Traveller Phyu Sinn
Traveller Phyu Sinn ခရီးသွားခြင်းကို အမှန်တကယ်ချစ်မြတ်
သတင်းကောင်း 🙏🙏🙏
28/07/2020
သတင်းကောင်း 🙏🙏🙏
Edited : ရွှေတိဂုံစေတီတော်ကိုတော့ August လ တတိယအပတ်မှ ပြန်လည်ဖွင့်ပါမယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြားဘုရားတွေ စေတီတွေကို ၇လပိုင်း ၃၀ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ပါတော့မည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် အညီ ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ (၃၀)ရက်နေ့၊ နံနက် (၄)နာရီ အချိန်မှ စတင်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရပါသည်။
Crd- MRTV News
https://www.facebook.com/523763414336156/posts/3295014587211011/?d=n
Photo credit to
crd
24/03/2020
crd
24/03/2020
အထူးဂရုပြုနေထိုင်ကြပါ
ကိုဗစ်-၁၉ အရေးပေါ်ဖုံးနံပါတ်များ
••••••••••••••••••••••••••••••••••••
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်
ဖြစ်စေ၊ သတင်းပေးပို့လိုသည်ဖြစ်စေ၊ အကြောင်းကြားလို
သည်ဖြစ်စေ အောက်ပါဖုံးနံပါတ်များကို အရေးပေါ်ဆက်သွယ်
နိုင်ကြောင်း သိရှိရသည်။
ပြည်သူ့ကျန်းမာရေးဌာန ( နေပြည်တော် ) - ၀၆၇-၃၄၂၀၂၆၈
ပြည်သူ့ကျန်းမာရေးဌာန ( ရန်ကုန်) - ၀၉-၄၄၉၀၀၁၂၆၁၊ ၇၉၄၅၁၀၀၅၇
ပြည်သူ့ကျန်းမာရေးဌာန (မန္တလေး) - ၀၉-၂၀၀၀၃၄၄၊ ၄၃၀၉၉၅၂၆
Quarantine ဌာန၊ ရန်ကုန်လေဆိပ် - ၀၉-၇၉၉၉၈၃၈၃၃
-----------------------------------------------------------------------------------
ကိုဗစ်-၁၉ အရေးပေါ်ဖုံးနံပါတ်များ
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်
ဖြစ်စေ၊ သတင်းပေးပို့လိုသည်ဖြစ်စေ၊ အကြောင်းကြားလို
သည်ဖြစ်စေ အောက်ပါဖုံးနံပါတ်များကို အရေးပေါ်ဆက်သွယ်
နိုင်ကြောင်း သိရှိရသည်။
ပြည်သူ့ကျန်းမာရေးဌာန ( နေပြည်တော် ) - ၀၆၇-၃၄၂၀၂၆၈
ပြည်သူ့ကျန်းမာရေးဌာန ( ရန်ကုန်) - ၀၉-၄၄၉၀၀၁၂၆၁၊ ၇၉၄၅၁၀၀၅၇
ပြည်သူ့ကျန်းမာရေးဌာန (မန္တလေး) - ၀၉-၂၀၀၀၃၄၄၊ ၄၃၀၉၉၅၂၆
Quarantine ဌာန၊ ရန်ကုန်လေဆိပ် - ၀၉-၇၉၉၉၈၃၈၃၃
Credit to Thaung Tun (Twitter)
ကိုဗစ်-၁၉ အရေးပေါ်ဖုံးနံပါတ်များ
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်
ဖြစ်စေ၊ သတင်းပေးပို့လိုသည်ဖြစ်စေ၊ အကြောင်းကြားလို
သည်ဖြစ်စေ အောက်ပါဖုံးနံပါတ်များကို အရေးပေါ်ဆက်သွယ်
နိုင်ကြောင်း သိရှိရသည်။
ပြည်သူ့ကျန်းမာရေးဌာန ( နေပြည်တော် ) - ၀၆၇-၃၄၂၀၂၆၈
ပြည်သူ့ကျန်းမာရေးဌာန ( ရန်ကုန်) - ၀၉-၄၄၉၀၀၁၂၆၁၊ ၇၉၄၅၁၀၀၅၇
ပြည်သူ့ကျန်းမာရေးဌာန (မန္တလေး) - ၀၉-၂၀၀၀၃၄၄၊ ၄၃၀၉၉၅၂၆
Quarantine ဌာန၊ ရန်ကုန်လေဆိပ် - ၀၉-၇၉၉၉၈၃၈၃၃
-----------------------------------------------------------------------------------
ကိုဗစ်-၁၉ အရေးပေါ်ဖုံးနံပါတ်များ
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်
ဖြစ်စေ၊ သတင်းပေးပို့လိုသည်ဖြစ်စေ၊ အကြောင်းကြားလို
သည်ဖြစ်စေ အောက်ပါဖုံးနံပါတ်များကို အရေးပေါ်ဆက်သွယ်
နိုင်ကြောင်း သိရှိရသည်။
ပြည်သူ့ကျန်းမာရေးဌာန ( နေပြည်တော် ) - ၀၆၇-၃၄၂၀၂၆၈
ပြည်သူ့ကျန်းမာရေးဌာန ( ရန်ကုန်) - ၀၉-၄၄၉၀၀၁၂၆၁၊ ၇၉၄၅၁၀၀၅၇
ပြည်သူ့ကျန်းမာရေးဌာန (မန္တလေး) - ၀၉-၂၀၀၀၃၄၄၊ ၄၃၀၉၉၅၂၆
Quarantine ဌာန၊ ရန်ကုန်လေဆိပ် - ၀၉-၇၉၉၉၈၃၈၃၃
Credit to Thaung Tun (Twitter)
23/03/2020
မြန်မာပြည်တွင်း ယာယီ ပိတ်ထားသော နေရာများမှာ
- ရွှေစက်တော်ဘုရားပွဲ
- ကျိုက်ထီးရိုးဆံတော်ရှင်
- အလောင်းတော် ကသပ
- နမ့်မွန်ရေတံခွန်
-တောင်ငူ သံတောင်ကြီး နော်ဘူဘောဆုတောင်းတောင်
- မြိတ်မောတောင် ဂိတ်
-ကော့သောင်း ရနောင်း နဲ့ သူဌေးကျွန်းဟိုတယ်အ၀င်အထွက်ဂိတ်
- မြ၀တီ မဲဆောက် ချစ်ကြည်ရေးတံတား (1) (2)
- တာချီလိတ် မယ်ဆိုင်ဂိတ် (1) (2)
အစရှိသည့်နေရာများကို ယာယီပိတ်ထားကြောင်း သိရှိရပါတယ်ရှင်
Credit to
👇👇👇
15/03/2020
👇👇👇
12/03/2020
ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍သိသင့်သည်များ
******************************************
1- mask နဲ့ကာကွယ်ဖို့ မလိုပါ။
2- virus ကလေထဲမှာမနေပါ။
3- အရာဝတ္တုတွေ-အစားအစာနဲ့-မြေပြင်မှာနေတာပါ။
4- လေကတစ်ဆင့်မကူးစက်ပါ။
5- ထိတွေ့မှုကနေ ကူးစက်ပါတယ်။
6- metalပေါ်မှာ၁၂နာရီအသက်ရှင်ပါတယ်။
7- အဝတ်ပေါ်မှာ၉နာရီအသက်ရှင်ပါတယ်
8- လက်ပေါ်မှာ ၁၀မိနစ် အသက်ရှင်ပါတယ်။
Virus ကူးထားတဲ့ mask က ရောဂါပိုကူးနိုင်ပါတယ်။ ထို့ကြောင့်Virus ကို ကာကြယ္ဖို့mask ဝတ်ဆင်ခြင်းထက်ပိုထိရောက်စေသည်အချက်များကတော့...
