Steady Travel & Tour

Steady Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Steady Travel & Tour, Travel Company, No-141, 2nd Floor, 37 Street (Middle Block) , Kyauktada Tsp;, Yangon.
(1)

🌎 နိုင်ငံတကာ ဗီဇာလျှောက်ဖို့ အတွက် လိုအပ်ချက်များ သိရှိဖို့ Steady ကိုဆက်သွယ်စို့ 😝
23/01/2024

🌎 နိုင်ငံတကာ ဗီဇာလျှောက်ဖို့ အတွက် လိုအပ်ချက်များ သိရှိဖို့ Steady ကိုဆက်သွယ်စို့ 😝

🇰🇷 မြန်မြန် Go ဖို့ Visa မြန်မြန်လျှောက်ကြစို့🌸 ချယ်ရီပန်းလေးတွေ ဝေဆာနေတဲ့ လမ်းလေးမှာ လမ်းလျှောက်ရင်း ဓာတ်ဖမ်းချင်လား???...
22/01/2024

🇰🇷 မြန်မြန် Go ဖို့ Visa မြန်မြန်လျှောက်ကြစို့

🌸 ချယ်ရီပန်းလေးတွေ ဝေဆာနေတဲ့ လမ်းလေးမှာ လမ်းလျှောက်ရင်း ဓာတ်ဖမ်းချင်လား???

📽 K drama တွေစတင်ပေါက်ဖွားလာတဲ့ Seoul မြို့ကိုရော် ရောက်ဖူးချင်လား???

📸 ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ သူတွေအတွက်တော့ နိဗ္ဗာန်ဘုံလေးဖြစ်တဲ့ Busan မြို့

🏞 ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေပြည့်နှက်နေပြီး သဘာဝရဲ့ အလှတရားကို အပြည့်အဝခံစားရမယ့် Jeonju Hanok Villag

🏯 ရိုးရာဆောက်အအုံများ သမိုင်းဝင်အမွေအနှစ်များ မတူကွဲပြားတဲ့ ရသများစွာကို ခံစားရမယ့်နိုင်ငံတစ်နိုင်ငံဖြစ်တယ်နော်

🇰🇷 Korea နိုင်ငံကို သွားရောက်လည်ပတ်ချင်တယ်ဆိုလျှင် လိုအပ်တဲ့ ( Visit Visa Service) ကို USD 100 ဖြင့် Steady Travel & Tour မှာခုပဲလျှောက်ထားလိုက်နော်…..

Steady Travel & Tour မှ

📝​ ဖောင်ဖြည့်ပေးခြင်း
📆 Appointment ယူပေးခြင်း
📖 Trip plan ရေးဆွဲပေးခြင်း
🏪 Hotel Booking
✈️ Flight Booking လုပ်ပေးခြင်း
🗒 လိုအပ်သောစာရွက်စာတမ်းများစီစစ်ပေးခြင်း
✅ အသေးစိတ် ဆွေးနွေးတိုင်ပင်ပေးခြင်း
🎉 Visa လွယ်လင့်တကူရရှိဖို့ အကြံဉာဏ်များပေးခြင်း

😇 ကဲ Visa အတွက်စိတ်မပူနဲ့တော့နော်

📲အသေးစိတ်သိရှိဖို့အတွက်
09.980835188,09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........





🇹🇭 ထိုင်းနိုင်ငံမှာ Visa Free 14ရက် ပိုပြီးနေချင်တဲ့ ခရီးသွားလေးတို့အတွက် 2လ နေထိုင်ခွင့် Visa🌍 အာရှနိုင်ငံတွေထဲမှာ ခေတ်...
19/01/2024

🇹🇭 ထိုင်းနိုင်ငံမှာ Visa Free 14ရက် ပိုပြီးနေချင်တဲ့ ခရီးသွားလေးတို့အတွက် 2လ နေထိုင်ခွင့် Visa

🌍 အာရှနိုင်ငံတွေထဲမှာ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲ နေပြီး စည်းကားလှပ လျက်ရှိသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် သို့ 2လ ဗီဇာဖြင့် သွားရောက်လည်ပတ်ချင်တဲ့ မိတ်ဆွေတို့အတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနေတဲ့ Steady Travel & Tour

😊 အသေးစိတ်သိရှိဖို့အတွက် 👇

📲 09.980835188,09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........





🇪🇺 Europe တခွင်အလည်သွားဖို့ Schengen Visa လိုအပ်နေပြီလား??🇪🇺 Europe နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ Germany နိုင်ငံကို ရ...
18/01/2024

🇪🇺 Europe တခွင်အလည်သွားဖို့ Schengen Visa လိုအပ်နေပြီလား??
🇪🇺 Europe နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ Germany နိုင်ငံကို ရော အလည်သွားချင်လား???

🌎 ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Germany

🇪🇺 Europe ရဲ့ အလှဆုံးရဲတိုက်ကြီးဖြစ်တဲ့ Neuschwanstain Castle ကိုရောက်ဖူးချင်လား???

🏯 ရှေးဟောင်း ဂန္ဓဝင်အနုပညာလက်ရာကိုမှ ခံစားချင်တယ်ဆိုလျှင် မဖြစ်မနေသွားသင့်တဲ့ Brandenburg Gate

🏰 Gothic ဗိသုကာာလက်ရာနဲ့ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံးဘုးရားကျောင်းတစ်ခုဖြစ်တဲ့ Cologne Cathedral

🏙 ခေတ်ဆန်ပြီး တိုးတက်ပြောင်းလဲမှုတို့ကို မြင်တွေရမယ့် Frankfurt

🌃 Europe ရဲ့ အလှပဆုံး Nightlife ကိုတစ်ဝကြီးခံစားရမယ့် Hamburg

🏕 စိမ်းလန်းစိုပြေတဲ့သဘာဝရဲ့ အလှအပကို ရင်သပ်ရှုမောဖွယ်ခံစားရမယ့် Dresden

🕍 ရှေ့ဟောင်းသမိုင်းဝင်ယဥ်ကျေးမှုးအမွေအနှစ်လက်ရာများစွာကို ဂန္ဓဝင်ဆန်ဆန်မြင့်တွေ့ရမယ့် Munich

🇩🇪 ရသမျိုးစုံကိုတစ်သက်မမေ့နိုင်အောင်ခံစားရမယ့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်

🇩🇪 Germany နိုင်ငံကို အလည်သွားဖို့ မဖြစ်မနေလိုအပ်တဲ့ Visit visa ကို Steady Travel & Tour မှာ ဝန်ဆောင်မှုပေးနေပြီနော်....

