Sky High Star Travel & Tour

Sky High Star Travel & Tour "A New Sky, A New Pulse Of Dream!"
(2)

Backlist စာရင်းသွင်းတာပါ‼️‼️နာမည် - ကိုချစ်ရင်ထူးဖုန်းနံပါတ် - 0977951930615,1,2024(Monday) 2:14 pm မှာ ညီမတို့ Sky High...
16/01/2024

Backlist စာရင်းသွင်းတာပါ‼️‼️
နာမည် - ကိုချစ်ရင်ထူး
ဖုန်းနံပါတ် - 09779519306

15,1,2024(Monday) 2:14 pm မှာ ညီမတို့ Sky High Star ကိုဖုန်းဆက်ပီး
Pyin Oo Lwin packages အတွက် စုံစမ်းပါတယ် ညီမတို့ဘက်မှသေချာ ဈေးနှုန်းလေးတွေ‌ရှင်းပြပေးပါတယ်
6:54 pm မှာ ညီမတို့ရဲ့ဈေးနဲ့အဆင်ပြေတယ် သွားမယ် booking လေးတင်ချင်ပါတယ်ဆိုပီး ပြောပါတယ်
ညီမတို့ဘက်က ဟုတ်ကဲ့အကိုအဲ့ဆို hotel က deposit 50% လေးတော့ကြိုလွှဲပေးရပါတယ်ရှင့် လို့ပြောတော့ အခုညဆိုတော့အဆင်မပြေလို့ မနက်ကျွန်တော်လွှဲလို့အဆင်ပြေလား ညီမ လွှဲရမဲ့ ဖုန်းနံပါတ်ရယ် kpay ACC လေးရယ် message လေးပို့ပေးထားပါနော်တဲ့ ညီမတို့အဲ့ဒါနဲ့ 6:41 pm မှာပို့ထားပေးပါတယ်
ဒီမနက်ရောက်တော့ မနက် 10:38 am ကနေဆက်လိုက်တာ ဖုန်း တောက်လျှောက်မကိုင်တော့ပါဘူး နေ့လည် 2:08pm နေမှ အမျိုးသမီးတစ်ယောက်ဖုန်းလာကိုင်ပါတယ် ညီမတို့ဘက်က အကျိုးအကြောင်းကို အေးဆေးပြောပြပါတယ် Booking confirm လုပ်ပီး cancel လုပ်လို့မရတဲ့အကြောင်း၊ တကယ်လို့ cancel မယ်ဆိုရင်လည်း ဖုန်းဆက်ပီးပြောပြသင့်တဲ့အကြောင်း ဖုန်းဆက်ဖို့အတွက် အဆင်မပြေရင်လည်း ညီမတို့ဆက်သွယ်တာကို ဖြေဆိုပေးသင့်ကြောင်း သေချာပြောပြပါတယ် သူတို့ဘက်က ဘာပြန်ပြောလဲ‌ဆိုတော့ အအေးလှိုင်းဖျက်လို့ မသွားဖြစ်တော့ဘူး ပိုက်ဆံ မလွှဲဘူးဆိုကတည်းက cancel လိုက်လို့ပေါ့ဆိုပီး ပေါ့”တန်”စကားမျိုးကိုပြောဆိုလာပါတယ် အမတို့အဲ့လိုပြောတော့ ညီမတို့အတွက်အဆင်မပြေပါဘူးလို့ပြောတော့ မသွားဖြစ်တော့လို့ ပိုက်ဆံမသွင်းတာလေ အဆင်မပြေဘူးဆိုတော့ ဘာလုပ်ပေးရမှာလဲ ဆိုပီး မောက်”မာ”တွေပြောလာပါတယ် customer အစားညီမတို့ဘက်က စိုက်ပေးလိုက်ရတာငွေကိုညီမတို့ဘယ်လိုမှသဘောမထားပေမဲ့ ခုလို respect မရှိ အမှားလည်းလုပ်သေးမောက်”မာ”လည်းပြောဆိုသေးတဲ့အတွက် ညီမတို့ဘက်က

နာမည် - ကိုချစ်ရင်ထူး
ဖုန်းနံပါတ် - 09779519306

ဒီလူ ဒီဖုန်းနံပါတ်ကို လုံးဝ blacklist သွင်းပါတယ်ရှင် ပိုက်ဆံဆိုတာပြန်ရှာ‌လို့ရပေမဲ့ သူတို့အတွက်သုံးခဲ့ရတဲ့အချိန်တွေ လုပ်အားတွေက ပြန်မရနိုင်ပါဘူး တစ်ခြား ခရီးသွားလုပ်ငန်းတွေလည်းဒီလိုလူမျိုးတွေကို သတိထားလို့ရအောင် တင်လိုက်ခြင်းဖြစ်ပါတယ်
Sky high star ဘက်မှတော့ ဤလူကို လုံးဝ blacklist ‼️ သွင်းလိုက်ပါပီ
စာအရမ်းရှည်လို့ လူကြီးမင်းတို့အတွက်စိတ်အနှောင့်အယှက် ဖြစ်ရင်လည်း ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ်ရှင် 🙇

🛫Sky high star မိသားစုမှ 💝

☎️09-976902969
🏡 အမှတ်(၆၈၁) ၊ ဝရုဏာ(၄)လမ်းအထက်၊၁၃ ရပ်ကွက်၊တောင်ဥက္ကလာပ၊ရန်ကုန်။




နှစ်သစ်မှာ ခရီးသွားချင်စရာကောင်းမဲ့ မြန်မာနိုင်ငံရဲ့စွဲမက်ဖွယ်ရာ နေရာများကိုရှာဖွေကြည့်ကြရအောင် 🧏မြန်မာနိုင်ငံရဲ့ စွဲမက်...
13/01/2024

နှစ်သစ်မှာ ခရီးသွားချင်စရာကောင်းမဲ့ မြန်မာနိုင်ငံရဲ့စွဲမက်ဖွယ်ရာ နေရာများကိုရှာဖွေကြည့်ကြရအောင် 🧏
မြန်မာနိုင်ငံရဲ့ စွဲမက်ဖွယ် ကောင်းတဲ့ရှူခင်းတွေဟာ နှစ်သစ်တစ်နှစ်ကိုစကူးလာတာနဲ့ ခရီးသွားချစ်သူများကို ဆွဲဆောင်နေကြပါပီနော် 🥹
ရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲမှ မြန်မာပြည်ရဲ့အလှကိုသေချာ ဖော်ဆောင်နေကြတဲ့ နေရာအချို့ကို ခရီးသွားချစ်သူတို့အတွက် ရွေးကောက်ပေးလိုက်ပါတယ်နော် 😉💙

၁။ရှေးဟောင်းစေတီပုထိုး တွေနဲ့မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်နေသော – ပုဂံမြို့ 🛕
ထောင်ပေါင်းများစွာသော စေတီပုထိုး၊ ရင်သပ်ရှူမောဖွယ်ရာ ရှူခင်း ၊နေဝင်နေထွက်အလှတို့အပြင် မိုးပျံပူဖောင်းလေးစီးပီး အထက်စီးကနေမြင်ရတဲ့ ပုဂံပြည်ရဲ့ အလှကိုတော့ ခရီးသွားချစ်သူတို့တကယ့်ကိုအကြိုက်တွေ့စေမှာအမှန်ပါပဲ အဲ့ဒီ့အပြင် ဒေသခံတွေစီကကြားရမဲ့ စေတီပုထိုးတွေရဲ့သမိုင်းကြောင်းတွေကလည်း မြန်မာ့သမိုင်းကြောင်းကိုထင်ဟပ်စေနေတဲ့အတွက် သမိုင်းကြောင်းလေ့လာသူချင်သူ စိတ်ဝင်စားသူများလည်း တကယ့်ကိုသွားရောက်လည်ပတ်သင့်တဲ့ Top list လေးထဲပါပါတယ်နော် 🙆

၂။ အေးချမ်းသောရေကန်ကြီးနဲ့ ရေပေါ်မြို့လို့တင်စားခေါ်ဝေါ်ကြတဲ့ – အင်းလေးမြို့🏞️
ကြည်လင်အေးမြတဲ့ရေကန်ကြီးအပေါ် သစ်သားလှေလေးစီးပီး ကန်ရေရဲ့အလှကိုခံစားရင်း နှစ်သစ်ရဲ့သာယာသောခရီးစဉ်လေးကိုစတင်လိုက်ကြပါစို့။ အင်းသားတို့ရဲ့ ဆန်းပြားသောလှေလှော်ပုံ ဒေသထွက်အစားအစာများနဲ့ အင်းလေးမြို့ရဲ့ အထင်ကရဖြစ်သော ဖောင်တော်ဦးစေတီ တို့ဟာ ခရီးသွားချစ်သူတို့ကို တောင်ပေါ်တောင်အောက်မြို့များစီ ခရီးသွားလည်ပတ်ရတဲ့အရသာနဲ့ မတူအောင် ဆွဲဆောင်မှုပေးမှာ အမှန်ပါပဲ💁

