MigraShip

MigraShip MigraShip ဆိုတာက​တော့ Ship to the Migration ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။

23/01/2024

အကျဉ်းချုပ် ထပ်ရေးပေးပါမယ်နော်

Master /PhD - caps ကြည့်စရာမလို၊ ပြည်နယ်ရွေးစရာမလို၊ PGWP 3နှစ်ရ၊ partner လည်း SOWP ရ

Graduate level courses (private or public colleges) - student PGWP 3yrs ရ, partner SOWP မရ

College (undergraduate or postgraduate) - no changes on PGWP, caps နဲ့ဖြစ်သွားပြီမို့ province ရဲ့ attestation letter လိုမယ်

Private- Public Agreement (Licensed- Associated Colleges) courses - PGWP is not eligible anymore

လောလောဆယ် ဒီလောက်ပဲ သိရသေးတာမို့ တင်ထားပြီးသားဆို ခနလောက်စောင့်ကြည့်ပါနော်... ထပ်သိရရင် တင်ပေးပါမယ်။ ခုက private ဆို PGWP မရတော့တာလား စိတ်ပူနေကြလို့ PGWP မချပေးတော့တာက associate course တွေပါပဲနော်...
Canada.ca မှာလည်း ‌တိုက်ရိုက်ဝင်ဖတ်လို့ရပါတယ်။

BREAKING! ANNOUNCEMENT OF IRCCIRCC ရဲ့ announcement အသစ်အရ Housing and health care crisis တွေကြောင့် လာမယ့်နှစ်လက်ခံမယ့်...
23/01/2024

BREAKING! ANNOUNCEMENT OF IRCC
IRCC ရဲ့ announcement အသစ်အရ Housing and health care crisis တွေကြောင့် လာမယ့်နှစ်လက်ခံမယ့်အရေအတွက်ကို အရင်နှစ်ထက် 35% လောက်လျှော့ပြီးလက်ခံပါမယ်တဲ့။

~Provinces and Territories အတိုင်း caps တွေ သတ်မှတ်ပြီး တချို့ပြည်နယ်တွေမှာ overpopulated ဖြစ်နေတာကို လျှော့ချမယ်

~caps သတ်မှတ်ချက်မှာ master, PhD, elementary and secondary တွေမပါ

~နောက်ဆက်တွဲအနေနဲ့ ကိုယ်လျှောက်တဲ့ပြည်နယ်က attestation letter လိုလာပါလိမ့်မယ် (အမတို့ကျောင်းတွေဆီက detailed information တွေရရင် ထပ်ပြောပြပေးပါမယ်)

~September 2024 ကစပြီး licensing agreement နဲ့သွားတဲ့ private public associated program တွေ PGWP မပေးတော့ပါဘူး (အရင်ကလည်း မြန်မာကဆို ဗီဇာရတာ chance နည်းပါတယ်)

~master or graduate level တက်မယ့်‌သူတွေအတွက်တော့ အားသာချက်အနေနဲ့ 3 years PGWP ပေးပါမယ်တဲ့(master course ဆို ရက်တွေ တွက်မနေတော့နဲ့၊ ၃နှစ်တန်းပေးမှာ)

~လာမယ့်အပတ်တွေထဲမှာ spouse အတွက် open work permit ကိုကတော့ master and PhD level အတွက်ပဲ ပေးပါတော့မယ်တဲ့ (တခြား programs တွေအတွက် မပေးတော့ဘူးဆိုတော့ မိသားစုခေါ်မယ်ဆို master level ကို လျှောက်နိုင်မှ ပိုအဆင်ပြေပါလိမ့်မယ်)

အသေးစိတ်တွေ ထပ်သိရရင် ပြောပြပေးပါမယ်။ ခုလောလောဆယ်တော့ အကျဉ်းချုပ်ပြောရရင်

*တယောက်တည်းဆို ဘာ level တက်တက်ရတယ်၊ master or PhD ဆို ပြည်နယ်ရွေးစရာမလို၊ undergrad or postgrad ဆို caps ကိုကြည့်ရမယ်။

*PGWP အတွက်လည်း 3 years အပြည့်ပေးမှာဆိုတော့ အဆင်ပိုပြေမယ်ထင်။

*မိသားစု‌ေခါ်သွားမယ့်သူတွေတော့ master လောက် လျှောက်နိုင်မှ ရတော့မယ်။ (NZ လို ဖြစ်သွားပြီ၊ college courseဆို အလည်ပဲ လိုက်လို့ရတော့မယ်)

https://www.canada.ca/en/immigration-refugees-citizenship/news/2024/01/canada-to-stabilize-growth-and-decrease-number-of-new-international-student-permits-issued-to-approximately-360000-for-2024.html

အသေးစိတ်တွေ သိရရင် ထပ်ပြောပေးပါမယ်။

International students enrich our communities and are a critical part of Canada’s social, cultural and economic fabric. In recent years, the integrity of the international student system has been threatened. Some institutions have significantly increased their intakes to drive revenues, and more s...

25/12/2023

We wish you a future filled with joy, new beginnings, and endless possibilities. May each day be a gift, guiding you toward the life you dream of.
Merry Christmas 🎄 and a Happy New Life! 🌟

🎉 ရုံးပိတ်ရက်ကြေညာခြင်း 🎉 22 Dec - 26 Dec အထိ ရုံးပိတ်ရက် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင့်ဝန်ဆောင်မူများကိုခေတ္တခနရ...
22/12/2023

🎉 ရုံးပိတ်ရက်ကြေညာခြင်း 🎉

22 Dec - 26 Dec အထိ ရုံးပိတ်ရက် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင့်
ဝန်ဆောင်မူများကိုခေတ္တခနရပ်နားထားမှာဖြစ်တာကြောင့် Reply များကို အချိန်မှီမပြန်နိုင်လျှင် နားလည်ပေးပါရှင့်
27 Dec မှစ၍ ရုံးပြန်လည်ဖွင့်လှစ်ပြီးဝန်ဆောင်မှုများကို ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်ပေးသွားပါမယ့်ရှင့်

Congratulations for Study Permit Resubmission Approval sis!!!Post-Grad approval ဆို ​​ပြော​ပေးပါဆိုတဲ့ ​မောင်​လေး ညီမ​​လ...
20/12/2023

Congratulations for Study Permit Resubmission Approval sis!!!

Post-Grad approval ဆို ​​ပြော​ပေးပါဆိုတဲ့ ​မောင်​လေး ညီမ​​လေးတွေအတွက် info sharing လုပ်​​ပေးချင်လို့ပါ...တ​ယောက်ချင်းစီ လိုက်​ပြောရင် ကျန်ခဲ့တာ​တွေ ဘာ​တွေရှိ​နေမှာစိုးလို့​နော်...😊😊

ပြီးခဲ့တဲ့နိုဝင်ဘာ​လောက်က အမ​ရေ... visa refuse ဖြစ်လို့ resubmission သီးသန့်​ရော ပြန်တင်​ပေးလားဆိုပြီးဆက်သွယ်လာတဲ့ ညီမ​လေး....December 3 ရက်​နေ့ကတင်ပြီး ဒီ​​နေ့ PPR letter ​ရောက်လာပါပြီ။

အချိန်မီရသွားလို့လည်း တကယ်​ဝမ်းသားပါတယ် ညီမ​လေး​ရေ... ​က​နေဒါ​ရောက်ရင်လည်း ​တောက်​လျှောက်အဆင်​​ပြေ​ပြေ လွယ်လွယ်ကူကူနဲ့ အ​ခြေချနိုင်ပါ​စေလို့ ဆု​တောင်း​ပေးပါတယ်။

George Brown College မှာ January Intake အမီ​ကျောင်းသွားတက်ရ​တော့မယ့် ညမ​​လေး​ရေ ...Congr​atulations ပါ...❤️❤️ဒီညီမ​လေးက ...
04/12/2023

George Brown College မှာ January Intake အမီ​ကျောင်းသွားတက်ရ​တော့မယ့် ညမ​​လေး​ရေ ...
Congr​atulations ပါ...❤️❤️

ဒီညီမ​လေးက မှတ်မှတ်ရရ Duolingo result ထွက်ပြီ..
​​ကျောင်း​လျှောက်​ပေးဆို​ပြောတဲ့အချိန် က 1st Aug... အဲ့အချိန် တော်​တော်များများ January intake ​တွေတောင် ပြည့်​နေပြီရယ်...