(1) လက်ဆေးခြင်း
(2) အဝတ်အစားများကို နေလှန်းပေးခြင်း
(3) လက်ဆေးဖို့အရက်ပျံဆောင်ထားခြင်း
(4) ရေနွေးသောက်ခြင်း
(5) နေထဲမှာနေပေးခြင်း (Virus က အပူချိန်များတာမကြိုက်တဲ့အတွက်)
(6) ရေခဲမုန့်စသည်အေးသောအရာတို့ကို မစားခြင်း (Virus ကအအေးကြိုက်တဲ့အတွက်)
(7) ရေနွေးပူနှင့်ဆားနဲ့ပလုပ်အမြဲကျင်းပေးခြင်းတို့ဖြင့်ကာကွယ်နိုင်ပါကြောင်္င်း။
ထပ်ဖြည့်ချင်တာက ကိုယ်ခံအားကောင်းစေတဲ့ ဆေးတွေပါ သောက်စေချင်ပါတယ်။
Vitaceeလိုပေါ့။
အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။
Unicef says
is large in size, with a cell diameter of 400-500 micro, so any mask that prevents its entry does not need to be used by pharmacists to trade muzzles.
The virus does not settle in the air but on the ground, so it is not transmitted by air.
Coronavirus when it falls on a metal surface it will live 12 hours so washing hands with soap and water well enough.
Corona virus when it falls on the fabrics remains for 9 hours, so washing clothes or being exposed to the sun for two hours meets the purpose of killing it.
The virus lives on the hands for about 10 minutes, so putting an alcohol sterilizer in the pocket meets the purpose of prevention.
If the virus is exposed to a temperature of 27-27C. it will be killed, as it does not live in hot regions. Also drinking hot water and sun exposure will do the trick.
And stay away from ice cream and cold eating is important.
Gargle with warm and salt water kills the tonsils' germs and prevents them from leaking into the lungs.
These instructions fulfills the purpose of corona prevention.
12/03/2020
ရွှေစက်တော်ဘုရားပွဲတော်
မနက်ဖြန် ၁၃- ၃ -၂၀၂၀ မှစ၍
ပိတ်လိုက်ပါပြီ ...
ဒေါက်တာအောင်မိုးညို
👇👇
12/03/2020
👇👇
စိုးရိမ်စရာ မြန်မာ့ခရီးသွားလုပ်ငန်း 😥😓
04/03/2020
စိုးရိမ်စရာ မြန်မာ့ခရီးသွားလုပ်ငန်း 😥😓
ကမ္ဘာ့ခရီးသွားလုပ်ငန်း က ဝင်ငွေ ၈.၈ ထရီလီယံ ရှိတယ်။ ဒီနှစ် Airlines တွေက ၂၉ ဘီလီယံရှုံးမယ်။ ကမ္ဘာ့စီးပွါးရေး ကျဆင်းမယ်။ ဟိုတယ်တွေက ဘီလီယံ ၃-၄၀ ပြုတ်မယ်။
မလေး၊ ထိုင်း၊ စင်္ကာပူ နဲ့ ဗီယက်နန် က သုံးလအတွင်း ခရီးသွားဝင်ငွေ ၃ ဘီလီယံစီ လျော့ကျသွားပါတယ် ။ တနှစ်အတွင်း ၆ ဘီလီယံလောက် ဆုံးကြမယ်မှန်းတယ်။
မြန်မာ data ကျွန်တော် မသိဘူး။ ဒီ ၃ လအတွင်း မြန်မာလည်း ဒေါ်လာ သန်း ၃-၄၀၀ အောက်ထစ်ပဲ။ တနှစ်ဆို ၁ ဘီလီယံ လောက် လျော့ကျသွားနိုင်တယ်။
၂၀၂၀-၂၀၂၁ ကမ္ဘာ့ ခရီးသွားတွေဟာ တရုတ် သို့မဟုတ် တရုတ်နဲ့ နီးတဲ့ နိုင်ငံတွေကိုရှောင်ကြမယ်။ ၂၀၂၀ -၂၀၂၁ ရာသီမှာ မြန်မာပြည်ဝင်တဲ့ ခရီးသွား ၆၅% လောက် ထပ်ကျဆင်းနိုင်တယ်။ လက်ရှိ ဧည့်သည် ဝင်ရောက်မှု ၈၀% နီးပါး ပျောက်သွားတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကမ္ဘာက financial institute တွေ ကာလတိုအတွင်း ငွေကြေး မြုပ်နှံမှု ၂၅% လျော့ဆင်းသွားမယ်။ လုပ်ငန်းသေး ငယ်လေးတွေ ကိုယ့်ငွေနဲ့ ကိုယ် ရပ်တည်ရမယ်။ ချေးငွေမရနိုင်ဘူး။
နိုင်ငံတော်ဟာ Tourism sector ကို ငွေကြေးအကူအညီ injunctions ထိုးပေးရပါမယ်။ ဘဏ် loan နဲ့ တည်ထောင်ထားတဲ့ ဟိုတယ်မိုတယ် အင်း စားသောက်ဆိုင် နဲ့ ခရီးသွားလုပ်ငန်း တွေဟာ ဧည့်သည်ဆီက ဝင်ငွေ မရှိတော့ အတိုးပေးဖို့ နဲ့ ငွေပြန်ဆပ်ဖို့အခက်အခဲ ဖြစ်လာတယ်။ projection အောက် သွားတာကိုး။
