25/10/2020
" မြန်မာပြည်မြောက်ပိုင်း ရေခဲတောင် အခြေအနေများ "
🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔🏔
ရေခဲတောင်တက်ချင်သူများ အနေဖြင့် အချိန်ကာလ ရွေးချယ်နိင်ရန် လစဉ် ရေခဲတောင် အခြေအနေများ တင်ပြပေးလိုက်ပါသည်။
(𝗝𝗮𝗻𝘂𝗮𝗿𝘆) - ရေခဲဆီးနှင်းများ မတည်ငြိမ်သေးသော ကာလဖြစ်ပြီး လမ်းခရီး ခြောက်သွေ့သော ကာလဖြစ်ပါသည်။ ရေခဲတောင်တန်းများတွင် လဆန်းပိုင်းတွင် ရေခဲ အနည်းငယ်သာ ရှိတက်ပြီး လကုန်ပိုင်းတွင် ရေခဲ ထူတက်ပါသည်။ ရေခဲတောင်တန်းများပေါ်တွင် မိုးတိမ်ကင်းစင်တက်ပြီး ရာသီဥတု ကောင်းမွန်သော ကာလလည်းဖြစ်ပါသည်။ လမ်းလျှောက်ရ အကောင်းဆုံး လတစ်လလည်း ဖြစ်ပါသည်။ 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 : 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 : 𝗝𝗮𝗻𝘂𝗮𝗿𝘆 ဒီလသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော အကောင်းဆုံး ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများ အတွက် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံး တက်ရောက်သင့်သော ကာလ တစ်ခု လည်းဖြစ်ပါသည်။
(𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆) - လမ်းခရီးများ ခြောက်သွေ့ပြီး အအေးလျော့လာသော ကာလတစ်ခုဖြစ်ကာ ရေခဲ ထူပွသောကာလတစ်ခု ဖြစ်ပါသည် ။ ရံဖန်ရံခါ ရေခဲ အဆက်မပြက် ကျတက်ပြီး ၊ ရေခဲတောင်ပေါ်တွင် ရာသီဥတု အကောင်း အဆိုးဖြစ်တက်သော ကာလဖြစ်ပါသည်။ ရေခဲတောင် တက်မည့် သူများအတွက် ရေခဲ အလွန်များမှာဖြစ်ပြီး ရေခဲ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ် ရောက်ဖူးချင်သူများ အားလုံးအတွက် ကောင်းမွန်သော ကာလဖြစ်ပါသည် ။ ရေခဲဆီးနှင်းများစွာ မြင်တွေ့ရနိင်ပြီး လမ်းလျှောက်ရ အကောင်းဆုံး လဖြစ်သည်။ ယခုလတွင် ရေခဲ အဆက်မပျက်ရွာကျတက်ကာ မိုးရေများလည်းရွာကျတက်တာကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ရေခဲတောင်ကိုသာ ရောက်ရှိနိင်ပြီး လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်ရန် အလွန် ခက်ခဲသော ကာလ တစ်ခုဖြစ်ပါသည်။
(𝗠𝗮𝗿𝗰𝗵) - ရေခဲဆီးနှင်း များစွာ အဆက်မပျက် ရွာကျတက်ပြီး ရေခဲအရမ်းပွသော လဖြစ်ပါသည်။ (𝗠𝗮𝗿𝗰𝗵) လ တွင်လည်း ရေခဲ အဆက်မပျက်ရွာကျတက်ကာ မိုးရေများလည်းရွာကျတက်တာကြောင့် တောင်ထိပ်ရောက်ဖူးချင်သူများ အနေဖြင့် ဖုန်ကန်ရာဇီ ရေခဲတောင်သာ ရောက်ရှိနိင်ပြီး ဖုန်ရင်ရာဇီ ရေခဲတောင်သည် ရေခဲ ထူသောကြောင့် တောင်ထိပ်ရောက်နိင်ရန် မသေခြာသော ကာလ ဖြစ်ပါသည်။ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင်ထိပ်များကိုတော့ ရောက်ရှိနိင်ရန် အရမ်းကို ခက်ခဲသော ကာလတစ်ခုဖြစ်ပါသည်။
(𝗔𝗽𝗿𝗶𝗹) - ရေခဲဆီးနှင်းများ ကျစ်လစ်ခိုင်မာပြီး တောင်တန်း အားလုံးတွင် ရေခဲများစွာ ရှိပါသည်။(𝗔𝗽𝗿𝗶𝗹) လတွင် ရေခဲ နှင့် မိုးရေများ ရွာကျတက်ကာ ရေခဲ ကျစ်လစ်ခိုင်မာသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်နိင်သော ကာလ တစ်ခုဖြစ်ပါသည်။
(𝗠𝗮𝘆) - ရေခဲဆီးနှင်းများ ကျောက်တုန်းကဲ့သို့ ကျစ်လစ်ခိုင်မာပြီး မိုးစတင်သော လဖြစ်ပါသည်.