မီ​သေးတဲ့​ကျောင်း​တွေထဲက ​ရွေးတင်ရင်း ​​​​ကျောင်း​လျှောက်တာကစလို့ ဗီဇာ result ထွက်တဲ့အချိန်ထိ စုစု​​ပေါင်း weekend အပါမှ ၄လ​တောင် မပြည့်ဘူး...ခုလက်မှတ်​တောင် ဖြတ်ပြီးပြီ...
မြန်ချက်​...😁😁

Undergraduate ​ကျောင်း​လျှောက်ဖို့ဆို requirement က အရမ်းမများဘူး...English test results နဲ့ High school Completion ​ကိုသာ ​သေချာပြင်ထားဖို့
(major အလိုက် specific requirement ​တွေ၊ visa အတွက် requirement ​တွေ​တော့ ကြိုပြင်ရမာ​တွေ ရှိ​​​ပေမယ့်) ဆိုတဲ့အ​ခြေခံ​​လောက်ဆို အဆင်​ပြေပြီ။

family visit approval ​info ​လည်း ​ပြောပြ​ပေးဦးမှာမို့ stay tuned ​နော်..😊😊

​ကျောင်း​လျှောက်ချင်လို့ဖြစ်ဖြစ် ဗီဇာ​လျှောက်ချင်လို့ဖြစ်ဖြစ် free consultation ယူချင်တယ်ဆို cb မှာ စုံစမ်းလို့ရပါတယ်။

ရုံးပိတ်ရက်ကြေညာခြင်းလာမယ့် October 28 မှ 30 ရက်နေ့အထိ သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်ကြောင်း အသိပေးပါရ​စေ...31 ရက်နေ့မှစပြီး...
27/10/2023

ရုံးပိတ်ရက်ကြေညာခြင်း

လာမယ့် October 28 မှ 30 ရက်နေ့အထိ
သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်ကြောင်း အသိပေးပါရ​စေ...
31 ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများအား ပြန်လည်ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင့်

Happy Thadingyut to y'allll !

မနေ့က သိရတဲ့ SOWP approval ​and processing timeline for September submission update information ​လေး​တွေ share ခွင့်ပြုပ...
18/10/2023

မနေ့က သိရတဲ့ SOWP approval ​and processing timeline for September submission update information ​လေး​တွေ share ခွင့်ပြုပါ။

တဆက်တည်း SOWP တတွဲတည်း တင်ရမလား၊ ခွဲတင်ရမလား ​စဥ်းစား​နေသူ​တွေအတွက်လည်း ​ပြောပြ​ပေးချင်တာ​လေး ရှိလို့ပါ။ 2022 Sep ​လောက်ကစပြီး Student and SOWP က ခွဲတင်ရင် SOWP အတွက်က reason တခုနဲ့ refused ပြန်ပြန်လုပ်ပါတယ်။

"How to finance student's studies" ဆိုတာကို main concern အ​နေနဲ့ ပြန်​ထောက်တာပါ။ ခုထိလည်း အာ့အတိုင်းပဲရယ်။ ဒါ​ပေမယ့်​လေ ပြန်တင်လိုက်ရငိ​တော့ second time မှာ ရကိုရတယ်။ အာ့ဆို​တော့ ဒီ​နောက်ပိုင်း​တော့ တူတူတင်ဖို့ recommend ပို​ပေးဖြစ်ပါတယ်​ပေါ့။ အ​ခြေ​အ​နေ​ပေါ်လည်း မူတည်​သေး​တော့ အ​သေးစိတ်က​တော့ individual profile နဲ့လည်း ဆိုင်ပါ​သေးတယ်။

အဲ့တာရယ် ​နောက်တခုက ခုတ​လော ဘယ်ထိ ထွက်​နေပြီလဲဆို Sep လဆန်းပ်ိုင်းရဲ့ submission ​တွေ တဖြည်းဖြည်းသိ​နေရပါပြီ...
အကယ်လို့ ကိုယ်က July August မှာ refused ဖြစ်ထားလို့ ပြန်တင်ဖို့ ​စောင့်​နေတယ်ဆို ဒီရက်ပိုင်း အခွင့်သာတုန်း​လေး ပြန်တင်ရင် ပိုအဆင်​ပြေနိုင်တယ်ဆိုတာ​လေးရယ် လာ​ပြောပြတာပါ။

အခု​ပြောတာက Myanmar resident only အတွက်ပါ။ ​
လော​လောဆယ် Singapore ရုံးက ငုတ်တုတ်​မေ့ဆဲပဲ...တို့အမ​တွေ အကို​တွေ ရင်တခုန်ခုန်နဲ့ ​စောင့်​နေကြတုန်းပဲ...😊😊...
Japan က​လျှောက်တဲ့ visit ဆိုရင်​တော့ ၁လဝန်းကျင်နဲ့ တန်းရ​ပေမယ့် student or SOWP ပုံမှန်၂လခွဲ ၃လအတွင်းမှာ ရှိ​သေးတယ်...

US Visit Visa Approved at Chiang Mai!!! Interview questions က ၃ခု​တောင်မ​​မေးပဲ approved ​ပေးလိုက်တာဆိုပဲ...😊😊DS-160 for...
24/08/2023

US Visit Visa Approved at Chiang Mai!!!

Interview questions က ၃ခု​တောင်မ​​မေးပဲ approved ​ပေးလိုက်တာဆိုပဲ...😊😊
DS-160 form filling တုန်းက​ရော၊ interview မှာပါ တကယ်တိုင်ပင်ထားခဲ့တဲ့ storyline အတိုင်း ​သေချာ​ဖြေခဲ့​ပေးလို့ ​ကျေးဇူးတင်ရင်း congratulations ပါလို့...

US နဲ့ပတ်သက်ပြီး
-CC/university ​application
-DS-160 form filling
-document preparation
-interview training

service ​တွေ​ပေးပါတယ်လို့ (cb မှာ ရှိလား၊ လုပ်​ပေးလား တကူးတက လာ​မေး​နေရမှာစိုးလို့...😁😁)

US သွားချင်ပြီဆို cb မှာ free consulation အတွက် appointment သာ လှမ်းယူလိုက်ပါ။
We are ready to assist you for your American Dream!!

