Myanmar -US Visa Services

Myanmar -US Visa Services USA ကို သွားရောက်သူလိုတွေအတွက် ၀န်ဆော?
(1)

ကိုယ်ခေါ် ချင် တဲ့ Refugee ကို ခေါ် လို့ ရပြီ ဖြစ်တဲ့ Welcome Corp ရဲ့ ဒုတိယ Phase စနေ ပါပြီ။Welcome Corp ဆိုတဲ့ Refugee...
27/02/2024

ကိုယ်ခေါ် ချင် တဲ့ Refugee ကို ခေါ် လို့ ရပြီ ဖြစ်တဲ့ Welcome Corp ရဲ့ ဒုတိယ Phase စနေ ပါပြီ။

Welcome Corp ဆိုတဲ့ Refugee တွေကို US နိုင်ငံသားတွေနဲ့ Green Card Holder တွေ Sponsor ပေးခေါ် တဲ့ Program ကို မနှစ် ကစခဲ့တာပါ။

Phase 1 မှာတော့ သူတို့ သတ်မှတ်ထားတဲ့ Refugee တွေကို ခေါ်် ခွင့် ပေးခဲ့ ပေမယ့် အခု Phase 2 မှာ ကိုယ် ခေါ် ချင်တဲ့ Refugee ကို တိုက်ရိုက် ခေါ် ခွင့် ပေး လိုက်ပါပြီ။

UNHCR ကတ် ကို September 2023 အရှေ့ ထဲက ရထားတဲ့ Refugee တွေ ဆို ခေါ် ခွင့် ရှိတယ် လို့ ‌ပြောပါတယ်။
Green Card or Citizen ၅ ယောက် ဖွဲ့ ထားတဲ့ Group တစ်ခု က Refugee Family တစ်စု (အများဆုံး ၁၀ ယောက်) ကို စပွန်ဆာ ပေးပြီး ခေါ် ခွင့် ရှိ မှာ ဖြစ်ပါတယ်။

Short Notes :
- UNHCR ကတ်ရထားပြီးသူ များကို သာ ခေါ်ခွင့် ရှိမည်။ (September 2023 အရှေ့)
- မြန်မာ နိုင်ငံ ပြင်ပ မှာ ရှိနေသူ ကို သာ ခေါ်လို့ ရမည်။
- Citizen or Green Card Holder ၅ ယောက် နှင့် အထက် တစ်ဖွဲ့ လုပ်ရမည်။ (တစ်ယောက် က ဉီးဆောင် လုပ်ရမည်)
- ကိုယ် Sponsor ပေးတဲ့ Group ရောက်လာပြီး ၃ လ နေရင် နောက်တစ်ဖွဲ့ ထပ် Sponsor ပေးလို့ ရမည်။
- Sponsor Group အနေနဲ့ Refugee တစ်ယောက်အတွက် $ 3,880 ‌ရှိကြောင်း ပြပေးရမည်။
- Sponsor Group ထဲက တစ်ယောက်က Online သင်တန်းတိုလေး တစ်ခု တက်ရမည်။

ကျွန်တော် တို့ အဖွဲ့ တော့ ပထမ တစ်သုတ် ခေါ်် ဖို့လုပ် နေပါတယ်။ Sponsor ပေးပြီး ခေါ် ချင် တယ်၊ ဘယ်လို လုပ်ရမှန်း မသိဘူး ဆိုရင် ကျွန်တော် ကူလုပ်ပေး ပါမယ်။ ဆက်သွယ် လိုက်ပါ။

Ctedit to Share by Dr PK

လူလိမ်တွေ သတိထားကြပါ။
06/01/2023

လူလိမ်တွေ သတိထားကြပါ။

03/01/2023

အမေရိကန် သံရုံးအဖွင့်နေ့ 3 ရက်နေ့ January
2023 Visa ရရှိမူ အခြေအနေ

✅ Student visa နဲ့ Visit visa ရသူ
အရမ်းများတယ်

✅ Rejected ခံရသူ ထင်ထားတာထက် ပိုပြီး
နည်းပါတယ်

အပြုံးပန်းကိုယ်စီနဲ့ သံရုံးထဲက ထွက်လာသူများတယ်

မေးကြည့်ရသလောက် ‌အ‌ယောက် ၄၀ ကျော်လုံး
Bank statement ယူမကြည့်ပါ
ပိုင်ဆိုင်မူ ဘာမှယူမကြည့် ပါလို့ ‌သိရပါတယ်

တစ်ဦးချင်းစီမေးထားသ‌လောက် information ဆက်တိုက်တင်ပေးမည်

min min myat ကိုယ်တိုင်သံရုံးရှေ့မှာ စုံစမ်းသည်
နောက်ရက်တွေလည်း ကြုံသလိုစုံစမ်းပြီးတင်ပေးပါမည်
၅ ရက်နေ့အတွက် ထပ်လာမည်

