
တိုင်လုံးရေ ၅၆ တိုင်နှင့် မူလအရုပ်ပေါင်း ၄၉ ရုပ်ကျန်ရှိနေသေးသည်ဟု‌သိရပါတယ်..ခေါင်မိုးအသစ်များမိုးထားသည်မှလွဲပြီး မူလရှေးဟောင်းလက်ရာမပျက်သေးသည့်အတွက်
ပုဂံညောင်ဦးရောက်မိတ်ဆွေများ သွားရောက်လေ့လာသင့်သည့် ခရီးစဉ်လေးတခုအဖြစ်တင်ပြပေးလိုက်ပါတယ်...

🌹🌹🌹ချစ်မိတ်ဆွေအားလုံး

💐💐💐သာယာပျှော်ရွှင်ဖွယ်နေ့သစ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

☎️☎️☎️09402787357 09788718398 09977595506

15/01/2022
ပုဂံမှာ ဒီလိုအလှတွေလည်းရှိတတ်တယ်နော်
16/12/2021

ပုဂံမှာ ဒီလိုအလှတွေလည်းရှိတတ်တယ်နော်

ပုဂံမှာ နှင်းတွေဝေတော့မယ်
30/11/2021

ပုဂံမှာ နှင်းတွေဝေတော့မယ်

18/12/2020

ပြည်တွင်း (လေကြောင်း) ခရီးသွားပုံစံ အသစ် ✈

၁၆၊ ၁၂၊ ၂၀၂၀ မှစတင်ပြီး ပြည်တွင်း လေယာဉ်တွေ ပြန်လည် ပြေးဆွဲနေပါပြီ။
အသွင်သစ်နဲ့ ပြန်လည်ပြေးဆွဲခြင်း ဖြစ်တာကြောင့် "ဂလဲမား မလိခ" ရဲ့ ခရီးသွား မိတ်ဆွေများအတွက်
လက်ရှိပြေးဆွဲနေတဲ့ ပုံစံ အဆင့်ဆင့်ကို အကျဉ်းချုံးပြီး ဖော်ပြပေးလိုက်ပါတယ်။

✅ အဆင့် (၁) - လက်မှတ်ဝယ် ဆေးစစ်ခြင်း။

- လေယာဉ်လက်မှတ် ဝယ်ယူပါ။
- "ကိုဗစ်ကင်းရှင်းကြောင်း" ဆေးစစ်ပါ။
- ပိုးတွေ့ပါက Q ဝင်ရပါမည်။
- ပိုး (မ)တွေ့ပါက "COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်" ထုတ်ပေးပါမည်။

*ဆေးစစ်ခများ
- RTD - RAPID ANTIGEN DIAGNOSTIC TEST ဖြင့်စစ်ဆေးပါက တစ်ကြိမ်အတွက် ကျသင့်ငွေ (10000) ကျပ်
- RT/PCR - REVERSE TRANSCRIPTASE POLYMERASE CHAIN REACTION TEST စစ်ဆေးမှုအတွက် တစ်ကြိမ် ကျသင့်ငွေ (35000) ကျပ်
- ဆေးစစ်ရန် ကုန်ကျစရိတ်အား ခရီးသည်မှ ကုန်ကျခံရပါမည်။

*ဆေးစစ်မည့် ခရီးသည်သည် လေယာဉ်ခရီးစဉ်နှင့် (၃၆) နာရီအတွင်းသာ စစ်ရပါမည်။*
*ဆေးစစ်သည့်နေရာသို့ ယူဆောင်လာရမည့် ပစ္စည်းများ - လေယာဉ်လက်မှတ်(စာရွက်)၊ မှတ်ပုံတင်(မူရင်း)၊ (၆)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ*
ဆေးစစ်ရမည့် နေရာများကို အောက်ပါလင့်ခ်တွင် အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/4048867485142526

----------------

✅ အဆင့် (၂) - လေဆိပ်သို့ သွားရောက်၊ လေယာဉ်စီးခြင်း။

- လေယာဉ်လက်မှတ်
- မှတ်ပုံတင်
- (၃၆) နာရီအတွင်း စစ်ဆေးထားသော "COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်"
- ခွဲစိတ်ခန်းသုံး ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်နှာကာ (Face Shield)
တို့ကို ဝတ်ဆင်၊ ယူဆောင်ပြီး လေဆိပ်သို့ သွားရောက်၊ လေယာဉ်စီးပါ။