ပြီးခဲ့တဲ့လမှာ ​နေမ​ကောင်းဖြစ်သွားလို့ မတင်ဖြစ်လိုက်တဲ့ update ​လေး​တွေတဖြတ်... Singapore က​ရော Myanmar က​ရော family လို...
04/08/2023

ပြီးခဲ့တဲ့လမှာ ​နေမ​ကောင်းဖြစ်သွားလို့ မတင်ဖြစ်လိုက်တဲ့ update ​လေး​တွေတဖြတ်... Singapore က​ရော Myanmar က​ရော family လိုက်တင်ရင်းနဲ့ တခါတည်း တူတူရကြ​တော့ တကယ်ကိုအားတက်ပါတယ်...

Processing time ​တွေအ​နေနဲ့​တော့

Myanmar ~ 3-5 weeks
Thailand ~ mostly 1 month approx
Singapore ~ 1- 3 months, may be longer for some applicants
Japan ~ around 3 months
UAE ~ around 1 month

ဒီတ​ပတ်အတွင်း​တော့ ဗီဇာ​တွေကျပ်​တော့ ​ကျောင်း​ရွေးတာ study plan ​ရေးတာ​တွေ detail ​attention ​တွေလိုပါတယ်လို့...

Believe it or not, Family tourist visits get approved, Take your chance now...🍁🍁🍁မိသားစုလိုက် က​နေဒါသွားလည်ဖို့ trip pla...
24/06/2023

Believe it or not, Family tourist visits get approved, Take your chance now...🍁🍁🍁

မိသားစုလိုက် က​နေဒါသွားလည်ဖို့ trip plan အ​သေးစိတ်နဲ့ visa တင်​ပေးဖြစ်တာ​လေး share ​ပေးပါရ​စေ။
Visa ​တွေ လွယ်လားဆို လွယ်​​တယ် မလွယ်ဘူးရယ် ဆိုတာထက် profile ​ပေါ်မူတည်တာမို့လို့ မ​လျှောက်ခင် free consultation ​လေး ​သေချာယူပြီး ​ဆွေး​နွေးပြီးမှ ​လျှောက်ကြပါလို့ အကြံပြုချင်ပါတယ်။

Online application တင်ရတဲ့ Canada or Australia or NZ တင်မက ​US visit အတွက် Myanmar ကဖြစ်​စေ၊ တခြားနိုင်ငံကဖြစ်​စေ ​လျှောက်ချင်တယ်ဆိုလည်း DS 160 form filling, visa fees payment and interview scheduling ​​လုပ်​ပေးပါတယ်။

-travel history အတွက် သိချင်တာလား
-bank နဲ့ ပိုင်ဆိုင်မှု ဘလိုပြရမလဲ ​မေးချင်လား
-ဘယ်နိုင်ငံအတွက် visa ​လျှောက်ရင် ဘာ​တွေလိုမလဲ

သိချင်တယ်၊ ​မေးချင်တယ်ဆို cb မာ appointment ယူလိုက်လို့ရပါတယ်။

ဒီ​တ​လော​ ​တောက်​လျှောက်​ထွက်လာသမျှ approval ​တွေပါ။ စိတ်ပူပြီး ဗီဇာ​တွေရရဲ့လား ​လျှောက်သင့်မ​လျှောက်သင့် စဥ်းစား​နေကြတဲ...
15/06/2023

ဒီ​တ​လော​ ​တောက်​လျှောက်​ထွက်လာသမျှ approval ​တွေပါ။
စိတ်ပူပြီး ဗီဇာ​တွေရရဲ့လား ​လျှောက်သင့်မ​လျှောက်သင့် စဥ်းစား​နေကြတဲ့သူ​တွေအတွက် တင်​ပေးလိုက်ပါတယ်လို့...
ဒီအချိိန်က​တော့ visit ​ရော student ​ရော ​တော်​တော်ရကြတယ်​ပြောရမယ်။ student ထဲမှာဆိုလည်း post-grad, under-grad, master, other vocational အစုံရကြတာ​​ရော...

အမတို့ Migraship မှာ
-​ကျောင်း​ရှာတာ၊ ​ကျောင်းလျှောက်တာ
-​ဗီဇာ​​လျှောက်တာ
-ကိုယ့် profile ​ပေါ်မူတည်ပြီး ​ဗီဇာမ​လျှောက်ခင် ကြိုပြီး​ ​ဆွေး​နွေးမယ်ဆိုလည်း free consultation ​​ပေးတာဆို​တော့ level of study or course choice နဲ့ ပတ်သက်ပြီးတိတိကျကျ သိချင်ရင် cb က​နေသာ appointment request လှမ်းလုပ်လိုက်​ပါနော်...😊😊

တ​စ်ယောက်​ကျောင်းတက်တာနဲ့ familyပါလိုက်သွားလို့ရနိုင်မယ့်နိုင်ငံ​တွေ ဒီ​မေးခွန်း​​က ခု​တ​လော consultation လုပ်တိုင်းနီးပ...
02/06/2023

တ​စ်ယောက်​ကျောင်းတက်တာနဲ့ familyပါလိုက်သွားလို့ရနိုင်မယ့်နိုင်ငံ​တွေ

ဒီ​မေးခွန်း​​က ခု​တ​လော consultation လုပ်တိုင်းနီးပါး တော်​တော်များများကို ​ဖြေ​ပေးဖြစ်တဲ့​မေးခွန်း​လေးပါ။ တ​ယောက်နဲ့တ​ယောက် background ​တွေမတူကြလို့ ​မေးတဲ့အ​မေး​ရယ် ​ဖြေတဲ့အ​ဖြေရယ်က နဲနဲကွဲလွဲ​ပေမယ့် ​ထည့်စဥ်းစားရ​အောင် general information ​​​​​​လေး​တွေ ​ဖော်ပြ​ပေးလိုက်ပါတယ်။

#တစ်ပုံချင်းစီထောက်ကြည့်ပြီးဖတ်ကြည့်လို့ရပါတယ်။

အမတို့ရဲ့ Migraship မှာ ရရှိနိုင်မယ့် service များအ​နေနဲ့

Visit visa
~visa requirement များအတွက် အခမဲ့တိုင်ပင်​ဆွေး​နွေး​ပေးခြင်း
~hotel booking and trip plan
~invitation letter preparation
~required documents preparation and submission
~interview information and training

Student Visa
~တစ်ဦးချင်းစီရဲ့ profile အလိုက် ​free consultation for visa and employment chances
~​ကျောင်းရှာ​ပေးခြင်း၊ ​ကျောင်း​လျှောက်​ပေးခြင်း
~statement of purpose preparation
~​required document preparation
~study plan preparation

Work visa
~prior consultation (free) for visa application
~resume preparation
~other required document preparation
~​application submission

Immigrant and PR application
~consultation services (FOC teleconsultation/ paid consultation)
~document preparation and submission

စတဲ့ service ​တွေအပြင် ကိုယ့်ရဲ့ privacy data ​တွေ​ကြောင့် စာရွက်စာတမ်း​တွေ နိုတြီပြန်ဖို့ စဥ်းစား​နေရတယ်ဆို အမတို့မှာ က်ုယ်ပိုင်နိုတြီ service လည်း ရှိတာမို့လို့ data protection ​အတွက် ပူပန်စရာမလိုပဲ လာ​အပ်လို့ရပါတယ်။

Promt reply or Appointment scheduling အတွက် မနက် ၁၀နာရီက​နေ ည​နေ ၄ခွဲအထိ
-page cb or 09966107294 (viber) ကိုဆက်သွယ်လို့ရပါတယ်။
We are off on Sunday and Public Holiday!