ဗဟိုဘဏ် က ဒီလုပ်ငန်းတွေက ပြန်မဆပ်နိုင်သေးတဲ့ ငွေပမာဏ ကို တွက်ချက်ပြီး ဘဏ်တွေကို financial injection ပေးပြီး ခရီးသွား နဲ့သက်ဆိုင်တဲ့ Loan တွေ လုပ်ငန်းရှင်တွေအပေါ် ဝန်မပိဖို့ ၆ လ တနှစ် ကာလတခုအထိ နောက်ဆုတ်ပေးသင့်တယ်။ ဘဏ်လည်းမဆုံးရှုံး၊ လုပ်ငန်းရှင်လည်းကာလတခုအထိ စောင့်နိုင်လာအောင် တနည်းနည်းစီစဉ် ပေးသင့်ပါတယ်။
မြန်မာနိုင်ငံကိုလာရင် ဒေါ်လာ ၄-၅၀၀ နဲ့ ၁၀ ရက် ခရီး ကောင်းကောင်း သွားနိုင်ကြောင်း ကမ္ဘာသိအောင် ကြော်ငြာပေးရပါမယ်။ ဒီစျေးအထိချပြီး ပူးပေါင်းပါဝင်နိုင်ဖို့ ဟိုတယ် လေကြောင်းလိုင်း နဲ့ လုပ်ငန်းရှင်တွေကို ရှာပြီး campaign တခု တနှစ်တိတိ လုပ်ရပါမယ်။ မပါလို့လည်းမရဘူး။ ဆိုရှယ်လစ်စနစ်လို စုပေါင်းစပ်ပေါင်း ဝိုင်းတောင့်ခံမလား? survival သွားမှာလား? ထိုင်ငတ်ကြမှာလား စဉ်းစားပေါ့။
၂၀၁၂ တုန်းက ခရီးသွားစျေးကွက် ကောင်းတုန်း ရန်ကုန် ဟိုတယ်တွေ အထိမ်းအကွပ်မရှိ ညှိပြီး စျေး တက်ချလိုက်တဲ့ ရိုက်စား ရိုက်ချက်ဒဏ် အခုအချိန်ထိခံနေရတုန်း။ ကမ္ဘာမှာ မြန်မာဟာ အာရှမှာ စျေးအကြီးဆုံး ဒေသဖြစ်နေဆဲ။
အကျိုးဆက်က တရုတ်ခရီးသွားတွေဟာ သူ့ဟာသူ စျေးကွက် လာတည်ထောင်တယ်။ သူတို့ဟိုတယ်သူတို့ လာထောင်တယ်။ သူတို့ destination သူတို့တည်ဆောက်တယ်။ ဘယ်ဟိုတယ်ကြီး ကိုမှ မပို့တော့ဘူး။ ဘယ်သူမှ မစားရတော့ဘူး။ သူတို့ဘာသာ သူတို့ ပြန်သိမ်းယူသွားတယ်။
နိုင်ငံခြားသားအတွက် လေယာဉ် ကားစျေး အစားအသောက်စျေးတွေ ချက်ချင်း ချပစ်သင့်တယ်။ အဲ့လို ချရင်ကောလူလာမှာလား မေးကြပါလိမ့်မယ်။ ချက်ချင်းမလာဘူး ဒါပေမဲ့ နံမည်ကောင်းလာမယ်။ သွားဖို့ စဉ်းစားမဲ့အထဲ ပါလာမယ်။ ကိုယ့် balancesheet က weak ဖြစ်နေရင် အားလုံးနဲ့ပေါင်းပြီး consolidate လုပ်ပစ်ရပါ့မယ်။ အကျိုးမဲ့ အစည်းအဝေးတွေ နဲ့ အချိန်မဖြုန်းပဲ result ကောင်းကောင်းထွက်- action ချက်ချင်းလုပ်တဲ့ နည်းပေါင်း စုံသုံးပေးရပါမယ်။ အစိုးရဟာ tourism recovery package ထုတ်ပေးရမယ်။ ကိုယ့်နိုင်ငံကိုဝင်မဲ့ငွေ တဘီလီယံ အပျောက်ခံမှာလား? တသန်းနှစ်သန်းသုံးပြီး ဒေါ်လာ ၉၉၈ သန်းပြန်ယူမှာလား?
ကြုံတုန်းဝေဖန်ရရင် မြန်မာ့စီးပွါးရေး ဟာ စျေးသည် အမေချဲထိုးသွားတုန်း စျေးဗန်းထိုင်စောင့်ရတဲ့ ကလေးစျေးရောင်း စီးပွါးရေးပဲ။ ဝယ်သူလာရင် ထိုင်ကြည့်နေယုံပဲ ရှိတယ်။ စီးပွါးရေး မလုပ်တတ်ဘူး။ ခြင်မောင်းယင်မောင်းအဆင့်ပဲတတ်တယ်။ ကိုယ့်ပစ္စည်း ကျီးထိုးထိုး ခွေးစားစား ပုပ်ပုပ်သိုးသိုး မကာကွယ်နိုင်ဘူး။ ထိုင်ကြည့်နေတာပဲ။
ကျွန်တော်တို့ ကုမ္ပဏီ ဝန်ထမ်းတွေဟာ နိုင်ငံတော် ဝန်ထမ်းတွေနဲ့ ဘာမှ မကွာဘူး။ ဒီတိုင်းပြည် အကျိုးစီးပွါးကို ကူညီနေတာ။ နိုင်ငံတော် အကူအညီ လိုပါတယ်။ ပြောလည်း နားလည်သူ မရှိဘူး။
နိုင်ငံတော်မှာ မိုက်ခရို နဲ့ မက်ခရို မခွဲတတ်ဘူး။ ဘယ်နဲ့ ဘယ်ဟာ ချိတ်ဆက်တယ်။ ဘယ်လိုဖြစ်ရင် ဘယ်ဝန်ကြီးဌာန ရဲ့ ဘယ်ခလုတ်ကို ပိတ်ပစ်ရမယ်၊ ဘာကိုဖွင့်ရမယ်၊ ဘယ်ဌာန ဆီက ဘာတောင်းဆိုမယ်၊ ဘယ်သွားရမယ်၊ လုပ်ငန်းရှင်တွေကို ဘာကူရမယ် ဆိုတာ မသိဘူး။ ဝန်ကြီးဌာန တခုနဲ့ တခု အဆက်အစပ်မဲ့နေတယ်။
အာဏာရှိတွေဟာ ပြည်သူ့စီးပွါးရေးသည် ကိုယ့်စီးပွါးရေးလို့ မသိဘူး။ စောင့်ရှောက်ဖေးမတာ မရှိဘူး။ regulate လုပ်ဖို့ နဲ့ အပေါ်စီး ဟောက်ဟန်းနေဖို့ပဲသိတယ်။
စစ်အစိုးရ က နိုင်ငံထက် သူ့လူသူ မွေးပြီး စောင့်ရှောက်တယ်။ အခုခေတ် မွေးလည်းမမွေးဘူး စောင့်ရှောက်နည်းလည်း မှားတယ်။ ဒီနေ့ဒီလိုရေးတာ ပြင်ရင် မှီသေးလို့ ရေးတာ။ ဆက်ဆိုးနေဦးမှာ။ မြန်မြန်မလုပ်ရင် ဒီမိုကရေစီဘက်ကို အားထည့်သူ နည်းသွားနိုင်တယ်။
Credit to Kyaw Swa Min
26/02/2020
Travelling နဲ့ပက်သက်ပီး
ဟိုတယ် ကား အစားသောက် အစစအရာရာ သိချင်တာရှိရင်
အချိန်မရွေး CB မှာမေးလို့ရပါတယ်နော်...အချိန်အားတာနဲ့ စာပြန်ပေးပါ့မယ်
So Sad For That News 😓
26/02/2020
So Sad For That News 😓
ဝူဟန်ဗိုင်းရပ်စ်ကြောင့်မြန်မာ့ခရီးသွားကျဆင်းပြီ
==============================
၀၁ ဖေဖော်ဝါရီလ ၂၀၂၀.