(𝗠𝗮𝘆) လဆန်းပိုင်းတွင် မိုးရေများ ရွာကျတက်ကာ ရေခဲ ကျစ်လစ်ခိုင်မာသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် များကို တက်ရောက်နိင်သော ကာလ တစ်ခုဖြစ်ပါသည်။ (𝗠𝗮𝘆)လ လကုန်ပိုင်းတွင် ရေခဲများ အရည်ပျော်ကျတက်ပြီး မိုးနှင့် အတူ ရေခဲများ ာစီးမျောသွားသော ကာလတစ်ခုဖြစ်ပါသည်။
(𝗝𝘂𝗻𝗲) - ရေခဲဆီးနှင်းများ အရည်ပျော်ကျလျှက် မြေပြင်မှာ အပင်များ စတင်မြင်ရပြီး အပင်မှ ပန်းအဖူးများ စတင်ဖူးသော လဖြစ်ပါသည် ။ ရေခဲတောင်တန်းများ အားလုံးတွင် ပန်းများ ဖူးပွင့်ကြပြီး ရေခဲ နှင်းများ မရှိတော့သည့် ကာလ တစ်ခုဖြစ်ပါသည်။ (𝗝𝘂𝗻𝗲) ၊ (𝗝𝘂𝗹𝘆) ၊ (𝗔𝘂𝗴𝘂𝘀𝘁) ၊ (𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿) လများတွင် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် တန်းများပေါ်တွင် ရေခဲနှင်းများ မရှိတော့ပဲ ရေခဲတောင် ပန်းများနှင့် ဆေးဖက်၀င်အပင်များသာ ပေါက်ရောက်သော ကာလတစ်ခုဖြစ်ပါသည်။ယခုလများတွင် သစ်ပင် ပန်းမာန်များနှင့် သားငှက်တရိစ္ဆာန်များ လေ့လာချင်သူများအတွက်သာ အကောင်းဆုံးဖြစ်ပြီး ရေခဲ နှင်းများတော့ တွေ့ရတော့မည် မဟုတ်ပါ။
(𝗝𝘂𝗹𝘆) - ရေခဲတောင်ပေါ်များတွင် ရေခဲဆီးနှင်းများ မရှိတော့ပဲ မြေပြင်မှအပင်များ အားလုံး ပန်းများဖူးပွင့်လျှက် ရှိသော လ ဖြစ်ပါသည်။
(𝗔𝘂𝗴𝘂𝘀𝘁) - ရေခဲတောင်ပေါ်များတွင် မိုးရွာလိုက် နေပူလိုက်ဖြင့် မြေပြင်မှအပင်များ အားလုံး ပန်းများဖူးပွင့်လျှက် ပန်းပွင့်များ ကြွေချိန်ဖြစ်ပါသည် ။
(𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿) - ရေခဲတောင်ပေါ်များတွင် အအေးတန်းများ စတင်၀င်ရောက်ပြီး မိုးနှင့် အတူ မြူနှင်းများ ကျကာ အအေးဓာတ် စပြုသော လ ဖြစ်ပါသည်။ ။ တောင်တက်ချင်သူများ အနေဖြင့် ရေခဲလုံး၀ မရှိသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊ မဒွယ်ရာဇီ ရေခဲတောင် အားလုံးကို တောင်ထိပ်ရောက်ရှိနိင်မှာ ဖြစ်ပါသည်။