Photo Credit to owners:

Canada PR application APPROVED!!!ဒါက​တော့ ​လော​လောလတ်လတ် က​နေဒါအပြင်က ​လျှောက်တဲ့ PNP program ကတဆင့် PR appication appro...
05/05/2023

Canada PR application APPROVED!!!

ဒါက​တော့ ​လော​လောလတ်လတ် က​နေဒါအပြင်က ​လျှောက်တဲ့ PNP program ကတဆင့် PR appication approval ဖြစ်သွားတာ​ကို sharing လုပ်​ပေးချင်လို့ပါ...

PNP nomination နဲ့တလ​ကျော်ကြာ EE ITA ​ရောက်လာတဲ့ရက်နဲ့ PR approval date ဆို ၃လစွန်းစွန်းပဲ၊ တအားကို မြန်တာ...

ကိုယ်တိုင်လည်း ​သေ​သေချာချာ​လေ့လာထားပြီး စာရွက်စာတမ်း​တွေလည်း ​​​လိုအပ်သ​လောက် သေချာပြင်ဆင်​ပေးတဲ့ အကိုနဲ့အမကို အထူးပဲ ​​ကျေးဇူးတင်ပါတယ်။

We wish you have a marvelous life ahead in Canada!!!

🎊🎊🎊🎊🎊

PR and Immigration pathway ​တွေအတွက် Schengen, US , UK နိုင်ငံ​တွေနဲ့ ပတ်သက်ပြီး consultation or enquiry လုပ်လို့ရပါတယ်။
Prompt reply အတွက်ဆို 09966107294(viber) or Page cb ကိုတိုက်ရိုက် contact လုပ်နိုင်ပါတယ်။

Holiday Announcement သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွက် Migraship officeကို ၉ ရက်နေ့မှ ၁၇ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်းအသိ...
07/04/2023

Holiday Announcement

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွက် Migraship officeကို ၉ ရက်နေ့မှ ၁၇ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်းအသိပေးပန်ကြားအပ်ပါသည်ရှင့်

ပျော်ရွှင်စရာသင်္ကြန်ရက်ကလေးများပိုင်ဆိုင်နိုင်ကြပါစေရှင့်

New Zealand မှာ​ကျောင်းတက်ပီး Post study work visa ရနိုင်မယ့် အခွင့်အ​ရေးFive-eyed countries ထဲက တစ်နိုင်ငံဖြစ်တဲ့ NZ မှ...
01/04/2023

New Zealand မှာ​ကျောင်းတက်ပီး Post study work visa ရနိုင်မယ့် အခွင့်အ​ရေး

Five-eyed countries ထဲက တစ်နိုင်ငံဖြစ်တဲ့ NZ မှာ​ ကျောင်းတက်ရင် ဘလိုအခွင့်အလမ်း​တွေရနိုင်မလဲ??

✅️ကိုယ့်ရဲ့ partner လည်း တပါတည်း လိုက်လာပြီး အလုပ်လုပ်လို့ရနိုင်မယ်။
✅️ က​လေး​တွေပါလာမယ်ဆိုလည်း NZမှာ အခမဲ့ပညာသင်ကြားခွင့်ရမယ်။
✅️ ကိုယ်တက်တဲ့ ​မေဂျာက Green list Occupation ၀င်တဲ့ majorဖြစ်​နေရင် ​ကျောင်းပြီးတာနဲ့ အလုပ်ကလည်း တန်းပြီး ရနိုင်​သေးတယ်။
✅️အ​ခြေအ​နေ​ပေါ်မူတည်ပြီး Open work visa ရရင် စိတ်ကြိုက်အလုပ်ရှာလို့ရဦးမယ်။
✅️ ပြီးရင်​တော့ Permanent Resident (PR) ရဖို့ပဲ ကျန်​တော့တယ်။

​ ကျောင်းစရိတ်ကို ကြည့်ရင်လည်း US UK Canada Australia တို့နဲ့ range တူတူပဲကိုမှ သူ့မှာက scholarship opportunities ​တွေပိုများတာကြောင့် English speaking countries ​တွေထဲမှာ ထည့်ကို စဥ်းစားသင့်တဲ့နိုင်ငံတစ်ခုပါပဲ။

Language barrier မရှိဘူး၊ Scholar ရမယ့် chance ​တွေလည်း များတဲ့အပြင် visa chance ​ရော PR chance ပါ ပိုများတာ​ကြောင့် study abroad က​နေ immigrate လုပ်ချင်သူ​တွေအတွက် ​ဒီလို visa ​တွေ ကျပ်​နေတဲ့အချိန်မှာ​တော့ special option အ​နေနဲ့ ​ကြိုးစားကြည့်သင့်ပါတယ်။

​စိတ်ကြိုက်ကျောင်း​လျှောက်ဖို့ ဗီဇာ​လျှောက်ဖို့ ဘာ​တွေလိုအပ်မလဲ အ​သေးစိတ်သိချင်ရင် Migraship Cb ကတဆင့်ဖြစ်​စေ၊ 09966107294 ကတဆင့်ဖြစ်​စေ ဆက်သွယ်လို့ရပါတယ်။

ဒီ​နေ့ရဲ့ visit approval ​ပါ။ဒီလိုကာလမှာ Visit ရတယ်ဆို ကံ​ကောင်းတယ်​ပေါ့... ကံ​ကောင်းတယ်ဆိုတာထက် (ပြန်ကိုပြန်လာမှာဆိုတဲ့...
21/03/2023

ဒီ​နေ့ရဲ့ visit approval ​ပါ။
ဒီလိုကာလမှာ Visit ရတယ်ဆို ကံ​ကောင်းတယ်​ပေါ့... ကံ​ကောင်းတယ်ဆိုတာထက် (ပြန်ကိုပြန်လာမှာဆိုတဲ့)အ​ကြောင်းအချက်​တွေပြည့်စုံလို့ဆို ပိုမှန်ပါတယ်။

ပို့စ်​လေး​ရေး​လက်စနဲ့ information နဲနဲ sharing လုပ်​ပေးပါရ​စေ။
ဘာအ​ကြောင်းလဲဆို Canada ရဲ့ visa and permit ကွဲပြားပုံ​လေးကို ရှင်းပြ​ပေးပါရ​စေ။ ဒီတ​လောမှာ တိုက်တိုက်ဆိုင်ဆိုင် scammer ​​တွေဆီက လိမ်ခံရတာ​​တွေ ၁​ယောက် ၂​ယောက်မက ​မြင်မြင်လာလို့ပါ။

Visa ရယ် permit ရယ် ဘလိုကွဲလဲဆို visa ဆိုတာက ​နေထိုင်ခွင့်ပါ​ပေါ့။ TRV လို့​ခေါ်တယ်။ Temporary Resident Visa...ယူတို့ passport မှာ ကပ်​ပေးလိုက်တာ​လေး​ပေါ့။ ပီး​တော့ တကယ်​ပြောရရင် က​နေဒါက တခြားနိုင်ငံနဲ့မတူတာ visa တခါ​ပေးရင် passport သက်တမ်းရှိသ​လောက် ​ပေးတာများတယ်။ Multiple ရတာလည်းများတယ်။