ဝူဟန်ဗိုင်းရပ်စ်ရောဂါပိုး အန္တရာယ်ဟာ အခုဆိုရင်
WHO က အရေးပေါ်အခြေအနေကြေငြာရတဲ့
အခြေအနေဖြစ်လာခဲ့ပါပီ။
မြန်မာတနိုင်ငံလုံးနဲ့ တကမ္ဘာလုံးက လူသားတွေရဲ့ အသက်ဘေးအန္တရာယ်ကျရောက်နေချိန်ပါ။
ကျမ်းမာရေးအသိပညာနဲ့ စောင့်ရှောက်မှုအားနည်းတဲ့ ဒီနိုင်ငံမှာ ပိုလို့စိတ်ဒုက္ခရောက်နေရတာပါ။..
ဟိုတုန်းက SARs ရောဂါ အီဘိုလာရောဂါတွေကြောင့် ထိတ်လန့်တုန်လှုပ်ရမှုထက် ပိုမိုခံစားနေကြရတာပါ။
ဒီလိုအချိန်မှာ
ခရီးသွားလောကရဲ့ အခြေအနေတွေကလည်း
တော်တော့်ကို ဆိုးဝါးလာနေတာပါ
ကမ္ဘာပေါ်မှာကပ်ရောဂါဆန်ဆန်တွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံတွေရဲ့ ခရီးသွားစီးပွားရေးက ပထမဆုံးအထိနာတာပါ..
နေ့စဥ်လိုလို ခရီးသွားလောကသားများနဲ့ မီဒီယာမောင်နှမများရဲ့ တယ်လီဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားနေရင်း
ဒီနေရာကနေ တစ်ပေါင်းထဲ ဖြေကြားလိုက်ပါရစေ။
၁။ လက်ရှိမြန်မာ့ခရီးသွားအခြေအနေ
တရုတ်ခရီးသည်အဝင်တွေကတော့
၈၀%ကျော်ရပ်တန့်သွားခဲ့ပါပီဆက်ပီးလဲ
ကျဆင်းနေဦးမှာပါ။ ဆိုက်ရောက်ဗီဇာပေးထားတာကိုလဲ ယာယီရပ်ဆိုင်းလိုက်ပါပီ။...
အခုအချိန်မှာ တရုတ်မဟုတ်တဲ့ခရီးသွားတွေကတော့
(လေယာဥ်အ၀င်အထွက်တွေပြေးဆွဲနေဆဲမို့)
(ကြိုတင်ဘွတ်ကင်ငွေပေးချေထားပီးသားမို့)
ခဏတော့လည်ပတ်နေကြတာတွေ့နေရဦးမှာပါ။
ဒါပေမဲ့
မြန်မာပြည်ကိုလွန်ခဲ့တဲ့ ရက်သတ္တ ၂ ပတ်ကစပြီး
နောက်လများအတွက်
ဘွတ်ကင်တင်တာ မေးမြန်းတာတွေ
အားလုံးနီးပါးရပ်တန့်သွားခဲ့ပါပီ။
လောလောဆယ်
ဖေဖေါ်ဝါရီလကုန်အထိလောက်တော့
ငွေပေးပီးသားဧည့်သည်တွေလာလည်တာ
မြင်နေကြရမှာပါ။
နောက်ပိုင်းလတွေ ဘွတ်ကင်မရှိသလောက်ပါ။
ထိုင်းလူမျိုးတွေလာလည်မဲ့ ဘွတ်ကင်တွေလဲ cancel ဖြစ်လျှက်ရှိပါတယ်..အခြားနိုင်ငံသားများရဲ့ ဘွတ်ကင်များလဲ အနည်းနဲ့အများ cancel ဖြစ်လျှက်ပါ...
၂။ ခရီးသွားစီးပွား၏ လာမဲ့လတွေရဲ့အခြေအနေ
၂၀၀၃ မှာဖြစ်ပွားခဲ့တဲ့ SARs ရောဂါလိုပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ခရီးသွားလောကကို ထိခိုက်မှာပါ။ အထူးသဖြင့် တရုတ်နဲ့ အရှေ့တောင်အာရှကိုပါ..။
မြန်မာပြည်ကို ခန့်မှန်းရရင်တော့ ဟိုတယ်၊ပို့ဆောင်ရေး၊စားသောက်ဆိုင်၊တိုးအေးဂျင့်နဲ့ လက်ဆောင်ပစ္စည်းဆိုင်၊
ရတနာဆိုင် ဧည့်လမ်းညွှန်လုပ်ငန်း စတဲ့ ကဏ္ဍအစုံမှာ ၆၀%ကနေ ၈၀%ထိကို ခရီးသွားစီးပွားကျဆင်းလာမှာပါ....
အချိန်ကာလခန့်မှန်းချက်ကတော့
ပထမဦးဆုံးအနနေဲ့
အခုကနေ ဖေဖော်ဝါရီ၊မတ်ချ်၊ဧပြီလတွေမှာ
ပြည်ပဧည့်အ၀င်တွေထပ်လာဖို့မမျှော်လင့်ကြပါနဲ့တော့။..
Outbound တိုး မြန်မာခရီးသည်ပြည်ပအထွက်တွေလဲ
ကျဆင်းသွားမှာပါ..၅၀% မှ ၈၀% အထိ
ကမ္ဘာ့ကူးစက်ရောဂါတွေကြောင့်
ခရီးသွားလာမှုကျဆင်းတတ်ပါတယိ..။
ပြည်တွင်းဘုရားဖူးခရီးသည်တွေကတော့
အနည်းငယ်မြင်တွေ့နေရဦးမှာပါ။...
ဒီ ၃လ အပြီး တိုးပြန်၀င်မလားဆိုတော့ မဟုတ်ပါဘူး
ဧပြီလအကုန်မှာတော့ မြန်မာပြည်ရဲ့ ခရီးသွား Low Season စတော့တာမို့ နောက် ၆ လလောက် ဆက်လက်ပီး SLOW DOWN ဖြစ်လိမ့်ဦးမယ်လို့ခန့်မှန်းပါတယ်....
အစိုးရခန့်မှန်းသင့်တဲ့ Myanmar Tourism Recovery Stage ကတော့ ၂၀၂၀ နှစ်ကုန်ပိုင်း
နို၀င်ဘာ ဒီဇင်ဘာလခန့်မှာမှ ခရီးသွားတွေ တစ တစ ပြန်တွေ့လာရမှာပါ။...