ကိုလင်း USA ရေးသားသည်။

Credit

24/12/2022

ပတ်စ်ပိုစ့် လုပ်ချင်သူတွေ သိထားစေချင်လို့ပါ
~~~~~~~~~~~~~~~~

၁။ မြဝတီ ပတ်စ်ပိုစ့်ရုံးမှာ ဒီနေ့ (23-12-2022) နေ့ကစပြီး နယ်ကျော်လုံးဝ မလုပ်ပေးတော့ပါ။

ဒါကြောင့် မြဝတီမှာ ပတ်စ်ပိုစ့်ရမယ် ဆိုတဲ့ post တွေကိုလုံးဝ မယုံကြည်ကြဖို့ အလေးအနက် သတိပေး ပါတယ်။

မြ၀တီတက် ပတ်စပို့ လုပ်ဖို့ သွားရတာက ဝေးပြီး စားရိတ်က များပါတယ်။

၂။ အခြားသော ပတ်စ်ပိုစ့် ရုံးတွေမှာလဲ နယ်ကျော် လုပ်လို့ရမှာ မဟုတ်တာ သေချာသလောက်ဖြစ်ပါတယ်။

အလိမ်မခံရစေဖို့ ကြိုသတိပေးလိုက်ပါတယ်။

Passport လျှောက်ခြင်း မှတ်တမ်း6 Dec, 2022 နေ့ဖြစ်သည်စာရှည်ပါမယ်။ အသေးစိတ်ပါမယ်။🔷 ဘာတွေယူသွားရမလဲ၁။ မှတ်ပုံတင် (မူရင်း + ...
07/12/2022

Passport လျှောက်ခြင်း မှတ်တမ်း
6 Dec, 2022 နေ့ဖြစ်သည်

စာရှည်ပါမယ်။ အသေးစိတ်ပါမယ်။

🔷 ဘာတွေယူသွားရမလဲ
၁။ မှတ်ပုံတင် (မူရင်း + မိတ္တူ ၂စုံ)
၂။ အိမ်ထောင်စုစာရင်း/ပုံစံ-၆၆ (မူရင်း + မိတ္တူ ၂စုံ)
၃။ ဘောပင်
၄။ QR Print (၃စုံ)
အထက်ပါပစ္စည်းများကို (Clear Bag) အကြည်အိတ်နဲ့ ထည့်ပါ။
၅။ ဘဏ်သွင်းငွေ (၂၅,၀၀၀/-) + ဗိုက်ဖြည့်ငွေ
၆။ ဖုန်း
၇။ ပိုက်ဆံအိတ်

🔷 ဘာတွေ မယူသွားရဘူးလဲ
၁။ အထက်ပါ ပစ္စည်းတွေကလွဲပြီး ဘာမှ ယူလို့မရပါဘူး။ အိတ်သေးသေးလေးကအစ ယူမရပါ။ အပြင်မှာ အပ်ခဲ့လို့ရပါတယ်။ ကျွန်တော်ကတော့ စိတ်မချပါ။ ဒါကြောင့် အိမ်ကထွက်ကတည်းက အထက်ပါပစ္စည်းတွေနဲ့ပဲ ရှင်းရှင်းလင်းလင်းထွက်လာတာ ကောင်းပါတယ်။
၂။ အိတ်မပြောနဲ့ ခေါင်းဆောင်းတဲ့ လျှာထိုးဦးထုတ်တောင် အပြင်မှာထားခဲ့ရပါတယ်။

🔷 ဘယ်လို ဝတ်ဆင်သွားရမလဲ
၁။ ပေါ့ပေါ့ပါးပါးနဲ့ အေးတာဝတ်ဆင်ပါ၊ ဆိုက်မပိပါနဲ့ ပတ်စပို့စ်ဖူးစာဖြစ်မလာနိုင်သလို လူအမြင်ကပ်ပါတယ်။
၂။ Shoes မစီးသင့်ပါ။ ကြာတော့ ပူတယ်။
၃။ ထီးနဲ့ လက်ရှည်အပေါ်ထည်တွေ ထပ်ဖို့မလိုပါ။ နေပူတာခဏပါ။

🔷 ဘယ်လိုပြုမူနေထိုင်ရမလဲ
၁။ ကိုယ်တန်းစီနေတဲ့ ရှေလူ၊ နောက်လူတွေကို မိတ်ဖွဲ့ထားပါ။ အပြန်အလှန်အကူအညီလိုလာပါလိမ့်မယ်။ စ,နောက်ရင်းလည်း ပျင်းစရာလည်း မကောင်းတော့ပါဘူး။
၂။ ရုပ်တည်ကြီးနဲ့ မနေပါနဲ့၊ ဆရာကြီးအထာနဲ့ မနေပါနဲ့။ ကြုံတဲ့သူနဲ့ အဆင်ပြေအောင် ပေါင်းပြီး မိတ်ဖွဲ့နိုင်ရပါမယ်။

🔸 ကြားဖြတ်ပြောဦးမယ်
ဝင်ခွင့်ပြုတဲ့အခါ မိန်းကလေးအားလုံးနီးပါးက ဦးစားပေးခံရပါတယ်။ ဘဲကြီးတွေက လွှတ်ပေးနေပါတယ်။ သူတို့က စောစောဝင်ရပြီး ယောက်ျားလေးတွေက အကြာကြီးစောင့်ပေးရပါတော့တယ်။ သူတို့က စောစောဝင်ရလို့ စောစောပြီးကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေ စောစောစလစ်ရကြတာ သူတို့အရမ်းတော်လို့မဟုတ်သလို ကျွန်တော်တို့ညံ့လို့လည်း မဟုတ်ပါဘူး။ နင်တို့ကို ဦးစားပေးနေရလို့ပါ။

🔷 အိမ်သာ (Toilet) ဘယ်မှာလဲ
၁။ ရန်ကင်းပန်းခြံမှာ အခပေး Toilet ရှိပါတယ်။ ကိုယ့်ရှေ့နောက် မိတ်ဖွဲ့ပြီးပြီ စိတ်ချရပြီဆိုရင် သွားလို့ရပါတယ်။ (အဲ့အချိန်မှာ ဘယ်မှမသွားတာ ပိုကောင်းပါတယ်)
၂။ ရေသောက်တဲ့အခါ အဆာပြေရုံ၊ အာစွတ်ရုံသာသောက်ပါ၊ အရည်မှန်သမျှ ခဏရှောင်ပါ။ အံကြိတ်ပြီး ဒုက္ခခံနေရနိုင်ပါတယ်။ အိမ်မှာထဲက အပေါ့/အလေး ရှင်းခဲ့ပါ။
၂။ ရုံးထဲရောက်တဲ့အခါ ဓာတ်ပုံခန်းကောင်တာ 25, 26 နဲ့ မျက်နှာချင်းဆိုင်မှာ Toilet ရှိပါတယ်။

🔷 ဦးစားပေးခံရသူများ
၁။ အသက် (၆၀+) များ
၂။ ကလေးပါသူများ (မျက်မြင် ၁၂နှစ်အောက်)
၃။ မိန်းကလေးများ (အများစု)

🔷 ကျွန်တော့်အတွေ့အကြုံများ
မနက်(၆:၀၀) ပန်းခြံဘက်ခြမ်းရောက်ပါတယ်။ နောက်ကျတယ်ထင်ရပေမယ့် နောက်မကျခဲ့ပါဘူး။ကြိုရောက်နေသူတွေက တိတိကျကျတန်းစီထားတာမျိုးမဟုတ်ပဲ ထိုင်နေကြပါတယ်။

ရှေ့ဆုံးထားမှာ ယောင်လည်လည်နေပါ။ ပြေးပြီး တန်းစီကြပြီဆိုရင် ဝင်တိုးလိုက်ပါ။ ဒါကြောင့် မျက်စိလျင်လျင် နားရွှင်ရွှင်ထားပါ။ (ဂိမ်းဆော့၊ ဖုန်းကြည့်တာကို 6:00am နောက်ပိုင်း ရပ်‌သင့်ပါပြီ)

ညာဘက် (ကျား)
ဘယ်ဘက် (မ) တန်းစီရပါတယ်။ ကျားနဲ့ မ ရဲ့ အလယ်မှာ သူများတန်းစီလည်း အစီသင့်ပါဘူး။ နောက်ဆုံးပြန်ရောက်သွားနိုင်ပါတယ်။

6:00am ရောက်တာ နောက်မကျခဲ့ဘူးဆိုတာက ကိုယ်တန်းစီတော့ ကိုယ့်ရှေ့ကလူက 7:30am မှ ရောက်သတဲ့။ ကိုယ့်နောက်က လူက 3:00am ရောက်သတဲ့။

ဒီလိုနဲ့ ရှေ့ရောက်လာတဲ့အခါ လည်ဆွဲတွေ ရပါမယ်။ ဒီလိုနဲ့ဖြတ်သန်းရင်း Passport ရုံးပေါက်ဝ ရောက်ခဲ့သည်ပေါ့

(ဒီအဆင့်ကို မျက်စိဖွင့် နားစွင့်ထားပြီး အဆင်ပြေသလိုလှုပ်ရှားပါ)

🔷 Passport ရုံးပေါက်ဝသို့ရောက်ရှိ
၁။ မှတ်ပုံတင်မူရင်း + QR တစ်ရွက် ထုတ်ထားပါ။ Mask ချွတ်ပါ။ QR ဖတ်၊ စစ်ဆေးပြီး ရုံးအတွင်းထဲရောက်သွားသည်ပေါ့

🔷 Passport ရုံးအတွင်းသို့ ရောက်ရှိ
ကျွန်တော် 11:30am မှာ ဒီရောက်ပါတယ်။ ဒါကြောင့် အပြင်မှာ (၅)နာရီကြာတန်စီခဲ့ရပါတယ်။
၁။ လ.ဝ.က ကို ဖြတ်ရမယ့် အဆင့်ဖြစ်ပါတယ်။
၂။ ကောင်တာ (1 မှ 11 အထိ) ရှိပါတယ်။ ဘယ်ကောင်တာက ဘယ်လိုလူတွေတန်းစီတယ်ဆို သေချာမသိခဲ့လို့ မပြောတော့ပါ။ ကျွန်တော် Passport အသစ်လုပ်သူကတော့ ကောင်တာ (၄)မှာ စီခဲ့ပါတယ်။ ဒီလိုနဲ့ ထိုင်လိုက်၊ ထလိုက်နဲ့ ရှေ့တိုးရင် ကောင်တာရှေ့ရောက်ခဲ့သည်ပေါ့

🔷 လဝက ကောင်တာရှေ့ရောက်ရှိ
🔴 (အထူးသတိပြုရန်)
၁။ မှတ်ပုံတင် (မူရင်း + မိတ္တူ ၂စုံ)
၂။ အိမ်ထောင်စုစာရင်း/ပုံစံ-၆၆ (မူရင်း + မိတ္တူ ၂စုံ)
၃။ QR (၁)ရွက် ထုတ်ထားပါ။ ကောင်တာတင်ပါ။
🔴 အထူးသတိပြုရန် (၁) ကျွန်တော်တို့ရဲ့ QR တွေမှာ အမှားအယွင်းအနည်းငယ်ရှိတတ်ကြပါတယ်။ ဥပမာ- နာမည်၊ မှတ်ပုံတင် လွဲနေတာတွေပါ။ လွဲနေတာတွေကို လဝက ကောင်တာမှာ ဒီနေရာမှာ ဒီလိုလွဲဖြည့်မိသွားပါကြောင်း အကြောင်းပြချင်လေးပေးပြီး ပြောပါ။ ဖုန်းက ကြောင်နေလို့ ဘာညာ။ နမို့ဆို Final ရောက်မှ ပြန်ပြေးလာရတတ်ပါတယ်။
🔴 အထူးသတိပြုရန် (၂) သူတို့ဆီက စာအရွက်တွေပြန်ပေးပါလိမ့်မယ်။ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုစာရင်းမှာ တံဆိပ်တုံးနဲ့ လက်မှတ်ပါရပါမယ်။ စစ်ဆေးပါ။ မပါရင် Final ရောက်မှ ပြန်လှည့်ရပါမယ်။ ဒီလိုနဲ့ အထဲဝင်ပြီး ညာဘက်မှာ "ဘဏ်" လို့ စာကပ်ထားတဲ့ ဘဏ်ကို ရောက်ရှိသွားပေါ့

🔷 ငွေသွင်းရန် ဘဏ်သို့ ရောက်ရှိ
