A&H Adventure Travel

A&H Adventure Travel A & H is one of the best places for people who love adventure & respect nature. Be our guest! We are

ပုပ္ပါးမြောက်မြီးရှည်လေးတွေကို စိတ်၀င်စားတယ်.သဘာ၀တရားကြီးကို respect ထားတယ်ဆို အခမဲ့joinလို့ရတယ်နော်.🚫ရေပေါ်ဆီလိုလူတွေတေ...
20/05/2023

ပုပ္ပါးမြောက်မြီးရှည်လေးတွေကို စိတ်၀င်စားတယ်.သဘာ၀တရားကြီးကို respect ထားတယ်ဆို အခမဲ့joinလို့ရတယ်နော်.

🚫ရေပေါ်ဆီလိုလူတွေတော့လက်မခံပါ😏
Edit အာချောင်ပြီး တကယ်မလိုက်နိုင်ဘဲစာရင်းမပေးပါနဲ့.တကယ်လိုက်ပါချင်တဲ့သူတွေ အခွင့်အရေးနည်းသွားမှာစိုးလို့ပါ♻️


#မဟာဂီရိ

ပုပ္ပါးမျောက်မြှီးရှည် ထိန်းသိမ်းရေးအတွက် တောတွင်းတောင်တက်လေ့လာရေးစခန်းချညအိပ် ခရီးစဉ်လေးရှိပါတယ်

ပုပ္ပါးမျောက်မြှီးရှည်နဲ့ပတ်သက်ပြီး မျောက်ပြဆန်တောင်း ဝန်ဆောင်ခယူပြီး ရောင်းမှာ လုံးဝ(လုံးဝ) မလုပ်ပါ

ဝန်ဆောင်ခ အခမဲ့နဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပြီး
လာမယ့် ဂျွန်လ ထဲမှာ စတင်မှာဖြစ်ပါတယ်

ခရီးစဉ်အကြောင်း အသေးစိတ်ကို ဂျွန်လ ပထမပတ်ထဲမှာ ကြေငြာပေးပါ့မယ်

စိတ်ဝင်စားတယ် စူးစမ်းလေ့လာလိုပါတယ် ဆိုတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်ရေးတခုဖြစ်ပါတယ်

ရည်ရွယ်ချက်ကတော့ ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံသားတွေမှာ အရမ်းအားနည်းပါတယ်
သိရှိသူ လိုက်နာသူလည်း မရှိသလောက်ရှားပါတယ်
ထိန်းသိမ်းရေးမှာ ချွေးတစက်လေးနဲ့ဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားဖြည့်လာနိုင်စေရေးအတွက် မျှော်လင့်ပါတယ်

မှတ်ချက်။ ။ မြေကြီးကို မသတီသောသူ၊အင်းစက်ပိုးမွှားလေးတွေအပေါ်မှာ လေးစားမှုမရှိသူများအတွက် အဆင်မပြေနိုင်ပါ။

မဟာဂီရိ
တောတွင်းတောင်တက်ဝန်ဆောင်မှု
ပုပ္ပါးတောင်ဥယျာဉ်။
09422215032

02/05/2022

ခရီးတွေပြန် မထွက်နိုင်သေးလို့အရင်က ပုပ္ပါး​တောင်မကြီးဆီ ခရီးသွားထားတာလေးကိုပြန်share ပေးလိုက်ပါတယ်ရှင့်

crd@Minkhant Naung

ခရီးစဉ်နဲ့ပတ်သက်ပြီးမေးစရာလေးတွေသိချင်တာလေးတွေရှိရင် message box မှာမေးလို့ရတယ်နော်။ဝါသနာတူသူတွေကိုမင်မင်တို့က အမြဲတမ်းကြိုဆိုလျက်ပါ🥰


13/04/2022
🏞Adventure ကိုလည်းသ​ဘောကြတယ်၊တော​တောင်​ရေ​မြေ​တွေကိုလည်း ချစ်ခင်တဲ့ camper အကိုတ​ယောက်ရဲ့ ရင်တွင်းခံစားချက်​တွေကို share...
13/03/2022