၃။ အစိုးရ GDP ထိမှာလား
သေချာပါတယ်
ဝူဟန်ကြောင့် ခရီးသွားဦးရေကျဆင်းမယ်
ခရီးသွား၀င်ငွေကျဆင်းမယ်
အလုပ်အကိုင်အခွင့်အလမ်းနှုန်းကျမယ်
အလုပ်လက်မဲ့နှုန်းတွေတက်လာမယ်၊
ဒါတွေကြောင့်နိုင်ငံ့ GDP လဲ ကျဆင်းနိုင်ပါတယ်
(မှန်ကန်တဲ့ data တွေ မရှိလို့ အကြမ်းဖျင်း အစိုးရကိန်းဂဏန်းတွေကို မှီငြမ်းပြောရရင်တော့
၂၀၁၉ခုနှစ်ရဲ့ ခရီးသွားစီးပွားကဏ္ဍမှာ
ကုမ္ပဏီ ၃၅၀၀ နီးပါး
ဧည့်လမ်းညွှန် ၁၀၀၀၀ ခန့်
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅၀၀၀ ခန့်
ဗီဇာကြေးတခုတည်းကပင် နှစ်စဥ် သန်းရာချီ၀င်လျှက်
အလုပ်အကိုင် ၅သိန်းခန့်
လည်ပတ်လှုပ်ရှားနေတဲ့ မီးခိုးမဲ့စက်ရုံကြီးပါ။..
၄။ ခရီးသွားရဲ့ကဏ္ဍအစုံမှာဘာတွေဆက်ဖြစ်လာမလဲ
အစိုးရအတွက်ကတော့
👉ခရီးသွားစီးပွား SLOWDOWN ဖြစ်ပါ့မယ်
ကျဆင်းပါမယ်
👉ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွေ Slowdown ဖြစ်ပါ့မယ်..
👉လုပ်ငန်းငယ်လေးတွေရပ်ဆိုင်းသွားနိုင်ပါတယ်
👉လုပ်ငန်းကြီးတွေ resize လုပ်ပါလိမ့်မယ် (ယေဘုယျပြောရရင်-လုပ်ငန်းချုံ့မယ် လူလျှော့မယ် အလုပ်ပမာဏလျှော့မယ် လခလျှော့မယ် စားရိတ်တွေ အကုန်လျှော့မယ်ပေါ့)
👉အခြား တိုးအေးဂျင့် စားသောက်ဆိုင် ဧည့်လမ်းညွှန် အားလုံးလဲ ဟိုတယ်လိုမျိုး resize လုပ်တာ အခြားအလုပ်အကိုင်တွေ ပြောင်းလုပ်တာဖြစ်လာကြပါ့မယ်..
👉အလုပ်လက်မဲ့နှုန်းမြင့်လာပါ့မယ်
ဒါတွေအားလုံးရဲ့ဖြစ်စဥ်တွေဟာ ၂၀၂၀ တနှစ်လုံးမှာ ဖြစ်နေအုံးမှာပါ..။
၅။ လုပ်ငန်းတွေရဲ့လက်ပူတိုက်ကုထုံး
စီးပွားရေးထိခိုက်မှုတွေအတွက် လုပ်ငန်းတွေရဲ့
လက်ပူတိုက် ကုထုံးကတော့
အထက်ကပြောခဲ့သလို resize လုပ်ကြတာပါပဲ
၆။ အစိုးရ ဘာကူညီနိုင်မလဲ?
လောလောဆယ် ထိုင်းမှာတော့ ခရီးသွားကုမ္ပဏီတွေကို
ချေးငွေပြန်သွင်းမှုအချိန်ဆိုင်းငံ့ပေးတာ
အခွန်လျှော့တာ စတဲ့ ကုမ္ပဏိများမပြိုလဲသွားဖို့
အထောက်အပံ့ရနိုင်မှာတွေ စီစဥ်ပေးသွားမယ်လို့သိရပါတယ်....
မြန်မာအစိုးရကူညီနိုင်တာကတော့
~ယခုအချိန်မှာပွင့်လင်းမြင်သာတဲ့ သတင်းထုတ်ပြန်မှု
~WHO နဲ့ပိုမိုပေါင်းစည်းလုပ်ဆောင်မှုတွေ
အဓိကလိုအပ်ပြီး....
ရှေ့ကာလတွေမှာ/ဝူဟန်ဗိုင်းရပ်စ်ရဲ့ဆိုးကျိုးကြောင့်
တိုးရစ်စ်ခြောက်ခမ်းနေစဥ်ကာလမှာတော့
⛳ခရီးသွားကဏ္ဍက ပြိုလဲနိုင်မဲ့စီးပွားရေးအစိတ်အပိုင်းတချို့ကိုမြင်အောင်လေ့လာပီး ထိန်းမတ်ပေးဖို့
⛳အလုပ်လက်မဲ့များ unpaid ခွင့်ပေးခံရမဲ့လုပ်သားများအတွက် HR လရှည် training တွေစီစဥ်နိုင်ပါကစီစဥ်ပေးဖို့
⛳တရုတ်မားကပ် အဓိကဖြစ်နေတာကိုလျှော့ချနိုင်မဲ့
တရုတ်မဟုတ်တဲ့အခြားနိုင်ငံများသို့ခရီးသွားမြင့်တင်ရေးတွေမှာ အားထဲ့လုပ်ဆောင်ဖို့
⛳ခရီးသွားပြုံကျခဲ့လို့ ခရီးစဥ်ဒေသတွေမှာ
ပျက်စီးနေတဲ့ သဘာ၀ပတ်၀န်းကျင်တွေ ကိုပြန်လည်ထိန်းသိမ်းပေးဖို့
⛳၂၀၂၀ အလွန်မှာ Recovery stage ကို ပြန်ရောက်လာမဲ့ မြန်မာ့ခရီးသွားအတွက်
တိုးဆိုက်အသစ်တွေ
လူလုပ်ခရီးသွားအပန်းဖြေစရာတွေကို
အများအပြားဖန်တီးထားကြဖို့..
စတာ စတာတွေ အကြံပြုရေးသားလိုက်ရပါတယ်..