ကျွန်တော်ဘဏ်ကို 2:30pm မှာ ငွေသွင်းပါတယ်။ ဒါကြောင့် လဝက မှာတန်းစီခဲ့တာ (၃)နာရီကြာခဲ့ပါတယ်။
🔸ဘဏ်က 3:00pm မှပိတ်တယ်ပြောပါတယ်။
ဘဏ်က ညာဘက်မှာ "ဘဏ်" လို့စာကပ်ထားတာ ဘဏ်ပါ။ အအေးနဲ့ ရေရောင်းတဲ့ဘက်ကဝင်ပါ။ 25,000/- နဲ့ လဝက စလစ်စာရွက်ကို ဘဏ်ကောင်တာပြပြီး ပေးခဲ့ပါ။ ဘဏ်ဝန်ထမ်းက ယူသွားရင် လူနာမည်တွေခေါ်နေတဲ့ရှေ့ကို သွားပါ။ မတိုးပါနဲ့ ကိုယ့်နာမည်နားစွန့်ပြီး စလစ်စာရွက်ယူပါ။ ထို့နောက် နောက်ဆုံးအဆင့် ဓာတ်ပုံခန်းသို့

🔷 ဓာတ်ပုံခန်းသို့ တန်းစီခြင်း
🔴 အထူးသတိပြုရန်
၁။ ကောင်တာ လွဲပြီး တန်းစီမိတတ်ပါတယ်။ စာဖတ်ပါ။ ကောင်တာ 24, 25 တွေက M.O.U ကောင်တာတွေပါ။ MOU မဟုတ်ရင် တန်းမစီရပါ။ အကြံပြုရရင် ကောင်တာ 23 ကို စီပါ။
၂။ နေရာရသွားပြီဆိုရင် အပေါ်မှာပြောခဲ့သလို ဓာတ်ပုံခန်းကောင်တာ 25, 26 နဲ့ မျက်နှာချင်းဆိုင်မှာ Toilet ရှိတာမို့ ဘဏ်နားက ရေသွားဝယ်ပြီး အဝ သောက်၊ အဝ ပေါက်ပစ်ပါ။
၃။ ဗိုက်ဆာရင် အဲ့အိမ်သာတွေနားမှာ မေးကြည့်ပါ။ လက်ဖက်ထမင်း (၁,၅၀၀/-) ရှိပါတယ်။ မဆိုးပါဘူး။ ကောင်းပါတယ်။ ဒီလိုနဲ့ အတော်ကြာကြာစောင့်ပြီး ကိုယ့်အလှည့်ကျပါပြီ။ အဆင်ပြေပြေချောချောမွှေ့မွှေ့ကျော်ဖြတ်နိုင်ရင် စလစ်ရပါပြီ။ စလစ်စာရွက်ကို (၃)ခါ သေချာစစ်ပါ။

ကျွန်တော် 7:30pm မှာ စလစ်ရခဲ့ပါတယ်။ ဒါကြောင့် ဓာတ်ပုံကောင်တာကို တန်းစီတာ (၄:၃၀)နာရီကြာခဲ့ပြန်ပါတယ်။

🔷 အိမ်ပြန်ခရီး
Taxi တွေက ရသလောက်ရိတ်ပါတယ်။ 7,000 တန်ခရီးကို 17,000 နဲ့ ရိတ်ပါတယ်။ ဆရာစံလမ်းမပေါ်က ငှားတော့ 7,000 ကို ဈေးမဆစ်ရပဲ ရခဲ့ပါတယ်။

‌အိမ်ပြန်ရောက်ခဲ့တယ်ပေါ့
တစ်ယောက်ထဲ အေးဆေး ဖြတ်သန်းနိုင်ခဲ့ပါတယ်။

စုစုပေါင်းကုန်ကျစရိတ် - ဘဏ်သွင်းငွေ ၂၅,၀၀၀/-

Credit

ပြည်ပ ထွက်တော့မယ် ဆိုရင် အရင်ဆုံး လိုအပ်တာ နိုင်ငံကူးလက်မှတ် (သို့) Passport ပါ။အဲ့ဒီ Passport ရဖို့က မြန်မာတွေ အတွက် လွ...
29/11/2022

ပြည်ပ ထွက်တော့မယ် ဆိုရင် အရင်ဆုံး လိုအပ်တာ နိုင်ငံကူးလက်မှတ် (သို့) Passport ပါ။

အဲ့ဒီ Passport ရဖို့က မြန်မာတွေ အတွက် လွယ်မယောင်နဲ့ ခက်ခဲ တတ်ပါတယ်။

ရန်ကုန်မှာဆိုရင်...

🔥လူတိုးခံရမယ်၊
🔥 ထမင်းငတ်မယ်၊
​🔥 ရေငတ်မယ်၊
🔥 အပြော အဆိုခံရမယ်၊
🔥 ပူလွန်းလို့၊ အသက်ရှူ မ၀လို့ မူးမေ့ လဲကျသူတွေလည်းရှိမယ်။
🔥 မနက် (၅) နာရီက လာလုပ်ပေမယ့်တစ်ရက်နဲ့ မပြီးလို့ နောက်ရက် ထပ်လာရမယ်...
🔥 အချိန်တွေ အများကြီး ကုန်မယ်။

ပြောရမယ်ဆိုရင် သာမန်သူတွေ အတွက်တော့ မဟာ ဒုက္ခဆင်းရဲတွင်း တစ်ခုပါပဲ။

ပတ်စ်ပို့ လုပ်မယ်ဆိုရင် ပထမဆုံး လိုအပ်တာက QR Code ခေါ် ပါတ်စ်ပို့ ရုံး အဝင်လက်မှတ်ပါ။

Online Booking လို့လည်း ခေါ်ပါတယ်။ https://www.passport.gov.mm/ ဒီ ဝဘ်ဆိုဒ်ကနေ ရုံးဖွင့်ရက် မနက် ၉ နာရီကစ တင်ရပါတယ်။

တင်ကား တင်၏ မရပါဘူး။ အခု ဒီစာ ရေးတဲ့ရက် ၂၉.၁၁.၂၀၂၂ နေ့ က တင်မယ် ဆိုရင် ဖေဖေါ်ဝါရီလကုန် လောက် အထိ ပြည့်နေပြီး ဖြစ်ပါတယ်။
( မပြည့်လည်း တင်မရ ကြတာများပါတယ်)

အဲ့ဒီမှာ QR တင်ပေးတဲ့ ဆားဗစ် ဆိုတာတွေ ပေါ်လာပါတယ်။ Facebook မှာ Passport Group တွေကတဆင့် တင်ပေးကြပါတယ်။

၁၅,၀၀၀ ကနေ ၁၀၀,၀၀၀ လောက် အထိ အမျိုးမျိုး ယူကြပါတယ်။

၁၀ ရက်အတွင်း ရမယ် ဘာညာ ဆိုတာတွေ ကြေငြာပါတယ်။ ရတဲ့သူလည်း ရပါတယ်။ အလိမ် ခံရသူကလည်း အလိမ်ခံရပါတယ်။

booking တင်တဲ့ ၀ဘက်ဆိုဒ်မှာ View Info ဆိုတာရှိပါတယ်။ အဲ့ဒီမှာ အမည်၊ မှတ်ပုံတင်၊ အဖ အမည် ရိုက်ပြီး Search လုပ်လို့ ကိုယ့်နာမည် နဲ့ မှတ်ပုံတင် Booking ရက်စွဲ ကျလာရင်တော့ QR ရတာ သေချာပါတယ်။ (အဲ့ဒီမှာ ပေါ်မှ ငွေပေးမယ် ဆိုရင်တော့ အလိမ်မခံရဖို့ များပါတယ်။)

အဲ့ဒီ QR က ပေးတဲ့ ရက်အတိုင်း ဘယ်အချိန်ရရ မနက် ၅ နာရီလောက်မှ ရန်ကုန် ပါတ်စပို့ရုံး အရောက်သွား တန်းစီတာက စလုပ်ရပါတယ်။

အဲ့ဒီကို မသွားချင်

- မှတ်ပုံတင် ကို မိတ္တူ ၃ စုံ ကူး မူရင်းရော မိတ္တူပါ ယူသွားပါ။
- အိမ်ထောင်စုဇယား ပုံစံ ၆၆ ကို မိတ္တူ ၃ စုံ ကူး မူရင်းရော မိတ္တူပါ ယူသွားပါ။
- QR Code ကို ကို မိတ္တူ ၃ စုံ ကူး မူရင်းရော မိတ္တူပါ ယူသွားပါ။
- ငွေ ၆၀၀၀၀ လောက် ထည့်သွားပါ။
( တစ်ခါတလေ ၂၅,၀၀၀ ကျပ် လောက်ပဲ ကုန်ပြီး တစ်ခါတလေ ၃၉,၀၀၀ လောက် ကုန်ပါတယ်။ ပွဲစား အပ်ရင် အတိုင်း မသ်ိပါ။)

ဖြစ်နိုင်ရင် အပင်ပန်း ခံလိုက်ပါ၊
ပွဲစား မယုံပါနဲ့။

မသိရင် ဘေးကလူတွေနဲ့ ဝန်ထမ်းတွေကို မေးပါ။

အော်လွှတ်၊ ဟောက်လွှတ်ရင်လည်း သည်းခံကြပါ။

အောင်မြင် အဆင်ပြေကြပါစေ။

အမေရိက ဗီဇာ လျှောက်ဖို့ ဘာတွေ လိုအပ်သလဲ။******** #အမေရိက ဗီဇာအတွက် Bank statement လည်း မလိုပါ။ ပိုင်ဆိုင်မှု အထောက်အထားတ...
29/11/2022

အမေရိက ဗီဇာ လျှောက်ဖို့ ဘာတွေ လိုအပ်သလဲ။
********

#အမေရိက ဗီဇာအတွက် Bank statement လည်း မလိုပါ။

ပိုင်ဆိုင်မှု အထောက်အထားတွေလည်း မလိုပါ။

နောက်ဆုံး အိမ်ထောင်စု မှတ်ပုံတင်လည်း မကြည့်ပါ။

(ပြလည်း ယုံကြည်မှု မရှိပါ။)

ဘာတွေလိုသလဲ ဆိုရင်

၁) Facebook Accounts or Social Media ကို ကြည့်ပြီး Background Check လုပ်တာမို့ သေချာ ပြင်ဆင်ထားဖို့ လိုပါတယ်။

၂) ခရီးသွားမယ့် အကြောင်းအရာ ခိုင်မာဖို့ လိုပါတယ်။

၃) ခရီးသွားခဲ့ဖူးတဲ့ နိုင်ငံတွေကို ပတ်စ်ပို့ပေါ်မှာ ကြည့်ပါတယ်။ နိုင်ငံကြီးတွေ သွားဖူးထားရင် ပိုကောင်းပါတယ်။

၄) အလည်အပါတ် ဗီဇာ လျှောက်တဲ့သူက ပြန်လာမှာ သေချာရဲ့လား ဆိုတာ လေ့လာပါတယ်။

၅) ကိုယ်က ဘာလုပ်ငန်းတွေလုပ်ပြီး ဘယ်လို ဝင်ငွေရှိသလဲ၊ အမေရိကားမှာ အမျိုးတွေရှိသလား ဆိုတာလေ့လာပါတယ်။

၆။ ဗီဇာလျှောက်သူ အခြေအနေကို အကဲခတ် ပါတယ်။

သူတို့ လေ့လာတာက ဒါလေးပါပဲ။

လူကြီးမင်းမှာ အိမ်ဘယ်လောက်ကြီး ပိုင်ပိုင်၊ ဘဏ်ထဲမှာ ငွေဘယ်လောက် ရှိတယ် ပြောပြော သူတို့ စိတ်မဝင်စား ပါဘူး။

US အလည် ဗီဇာ လျှောက်လိုသူတွေ အနေနဲ့ ဒါလေးတွေကို သေချာ ပြင်ဆင်ထားရင်တော့ ဗီဇာရကြမှာ ဖြစ်ပါတယ်။

အောင်မြင်ကြပါစေ။

29/11/2022

လက်ရှိ အချိန်အထိ ကျနော်တို့ အနေနဲ့ Visa Services တွေ လုပ်ဆောင်တာကို ခေတ္တရပ်ဆိုင်း ထားခဲ့ပါတယ်။

