Yangon Passport QR Service

Yangon Passport QR Service online booking service

💠2024_1 လပိုင်း အတွင်း💠 Passport QR ရက် ရောက်ရှိသွားပြီးဖြစ်တဲ့အတွက် လိုအပ်သူများ ကြိုတင် ပြင်ဆင်လျောက်ထားကြပါနော်။
29/07/2023

💠2024_1 လပိုင်း အတွင်း💠

Passport QR ရက် ရောက်ရှိသွားပြီးဖြစ်တဲ့အတွက် လိုအပ်သူများ ကြိုတင် ပြင်ဆင်လျောက်ထားကြပါနော်။

🔷ပြည်တွင်း/ပြည်ပ ပျောက်ဆုံး/ပျက်စီးမှုများ ပြန်လည်လျှောက်ထားမှုနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း🔷[တရားဝင် passport ရုံး web...
22/07/2023

🔷ပြည်တွင်း/ပြည်ပ ပျောက်ဆုံး/ပျက်စီးမှုများ ပြန်လည်လျှောက်ထားမှုနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း🔷

[တရားဝင် passport ရုံး websiteမှ အသိပေးချက်]
https://www.passport.gov.mm/

၁။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့သွားရောက်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်များလျှောက်ထားမှု အစဉ်ပြေချောမွေ့စေရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ဦးဆောင်၍ စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

၂။ မြန်မာနိုင်ငံကူးလက်မှတ်သည် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုဖြစ်ပြီး အရေးကြီးသော သက်သေခံအထောက်အထားတစ်ခုဖြစ်၍ မသက်ဆိုင်သော သူများလက်ထဲသို့ မရောက်ရှိရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ နိုင်ငံကူးလက်မှတ်ထုတ်ယူထားသည့် နိုင်ငံသားတိုင်း၏ အထူးတာဝန်ဖြစ်သော်လည်း လစဉ် နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားသူ များပြားလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။ မြန်မာနိုင်ငံကူးလက်မှတ် ပြည်တွင်း၌ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံချက်တို့ဖြင့် နိုင်ငံပိုင်သတင်းစာတစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပြန်လည်ရရှိနိုင်ရေးအတွက် အမည်၊ အဘအမည်၊ နိုင်ငံသား စိစစ်ရေး ကတ်အမှတ်၊ ပျောက်ဆုံးနိုင်ငံကူးလက်မှတ်အမှတ်တို့အား မှန်ကန်စွာ ထည့်သွင်းကြော်ငြာရမည်ဖြစ်ပါသည်။

၄။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ သတင်းစာတွင်ကြော်ငြာပါရှိပြီး ၆ လ အကြာတွင် အဆိုပါသတင်းစာ(မူရင်း)နှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများသို့ သွားရောက်၍ ပြည်တွင်းတွင်အမှန်တကယ်ပျောက်ဆုံးကြောင်း ကိုယ်တိုင်ခံဝန်ကတိပြု လက်မှတ် ရေးထိုးခြင်း၊ စာအုပ်ဖိုးငွေ ၃၅,ဝဝဝ ကျပ်၊ ပျောက်ဆုံး/ပျက်စီး ဒဏ်ကြေးငွေ ၅၆,ဝဝဝ ကျပ်၊ စုစုပေါင်း ၉၁,ဝဝဝ ကျပ် ပေးဆောင်ခြင်းတို့ ပြုလုပ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံကူးလက်မှတ်စွန်းထင်းခြင်း၊ ရေစိုခြင်း၊ ရေးခြစ်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ပျက်စီးခြင်းဖြစ်ပွားပါက ပြည်ပသို့ ထွက်ခွာနိုင်ရေး ပြန်လည်လျှောက်ထားမည် ဆိုပါက ပျက်စီးသည့်စာအုပ်နှင့်အတူ စာအုပ်တန်ဖိုး ၃၅,ဝဝဝ ကျပ်၊ ပျက်စီးဒဏ်ကြေးငွေ ၅၆,ဝဝဝ ကျပ်၊ စုစုပေါင်း ၉၁,ဝဝဝ ကျပ် ပေးဆောင်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး/ရုံးခွဲများတွင် လျှောက်ထားနိုင်ပါသည်။

