Saga War Myay Express

Saga War Myay  Express အဆင်မြင့်ခရီးသည်ပို့​ဆောင်​ရေး (express)

12/01/2025

အလုပ် နေရာ လစ်လပ်ခေါ်ယူခြင်း

ဂိတ်စာရေး ကျား /မ ၁ ဦး

အသက်၂၅မှ ၃၀ကြား
အကျင့်စာရိတ္တကောင်းမွန်သူ
ရုပ်ရည်ပြေပြစ်သူ
စကားပြောရည်မွန်သူဖြစ်ရမည်
လစာ ၂၅၀၀၀၀

ယာဥ်မောင်း ၃ ဦး

လိုင်စင်အနီ ၅နှစ်အထက်ရှိသူဖြစ်ရမည်
အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲသူမဖြစ်ရ
ကိုယ်ကျင့်တရားသိက္ခာတန်ဖိုးထားတတ်သူ
စကားပြောရည်မွန်ပြေပြစ်သူဖြစ်ရမည်

ယာဥ်အကူ ၃ဦး

ယာဥ်အကူလိုင်စင်ရှိရမည်
စာရိတ္တကောင်းမွန်သူ
အလုပ်အပေါ်တန်ဖိုးထားတတ်သူ
ကားချစ်မြတ်နိုးတတ်သူ
စကားပြောပြေပြစ်သူ
ခရီးသည်အပေါ်စိတ်ရှည်သည်းခံတတ်သူဖြစ်ရမည်

(ရုံးချိန်အတွင်း)
လူကိုယ်တိုင်လာရောက်လျောက်ထားနိုင်သည်

ဆက်သွယ်ရန်
စကားဝါမြေကားဂိတ်
မော်လမြိုင်လမ်း
အောင်မင်္ဂလာကားဝင်း
ရန်ကုန်

လေးစားရပါသောခရီးသွားမိဘ မောင်နှမများရှင့်4.1.2025 ရက်နေ့မှစပြီးမော်လမြိုင်လမ်း ဃ-၁၄ အောင်မင်္ဂလာကားဝင်းသို့ စကားဝါမြေ ကာ...
03/01/2025

လေးစားရပါသောခရီးသွားမိဘ မောင်နှမများရှင့်
4.1.2025 ရက်နေ့မှစပြီးမော်လမြိုင်လမ်း ဃ-၁၄ အောင်မင်္ဂလာကားဝင်းသို့ စကားဝါမြေ ကားဂိတ် ပြောင်းရွေ့ဖွင့်လစ်မည်ဖြစ်ကြောင်း အသိပေးဖိတ်ခေါ်ပါတယ်ရှင့်
Busကားနဲ့လာပြီးခရီးဆက်ကြမလား
ဝင်ရထွက်ရလွယ်ပြီေမာ်လမြိုင် ရေး ထားဝယ် ဘိတ်
ဘားအံ မြဝတီဘက်က လာမလား.
မန္တလေး ပြင်ဦးလွင် တောင်ကြီးဘက်ကလာကြမလား
ကားလိုင်းစံုနဲ့လမ်းလည်းသင့်
အလွယ်တကူသွားလာသင့်တဲ့ နေရာလေးမှာ
စကားဝါမြေ ယာဥ်လိုင်းမှခရီးစဥ်
ရန်ကုန် ကျောက်ပန်းတောင်း ပုပ္ပါး ငါ့သ ရောက်
ချောက် ဆိပ်ဖြူ ခရီးဆက်မယ်ဆို
စိတ်ချမ်းမြေ့စွာလှန်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်

လိပ်စာ ဃ.၁၄ မော်လမြိုင်လမ်း
အောင်မင်္ဂလာအဝေးပြေး ရန်ကုန်
ဖုန်း 09880595970
09880595971
09880595975
09880595978

ပြင်သစ်အမျိုးသမီးတစ်ယောက်ဟာ သူ့ရွာမှာ အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးစားသောက်စရာလေးတွေရောင်းချရင်း နှစ်ပေါင်းများစွာရပ်တည်...
18/12/2024

ပြင်သစ်အမျိုးသမီးတစ်ယောက်ဟာ
သူ့ရွာမှာ အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး
စားသောက်စရာလေးတွေရောင်းချရင်း
နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်-