၃။မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အချက်အချာကျ‌သော – မန္တလေးမြို့🏯
တောင်ဝင်နန်းတော်များ၊ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများ၊ မန္တလေးဈေးချို ၊ ဦးပိန်တံတား တို့အပြင် မဟာမြတ်မုနိစေတေီတော်ကြီး စတဲ့ မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေတဲ့ နေရာများတည်ရှိနေတဲ့ မန္တလေးမြို့။
ဒါနဲ့ ခရီးသွားချစ်သူလေးတို့ ကျုံးကြည့်ချင်ကြလား 😜 မန္တလေးကျုံးတစ်လျှောက်ကိုလည်း ဆိုင်ကယ်လေးနဲ့လည်ပတ်ရင်း ကျုံးကြည့်ရင်း အပန်းဖြေကြရအောင်ဗျာ 🥰

၄။ Paradise ကမ်းခြေလို့ပြောရလောက်ထိလှပတဲ့ – ငွေဆောင်ကမ်းခြေ🌊
နေပူခံအပန်းဖြေချင်သူများ၊ ပင်လယ်ရဲ့အလှ ပင်လယ်ရဲ့သဘာဝ တို့အပြင် ကမ်းခြေအလှတို့ကို ဝတကြီးခံစားချင်ကြတဲ့ ခရီးသွားချစ်သူလေးများကို ငွေဆောင်ကမ်းခြေဟာ အဖြူရောင်သဲသောင်နဲ့ ကြည်လင်သောပင်လယ်ရေကြီးများနဲ့အတူ စိတ်အပန်းပြေစေမှုများကိုပေးဆောင်နိုင်မှာ အသေအချာပါပဲ
ပင်လယ်စာများကို မြည်စမ်းချင်သူများအတွက်လည်း လည်ပတ်စရာlist ထဲ ထည့်ထားရမဲ့နေရာလေးပါပဲနော်😗

၅။ Karst တောင်းများနဲ့ ရှေးဟောင်းဂူအလှများကို ခံစားနိုင်သော – ဘားအံမြို့ ⛰️
ကြီးမားတဲ့ကာမ့်တောင်တန်း များဖြင့်ဝန်းရံထားသော ဘားအံမြို့ဟာ စွန့်စားလိုစိတ်၊ စူးစမ်းလိုစိတ် ရှိသောခရီးသွားချစ်သူများကို ဆွဲဆောင် လျက်ရှိပါတယ်။ ဗုဒ္ဓဘာသာ တို့ရဲ့အမွေအနှစ် များနဲ့အလှဆင်ထားတဲ့ လျှို့ဝှက်ဂူများကို စူးစမ်းနိုင်သလို တောင်တန်းတွေပေါ်ကနေရတဲ့ အေးချမ်း‌တဲ့လေထု ကြည်နူးစရာကောင်းတဲ့ ရှူခင်းများနဲ့ ဘားအံမြို့လေးကိုလည်း အကြံပေးပါတယ်နော် 💁❣️

🛫Sky high star မိသားစုမှ 💝

☎️09-976902969
🏡 အမှတ်(၆၈၁) ၊ ဝရုဏာ(၄)လမ်းအထက်၊၁၃ ရပ်ကွက်၊တောင်ဥက္ကလာပ၊ရန်ကုန်။

အေးချမ်းတဲ့ ပြင်ဦးလွင်မှာ အနားယူမယ်သိကြရဲ့လား❓ဒီလိုဆောင်းကာလမှာ ပြင်ဦးလွင်မြို့က သိပ်လှတယ်ဆိုတာ………🌼မြူအုံ့အုံ့ဆိုင်းဆိုင...
07/01/2024

အေးချမ်းတဲ့ ပြင်ဦးလွင်မှာ အနားယူမယ်

သိကြရဲ့လား❓
ဒီလိုဆောင်းကာလမှာ ပြင်ဦးလွင်မြို့က သိပ်လှတယ်ဆိုတာ………

🌼မြူအုံ့အုံ့ဆိုင်းဆိုင်းလေးရယ်
🌼ရာသီဥတုအေးအေးလေးရယ်
🌼ဆောင်းမှာပွင့်တဲ့ ပန်းလှလှလေးတွေရယ်
🌼ရှမ်းခေါက်ဆွဲပူပူလေးရယ်
🌼ကော်ဖီခါးခါးလေးတစ်ခွက်ရယ် က ပြင်ဦးလွင်မြို့ရဲ့ ညှို့ချက်ပြင်းတဲ့ ဆွဲဆောင်မှုတွေပါပဲ

ဥတုအေးအေးလေးမှာ ပြင်ဦးလွင်အလှကို ခံစားရင်း Relax လုပ်ဖို့ Sky High Star မှာ Booking တင်ကြရအောင်🙋‍♀️

နှစ်သက်ရာ Hotel မှာ ကြိုက်ရာအခန်းကို ရွေးချယ်နိုင်တဲ့အပြင် ကားအသွားအပြန်လည်း စီစဉ်ပေးပါသေးသဗျ💯

Early Bird Promotion လေးလည်းပါဝင်လို့ နွေမပေါက်ခင်အပြေးသွားပြီး ဆောင်းတွင်းအလှကို ခံစားကြည့်လိုက်တော့နော်🤗🤗

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969
⏰Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

ဘယ်အချိန်သွားသွား မရိုးတဲ့နေရာဘဝမှာတစ်ခါသွားပြီးလည်း ထပ်ခါထပ်ခါ သွားချင်တဲ့နေရာလေး ရှိကြတယ် ဟုတ်❗️များသောအားဖြင့် အဲ့လို...
07/01/2024

ဘယ်အချိန်သွားသွား မရိုးတဲ့နေရာ

ဘဝမှာတစ်ခါသွားပြီးလည်း ထပ်ခါထပ်ခါ သွားချင်တဲ့နေရာလေး ရှိကြတယ် ဟုတ်❗️

များသောအားဖြင့် အဲ့လိုနေရာလေးတွေက
🌸အေးချမ်းတယ်
🌸ဆိတ်ငြိမ်တယ်
🌸ရာသီဥတုသာယာတယ်
🌸ရှူခင်းလေးတွေလည်းကောင်းတယ်
အဲ့လိုနေရာတွေထဲမှာ ကလောမြို့လေးကလည်း တစ်ခုအပါအဝင်ပါ

💁‍♀️သဘာဝအလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ကလောမြို့မှာ အပန်းဖြေအနားယူချင်ရင်တော့
အလုပ်လည်းမရှုပ် Budget လည်း Saved ဖြစ်တဲ့ Sky High Star ရဲ့ Package တန်တန်လေးတွေ ရှိတယ်နော်📣📣

📌Early Bird Promotion လေးရောရှိတော့ အဆင်ကိုပြေနေရော

ဖုန်းလေးနဲ့ပဲ Booking တင်ပြီး ကလောမှာ Relax လုပ်ဖို့ Sky High Star ကို အခုပဲ ဆက်သွယ်လိုက်တော့ရှင်🙋‍♀️💖

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

နှစ်သစ်မှာ လည်း ကမ်းခြေသွားမဲ့ အဖွဲ့ကပါ🌊နှစ်စဥ်နှစ်တိုင်း ကမ်းခြေမသွားမရမနေနိုင်လို့ ဒီနှစ်မှာလည်း ငွေဆောင်ပြေးလိုက်ကြဦ...
05/01/2024

နှစ်သစ်မှာ လည်း ကမ်းခြေသွားမဲ့ အဖွဲ့ကပါ🌊

နှစ်စဥ်နှစ်တိုင်း ကမ်းခြေမသွားမရမနေနိုင်လို့
ဒီနှစ်မှာလည်း ငွေဆောင်ပြေးလိုက်ကြဦးစို့🙋🏻

ပြီးခဲ့တဲ့နှစ်က အသည်းကွဲတာတွေရော စိတ့ညစ်စရာတွေပါ ပင်လယ်ရေနဲ့ ဆေးကြောဖို့
ငွေဆောင်ကို ဒိုးမယ်ဆို Sky High Star ကို သတိရလိုက်နော်📣📣