၆။ ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယင်းတို့၏ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးခြင်းများ ဖြစ်ပေါ်ပါက အောက်ပါ စာရွက်စာတမ်းများနှှင့်အတူ လူကိုယ်တိုင် သက်ဆိုင်ရာသံရုံးသို့သွားရောက်၍ စာအုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ၊ ပျောက်ဆုံးဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၀ ဒေါ်လာ နှင့် ညီမျှသည့် သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးတန်ဖိုးအတိုင်းပေးသွင်း၍ နိုင်ငံကူးလက်မှတ်အသစ်အား ပြန်လည်လျှောက်ထား နိုင်ပါသည်-

(က) နိုင်ငံသားစိစစ်ရေးကတ် မူရင်း/ မိတ္တူ
( ခ) အိမ်ထောင်စုစာရင်း မူရင်း/ မိတ္တူ
( ဂ) သက်တမ်းရှိအလုပ်သမား Work Permit (မှီခိုဖြစ်ပါက မှီခိုသူ ဇနီး/ ခင်ပွန်း/ မိဘ တို့၏ Work Permit နှင့် မိသားစုတစ်စုတည်း အိမ်ထောင်စုစာရင်း ဖြစ်ရမည် ဖြစ်ကြောင်း)
(ဃ) ပျောက်ဆုံးနိုင်ငံကူးလက်မှတ်မိတ္တူ (မရှိပါက နိုင်ငံကူးလက်မှတ်အမှတ်)
( င) သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ရဲစခန်းထောက်ခံစာ

၇။ ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရာတွင် သက်ဆိုင်ရာလေဆိပ်/နယ်စပ် ဝင်/ထွက်ပေါက်များသို့ ရောက်ရှိပါက CI မူရင်းအား အပ်နှံရပြီး မိတ္တူကူးခြင်း (သို့မဟုတ်) ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်၍ နိုင်ငံကူးလက်မှတ်အသစ် ပြန်လည်လျှောက်ထား လိုပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် ပြည်ပပျောက်ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ နှင့်ညီမျှသည့် မြန်မာငွေ (လက်ရှိ ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထား)နှင့် စာအုပ်ဖိုးငွေ ၃၅,ဝဝဝ ကျပ် ပေးသွင်းပြီး ပြန်လည်လျှောက်ထားနိုင်ပါသည်။

၈။ မြန်မာနိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်သည် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုအဖြစ် အရေးကြီးသော သက်သေခံအထောက်အထားတစ်ခုဖြစ်၍ မသက်ဆိုင်သောသူများလက်ထဲသို့ မရောက်ရှိရေးအတွက် မိမိတို့ကိုယ်တိုင်ထုတ်ယူထားသည့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များအပေါ် အခြားသူများမှ အလွဲသုံးစားမပြုနိုင်ရေး ဂရုတစိုက်ကိုင်တွယ်ထိန်းသိမ်းသွားရန်ဖြစ်ပြီး ပျောက်ဆုံး၍ အသစ်ပြန်လည်လျှောက်ထားရာတွင် အချက်အလက်များလိမ်လည်ဖော်ပြခြင်းအား စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Passport QR Date 2024 မကူးခင်လေး လိုအပ်သူများ ကြိုတင်လျောက်ထားကြပါနော်🌅အခုလျောက်ရင်တောင် ဒီနှစ် ၁၂လပိုင်း၁၂ရက်နေ့အထိ ရော...
12/07/2023

Passport QR Date 2024 မကူးခင်လေး လိုအပ်သူများ ကြိုတင်လျောက်ထားကြပါနော်🌅

အခုလျောက်ရင်တောင် ဒီနှစ် ၁၂လပိုင်း၁၂ရက်နေ့အထိ ရောက်နှင့်နေပါပြီ။

မိမိ QR ရလျှင် print ထုတ်သွားဖို့လိုတယ့်အတွက် QR စစ်နည်းကို အောက်ပါ link မှာ ဖော်ပြပေးထားပါတယ်နော်🌞

https://m.facebook.com/story.php?story_fbid=174540778696409&id=100084214637181&mibextid=Nif5oz

17/03/2023

(၁) Passport နဲ့ပက်သတ်လို့ မေးလေ့မေးထရှိတဲ့ မေးခွန်းလေးတွေ ပြောပြပေးသွားပါမယ်နော်