*ခရီးသည်များ အနေဖြင့် COVID-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း စသည့် ရောဂါလက္ခဏာများ အလုံးစုံ ကင်းစင်မှသာ သတ်မှတ်ခရီးဏည်တွင် လိုက်ပါရမည်။*
*ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အောက်ပါလင့်ခ်တွင် အသေးစိတ် ဝင်ဖတ်ပါ။*
https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/4046636478698960

----------------

✅ အဆင့် (၃) - လေယာဉ်ဆိုက်ရောက်ခြင်း။

- Stay at Home မှ Stay at Home သို့ Q မဝင်ရ။
- Stay at Home မှ Non Stay at Home သို့ Q ဝင်ရမည်။
- Non Stay at Home မှ ဘယ်သွားသွား Q မဝင်ရ။

*သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသဆိုင်ရာ ကျန်းမာရေးဌာန၏ စစ်ဆေးမှုများ၊ လိုအပ်သော အသွားအလာ ကန့်သတ်ထားရှိခြင်း လုပ်ငန်းစဉ်များ၊ ဒေသန္တရဆိုင်ရာ အမိန့်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။*
*Q ဝင်သည့်နေရာတွင် Facility Quarantine (သို့) Hotel Quarantine ဝင်ရပါမည်။*
*ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အောက်ပါလင့်ခ်တွင် အသေးစိတ် ဝင်ဖတ်ပါ။*
https://www.facebook.com/MinistryOfHealthAndSportsMyanmar/posts/4046636478698960

ပြည်နယ်အလိုက် ကျန်းမာရေး ညွှန်ကြားချက်များ ပြောင်းလဲနိုင်ပါသေးတယ် ။

ပြည်တွင်း လေယာဉ်လက်မှတ်များအား
အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

- Glamour Malikha Travel
Hotline: 09 444 644 660
09 444 644 661, 09 444 644 662
www.malikhatravel.com
[email protected]
အမှတ် ၁၃၈၊ ပထပ်၊ အနော်ရထာလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

🛕🛕🛕စောလှ၀န်းဘုရားပုဂံကိုချစ်တဲ့မိတ်ဆွေများအတွက် ပုဂံရောက်လျှင်သွားရောက်လေ့လာသင့်တဲ့ စောလှ၀န်းဘုရားအကြောင်းလေးတင်ပြပေးပါရ...
18/12/2020

🛕🛕🛕စောလှ၀န်းဘုရား

ပုဂံကိုချစ်တဲ့မိတ်ဆွေများအတွက် ပုဂံရောက်လျှင်သွားရောက်လေ့လာသင့်တဲ့ စောလှ၀န်းဘုရားအကြောင်းလေးတင်ပြပေးပါရစေ 🙏🙏🙏

စောလှ၀န်းဘုရားကိုတော့ မနုဟာမင်းရဲ့မြေးတော်စပ်သူ
အသ၀တ်ဓမ္မာအမည်ရှိသော မွန်အမတ်၏ ဇနီးသည်မှခင်ပွန်းဖြစ်သူအသ၀တ်ဓမ္မာကွယ်လွန်ခြင်းအပေါ်ရည်စူးတည်ထားခဲ့သည်ဟုလေ့လာရပါသည်။ရှေးဟောင်းလက်ရာများစွာတည်ရှိနေခြင်း ၊လေးဘက်လေးတန်မုဒ်ခုံးနှင့် တံတိုင်းများတည်ရှိနေသေးခြင်းနှင့် အချိုးအစားကျလှသောဘုရားတည်ဆောက်ပုံတို့ကြောင့်ရှေးမူလက်ရာစစ်စစ်လေ့လာလိုသူချစ်မိတ်ဆွေများသွားရောက်သင့်တဲ့ဘုရားတစ်ဆူဖြစ်ပါတယ်။

ဖွဲ့စည်းတည်ရှိနေပုံအနေအထားနဲ့ဖူးမြော်လေ့လာရသူတွေရဲ့ရှု‌မြင်ရတဲ့လွမ်းမောဖွယ်မြင်ကွင်းမှာ အသ၀တ်ဓမ္မာအမတ်ဇနီးမောင်နှံတို့၏ တစ်ဦးပေါ်တစ်ဦး လေးစားတန်ဖိုးထားတဲ့ ချစ်ခြင်းမေတ္တာတရားကို မှန်းဆခံစားမိနေပါလိမ့်မည်။