🏞Adventure ကိုလည်းသ​ဘောကြတယ်၊တော​တောင်​ရေ​မြေ​တွေကိုလည်း ချစ်ခင်တဲ့ camper အကိုတ​ယောက်ရဲ့ ရင်တွင်းခံစားချက်​တွေကို share​ပေးချင်ပါတယ်ရှင့်။ ခံစားချက်နဲ့တိုက်ဆိုင် တာ​လေး​တွေရှိရင်လည်း comment မှာ ​ရေး​ပေးခဲ့ကြပါ​နော်🏞



🌻🌻ဒီ​နေ့​က​တော့ "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့​"လေးဖြစ်ပါတယ်။နေ့စဥ်ကမ္ဘာတစ်လွှားမှာ အမျိုးသမီး​တွေ ကြုံ​တွေ့​နေရတဲ့ ...
07/03/2022

🌻🌻ဒီ​နေ့​က​တော့ "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့​"လေးဖြစ်ပါတယ်။နေ့စဥ်ကမ္ဘာတစ်လွှားမှာ အမျိုးသမီး​တွေ ကြုံ​တွေ့​နေရတဲ့ ဖိနှိပ်ချုပ်ချယ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု စတဲ့ဘက်လိုက်မှု​တွေကို နဲ့အတူ အမျိုးသား​တွေ​ကော အမျိုးသမီး​တွေနဲ့ပါ အတူလက်တွဲတွန်းလှန်ပြီး ဘက်လိုက်မှုကင်းတဲ့​လောကကြီးကိုတည် ဆောက်ကြပါစို့လားရှင်🌻🌻



၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စီစဥ်​ပြုလုပ်မယ့် "ကျား၊ မအခြေပြုဘက်လိုက်မှုရပ်တန့်ရေး  ...
04/03/2022

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စီစဥ်​ပြုလုပ်မယ့် "ကျား၊ မအခြေပြုဘက်လိုက်မှုရပ်တန့်ရေး Campaign" ​လေးကို အားလုံးဘဲ ပါ၀င်ကြဖို့ မင်မင်တို့ကတဆင့် ဖိတ်​ခေါ်လိုက်ပါတယ်. အ​သေးစိတ်ကို​တော့မူရင်းpage ကို ၀င်ကြည့်​ပေးကြ​နော်🥰





၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စီစဥ်​ပြုလုပ်မယ့် "ကျား၊ မအခြေပြုဘက်လိုက်မှုရပ်တန့်ရေး Campaign"

♀️နှစ်စဥ်မတ်လ၈ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ အမျိုးသမီးများဟာ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့ အခန်းကဏ္ဍပေါင်းစုံမှာ ရွပ်ရွပ်ချွံချွံပါဝင်လှုပ်ရှားဆောင်ရွက်ရင်း လူမှုအဖွဲ့အစည်းအတွင်းမှာ မားမားမတ်မတ်ရပ်တည်လျက်ရှိကြပါတယ်။ သို့သော် ဖိနှိပ်ချုပ်ချယ်ခံရမှု၊ တန်းတူညီမျှမရှိမှု၊ ခွဲခြားဆက်ဆံခံရမှု စတဲ့ဆိုးရွားတဲ့အခက်အခဲစိန်ခေါ်မှုများစွာကိုလည်း ကမ္ဘာပေါ်က အမျိုးသမီးအ‌မြောက်အမြားဟာ တချိန်တည်းမှာဘဲ ကြုံတွေ့ခံစားနေရ​ကြရပါတယ်။