မေး။  ။ passport qr တော့ရပါပြီ။ရက်ချိန်းရတဲ့ဒိတ်ကိုအကြောင်းတခုခုကြောင့်မသွားဖြစ်ရင် နောက်ရက်သွားလို့ရသေးလား။

ဖြေ။  ။ passport website မှာ qr ရပြီး ၇ရက်အတွင်း passport လျောက်လို့ရတယ်လို့‌ ဖော်ပြထားပါတယ်။

မေး။  ။ service အပ်ထားတဲ့ QR မှန်မမှန် ဘယ်လိုသိနိုင်မလဲ။ဘယ်လိုစစ်လို့ရနိုင်မလဲ။

ဖြေ။  ။ QR မှန်၊မမှန်စစ်နည်း

https://m.facebook.com/story.php?story_fbid=174540778696409&id=100084214637181&mibextid=Nif5oz

မေး။  ။ စလစ်ရပြီး စာအုပ်ထုတ်ရက်က ရုံးပိတ်ရက်ဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ။

ဖြေ။  ။ စလစ်ရပြီး ၁၀ ရက်မှ ရက် ၉၀ အတွင်း အစိုးရရုံးဖွင့်ရက် ရုံးဖွင့်ချိန်အတွင်းစာအုပ်ထုတ်ရပါတယ်။

https://m.facebook.com/story.php?story_fbid=166066909543796&id=100084214637181&mibextid=Nif5oz

ပုံပါအတိုင်း 7 လပိုင်းသို့ ရက်ချိန်းရောက်သွားပါပြီနော်😬Passport booking website  ဖွင့်ပေးတဲ့ရက်ပိုင်းအတွင်းမှာပဲ ၄လတိတိ ...
17/03/2023

ပုံပါအတိုင်း 7 လပိုင်းသို့ ရက်ချိန်းရောက်သွားပါပြီနော်😬

Passport booking website ဖွင့်ပေးတဲ့ရက်ပိုင်းအတွင်းမှာပဲ ၄လတိတိ ရက်ကုန်သွားပါပြီ။

ကိုယ်တိုင်လျောက်သည်ဖြစ်စေ၊service အပ်သည် ဖြစ်စေ လိုအပ်သူများ ကြိုတင်လျောက်ထားကြပါနော်။

ရက်ချိန်းကုန်သွားတဲ့လတွေအတွက qr ပြန်လျောက်မရတော့ပါ။

QR မှန်မမှန် စစ်နည်းလမ်းညွှန်

https://m.facebook.com/story.php?story_fbid=174540778696409&id=100084214637181&mibextid=Nif5oz

Passport QR ရက်ချိန်း {28.06.2023} သို့ ရောက်ရှိ🔔နိုင်ငံခြားသို့ ကျောင်းတက်၊အလုပ်နဲ့ထွက်မယ့်သူများ passport ကြိုပြင်ဆင်က...
17/03/2023

Passport QR ရက်ချိန်း {28.06.2023} သို့ ရောက်ရှိ

🔔နိုင်ငံခြားသို့ ကျောင်းတက်၊အလုပ်နဲ့ထွက်မယ့်သူများ passport ကြိုပြင်ဆင်ကြပါနော်။
၃၊‌၄၊‌၅၊‌၆ လပိုင်း ရဲ့ ၂၇အထိ ရက်ချိန်းပြည့်သွားပါပြီရှင်။
ထိုရက်များအတွက် လုံးဝ QR လျောက်လို့မရတော့ပါနော်။🔔

Update passport booking date  #16.06.2023{ QR စစ်နည်းလမ်းညွှန် }QR စစ်ဆေးရန် linkhttps://www.passport.gov.mm/view-bookin...
15/03/2023

Update passport booking date #16.06.2023

{ QR စစ်နည်းလမ်းညွှန် }

QR စစ်ဆေးရန် link
https://www.passport.gov.mm/view-booking

မြှားပြထားသည့်နေရာများတွင်

1) အမည်
2) မှတ်ပုံတင်အမှတ်
3) search နှိပ်ပါ။

[ သို့မဟုတ် ]