မြန်မာ့ခရီးသွားရေရှည်တည်တံ့ပါစေကြောင်း
စပယ်အောင်
Nature Dream Travel
25/02/2020
လေယာဉ်စီးတဲ့အခါ အရေးကြီးလုပ်ရမယ့်အရာတစ်ခုကတော့
ဖုန်းကို Flight Mode ချထားဖို့ပါပဲ ။
မချထားရင်ဘာတွေဖြစ်လာမလဲ ၊ ချထားခြင်း နဲ့
မချထားခြင်းဘာကွာလဲဆိုတာကို
အခု ပြောပြသွားပါမယ် ။
ဖုန်း Flight Mode မချထားတဲ့အတွက် လေယာဉ်ပျက်ကျသွား
မှာတော့မဟုတ်ပါဘူး ။
ဒါပေမယ့် လေယာဉ်မောင်းခန်းရဲ့ ထိန်းချုပ်စနစ်တွေကို
ဖုန်းလှိုင်းကအနှောက်အယှက်ပေးနေတဲ့အတွက်
မြေပြင်နဲ့ဆက်သွယ်ရေး ချွတ်ယွင်းသွားနိုင်ပါတယ် ။
မြေပြင်နဲ့ ဆက်သွယ်ရေး ချို့ယွင်းတဲ့အခါမှာ
သတင်းပို့ချက်တွေကိုအချိန်မှီလက်မခံနိုင်တော့အခါ
ပျက်ဆီးမှုအကြီးအကျယ်ဖြစ်လာနိုင်ချေရှိပါတယ် ။
ထို့အပြင် ဖုန်းသံတွေဆိုတာ ပိုင်းလော့တွေကို
အတော်လေး စိတ်ညစ်စေတဲ့ အရာတွေပါ ။
လေယာဉ်ပေါ်ရောက်နေတုန်းဖုန်းမြည်တဲ့အခါ
ဘယ်လောက်ပဲကောင်းတဲ့ သီချင်းသံဖြစ်နေပါစေ ၊
ပိုင်းလော့တွေရဲ့နားထဲမှာတော့ ဖုန်းတစ်လုံးကို
စပီကာအကျယ်ကြီးဖွင့်ထားသလို ဆူဆူညံညံကြား
ရမှာဖြစ်ပါတယ် ။ ပိုင်းလော့တွေ စိတ်တွေ ရှုပ်သွားခဲ့ရင်
ပျော်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်လာမှာ
မဟုတ်တော့ပါဘူး ။
ဒါကြောင့် လေယာဉ်စီးနင်းလိုက်ပါတဲ့အခါ ဖုန်းကို
Flight mode ချထားပြီး စည်းစနစ်တွေအတိုင်း
လိုက်နာပေးဖို့လိုအပ်ပါတယ် ။
Writer – Min Thu
Credit #
😍
20/02/2020
😍
ခရီးသွားခြင်းအကျိုး- ခရီးများများသွားကြပါ 😍😍😍ခရီးသွားခြင်းကို လူတိုင်းနှစ်သက်ကြသည်။ ခရီးသွား ခြင်း အမျိုးမျိုးရှိသည်။ တာ...
07/02/2020
ခရီးသွားခြင်းအကျိုး- ခရီးများများသွားကြပါ 😍😍😍
ခရီးသွားခြင်းကို လူတိုင်းနှစ်သက်ကြသည်။ ခရီးသွား ခြင်း အမျိုးမျိုးရှိသည်။ တာဝန်အရခရီးသွားခြင်း၊ အနားယူအပန်း ဖြေရန် ခရီးသွားခြင်း၊ ဒေသန္တရဗဟုသုတရှာမှီးရန်အတွက် ခရီးသွားခြင်း၊ ဘုရားဖူးခရီးသွားခြင်း စသည်ဖြင့် အကြောင်း အမျိုးမျိုးရှိရာ မည်သို့သောခရီးသွားခြင်းဖြစ်စေ ခရီးသွားခြင်း သည် လူ၏စိတ်ကို လန်းဆန်းစေခြင်း၊ ပျော်ရွှင်စေခြင်း၊ ဒေသန္တရ ဗဟုသုတများရရှိစေခြင်းတို့ကို ရရှိခံစားရသည်။
ခရီးသွားခြင်းကြောင့် ပတ်ဝန်းကျင်သစ်နှင့် ထိတွေ့ရ သည်။ ရထား၊ ကား၊ လေယာဉ်၊ သင်္ဘော စသည်တို့ကို အသုံးပြုသွားလာကြရသည့်အခါ ရထားစီး၍သွားပါက ရထား စီးရသည့်အတွေ့အကြုံ၊ ကားစီး၍သွားပါက ကားစီးရသော အတွေ့အကြုံကိုရရှိသည်။ ခရီးသွားဖော်ကိုရရှိ၍ မိတ်ဆွေသစ် တိုးရသည်။ ခရီးသွားဖော်နှင့် မိတ်ဆက်စကားပြောကြရာမှ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးခွင့်ရရှိကြပြီး အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်ခွင့်ရရှိကြသည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့မှ မိမိမသိတာများသိရှိရပြီး မိမိသိရှိသည်များကို ပြန်လည်ပေးဆပ်ခွင့်ရသည်။
ယနေ့ပြည်သူအများစုသည် လူကြီးလူငယ်မရွေး ခရီးသွား ခြင်းကိစ္စအတော်များများ ပြုလုပ်လာကြသည်။ အထူးသဖြင့် အပန်းဖြေခရီးသွားခြင်း၊ ဘုရားဖူးခရီးသွားခြင်းမျိုးကို ယခုကဲ့ သို့ ပူအိုက်သည့်ရာသီမျိုးတွင် ပြုလုပ်ကြသည်။ မြန်မာနိုင်ငံ၏ ဒေသအနှံ့တွင်လည်း တန်ခိုးကြီးဘုရားများ၊ အပန်းဖြေစရာ သဘာဝကမ်းခြေ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် များစွာဖြစ်တည်လျက်ရှိသည်။ ထို့ကြောင့်လည်း ခရီးသွားလုပ် ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်လာရပြီး ခရီးသွားပြည်သူများကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ပါ က အောင်မြင်သောစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တိုးတက်လာ ခဲ့ရသည်။
ခရီးသွားခြင်းကြောင့် မိမိရောက်ရှိရာဒေသ၏ လူနေမှု စနစ်၊ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဒေသထွက်ကုန်၊ ဒေသခံတို့၏ စီးပွားရေးလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင်အခြေအနေတို့ကို ဒေသန္တရဗဟုသုတအဖြစ် လေ့ လာမှတ်သားခွင့်ရရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိ သည်။ လက်တွေ့သိရှိရသည့်အတွေ့အကြုံများသည် ခရီးသွားသူ အတွက် များစွာအထောက်အကူဖြစ်စေသည်။
လူတို့သည် နေ့စဉ်စားဝတ်နေရေးအတွက် ကိုယ်စီ တာဝန်ယူလုပ်ကိုင်နေကြရသည်။ ကာယ၊ ဉာဏတို့ကို စိုက် ထုတ်၍ ရုန်းကန်လှုပ်ရှားကြရသည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့အတွက် ဦးနှောက်ကိုအသုံးပြု ပြီး စဉ်းစားတွေးခေါ်ကာ လုပ်ကိုင်ကြရသည်။ ခရီးသွားပါက စိတ်၏အပန်းဖြေမှုကိုရရှိသည်။ ခန္ဓာကိုယ်နှင့်စိတ်ကို လန်းဆန်း တကြွ်ကစေသည်။ အတွေးအခေါ်သစ်၊ ကြံစည်တီထွင်မှုအသစ် တို့ကို ရရှိစေသည်။ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် အမြင် အာရုံပြောင်းလဲပြီး စိတ်ခံစားမှုသည်လည်း လိုက်၍ပြောင်း လဲသွားရသည်။