♀️အထူးသဖြင့် မြန်မာနိုင်ငံမှာလည်း အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေး၊ မိန်းကလေး၊ ကျား၊ မ စတဲ့ပညတ်ချက်တွေအပေါ် မလိုလားအပ်တဲ့ စည်းနိယာမများသတ်မှတ်ကာ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဘက်လိုက်ခြင်း စတာတွေကိုတရားဝင်သကဲ့သို့ ပေါ်ပေါ်ထင်ထင် ကျူးလွန်ပြုလုပ်လျှက်ရှိကြသည်မှာ အထင်အရှားပင်ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း ဟိုယခင်ကတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်မှား၊ အတွေးမှား၊ စိတ်ဓာတ်အမှားများကို ရိုက်သွင်းဖိနှိပ်တဲ့ စနစ်ကြီးတခု ယုတ်ညံ့အောက်တန်းကျ စွာဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါစနစ်ဆိုး၊ အမွေဆိုးများကို တွန်းလှန်တော်လှန်ပြီး လူသားတယောက်ဖြစ်တည်မှုအောက်မှလူ့အခွင့်အရေးတန်းတူအပြည့်အဝရရှိစေဖို့ ကျား၊ မအခြေပြုဘက်လိုက်ခွဲခြားမှုကို ရပ်တန်းကရပ်အမြစ်ဖြတ်သင့်ပါတယ်။ ဒီ့အတွက် Transform With Me အဖွဲ့အစည်းအနေနဲ့ လာမယ့်မတ်လ ၈ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေကိုရည်စူးပြီး အားလုံးအတူပါဝင်နိုင်မယ့် Campaign လေးကိုစီစဥ်ထားပါတယ်။ ဒီ Campaign မှာပါဝင်ဖို့ဆိုရင်တော့
အောက်ပါနည်းလမ်းများအတိုင်း ပါဝင်ဆင်နွဲနိုင်မှာ ဖြစ်ပါတယ်။

✔️၁။ ကျား၊ မ​အခြေပြုဘက်လိုက်မှုကိုကြုံတွေ့ခံစားခဲ့ရတဲ့ အမျိုးသမီးများကိုအားပေးစကား ရေးသားသွားကြမှာဖြစ်ပါတယ် ရေးသားတဲ့အကြောင်းအရာဟာ ကျား၊ မအခြေပြုဘက်လိုက်မှု (Bias Case)နဲ့ဆက်စပ်ရမှာဖြစ်ပြီး
-မိမိကိုယ်ပိုင်အတွေ့အကြုံ(သို့)ပတ်ဝန်းကျင်မှအတွေ့အကြုံများ
-ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပုံများ
-အားပေးအကြံပြုမှုများ စတဲ့အချက်တွေပါဝင်ရမှာဖြစ်ပါတယ်။

✔️၂။ ရေးသားတဲ့အခါ စာရဲ့အစမှာ "ညီမလေးတို့ရေ....၊ ညီမတို့ရေ.....၊ အမျိုးသမီးတို့ရေ.....၊ မေမေတို့ရေ......၊ မမတို့ရေ......" စတဲ့ အမျိုးသမီးများကိုကိုယ်စားပြုတဲ့နာမ်စားများကို လိပ်မူရင်း "ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်" စတဲ့မည်သည့်နယ်ပယ်မှာကြုံတွေ့ရတဲ့ အဖြစ်အပျက်အကြောင်းအရာလည်းဆိုတာကိုပါ ခေါင်းစဥ်တပ်ပေးရမှာဖြစ်ပါတယ်။

✔️၃။ စာရေးသားတဲ့နေရာမှာ ဗြောင်စာရွက်(သို့)တကြောင်းမျဥ်းကိုအသုံးပြုရမှာဖြစ်ပါတယ်။
လက်ရေးကိုရှင်းလင်းပြတ်သားပီသစွာရေးသားဖို့လိုအပ်ပြီး ဓာတ်ပုံရိုက်ကူးရာမှာလည်း အလျားလိုက် (Landscape) ရိုက်ကာ ကြည်လင်ပြတ်သားဖို့(Resolution)လည်းလိုအပ်ပါတယ် စာရဲ့အဆုံးမှာစာရေးသားသူရဲ့အမည်အရင်း(သို့)နာမည်ပြောင်များကိုလည်းထည့်သွင်းပေးစေချင်ပါတယ် နောက်ဆုံးအနေနဲ့ကတော့