အာ့ဆို long stay လားဆို အာ့လိုမျိုးမဟုတ်ဘူး။ TRV နဲ့ဝင်ရင် border ​ရောက်ရင် ပြန်ထွက်ရမယ့်​ရက်ကို တုံးထု​ပေးမှာ။ Border officer က တုံးမထု​ပေးရင် ကွကို ၆လသာသတ်မှတ်လိုက် (or) passport သက်တမ်းက အာ့​လောက်မကျန်တာမျိုးဆိုလည်း သက်တမ်းမကုန်ခင် ချိန်ပြီး ပြန်ထွက်။

Visa နဲ့ ဘာလုပ်လို့​ရလဲဆို ​လည်ပတ်လို့ အဝင်အထွက်လုပ်လို့ရတယ်။ အလုပ်မလုပ်ရဘူး။ စာသင်လို့မရဘူး။

အာ့ဒါ​တွေ လုပ်ဖို့ရာ permit လိုတယ်။ study permit work permit စသဖြင့်... permit ဆိုတာကလည်း ဒီမှာထဲက တန်းမ​​ပေးဘူး။ port of entry letter ဆိုပြီးပဲရတာ ဒီမှာက.. ဟို​ရောက်မှာ border မှာထုတ်ရမယ်​ပေါ့​နော်။ အဲဒီမှာ condition ​တွေပါလာမယ်။ ဘလိုအလုပ်လုပ်ရမယ်။ ဘလိုစာသင်ရမယ်။ ဘယ်ရက်က ဘယ်ရက်ထိ စသဖြင့်...

ဆို​တော့ တချို့ scammer ​တွေက​တော့ work permit ရပီဆို စာရွက်စာတမ်း​တွေ barcode ​တွေအတုလုပ်​ပေးတာရှိတယ်။ တချို့ကျ ပီပီပြင်ပြင် Canada visa ဆိုပြီး အတုကြီးပို့​ပေးတယ်(ကိုယ်တိုင်မြင်ဖူးတာ)။ နင့်ကို border ​ရောက်ရင် ဒါကပ်​ပေးမှာ..ခုက soft copy ပါဆိုပြီး... လိမ်စဥ်လိမ်နည်း​တွေက ​တော်​​တော်စုံကြပါတယ်။ ပိုက်ဆံ​တွေလည်း ခွဲခွဲလွှဲခိုင်းတာ၊ တခါတည်းလွှဲခိုင်းတာ​တော့ ​တော်​တော်ရှားတယိ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာမျိုးက ပိုများတယ်။ အမှန်က အခုမှ​ရှိလာတာ​တော့ မဟုတ်ဘူး။ ၂၀၁၇ ၂၀၁၈ထဲက... ခု​တော့ ထွက်ချင်တဲ့သူများ​တော့ ဒါမျိုး​တွေ ပိုများလာမှာ​ပေါ့။ တကယ်သိရရင် ​တော်​​တော်ပါပြီးသွားပြီ။

အာ့​တော့ ကိုယ့်ကိုအလုပ်ခန့်ဖို့ဆို employer က LMIA approve အရင်ဖြစ်ဖို့လိုပါတယ်။(LMIA အ​ကြောင်း​တော့ ​နောက်မှ သပ်သပ်​ရေး​ပေးပါမယ်, ခုစာအရမ်းရှည်​နေလို့)
ဗီဇာ​လျှောက်ပီဆို Work ဆို Wနဲ့စတဲ့ code ထွက်လာရပါမယ်။ VFSမှာ လက်​ဗွေရာ​ပေးကို​ပေးပြီးမှ process စမယ်။ ဆိုတာ​လေး​တွေ​တော့ အကြမ်းဖျင်းသိထားပြီးမှ ဆက်လုပ်ပါလို့...

Latest visit visa timeline ​လေးပါ။ဒီတ​လောဆို ကြာချိန်တစ်လပါ။Submission date, Biometrics request letter date အကုန်ပါတယ်​န...
01/03/2023

Latest visit visa timeline ​လေးပါ။
ဒီတ​လောဆို ကြာချိန်တစ်လပါ။

Submission date, Biometrics request letter date အကုန်ပါတယ်​နော်... first time နဲ့ တန်းရတယ်ဆိုတာ​ပြောပြတာ.. တလပဲကြာတယ်။ ​ကျောင်းသားမိဘ​တွေ သွားချင်ရင် ဒီအချိန်အဆင်​ပြေဆုံးပဲ။

Canada နဲ့ပတ်သက်ရင် Visit visa၊ Student and Open Work permit, Express Entry profile submission and PR application အကုန်​လျှောက်​ပေးပါတယ်။
(အလုပ်​တော့မရှာ​ပေးပါဘူး၊ ရှာ​ပေးလို့လည်းမရဘူးရယ်)

Migraship is looking for detail-orented and organized people to support our current team. We are a small company which m...
28/02/2023

Migraship is looking for detail-orented and organized people to support our current team. We are a small company which mean you will be part of our inclusive culture where all your ideas will be valued. NO EXPERIENCE REQUIRED in our FUN WORKING ENVIRONMENT. Bring your positive vibes and quick learning attitude. There are lots of room for career development and learning opprtunities for you to grow.

Job Description:

• Answer phones and greet visitors
• Reply through Migraship Social Media with good manners
• Prepare communications, such as memos, emails, invoices, reports and other correspondence
• Write and edit documents from letters to reports and instructional documents
• Create and maintain filing systems, both electronic and physical
• Assist on any ad-hoc tasks assigned

Job Requirements:

• Minimum Professional certificate
• No experience needed
• Basic knowledge in MS Office, including excel and word
• Good communication skills with all level and interpersonal skills
• Fast learner, positive working attitude.
• Able to start work immediately or short notice will be an advantage

Send your resume to:
[email protected]
www.migraship.com

Our office Address:
No.125, 40th Street, Lower Block, Kyauktada Township.

ဒီနေ့ approveဖြစ်တဲ့ family အတွဲလိုက် application လေးအကြောင်းလည်း ဝမ်းသာစရာလေးမို့ sharing လုပ်ပေးတာပါ။ ကျောင်းစလျှောက်ထ...
01/02/2023

ဒီနေ့ approveဖြစ်တဲ့ family အတွဲလိုက် application လေးအကြောင်းလည်း ဝမ်းသာစရာလေးမို့ sharing လုပ်ပေးတာပါ။

ကျောင်းစလျှောက်ထဲက အားကျစရာကောင်းအောင် မိသားစုလိုက် သေချာတိုင်ပင်ပြင်ဆင်ရင်း စာ‌ရွက်စာတမ်းတွေ တိတိကျကျပြင်ဆင်ရင်း submitလုပ်ဖြစ်ခဲ့ပါတယ်။

ကနေဒါက ဗီဇာကျပ်ပေမယ့်လို့ ခုလို မိသားစုရသွားတဲ့အခါကျ အလုပ်အတွက် PR အတွက် opportunity တွေ အများကြီးရှိတာမို့ လျှောက်ချင်တယ်ဆို အမတို့ဆီမှာ consult လာလုပ်လို့ရပါတယ်။

positive vibe လေး‌ရှဲရင်း အားလုံးကံကောင်းကြပာစေလို့ ဆုတောင်းပေးပါတယ်။☺️☺️

Spousal Open Work Permit Applications Approved...🎉🎉 Here we meet again...😊😊ခုပို့စ်မှာ​တော့ common-law partner ​တွေရဲ့ S...
28/01/2023

Spousal Open Work Permit Applications Approved...🎉🎉

Here we meet again...😊😊
ခုပို့စ်မှာ​တော့ common-law partner ​တွေရဲ့ SOWP approval ​တွေနဲ့ Singapore and Myanmar ရဲ့ timeline ​လေးကို ​ပြောပြမလို့ပါ။

ဒါမဲ့ Singapore ဘက်မာလည်း ဒီ​​နောက်ပိုင်း​တော့ processing ​တွေမြန်လာပြီမို့ ဒီ​လောကိ​တော့မကြာ​တော့ပါဘူး... ခုတင်လိုက်တဲ့ အချိန်တ​လျှောက်က SOWP submission တချို့ဆို student က ၅လ​လောက်ကြာပြီး SOWP က ၇လ​လောက်ကြာ​တော့ Client relationship anniversary ​တောင် လုပ်လို့ရ​နေပြီ​ရယ်..😅😅

​SOWP ကဘာလဲ ဘသူ​တွေ​လျှောက်လို့ရလဲ မသိ​သေးရင် ​အောက်မှာဆက်ဖတ်ကြည့်​နော်...