တည်နေရာကတော့ ပုဂံမြို့ နန်းတော်ရာဟောင်းနှင့်မဟာဗောဓိဘုရားအနီး၊ဧရာ၀တီစက်လှေဆိပ်သွားရာလမ်း ညာ ဘက်အခြမ်းမှာတည်ရှိပါတယ်။

#စာပေသမိုင်းဆိုင်ရာဆက်စပ်လေ့လာဖွယ်တစ်ခုအဖြစ်
စောလှ၀န်းဘုရား တည်နေရာကို‌ကျောရိုးအမှီပြု့ပြီး ပါမောက္ခဆရာကြီးဦးဧမောင်(ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန)က "ပတ္တမြားကျောက်စီဓား "အမည်ရှိ စကားပြေတစ်စောင်ရေးဖွဲ့ခဲပါသည်။၎င်းစကားပြေသည် မြန်မာ့စာပေလောက၏ လေ့လာဖွယ်ရာ သုတရသစကား‌ပြေ သင်ရိုးတစ်ခု အဖြစ်ယနေ့ထက်တိုင်သမိုင်းစိုက်ထူနိုင်ခဲ့ပါသည်။

ပုဂံရောက်လျှင်ဘယ်ဘုရားတွေသွားရမလဲစဉ်းစားနေတဲ့ချစ်မိတ်ဆွေတို့အတွက် မဖြစ်မနေသွားရောက်သင့်တဲ့ဘုရားတစ်ဆူအဖြစ်တင်ပြပေးလိုက်ပါတယ်။

Bagan Yati Travel Agency
(ပုဂံရတီ ခရီသွား၀န်ဆောင်မှု)
☎️☎️☎️09450076612 09977595506
09788718398

🍁🍁🍁 စူဠာမဏိဘုရားအနီး ဦးကျဉ်ပွေ့ရေကန်တည်ရှိရာကျောင်း၀န်းတံတိုင်းအတွင်းမှ ဂူအခန်းများ လေ့လာတွေရှိ
16/12/2020

🍁🍁🍁 စူဠာမဏိဘုရားအနီး ဦးကျဉ်ပွေ့ရေကန်တည်ရှိရာကျောင်း၀န်းတံတိုင်းအတွင်းမှ ဂူအခန်းများ လေ့လာတွေရှိ

🙏🙏🙏တန်ဆောင်မုန်းလပြည့်ည မင်းအိုချမ်းသာဘုရား
30/11/2020

🙏🙏🙏တန်ဆောင်မုန်းလပြည့်ည မင်းအိုချမ်းသာဘုရား

🙏🙏🙏ရွှေကွန်ချာဘုရားနှင့် မြစ်မင်းဧရာ
26/11/2020

🙏🙏🙏ရွှေကွန်ချာဘုရားနှင့် မြစ်မင်းဧရာ

17/11/2020

🛕🛕🛕 ပထမနိုင်ငံတော်

မနှစ်က ဒီလိုအချိန်တွေဆိုလျှင်ပုဂံဟာစည်ကားသက်၀င်နေပြီ🛕🛕🛕 #ဓာတ်ပုံ ကိုထွန်း(ရတီ)
15/11/2020

မနှစ်က ဒီလိုအချိန်တွေဆိုလျှင်
ပုဂံဟာစည်ကားသက်၀င်နေပြီ🛕🛕🛕

#ဓာတ်ပုံ ကိုထွန်း(ရတီ)

🍁🍁အညာဓလေ့ သဘာ၀လွှတ်ကျောင်းထားတဲ့နွားအုပ်တို့၏ညနေခင်းရွာအ၀င်ခရီး
14/11/2020

🍁🍁အညာဓလေ့ သဘာ၀လွှတ်ကျောင်းထားတဲ့
နွားအုပ်တို့၏ညနေခင်းရွာအ၀င်ခရီး

ပုဂံရဲ့လွမ်းမောဖွယ်ညနေခင်း
13/11/2020

ပုဂံရဲ့လွမ်းမောဖွယ်ညနေခင်း

🙏🙏🙏 ရွှေဆံတော်ဘုရား
12/11/2020

🙏🙏🙏 ရွှေဆံတော်ဘုရား

Address

Swetaw Street

Telephone

+959977595506

Website

Alerts

Be the first to know and let us send you an email when Bagan Yati Travel Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share