💵 $200 သာကျသင့်မည့် Germany Visit Visa အတွက် Steady ရဲ့ဝန်ဆောင်မှုလေးကတော့......
📄 ဖောင်ဖြည့် ပေးခြင်း
📆 Appointment ယူပေးခြင်း
🗺 Trip Plan သေချာစွာရေးဆွဲပေးခြင်း
🗒 လိုအပ်သောစာရွက်စာတမ်းများစီစစ်ပေးခြင်း
🏛 သံရုံးသို့ဝန်ထမ်းများလိုက်လံ၍ လိုအပ်တာများကိုဆောင်ရွက်ပေးခြင်း
📜 Visa Approved ဖြစ်နိုင်ဖို့ အကြံဉာဏ်များပေးခြင်း ဆွေးနွေးပေးခြင်း တို့ပါဝင်ပြီး ဒါ့အပြင်😊
📃 တိကျသေချာသော Notary Services ကိုအပ်နှံနိုင်ခြင်း
🏩 Hotel Booking & Airticket Booking လုပ်ပေးခြင်း
😊 အတွေ့ ကြုံရှိ သူများမှ အသေးစိတ်ရှင်းပြပေးခြင်း
🥇ဝန်ဆောင်မှုကောင်းမွန်ခြင်း
😄 One Stop Service ရရှိတာမို့ဘာဘဲလိုလိုဆွေးနွေးလို့ရပါတယ်ဗျို့
🏰 ကဲဒါဆိုရင် Germany သွားဖို့ အခွင့်ရေးရှိတုန်း မြန်မြန်သာ ဆက်သွယ် လိုက်ပါနော်

📲09980835188
📩 [email protected]






🌎 ကမ္ဘာမြေ၏အဆုံးသတ်သည့်နေရာ၊ အင်္ဂလန်နိုင်ငံ၊ ဒိုဗာရှိ ချောက်ကမ်းပါးဖြူ
14/01/2024

🌎 ကမ္ဘာမြေ၏အဆုံးသတ်သည့်နေရာ၊ အင်္ဂလန်နိုင်ငံ၊ ဒိုဗာရှိ ချောက်ကမ်းပါးဖြူ

🇰🇷 Korea Visit Visa ရရှိသွားတဲ့ Artist များ 🤩🤩
08/01/2024

🇰🇷 Korea Visit Visa ရရှိသွားတဲ့ Artist များ 🤩🤩

🎊 နှစ်သစ်မှာ မိဘပြည်သူပြည်သား များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံ၍ လိုအင်ဆန္ဒများ အားလုံး ပြ...
31/12/2023

🎊 နှစ်သစ်မှာ မိဘပြည်သူပြည်သား များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံ၍ လိုအင်ဆန္ဒများ အားလုံး ပြည့်ဝပါစေလို့ Steady Travel မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ…..


🇯🇵 Steady Travel မှ တိကျမြန်ဆန်စွာ ဝန်ဆောင်မှု ပေးသော ( Japan Visit Visa Service)🌸 ဆာကူရာမြေရဲ့ အလှတရားကို ခံစားဖူးချင်တ...
29/12/2023

🇯🇵 Steady Travel မှ တိကျမြန်ဆန်စွာ ဝန်ဆောင်မှု ပေးသော ( Japan Visit Visa Service)

🌸 ဆာကူရာမြေရဲ့ အလှတရားကို ခံစားဖူးချင်တဲ့သူတွေ မဖြစ်မနေသွားသင့်တဲ့ Japan

⛩ ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ Japan

🏯 ရှေးဟောင်းယဥ်ကျေးမှုဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များစွာကို မယုံနိုင်လောက်အောင် ခံစားတွေ့မြင်ရမယ့် Japan

🇯🇵လူငယ်တွေကြား အရမ်းရေဗန်းစားနေတဲ့ဂျပန်နိုင်ငံကို အလည် ဗီဇာ နဲ့ သွားရောက်ချင်တယ်ဆိုလျင်တော့ Steady Travel & Tour ကိုသာ ဆက်သွယ်လိုက်ပါနော်

Japan Visa အကြောင်းကို အသေးစိတ် သိချင်တယ်ဆိုလျင်....
📲 09.980835188,09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........





🎄ခရစ်စမတ် နေ့လေးမှာ မိဘ ပြည်သူများ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ လို့ Steady Travel မ...
25/12/2023

🎄ခရစ်စမတ် နေ့လေးမှာ မိဘ ပြည်သူများ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ လို့ Steady Travel မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျ……

🇲🇾 မလေးရှား နိုင်ငံကို သွားရောက်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ E- Visa ဝန်ဆောင်မှုကို Steady မှရယူနိုင်တယ်နော်✅ ဗီဇာလျှောက်ရန...
19/12/2023

🇲🇾 မလေးရှား နိုင်ငံကို သွားရောက်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ E- Visa ဝန်ဆောင်မှုကို Steady မှရယူနိုင်တယ်နော်

✅ ဗီဇာလျှောက်ရန်အတွက် လိုအပ်သော

📝 Visa Form ဖြည့်ပေးခြင်း
🏩 Hotel Booking
✈️ Ticket Booking လုပ်ပေးခြင်း
💵 သံရုံးကြေး သွင်းပေးခြင်း

ဒီနေ့အပ် ဒီနေ့လျှောက်ပေးတယ်နော်
72hr အတွင်း Visa Result သိနိုင်ပြီနော်

အသေးစိတ်သိရှိဖို့အတွက်

📲09.980835188,09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........

စပိန်နိုင်ငံ ဘာစီလိုနာမြို့ ရဲ့  နေ့ နှင့် ည ကိုတပြိုင်တည်းမြင်သည့် မြင်ကွင်းNight  Day views above Barcelona, Spainဥရော...
16/12/2023

စပိန်နိုင်ငံ ဘာစီလိုနာမြို့ ရဲ့ နေ့ နှင့် ည ကို
တပြိုင်တည်းမြင်သည့် မြင်ကွင်း
Night Day views above Barcelona, Spain

ဥရောပ နင့်အနောက်နိုင်ငံတွေဟာ
မြောက်ဝင်ရိုးစွန်းနှင့်အရမ်းနီးတဲ့အတွက်

တခြားတိုက်ကလူတွေမြင်နေကျနင့်သဘာဝတရားက
အရမ်းဆန်းကျယ်ပါ...

ကောင်းကင်ပေါ်မှာ ရောင်စုံအလင်းတန်း နှင့်
ကမ္ဘာမှာ
နေ မဝင်နိုင်ငံတွေကလည်း ဥရောပမှာပဲ ရှိတာဖြစ်ပါတယ်...

😍 ဒါဘယ်သူလေးလဲ သိကြလား???
14/12/2023

😍 ဒါဘယ်သူလေးလဲ သိကြလား???