၁.ဘယ်သူ​တွေ ​လျှောက်လို့ရလဲ??
Study permit or work permit holder or PR applicant ရဲ့ spouse or common-law partner ​တွေ​လျှောက်လို့ရပါတယ်။

၂.ဘယ်လို လျှောက်လို့ရလဲ??
Study permit တင်တဲ့ချိန် တပါတည်း တူတူတင်လို့ ရသလို့ approved ကျတာနဲ့ တပြိုင်နက်လည်း တင်လို့ရပါတယ်။ (အမဆိုရင်​တော့ ​ဒုတိယနည်းကို ပို recommend ​ပေးပါတယ်)
တပါတည်း မလိုက်နိုင်​သေးရင် ​နောက်မှ​လျှောက်လို့ ရပါတယ်။ student ဒါမှမဟုတ် post-graduate work permit status ရှိ​နေသ​ရွေ့ ​​လျှောက်လို့ရပြီး SOWP ကလည်း student ရ​သ​လောက် သူလည်း လိုက်ရမာပါ။

၃.ဘာ​တွေ ပြင်ဆင်ထားရမလဲ??
Profile ​ပေါ်မူတည်ပြီး ကိုယ်က Canada မှာ work permit ရဖို့ qualified ဖြစ်​ကြောင်း​ပြောပြနိုင်ရင် ရပြီဖြစ်လို့ ဘသူက​တော့ ဘာတင်ရမယ်ဆိုပြီး အတိအကျ မသတ်မှတ်ထညးပါဘူး။ IELTS mandatory မဟုတ်​ပေမယ့်လို့ ပြင်ဆင်ချင်ရင် General ​ဖြေဖို့ ပြင်ရမာပါ။
၄.ဘသူက student နဲ့သွားသင့်ပြီး ဘသူက open work permit နဲ့သွားရမလဲ??
အရင်ဆုံး အလုပ်ရနိုင်​ခြေများတဲ့သူက open work permit ​လျှောက်သင့်ပါတယ်။ ဒုတိယအ​နေနဲ့​တော့ English requirement ပြင်ဆင်ဖို့ ပိုလွယ်မယ့်သူ၊ study အတွက် commitment ပို​ပေးနိုင်မယ့်သူက student အဖြစ်သွားဖို့ပိုသင့်​တော်တယ်​ပေါ့။

၅.ဗီဇာလွယ်လား?? work permit ဆို​တော့ ရနိုင်​ခြေ​ရော ရှိရဲ့လား??
​လျှောက်တတ်ရင် အင်မတန်လွယ်ပါတယ်။ သူတို့​ပေး​စေချင်​အောင် လုပ်ယူရမယ့် strategy ​တွေ​တော့လိုတာ​ပေါ့။

ဒီ​ထိဆို general information ​လောက်​တော့ရမာပါ။ မိသားစုလိုက်​ပြောင်းချင်တယ်၊ အချိန်လည်း အကြာကြီး မ​စောင့်ချင်ဘူးဆို ဒီနည်းလမ်းက အမြန်ဆုံးပါ။

အလုပ်​လျှောက်​ပေးလားဆို မ​လျှောက်​ပေးပါဘူး။ က​နေဒါတို့ နယူးဇီလန်တိို့မှာ work permit ရဖို့ ဘာ​တွေလိုအပ်မလဲဆိုတာရယ်၊ ဘလို regulations ​တွေရှိသလဲဆိုတာရယ်၊ scammer ​မျိုးစုံရဲ့ trick ​တွေရယ်ကို ​နောက်ပို့စ်​တွေမှာ ​​ဖော်ပြ​ပေးမယ်​နော်။

ဒီ​နေ့​တော့ ဒီ​လောက်ပါပဲ။ အမတို့ Migraship မှာ ကျောင်း​လျှောက်တာ​ရော ဗီဇာ​လျှောက်တာ​ရော၊ EE profile ဖွင့်တာ​ရော၊ PR submission စသဖြင့် သွားချင်တဲ့နိုင်ငံံကို အ​ရောက်ပို့​ပေးဖို့ အစွမ်းကုန်ကြိုးစား​ပေး​နေပါတယ်လို့...😊😊

Wishing you all a happy and wonderful year ahead!2023နှစ်သစ်မှစ၍ ​​​လျှောက်သမျှ visa and PR ​application များ approve ဖြ...
01/01/2023

Wishing you all a happy and wonderful year ahead!

2023နှစ်သစ်မှစ၍ ​​​လျှောက်သမျှ visa and PR ​application များ approve ဖြစ်ပြီး express entry applicant များလည်း ITA အမြန်ရရှိပါ​စေ​ကြောင်း Migraship Team မှ ဆု​တောင်းပြုပါတယ်...😊😊

#2023

Holiday ​တွေကြားထဲ လမ်း​ပျောက်နေသူ​တွေအတွက် moti ​လေးတဖြတ်...😍😍Student ထက်ပိုအ​ရေးကြီးတဲ့ Spouse Open Work Permit ​holde...
23/12/2022

Holiday ​တွေကြားထဲ လမ်း​ပျောက်နေသူ​တွေအတွက် moti ​လေးတဖြတ်...😍😍

Student ထက်ပိုအ​ရေးကြီးတဲ့ Spouse Open Work Permit ​holders approval ​တွေပါ။
Student ​က ရပြီဆိုတာနဲ့ open work permit ရဖို့ဆိုတဲ့ တစ်ပူက ကျန်​နေရတာ.. spouse and children ပါရပြီဆိုမှ တကယ်စိတ်​အေးရတယ်​ပေါ့...

ဒီတ​ခေါက်မှာ​တော့ January အမီတူတူသွားကြမယ့်၊ ဟိုမှာသွားစုံကြမယ့် family ​တွေကိုမြင်ပြီး ကိုယ်​တွေပါ ​ပျော်ရွှင်ကြည်နူးရပါတယ်လို့..😊😊

FYI အ​နေနဲ့... SOWP တင်ဖို့က​လေ student နဲ့တတွဲတည်းဖြစ်ဖြစ်၊ student ​approved ဖြစ်တာနဲ့ဖြစ်ဖြစ်၊ student ဟို​ရောက်သွားမှဖြစ်ဖြစ် တင်လို့ရပါတယ်​နော်။ ကိုယ်က မိသားစုနဲ့ လုံးဝမှ မခွဲနိုင်ဘူးဆိုရင်​တော့ တတွဲတည်း​လျှောက်လို့လည်းရပါတယ်။ ၆လ​စောင့်ရမယ်တို့ ၁နှစ်​စောင့်မယ်တို့ မရှိပါဘူး​ဆိုတာရယ်...