(𝗢𝗰𝘁𝗼𝗯𝗲𝗿) - ရေခဲတောင်ပေါ်များတွင် အအေးတန်းများ ပိုမို၀င်ရောက်လာပြီး မိုးနှင့် အတူ ရေခဲ ဆီးနှင်းများ စတင်ကျတက်သော လဖြစ်ပြီး ရေခဲဆီးနှင်းများ ကျလိုက် အရည်ပျော်သွားလိုက် ဖြစ်တက်သောလဖြစ်ပါသည် ။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ အနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ရေခဲတောင်များတွင် ရေခဲ မရှိနိင်ပဲ မဒွယ်ရာဇီ ရေခဲတောင်တွင်သာ ရေခဲရှိနိင်ပါသည်။ ရေခဲ နှင်းများ သေခြာပေါက် တွေ့ရမည်တော့ မဟုတ်ပါ ။ တောင်ထိပ်ရောက်ဖူးချင်သူများ အနေဖြင့်သာ ရေခဲ မရှိသောကြောင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊ မဒွယ်ရာဇီ ရေခဲတောင် အားလုံးကို တောင်ထိပ်ရောက်နိင်မှာ ဖြစ်ပါသည်။
(𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿) - ရေခဲဆီးနှင်းများ အနည်းငယ် ရွာကျလျှက် အအေးဓာတ်များလာသော လဖြစ်ပါသည်။ ရေခဲ ဆီးနှင်းများ ကျလာသော ကာလတစ်ခုဖြစ်ပြီး ရေခဲတောင် တက်ရန် အကောင်းဆုံး အချိန်တစ်ခု ဖြစ်ပါသည်။ 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 ၊ 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 ၊ 𝗝𝗮𝗻𝘂𝗮𝗿𝘆 ဒီလများသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများအနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံး တက်ရောက်နိင်သော ကာလလည်းဖြစ်ပါသည်။
(𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿) - အအေးဓာတ်များပြီး မြူနှင်းများ မှောင်မိုက်အောင်ကျလျှက် ရေခဲဆီးနှင်းများ အရည်ပျော်ကျလိုက် ပြန်ကျလိုက်ဖြင့် ရေခဲဆီးနှင်း အနေအထား မူမမှန်သေးသော လဖြစ်ပါသည် ။ 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 ၊ 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 ၊ 𝗝𝗮𝗻𝘂𝗮𝗿𝘆 ဒီလများသည် ပူတာအို နှင့် ရေခဲတောင်တန်းများတွင် အအေးဆုံးကာလထဲတွင် ပါ၀င်ပါသည်။ ရေခဲတောင်တက်ချင်သူများ အနေဖြင့် ရေခဲတောင်တက်ရန် ရွေးချယ်သင့်သော ကာလဖြစ်ပါသည်။ ရေခဲ ဆီး နှင်းများ တွေ့ဖူးချင်သူများ နှင့် တောင်ထိပ်ရောက်ချင်သူများအနေဖြင့် ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊မဒွယ်ရာဇီ ရေခဲတောင် အားလုံး တက်ရောက်နိင်သော ကာလလည်းဖြစ်ပါသည်။
ကချင်ပြည်နယ် ပူတာအိုမြို့တွင် ရေခဲတောင်များကို နှစ်ပိုင်း ခွဲထားလျှက်ရှိပါသည် ။
#ပထမပိုင်း