မကြာခင် ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှ ဆက်သွယ်ရမယ့် ရုံးလိပ်စာ နဲ့ ဖုန်း နံပါတ်တွေ ကြေငြာ ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

အမေရိကားမှ စစ်သားစုဆောင်းရေး+++++++++++ကျွန်တော့်သားကြီး High school Junior ပဲရှိသေးတယ် စစ်တပ်အမှုထမ်းဖို့ ကမ်းလှမ်းနေပါ...
23/11/2022

အမေရိကားမှ စစ်သားစုဆောင်းရေး
+++++++++++
ကျွန်တော့်သားကြီး High school Junior ပဲရှိသေးတယ် စစ်တပ်အမှုထမ်းဖို့ ကမ်းလှမ်းနေပါပြီ။
စိတ်ဝင်စားရင် အမေရိကားမှာ စစ်မှုထမ်းဖို့ လျှောက်နိုင်ပါတယ်တဲ့။
စဝင်ဝင်ခြင်း bonus $20,000 အထိရနိုင်ပါတယ်။
Student Loan Repayment ကို $50,000 အထိရနိုင်ပြီး Medical and dental insurance လည်း ရပါမယ်။ 401k retirement account အတွက် 5% ထည့်ဝင်ပေးပါတယ်။ နောက်ပြီး 100% Free Tuition နှင့် bachelor's degree ကိုတက်နိုင်ပါတယ်။
စစ်တပ်ထဲက ထွက်ရင် အပြင်မှာ အလုပ်လုပ်ရာတွင် အဆင်ပြေစေဖို့အတွက် ၁၃၀ လောက်ရှိသော job training ကိုလည်း လစာရရှိပြီး သင်ယူနိုင်ပါမယ်။ ဥပမာ- Welding, heavy equipment operators, medical, information technology, engineering, and many more စသည်တို့ဖြစ်ပါတယ်။ ဒီ training က College ကို သွားဖို့အတွက် credits လည်းရပါလိမ့်မယ်။
နောက်ပြီး အိမ်ဝယ်မယ်ဆိုရင်လည်း benefit ကောင်းပြီး အပြင်မှာ အလုပ်လုပ်မယ်ဆိုရင်လည်း အကျိုးကျေးဇူးများပါမယ်။
စာသင်ရင်း စစ်မှုထမ်း နောက်ပိုင်း ရာထူးတိုးတွေဝင်ဖြေရင် တဆင့်ထက် တဆင့်မြင့်လာပါလိမ့်မယ်။
ရေတပ်နှင့် လေတပ်ကို ဝင်နိုင်ရင် ပိုကောင်းပါတယ်နော်။

လေ့လာကြည့်ကြပါ။
https://www.usa.gov/join-military

အမေရိကားမှာ ရေရှည် နေမယ်ဆိုရင် အခွင့်အလမ်းများသော အလုပ်တွေလုပ်ကိုင်စေချင်ပါတယ်။ တိုးတက်ဖို့ အတွက် စာသင်သင့်ရင် စာသင်ရပါလိမ့်မယ်။ စာသင်ဖို့ စာသင်လို့ရတဲ့ အလုပ်ဖြစ်ရပါမယ်။ စာသင်လို့မရပဲ ပိုက်ဆံပဲ ရနေမယ်ဆိုရင် သိပ်မကောင်းပါဘူး။ လမ်းပေါ်မှာ အချိန်ကုန်တဲ့ အလုပ်ကစာသင်ဖို့တော့ မလွယ်ပါဘူး။
ရေရှည်မှာ ကွာသွားပါလိမ့်မယ်။

ကားမောင်းမှာလား?
Sushi လိပ်မှာလာ?
Retail store မှာ အလုပ်လုပ်မှာလား?
စစ်တပ်ထဲဝင်မှာလား?
Plumbing sanitary လုပ်မှာလား?
ကားပြင်မှာလား?
Welding အလုပ်လုပ်မှာလား?

……..တိုးတက်ဖို့အတွက်…….
စာသင်ရင်း အလုပ်လုပ်နိုင်တာရွေးကြပါ။
အလုပ်လုပ်ရင်း စာသင်နိုင်တာရွေးကြပါ။

သန်းဌေး

11/21/2022

Credit

US visa မှာ ကိုယ့်ရဲ့ ဓာတ်ပုံအောက်မှာပါတဲ့ ကြယ်လေးတွေက ဗီဇာရရှိထားသူဟာ US အတွက်" RISK " ဘယ်လောက် ရှိတယ်ဆိုတာ ဆိုလိုတာပါ။...
23/11/2022

US visa မှာ ကိုယ့်ရဲ့ ဓာတ်ပုံအောက်မှာပါတဲ့ ကြယ်လေးတွေက ဗီဇာရရှိထားသူဟာ US အတွက်" RISK " ဘယ်လောက် ရှိတယ်ဆိုတာ ဆိုလိုတာပါ။

ကြယ်များလေ US ကို ဝင်တဲ့ အခါမှာ security check ပိုများလေဖြစ်ပါတယ်. ကြယ်နည်းလေ ကောင်းလေပါ.

Visa Approved 🤠 First Attempt ( F1) Appointment Time - 9:45 VO - Bald Male Counselor Age - 23 Appointment အချိန်က ၉:၄၅ ဆ...
12/11/2022

Visa Approved 🤠 First Attempt ( F1)
Appointment Time - 9:45
VO - Bald Male Counselor
Age - 23

Appointment အချိန်က ၉:၄၅ ဆိုပေမယ့် ကိုယ်ဝင်တဲ့အခါမှာတောင်မှ ၈:၁၅ Appointment သမားတွေကခေါ်လို့မပြီးသေးတော့ ကိုယ်က ၁၀:၂၀ လောက်မှဝင်ရတယ် (အထဲမှာဝင်စောင့်တာ ၉:၂၀ လောက်ထဲကပါ )

VO - Hi
Me - Hi. Good morning Sir
How are you today ?
သူကကိုယ့်ကိုဘာ reply မှမပြန်ပါ

And VO told me to give my passport and my documents to him and told me to scan my fingers on the scanner .

VO - Have you been outside Burma ?
Me - Yes

VO - Where ?
Me - I’ve been to US , Chaing Mai and Korea .

He’s typing on the computer and asked me the next question without looking at me

VO - Will you go to East Los Angeles College ( ELAC ) ?
Me - Yes

And last he asked me

VO - Do You have any relative In US?
Me - Yes

VO- What kind of relative ?
Me - My sister and My uncle .

He then threw away my passport in the box near him and told me that my Visa is APPROVED .

i said Thank you to him and left .

၁၀ ရက်နေ့ကကိုယ့်အရှေ့မှာဝင်တဲ့ထဲမှာ approved ဆိုလို့ ကိုယ်ရယ် ညီမတယောက်ရယ်ပဲ တွေ့ခဲ့တာပါ

Tips - ညီမဝင်တော့ တော်တော်များများက first impression ကိုကောင်းကောင်းမပြနိုင်ကြပါဘူး အဓိကက သူ့ဘက်က Hi ဆိုရင်ကိုယ့်ဘက်ကလဲ Hello Good day sir or တခုခုပေါ့ ပြောနိုင်ရင်ပိုကောင်းပါတယ် နောက်ထပ်တခုကကြတော့ သူတို့မေးခွန်းမေးတဲ့အခါ သူတို့မေးတာကိုပဲဒဲ့ဖြေတာကို VO တွေကသဘောကြတာပါ သူတို့မေးတာကိုသေချာမဖြေနိုင်ပဲ တခြားဟာလျှောက်ဖြေနေရင် VO သဘောမကျပါဘူး ညီမမျက်မြင်ကိုယ်တွေ့ပါ အဲ့လိုမျိုးတွေကြောင့် reject တွေ တွေ့လိုက်ရတာပါ — feeling blessed.

Credit

January 3ကနေ April 27အထိရန်ကုန် US သံရုံးက NIV visa တွေလက်ခံဆောင်ရွက်ပေး******Nonimmigrant Visa များ ဒီဇင်ဘာ 15 ရက် ညနေ ...
09/11/2022

January 3ကနေ April 27အထိ
ရန်ကုန် US သံရုံးက NIV visa တွေလက်ခံဆောင်ရွက်ပေး
******

Nonimmigrant Visa များ

ဒီဇင်ဘာ 15 ရက် ညနေ 3 နာရီမှ စတင်၍ ဗီဇာစစ်ဆေးရေး ကောင်စစ်ဝန်အပိုင်းသည် (2023 ခုနှစ် ဇန်နဝါရီလ 3 ရက်နေ့မှ 2023 ခုနှစ် ဧပြီလ 27 ရက်နေ့အထိ) (NIV) အမျိုးအစားအားလုံးအတွက် ဗီဇာအင်တာဗျူးချိန်းများကို ဖွင့်လှစ်မည်ဖြစ်ပါသည်။

08/11/2022

Visa approved
Date 8.11.2022
VO tattoo lady
Time-8:15

Question:

1. Have you traveled to other countries before?
- No I haven’t.

2. Have you apply visa before?
- No,This is my the first time.

3. Do you have any relative in the US?
- No,I have not.

4. What is you sponsor do?
- My mom owns a grocery store. She has been
doing this business for more than 20 years now.