သို့ဖြစ်၍ ခရီးသွားခြင်းသည် မည်သည့်လုပ်ငန်းအတွက် မဆို များစွာအထောက်အကူရရှိစေပြီး အတွေ့အကြုံသစ်များကို ရရှိပါသဖြင့် လူတိုင်းခရီးသွားသင့်ပါကြောင်း။ ။
01/02/2020
ကယားပြည်နယ် လွိုင်ကော် လေဆိပ်ပြေးလမ်း ပြု ပြင်မည်ဖြစ်ပါသဖြင့် 21-2-2020 မှ 23-2-2020ထိ လွိုင်ကော်လေဆိပ်အား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်းသိရှိရပါသည်။
Crd
အရမ်းကြိုက်ရပါသော 😋
01/02/2020
အရမ်းကြိုက်ရပါသော 😋
27/01/2020
👍
24/01/2020
👍
မန္တလေး - ဝူဟန် လေကြောင်းခရီးစဉ် ပိတ်သိမ်း
ထက်ဘုန်းခေါင်၊ ဇန်နဝါရီ-၂၄
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပျံ့နှံ့ဖြစ်ပွားနေသည့် 2019 Novel Coronavirus (2019-nCov) ကိုရိုနာ ဗိုင်းရပ်စ်ပိုး အဆုတ်ရောင်ရောဂါကြောင့် မန္တလေး- ဝူဟန် လေကြောင်း ခရီးစဉ်ကို ဇန်နဝါရီ(၂၄)ရက်မှ စတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်မားရေးနှင့် ကုသးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
ဝူဟန်- မန္တလေး လေကြောင်းလိုင်းသည် အပါတ်စဉ် တနင်္လာနှင့် သောကြာနေ့များ၌ ပုံမှန်ပြေးဆွဲနေသည်။
“ ပိတ်လိုက်ပြီ။ ဒီကလည်း မနေ့က ၈နာရီတည်းက ပိတ်ထားတယ်။ ဝူဟန်ကနေလည်း ဘယ်ကိုမှ မထွက်ရဆိုပြီး ခရီးစဉ်တွေ ပိတ်ထားတာရှိတယ်။ အခု မန္တလေးကို ဝင်မလာတော့ဘူး”ဟု ဒေါက်တာဒေါ်သန်းသန်းမြင့်က ပြောသည်။
တရုတ်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာသို့ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ဇန်နဝါရီ ပထမပတ်မှစတင်ကာ တရုတ်နိုင်ငံမှ လာသည့် ခရီးသွားများကို မန္တလေးလေဆိပ်၌ အထူးကြပ်မတ် စစ်ဆေးလျှက်ရှိကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သတင်းရရှိသည်။
မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်များ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးရန် ယခင်က Thermoscan စက်တစ်လုံးသာ တပ်ဆင်ထားရာမှ တရုတ်နိုင်ငံတွင်း လတ်တလောဖြစ်ပွားနေသည့် ရောဂါပိုးပျံ့နှံ့မှု အခြေအနေကြောင့် Thermoscan စက်နှစ်လုံးအထိ တိုးချဲ့တပ်ဆင်ကာ စစ်ဆေးလျှက်ရှိသည်ဟု ဒေါက်တာသန်းသန်းမြင့်က ပြောကြားထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ဝူဟန်မှလာသည့် ခရီးသွားများကို တစ်ဦးချင်း ကြပ်မတ်စစ်ဆေးခဲ့ရာ ခရီးသွားဧည့်သည်တစ်ဦး ကိုယ်အပူချိန် မြင့်တက်နေ၍ စောင့်ကြည့်ခဲ့သော်လည်း အဖျားကျသွားပြီး စိုးရိမ်စရာ မရှိကြောင်း ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့ရက်က တရုတ်ကလာတဲ့ တစ်ယောက်ကတော့ အပူချိန် နည်းနည်းမြင့်နေလို့ သူကို စောင့်ကြည့်သေးတယ်။ သူကလည်း နောက်တစ်ရက်ကျ ချက်ချင်း အဖျားကျသွားတယ်။ အဲဒါကြောင့် စိုးရိမ်စရာမရှိဘူး”ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
အဆိုပါ ရောဂါပိုး ကူးစက်ပျံ့နှံ့ပါလာက ကုသနိုင်ရန်အတွက်လည်း မန္တလေးဆေးရုံကြီးတွင် ပြင်ဆင်ထားပြီး ယခင်ကလည်း ကူးစက်ရောဂါများနှင့်ပတ်သက်၍ တစ်စုံတရာ ဖြစ်ပွားပါက ကုသရန် ကြိုတိုင်စီစဉ်သည်များ ရှိခဲ့ဖူးသည်ဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် မန္တလေး-ဝူဟန် လေကြောင်းခရီးစဉ် ပိတ်သိမ်းထားသော်လည်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံကြား တိုက်ရိုက်ပျံသန်း ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ် (၁၀)ကျော် ရှိပြီး သာမန်နေ့များ၌ နေ့စဉ် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် (၁၀၀၀)ကျော် မန္တလေးလေဆိပ်သို့ လာရောက်လျှက်ရှိသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ 2019 Novel Coronavirus (2019-nCov) ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ခဲ့ပြီး ဇန်နဝါရီ(၂၁)ရက်အထိ အဆိုပါ ရောဂါးပိုး ကူးစက်ခံရသူ (၂၇၀)ကျော် ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန်ချက်များအရ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှတဆင့် အဆုတ်ရောင်ရောဂါဖြစ်ပွားပြီး သေဆုံးသူ ဇန်နဝါရီ(၂၂)ရက်အထိ (၆)ဦးရှိကာ တရုတ်၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အဆိုပါ ရောဂါပိုး ကူးစက်ခံရသူများ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မန္တလေး လေဆိပ်/ Photo – Supply.