အရင်က တင်တိုင်းပေး ဖြစ်​ပေမယ့် ဒီ​နောက်ပိုင်း SOWP ကို financing planနဲ့လည်း ​ထောက်တာ​တွေရှိလာတာမို့ bank statement and income source ​အပိုင်း​တွေလည်း ​သေချာပြင်ဆင်ကြ​စေချင်ပါတယ်လို့...😊😊

ဒီတ​လော visa decision အ​ခြေ​နေဘလိုရှိတယ် ဘယ်​ကျောင်း​တွေရကြတယ်ဆိုတာ​လေး sharing လုပ်​ပေးချင်လို့ပါ... ဒီတခါ​ PPR ရကြသူအမ...
21/11/2022

ဒီတ​လော visa decision အ​ခြေ​နေဘလိုရှိတယ် ဘယ်​ကျောင်း​တွေရကြတယ်ဆိုတာ​လေး sharing လုပ်​ပေးချင်လို့ပါ...

ဒီတခါ​ PPR ရကြသူအများစုက​တော့ UCW ကပါ။ second timer ရော first timer ​ရော ရကြတာ​နော... College ​တွေ အ​နေနဲ့​​တော့
-George Brown College
-Fanshawe College (approved from Singapore)
-Centennial College
-Seneca College
-Mohawk College တို့ ပါတယ်​ပေါ့။

Simon Fraser မှာ Master တ​က်မယ့်သူလည်းပါပါတယ်။ တကယ်က အမဆီ​ရောက်လာချိန် refusal letter အရ major choice ​ကြောင့်သာ current employment and employment prospects ကို ​တွေရ​တော့ အာ့၂ခုကိုသာ အဓိကထား ပြင်ဆင်​ပေးတာပါ။ refused ဖြစ်ပြီဆို တကယ့်ကာယကံရှင်က frustrated ဖြစ်ပြီး ပြင်ဆင်မှုအပိုင်း အားနည်းတာမျိုး သူတို့​ထောက်တာကို ပြန်​ချေပဖို့ presentation ​ကောင်း​ကောင်းမလုပ်နိုင်တာမျိုးက ဖြစ်​လေ့ဖြစ်ထရှိပါတယ်။

ခုထိ refusal reason ​တွေသာ အထပ်ထပ်ဖြစ်​နေကြ​ပေမယ့် justify ပြန်လုပ်ရတဲ့အခါ လုံးဝကိုမတူ​တော့ ကိုယ့် profile ကိုပဲ အာရုံစိုက်ပြီး logical & relevant document presentation ဖြစ်​နေ​အောင် ပြင်ဆင်ဖို့က အရမ်းအ​ရေးကြီးပါတယ်။

အဆင်သင့်ရှိ​နေသ​လောက် PPR ​တွေ​တော့ ထည့်​ပေးထားပါတယ်။ အမှန်က applicant data မို့ ဖြတ်ပြီး​တော့လည်း မတင်ချင်လည်း လာလာ​မေးကြလို့ တင်​ပေးထားပါတယ်။

ခုတ​လော Migraship မှာ​တော့
PR
-EE profile preparation
-PNP and other prgrams submission with ITA
TRV
-school suggestion and application
-study permit ​application
-spousal open work permit
- visit visa application service ​​တွေရနိုင််ပါတယ်။

အ​​သေးစိတ်စုံစမ်းချင်ရင် viber or telegram ကို တိုက်ရိုက်လာ​မေးလိုက်​နော်။

အပူတခု​လျော့ပြီး အ​ပျော်တခုပိုတိုးလာတဲ့​နေ့​တ​နေ့ပါပဲ...ဒီ​ကလေးက Septmeber Intake အတွက် ​လျှောက်ရင်း refused ဖြစ်လို့ re...
28/10/2022

အပူတခု​လျော့ပြီး အ​ပျော်တခုပိုတိုးလာတဲ့​နေ့​တ​နေ့ပါပဲ...

ဒီ​ကလေးက Septmeber Intake အတွက် ​လျှောက်ရင်း refused ဖြစ်လို့ resubmit လုပ်ရတဲ့အထဲက တ​ယောက်ပါပဲ။ undergrad ဆို first time မာတင်​ အောင်တာ 99%ဆို​တော့ အချက်ကျကျ explanation letter မာ ​သေချာ​​ချေပပြန်​ရေးလိုက်ရတယ်​ပေါ့...
အဆင်​ပြေ​ပြေ ဗီဇာရသွားလို့ ​​ရှေ့ဆက်လမ်းခရီးမှာလည်း ​ချော​မွေ့ပါ​စေလို့ Migraship team က ဆု​​တောင်း​ပေးပါတယ်​နော်။

ဒီတ​လောမှာ​တော့ processing time ​တွေပိုပိုမြန်လာပါတယ်။ 4-5 weeks ​လောက်ပဲ ကြာ​တော့တာမို့ January intake အတွက် ​စောင့်​နေသူ​တွေ​ရော ​လော​လောလတ်လတ်တင်ထားသူ​တွေပါ အဆင်​မြန်မြန်​ပြေကြပါ​စေလို့...🥰🥰

Hello! ခရီးသွားတာရယ် ဟိုဟိုဒီဒီရှုပ်နေတာရယ်ကြောင့် ​ထွေ​ထွေထူးထူး post မတင်ဖြစ်​ပေမယ့် -decision ​တွေက ဘယ်ထိထွက်ပီလဲ?-ခု...
13/10/2022

Hello!

ခရီးသွားတာရယ် ဟိုဟိုဒီဒီရှုပ်နေတာရယ်ကြောင့် ​ထွေ​ထွေထူးထူး post မတင်ဖြစ်​ပေမယ့်

-decision ​တွေက ဘယ်ထိထွက်ပီလဲ?
-ခုတ​လော processing time က ဘ​လောက်ကြာလဲ?
-ခုမှပြန်တင်ရင် မီပါ့မလား?
စသဖြင့် မေးကြတာများလို့ update လုပ်​ပေးလိုက်ပါတယ်လို့...😊😊

Study permit ​တွေက​တော့ August တလလုံးနီးပါးထိ သိရပြီးပါပြီ၊ အာ့​နောက်မှာ Spouse Open Work Permit ​တွေလည်း တဖြည်းဖြည်းသိရ​နေတာမို့ July လကုန်​လောက်ထိ ​တော်​တော်များများ approve ​တွေ ရပြီး​လောက်ပါပြီ။ Tourist and Family Visit က​တော့ still စာမလာ အသံမကြားပါ။
ဒါမဲ့လည်း Business Visit ဆိုလို့က​တော့ အ​​ထောက်ထားခိုင်လုံရင် Bio ​ပေးပြီးတာနဲ့ ​နောက်​နေ့ PPR တန်းရလို့ timeline ​လေးပါတွဲထည့်ပြထားပါတယ်...😁😁

ဒီနှုန်းအတိုင်း ဆက်သွားတယ်ဆိုရင်​တော့ study permit ဆိုလည်း အများဆုံး 6weeks ဝန်းကျင်​လောက်ဆို သိရ​လောက်ပါတယ်လို့...study permit ဆိုတာနဲ့ new or reapplication ကြာချိန်က ဒီ​နောက်ပိုင်း​တော့ တူတူပါပဲလို့..😊😊

Hello from Migraship!ပြီးခဲ့တဲ့အပတ်​တွေအတွင်း update မလုပ်ဖြစ်လိုက်တဲ့ good news ​တွေ တဖြတ်...🥰🥰​ဒီထဲမှာ intake ​ရွှေ့မရ...
19/09/2022

Hello from Migraship!