5. Do you have siblings?
- Yes,I have younger brother and sister.

6. Their age?
- 16 and 12.

That’s all guys.
စစတွေ့ တာနဲ့ ပြုံးပြံုးလေး ပါဘဲ ကျွန်တော်လဲ ပုံမှန်ပဲ ပြောလိုက်တာပါ ကျွန်တော့ အမြင်မာ တော့ outfit လဲ ဆိုင်မဲ့ ပုံပဲ ဖြစ်နိုင်ရင် အတက်နိုင်ဆုံး ရိုးရိုးရှင်းရှင်း student vibe လေး ဖြစ်အောင် ဝတ်ပါလို့ အကြံပေးချင်ပါတယ် good luck ပါ။

Credit to Han Lin Fish

ဗီဇာငြင်းပယ်ခြင်း။
02/11/2022

ဗီဇာငြင်းပယ်ခြင်း။

29/10/2022

နိုင်ငံကြီးပြည်ဝင်ခွင့်ဆိုင်ရာ လျောက်ထားခြင်းနဲ့ပတ်သက်ပြီး
အလိမ်မခံရအောင် သတိပေးချင်ပါတယ်။
လိမ်တဲ့သူကတော့ခေတ်အဆက်ဆက်ရှိနေမှာပါပဲ။

သိန်းရာချီယူပြီး 100%Visa ရမယ်ပြောရင်
ဒါအလိမ်ဖြစ်ဖို့ အရမ်းသေချာနေပါပြီ။

သိန်းရာချီယူတာဘာအကြောင်းလဲမသိပေမဲ့
100%visa ရမယ်ဆိုတာတော့လိမ်တာပါ။

ဘယ်visa မှာ 100%ရမယ်အာမခံလို့မရနိုင်ပါဘူး။
ဘယ်သံရုံး ဘယ် visa officer မှ ပိုက်ဆံယူပြီး visa အအောင်ပေးတယ်ဆိုတာမရှိပါဘူး။

Visa ရခြင်းမရခြင်းက
ကာယကံရှင် ကိုယ်တိုင်နဲ့ လျောက်ထားပေးသူအကြံပေး Agent ရဲ့လိမ္မာကျွမ်းကျင်မှုပေါ်မူတည်သလို
သံရုံးရဲ့ လက်ရှိခံယူချက်ပေါ်လဲမူတည်ပါတယ်။

ဒီဘက်ပိုင်းတွေမှာ MD ကိုvisa ပေးရင်
Director ကိုမပေးတါမျိုးတွေရှိပါတယ်။
အလုပ်ကိစ္စတခုအပေါ်မှာ သွားမဲ့ရည်ရွယ်ချက်ခြင်းတူတဲ့အပေါ်မှာ ရုံးတစ်ရုံးထဲမှာ လူများများသွားခြင်းထက်
အနည်းဆုံးလူဦးရေကိုပဲပေးသွားတဲ့ သဘောထားတွေကိုတွေ့လာရပါတယ်။
ဒါကသက်ဆိုင်ရာသံရုံးတွေရဲ့ သဘောထားဆိုင်ရာပေါ်မူတည်ပါတယ်။

Visa လိုအပ်ချက်တွေက တစ်ဦးနဲ့တစ်ဦးလုံးဝမတူပါဘူး။
ဒါကြောင့် personal data တွေမသိပဲ လိုအပ်ချက်ကိုပို့ပေးလို့မရပါဘူး။

ရွှာမှာလည်ထွန်စက် ထောင်စားသူလဲ
အမေရိကား visa ရပါတယ်။

နယ်မြို့တွေကစျေးဆိုင်ဖွင့်သူတွေလဲ UK visa ရပါတယ်။
တစ်ဦးခြင်းပေါ်မူတည် အရှိအတိုင်းကိုပဲ အနည်းငယ် လိုတာဖြည့်ပြီး လျောက်ပေးရတာမျိုးပါ။

အထူးအရေးကြီးတာ
Agent ကိုအပ်တဲ့အခါ မိမိ Application ကိုမိမိကိုယ်တိုင် မစစ်ဆေး submit မလုပ်ပါစေနဲ့။
ကိုယ်ရဲ့ Application record ကို သိမ်းထားပါ။

UK visa refusal ဖြစ်လာတဲ့ အခါ Agent စီက Refusal letter တောင်းလာပြီးမှ ထပ်ပြန်လာလျောက်ပါ။
Refusal ထဲမှာ ဘာကြောင့် Refusal လုပ်လဲတိတိကျကျပါတာမို့ Refusal ကို ကျွမ်းကျင်သူကမဖတ်ပဲ ပြန်လျောက်ပေးလို့မရနိူင်ပါ။

မည်သည် Agent နဲ့လျောက်သည်ဖြစ်စေ
ကိုယ်ဘာတွေတင်လိုက်တယ်ဆိုတာသေချာသိဖို့လိုပါတယ်။

ပိုက်ဆံပေးရင် အရာရာ ရတဲ့ထဲမှာ ပြည်ဝင်ခွင့်
UK/USA/EU/Aussie/Newzerland /Canada မပါပါဘူး။

မှန်မှန်ကန်ကန် တိတိကျကျ ကျွမ်းကျင်စွာ Visa လျောက်ထားပေးနိုင်သော Agent လက်ချိုးရေလို့ရပါတယ်။ Form ဖြည့်တတ်ခြင်းဟာ Visa လျောက်ထားတတ်ခြင်းမဟုတ်ပါ။

သက်ဆိုင်ရာ သံရုံးများရဲ့ လိုအပ်ချက်အပြင်
လျောက်ထားပေးသူဟာ Consular အတိုင်း Customer အပေါ်တချက်မညှာမြင်တတ်ပြီး
ပွဲမဝင်ခင် ဆန်ရင်းနာနာဖွတ်ဖို့လိုပါတယ်။

US visa လာလျောက်တဲ့ customers အသစ်တွေကို
Consular ကဲ့သိုမေးခွန်းမေးရင် မဖြေတတ်သူများပါတယ်။Question တွေများများမေးပေးဖို့လိုပါတယ်။ အရာရာက common senses ပါပဲ။

ကျောင်းသားတချို့မှာလဲ
Myanmar Uni မှာ တက်လက်စကတမျိုး
US မှာပြောင်းတက်တာကတမျိုး
ဘာကြောင့်မေဂျာချိန်းတာလဲ မေးရင်
Consular ရှေ့မပြောနဲ့ ကိုယ်ရှေ့တောင်မဖြေနိုင်ကြပါဘူး။
US မှာဘာလိုသွားတက်တာလဲ မေးရင်လဲ
မဖြေတတ်ကြပါဘူး။
ဒီတော့
Interview မအောင်တာမဆန်းပါဘူး။

သေချာ ခေါင်းထဲကို အဖြေတွေတွေးတတ်အောင်လုပ်ပြီးမှ ကိုယ်တိုင် Form ကိုယ်ရှေ့ဖြေခိုင်းပါတယ်။ ပြီးရင် ဘာလို ဘာကြောင့်ဒီလိုဖြည့်တာလဲထပ်မေးပါတယ်။
စာမေးပွဲတခုမဖြေခင် Revision ပြန်ပေးသလိုအထပ်ထပ်လုပ်ပေးလိုက်ပြီး
ကိုယ်တိုင်လဲ လိုအပ်ရင် Form ဖြည့်ခိုင်းမှာတော့
ဒီကျောင်းသား Visa ရစရာမရှိပါဘူး။

Form လေးပဲဖြည့်ပေးပါ Form ဖြည့်ခ ဘယ်လောက်ယူလဲမေးရင်အဖက်လုပ်ပြန်မဖြေပါဘူး။
ပြည်ဝင်ခွင့်အရည်အခြင်းပြည့်မှီအောင်လုပ်ပေးတါပါ။ Form ဖြည့်ပေးတဲ့အလုပ်လုပ်တာမဟုတ်ပါဘူး။ ဒါကကြုံလိုပြောတာပါ။Form ပါဖြည့်ပေးပါတယ်။

#နောက်တခုထပ်အရေးကြီးတာ
စာရွက်စာတမ်းအတုပြုလုပ်ခြင်းပါ
သက်ဆိုင်ရာသံရုံးက စာရွက်စာတမ်းအတုလုပ်တာ
သိရှိရင် visa လျောက်ထားခြင်းကို 10နှစ်အထိ Ban လို့ရပါတယ်။ ရာသက်ပန် black list လဲဖြစ်နိုင်ပါတယ်။

လျောက်သူတိုင်း Refusal record ကင်းဝေးနိူင်ကြပါစေ။

ပင်ပန်းကြိုးစားငွေကုန်ရကျိုးနပ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

#မမင်း
MinTravel
Credit

2:10 Pm မှာ ပြီးပါတယ် 🥹ချွေးထွက်လွန်သွားလို့ သေအောင်မောပါတယ် 😭(အိမ်ရောက် - ရေချိုး - ဆေးသောက်- အိပ်😁)မထနိုင်တော့ဘူး 😁💔မန...
03/10/2022

2:10 Pm မှာ ပြီးပါတယ် 🥹
ချွေးထွက်လွန်သွားလို့ သေအောင်မောပါတယ် 😭
(အိမ်ရောက် - ရေချိုး - ဆေးသောက်- အိပ်😁)
မထနိုင်တော့ဘူး 😁💔

မနက် 4:30Am မှာ ရောက်ပါတယ်
(ကိုယ့်ရှေ့မှာ အယောက် ၁၅၀ကျော် ပဲ😆)
ပန်းခြံဘက်က တန်းစီပါတယ်
(Company တွေတခြားဟာတွေက
စက်မှုဘက်မှာ တန်းစီပါ)
🛑၃၀၀၀ ကျပ်နဲ့ တန်းမစီရအောင်လုပ်ပေးမယ်ဆိုတဲ့
ပွဲစားလိုလို ဟာတွေကို မယုံပါနဲ့🛑

7:00 မှာ ကျား/မ ခွဲတဲ့ ပထမဆုံးအပေါက်ကို
ဖွင့်ပေးပါတယ်
(အဲ့ကနေ စပြေး/တာဇံမ လုပ်ပါပြီ) 😁

QR စစ်မဲ့နေရာမှာ စစီပါပြီ
(အဲ့မှာ အရေးကြီးပါတယ် -
ပန်းခြံဘက်ကအဖွဲ့တွေပဲမဟုတ်တော့ဘူး
စက်မှုဘက်ကအဖွဲ့တွေရော /ပွဲစားထည့်တွေရော
အုပ်စုလိုက်ထည့်ပေးတာမို့
အတန်းကတော့ တော်တော်ရှည်ပါတယ်)
- အဲ့မှာကိုယ့်လူလာဖို့ရှိတယ် ဆိုပြီး
နေရာဦးထားလို့ မရသေးပါဘူး
-ကြားဖြတ်ပြီး ခပ်တည်တည်နဲ့ လည်း
မဝင်ပါနဲ့နော(အစောင့်၄/၅ယောက်က
စောင့်ကြည့်ပါတယ်)
ဆံရှည်နဲ့ ကုလားဆို အဆိုးဆုံးပါ 😆
ကြားဖြတ် ဝင်လာတဲ့ မိန်းခလေး ၂ယောက်ဆို
ဓါတ်ပုံရိုက်ပြီး ပြန်ခိုင်းပါတယ် 🥹
(သူလုပ်တာ မှန်တော့မှန်တယ်🤭)

ကဲ QR စစစ်ပါပြီ 📠
-QR စာရွက်နဲ့ မှတ်ပုံတင်မူရင်းကို စစ်ပါတယ်