https://mdyindepth.com/
22/01/2020
ရိုးရာရက်ကန်း
ခေတ္တပိတ်မည်
15/01/2020
ခေတ္တပိတ်မည်
14/01/2020
#ဆူးလေဘုရားသမိုင်း
🌺🌺🌺
ဆူးလေစေတီတော်ကြီးကား ယခု ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်ရန် မည်သည့်နေရာဌာနတွင် တည်ထား ကိုးကွယ် သင့်ကြောင်း ဥက္ကလာပမင်းကြီးနှင့်တကွသော ဗိုလ်ပါအပေါင်း၊ ပြည်သူအပေါင်း၊ နတ်အပေါင်း စုဝေးသော နေရာဌာနကြီးဖြစ်သောကြောင့် ‘စုဝေးစေတီ’ ဟု လွန်ခဲ့သော နှစ်ပေါင်း ၂,ဝဝဝ ကျော်က ခေါ်ဆိုခဲ့ကြသည်ဆို၏။
ထိုမှ ‘ကျိုက်အသုက်’၊ လေးဆူနတ် ကြီးများကို ဂုဏ်ပြု၍ ‘လေးဆူစေတီ’၊ ‘စူဠ စေတီ’စသည်တို့ဖြင့်ခေတ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့လေသည်ဆို၏။လွန်ခဲ့သော နှစ် ၃ဝဝ ခန့်က ဒဂုံ (ဒဂုန်)မြို့မှ ရန်ကုန်မြို့ဟု အမည်ပြောင်းလဲခဲ့ပြီး အုပ်စိုးသူ မင်းဆက်များစွာ ပြောင်းလဲခဲ့သည့် အချိန်အထိ ဆူးလေစေတီသည်မြို့ပြင်ဘုရား။
ဘုရားပတ်ဝန်းကျင်တွင် ဘုန်းကြီးကျောင်းများ၊ ချောင်း၊ ကန်၊ အင်း၊ သင်္ချိုင်းများနှင့် ယာခင်းကျယ်ကြီးများ၊ ဥယျာဉ်ခြံမြေများဖြင့် ဝန်းရံနေခဲ့သည်။ ထို့ပြင် ဘုရားကို ရေများ ပတ်လည်ဝိုင်းလျက်ရှိခဲ့သည်ဟူ၏။ထိုမှနယ်ချဲ့အင်္ဂလိပ်တို့ ၁၈၅၂ ခုနှစ်၌ ကျွန်တော်တို့နိုင်ငံကို စစ်နိုင်ခဲ့၍ အုပ်စိုးခဲ့ချိန်တွင်
ရန်ကုန်မြို့သစ်ကြီး စီမံကိန်းကို စတင်ခဲ့သည်ဆို၏။
ထိုစီမံကိန်းနှင့်အတူ ဆူးလေဘုရားသည် အဓိကအချက်အချာနေရာကြီးတစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် ဗြိတိသျှအစိုးရ၏ မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူခဲ့၍ ၁၈၈၆ ခုနှစ်၌ ကိုလိုနီနိုင်ငံအဖြစ် ကြေညာခြင်းခံခဲ့ရသည်။
ရန်ကုန်မြို့ကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်ဆို၏။ကိုလိုနီခေတ် ကော်မရှင်နာမင်းကြီး ဆာ အာသာဖယ်ယာသည် ရန်ကုန်မြို့ကြီးကို ခေတ်မီမြို့သစ်ကြီး တည်ဆောက်ရန် အမိန့်ခံယူခဲ့ပြီး စစ်အင်ဂျင်နီယာတပ်မှ လက်ဖတင်နင် ဖရေဇာကို တာဝန်ပေးခဲ့သည်ဆို၏။
မျိုးမတူ ဘာသာခြားတို့ခေတ်၊ အုပ်စိုးချိန် ဖြစ်သောကြောင့် ထိုကာလတွင် ဘုန်းကြီး ကျောင်းပေါင်း ၅ဝ ကျော်ကို ဖျက်၍ ယခုသရက်တောကျောင်းတိုက်နေရာသို့ ပို့ပစ်ခဲ့သည်။ ထို့ပြင် ဘုရားစေတီပုထိုးငယ်ပေါင်း ထောင်နှင့်ချီ၍ ဖျက်ဆီးပစ်ခဲ့သည်ဟူ၏။ သင်္ချိုင်းပေါင်းများစွာ ဖြိုဖျက်ပစ်၏။ ယခုသိမ်ကြီးဈေးနေရာတွင်ကား ‘ကျိုက်မြတ်သံချို’ စေတီတော်ကြီးကိုပင် ဖျက်ပစ်ခဲ့ကြသည် ဆို၏။
(ထိုဘုရားကြီးမှာ ယခုနောင်တော် ကြီးစေတီထက်ပင် ဥာဏ်တော်မြင့်သည်။)ထိုကာလ၌ ဆူးလေစေတီတော်ကြီးကိုလည်း ဖြိုဖျက်ရန် ကြံစည်ခဲ့ချိန်တွင် ထိုစဉ် က ရန်ကုန်မြို့တော်၏ သမာဓိမြို့လူကြီးများကို စစ်ကဲမောင်ထော်လေးက ဦးဆောင်၍ ဗြိတိသျှနိုင်ငံ၊ လန်ဒန်မြို့ရှိ၊ ဝိတိုရိယဘုရင်မကြီးထံ တောင်းပန်လွှာပေးပို့ခဲ့သည်ဆို၏။
ထိုအခါမှ ‘ထူပါစေတီကို မတူးဖြို မဖျက်ဆီး ရ၊ ဆူးလေကုန်းတော်ကို ကွေ့ပတ်၍ သွားရမည်’ဟူသော အမိန့်စာရောက်ရှိခဲ့၍ ဖျက်ဆီး ခြင်းမခံရတော့ပေဟူ၏။ထိုမှ ဆူးလေဘုရားကို ဗဟိုပြု၍ ရန်ကုန် မြို့ကွက်သစ်ကြီးကို မြေဖို့၊ မြေညှိ၊ အကွက် ဖော်၍ ရပ်ကွက်များ၊ မြို့နယ်များ၊ ရုံးကြီးများနှင့် စတင်ခဲ့ရာ များစွာ စည်ကားခဲ့လေသည်။
ထို့ပြင် ဆူးလေစေတီတော်ကြီးကို ဗဟိုပြု၍ ရန်ကုန်မြို့တွင်း၊ မြို့ပြင်သာမက မြန်မာတစ်နိုင်ငံလုံးသို့လည်းရန်ကုန်မြို့နှင့် မိုင်မည်မျှ ကွာဝေးသည်ဆိုသော အတိုင်းအတာဆုံမှတ် အဓိကစေတီကြီးဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီး အချိန် များတွင် ဆူးလေစေတီတော်ကြီးနှင့် ဆူးလေ လမ်းမကြီးသည် အထူးစည်ကားခဲ့သည်။
#သမိုင်းကြောင်း
သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။
အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။
သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် – ဘုရား၊ အသုတ် – အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။
သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။
ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။
ဆူးလေစေတီတော်၏ ပရိဝှုဏ် အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။
ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ ဖိနပ်ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။
ကြာဝန်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်၏။
ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။
#သိဖွယ်မှတ်ဖွယ်များ
ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀င်ရောက်နားတော် မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ““ရန်ကုန်မြို့””ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။
အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်ဝန်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင်ဖြစ်၏။
ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။
မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာဝတီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။
ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။
ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကား နေသည်ဟုဆို၏။
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။
မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။
သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တ်္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ၀တ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့၏။
ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။
Hla Than Aung
CRD
13/01/2020
Knowledge and Motivation
11/01/2020
လျှောက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလျှောက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……
၎) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။
ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??
အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။
၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။
ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။
၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”
အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……
မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။
၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။
ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။
ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။
အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။
၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။
နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။
ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။
ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။
ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။
၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။
တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။
လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။
တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။
အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။
ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။
ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Address
Yangon
Telephone
+959977148052
Website
Alerts
Be the first to know and let us send you an email when Traveller Phyu Sinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Traveller Phyu Sinn:
Videos
Share
Category
Other Travel Companies in Yangon
Show All