ဖုန်ကန်ရာဇီ ၊ ဖုန်ရင်ရာဇီ ၊ လွင်ခရူမာဒင်၊ ဖန်ဂရမ်ရာဇီ ၊ မဒွယ်ရာဇီ ရေခဲတောင်များသည် နှင်းဖုံးတောင်တန်းများ ဖြစ်တာကြောင့် ( 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 ၊ 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 ၊ 𝗝𝗮𝗻𝘂𝗮𝗿𝘆 ၊ 𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆 ၊ 𝗠𝗮𝘁𝗰𝗵 ၊ 𝗔𝗽𝗿𝗶𝗹 ၊ 𝗠𝗮𝘆 ) ထိသာ ရေခဲ ဆီးနှင်းများရှိပြီး (𝗝𝘂𝗻𝗲 ၊ 𝗝𝘂𝗹𝘆 ၊ 𝗔𝘂𝗴𝘂𝘀𝘁 ၊ 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 ၊ 𝗢𝗰𝘁𝗼𝗯𝗲𝗿 ) လများတွင် ရေခဲ ဆီးနှင်းများ မတွေ့ရနိင်ပါ ။
#ဒုတိယပိုင်း
ခါကာဘိုရာဇီ ရေခဲတောင်ပိုင်းများသည် ရေခဲတောင် အစစ်များဖြစ်ကြပြီး တစ်နစ်ပတ်လုံး ရေခဲသော တောင်တန်းများ ဖြစ်ကြပါသည်။
ခါကာဘိုရာဇီ ရေခဲတောင်ပိုင်းဖက်သို့ တက်ရောက်မည်ဆိုလျှင် ရေခဲပါးသောကာလ 𝗝𝘂𝗹𝘆 ၊ 𝗔𝘂𝗴𝘂𝘀𝘁 ၊ 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 ၊ 𝗢𝗰𝘁𝗼𝗯𝗲𝗿 တွင်သာ တက်ရောက်ရန်သင့်သော်ပြီး 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 ၊ 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 ၊ 𝗝𝗮𝗻𝘂𝗮𝗿𝘆 ၊ 𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆 ၊ 𝗠𝗮𝘁𝗰𝗵 ၊ 𝗔𝗽𝗿𝗶𝗹 ၊ 𝗠𝗮𝘆 ၊ 𝗝𝘂𝗻𝗲 ) လများတွင် ရေခဲ အလွန်များပြီး ထူတာကြောင့် မတက်သင့်သော ကာလများဖြစ်ကြပါသည်။ ထို့ကြောင့် ခါကာဘိုရာဇီ ရေခဲတောင် တက်ရောက်ကြသူများသည် ရေခဲပါးသော မိုးတွင်း ကာလ 𝗝𝘂𝗹𝘆 ၊ 𝗔𝘂𝗴𝘂𝘀𝘁 ၊ 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 ၊ 𝗢𝗰𝘁𝗼𝗯𝗲𝗿 ကိုသာ ရွေးချယ်ပြီး တက်ရောက်ကြတာဖြစ်ပါသည်။
ရေခဲတောင် တက်ရောက်လိုသူများ အားလုံး မိမိကြိုက်နစ်သက်သော အချိန်ကာလများကို ရွေးချယ်ပြီး တက်ရောက်နိင်ကြပါစေ ဆုတောင်းပေးလိုက်ပါသည်။
ကျေးဇူးတင်ရှိလျှက်
Moe Min Thein (Putao)
#ရေခဲတောင်ကာလ #ရေခဲတောင်
𝙈𝙏𝙀𝙏 မှ ခရီးသွားအတွေ့အကြုံ၊ ခရီးသွားခြင်းနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများကို ဆက်ပြီးရေးသားဖော်ပြပေးသွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း 𝑷𝒂𝒈𝒆 ကို 𝑳𝒊𝒌𝒆 𝒂𝒏𝒅 𝑺𝒉𝒂𝒓𝒆 ပြုလုပ်ထားဖို့ တိုက်တွန်းအကြံပြုအပ်ပါသည်။
https://www.facebook.com/myanmartravellerexpeditionteam/
#𝙋𝙋𝙇
#𝙈𝙏𝙀𝙏
:
crd to Myanmar traveller expedition team