🇫🇷 မိန်းကလေး အများစုရဲ့ အိပ်မက်ဖြစ်တဲ့ ပြင်သစ်နိုင်ငံ🌎 ရင်သပ် ရှုမောဖွယ်ကောင်းတဲ့ အလှတရားတွေနဲ့ ကမ္ဘာလှည့် ခရီးသွားများက...
14/12/2023

🇫🇷 မိန်းကလေး အများစုရဲ့ အိပ်မက်ဖြစ်တဲ့ ပြင်သစ်နိုင်ငံ

🌎 ရင်သပ် ရှုမောဖွယ်ကောင်းတဲ့ အလှတရားတွေနဲ့ ကမ္ဘာလှည့် ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်နိုင်ငံ

📸 Eiffel Tower နဲ့အတူ အလှဆုံး ဓာတ်ပုံတွေ ဖန်တီးချင်တဲ့ စိတ်ကူးလေး အကောင်ထည်ဖို့ ပြင်သစ်နိုင်ငံသွားရောက်လည်ပတ်ဖို့ လိုအပ်တဲ့ Visit Visa ဝန်ဆောင်မှု Steady မှ အကောင်းဆုံး ဆောင်ရွက်ပေးနေပါပြီနော်

Steady ရဲ့ဝန်ဆောင်မှုလေးတွေကတော့

📝 ဖောင်ဖြည့်ပေးခြင်း
📆 Appointment ယူပေးခြင်း
✈️ လေယာဉ်ဘိုကင် ဟိုတယ် ဘိုကင် လုပ်ပေးခြင်း
🌎 Trip plan ရေးဆွဲပေးခြင်း
📄 လိုအပ်သောစာရွက်စာတမ်းများ စီစစ်ပေးခြင်း
😱 Notary ပြုလုပ်ပေးခြင်း (အခမဲ့)
☺️ Other Service များရယူနိုင်ခြင်း
👨‍💻 Visa ရရှိဖို့ အသေးစိတ်ဆွေးနွေးပေးခြင်း

ကဲ ဒါဆိုရင် Visa အတွက် အတွေ့ကြုံများပြီး Bright ဖြစ်တဲ့ လူငယ်လေးများမှ သံရုံးမှုဝါဒ အညီ အကောင်းဆုံး စီစဉ် ဆောင်ရွက်ပေးမှာမို့ စိတ်ပှုစရာမလိုဘူးနော်

📱 09-980835188
☎️ 09-447321194, 09-447321195


🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........

Hotline 09980835188 သိူ့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ခဗျာ….



Steady Travel & Tour ✅✅✅
14/12/2023

Steady Travel & Tour ✅✅✅

☃️ ဒီဇင်ဘာလ ထွက်ရှိမယ့်ခရီးစဉ်😜 တစ်ညအိပ် တစ်သက်မမေ့ ခရီးစဉ်😝 ဘယ်သူတွေလိုက်မလဲ??
11/12/2023

☃️ ဒီဇင်ဘာလ ထွက်ရှိမယ့်ခရီးစဉ်
😜 တစ်ညအိပ် တစ်သက်မမေ့ ခရီးစဉ်
😝 ဘယ်သူတွေလိုက်မလဲ??

✈️ ခရီးသွားဖို့ အချိန်ရောက်ပြီ…….✅ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရယူဖို့ Steady ကို သတိရလိုက်ပါနော် 😝☎️ 0️⃣9️⃣ 9️⃣8️⃣0️⃣8️⃣3️...
09/12/2023

✈️ ခရီးသွားဖို့ အချိန်ရောက်ပြီ…….

✅ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရယူဖို့ Steady ကို သတိရလိုက်ပါနော် 😝

☎️ 0️⃣9️⃣ 9️⃣8️⃣0️⃣8️⃣3️⃣5️⃣1️⃣8️⃣8️⃣

🇨🇳 China Visit Visa Service $40🌍 လှပဆန်းကျယ်တဲ့ တရုတ်နိုင်ငံကို အလည် သွားချင်တဲ့မိတ်ဆွေတို့အတွက် တိကျသေချာသော Steady ရဲ့...
08/12/2023

🇨🇳 China Visit Visa Service $40

🌍 လှပဆန်းကျယ်တဲ့ တရုတ်နိုင်ငံကို အလည် သွားချင်တဲ့မိတ်ဆွေတို့အတွက် တိကျသေချာသော Steady ရဲ့ ဗီဇာ ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ် ခင်ဗျာ….

✅ အသေးစိတ် သိရှိဖို့အတွက်

📲 09.980835188,09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........





🇯🇵 ဂျပန်နိုင်ငံကိုသွားရောက်လည်ပတ်ရင် လုံးဝမလုပ်သင့်တဲ့အရာများဂျပန်နိုင်ငံကို လူအတော်တော်များများရဲ့ ခရီးသွားမဲ့စာရင်းထဲမ...
06/12/2023

🇯🇵 ဂျပန်နိုင်ငံကိုသွားရောက်လည်ပတ်ရင် လုံးဝမလုပ်သင့်တဲ့အရာများ

ဂျပန်နိုင်ငံကို လူအတော်တော်များများရဲ့ ခရီးသွားမဲ့စာရင်းထဲမှာ နေရာယူထားပါတယ်။ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ကြတဲခရီးသွားတွေအတွက် အပြုအမူတွေ၊ လိုက်နာရမဲ့ စည်းကမ်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေနဲ့ စကားပြောဆိုဆက်ဆံရတော့မယ်ဆိုရင် လိုက်နာရမဲ့ စည်းကမ်းကျင့်ဝတ်တွေကိုလည်း သိထားသင့်ပါတယ်။

၁။ အမှိုက်ကိုစည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း

ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ အသန့်ရှင်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း သန့်ရှင်းတယ်ဆိုပြီး နာမည်ကြီးလှပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ အမှိုက်စွန့်ပစ်တာဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ အရာရာတိုင်းကို ပြန်လည်သုံးစွဲလို့ရတာတွေ၊ မီးရှို့ရမဲ့ပစ္စည်းတွေ၊ မရှို့ရမဲ့ပစ္စည်းတွေဆိုပြီး အသေးစိတ်အမျိုးအစား ခွဲခြားထားပါတယ်။ နေရာကိုလိုက်ပြီး အမှိုက်ပုံးတွေ အမျိုးအစားအများကြီးခွဲထားပါတယ်။ သင်ဂျပန်နိုင်ငံကို ရောက်ခဲ့ရင် အမှိုက်အမျိုးအစားကို ဖော်ပြထားတဲ့ အမှိုက်ပုံးတွေမှာပုဲ အမှိုက်စွန့်ပစ်ပါ။

၂။ မီးရထားနဲ့ ဓာတ်လှေကားတွေထဲမှာ စကားကျယ်လောင်စွာပြောခြင်း

ဂျပန်လူမျိုးတွေဟာ မီးရထား၊ ဓာတ်လှေကားလိုမျိုး လူသူထူထပ်တဲ့နေရာမျိုးတွေမှာ ဆူဆူညံညံလုပ်ရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ကြပါတယ်။ သင်ရထားစီးတော့မယ်ဆိုရင် ခရီးသည်များကို သူတို့ရဲ့ဖုန်းတွေပိတ်ထားဖို့ ဒါမှမဟုတ် အသံပိတ်ထားဖို့တောင်းဆိုတဲ့ ကြေညာချက်ကို ကြားရမှာပါ။ တကယ်လို့ ရထားစီးနေတုန်း တစ်ယောက်ယောက်ရဲ့ဖုန်းမြည်ခဲ့မယ်ဆိုရင် မြန်မြန်အသံပိတ်လိုက်တာကို သတိထားမိနိုင်ပါတယ်။