📌ပုံမှန်ဈေးနှုန်းထက် အခန်းခများ သက်သာပြီး Hotel အရောက်လည်း ပို့ပေးပါသေးတယ်

📌နောက်ပြီး မသွားခင် ၁၅ ရက်အကြို Booking တင်ရင် 15 Days Early Birds Promotion လေးလည်း ရှိသေးတာ

​ငွေဆောင်ရဲ့ နာမည်ကြီး Hotel တွေကိုမှ ကြိုက်ရာရွေးချယ်နိုင်တာဖြစ်လို့
ငွေဆောင်သွားမယ်အစီအစဥ်ကို Sky High Star နဲ့ အကောင်အထည်ဖော်လိုက်ပါ🙋🏻💙

မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျာ🤗🤗

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour

#ငွေဆောင်

#ကမ်းခြေ

#ခရီးသွားလုပ်ငန်း #ခရီး

Customer feedback လေး🥰ရန်ကုန်ကနေ မန္တလေးပဲသွားမလား 🤩ပြင်ဦးလွင်က ပန်းအလှတွေပဲခံစားမလား💐ကလောကရှူ့ခင်းတွေပဲကြည့်မလား 🌄ချောင...
03/01/2024

Customer feedback လေး🥰

ရန်ကုန်ကနေ
မန္တလေးပဲသွားမလား 🤩
ပြင်ဦးလွင်က ပန်းအလှတွေပဲခံစားမလား💐
ကလောကရှူ့ခင်းတွေပဲကြည့်မလား 🌄
ချောင်းသာ၊ငွေဆောင် ကမ်းခြေအလှတွေခံစားမလား 🏝️
ပုဂံကဘုရားတွေပဲဖူးကြမလား🙏
ခရီးသွားဖို့ အစီအစဉ်လေးဆွဲနေပီဆိုရင်တော့ ကျွန်တော်တို့ရဲ့ Sky High Star လေးကိုသတိရလိုက်ပါနော်
အကောင်းဆုံး service တွေအပြင်15 days early bird promotion လေးလည်းရှိတဲ့အတွက်လက်မနှေးစေပဲ booking လေးတင်လိုက်ကြရအောင် 🥳❣️

🛫Sky high star travel and tour မိသားစုမှ 💝
☎️09-976902969
🏡 အမှတ်(၆၈၁) ၊ ဝရုဏာ(၄)လမ်းအထက်၊၁၃ ရပ်ကွက်၊တောင်ဥက္ကလာပ၊ရန်ကုန်။

ကြီးမြတ်သော ပုဂံမြေဆီသို့………ဒီလို နှစ်အစရဲ့ ရာသီအေးအေးလေးမှာ ဘယ်ကို အသွားချင်ဆုံးလဲမေးရင် ပုဂံလို့ မဆိုင်းမတွ ဖြေမိမှာပါ...
02/01/2024

ကြီးမြတ်သော ပုဂံမြေဆီသို့………

ဒီလို နှစ်အစရဲ့ ရာသီအေးအေးလေးမှာ ဘယ်ကို အသွားချင်ဆုံးလဲမေးရင် ပုဂံလို့ မဆိုင်းမတွ ဖြေမိမှာပါ💯

မြူမကွဲနှင်းမကွဲချိန်လေးမှာ ချစ်ရသူလေးနဲ့
🍁မိုးပျံပူဖောင်းစီးပြီး ပြဂံအလှကို ကြည့်မယ်
🍁Bike လေးစီးပြီး လျှောက်လည်မယ်
🍁ဘုရားတစ်ဆူပြီးတစ်ဆူ မမောမပန်းဖူးမယ်
🍁အညာဒေသအစားအစာတွေစားမယ်
🍁ညနေစောင်းမှာ အာနန္ဒာဘုရားပေါ်ကနေ နေဝင်ဆည်းဆာအလှကို ခံစားမယ်
🍁ပုဂံမြေပေါ်ကနေ အချစ်တွေ ခိုင်မြဲအောင် တည်ဆောက်မယ်

ဒီလို Plan လေးတွေတွေးမိရင် ပုဂံကို ချက်ချင်းပြေးသွားချင်တော့တာ😍
အတွေးကနေ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်ဆိုလည်း မပူပါနဲ့နော်
Sky High Star နဲ့ဆို အလုပ်မရှုပ် ခေါင်းမရှုပ်ဘဲ ချစ်ရသူလေးလက်ဆွဲပြီး သွားလို့ရပါပြီ🙋‍♀️

📌Early Bird Promotion တန်တန်အစီစဉ်လေးလည်း ရှိတာဖြစ်လို့

ကြိုက်ရာ Hotel ရွေးချယ်ပြီး Sky High Star နဲ့အတူ အခုပဲ အကောင်အထည်ဖော်လိုက်တော့နော်📣📣

မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ🤗🤗

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

Christmas နေ့မှာ ချစ်ရတဲ့သူများနှင့်အတူ နွေးထွေးပျော်ရွှင်ကြပါစေ💝🎁Merry Christmas All🎄🔔  &tour
25/12/2023

Christmas နေ့မှာ ချစ်ရတဲ့သူများနှင့်အတူ နွေးထွေးပျော်ရွှင်ကြပါစေ💝🎁

Merry Christmas All🎄🔔


&tour

လေယာဉ်လက်မှတ် ဝယ်ဖို့ အလုပ်ရှုပ်နေပါသလား❓👉ကိုယ်အလုပ်လုပ်ရာ တာဝန်ကျရာနေရာကနေ ဇာတိမြို့ဆီ ပြန်ချင်တဲ့အခါ👉ချစ်ရတဲ့သူနေတဲ့မြ...
23/12/2023

လေယာဉ်လက်မှတ် ဝယ်ဖို့ အလုပ်ရှုပ်နေပါသလား❓

👉ကိုယ်အလုပ်လုပ်ရာ တာဝန်ကျရာနေရာကနေ ဇာတိမြို့ဆီ ပြန်ချင်တဲ့အခါ
👉ချစ်ရတဲ့သူနေတဲ့မြို့ကို အလည်သွားချင်တဲ့အခါ

အရင်လိုလေယာဉ်လက်မှတ်ဝယ်ယူဖို့ အလုပ်မရှုက်တော့ဘူးနော်🧏‍♀️
ဘယ်နေရာ ဘယ်ကိုပဲသွားသွား လိုအပ်တဲ့ Air Ticket တွေကို Sky High Star မှာ ဝယ်လို့ရပါပြီ📣📣

✈️နိုင်ငံတွင်းပျံသန်းနေတဲ့ မည်သည့် Airline မဆို ကြိုက်ရာရွေးချယ် ဝယ်ယူနိုင်တာဖြစ်လို့
ကိုယ်နဲ့အဆင်ပြေတဲ့ Airline နဲ့ သွားလိုက်ရုံပဲ

နောက်ပြီး Sky High Star မှာ လက်မှတ်ဝယ်ယူရင် December လကုန်အထိ 5% Discount ကလည်းရှိသေးတာ🎉

💁‍♀️ဖုန်းတစ်ချက်ဆက်ရုံနဲ့ လေယာဉ်လက်မှတ်တစ်ခါထဲ ဝယ်ပြီးသားဖြစ်မှာမို့ ခေါင်းရှုပ်မခံအလုပ်ရှုပ်မခံဘဲ
လိုရာခရီးအတွက် Sky High Star မှာ Airticket လာဝယ်လိုက်တော့နော်🤗💝

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour

ဒီလထဲ အကုန်အကျလည်းများနေပီ 🥹ဒါပေမဲ့ ခရီးကလည်းသွားချင်သေးတယ်🥲အဲ့လိုဆိုရင်တော့ sky high starမိသားစုမှ ဈေးနှုန်းတန်"လေးနဲ့ ...
12/12/2023

ဒီလထဲ အကုန်အကျလည်းများနေပီ 🥹
ဒါပေမဲ့ ခရီးကလည်းသွားချင်သေးတယ်🥲အဲ့လိုဆိုရင်တော့ sky high starမိသားစုမှ ဈေးနှုန်းတန်"လေးနဲ့ ပိတ်ရက်လေးမှာအပန်းဖြေအနားယူနိုင်မဲ့ Promotion တစ်ခုလေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်ရှင့်😉
အခုတခေါက် မိတ်ဆက်ပေးသွားမှာကတော့ December လ Holidays နဲ့ New Year မှာ Promotion ချပေးနေတဲ့ New Chaungthar Hotel ပဲ ဖြစ်ပါတယ် 🫢