,
,
,
,
,



စတဲ့ Hastage များနှင့်အတူ မိမိရဲ့ Social Media Account မှာတင်ပေးသွားရမှာဖြစ်ပါတယ်။ Transform With Me Page မှာလည်းပြန်တင်ပေးသွားချင်တာဖြစ်တဲ့အတွက် Page Chat Box သို့လာရောက်ပေးပို့ပေးလို့ရပါတယ်။

------------------------------------------------------------------------------------

♀️ကျား၊မ အခြေပြုခွဲခြားဘက်လိုက်မှုတွေ ကင်းစင်ပြီး ကွဲပြားမှုများအပေါ်ခွဲခြားမှုများကင်းစင်ကာ တန်းတူညီမျှမှုရှိတဲ့ လူအဖွဲ့အစည်းသစ်တရပ်ပေါ်ပေါက်ဖို့ Campaign မှာပါဝင်ကြဖို့အတွက် နိုးဆော်တိုက်တွန်းဖိတ်ခေါ်လိုက်ရပါတယ်။








2.2.2022 ​နေ့​လေးဟာ ထူးခြားတဲ့​နေ့​လေးမို့ ဆု​တောင်း​လေး​တွေ လုပ်လို့ရ​အောင် ဗဟုသုတအ​နေနဲ့ share ​ပေးလိုက်ပါတယ်ရှင်,​ကော...
22/02/2022

2.2.2022 ​နေ့​လေးဟာ ထူးခြားတဲ့​နေ့​လေးမို့ ဆု​တောင်း​လေး​တွေ လုပ်လို့ရ​အောင် ဗဟုသုတအ​နေနဲ့ share ​ပေးလိုက်ပါတယ်ရှင်,​ကောင်းမွန်တဲ့ဆု​တောင်း​လေး​တွေလည်း အမြန်ဆုံး ပြည့်၀ပါ​စေ🙏💙

22.2.22နေ့မှာ ဘာတွေလုပ်ကြရင်ကောင်းမလဲ

ထူးခြားတဲ့နေ့လေးမှာ Manifestationတွေလုပ်ကြမယ်။ Manifestationလုပ်ဖို့ကတော့ ထုံးစံအတိုင်း ဘာဖြစ်ချင်လဲဆိုတာကို အရင်ဆုံးသိဖို့လိုအပ်ပါမယ်။
ကိုယ်ဖြစ်ချင်တာတွေအရမ်းများနေရင် အကုန်ပြန်စဉ်းစားပါ။ အဲ့ထဲကနေ အဖြစ်သင့်ဆုံး၊ ပထမဦးစားပေးကိုပဲ 22222မှာ Manifestပါ။

ဘယ်လို Methodနဲ့ Manifestationလုပ်ရင်ကောင်းမလဲဆိုရင်တော့
369, 555, 333, 777,water Manifestation, Pillow Method, Two cups of water Manifestation, 17 Seconds manifestation စတဲ့အကြောင်းတွေတော့ တင်ထားခဲ့ပြီးပါပြီ၊ Linkပါတွဲထည့်‌‌ထားပါတယ်။
အဲ့ထဲက ကြိုက်နှစ်သက်ရာ ကိုယ်အားသန်ရာဖြစ်တဲ့ နည်းလမ်းတစ်ခုနဲ့ Manifestationလုပ်လို့ရပါတယ်။

2ဂဏန်းက မြန်မာအယူအရဆို
တနင်္လာနံမို့ ‌အချစ်ရေး၊ ငွေရေးကြေးရေးတို့အတွက် အင်မတန်ကောင်းမွန်တဲ့ ဂဏန်းမို့ လုပ်ငန်းသစ်စတင်တာမျိုး၊ ချစ်‌ရသူကို ဖွင့်ပြောတာမျိုး လုပ်သင့်ပါတယ်။ ချစ်သူရှိရင်လည်း လက်ထပ်ဖို့ခွင့်တောင်းတာမျိုး ပြုလုပ်ဖို့သင့်တဲ့နေ့လေးပါပဲ။
Manifestationလုပ်တဲ့အခါမှာလည်း အချစ်ရေးကိစ္စ၊ ငွေကြေးကိစ္စတွေကို ပိုဦးစားပေးလုပ်သင့်ပါတယ်နော်။