၃။ စက်လှေကားရဲ့အလယ်မှာ ရပ်စီးခြင်း

ဂျပန်မှာ စက်လှေကားစီးတော့မယ်ဆိုရင် အမြန်လိုနေတဲ့သူတွေကို ဖယ်ပေးနေတဲ့ပုံစံမျိုးနဲ့ တစ်ဖက်တည်းမှာရပ်နေတာကို တွေ့နိုင်ပါတယ်။ ကန်ဆိုင်း (Kensai) ကလူတွေက စက်လှေကားညာဘက်မှာ ရပ်ကြပြီးတော့ ကန်တို (Kento) ကပြည်သူတွေဆိုရင် စက်လှေကား ဘယ်ဘက်မှာရပ်ကြပါတယ်။ ဒါကြောင့် သင့်ရောက်နေတဲ့နေရာကိုလိုက်ပြီး နည်းနည်းတော့ ကွာခြားမှုရှိမှာပါ။

၄။ ထမင်းစားခန်းနဲ့ စားသောက်ဆိုင်မှ စားစရာတွေကို အပြင်ကိုသယ်သွားခြင်း၊ ယူလာခြင်း

ဂျပန်နိုင်ငံမှာ နောက်တစ်ချက် သတိထားရမှာကတော့ အစားအစာတွေနဲ့ သောက်စရာတွေကို စားသောက်ဆိုင်တွေ၊ ထမင်းစားခန်းတွေကနေ ယူသွားတာတို့၊ သယ်သွားတာတို့ပဲ ဖြစ်ပါတယ်။ ဆိုင်ကခွင့်ပြုထားရင်တောင်မှ မလုပ်သင့်ပါဘူး။ ဂျပန်လူမျိုးတွေဟာ သူတို့ပြုလုပ်လိုက်တဲ့ အစားအစာရဲ့ အရည်အသွေးနဲ့ မီးဖိုချောင်သန့်ရှင်းမှုကို အင်မတန်စေ့စပ်သေချာကြပါတယ်။ စားသုံးသူတစ်ယောက်ယောက်က စားသောက်ဆိုင်ထဲကို ယူဆောင်လာတဲ့ အစားအသောက်ကြောင့် အစာအဆိပ်သင့်တာမျိုး ဖြစ်ခဲ့တယ်ဆိုရင် စားသုံးသူရောက်နေတဲ့ဆိုင်ကို ယာယီပိတ်ပစ်လိုက်နိုင်လို့ပါ။

၅။ ကီမိုနိုဝတ်စုံကို သေချာမဝတ်ခြင်း

ကီမိုနိုဝတ်စုံဟာ သပ်သပ်ရပ်ရပ်ဝတ်ရင် တော်တော်လှတဲ့ဝတ်စုံမျိုးဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ရိုးရာဝတ်စုံကို လှလှပပသပ်သပ်ရပ်ရပ် ဝတ်လေ့ရှိကြပါတယ်။ ကီမိုနိုရဲ့ဘယ်ဘက်ခြမ်းကို အပေါ်မှာထားပြီးဝတ်ရပြီးတော့ ညာဘက်ခြမ်းကို အပေါ်မှာထားပြီး ဝတ်ထားတယ်ဆိုတာ သေဆုံးသွားတဲ့သူတွေကို ဈာပနအခမ်းအနားမှာ ဝတ်ပေးတာ ဖြစ်ပါတယ်။ ကီမိုနိုဝတ်တဲ့အခါ သင့်ရဲ့ညာဘက်လက်ဟာ ဝတ်စုံထဲကို လွယ်လွယ်ကူကူသွင်းလို့ရပြီဆိုရင် မှန်မှန်ကန်ကန်ဝတ်ထားတာ ကျိန်းသေနေပါပြီ။

၆။ ထမင်းပန်းကန်လုံးထဲမှာ တူထည့်ထားခြင်း

အစာစားနေတဲ့အချိန် တူကိုထမင်းပန်းကန်လုံးထဲမှာ ထည့်ထားပြီဆိုရင် ကတိဖောက်ဖျက်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် သင်အစာစားနေတဲ့အချိန် တူကိုချထားချင်ရင် တူထည့်တဲ့နေရာ ဒါမှမဟုတ် ပန်းကန်ရဲ့ဘေးမှာ ထားရပါမယ်။

၇။ အစားအစာကို တစ်ယောက်နဲ့တစ်ယောက် တူနဲ့ညှပ်ပေးခြင်း

ဒီအချက်ဟာလည်း ဂျပန်ဈာပနအခမ်းအနာတွေနဲ့ သက်ဆိုင်နေပါတယ်။ ပြီးတော့ ဒီလိုပြုလုပ်တာကို ဆိုးရွားတဲ့အပြုအမူလို့လည်း သတ်မှတ်ကြပြီး ကံမကောင်းမှုတွေ ယူဆောင်လာတတ်တယ်လို့ ဆိုကြပါတယ်။ အစားအစာထည့်ပေးချင်တယ်ဆိုရင် ပထမဆုံး ပန်းကန်ထဲထည့်ပြီးမှ ပေးသင့်ပါတယ်

✅ အဆင်ပြေပြေနဲ့ခရီး ဘယ်လိုသွားကြမလဲ??✈️ ကိုယ်သွားရမယ့်ခရီးက နိုင်ငံခြားခရီးမျိုး ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်သွားမယ့်နိုင်င...
02/12/2023

✅ အဆင်ပြေပြေနဲ့ခရီး ဘယ်လိုသွားကြမလဲ??

✈️ ကိုယ်သွားရမယ့်ခရီးက နိုင်ငံခြားခရီးမျိုး ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို အနည်းအကျည်းလောက်ပဲဖြစ်ဖြစ် တတ်သွားသင့်ပါတယ်
ခရီးသွားခြင်းဟာ လူတွေအတွက် ဒေသန္တာရ ဗဟုသုတရသလို ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ ကိုယ်သွားရမယ့်ခရီးစဉ်ကို ဂရုတစိုက်နဲ့ မှန်မှန်ကန်ကန် ရွေးချယ်တတ်ခဲ့မယ်ဆိုရင် ကိုယ်တွေးထင်ထားတာထက် ပိုမိုပျော်စရာကောင်းတဲ့ ခရီးစဉ်တခုကို ရရှိပါလိမ့်မယ်။ အဲဒီတော့ ခရီးတခုကိုသွားမယ်ဆိုရင် ဘယ်လို ကြိုတင် ပြင်ဆင်သွားကြမလဲဆိုတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုက်ဆံဘယ်လောက် အကုန်ခံမှာလဲ?