မြန်မာနိုင်ငံ ချောင်းသာကမ်းခြေရဲ့ ရင်သပ်ရှုမောဖွယ်ကမ်းခြေတစ်လျှောက်မှာ တည်ဆောက်ထားတဲ့အတွက်ကြောင့်မို့ Luxury ဆန်တဲ့ အပန်းဖြေအနားယူခြင်းကို အတွေ့အကြုံအသစ်အနေနဲ့ ခံစားရမှာအသေအချာပါပဲ😉🤍

🛌အခန်းအနေအထားလည်း ကျယ်ဝန်းပြီး ကျက်သရေရှိတာမျိုးရှိတယ် အခန်းတစ်ခုခြင်းစီမှာလည်း အသက်ရှူမှားလောက်တဲ့ ကမ်းခြေအလှ ကိုလည်း ခံစားနိုင်သေးတယ်နော် 🤭

🍽️အချက်အပြုတ်ပိုင်းမှာဆိုရင်လည်း
ဧည့်သည်‌တို့အတွက် မတူကွဲပြားတဲ့ စားသောက်ဆိုင်တွေနဲ့ Bar တွေမှာ ကြည်နူးဖွယ်ရာ ကောင်းတဲ့ အချက်အပြုတ်တွေလည်း ရနိုင်သလို Hotel ရဲ့ ဝါရင့် စားဖိုမှူးများကိုယ်တိုင် ချက်ပြုတ်ပေးမဲ့ ဒေသထွက် ဟင်းလျာတွေ ဒါမှမဟုတ် နိုင်ငံတကာအစားအသောက်တွေလည်း ရနိုင်ဦးမှာဖြစ်ပါတယ် အထူး Promotion အနေနဲ့လည်း Fruit Cocktail ကို သုံးဆောင်နိုင်ဦးမှာပါနော်🫢🫦

Hotel အရှေ့ ကမ်းခြေအလှ🏝️
New Chaung Thar Hotel ရဲ့ တည်ရှိနေတဲ့ နေရာလေးက နူးညံအိစက်နေတဲ့ သဲပြင် နဲ့ ပင်လယ်
ဆောင်းလေညှင်းလေးတွေကို ခံစားရ‌စေပြီး စိတ်လှုပ်ရှားမှုတွေပြည့်နှက်စေမဲ့ Banana boat စီးခြင်း အစရှိတဲ့ Activities လေးတွေလည်း ပြုလုပ်နိုင်ဦးဖြစ်ပါတယ် Promotion ပေးထားတာကလည်း Free Ride Banana Boat ဆိုတော့ တန်နေပြန်ပါရောနော် 🥳

အံ့သြမင်သက်စရာ နေဝင်ချိန်အလှ 🌅
လိမ္မော်ရောင် နဲ့ ပန်းရောင်ဆိုတဲ့ အရောင်နှစ်မျိုးပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ပြည့်စုံသော နေဝင်ချိန်အလှစစ်ကိုလည်းခံစားနိုင်မှာပဲဖြစ်ပါတယ် 🥰

သီးသန့်အပန်းဖြေမှူများ 😲
New Chaungthar Hotel ရဲ့ Spa , ‌ရေကူးကန် တို့နဲ့ Activities တွေလုပ်လို့ရမဲ့ ရေကစားကွင်းလည်း ရှိနေတာကြောင့်မို့ တခြား Hotel တွေနဲ့ ကွဲပြားတဲ့ Vibes ကိုရမှာ အသေအချာပါပဲ😉💜

Special Offer 🤩
ကဲ အပေါ်က ဖော်ပြခဲ့တဲ့ စိတ်ဝင်စားဖွယ်တွေ အခန်းတွေရဲ့ Discount and Promotions တွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားချင်တယ်ဆိုရင်တော့ အချိန်အကန့်အသတ်ရှိတဲ့ အတွက်ကြောင့်မို့ အခုပဲ Booking တင်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် 💁💓

Promotion ကာလ
Dec 23 - 25 & New Year Holidays 30 Dec - Jan 1
Price - 265000 - 2550000

အသေးစိတ်သိရှိလိုပါက Page massenger မှလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 🙆

🛫Sky high star မိသားစုမှ 💝

☎️09-976902969
🏡 အမှတ်(၆၈၁) ၊ ဝရုဏာ(၄)လမ်းအထက်၊၁၃ ရပ်ကွက်၊တောင်ဥက္ကလာပ၊ရန်ကုန်။

🌸ပန်းပွဲတော်အမှီ ပြင်ဦးလွင်ဆီ🌸တောင်လှေကားမြို့တော်လို့ တင်စားကြတဲ့ ပြင်ဦးလွင်မြို့ရဲ့ ပန်းပွဲတော်အချိန် ရောက်ရှိလို့လာပါ...
12/12/2023

🌸ပန်းပွဲတော်အမှီ ပြင်ဦးလွင်ဆီ🌸

တောင်လှေကားမြို့တော်လို့ တင်စားကြတဲ့ ပြင်ဦးလွင်မြို့ရဲ့ ပန်းပွဲတော်အချိန် ရောက်ရှိလို့လာပါပြီ💐

⛰️အေးမြတဲ့ ရာသီဥတု လှပတဲ့ရှုခင်းများခံစားရင်း
ပြင်ဦးလွင်ရဲ့ ပန်းပွဲတော်မှာ လည်ပတ် အပန်းဖြေချင်တဲ့
မိတ်ဆွေများအားလုံး တည်စရာ နေစရာ Hotel အတွက် မပူနဲ့တော့နော်🙅‍♀️

Sky High Star ရဲ့ စိတ်ကြိုက် Hotel တွေမှာ ကြိုက်ရာ Package ယူလို့ရပါတယ်📣📣

ပန်းပွဲတော်က သဘာဝပန်းအလှကို ခံစားရင်း ပြင်ဦးလွင်မြို့မှာ အပန်းဖြေဖို့ အမြန် Booking ယူထားမှ စိတ်ချရမယ်နော်🌷💖

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

ငွေဆောင် သွားဖို့ အလုပ်ရှုပ်စရာမလိုတော့ပါ💁‍♀️New Year မှာ ငွေဆောင်သွား အပန်းဖြေမယ်ဘယ်ကားနဲ့သွားပြီး ဘယ် Hotel မှာတည်းမယ်...
11/12/2023

ငွေဆောင် သွားဖို့ အလုပ်ရှုပ်စရာမလိုတော့ပါ

💁‍♀️New Year မှာ ငွေဆောင်သွား အပန်းဖြေမယ်
ဘယ်ကားနဲ့သွားပြီး ဘယ် Hotel မှာတည်းမယ်
စတဲ့ အရှုပ်တွေကို အလုပ်လုပ်စရာမလိုပဲ

အိမ်ကနေ ဖုန်းလေးဆက် Sky High Star မှာ Booking တင်ရုံနဲ့ အေးအေးဆေးဆေး သွားလို့ရပြီနော်📣📣

Sky High Star က ဒီတခေါက်မှာ ငွေဆောင် Hotel အသစ်တွေ ထပ်တိုးထားလို့❗️
ကြိုက်တဲ့ Hotel ရွေးပြီး အထုပ်ဆွဲထွက်ရုံပဲ😉

ငွေဆောင်မှာ အေးဆေးလေး Chill ရင်း အပန်းဖြေဖို့ အခုပဲ Booking တင်လိုက်တော့နော်🙋‍♀️💖

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

ဆောင်းတွင်းအေးအေးလေး တောင်တန်းများကြားမှာဆောင်းရာသီကို ရှမ်းပြည်မှာ ဖြတ်သန်းဖူးလား❓နှင်းမြူတွေကြားမှာ ထင်းရှူးတောတွေ ပန်...
09/12/2023

ဆောင်းတွင်းအေးအေးလေး တောင်တန်းများကြားမှာ

ဆောင်းရာသီကို ရှမ်းပြည်မှာ ဖြတ်သန်းဖူးလား❓

နှင်းမြူတွေကြားမှာ ထင်းရှူးတောတွေ ပန်းပင်လေးတွေနဲ့ လှချင်တိုင်းနေတဲ့ ကလောမြို့လေးကလည်း အရမ်းလှတာ⛰️

မနက်စောစောထပြီး ကလောဈေးထဲလျှောက်
ရှမ်းစာပူပူလောလောလေးတွေ စားရတာလည်း
ကလောဆောင်းရဲ့ အရသာတစ်မျိုးပဲလေ✨

ဆောင်းအအေးဓာတ်ကို ကလောမှာ ခံစားရင်း အပန်းဖြေဖို့ Sky High Star မှာ Hotel Booking တင်လို့ ရပါပြီဗျ🤗🤗