-QR ကို မိတ္တူကူးလာခဲ့ပါ (လွယ်မယ်/မြန်မယ်)

အထဲဝင်ပါပြီ
-ရဲစီက Form တစ်ဆောင်ကို ၁၀၀၀/- နဲ့ဝယ်ပါ
(မဖြည့်သေးနဲ့ အေးဆေးထားလိုက်ပါ)
-ရှေ့မှာဂိတ် နံပတ်တွေ အများကြီးတွေ့မယ်
လူနည်းတဲ့ နေရာမှာ ဝင်တန်းစီပါ
(မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ဆောင်
သခစရင်း မူရင်းနဲ့ မိတ္တူ၂ဆောင်ကို
လဝက ဝန်ထမ်းကိုပြပါ
-ပြီးရင် သူတို့ အနောက်မှာ စလစ်ထုတ်ပေးတဲ့
လူ ၂ယောက်ရှိမယ် သူတို့ဆီက ဘဏ်စလစ်နဲ့
ခုနက ပေးထားတဲ့ စာရွက်/တမ်းတွေယူပါ
ငွေ -၂၀၀၀ပေးခဲ့ပါ

🛑🛑🛑လဝက မေးခွန်းတွေမေးခဲ့ရင်လုံးဝ မကြောက်ပါနဲ့ ရဲရဲ ဝံ့ဝံ့ဖြေပါ🛑🛑🛑

⭕️⭕️ကျမမောင်လေးဆိုရင် ဆံပင်ကလည်း
ကတုံးပေါက်စပုံညှပ်/အရပ်ကလည်း
ခပ်ရှည်ရှည် ဆိုတော့ လဝက က
ဘာထင်လဲတော့ မသိဘူး 😁😁
ဦးစီးရှိတဲ့ဘက်မှာ သွားပါတဲ့
(ကိုယ်ကတော့ မသွားခိုင်းတော့ဘူး
Counter 4 က အသားညိုညို နဲ့ လဝက
အကိုစီကိုပဲသွားလိုက်တယ် /သဘောကောင်းလို့) ⭕️⭕️

ကဲ ဘဏ်ငွေသွင်းပါတော့မယ်
-ခုနက စလစ်နဲ့ ငွေသား၂၅၀၀၀/- ကို ဘဏ်ကောင်တာမှာ အပ်ခဲ့ပါ
-ပြီးရင် PJ ဆို အဲ့ဘဏ်ရှေ့မှာပဲ
ဓါတ်ပုံရိုက်ဖို့တန်းစီပါ
-PV ဆိုရင် အပေါထပ်ကို ပြေးတက်ပါ
လူနည်းတဲ့ ဂိတ်မှာ တန်းစီပြီး
အရှေ့အနောက်နဲ့ ၅မိနစ်စာလောက် မိတ်ဖွဲ့ပြီး
နေရာဦးထားပါ (ပြန်လာမယ် နော ဆက်ဆက်ပြောခဲ့ပါ)
-အောက်ပြန်ဆင်းပြီး ခုနက ဘဏ်ရှေ့မှာနေပါ
ကိုယ့်နာမည်အော်ခေါမှာကို နားစွင့်ပါ
(အဲ့မှာလဲ တော်တော်ကြာပါတယ် 🥹)
-ဘဏ်ကပေးတဲ့ စလစ်ရရင်
ကိုယ့်ဟာမှန်/မမှန် သေချာစစ်ပါ

-ပြီးရင် PV သမားဆိုရင်
အပေါထပ်ကို ပြန်ပြေးတက်ပါ
ခုနက ဦးထားတဲ့ နေရာမှာ ပြန်တန်းစီပါ
-🛑အဲ့မှာခုနက ဝယ်ထားတဲ့ Form ကို
အေးဆေးဖြည့်ပါ🛑
-ကိုယ့်အလှည့်ရောက်ရင်
ဖြည့်ထားတဲ့ Form ရယ်
ဘဏ်စလစ်နဲ့ သခစရင်းမူရင်း
မှတ်ပုံတင် မူရင်း/မိတ္တူ တွေကို ထုတ်ပြပါ
⭕️လူတွေ့စစ်ဆေးပါတယ်
ပြီးရင် ဓါတ်ပုံရိုက် ပါတယ် ⭕️
-🛑စလစ်စောင့်ပါ 🛑
-စလစ်ထွက်လာရင် ၅၀၀၀/- ကျပ်သွင်းရတယ်
-စလစ်စာရွက်ကိုသေသေချာချာ(သေသေချာချာ)
ပြန်စစ်ပါ (ထပ်ခါထပ်ခါစစ်ပါ)
မှန်ပီဆိုမှ ထွက်လာပါ
-အမှားပါရင် ချက်ချင်းပြင်ခိုင်းပါ
(အမတစ်ယောက်ဆို ချက်ချင်းမပြင်ခိုင်းလို့
နေ့တိုင်းနီးပါးသွားနေရတယ် (၄ရက်မြောက်နေ့ပါတဲ့)💔😭
-စလစ်မှန်ရင် အကုန်လုံး ပြီးစီးသွားပါပြီ
-အဲ့စလစ်ကို ဓါတ်ပုံသေချာရိုက်ထားပါ
(ပျောက်သွားရင် ပြလို့ရအောင်)

>>

အရမ်းလွယ်ပါတယ်
၁။ကျား/မ ခွဲတဲ့ဂိတ်
၂။QR စစ်တဲ့ဂိတ်
၃။လဝက ဂိတ်
၄။ဘဏ်ငွေသွင်း
၅။ဓါတ်ပုံရိုက်(စလစ်ထုတ်)
အဲ့ ၅ချက်ကိုပဲ လုပ်ရတာပါ

ဒါပေမဲ့ စိတ်ရှည်ပါ(စောင့်နိုင်ရင် ပြီးပါတယ်)😁
ကိုယ်လုပ်ထားတာဘာတွေလိုလဲ/
သူများရော ဘာတွေလုပ်လဲ လိုက်စပ်စုပါ
တခြားလူကို မေးကြည့်ပါ
ကိုယ်ဘယ်လိုင်းမှာ(ဘာလုပ်တဲ့လိုင်းမှာ)
တန်းစီနေတာလဲ ဆိုတာ သေချာမေးပါ
တန်းစီရတာများလို့ နေရာမှားမှာစိုးလို့ပါ
(မရှက်ပါနဲ့)

ပြောချင်တာကတော့ ကိုယ်တိုင်လုပ်ပါ
လုံးဝ မကြောက်ပါနဲ့(မအ ပါနဲ့)
(လည်လည်ဝယ်ဝယ်ရှိပါ)
ကုန်ကျသက်သာတယ် 🎈🎈
(Form ဝယ်-၁၀၀၀
ဘဏ်စလစ်-၂၀၀၀
ဘဏ်သွင်း-၂၅၀၀၀
စလစ်ထုတ် -၅၀၀၀)
Total - ၃၃၀၀၀/- ပဲကုန်ပါတယ်

ပွဲစားအပ်ရင်လဲ ကိုယ်တိုင်တန်းစီ
ကိုယ်တိုင်အစဆုံးလုပ်ရတာပါပဲ
(၄သိန်းနီးပါးကုနိမယ်)🤭

ကူညီ လမ်းပြပေးတဲ့ အကို အမတွေကိုလဲ
ကျေးဇူးအများကြီးတင်ပါတယ်

ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မသိ/နားမလည်တဲ့သူတွေ့ရင်လဲ ကူညီပါ ဖေးမပါ) 🎈❤️

အားလုံပဲအဆင်ပြေကြပါစေ ❤️🙏🏼🥳🥳

Credit to Don Khon Huwai

28/09/2022

ED visa ( Language school )

ထိုင်းနိုင်ငံမှာ အကြာကြီး နေချင်တဲ့သူတွေ အတွက် visa သက်တမ်း 1 year လောက်ရတဲ့ ED visa ( Language school ) ကိုယူဖို့အကြံပေးချင်တယ် ။Language schoolတွေ ထိုင်းနိုင်ငံမှာအများကြီးရှိတယ် တချို့ကျောင်းတွေက အဆင်ပြေသလို့ တချို့ကျောင်းတွေက visa လုပ်ပေးတာ ကြာတာတွေ ဖြစ်နိုင်ပါတယ်။ တချို့ဆို ed visa လျှောက်ပေးမယ်ဆိုပြီး လိမ်သွားတာတွေ ရှိပါတယ်နော် သတိထားစေချင်ပါတယ်။ဈေးနည်းတယ်ဆိုပြီးအရမ်းကြီး မယုံချင်မိသလို သေချာစုံစမ်းပြီးမှ ငွေပေးစေချင်ပါတယ် ။ကျွန်တော်ကတော့ language school ထဲမှာဆို pro Language school ကို recommend ပေးပါတယ် အရင်တည်းကလည်း ဧသည့်တွေ ကျောင်းအပ်ပေးရင် အားလုံးအဆင်ပြေပြီး အခုထိလည်း အဲ့ကျောင်းနဲ့လက်တွဲလာတာပါနော် ( တခြားကျောင်းတွေ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး နော် သေချာလေး စုံစမ်းပြီးမှ ကျောင်းအပ်စေချင်ပါတယ် ခင်ဗျ)

အမေးများတဲ့ မေးခွန်းလေးဖြေပေးပါ့မယ် !

👉 1 year ဘယ်လောက်ကုန်ကျမှာလည်း ?

ကျောင်းစရိတ်-30900 baht ( 1 year / thai language)
1 time immigration -1900 baht
2 time immigration -3400 baht
3 time immigration -3400 baht
4 time immigration -3400 baht

total - 43000baht ( 1 year)
agent အပ်မယ်ဆိုservice ထပ်ပေးရပါမယ်နော် !

👉 1 yearတခါတည်း visa ပေးတာလား ?

1 year စာတခါတည်း မပေးပါဘူး 3 months တစ်ခါ visa တုန်းသွားထုရပါမယ် 1 year အတွက် 4 ကြိမ်သွားရပါမယ်

👉 visa ယူဖို့အတွက် ဘာတွေ လိုအပ်မလဲ ?

passport ( 45 days visa ကျန်ရပါမယ်)
( tourist visa 2 months လာသူများ , 14 days လာပြီး covid visa တိုးထားသူများ လျှောက်ထားနိုင်ပါတယ် ) - hospital လာပြီးဆေးရုံ ဘက်က တ်ုးပေးတဲ့ visa လက်မခံပါနော် !

Photo -2 လက်မ ပတ်လည် (သို့ ) passport size ဆိုရပါပြီ

ကျန်တာတွေ ဘာမှ မလိုအပ်ပါဘူး

👉 ကျောင်းအပ်ပြီး ဘယ်အချိန်မှ visa ရမှာလည်း?

အရင်ဆုံး ကျောင်းအပ်မယ်ဆို passport မူရင်း ကို ပြရပါမယ် ကျောင်းကို , ကျောင်းက သေချာစစ်ပြီးမှ လက်ခံပေးမှာပါ ? copy ပြပြီး ကျောင်းက လုံးဝလုံးဝ လက်မခံပါဘူးနော် မူရင်းကိုစစ်င်္ပြးမှ ကျောင်းအပ်လက်ခံတာပါ ။

👉 visa လုပ်ရင် ဘယ်လောက်ကြာလည်း?

working day က ကျောင်းလျှောက်မဲ့သူရဲ့visa သက် တမ်းပေါ်မူတည်ပါတယ် ။ ဒီနေ့ကျောင်းအပ် နောက်နေ့ visa မရပါဘူးနော် အနည်းဆုံး 15 days or 20 days ကြာပါတယ်။ ကိုယ်က 45 days visa လက်ကျန်ရှိတည်းက ကျောင်းအပ်ထားပါ ။ဒါမှ ကိုယ့် visa ကုန်တဲ့အချိန် ed visa တန်းရမှာပါ ။