ခရီးတခုကို သွားဖို့ဆိုတာ တအားကြီး ချမ်းသာနေစရာ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ ကိုယ်သွားရမယ့် ခရီးရဲ့ ကုန်ကျစရိတ်ကိုတော့ အဓိကထား တွက်ချက်တတ်ရပါလိမ့်မယ်။ တကယ်လို့ ကိုယ်သွားချင်တဲ့ခရီးက ငွေကုန်ကြေးကျ သိပ်များနေတဲ့ ခရီးဆိုရင်တော့လည်း ကိုယ့်ဆန္ဒကို ထိန်းချုပ်နိုင်ရပါလိမ့်မယ်။ လုံလောက်တဲ့ငွေကြေး အတိုင်းအတာကို ရောက်မှပဲ ကိုယ်ရည်မှန်းထားတဲ့ ခရီးကို သွားသင့်ပါတယ်။

(၂) ဘယ်အချိန် သွားမှာလဲ?

ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့် ခရီးစဉ်ရဲ့ ရာသီဥတုအခြေအနေတွေကိုလည်း သေသေချာချာ လေ့လာသင့်ပါတယ်။ ရာသီဥတုကောင်းမွန်လွန်းတဲ့ အချိန်တွေကလည်း ခရီးသွားရာသီ ဖြစ်နေတာ များတဲ့အတွက် လက်မှတ်ခတွေက ဈေးကြီးပါတယ်။ ရာသီဥတု ဆိုးဝါးလွန်းတဲ့ အချိန်တွေမှာဆိုရင် ခရီးသွားတွေကို ဆွဲဆောင်မှုရှိတဲ့ နေရာအချို့ကို ပိတ်ထားတတ်ပါတယ်။ လက်မှတ်ခတွေက ဈေးပေါကောင်း ပေါနိုင်ပေမယ့် ဒီလိုအချိန်မှာ ခရီးထွက်မယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု မျှတတဲ့ အချိန်မှာ ရီးထွက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃) ဘယ်လို ခရီးမျိုးကို သွားမှာလဲ?

ပထမဆုံး ကိုယ့်ကိုယ်ကို မေးရမှာက အချိန်ဘယ်လောက်ကြာကြာ ခရီးသွားမှာလဲဆိုတဲ့ မေးခွန်းပါ။ နောက်ဆံတငင်ငင် နဲ့ခရီးထွက်နေရတာမျိုး ဆိုရင်တော့လည်း စိတ်ကိုသာ ပင်ပန်းစေပြီး ခရီးသွားခြင်းရဲ့ အရသာကို ကောင်းကောင်းရမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ်သွားချင်တာက ပင်လယ် ကမ်းခြေလိုနေရာမျိုးကို အပန်းဖြေခရီးလား၊ တောင်တက် ခရီးစဉ်လိုမျိုး စွန့်စားခန်းခရီးမျိုးလား၊ ဒါမှမဟုတ် ပြည်ပခရီးလား ဆိုတာသိမှ အချိန်ကို တွက်ဆ နိုင်ပါလိမ့်မယ်။

(၄) ဘာသာစကား

တကယ်လို့ ကိုယ်သွားရမယ့်ခရီးက နိုင်ငံခြားခရီးမျိုး ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို အနည်းအကျည်းလောက်ပဲဖြစ်ဖြစ် တတ်သွားသင့်ပါတယ်။ အများကြီး မဟုတ်ရင်တောင် နှုတ်ခွန်းဆက် စကားလောက်နဲ့ ကျေးဇူးတင်ကြောင်းပြောပြနိုင်ဖို့ အတွက်လောက်တော့ သင်သွားသင့်ပါတယ်။ အဓိကကတော့ အင်္ဂလိပ်ဘာသာစကားပါ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ် စကားက နိုင်ငံတိုင်းမှာသုံးစွဲလေ့ရှိတဲ့ ဘာသာစကား ဖြစ်နေလို့အတွက်ပါပဲ။


toowner

❄️ ဒီဇင်ဘာ ကို ဂျာမနီ မှာ ဖြတ်သန်းကြမယ် 🎊🇪🇺 Europe တခွင်အလည်သွားဖို့ Schengen Visa လိုအပ်နေပြီလား??🇪🇺 Europe နိုင်ငံတွေထ...
28/11/2023

❄️ ဒီဇင်ဘာ ကို ဂျာမနီ မှာ ဖြတ်သန်းကြမယ် 🎊
🇪🇺 Europe တခွင်အလည်သွားဖို့ Schengen Visa လိုအပ်နေပြီလား??
🇪🇺 Europe နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ Germany နိုင်ငံကို ရော အလည်သွားချင်လား???

🌎 ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Germany

🇪🇺 Europe ရဲ့ အလှဆုံးရဲတိုက်ကြီးဖြစ်တဲ့ Neuschwanstain Castle ကိုရောက်ဖူးချင်လား???

🏯 ရှေးဟောင်း ဂန္ဓဝင်အနုပညာလက်ရာကိုမှ ခံစားချင်တယ်ဆိုလျှင် မဖြစ်မနေသွားသင့်တဲ့ Brandenburg Gate

🏰 Gothic ဗိသုကာာလက်ရာနဲ့ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံးဘုးရားကျောင်းတစ်ခုဖြစ်တဲ့ Cologne Cathedral

🏙 ခေတ်ဆန်ပြီး တိုးတက်ပြောင်းလဲမှုတို့ကို မြင်တွေရမယ့် Frankfurt

🌃 Europe ရဲ့ အလှပဆုံး Nightlife ကိုတစ်ဝကြီးခံစားရမယ့် Hamburg

🏕 စိမ်းလန်းစိုပြေတဲ့သဘာဝရဲ့ အလှအပကို ရင်သပ်ရှုမောဖွယ်ခံစားရမယ့် Dresden

🕍 ရှေ့ဟောင်းသမိုင်းဝင်ယဥ်ကျေးမှုးအမွေအနှစ်လက်ရာများစွာကို ဂန္ဓဝင်ဆန်ဆန်မြင့်တွေ့ရမယ့် Munich

🇩🇪 ရသမျိုးစုံကိုတစ်သက်မမေ့နိုင်အောင်ခံစားရမယ့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်

🇩🇪 Germany နိုင်ငံကို အလည်သွားဖို့ မဖြစ်မနေလိုအပ်တဲ့ Visit visa ကို Steady Travel & Tour မှာ ဝန်ဆောင်မှုပေးနေပြီနော်……….
✅ Germany Visit Visa အတွက် Steady ရဲ့ဝန်ဆောင်မှုလေးကတော့......