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

မြူမှုန်တွေ ကြားမှာ လှချင်တိုင်းလှနေတဲ့ ပုဂံမြေတစ်မိုးကုန်လို့ တစ်ဆောင်းနှောင်းခဲ့ပြီပုဂံကတော့ လှမြဲလှနေစဲ✨တကယ်တော့ ဆောင...
08/12/2023

မြူမှုန်တွေ ကြားမှာ လှချင်တိုင်းလှနေတဲ့ ပုဂံမြေ

တစ်မိုးကုန်လို့ တစ်ဆောင်းနှောင်းခဲ့ပြီ
ပုဂံကတော့ လှမြဲလှနေစဲ✨

တကယ်တော့ ဆောင်းရာသီဆိုတာ ပုဂံသွားဖို့ အကောင်းဆုံးရာသီပါ🌨️

🍂အညာဆောင်းအေးအေးလေးမှာ ပုဂံဘုရားတွေကို မမောမပန်းလိုက်ဖူးရမယ်
🍂မြူနှင်းကြားက ပုဂံမြေအလှကိုလည်း ကြည့်ခွင့်ရမယ်
🍂ရာသီဥတု မပူတော့ ခရီးမပန်းစေတော့ဘူးပေါ့

ဒါကြောင့် December လမှာ ပုဂံသွားဖို့ စိတ်ကူးထားရင် အခုထဲက Sky High Star နဲ့ Booking ချိတ်ထားလိုက်တော့နော်📣📣

ကိုယ်ကြိုက်နှစ်သက်တဲ့ Hotel ကို Package တွေအလိုက်ရွေးချယ်လို့ရပါတယ်🤗

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

ရွှေရောင်သဲသောင်ပြင်တွေရှိတဲ့ ‌ငွေဆောင်ကမ်းခြေမှာ Luxury အခန်းလေးနဲ့ အေးအေးဆေးဆေးအနားယူဖို့ စိတ်ကူးနေပါသလား?🤔ဒါဆိုရင်‌တေ...
08/12/2023

ရွှေရောင်သဲသောင်ပြင်တွေရှိတဲ့ ‌ငွေဆောင်ကမ်းခြေမှာ Luxury အခန်းလေးနဲ့ အေးအေးဆေးဆေးအနားယူဖို့ စိတ်ကူးနေပါသလား?🤔

ဒါဆိုရင်‌တော့ Special Discount အနေနဲ့ RIA Resort ရဲ့ Birthday မှာ ဘာတွေ promotion ပေးထားလဲဆိုတာပြောပြပေးသွားမှာပါ။😮

အခု ဖော်ပြပါရက်တွေမှာ သွားလည်မဲ့သူတွေအနေနဲ့ နှစ်ညအိပ် နှစ်ယောက်ခန်း တစ်ခန်းထဲကိုမှ 149000 ကျပ်သာ ပေးချေရမှာပါရှင့် 😉🩵

10 Dec - 14 Dec 2023 အတွင်းသာ🥳

ရနိုင်မဲ့ အခန်းအမျိုးအစားလေးတွေကတော့ 💁

Superior Building
Deluxe Building
Deluxe Villa
Premium Villa တို့ပဲဖြစ်ပါတယ်ရှင့် 😉💙

Birthday Promotion လေးဖြစ်တဲ့အတွက်ကြောင့်မို့ အရင်ဆုံး Booking တင်မဲ့ လူကြီးမင်းတို့အနေနဲ့ အကောင်းဆုံးအခန်းအမျိုးအစားကို Promotion တန်တန်ကြီးနဲ့ ၂ညတာ တည်းခိုနိုင်မှာဖြစ်ပါတယ်ရှင်😲

🛌 ၁ ခန်းမှာ ၂ယောက် ၂ည တည်းခိုခွင့်
☕ နံနက်စာ ၂ယောက်စာ ၂ရက်အတွက်
💡 19Hrs Electricity
🍸 Welcome Drinks upon arrival
🏊 Infinity Swimming Pool
📶 Wifiတို့ပါဝင်မှာဖြစ်ပါတယ်ရှင်..💝

🕑 Check In : 2:00 Pm
🕛 Check Out : 12:00 Noon
(Early check in ကအခန်းလွတ်လေးရှိခဲ့ရင်တော့ အခမဲ့ပေးဝင်ပါတယ်ရှင်..🧏)

အခုလို Exclusive Promotion မှာ Booking တင်ချင်တယ်ဆိုရင် Admin တို့ Sky High Star Travel & Tour မှာ Booking တင်လို့ရနေပါပြီ။ ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်မခံဖို့ အခုပဲ Booking လုပ်လိုက်တော့နော်🥰 အသေးစိတ်သိရှိလိုပါက Page messenger မှလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 😘

🛫Sky high star travel and tour မိသားစုမှ 💝
☎️09-976902969
🏡 အမှတ်(၆၈၁) ၊ ဝရုဏာ(၄)လမ်းအထက်၊၁၃ ရပ်ကွက်၊တောင်ဥက္ကလာပ၊ရန်ကုန်။

ပိတ်ရက်ခရီးထွက်မယ်ဆို ဘာတွေလိုအပ်မလဲ 🤷အပန်းဖြေ ခရီးပဲထွက်မှာလား? အားလပ်ရက် ခရီးပဲထွက်မှာလား?ခရီးထွက်တဲ့အခါမှာ မိတ်ဆွေတို...
07/12/2023

ပိတ်ရက်ခရီးထွက်မယ်ဆို ဘာတွေလိုအပ်မလဲ 🤷
အပန်းဖြေ ခရီးပဲထွက်မှာလား? အားလပ်ရက် ခရီးပဲထွက်မှာလား?
ခရီးထွက်တဲ့အခါမှာ မိတ်ဆွေတို့ ဖိအားတွေ စိုးရိမ်ပူပန်မှုတွေ မရှိအောင်လုပ်ပေးမဲ့ အချက်လေးတွေကို Sky high star မိသားစုမှ တစ်ဖက်တစ်လှမ်းကနေ အကြံပြုလိုက်ပါတယ်နော် 😉♥️

🧳ခရီးအစီအစဉ်ကို တိကျအောင်ကြိုတင်ပြင်ဆင်ထားပါ။
ကိုယ်ခရီးသွားမဲ့ လေယျာဉ်၊ကား၊ရထား စတဲ့ဆက်သွယ်ရေးတွေကိုနောက်ဆုံးအချိန်မကပ်သီအောင်အလောတကြီးမဖြစ်ရအောင်ကြိုတင် Booking ယူထားပါ။ 🥰

🧳အချိန်စောပါစေ
ကိုယ်စီးမဲ့ ကားဂိတ်၊လေယျာဉ်ကွင်း စတဲ့နေရာတွေကို အချိန်စော"ရောက်နေခြင်းဖြင့် အချိန်မမှီမှာစိုးရိမ်ရခြင်း
မထင်မှတ်ထားတဲ့ကိစ္စတွေကြောင့် delay ဖြစ်ခြင်းများကြောင့်ရမဲ့ stress များကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ် ။🥳

🧳စိတ်ကိုပေါ့ပါးစွာထားပါ
တစ်ခါတစ်ရံတွင် ကိစ္စတိုင်းကစီစဉ်ထားသလိုဖြစ်မလာနိုင်တာ
တွေလည်းရှိပါတယ် အဲ့လိုကိစ္စတွေအတွက် တည်"ငြိမ်"နဲ့ဖြေရှင်းနိုင်အောင် စိတ်ကိုပေါ့"ပါး"ထားပီး ကြိုတင်ပြင်ဆင်ထားပါ။😉

🧳အရေးပေါ်အိတ်လေးတွေဆောင်ထားပါ
မိမိအတွက်အရေးကြီးသော မှတ်ပုံတင်၊လက်မှတ်၊ဆေးဝါး အစရှိသည်တို့ကို အိတ်သေးတစ်လုံးနဲ့ထည့်ပီး ခရီးသွားနေစဉ်အလွယ်တကူထုတ်နိုင်ပြုနိုင်အောင် ဆောင်ထားပါ။😘

🧳ရေဓာတ်ပြည့်ဝအောင်နေပါ
ခရီးသွားခြင်းက ခန္ဓာကိုယ်ကို ပင်ပန်းစေနိုင်ပါတယ် ဒါကြောင့်
ရေများ"သောက်ပါ ခရီးတစ်ခုမှ နောက်ခရီးတစ်ခုမဆက်မှီ
ပြည့်ဝစွာ အနားယူပါ။😘