ပန်းရောင်အဝိုင်းပြထားသည့်နေရာများတွင်

1) အမည်
2) မှတ်ပုံတင်မရှိပါ ဆိုသည့်စာသားဘေးမှ box အတွင်း
အမှန်ခြစ်ပါ။
3) အဖအမည်
4) မွေးနေ့
5) search နှိပ်ပါ။

သိလိုတာများရှိရင်လည်း cb မှ ဖြစ်စေ မေးမြန်းနိုင်ပါတယ်ရှင်။

🔔၆လပိုင်း ၅ရက်နေ့အထိ passport booking ရက်ရောက်နေပါပြီနော်။🔔Passport booking ယူလိုသူများ ထိုရက်နောက်ပိုင်းမှသာလျှင်ရပါတော...
14/03/2023

🔔၆လပိုင်း ၅ရက်နေ့အထိ passport booking ရက်ရောက်နေပါပြီနော်။

🔔Passport booking ယူလိုသူများ ထိုရက်နောက်ပိုင်းမှသာလျှင်ရပါတော့မယ်။

📝Passport လုပ်မယ့် ၁၈နှစ်ပြည့်ပြီးသူများ    ၁၈နှစ်ပြည့်မှတ်ပုံတင် ကြိုလဲထားကြပါနော်💖

စာအုပ်ထုတ်မည့်သူများအတွက်လမ်းညွှန်

https://m.facebook.com/story.php?story_fbid=166066909543796&id=100084214637181&mibextid=Nif5oz

Update passport booking date { 14.Mar.2023 }များမကြာမီ အချိန်အတွင်း passport qr date **၆လပိုင်း **အတွင်းသို့ ရောက်ရှိတော...
14/03/2023

Update passport booking date { 14.Mar.2023 }

များမကြာမီ အချိန်အတွင်း passport qr date **၆လပိုင်း **အတွင်းသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။
အလျင်လိုသူများ မြန်မြန်လျောက်ထားကြပါနော်။

Passport QR Booking ကိုယ်တိုင်လျောက်နည်း

https://www.facebook.com/groups/1044854246131037/permalink/1228012521148541/

Today update [ 13.03.2023 ]22.05.2023 ထိ passport booking date ရောက်ရှိနေပါပြီ။လက်ရှိအချိန်မှ စလျောက်ထားမည့်သူများ ထိုရက...
13/03/2023

Today update [ 13.03.2023 ]

22.05.2023 ထိ passport booking date ရောက်ရှိနေပါပြီ။
လက်ရှိအချိန်မှ စလျောက်ထားမည့်သူများ ထိုရက်နောက်ပိုင်းတွင်သာ ရပါတော့မယ်နော်။

Passport သက်တမ်းတိုးရမည့်သူများ၊အသစ်‌လျောက်မည့်သူများ ကိုယ်တိုင်ဖြစ်စေ၊ service အပ်သည်ဖြစ်စေ booking ကြိုယူထားဖို့ မမေ့ပါနဲ့နော်။

QR ကိုယ်တိုင်လျောက်နည်းလမ်းညွှန်✅

‌https://www.facebook.com/groups/1044854246131037/permalink/1227240791225714/

📣 passport qr date များ 5လပိုင်း 15 ရက်အထိ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အရေးကြီးလိုအပ်သူများ မိမိကိုယ်တိုင်ဖြစ်စေ ၊ service...
12/03/2023

📣 passport qr date များ 5လပိုင်း 15 ရက်အထိ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အရေးကြီးလိုအပ်သူများ မိမိကိုယ်တိုင်ဖြစ်စေ ၊ service အပ်သည်ဖြစ်စေ အမြန်ဆုံးတင်ကြပါနော်😊

12/03/2023

🔔QR အသစ် လျောက်ထားချင်သူများ cb မှ တဆင့် စုံစမ်းနိုင်ပါတယ်နော်🔔

အောက်ပါ‌ကြေငြာချက်စာပါအတိုင်း QR system အဆင်မပြေမှုကြောင့် QR လျောက်ထားမှု အခက်အခဲ ဖြစ်ပေါ်လျက်ရှိပါတယ်။Link (https://ww...
08/03/2023

အောက်ပါ‌ကြေငြာချက်စာပါအတိုင်း QR system အဆင်မပြေမှုကြောင့် QR လျောက်ထားမှု အခက်အခဲ ဖြစ်ပေါ်လျက်ရှိပါတယ်။