ပြီးခဲ့တဲ့အပတ်​တွေအတွင်း update မလုပ်ဖြစ်လိုက်တဲ့ good news ​တွေ တဖြတ်...🥰🥰
​ဒီထဲမှာ intake ​ရွှေ့မရ​လို့ Canada မှာ ​ကျောင်းတက်​နေတဲ့သူပါပါတယ်..😁😁

ဒီတခါရတဲ့သူ​တွေထဲမှာ
-Ontario က Public University Master သွား join သူ​ရယ်
-UCW တက်မယ့် ညီမ​လေး​ရော
-PGD သွားတက်မယ့်သူ
-Undergrad တက်မယ့်သူ အစုံပါပါတယ်။

ခုလက်ရှိအချိန်ထိ အမတို့​လျှောက်​ပေးသမျှမှာ
-Public University (​any course, any level)
-Atlantic Provinces (any course, any level)
-Undergraduate (private or public)
စတာ​တွေက approval rate 96% above မှာ ရှိပါတယ်။

​​ကျောင်း​တွေကို မ​လျှောက်ခင် အနည်းဆုံး အ​ခြေခံအ​နေနဲ့​တော့
-DLI list ထဲ ဝင်ရဲ့လား??
-PGWP ​ရော eligible ဖြစ်ရဲ့လား??
-course က​ရော classroom လား၊online လား၊ hybrid လား ​​
သေချာစစ်ကြပါ​လို့...

ပြီးခဲ့တဲ့ ရက်​တွေက ဆက်တိုက်နေမ​ကောင်း​ကြလို့ အလုပ်​လည်းမလုပ်နိုင် ပို့စ်လည်းမတင်နိုင်ဖြစ်​​နေသမျှ နားလည်​ပေးကြလို့ ​ကျေးဇူးတင်ပါတယ်​​...😍😍

Time to celebrate... 🎉🎉ဒီ၂ရက်အတွင်းမှာ decision ​တွေ​တော်​တော်များများထွက်လာပြီး approval rate ​တွေလည်း ​​တော်တော်​ကောင်...
31/08/2022

Time to celebrate... 🎉🎉

ဒီ၂ရက်အတွင်းမှာ decision ​တွေ​တော်​တော်များများထွက်လာပြီး approval rate ​တွေလည်း ​​တော်တော်​ကောင်းကြတယ်​ပေါ့...

Approve ဖြစ်သွားသူ​တွေထဲမှာ PGD သွားတက်မှာ​ရော၊ master ​တွေ​ရော၊ Undergrad diploma ​​ရောအစုံပါပါတယ်။ Province အရဆိုလည်း Saskatchewan, New Brunswick, Ontario and BC အစုံပါပါတယ်။

​လော​လောဆယ်​တော့ ခုအဆင်​ပြေသွားတဲ့သူ​တွေလည်း အဆင်​ပြေ​ပြေ​ ​ချော​ချော​မွေ့​မွေ့​ရောက်ကြပါ​စေ။ မိသားစု​တွေအတွက် SOWP application တင်ရင်လည်း မြန်မြန် approve ဖြစ်​စေချင်ပါ​သေးတယ်လို့...😊😊

One more study permit approval...🥰🥰 UBC မှာ post-grad သွားတက်မယ့်ညီမ​လေး​ရေ...Congratulations ပါ...​first time refuse ဖြ...
29/08/2022

One more study permit approval...🥰🥰

UBC မှာ post-grad သွားတက်မယ့်ညီမ​လေး​ရေ...Congratulations ပါ...
​first time refuse ဖြစ်ပြီး second time ပြန်တင်တာ တအားကြာလွန်းလို့ အားနာ​နေရင်းနဲ့ပဲ ​ကျောင်း​ကောင်းကောင်းရထားတာကို လက်​လျှော့လိုက်မှာစိုးလို့ ခန​တော့ ​စောင့်ပါဆိုပြီး အချိန်ဆွဲထားတာ... approve ​ပေး​တော့လည်း တပတ်​လောက်​တောင် ​စောမ​ပေး...😏😏

Anyway, ​ကျောင်း​ရော ဗီဇာ​ရော ကြိုးစား​လျှောက်ထားတာမို့ ​ရှေ့​လျှောက်လည်း အရာအားလုံးအဆင်​ချောပြီး အဆင်​ပြေပါ​စေ​နော်...

ကျန်​​နေ​သေးတဲ့တယောက်ချင်းစီအတွက်လည်း သတင်း​ကောင်း​တွေ ​စောင့်​နေပါတယ်လို့...


Hello everyone! ​visa decision result ​တွေကြာ​နေလို့ ဘယ်ထိထွက်ပြီလဲ လာလာ​မေးကြတဲ့သူ​တွေအတွက် update ​result လေး share ​ပ...
24/08/2022

Hello everyone!

​visa decision result ​တွေကြာ​နေလို့ ဘယ်ထိထွက်ပြီလဲ လာလာ​မေးကြတဲ့သူ​တွေအတွက် update ​result လေး share ​ပေးချင်လို့ပါ။
ခါတိုင်းလို update သီးသန့်တင်မဟုတ်ပဲ ဒီ​နေ့​တော့ submission timeline နဲ့ပါတွဲပြီးတင်​ပေးထားပါတယ်။
ဒါက​တော့ 2022 data အရဆို မြန်မာဘက်မှာ အမြန်ဆုံးလို့ ​ပြောလ်ု့ရနိုငိတဲ့သူ ၂​ယောက်ပါ။ တ​ယောက်နဲ့တ​ယောက်မတူလို့ ကြာတယ်​ပြောရမလား မြန်လာမလား​တော့ ခုထိမသိနိုင်​သေးပါဘူး...

​သေချာတာ​တော့ ဒီတ​လောမှာ decision ​တွေ ​​တော်​တော်​လေးကြာနိုင်တာမို့ ကြိုပြီးသာ​လျှောက်ကြပါလို့...

မြန်မာထက် စင်ကာပူက​​လျှောက်တာက ဘလို ပိုကြာလဲဆို ​နောက်ဆုံး timeline ၂ခုကိုသာကြည့်​တော့... ခုတ​လော​လည်း decision pending ​တွေ ရှိ​နေပါ​သေးတယ်...

အဓိက တ​ယောက်တည်းသမားထက် family ကိုပါ တပါတည်း​ခေါ်သွားမယ်ဆို ​သေချာ​လေးကြိုပြီး ​လျှောက်ကြ​စေချင်ပါတယ်...

Decision ​တွေ သိရတိုင်း တတ်နိုင်သ​လောက်​တော့ ကြိုးစားပြီး မကျန်ခဲ့ရ​အောင် update လုပ်​ပေးပါမယ်။

Address

125, 40th Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959796930684

Alerts

Be the first to know and let us send you an email when MigraShip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MigraShip:

Videos

Share


Other Passport & Visa Services in Yangon

Show All