🧳ကိုယ့်ကိုကိုယ်ဖျော်ဖြေပါ
စာအုပ်များယူသွားခြင်း၊ဖုန်းထဲတွင်သီချင်းများစုဆောင်းသွားခြင်း၊ရုပ်ရှင်များသိမ်းသွားခြင်းဖြင့် လမ်းခရီးတွင် မပျင်းရိရအောင် နေပါ။

🧳လူသွားများတဲ့နေ့ရက်တွေကိုရှောင်ရှားပါ
လာရောက်လည်ပတ်သူများတဲ့အတွက် အပန်းဖြေခရီးသွားတဲ့
အခါသေချာအပန်းမဖြေရပဲ လူထူတဲ့ဒဏ် စိတ်ဖိစီးမှုဒဏ် ဆူညံမှုဒဏ်တွေကို ခံစားနိုင်ရတဲ့အတွက်
တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် main holiday တွေမှာခရီးသွား
ခြင်းကိုရှောင်ရှားပါ။😉

🧳သက်တမ်းကုန်ဆုံးရက်ကို အမြဲစစ်ဆေးပါ
နယ်ဝေး ပြည်ဝေး ခရီးသွားတဲ့အခါမှာရုတ်တရက် ဖျက်ရခြင်း
သွားခွင့်မရခြင်း တို့ကြောင့်ဖြစ်လာမဲ့ stress များကိုရှောင်ရှားနိုင်ရင် passport သတ်တမ်းလက်မှတ်သတ်တမ်း များကို အမြဲလို"
စစ်ဆေးပါ သတိရှိပါ။ 🥰

🧳စိတ်ရှည်ပါ
အားလပ်ရက်ဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ တစ်ခြား တစ်ခြားသောသူတွေလည်း အပန်း‌ဖြေခရီးထွက်လာကြမှာကို သတိရပါ ဒါကြောင့် အပန်းလာဖြေခြင်းဆိုတဲ့စိတ်လေးကို တွေးပီးအရာ"မှာစိတ်ရှည်ပေးပါ ကိုယ်ချင်းစာစိတ်လေးနဲ့ ပျော်ရွှင်စွာ အားလပ်ရက်ခရီးလေးကို အဆုံးသတ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း….🥳
✈️ Sky high star မိသားစုမှ🙆💜

☎️09-976902969
🏡 အမှတ်(၆၈၁) ၊ ဝရုဏာ(၄)လမ်းအထက်၊၁၃ ရပ်ကွက်၊
တောင်ဥက္ကလာပ၊ရန်ကုန်။

New Year ကို ကမ်းခြေမှာ ဖြတ်သန်းမယ်စဉ်းစားကြည့်နော်🤔ရာသီဥတုအေးအေးလေးမှာ ချစ်ရသူလေးရဲ့ ခါးလေးဖက်ပြီး ပင်လယ်ကြီးကို ကြည့်န...
06/12/2023

New Year ကို ကမ်းခြေမှာ ဖြတ်သန်းမယ်

စဉ်းစားကြည့်နော်🤔

ရာသီဥတုအေးအေးလေးမှာ ချစ်ရသူလေးရဲ့ ခါးလေးဖက်ပြီး ပင်လယ်ကြီးကို ကြည့်နေရတဲ့ ခံစားချက်က ဘယ်လောက်တောင် ကြည်နူးစရာကောင်းလဲ😍😍

ရည်းစားမရှိတဲ့သူတွေကတော့ ပင်လယ်ဘေးမှာ စားကြသောက်ကြရင်း New Year ကို သူငယ်ချင်းတစ်သိုက် ကြိုဆိုလိုက်တော့🤭

ဘာပဲဖြစ်ဖြစ် ချစ်ခင်ရသူတွေနဲ့ နှစ်သစ်ကို Relax လုပ်ပြီး ဖြတ်သန်းကြရအောင်✨

🏝️ချောင်းသာမှာ အေးအေးဆေးဆေးလေး Chill ရင်း New Year ကို ကြိုဆိုဖို့ Sky High Star မှာ Booking ယူထားလိုက်တော့နော်

📌အဖွဲ့လိုက် Package ရော One Night Package ပါရှိလို့
Group လိုက် သွားသွား Family လိုက်သွားသွား ချစ်သူလေးနဲ့ သွားသွား အဆင်​ပြေစေပါတယ်

Hotel ခန်းတွေ ပြည့်တတ်လို့ မြန်မြန်လေး Booking တင်မှ ရမယ်ဗျို့📣📣

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

ဆောင်းရာသီမှာ အနားယူအပန်းဖြေဖို့ စီစဉ်နေပီလား?🤔အေးစက်တဲ့ ရာသီဥတုကြောင့် သင့်ရဲ့ style ကို မပျက်စေဖို့က အရေးကြီးတဲ့အချက်တ...
15/11/2023

ဆောင်းရာသီမှာ အနားယူအပန်းဖြေဖို့ စီစဉ်နေပီလား?🤔

အေးစက်တဲ့ ရာသီဥတုကြောင့် သင့်ရဲ့ style ကို မပျက်စေဖို့က အရေးကြီးတဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်😉
အခုပြောပြပေးသွားမဲ့ tips လေးတွေဟာဆိုရင် ဆောင်းရာသီ ခရီးသွားမဲ့အခါ ကာ"တို့ကို ‌နွေးထွေးစေမယ် အဆင်ပြေစေမယ် style လည်းကျစေမယ့် အချက်လေးတွေပဲဖြစ်ပါတယ် ကဲဒါဆို စလိုက်ကြရအောင်👐

❄️Quality ကောင်းကောင်းအဝတ်တွေ စုဆောင်းပါ 💁

ဒီခေတ်မှာ Style လည်းကျ Quality ကောင်းတဲ့ Coat တွေက Winter tour အတွက်မရှိမဖြစ်ပါ ။
ရေစိုခံ ရေစိမ်ခံတဲ့အဝတ်အမျိုးအစားတွေ နဲ့ နက်ပြာရောင် , အညိုရောင် စတဲ့ အရောင်အမျိုးအစား အဝတ်တွေကလည်း outfit အမျိုးမျိုးနဲ့ လိုက်ဖက်စေပါတယ်

❄️Accessories လေးတွေ ဆောင်ထားပါ💁

ခရီးသွားတဲ့အခါ ဆောင်ထားသင့်တဲ့ အရာတွေထဲမှာဆိုရင် ပုဝါ၊ ခြေအိတ်‌ လက်အိတ် နဲ့ ဦးထုပ်တို့က အခရာကျ‌ပါတယ် ဒီပစ္စည်းလေးတွေဟာ နွေးထွေးစေရုံသာမက fashion လည်းကျစေပြီး Photography အတွက်လည်း အသုံးဝင်စေပါတယ်

❄️ခြေထောက်လေးတွေ နွေးထွေးပါစေ🙆

ခြေဖျားလေးတွေ အေးဆက်နေတဲ့အခါ သွားရလာရလည်းအဆင်မပြေပါဘူး အဲ့ဒါကြောင့်မို့ ခြေအိတ်အစုံလေးတွေ၊ သွားရလာရသက်သောင့်သက်သာရှိပြီး Waterproof လည်း ဖြစ်စေမဲ့ ဖိနပ်တွေကလည်း နှင်းတွေကြောင့် ချော်လဲခြင်း လမ်းချော်ခြင်းတွေက ကာကွယ်ပေးနိုင်ပါတယ်

❄️Smart ကျကျ ထုပ်ပိုးပါ💁

အဝတ်ခေါက်ထည့်လို့ရတဲ့ cubes လေးတွေ box လေးတွေက ကာကာတို့ရဲ့ အဝတ်‌တွေကို စနစ်ကျကျ စီရီထားနိုင်မှာပါ အဝတ်တွေမကျေစေအောင်လို့ roll လုပ်လိုက်ခြင်းအားဖြင့်လည်း အဆင်ပြေစေပါတယ် ဖိနပ် ဦးထုပ်စတဲ့ အရာတွေရဲ့ လွတ်နေတဲ့နေရာမှာ ပစ္စည်းအသေးစားတွေကို ထည့်ပေးခြင်းအားဖြင့်လည်း space ပိုစေမှာပါ