📄 ဖောင်ဖြည့် ပေးခြင်း
📆 Appointment ယူပေးခြင်း
🗺 Trip Plan သေချာစွာရေးဆွဲပေးခြင်း
🗒 လိုအပ်သောစာရွက်စာတမ်းများစီစစ်ပေးခြင်း
🏛 သံရုံးသို့ဝန်ထမ်းများလိုက်လံ၍ လိုအပ်တာများကိုဆောင်ရွက်ပေးခြင်း
📜 Visa Approved ဖြစ်နိုင်ဖို့ အကြံဉာဏ်များပေးခြင်း ဆွေးနွေးပေးခြင်း တို့ပါဝင်ပြီး ဒါ့အပြင်😊
📃 တိကျသေချာသော Notary Services ကိုအပ်နှံနိုင်ခြင်း
🏩 Hotel Booking & Airticket Booking လုပ်ပေးခြင်း
😊 အတွေ့ ကြုံရှိ သူများမှ အသေးစိတ်ရှင်းပြပေးခြင်း
🥇ဝန်ဆောင်မှုကောင်းမွန်ခြင်း
😄 One Stop Service ရရှိတာမို့ဘာဘဲလိုလိုဆွေးနွေးလို့ရပါတယ်ဗျို့
🏰 ကဲဒါဆိုရင် Germany သွားဖို့ အခွင့်ရေးရှိတုန်း မြန်မြန်သာ ဆက်သွယ် လိုက်ပါနော်

📲 09.980835188 (Viber)
☎️ 09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........

📩 [email protected]






28/11/2023

🇩🇪 ဆောင်းရာသီ အမှီ ဂျာမနီ ရောက်ရှိသွားတဲ့ Steady ရဲ့ ခရီးသွား တစ်ယောက်

☃️ ဆောင်းရာသီ အမှီ Germany ကို အမြန်သွားဖို့ Schengen Visa အမြန်လျှောက်စို့……

🌍  ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရပ်တည်ထားတဲ့ နိုင်ငံများနိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာ...
27/11/2023

🌍 ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရပ်တည်ထားတဲ့ နိုင်ငံများ

နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာတဲ့အခါမှာ ပညာရှင်တွေက စံအမျိုးမျိုးနဲ့ တိုင်းတာကြပါတယ်။ ဒါပေမယ့် အခြေခံ စံထားပြီး တိုင်းတာကြတာကတော့ နိုင်ငံရဲ့ GDPနဲ့ပဲ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေဟာဆိုရင် သူတို့ရဲ့ GDPကိုကြည့်ပြီး တိုင်းတာ ဖြစ်လို့ ဘယ်နိုင်ငံတွေက သူကြွယ်စာရင်းမှာ ထိပ်ဆုံးရောက်နေလဲဆိုတာ လေ့လာ ကြည့်လိုက်ပါအုန်းနော်။

၁၅ ။ Germany

စက်မှုအင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ ဂျာမနီနိုင်ငံကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ နံပါတ် ၁၅ နေရာကို ရရှိထားပါတယ်။ စက်မှုလုပ်ငန်းကို အဓိကထားတဲ့ နိုင်ငံဖြစ်တာကြောင့် တိုင်းပြည်ရဲ့ GDPကလည်း ကောင်းမွန်တဲ့ အခြေအနေတစ်ခုရှိပါတယ်။ ဂျာမနီနိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီကို လက်ညိုးထိုးပြပါဆိုရင် Volkswagen ၊ BMW ၊ Siemense နဲ့ Adidas တို့ကို ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။

၁၄။ Iceland

ကမ္ဘာပေါ်နေချင်စဖွယ် အကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အိုက်စလန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေ အလွန်များပြားလာခဲ့ပြီး ကမ္ဘာလည့်လှည့်ခရီးသွားတွေကို လည်ပတ်စရာ မကုန်နိုင်အောင် ဆွဲဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ခုနှစ်တုန်းက ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ပင် ငါးလုပ်ငန်းနဲ့ အလှုမီနီယမ်တင်ပို့မှုတွေ တိုးတက်ခဲ့တာကြောင့် သိပ်ပြီးတော့ အထိမနာခဲ့ပါဘူး။ အခုအခါမှာတော့ ခရီးသွားလုပ်ငန်းတွေကပါ တိုးတက်လာခဲ့တာကြောင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါတ် ၁၄ နေရာကို ရောက်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်
၁၃။ Saudi Arabia

တော်ဝင်မိသားစုတွေ အများအပြားရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာဆိုရင် ကမ္ဘာ့အချမ်းအသာဆုံး နိုင်ငံစာရင်းရဲ့ နံပါတ် ၁၃ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။
ဒါမယ့် ထူးခြားတာ တစ်ခုက ဒီနိုင်ငံမှာ ချမ်းသာကြွယ်ဝတဲ့သူတွေဟာ တော်ဝင်မျိုးနွယ်တွေတင် မဟုတ်ပဲ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံအတွက် ဝင်ငွေတော်တော်များများဟာ ရေနံတွေကနေ ရရှိတာ ဖြစ်ပြီး ပျမ်းမျှ GDPဟာဆိုရင် 55,944 ရှိပါတယ်။

၁၂။ Netherland

နယ်သာလန်နိုင်ငံသားတွေ ဖြစ်တဲ့ ဒတ်ချ်တွေဟာ လွန်ခဲ့တဲ့ ၁၆၀၀ခုနှစ်တွေတည်းက ကမ္ဘာအနှံ့ ရွှက်လွှင့်ပြီး ရောင်းဝယ်ဖောက်ကား နေကြသူတွေလည်း ဖြစ်ပါတယ်။ ယနေ့ခေတ်အရောက်မှာတော့ သူတို့ရဲ့ စီးပွားရေးဟာ ပြည်ပကို တင်ပို့နိုင်တဲ့ အရည်အသွေးရှိ စားသောက်ကုန်တွေကို ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ဥပမာဆိုရင် ဥရောပတိုက်မှာ ရောင်းတဲ့ ဟင်းသီးဟင်းရွက် အတော်များများဟာ နယ်သာလန်နိုင်ငံက ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အောင်မြင်လှတဲ့ တစ်ခြားလုပ်ငန်းတွေကတော့ ရေနံ သန့်စင်တဲ့စက်ရုံ၊ ဓာတုဗေဒ ဆိုင်ရာ လုပ်ငန်းတွေ နဲ့ စက် ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။