တချို့က 2 months visa ကျန်နေသေးတာ ငါကျောင်းအပ်ရင် 2 months ကြီး အလကားဖြစ်တော့မှပေါ့ 😪 လုံးဝမဖြစ်ပါဘူးနော် ကိုယ့် visa ကုန်ခံနီးမှ ed visa ဝင်မှာပါ ,တချို့က မသိတော့ visa ကုန်ခံနီးမှ ကျောင်းသွားအပ်တော့ 45 days မပြည့်တော့ ကျောင်းအပ်လို့မရဖြစ်ကုန်😪 ဒါကြောင့်ကြိုအပ်ထားစေချင်ပါနော်

👉 အသက်အရွယ်အပိုင်းအခြားရှိပါသလား?

ဟုတ်ကဲ့ရှိပါတယ် ! အသက်၁၅ နှစ်အထက်ကစပြီးကျောင်းအပ်လက်ခံပါတယ်။

👉 Ed visa ရပြီးရင်ကော ပြန်လို့ရပါလား ! multi ?

Ed visa ရပြီးရင်ပြန်လို့ရပါတယ် , 3 months visa ရပြီး နိုင်ငံပြင်ပထွက်လို့ရပါတယ်။ multi တော့မပေးပါဘူး ။ 3 months မှာ 1 ကြိမ်သာရပြီး airport or immigrationမှာ reentry တုံးထုခဲ့ရပါမယ် ( 1000 baht ) ကျသင့်နိုင်ပါတယ် ။ အကယ်လို့ reentry တုံးမထုမိရင်ကော ? ဒါဆို visa သေပြီး 14 days အဖြစ် ပြန်လာရပါမည် ။ ကျောင်းစရိတ်လည်းဆုံးပေါ့ 😪

အခုချိန်က pro language က လူပြည့်တာများနေတာမို့ လက်မခံဘူး တွေ့ရပါတယ် ?

ဒါဆို ဘယ်လိုအပ်ရမလဲ ....

ကျွန်တော်တို့ဆီလာခဲ့ပါ ဆောင်ရွက်ပေးပါရစေ !ကျောင်းနဲ့က ကျွန်တော်တို့က အမြဲတန်း အဆက်သွယ်ရှိပြီး ကျွန်တော်တို့ဧသည့်တွေ အတွက် အများကြီး ဂရုစိုက်သေချာ ကူညီဆောင်ရွက်ပေးပါတယ် !

Ko YE
Credit

09/06/2022

ဂငယ်လား?စလုံးလား?

BEနဲ့ကျောင်းပြီးထားတဲ့ ညီငယ်၊ ညီမငယ်တွေ ကျောင်းပြီးလို့ ဂျပန်သွားရင်ကောင်းမလား? စင်္ကာပူသွားရင်ကောင်းမလား? မေးနေတဲ့လူတွေ ဒါကိုဖတ်ပါ။

ကျွန်တော်နဲ့ကျွန်တော့ညီမရဲ့အတွေ့အကြုံကိုအခြေခံပြီး ဒီစာကို ရေးလိုက်ပါတယ်။
ဆုံးဖြတ်တာကတော့ မိမိကိုယ်တိုင် စဉ်စားပြီးဆုံးဖြတ်ကြပါ။

ကျွန်တော် ၂၀၀၃မှာ BEနဲ့ကျောင်းပြီးပါတယ်။
၂၀၀၅မှာ ဂျပန်ကိုထွက်လာခဲ့ပါတယ်။
အဲ့ဒီအချိန်က ကျွန်တော့သူငယ်ချင်းတော်တော်များများကတော့ စင်္ကာပူကို ထွက်ကြပါတယ်။
ကျွန်တော်တို့တုန်းက ဂျပန်ကို အလုပ်နဲ့တိုက်ရိုက်လာဖို့ မလွယ်သေးပါဘူး။ အဲ့ဒီအတွက် ကျွန်တော် ဂျပန်မှာ အလုပ်ရဖို့ ကျောင်း၆နှစ် ဆက်တက်ခဲ့ရပါတယ်။
ကျောင်းတူတူပြီးခဲ့တဲ့ စလုံးသွားတဲ့ ကျွန်တော့်သူငယ်ချင်းတွေ အလုပ်တိုက်ရိုက်တန်းရခဲ့တဲ့လူတွေရှိသလို၊ မာစတာ၂နှစ်ဆက်တက်ပြီးမှ စလုံးမှာ အလုပ်ရသွားတဲ့လူတွေလည်း ရှိပါတယ်။
လက်ရှိ သူတို့တွေရဲ့ဝင်ငွေ ကျွန်တော့ထက်များကြပါတယ်။

ပြီးတော့ ကျွန်တော့ညီမ BEနဲ့ ၂၀၀၈ မှာကျောင်းပြီးပါတယ်။
မြန်မာနိုင်ငံမှာ ၂နှစ်ခွဲ၃နှစ်လောက် လုပ်ငန်းအတွေ့အကြုံယူပါတယ်။
၂၀၁၁မှာ စလုံးရောက်ပါတယ်။အလုပ်တန်းလုပ်ပါတယ်။
ကျွန်တော်လည်း ၂၀၁၁မှာ ဂျပန်မှာကျောင်းပြီးလို့
အလုပ်စလုပ်ပါတယ်။
လက်ရှိ ကျွန်တော့ညီမဝင်ငွေ ကျွန်တော့ထက်များပါတယ်။(လခကတော့ ကျွန်တော်ကများပါတယ်။ဒါပေမယ့် ဂျပန်မှာ လခထဲက အခွန်နှုတ်တဲ့အတွက်၊ တကယ်ဝင်တဲ့ငွေကတော့ ကျွန်တော်ကနည်းပါတယ်။)

ဝင်ငွေအနေနဲ့ပြောရရင်တော့ စလုံးက သာတယ်လို့တော့ ဆိုနိုင်ပါတယ်။

ကဲ...
ဂျပန်နဲ့စလုံး ဘာတွေကွာလို့ ဘာတွေသာကြသလဲ!!

(၁). ဘာသာစကား
ဂျပန်မှာအလုပ်လုပ်ကြတဲ့အခါ ဂျပန်စကားကိုပဲ အဓိကထားသုံးပါတယ်။ အင်္ဂလိပ်စကား မသုံးကြပါဘူး။
ဂျပန်လာမယ်ဆိုရင် ဂျပန်စကားကို ကျွမ်းကျင်အောင်သင်ခဲ့ဖို့လိုအပ်ပါတယ်။ အလုပ်နဲ့တိုက်ရိုက်လာမယ်ဆိုရင် N2 အနည်းဆုံးရှိမှ လာသင့်ပါတယ်။ စာ၊ စကားမရရင် ဒုက္ခရောက်ပါလိမ့်မယ်။ တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံပြန်ပြီး အလုပ်လုပ်မယ်လို့စဉ်းစားရင်၊ ဒါလေးတော့ ထည့်စဉ်းစားပါ။ မြန်မာနိုင်ငံက အလုပ်ခေါ်စာတွေဟာ အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ်ဆိုပြီး ခေါ်ကြတာများပါတယ်(မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီတွေလည်း အင်္ဂလိပ်စာBusiness Level ရှိရမယ်ဆိုပြီး ခေါ်ကြပါတယ်)။ အဲ့ဒီတော့...ဂျပန်မှာ ဂျပန်လိုပဲ ပြောဆိုအလုပ်လုပ်လာခဲ့တဲ့ဂျပန်ပြန်တွေ ဒုက္ခရောက်ကြပါတယ်။မြန်မာနိုင်ငံမှာအလုပ်ရဖို့ အင်္ဂလိပ်စာပြန်လေ့လာကြရပါတယ်။
ပြီးတော့ ဂျပန်ကုမ္ပဏီကကွန်ပျူတာတွေဟာ ဂျပန် version ကိုပဲသုံးကြပါတယ်။
ဂျပန်OS(operating system)လေး၊ ဂျပန်softwareလေးလည်း သုံးတတ်ဖို့ လိုပါလိမ့်မယ်။

စလုံးမှာတော့ အင်္ဂလိပ်စကားသုံးတဲ့အတွက်ကြောင့်
မြန်မာကနေ စလုံးသွားမယ့်လူတွေဟာ ဘာသာစကားကို အထူးလေ့လာနေစရာမလိုပါဘူး။
အနည်းငယ် အားစိုက်လုပ်လိုက်ရင် အဆင်ပြေပါလိမ့်မယ်။ တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံပြန်ပြီး အလုပ်လုပ်မယ်ဆိုရင်လည်း စလုံးမှာအင်္ဂလိပ်လိုသုံးလာတဲ့အတွက် အဆင်ပြေပါလိမ့်မယ်။မြန်မာနိုင်ငံက သင်လာတဲ့ ကွန်ပျူတာ၊ software တွေက အင်္ဂလိပ်လိုမို့လို့ တိုက်ရိုက် အသုံးချနိုင်ပါတယ်။

(၂). အလုပ်လုပ်ဖို့ ထွက်ခွါခြင်း
စလုံးကို အရင်တုန်းက visit-visa နဲ့သွားပြီးအလုပ်ရှာဖွေလို့ရပါတယ်။အခုvisa လျောက်ဖို့တောင်မလို့တော့ပါဘူး။ ဆိုက်ရောက် visa တစ်လပေးပါတယ်။ ပြီးရင် extension လုပ်ရင် တစ်လထပ်ရပါတယ်။ လက်ရှိကတော့ စလုံးမှာ အလုပ်ရှားတယ်လို့ ပြောကြပါတယ်။

ဂျပန်ကိုတော့ visit-visa နဲ့လာပြီးအလုပ်လာရှာဖွေလို့ မရပါဘူး။ ဆိုက်ရောက် visa လည်းမရှိပါဘူး။ မြန်မာနိုင်ငံ ဂျပန်သံရုံးကလုပ်တဲ့ job fairတွေနဲ့ မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီရုံးခွဲတွေမှာ အလုပ်ရှာရပါတယ်။ အေးဂျင့်တွေကိုလည်း အားကိုးရပါတယ်။
လိမ်လည်ခံရမှုလည်းများပါတယ်။ ပြီးတော့ ဂျပန်မှာက work-visa နဲ့ ခပ်ဆင်ဆင် training-visa ဆိုတာလည်းရှိပါတယ်။ ဒီဗီဇာက BE သမားတွေလာဖို့ မသင့်တော်ပါဘူး။ အလုပ်ကြမ်းတွေလုပ်ရပြီး လစာအလွန်နည်းပါတယ်။ training-visa က ၃နှစ်ပြည့်ရင် မြန်မာနိုင်ငံပြန်ရပါတယ်။ ဂျပန်လာမယ်ဆိုရင် ဒီ visa ၂ခုကို ကွဲကွဲပြားပြားသိဖို့လိုအပ်ပါတယ်။

(၃). နေထိုင်စားသောက်ခြင်း
ဂျပန်က အိမ်ခန်းတွေဟာ အရမ်းကျဉ်းပါတယ်။
၁၀ပေပတ်လည်လောက် အခန်းထဲမှာ ၂ယောက်၊၃ယောက် တန်းစီပြီးအိပ်ရပါလိမ့်မယ်။ တစ်လကို ယန်း၄သောင်း(စလုံး၄၇၀)လောက် ပေးရပါတယ်။