❄️ထုပ်ပိုးပါ သို့သော် ပေါ့ပါးပါစေ🧏

လူတွေက ဆောင်းရာသီ ခရီးအပန်းဖြေမယ် အေးတဲ့နေရာတွေသွားမယ်ဆိုတာနဲ့ အဝတ်အစားပိုင်းမှာ အနွေးထည်အထူကြီးတွေကိုပဲ ပြေးမြင်ကြပါတယ် အဲ့အရာတွေကမိတ်ဆွေတို့ကို တကယ်ပင်အနွေးဓာတ်ပေးနိုင်သော်လည်း ခရီးသွားလာတဲ့အခါကျ လူကိုဝန်ပိစေပီး ပင်ပန်းစေပါတယ် ထို့ကြောင့်ပေါ့"ပါး"လည်းဖြစ်စေရမယ် ကိုယ့်ကို အ‌နွေးဓာတ်လည်းရစေ
ရမဲ့ ဆွယ်တာ , hoodie , Flannel , စတဲ့ layer များများဝတ်လည်း style ကျစေမဲ့ အဝတ်အစားများကို ပိုမိုဦးစားပေးရွေးချယ် စဉ်းစားသင့်ပါတယ်

❄️အသားအရေ ပိုင်းအတွက်လည်း မမေ့ပါစေနဲ့🙎

ခရီးသွားတဲ့အခါ မိတ်ဆွေတို့ အမှတ်တရ ဓာတ်ပုံ ရိုက်ကို ရိုက်ကြမှာ ဖြစ်ပါတယ်
အေးတဲ့ဒေသတွေကို ခရီးသွားရမှာဖြစ်တဲ့အတွက် အသားအရည်ခြောက်တဲ့ လက္ခဏာကို အနည်းနဲ့ အများတော့ရင်ဆိုင်ကြရမှာပါ။
အဲ့ဒီဒဏ်တွေကို သက်သာစေဖို့အတွက် skin care လေးတွေကိုလည်း ဆောင်သွားသင့်ပါတယ်နော် ဒါမှ မိတ်ဆွေတို့ ဓာတ်ပုံရိုက်တဲ့အခါ ရှူခင်းလှ" ပုံလှ" လေးတွေအတွက် စိတ်ချထားလို့ရမှာပေါ့ဗျာ

🌟မိတ်ဆွေတို့ ဦးစားပေးသတိပြုရမဲ့အချက်ကတော့ ဆောင်းရာသီ အပန်းဖြေခရီးမှာ ခန္ဓာကိုယ်နွေးထွေးနေဖို့က အဓိကပါ ခန္ဓာကိုယ်နွေးမှ သွေးလည်ပတ်မှုကောင်းမွန်မှာဖြစ်ပြီး ခရီးစဉ်မှာလည်း နေရာစုံကို သေချာပျော်"ရွှင်" လည်ပတ်နိုင်မှာဖြစ်ပါတယ် 🙆
ထို့ကြောင့် ခန္ဓာကိုယ်နွေးပါစေ
ခြေချောင်းလက်ချောင်းလေးတွေ နွေးထွေးနေပါစေ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကောင်းမွန်ပါစေ နွေးထွေးစေမဲ့ အစားအသောက်များကိုရွေးချယ်စားသောက်ပါ အေးခဲတဲ့စားအသောက်များ၊လည်ပင်း ၊အစာအိမ် တို့ကို အန္တရာယ်ဖြစ်စေမဲ့ အစားအသောက်များကို တတ်နိုင်သလောက်ရှောင်ရှားကြပါလို့ အကြံပေးရင်းနဲ့ မိတ်ဆွေတို့ရဲ့ ခရီးစဉ်‌လေးမှာ ပျော်ရွှင်စွာ အန္တရယ်ကင်းစွာ နဲ့ အပန်းဖြေနိုင်ကြပါစေလို့ မျှော်လင့်ချက်ဖြင့် ……

🛫Sky high star travel and tour မိသားစုမှ 💝

☎️09-976902969
🏡 အမှတ်(၆၈၁) ၊ ဝရုဏာ(၄)လမ်းအထက်၊၁၃ ရပ်ကွက်၊
တောင်ဥက္ကလာပ၊ရန်ကုန်။

တန်ဆောင်တိုင်မှာ ခရီးသွားမယ့်သူတွေအတွက် Sky High Starတောင်တန်းတွေဆီလား❓ပင်လယ်တွေဆီလား❓ယဉ်ကျေးမှု အမွေအနှစ်ထွန်းကားရာမြေလ...
13/11/2023

တန်ဆောင်တိုင်မှာ ခရီးသွားမယ့်သူတွေအတွက် Sky High Star

တောင်တန်းတွေဆီလား❓
ပင်လယ်တွေဆီလား❓
ယဉ်ကျေးမှု အမွေအနှစ်ထွန်းကားရာမြေလား❓

လူကြီးမင်းတို့ မိသားစုနဲ့ ဖြစ်စေ
သူငယ်ချင်းတွေနဲ့ ဖြစ်စေ
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖြစ်စေ တန်ဆောင်တိုင်မှာ အပန်းဖြေခရီးထွက်ချင်ရင် Sky High Star ကို ဆက်သွယ်လိုက်ပါ📣📣

ကားလက်မှတ် Hotel အခန်းအတွက်
အလုပ်ရှုပ်စရာမလိုဘဲ ဖုန်းတစ်ချက် ဆက်ရုံနဲ့ သွားချင်တဲ့ နေရာမှာ အပန်း​ဖြေနိုင်ပါပြီ😇

Sky High Star နဲ့ ဆက်သွယ်ပြီး Vacation ထွက်နိူင်တဲ့ နေရာတွေကတော့👇

💠ချောင်းသာ
💠ငွေဆောင်
💠ပုဂံ
💠မန္တလေး
💠ကလော
💠ပြင်ဦးလွင်

ပုံတစ်ပုံချင်းစီအောက်က Link မှာ Hotel နဲ့ စျေးနှုန်းတွေ ပါဝင်လို့ ကြိုက်နှစ်သက်တဲ့ Hotel မှာ Booking ယူနိုင်ပါပြီနော်🤗🤗

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour

ဒီရာသီက Beach သွားဖို့ အကောင်းဆုံးအချိန်ပဲသိကြလား သိကြလား❓မိုးအကုန်ဆောင်းအကူး ရာသီက Beach သွားဖို့ အကောင်းဆုံးအချိန်ဆိုတ...
13/11/2023

ဒီရာသီက Beach သွားဖို့ အကောင်းဆုံးအချိန်ပဲ

သိကြလား သိကြလား❓
မိုးအကုန်ဆောင်းအကူး ရာသီက Beach သွားဖို့ အကောင်းဆုံးအချိန်ဆိုတာ...........

🌊ပင်လယ်ကို ဖြတ်တိုက်လာတဲ့ လေညှင်းလေး ခံစားရင်း
🌊ဆောင်းဦးရဲ့ နေဝင်ချိန်ကို ခံစားရင်း
🌊လတ်ဆတ်တဲ့ ပင်လယ်စာတွေစားဖို့အတွက်
ငွေဆောင်ကမ်းခြေနဲ့မှ ဖြစ်မှာနော်

သာယာပြီး လှပတဲ့ ကမ်းခြေ​ဖြစ်လို့ လူအများ အပန်းဖြေကြတဲ့
💁🏻ငွေဆောင်ကို တန်ဆောင်တိုင် ပိတ်ရက်မှာ သွားချင်ရင်
Sky High Star မှာ ဘိုကင်ယူထားလိုက်တော့နော်📣📣

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျာ🤗💗

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour

#ငွေဆောင်

#ကမ်းခြေ

#ခရီးသွားလုပ်ငန်း #ခရီး

တောင်လှေကားမြို့တော် ဆီ Sky High Star နဲ့တူတောင်လှေကားမြို့တော်လို့ဆိုလိုက်တာနဲ့ လှပတဲ့ ရှူခင်း အေးချမ်းတဲ့ရာသီ သယာတဲ့သဘ...
08/11/2023

တောင်လှေကားမြို့တော် ဆီ Sky High Star နဲ့တူ

တောင်လှေကားမြို့တော်လို့ဆိုလိုက်တာနဲ့
လှပတဲ့ ရှူခင်း အေးချမ်းတဲ့ရာသီ သယာတဲ့သဘာဝတွေနဲ့ ပြင်ဦးလွင်ကို ပြေးမြင်ကြတယ်........ဟုတ်❗

💠မိသားစုနဲ့ အပန်းဖြေခရီး ထွက်တဲ့အခါ
💠သူငယ်ချင်းတွေနဲ့ Vacation ထွက်တဲ့အခါ
💠ချစ်ရသူလေးနဲ့ Honeymoon ထွက်တဲ့အခါ