၁၁။ San Marino
ဆန်မာရီနိုဆိုတာ နေချင်စဖွယ်ကောင်းလှတဲ့ နိုင်ငံတွေထဲမှာ ပါဝင်သလို ကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲကလည်း တစ်ခုဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ အဓိကစီးပွားရေးတွေကတော့ ဘဏ်လုပ်ငန်းတွေ ဖြစ်ပြီး နိုင်ငံအတွင်း ပျှမ်းမျှနေထိုင်သူ အတော်များများဟာ ချမ်းသာကြွယ်ဝတဲ့ သူတွေချည်းပါပဲ ။ ဒါ့ကြောင့်လည်း နိုင်ငံရဲ့ GDPဟာ အမြဲတိုးတက်လျက်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁၁နေရာကို ရောက်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၁၀။ USA
ကမ္ဘာ့အင်အားအကြီးဆုံးနဲ့ အာဏာအရှိဆုံးအဖြစ် တည်ရှိနေတဲ့ အမေရိကန်နိုင်ငံကတော့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းရဲ့ နံပါတ် ၁၀မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သင့်ကို အံ့အားသင့်စေမယ့်အချက်က ဘာလို့ အမေရိကန်နိုင်ငံက အချမ်းသာဆုံးမဖြစ်တာလဲလို့ မေးရင် အဖြေက တစ်ဦးချင်းဝင်ငွေကို စံထားပြီး တွက်ချက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဝင်ငွေရရှိပေါက်ဟာ များစွာရှိပြီး ဒီကနေ အခြေခံလစာရရှိမှုနှုန်းဟာ ကွဲပြားသွားကြတာပဲ ဖြစ်ပါတယ်။ တစ်ခါက ဘဏ္ဍာရေး ရိုက်ခတ်မှုနဲ့ အခက်အခဲတွေ ရှိခဲ့ပေမယ့်လည်း အစိုးရဟာ ကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာဟာ ယနေ့အချိန်အထိ အခိုင်အမာ ရပ်တည်နေနိုင်တာလည်း ဖြစ်ပါတယ်။

၉။ Switzerland

ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါတ်၉နေရာမှာ တည်ရှိနေတာကတော့ ဆွစ်ဇာလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ နေချင်စဖွယ်အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါသေးတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းကတော့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေပါ။ ဘဏ်လုပ်ငန်းအပြင် တခြားသော အာမခံလုပ်ငန်းတွေလည်း ရှိတာကြောင့် နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို ထောက်ပံ့ပေးနိုင်တဲ့ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုအဖြစ် ရှိလို့နေပါတယ်။ ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံမှာ ထုတ်ကုန်လုပ်ငန်းတွေအပြင် ခရီးသွားလာရေးလုပ်ငန်းတွေလည်း ရှိပါသေးတယ်။

၈။ Kuwait

ကူဝိတ်နိုင်ငံဟာဆိုရင် ရေနံအများအပြားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ အဓိကထုတ်ကုန်အဖြစ် ရှိနေတာပါ။သူတို့နိုင်ငံရဲ့ အားနည်းချက်ကတော့ သောက်သုံးရေ အပြင် အခြားသော စားသောက်ကုန် တွေကို ပြည်ပကနေ မှာယူတင်သွင်းနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီပြသနာဟာ သိပ်ပြီးတော့ ကြီးကြီးမားမား မဟုတ်လှပါဘူး။ ကူဝိတ်နိုင်ငံဟာ ရေနံကနေ အမြတ်အစွန်းများစွာ ရရှိနေတာကြောင့် နိုင်ငံမှာနေထိုင်တဲ့သူ အတော်များများဟာ ချမ်းသာကြွယ်ဝတဲ့ သူတွေချည်းပါပဲ။

၇။ United Arab Emirates

အာရပ်စော်ဘွားများပြည်ထောင်စုလို့ ကျွန်တော်တို့တွေ သိထားကြတဲ့ ယူအေအီးနိုင်ငံကတော့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၇ ကို ရရှိထားပါတယ်။ ဒီနိုင်ငံထဲမှာဆိုရင် အံ့သြမှင်သက်လောက်စရာ မိုးမြင့်တိုက် အဆောက်အဦးတွေလည်း ရှိလို့နေပါတယ်။ နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းကတော့ ရေနံကနေ ရရှိနေတာ ဖြစ်ပြီး မကြာသေးမီနှစ်များကတော့ ငွေကြေးပိုင်ဆိုင်ရာ စင်တာတစ်ခုကို ထပ်မံဖွင့်လှစ်ခဲ့ကာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့ လူတွေကို ဝန်ဆောင်မှုပေးပြီး ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

၆။ Norway

နော်ဝေးလူမျိုးတွေကို အဓိက ချမ်းသာကြွယ်ဝလာစေတဲ့ အကြောင်းအရင်းကတော့ ရေနံနဲ့ ငါးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ နော်ဝေးဟာ ဂျပန်လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ဆူရှီရဲ့ အဓိက menuဖြစ်တဲ့ ဆယ်လ်မွန်ငါးတွေကို ဂျပန်နိုင်ငံဆီ တင်ပို့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနံပမာဏကိုလည်း အတော်များများတင်ပို့နိုင်တာကြောင့် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေဟာ အမေရိကန်ဒေါ်လာ ၁၀၇၆ ဘီလီယံတောင် ပိုင်ဆိုင်ထားနိုင်ပါပြီ။

၅။ Ireland

တစ်ကယ်လို့ သင်ဟာ Google နဲ့ Facebook မှာ ရိုက်ပြီး ရိုက်ကြည့်လိုက်မယ်ဆိုရင် ဥရောပတိုက်က စီးပွားရေး ရုံးခန်းတွေ အိုင်ယာလန်နိုင်ငံမှာ ဘယ်နှစ်ခု ဖွင့်ထားလဲဆိုတာကို သိပါသလား ? အခွန်ငွေကြေးပိုင်းဆိုင်ရာမှာ များစွာသက်သာမှုရှိလို့ အိုင်ယာလန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီရုံးခန်းတွေ အခြေစိုက်ချင်စရာ ဖြစ်လာအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဒီလို ဆွဲဆောင်ထားနိုင်လို့လည်း နိုင်ငံရဲ့ ဝင်ငွေဟာ တစ်နေ့တစ်ခြား များပြားလာပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၅ အထိ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
၄။ Brunei

ဘရူနိုင်းနိုင်ငံကတော့ အာဆီယံဒေသတွင်းမှာ ဒုတိယ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာ့အချမ်းသားဆုံးစာရင်းမှာလည်း နံပါတ် ၃ ကို ချိတ်ဆွဲထားနိုင်ပါတယ်။ နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းကနေ ရရှိနေတာလည်း ဖြစ်ပါတယ်။ ထူးဆန်းတဲ့အချက်ကတော့ ဘရူနိုင်းနိုင်ငံမှာ tax ကော VAT ကော လုံးဝမရှိပါဘူးတဲ့။