စလုံးမှာက စလုံး၄၇၀လောက်ဆိုရင် အခန်းကျဉ်းပေမယ့် ကိုယ့်အခန်းလေးနဲ့ကိုယ်( study room type)
နေလို့ရပါတယ်။

ဂျပန်မှာက စားစရိတ်လည်း စျေးကြီးပါတယ်။ ဂျပန်ခေါက်ဆွဲတစ်ပွဲ ပုံမှန်ဆိုရင်တောင် ယန်း၇၀၀(စလုံး၈ဒေါ်လာ)လောက်ရှိပါတယ်။
စလုံးမှာက စလုံး၈ဒေါ်လာဆိုရင် ထမင်းကောင်းကောင်းတစ်ပွဲ စားလို့ရပါတယ်။
ပြီးတော့ အာဆီယံနိုင်ငံဖြစ်တဲ့အတွက် သရက်သီး၊ ဒူးရင်းသီး၊ ကြံရည် စတဲ့ မြန်မာကြိုက် အစားအစာတွေလည်း လွယ်လွယ်ကူကူနဲ့ ဝယ်ယူလို့ရပါတယ်။

(၄). အလုပ်လုပ်ချိန်
ဂျပန်ရဲ့အလုပ်လုပ်ချိန်ကတော့ ပုံမှန်အားဖြင့် မနက်၉:၀၀ ည ၅:၃၀ နေ့လယ်တစ်နာရီ ထမင်းစားနား။ တစ်ပတ်၅ရက်ဆင်း။ စနေ၊ တနင်္ဂနွေ၂ရက်နားက ပုံမှန်ပါပဲ။
အစိုးရရုံးပိတ်ရက်က တနှစ်ကို ၁၆ရက်ရှိပါတယ်။
၁၆ရက်လုံးအလုပ်နားတဲ့အပြင်၊ ကုမ္ပဏီတွေရက်ရှည်ပိတ်ရက်ဆိုပြီး သက်သက်ရှိပါသေးတယ်။ အဲ့ဒီရက်တွေအပြင် ခွင့်တိုင်ပြီး တနှစ်ကို ၁၀ရက်ကနေ ရက်၂၀ထိနားလို့ရပါတယ်။ လစာမဖြတ်တဲ့ အလုပ်နားရက်လို့ခေါ်ပြီး၊ အလုပ်နားလည်းပဲ လစာရပါတယ်။

စလုံးမှာက ပုံမှန်ကတော့ မနက်၉နာရီ ညနေ၆နာရီ နေ့လယ်တစ်နာရီ ထမင်းစားနား။ တစ်ပတ်၅ရက်နဲ့၊ စနေနေ့တစ်ပိုင်းဆင်းပေးရတာ များပါတယ်။ အစိုးရ ရုံးပိတ်ရက်ကတော့ ပျမ်းမျှခြင်း တနှစ်ကို ၁၀ရက်ရှိပါတယ်။ လစာရတဲ့ခွင့်ကလည်း လုပ်သက်ပေါ်လိုက်ပြီးကွာပေမယ့် တနှစ်ကို ၇ရက်ကနေ ၁၄ရက်လောက်ရကြပါတယ်။

(၅). ဝင်ငွေ
စလုံးမှာက ကိုယ်ရတဲ့လခကို ကိုယ်အကုန်ရပါတယ်။
ဥပမာ။ တစ်လကို စလုံး ၂၅၀၀ ရတဲ့လူဟာ ၂၅၀၀ အပြည့်ရပါတယ်။ တနှစ်မှာတစ်ခါ တနှစ်စာဝင်ငွေစလုံး၂၀၀၀၀ကျော်ရင် %ဘယ်လောက်၊ ၃၀၀၀၀ ကျော်ရင်% ဘယ်လောက်ဆိုပြီး ဆောင်ရပါတယ်။ အခွန်ဆောင်ရမှုကတော့ ဂျပန်ထက် သက်သာပါတယ်။ PRသမားတွေကတော့ ပင်စင်ခွန်သဘောအနေဖြင့် CPF(Central Provident Fund) ဖြတ်ခံထိပါတယ်။ ဒီငွေတွေဟာ နောင်တစ်ချိန် ပြန်ထုတ်ယူလို့ရပါတယ်။

ဂျပန်မှာက ကိုယ့်လခ ကိုယ်အားလုံးမရပါဘူး။
ဥပမာ။ ယန်း၂၂သောင်း(စလုံး၂၅၀၀လောက်)လခရတဲ့လူဟာ၊ ကိုယ့်လက်ထဲကို ယန်း၂၂သောင်းမရောက်ပါဘူး။
လခထဲကနေ ဝင်ငွေခွန်၊ ရပ်ကွက်နေထိုင်ခွန်၊ ကျန်းမာရေးအာမခံ၊ အလုပ်သမားအာမခံ စတဲ့အခွန်တွေကို တစ်ခါတည်းနှုတ်ပြီးမှ လခကိုပေးပါတယ်။ ယန်း၂၂သောင်း လခရတဲ့လူတစ်ယောက်ဟာ ကိုယ်လက်ထဲ တကယ်ရောက်တာက ယန်း၁၇သောင်း(စလုံး၂၀၀၀)လောက်ပဲ ရပါတယ်။ဂျပန်မှာက အခွန်အရမ်းများပါတယ်။ မပေးမနေရပါ။

(၆). Bonus
စလုံးမှာက ကုမ္ပဏီတော်တော်များများဟာ AWS(The Annual Wage Supplement)လို့ခေါ်တဲ့ လခတစ်လစာကို ပေါင်းပေးကြပါတယ်။ ၁၃လမြောက်လစာလို့လဲခေါ်ကြပါတယ်။ AWS အပြင် အချို့ကုမ္ပဏီတွေက bonus ၁လစာ၊ ၂လစာ စသည်ဖြင့်ပေးကြတာလည်းရှိပါတယ်။

ဂျပန်မှာတော့ တစ်နှစ်ကို bonus ၂ကြိမ်ပေးကြတာပုံမှန်ပါပဲ။ ကုမ္ပဏီရဲ့ အမြတ်ငွေကိုလိုက်ပြီး တစ်ခါပေးလျှင် ၁လစာ၊ ၂လစာ ဆိုပြီးပေးကြပါတယ်။

(၇). အလုပ်အာမခံ
ဂျပန်မှာက အလုပ်မရှိတော့လျှင် အလုပ်သမားဝန်ကြီးဌာနမှာ ထောက်ပံ့ကြေးတောင်းလို့ရပါတယ်။ ၆လအထိ တစ်လကို ယန်း၁၅သောင်း(စလုံး၁၇၀၀)လောက် ယူလိုရပါတယ်။ ပြန်ပေးစရာမလိုပါဘူး။ (လခထဲက အလုပ်အာမခံကြေးနှုတ်ထားလို့ပါ။)

စလုံးမှာတော့ အလုပ်မရှိရင် ထောက်ပံ့ကြေးမရပါဘူး။
ကိုယ့်စားရိတ်နဲ့ ကိုယ်စားရပါတယ်။

(၈). ကျန်းမာရေး
ဂျပန်မှာ နေမကောင်းလို့ဆေးခန်းသွားတဲ့အခါ ကိုယ်က ကုန်ကျစရိတ်ရဲ့ ၃၀%ကိုပဲ ပေးရပါတယ်။ (လခထဲက ကျန်းမာရေးအာမခံနှုတ်ထားတဲ့အတွက်ကြောင့်ပါ။)
ပြီးတော့ တနှစ်တစ်ခါ တစ်ကိုယ်လုံး ကျန်းမာရေး အခမဲ့စစ်ပေးပါတယ်။

စလုံးမှာက ဆေးခန်းပြကြတဲ့အခါ ကိုယ့်စရိတ်ကိုယ်ရှင်းကြရပါတယ်။ အချို့ကုမ္ပဏီတွေက အလုပ်သမားပါမစ်ကျပြီဆိုဒါနဲ့ ကျန်းမာရေးအာမခံ ဝယ်ထားပေးကြပါတယ်။ ဆေးခန်းပြပြီး၊ နောက်မှကုန်ကျစရိတ် ပြန်ထုတ်ယူကြရပါတယ်။

(၉). ပင်စင်ခံစားခွင့်
စလုံးမှာက PRရပြီး CPFသွင်းထားတဲ့လူတွေလောက်ပဲ ပင်စင်ခံစားခွင့်ရှိပါတယ်။
(လခထဲက CPF နှုတ်ထားတဲ့အတွက်ကြောင့်ပါ။)

ဂျပန်မှာကတော့ အသက်၆၀(သို့)၆၅နှစ်ထိ အလုပ်လုပ်တဲ့လူတိုင်းလူတိုင်း ပင်စင်ခံစားခွင့်ရှိပါတယ်။(လခထဲက ပင်စင်ခွန် နှုတ်ထားတဲ့အတွက်ကြောင့်ပါ။)

(၁၀). PR(permanent resident)
ဂျပန်မှာ ဘယ်နနှစ်နေပြီး၊ ဘယ်နနှစ်ကုမ္ပဏီမှာ အလုပ်လုပ်၊ ဝင်ငွေဘယ်လောက်ရှိရင် PRလျှောက်လို့ရတယ်ဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်ရှိပါတယ်။ သက်မှတ်ချက်ပြည့်တာနဲ့ လျှောက်ရင် PR(အမြဲတမ်းနေထိုင်ခွင့်)ရပါတယ်။

စလုံးမှာကတော့ သိသာထင်ရှားတဲ့ သက်မှတ်ချက်မရှိပါဘူး။ ကံကောင်းတဲ့လူကရပြီး။ ကံဆိုးတဲ့လူကျတော့ ဘယ်နှခါလျှောက်လျှောက်မရပါဘူး။ (လက်ရှိ မြန်မာတွေ PR ရဖို့က အရမ်းခက်ခဲတယ်လို့ဆိုပါတယ်။)

စလုံးက PR သမားတွေရဲ့ အားသာချက်တစ်ခုက ကိုယ်သွင်းထားတဲ့ CPF ကို ကိုယ်ပြန်ရတာပါပဲ။
အိမ်ဝယ်တဲ့နေရာမှာသုံးတာတို့ အသက်၅၅နှစ်ပြည့်လျှင်ပြန်ထုတ်ယူတာတို့ လုပ်လို့ရပါတယ်။

ဂျပန်ကပင်စင်ကတော့ PR ရထားလည်း အိမ်ဝယ်တာတို့၊ ဆေးရုံတက်တာတို့ စတဲ့နေရာတွေမှာ သုံးလို့မရပါဘူး။ အသက်၆၅နှစ်ပြည့်မှ တစ်လဘယ်လောက်ဆိုပြီး ပြန်ရပါတယ်။ ၆၅နှစ်ထိမလုပ်ပဲ ၄၊ ၅၊ ၁၀နှစ်လောက် လုပ်ပြီးပြန်မယ်ဆိုရင်တော့ ပင်စင်ခွန်၃နှစ်စာ သိန်း၃၀လောက် ပြန်ထုတ်ယူခွင့်တော့ရှိပါတယ်။

(၁၁). ကျွန်တော်နဲ့ ကျွန်တော့ညီမ
စနေနေ့မနက်မနက် ကျွန်တော်အိမ်မှာ TVကြည့်၊ ဖေ့ဘုတ်ပွတ်နေတဲ့အချိန်မှာ ကျွန်တော့ညီမ စလုံးမှာ အလုပ်ဆင်းနေရပါတယ်။
ဒါပေမယ့် သူ တစ်နှစ်ကို ၃ခါလောက် နိုင်ငံခြားခရီးသွားနိုင်ပါတယ်။ ကျွန်တော် တစ်နှစ်တစ်ခါတောင် နိုင်ငံခြားခရီး မသွားနိုင်ပါဘူး။
သူ တစ်နှစ်တစ်ခါ မြန်မာနိုင်ငံပြန်လည်နိုင်ပါတယ်။ ကျွန်တော် ၃နှစ်တစ်ခါတောင် အနိုင်နိုင်ပါပဲ။
စလုံးက မြန်မာနိုင်ငံနဲ့နီးတော့ လေယာဉ်လက်မှတ် စျေးသက်သာပါတယ်။

ဒီစာကိုသေသေချာချာဖတ်ပါ၊ ပြီးတော့မှ စလုံးသွားမလား၊ ဂငယ်လာမလားဆိုတာ BEသမားတွေ ဆုံးဖြတ်ကြပါ။




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar -US Visa Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Passport & Visa Services in Yangon

Show All