22222မှာ spell jarရှိတဲ့သူတွေကတော့ Spell Jarလေးတွေ လက်ထဲကိုင်ပြီး ဆုတောင်းဖို့မမေ့ပါနဲ့‌နော်။

ထူးခြားတဲ့နေ့လေးမှာ မနက်စောစောထပြီး ကိုးကွယ်ရာဘာသာအလိုက် ဘုရားရှိခိုး၊ ဆုတောင်းဝတ်ပြုဖို့လည်း လုံးဝမမေ့ပါနဲ့။ အလှူဒါနလေးတွေလည်း တတ်စွမ်းသရွေ့ပြုလုပ်ပေးပါ။ ကံကောင်းနေတဲ့သူတွေ အရင်ထက်ပိုကံကောင်းလာပြီး ကံညံ့နေတဲ့သူတွေ အဆိုးအညံ့တွေ ပပျောက်သွားပါလိမ့်မယ်။

Manifestation‌ဆိုတာ ဘာမှန်းမသိတဲ့သူတွေအတွက် 👇👇👇
https://m.facebook.com/story.php?story_fbid=245157907716643&id=128454779386957

Photo from Pinterest

🍁Page ဖွင့်ထားတယ်ဆို​တော့ ခရီးစဥ်​တွေဘယ်​တော့ ​ကြေညာမှာလည်း လို့ Chat box က​နေလာ​မေး​နေတာ​လေး​တွေရှိလို့ တခါတည်း​​ဖြေထား...
16/02/2022

🍁Page ဖွင့်ထားတယ်ဆို​တော့ ခရီးစဥ်​တွေဘယ်​တော့ ​ကြေညာမှာလည်း လို့ Chat box က​နေလာ​မေး​နေတာ​လေး​တွေရှိလို့ တခါတည်း​​ဖြေထားပါရ​စေရှင့်🍁

🕊လက်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ကျန်းမာ​ရေး အခြေအနေတွေကြောင့် ခရီးစဉ်တွေကိုရက်နားထားပါမယ်ရှင်။တိုင်းပြည်ပြန်လည်​အေးချမ်းသွားတဲ့အခါမှသာ ခရီးစဥ်​တွေကို ​ကြောညာ​ပေးပါ့မယ်။ အားလုံးလည်းနားလည်​ပေးကြလို့​ကျေးဇူးတင်ပါတယ်ရှင့်🕊

🌻အဲ့မတိုင်ခင်​တော့ adventure,trekking ,camping နဲ့ပတ်သက်တဲ့ ဗဟုသုတရမဲ့အ​ကြောင်းအရာ​လေး​တွေ ကို ​ဝေမျှ​ပေးသွားမှာမို့ Like & Follow ​လေးလုပ်ထား​ပေးကြပါ​နော်🌻


🦋ချစ်သူများနေ့မှာ ကိုယ်ချစ်ရတဲ့သူနဲ့ ပျော်ရွှင်ရတဲ့နေ့လေးဖြစ်ပါစေ .Happy Valentine's Day Everyone!🦋
14/02/2022

🦋ချစ်သူများနေ့မှာ ကိုယ်ချစ်ရတဲ့သူနဲ့ ပျော်ရွှင်ရတဲ့နေ့လေးဖြစ်ပါစေ .Happy Valentine's Day Everyone!🦋

🏞​တော​တောင်​ရေ​မြေ သဘာ၀အလှအပ​တွေက လူ​တွေရဲ့စိတ်ကိုကြည်လင်​စေပါတယ်၊စိတ်ညစ်တဲ့အချိန် စိတ်မကြည်တဲ့အခါ​တွေမှာ သဘာ၀ပုံရိပ်​တွ...
10/02/2022