၃။ Singapore

ကမ္ဘာ့ထိပ်သီး ငွေကြေးပိုင်းဆိုင်ရာ စင်တာကို ပိုင်ဆိုင်ထားတဲ့ စင်ကာပူနိုင်ငံဟာ အာဆီယံဒေသတွင်းမှာတော့ အချမ်းသာဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အဆင့်မှာတော့ အဆင့် ၃အထိ ရရှိထားပါတယ်။ ပညာရှင်များရဲ့ လေ့လာချက်အရ စင်ကာပူနိုင်ငံသားအတော်များများဟာ အရွယ်ရောက်လာကတည်းက ချမ်းသာတဲ့သူဖြစ်လာဖို့ ရည်မှန်းပြီး အလုပ်ကြိုးစားကြသလို ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေဖြစ်တယ်လို့လည်း တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သွင်းကုန်နဲ့ ထုတ်ကုန် ၂ခုကြားမှာ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တာကြောင့် လည်း အခုလို ကမ္ဘာ့အချမ်းသာဆုံး Top 3 စာရင်းထဲကို ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂။ Luxembourg

ကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ လူဇင်ဘတ်နိုင်ငံဟာဆိုရင် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးပိုင်ဆိုင်ရာလုပ်ငန်းတွေမှာ ကျွမ်းကျင်ပညာရှင်တွေ ပေါများလွန်းတာကြောင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းမှာ အဆင့်၂ နေရာအထိ ရောက်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံမှာ အခြားသောခိုင်မာလှတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ စတီးလ် ၊ ရော်ဘာ နဲ့ ဓာတုဗေဒ လုပ်ငန်းတွေလည်း ရှိလို့နေပါတယ်။

၁။ Qatar

ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁ အဖြစ် ထိပ်ဆုံးမှာ ရှိနေတာကတော့ ကာတာနိုင်ငံပဲ ဖြစ်ပါတယ်။ ဘာလို့ ဒီလို ချမ်းသာကြွယ်ဝနေရလဲဆိုတဲ့ အကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါမှာတော့ ရေနံနဲ့ သဘာဓာတ်ငွေ့တို့ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း ဖြစ်တဲ့ ကာတာ လေကြောင်းလိုင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် နိုင်ငံရဲ့ GDP ဟာနှစ်စဉ်တိုးတက်နေလျက်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ထိပ်ဆုံးကို ရယူထားနိုင်ခဲ့ပါတယ်။

to original owner

📢 (Special Package)🇻🇳 Vietnam မှာ USA Visa အတွက် Interview ဖြေဆိုချင်သူများအတွက် Special Package🇺🇸 American Visa အတွက်📝 ...
27/11/2023

📢 (Special Package)
🇻🇳 Vietnam မှာ USA Visa အတွက် Interview ဖြေဆိုချင်သူများအတွက် Special Package

🇺🇸 American Visa အတွက်
📝 DS-160 Visa form ဖြည့်ပေးခြင်း
🗓️ Appointment ယူပေးခြင်း
🧾 သံရုံးကြေး သွင်းပေးခြင်း
❓ Interview အမေး၊ အဖြေ များလေ့ကျင်းပေးခြင်း
📄 လိုအပ်သော စာရွက်စာတမ်းများ စီစစ်ပေးခြင်း
✅ Visa ရရှိဖို့ အကြံညဏ်များပေးခြင်း

🇻🇳 Vietnam မှာ Interview သွားရောက်ဖြေဆိုဖို့အတွက်လိုအပ်သော

✈️ Air Ticket
🏨 Hotel Booking

တခြား လိုအပ်တာများကို တစ်နေရာထဲမှာ One Stop Service ပေးနေပြီမို့ ယခုပဲ ဆက်သွယ်လိုက်တော့နော်

Special Package အကြောင်း အသေးစိတ် သိရှိဖို့ အတွက်………

📲 09.980835188 (Viber)
☎️ 09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........

✈️ ခရီးသွားရတာ ကြိုက်လား???
22/11/2023

✈️ ခရီးသွားရတာ ကြိုက်လား???

🇳🇿 Australia Visa Service.(USD 100) ကမ္ဘာ့ အလှဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ သြစတျေးလျရူးသွပ်စရာကောင်းလွန်းတဲ့ အလှအပတွေကိ...
22/11/2023

🇳🇿 Australia Visa Service.(USD 100)

ကမ္ဘာ့ အလှဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ သြစတျေးလျ

ရူးသွပ်စရာကောင်းလွန်းတဲ့ အလှအပတွေကို ရူးခါနေအောင် ခံစားရမယ့် သြစတျေးလျ

🌉 ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်မှု တွေကို မြင်တွေ့ခံစားရမယ့် နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်

သြစတျေးလျ ကို အလည်သွားချင်တဲ့ မိတ်ဆွေ တို့အတွက် Visa လျှောက်ပေးနေပြီနော်......

📲 09.980835188 (Viber)
☎️ 09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........

✈️ နိုင်ငံရပ်ခြား သွားဖို့အတွက်လား ??🗓️ ဗီဇာ တင်ဖို့ အတွက်လား ??🏷️ လိုအပ်သော ခရီးသွား အာမခံများကို Steady မှာ ဝယ်ယူနိုင်...
21/11/2023

✈️ နိုင်ငံရပ်ခြား သွားဖို့အတွက်လား ??
🗓️ ဗီဇာ တင်ဖို့ အတွက်လား ??
🏷️ လိုအပ်သော ခရီးသွား အာမခံများကို Steady မှာ ဝယ်ယူနိုင်ပြီနော်…
✅ ဘာပဲလိုလို One Stop Service ရတဲ့ Steady ကို သတိရလိုက်ပါ

Hotline

📲 09.980835188 (Viber)
☎️ 09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........

🇮🇳 India Sticker Visa  Services 🕌 ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားတဲ့ အိန္ဒိယ နိုင်ငံ🛕ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေ...
21/11/2023

🇮🇳 India Sticker Visa Services

🕌 ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားတဲ့ အိန္ဒိယ နိုင်ငံ

🛕ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် ဘုရားများစွာ တည်ရှိတဲ့ အိန္ဒိယ နိုင်ငံ

🏞️ မတူကွဲပြားတဲ့ သဘာဝ အလှတရားများစွာ ကို လေ့လာနိုင်မည့် နိုင်ငံဖြစ်ပါတယ်နော်

🇮🇳 အိန္ဒိယနိုင်ငံကို အလည်သွားဖို့ လိုအပ်တဲ့ Visa Service ကို Steady Travel & Tour မှာ အမြန်ဆုံးလျှောက်ထားပေးနေပြီနော်

📲 09.980835188 (Viber)
☎️ 09.447321194.09447321195

🏛 No.(141) 2nd Floor, 37th Str (Middle Block), Kyauktada Tsp, Yangon, Myanmar.

💬 Chatbox သို့ဖြစ်စေ သိလိုသမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ........

Address

No-141, 2nd Floor, 37 Street (Middle Block) , Kyauktada Tsp;
Yangon
11181

Telephone

+959980835188

Website

Alerts

Be the first to know and let us send you an email when Steady Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Steady Travel & Tour:

Videos

Share

Category


Other Travel Companies in Yangon

Show All