03/01/2023
🤔ပြည်ပခရီး သွားနေစဉ် Passport ပျောက်ခဲ့လျှင် ဘာဆက်လုပ်ရမလဲ??🤔
🤗ပြည်ပ ခရီးစဉ်သွားမယ်ဆို မိမိ ရဲ့ passport ကို သေသေချာချာ ထိန်းသိမ်းထားသင့်ပါတယ်၊ 😓သို့သော် ခရီးသွားရင်း မတော်တဆ ပျောက်ခဲ့သည် ရှိသော် ပျောက်သွားတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ 👮♀️ရဲစခန်းကို သွားပြီး Passport ပျောက်ဆုံး ကြောင်း အကြောင်းကြား၍ ရဲစခန်းထောက်ခံစာ ယူပေးရမှာပါ။
👉ထို့နောက် လုပ်ဆောင်ရမှာက မိမိ Passport ပျောက်ဆုံးတဲ့ နိုင်ငံမှာ ရှိတဲ့ Myanmar Embassy ကိုသွားပြီးတော့ passport ပျောက်ကြောင်း ပြောပြ၍ သံရုံးမှ တာ၀န်ရှိသူများ ညွှန်ကြားချက် အတိုင်း လိုက်နာ ဆောက်ရွက်ပေးပါ။
👉ဆက်လက်၍ သံရုံးဘက်မှ ပြည်၀င်ခွင့် သက်သေခံစာရွက် ထုတ်ပေးတာကိုစောင့်ရမည် ဖြစ်ပါတယ်ရှင်။ ကြာချိန်ကတော့ များသောအားဖြင့် ၁ ရက် /၂ ရက် လောက်တော့ ကြာတတ်ပါတယ်၊ 🚨တခု သတိပြုရမှာက မြန်မာသံရုံးက စနေနဲ့တနင်္ဂနွေမှာ ပိတ်သည့် အတွက် ပိတ်ရက်နှင့် တိုက်ဆိုင်နေခဲ့လျှင် စောင့်ဆိုင်းချိန် ပိုကြာတတ်ပါတယ်။
🛫အကယ်၍ ပြည်၀င်ခွင့်သက်သေခံစာရွက် ထုတ်ရမည့် ရက်သည် မိမိ လေယာဉ် ထွက်ခွါမည့်နေ့ ထက် နောက်ကျနေခဲ့ပါက လေယာဉ် လက်မှတ် ရက် ကို ပြန် ပြောင်း ပေးရန် လိုအပ် ပါသည်။
🗓ပြန်လည်ထွက်ခွါသည့် နေ့တွင် လေဆိပ်မှာ check in ၀င်သည့်အခါ immigration ကို သံရုံးမှ ထုတ်ပေးထားသော ပြည်၀င်ခွင့် သက်သေခံစာရွက်ကို Passport အစား ပြ၍ လေယာဉ် စီးရမည် ဖြစ်ပါသည်၊
----------------
🚨အရေးကြီးဆုံးကတော့ Passport ကို မပျောက်အောင် ဂရုစိုက်၍ သိမ်းထားသင့်ပါတယ်၊ မမျှော်လင့်ပဲ Passport ပျောက်ခဲ့သည် ရှိသော် ကြိုတင်ပြင်တဲ့အနေနဲ့ ခရီးမထွက်ခင် Passport, သန်းခေါင်စာရင်း ၊ မှတ်ပုံတင် စသည်တို့ကို မိတ္တူ ကူး၍ ဖြစ်စေ မိမိဖုန်းထဲတွင်လည်း သိမ်းထား၍ ဖြစ်စေ ကြိုတင် ပြင်ဆင်နိုင်ပါတယ်နော်။