Link (https://www.passport.gov.mm/)

လျောက်ထားသူအားလုံးကို QR ရအောင်ယူပေးချင်ပေမဲ့လည်း system အဆင်မပြေမှုကြောင့် ရက်ကြန့်ကြာတာတွေ ရှိနိုင်တဲ့အတွက် အမြန်လိုသူများ cb မှတဆင့်*** ပြန်အမ်းငွေ*** လာထုတ်နိုင်ပါတယ်နော်။

QR system သည် ပိတ်လိုက်၊ဖွင့်လိုက် ဖြစ်နေတဲ့အတွက် အလျင်မလိုသူ၊စောင့်ပေးနိုင်တဲ့သူတွေဆိုရင်လည်း ဆက်စောင့်နိုင်ပါက ‌လျောက်ပေးပါမယ်နော်။
ကျေးဇူးတင်ပါတယ်ရှင်။

🔔Passport booking update ကြေငြာချက်🔔*ငွေပေးချေရန်ကျန်ရှိသူများ အချက်အလက်များဖြည့်၍ Go to payment နှိပ်ကာ ဆက်လက်လုပ်ဆောင်...
05/03/2023

🔔Passport booking update ကြေငြာချက်🔔

*ငွေပေးချေရန်ကျန်ရှိသူများ အချက်အလက်များဖြည့်၍ Go to payment နှိပ်ကာ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်*

✅အသစ်လျောက်သူများကို မကြာမီ ဖွင့်လှစ်ပေးသွားပါမည်။✅

🔶လက်ရှိမှာတော့ passport booking website ယာယီပိတ်ထားပေမဲ့ ဖွင့်တာနဲ့ အကုန်ပြိုင်ပြီး booking တင်ကြမှာဆိုတော့ ၄လပိုင်းထဲ ရ...
03/03/2023

🔶လက်ရှိမှာတော့ passport booking website ယာယီပိတ်ထားပေမဲ့ ဖွင့်တာနဲ့ အကုန်ပြိုင်ပြီး booking တင်ကြမှာဆိုတော့ ၄လပိုင်းထဲ ရချင်သူများ QR လျောက်ဖို့ ကြိုတင် စာရင်းပေးထားနိုင်ပါတယ်နော်။

🔶၂ရက်လောက်ပဲ ဖွင့်ပေးတာတောင် ၁လကျော်လောက် ရက်တွေပြည့်သွားပြီးဖြစ်တဲ့အတွက် ကိုယ်တိုင်တာဖြစ်စေ၊ serviceအပ်သူဖြစ်‌စေ လိုအပ်သူများ ကြိုတင်ပြင်ဆင်ထားကြပါလို့ တိုက်တွန်းပါတယ်နော်🛎️

📎စလစ်ရထားပြီး စာအုပ်ထုတ်မည့်သူများ01-Mar-2023 passport ရုံး ဘေးကပ်ရပ်ရှိလမ်းတွင် ၁ နာရီ နီးပါးလောက် တန်းစီရပါတယ်။စာအုပ်ထ...
01/03/2023

📎စလစ်ရထားပြီး စာအုပ်ထုတ်မည့်သူများ

01-Mar-2023 passport ရုံး ဘေးကပ်ရပ်ရှိလမ်းတွင်
၁ နာရီ နီးပါးလောက် တန်းစီရပါတယ်။

စာအုပ်ထုတ်မည့်သူများကို အောက်ထပ် (အနောက်နားမှအပေါက်) မှာတင် စလစ်ထပ် နာမည်ခေါ်ပြီး စာအုပ်ထုတ်ပေးပါတယ်။
(အရင်လို အပေါ်ထပ်ထိ တက်ရန်မလိုပါ)

စာအုပ်ရရှိပါက မိမိအချက်အလက်များ မှန်၊မမှန် စစ်ဆေးကြပါနော်။
✓Passport အမျိုးအစား၊နာမည်၊မွေးနေ့၊အဖေနာမည်၊
M or F ✓