သာယာအေးချမ်းတဲ့ ပြင်ဦးလွင် ကိုပဲ ရွေးချယ်ကြတယ်မလား🤗

ပြင်ဦးလွင် ကို Sky High Star ရဲ့ ရှယ်ပလန် Package တွေနဲ့လည်း သွားလို့ရပါတယ်ဗျ📣

💁🏻တန်ဆောင်တိုင်လည်း နီးနေပြီဆိုတော့ ကားလက်မှတ်မရမှာ Hotel မရမှာ စိတ်မပူရအောင်

Sky High Star နဲ့ အခုပဲ ဆက်သွယ်ပြီး တောက်လှေကားပန်းမြို့တော်မှာ သွားရောက် အပန်းဖြေလိုက်ပါ🤩💗

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

ဆောင်းဦးရာသီကို ​ကလောမြို့ရဲ့ အလှနဲ့အတူ ကြိုဆိုကြမယ်🌨ဆောင်းဦးရာသီ က သိပ်ကိုလှတာဒီလိုအချိန်ဆို ခရီးသွားချင်လာပြီဒီတော့ ...
08/11/2023

ဆောင်းဦးရာသီကို ​ကလောမြို့ရဲ့ အလှနဲ့အတူ ကြိုဆိုကြမယ်

🌨ဆောင်းဦးရာသီ က သိပ်ကိုလှတာ
ဒီလိုအချိန်ဆို ခရီးသွားချင်လာပြီ

ဒီတော့ ရာသီဥတုလေးကလည်း​ နေလို့ကောင်း
ပတ်ဝန်းကျင်လေးလည်း သာယာအေးချမ်းတဲ့ ⛰ကလောကို ရွေးချယ်ဖြစ်တယ်

အေးစိမ့်စိမ့်ရာသီလေးမှာ ချစ်သူလေးနဲ့ ​ကော်ဖီလေးသောက်ရင်း အပန်းဖြေလိုက်ရင်ဖြင့်🤭...........

ကဲ ကဲ တွေဝေမနေတော့ပဲ Sky High Star မှာ Booking ယူပြီး ကလောကို ချီတက်ကြရအောင်📣

💁🏻တစ်ဦးချင်း Package လည်းရှိသလို အဖွဲ့လိုက် Package တွေလည်းရှိလို့
ဆောင်းဦးအလှကို ခံစားဖို့ Booking ယူထားကြတော့နော်🙆🏻💓

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

ဆောင်းဦးမှာလည်း တမျိုးလေးလှနေတဲ့ ပုဂံပုဂံဟာ……..ခမ်းနားတယ်ပုဂံဟာ……..မဟာဆန်တယ်ပုဂံဟာ……..ဂုဏ်ရှိန်ပြင်းတယ်ပုဂံဟာ……..ရာသီသုံ...
06/11/2023

ဆောင်းဦးမှာလည်း တမျိုးလေးလှနေတဲ့ ပုဂံ

ပုဂံဟာ……..ခမ်းနားတယ်
ပုဂံဟာ……..မဟာဆန်တယ်
ပုဂံဟာ……..ဂုဏ်ရှိန်ပြင်းတယ်
ပုဂံဟာ……..ရာသီသုံးပါးလုံးမှာ အမြဲ လှနေပါတယ်✨

ဆောင်းဦးရောက်တဲ့ အခါမှာလည်း ပုဂံဟာ သိပ်ကိုလှပါတယ်❄️
ရာငီဥတု မပူမအေး မြူမှုန်တွေကြားမှာ ပုဂံ က လွမ်းမောစရာ အတိပါ🍂

သီတင်းကျွတ်မှာ ပုဂံမသွားလိုက်ရတဲ့ အဖွဲ့ရှိရင် တန်ဆောင်တိုင်ပိတ်ရက်မှာ သွားဖြစ်အောင်သွားကြည့်လိုက်ပါ💯

ပုဂံသွားမယ် စိတ်ကူးထားရင် အစစအရာရာ အဆင်ပြေချောမွေ့တဲ့ Sky High Star Travel & Tour ကိုသာ ဆက်သွယ်လိုက်နော်📣

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

တန်ဆောင်တိုင်မှာလည်း ချောင်းသာ သွားမယ့် အဖွဲ့ကပါဘယ်ချိန် ဘယ်ရာသီရောက်ရောက် ချောင်းသာသွားမယ့် အဖွဲ့ကဆို လက်ထောင်☝🏻🍂နွေရာသ...
06/11/2023

တန်ဆောင်တိုင်မှာလည်း ချောင်းသာ သွားမယ့် အဖွဲ့ကပါ

ဘယ်ချိန် ဘယ်ရာသီရောက်ရောက် ချောင်းသာသွားမယ့် အဖွဲ့ကဆို လက်ထောင်☝🏻

🍂နွေရာသီလား ချောင်းသာကိုသွား
🌧မိုးရာသီလား ချောင်းသာကိုသွား
❄ဆောင်းရာသီလား ချောင်းသာကိုသွား

မောပန်းနွမ်းနယ်တာ မှန်သမျှ ပင်လယ်ကြီးမြင်ရရင် စိတ်ချမ်းသာသွားတယ်........ဟုတ်❗

ချောင်းသာ ကို ရေမီးအစုံနဲ့ သွားချင်ရင်တော့ Sky High Star ကိုသာ ဆက်သွယ်လိုက်နော်📣

လူကြီးမင်းတို့ စိတ်တိုင်းကျ Hotel ရွေးချယ်ပြီး Booking လုပ်လို့ရပါတယ်🤗

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျ

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM


&tour




#ခရီးသွားလုပ်ငန်း
#ခရီး

အလှမ်းမဝေးတဲ့ မန္တလေးဆီသို့......🎶"ရွှေမန်းဆီသို့......တစ်ခါတခေါက်တော့ ရောက်စေချင်သည်" သီချင်းထဲကလိုပါပဲတကယ်တော့ မန္တလေး...
01/11/2023

အလှမ်းမဝေးတဲ့ မန္တလေးဆီသို့......

🎶"ရွှေမန်းဆီသို့......တစ်ခါတခေါက်တော့ ရောက်စေချင်သည်" သီချင်းထဲကလိုပါပဲ

တကယ်တော့ မန္တလေးကို တစ်ခုမက ရောက်ဖူးချင်ပါတယ်။
💁မန္တလေးကျုံး မန္တလေးတောင် စျေးချိုတော် မဟာမြတ်မုနိ စတဲ့ သမိုင်းတွေနေရာတွေအပြင်

💁ခေတ်နဲ့အညီ တိုးတက်လာတဲ့ နေရာတွေကလည်း မန္တလေးရဲ့ ညှို့အားပြင်းတဲ့ ဆွဲဆောင်မှူတွေပါ

အရင်ထဲက မန္တလေးဟာ ကျွန်တော်တို့ နှလုံးသာထဲမှာ နေရာယူထားပြီး အလိုလိို ချစ်ခင်မြတ်နိုးရာမြို့လေးပါ🤍🤍

ဒီမြို့လေးဆီကို အလုပ်ကိစ္စပဲဖြစ်ဖြစ် အလည်ခရီးပဲဖြစ်ဖြစ် သွားမယ်ဆိုရင်တော့ Sky High Star ရဲ့ မန္တလေးသို့ ဆိုတဲ့ Package လေးတွေရှိပါတယ်📣

မန္တလေးရဲ့ Luxury Hotel တွေမှာပဲ Booking တင်ရမှာနော😉

ကဲ........ရွှေမန်းကို သွားမယ့် ဘော်ဒါများ Sky High Star မှာ စိတ်ကြိုက် Hotel ကို ရွေးလိုက်တော့ဗျာ🤗🤗

📌မိသားစုသီးသန့် ကုမ္ပဏီအဖွဲ့အစည်းများ အတွက် သီးသန့် ခရီးစဥ်များ ကျွန်တော်တို့ Sky High Star မှ စီစဥ်ဆောင်ရွက်ပေးပါတယ်ခင်ဗျာ🤗💗

🏡Address-အမှတ်(681),၀ရုဏာအထကျ(4)လမ်း,13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်

☎Ph-09976902969

Opening Hour-9AM to 5 PM



&tour



#ခရီးသွားလုပ်ငန်း #ခရီး

သီတင်းကျွတ်အခါသမယမှာ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒ များပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏...
29/10/2023

သီတင်းကျွတ်အခါသမယမှာ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒ များပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🤍

🪔ပျော်ရွှင်စရာ သီတင်းကျွတ် ဖြစ်ပါစေ🪔


&tour

Address

Warunar 4th Street(Upper) , 13 Quarter
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959976902969

Website

Alerts

Be the first to know and let us send you an email when Sky High Star Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sky High Star Travel & Tour:

Videos

Share

Category

Nearby travel agencies