🏞​တော​တောင်​ရေ​မြေ သဘာ၀အလှအပ​တွေက လူ​တွေရဲ့စိတ်ကိုကြည်လင်​စေပါတယ်၊စိတ်ညစ်တဲ့အချိန် စိတ်မကြည်တဲ့အခါ​တွေမှာ သဘာ၀ပုံရိပ်​တွေကို ခနတာကြည့်ရှု့ပေးတာက စိတ်​အေးချမ်းမှုကို ဖြစ်ပေါ်​စေတယ်🏞
ဒီ​နေ့မှာ ဓါတ်ပုံဆရာ​တွေရိုက်ယူထားတဲ့ ကမ္ဘာအနှံ့ကသဘာဝ ပုံ​လေး​တွေကို တူတူကြည့်ပြီး ခနတာ စိတ်အ​မော​တွေ​ဖြေကြရ​အောင်🥰

ဒီလိုရာသီအကူးအပြောင်းမှာ နေထိုင်မကောင်းဘူး ဖျားချင်ချင်ဖြစ်နေပြီဆို တုပ်ကွေးလား၊ အအေးမိတာလား ဒါမှမဟုတ် အိုမီခရွန်လား ဆို...
06/02/2022

ဒီလိုရာသီအကူးအပြောင်းမှာ နေထိုင်မကောင်းဘူး ဖျားချင်ချင်ဖြစ်နေပြီဆို တုပ်ကွေးလား၊ အအေးမိတာလား ဒါမှမဟုတ် အိုမီခရွန်လား ဆိုပြီးစိတ်ပူနေတဲ့ သူတွေအတွက် ‌ရောဂါလက္ခဏာ ကွဲကွဲပြားပြား သိရအောင်ဖော်ပြပေးလိုက်ပါတယ်။ ဒီထက်ပိုမို စိတ်ချချင်ရင်တော့ Home Test Kit တွေနဲ့ စစ်တာပိုကောင်းပါတယ်နော်....
အသေးစိတ်ဖတ်ရှုရန် - https://bit.ly/3KZDByF

⛰Hiking သွားရခြင်း၏အကျိုး​ကျေးဇူးများ⛰🥰Hiking ခရီး​တွေသွားရင် လတ်ဆတ်တဲ့​လေကို တ၀ကြီးရှုရလို့ အဆုတ်ကျန်းမာ​ရေးအတွက် ​ကောင...
03/02/2022

⛰Hiking သွားရခြင်း၏အကျိုး​ကျေးဇူးများ⛰

🥰Hiking ခရီး​တွေသွားရင် လတ်ဆတ်တဲ့​လေကို တ၀ကြီးရှုရလို့ အဆုတ်ကျန်းမာ​ရေးအတွက် ​ကောင်းမွန်တဲ့အပြင်တခြား အကျိုး​ကျေးဇူး​​တွေလည်း အများကြီးရှိ​သေးတယ်​နော်🥰


⛺️သင်ကသမာရိုးကြ ခရီးသွားရတာကိုသဘောကြသူလား ဒါမှမဟုတ် သဘာဝကို ထိတွေ့ပြီးစွန့်စားခရီးတွေကိုသွားရတာ ဝါသနာပါသူလား?⛺️သဘာဝကြီးန...
26/01/2022

⛺️သင်ကသမာရိုးကြ ခရီးသွားရတာကိုသဘောကြသူလား ဒါမှမဟုတ် သဘာဝကို ထိတွေ့ပြီးစွန့်စားခရီးတွေကိုသွားရတာ ဝါသနာပါသူလား?

⛺️သဘာဝကြီးနဲ့ထိတွေ့ပြီးစွန့်စားခရီးတွေကို သွားရတာဝါသနာပါတယ်ဆိုရင်တော့ မင်မင်တို့ page လေးကို like လေးလုပ်ထားပြီး ဘယ်လို စိတ်၀င်စားဖွယ်အချက်အလက်လေးတွေကို တင်ပေးသွားမလည်းဆိုတာကို စောင့်ကြည့်ပေးပါနော်.

🥰Stay tuned for more updates!

23/01/2022
23/01/2022

Address

Yangon

Website

Alerts

Be the first to know and let us send you an email when A&H Adventure Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A&H Adventure Travel:

Videos

Share

Category



You may also like