🔶ကိုယ်တိုင်ထုတ်ပါက

-စလစ်
-မှတ်ပုံတင်မူရင်း

🔶သန်းခေါင်စာရင်းမိသားစုဝင်အတွက် ကိုယ်စားထုတ်ပေးပါက

-စလစ်
-စလစ်ပိုင်ရှင် မှတ်ပုံတင်မူရင်း
-ကိုယ်စားထုတ်ပေးသူ မှတ်ပုံတင်မူရင်း
-သန်းခေါင်စာရင်း

28/02/2023

အရင်စနစ်ဟောင်းတုန်းက ဝန်ဆောင်မှုပေးခဲ့တဲ့ QR လျောက်ထားသူတွေပါနော်။

✏️စနစ်အသစ်အတွက် QR လျောက်ထားချင်သူများ
လည်း စိတ်ချစွာနဲ့ စတင်လျောက်ထားနိုင်ပါပြီရှင်💖

🔶Passport QR အသစ်တွေ စတင်လျောက်ထားပေးနေပါပြီ။🔶လက်ရှိမှာတော့ ၃လပိုင်း ၁၅ ရက် ဝန်းကျင်ထိ bookingရက် ရောက်ရှိနေပါပြီ။🔶အောက်...
28/02/2023

🔶Passport QR အသစ်တွေ စတင်လျောက်ထားပေးနေပါပြီ။

🔶လက်ရှိမှာတော့ ၃လပိုင်း ၁၅ ရက် ဝန်းကျင်ထိ bookingရက် ရောက်ရှိနေပါပြီ။

🔶အောက်ပါအချက်အလက်တွေ ပေးပို့ရန်လိုအပ်ပြီး မိမိလျောက်မည့် စာအုပ်ပေါ်မူတည်၍ passport ရုံးသို့ ပေးသွင်းရန်ငွေ
အသစ်၊သက်တမ်းတိုး ၃၅,၀၀၀/-
ပျက်စီး၊ပျောက်ဆုံး ၇၅,၀၀၀/- ကုန်ကျပါမည်။

-အသစ်လျောက် ၊သက်တမ်းတိုး၊ပျက်စီး၊ပျောက်ဆုံး
-မိမိအမည် (မြန်မာ၊Eng)
-အဖအမည်
-အမိအမည်
-မွေးသက္ကရာဇ် (Eng)
-မွေးဖွားသည့်အရပ်(မြို့နယ်)
-မှတ်ပုံတင်အမှတ်
-နေရပ်လိပ်စာ အပြည့်အစုံ
-ဖုန်းနံပါတ်
-mail လိပ်စာ
-လူမျိုး
-ကိုးကွယ်သည့်ဘာသာ
-အလုပ်အကိုင်
-သွားရောက်သည့်ကိစ္စ (အလည်အပတ်/အလုပ်)

-သက်တမ်းတိုးဖြစ်ပါက passport အဟောင်းနံပါတ်၊ ထုတ်ပေးသည့်နေ့စွဲ

Cb မှာလည်း အသေးစိတ် ဆက်သွယ် မေးမြန်းနိုင်ပါတယ်နော်။

🎗️Passport QR အသစ်တွေ ပြန်လျောက်လို့ရနေပါပြီနော်🎗️ကိုယ်တိုင်ဝင်လျောက်သူများ ဒီ link https://www.passport.gov.mm/မှတဆင့် ...
27/02/2023

🎗️Passport QR အသစ်တွေ ပြန်လျောက်လို့ရနေပါပြီနော်🎗️

ကိုယ်တိုင်ဝင်လျောက်သူများ ဒီ link https://www.passport.gov.mm/
မှတဆင့် ဝင်ရောက်လျောက်ထားနိုင်ပါတယ်။

အရင်နဲ့မတူတာက

(၁) Passport ရုံးသို့ ပေးချေရမည့်ငွေ ကို
  Kpay/MPU card (e-commerce) မှ တဆင့်
ကိုယ်တိုင် ကြိုတင်ပေးချေရပါမယ်။
(၂) မိမိလိုချင်သည့်ရက်ရွေးတင်လို့မရပဲ
passport QR system မှ သတ်မှတ်သည့်
ရက်သာလျှင် ရပါမည်။
(၃)ကိုယ်ရေးအချက်အလက်ဖောင် ပုံစံ၂
ကြိုတင်၍ ဖြည့်သွားရပါမည်။

နားမလည်တာရှိရင်လည်း မေးမြန်းနိုင်ပါတယ်။

📎ရန်ကုန် passport ရုံးမှ စလစ်ရပြီးသူများလည်း
ရုံးဖွင့်ရက်အတွင်း စာအုပ်ပြန်ထုတ်လို့ရနေပါပြီ။

🎉🎉
19/01/2023

🎉🎉

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံကူးလက်မှတ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာအလုပ်လုပ် ခွင့်....

🌐🌐
17/01/2023

🌐🌐

ပတ်စ်ပို့ ပြုလုပ်ခွင့် အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပြီ....................
ဇန်နဝါရီ ၁၇

အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ခွင့်အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနဲ့စပ်လျဉ်းပြီး ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းကြောင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို အသိပေးအကြောင်းကြားလာတာဖြစ်ပါတယ်။

ယခင်က သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်းကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုပြီးအလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း လက်ရှိအချိန်မှာတော့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ယနေ့မှစပြီး ယာယီရပ်ဆိုင်းလိုက်တာကြောင့် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကိုလည်း ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ရပ်ဆိုင်းခဲ့ကာ MoU စနစ်ဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများနဲ့ ဗုဒ္ဓဂါယာဘုရားဖူးမည့်သူများအတွက် သီးခြားပြုလုပ်ပေးခဲ့သော်လည်း ယခုအခါမှာ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/67527.html
https://t.me/myanmaplatform

☑️ယနေ့မှစ၍ QR ရထားပြီးသူများ Passport  ရုံးပိတ်ထားသည့်အတွက် စာအုပ်ထုတ်ခြင်း၊အသစ်လျောက်၊သက်တမ်းတိုး... စသည့်များ အကုန်ပိတ...
02/01/2023

☑️ယနေ့မှစ၍ QR ရထားပြီးသူများ Passport ရုံးပိတ်ထားသည့်အတွက် စာအုပ်ထုတ်ခြင်း၊အသစ်လျောက်၊သက်တမ်းတိုး... စသည့်များ အကုန်ပိတ်ထားပါသည်။

☑️Passport ရုံးပြန်ဖွင့်ရက်သိရပါက Page တွင် အကြောင်းကြားပေးပါမည်။

19/12/2022

✴️YGN အတွက် Passport QR က ဒီရက်ထဲ ဖွင့်မယ်လို့ မျှော်လင့်ထားပေမဲ့ ဒီနေ့ထိတော့ မဖွင့်‌သေးပါဘူးရှင်✴️

အရေးတကြီး passport လျောက်ထားချင်သူများ နယ်ဆင်း၍ လျောက်လို့ရပါတယ်။

နယ်ဆင်းပြီး passport လျောက်ရမှာဖြစ်တဲ့အတွက် ရန်ကုန်လိုတော့ ဈေးမသက်သာပါဘူး။

**လျောက်ချင်တယ်ဆိုရင်တော့ passport အပြီးအစီးအတွက် page cb မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်။**

ကျေးဇူးတင်ပါတယ်ရှင်။

15/12/2022

ရန်ကုန်အတွက် Passport QR တွေက မကြာခင် ပြန်လျောက်လို့ရမှာပါနော်။

အရမ်းအရေးမကြီးရင် နယ်ဆင်းပြီးမလုပ်သေးပဲ ခဏစောင့်တာ ပိုပြီး အကုန်အကျ သက်သာနိုင်ပါတယ်။

အခုဆို ရုံးထဲမှာ ကုန်ကျငွေ ၂သောင်းခွဲ မှလွှဲ၍ အပိုဆာလား တွေ မပေးရတော့ပါဘူး။

ရုံးတွင်း Passport လျောက်ဖို့ ဆောင်ရွက်ပုံအဆင့်ဆင့်
(အခု ၁၂လပိုင်း ၂၀၂၂ မှာတော့ အရင်ရောက်သူအရင်ဝင် စနစ်ပါ။ကျန်တဲ့ လုပ်ဆောင်မှုတွေမပြောင်းလဲပါ။)

https://m.facebook.com/story.php?story_fbid=122591123891375&id=100084214637181&mibextid=Nif5oz

အားလုံးပဲ passport အဆင်ပြေပြေနဲ့ လျောက်လို့ရကြပါစေ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Yangon Passport QR Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Passport & Visa Services in Yangon

Show All