တစ်နေ့တော့ သူ့ဆိုင်လေးရဲ့မျက်နှာချင်းဆိုင်
လမ်းမတစ်ဖက်မှာ စူပါမားကက်ကြီး တစ်ခု လာဖွင့်တာကို တွေ့လိုက်တယ်-

စူပါမားကက်ကြီးက သူတို့ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေကို
ဆိုင်းဘုတ်ရေးပြီး ထောင်ထားကြတယ်-

" အဲ့ဒီထဲမှာ ထောပတ်ရပြီ-
10-ဖရန့် " ဆိုတာလည်းပါတယ်-

အကျိုးစီးပွားနဲ့ယှဉ်လာတော့ ပြင်သစ်မက တုံ့ပြန်တဲ့အနေနဲ့ သူ့ဆိုင်ပြတင်းမှာ
ဆိုင်းဘုတ်ပြန်ထောင်တယ်-

" ထောပတ် 9 - ဖရန့် "

နောက်နေ့ကျတော့ စူပါမတ်ကက်ကြီးမှာ ဆိုင်းဘုတ်အသစ်ဖြစ်နေတယ်-

" ထောပတ်ရပြီ 8-ဖရန့် " တဲ့-

ဘယ်ရမလဲ, အားကျမခံ ပြင်သစ်မကလည်း အသစ်ပြင်ရေးလိုက်တာပေါ့-

" ထောပတ်ရပြီ 7-ဖရန့် " လို့ -

အဲ့လိုတွေဖြစ်နေတုန်း
ပြင်သစ်အမျိုးသမီးကြီးရဲ့စျေးဆိုင်မှာ
ဝယ်နေကျဖေါက်သည် 'မွန်စီယာ'ဆိုတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး
ဆိုင်းဘုတ်ကို လက်ညှိုးထိုးရင်း ပြောလာတယ်-

"မဒမ်..... ခင်ဗျားထောပတ်ကို စျေးလျှော့ပြီး ဘယ်လောက်ကြာကြာ ရောင်းနိုင်မှာလဲ။ ဒီကုမ္မဏီကြီးတွေက စျေးပေါပေါနဲ့ရောင်းနိုင်အောင် အများကြီးဝယ်လှောင်နိုင်တယ်ဗျ။ ခင်ဗျားလိုဆိုင်သေးသေးလေးက သူတို့နဲ့ယှဉ်နိုင်မှာ မဟုတ်ဘူး"

ဒီတော့
ပြင်သစ်အမျိုးသမီးက ကိုယ်ကိုရှေ့ကိုင်းပြီး သူ့ဖောက်သည်အမျိုးသားကို အခုလို
တိုးတိုးလေးပြန်ပြောလိုက်ပါတယ်-

"စိတ်မပူပါနဲ့ မွန်စီယာရေ တကယ်တော့
ကျမဆိုင်မှာ ဘာထောပတ်မှ မရောင်းပါဘူး" ---တဲ့ ...

တချို့ပြိုင်ပွဲတွေဆိုတာ
ကိုယ်ကသာပြိုင်တယ်ထင်နေတာပါ
တစ်ဖက်က ကိုယ့်ကို ပြိုင်ပွဲအသွင်ဖန်တီးပြီး အဆင်းဘီးတပ်နေတာမျိုးလည်း ဖြစ်နေတတ်ပါတယ် (စကားချပ် )

#နေနော်(ဘာသာပြန်သူ)

07/09/2024

စကားဝါ​မြေက ကား​တွေ​ကောင်းရဲ့လား မ​မေးနဲ့ လက်​တွေ့စီးကြည့်ပါ​နော်

အဘထွက်ပွဲ တွက် ကားလက်မှတ်​တွေ​ရောင်းပြီလား​?စျေး​တွေတက်လား?ဆီ​စျေး​တွေ ဆီမရတာ​တွေ​ကြောင့် ဘာ​တွေဖြစ်လာမလဲ?​မေး​နေကြလို့ ...
25/08/2024

အဘထွက်ပွဲ တွက်
ကားလက်မှတ်​တွေ​ရောင်းပြီလား​?
စျေး​တွေတက်လား?
ဆီ​စျေး​တွေ ဆီမရတာ​တွေ​ကြောင့်
ဘာ​တွေဖြစ်လာမလဲ?
​မေး​နေကြလို့ တကယ်​ကျေးဇူးတင်တယ်

ဟုတ်ကဲ့
​ရောင်း​နေပြီရှင့်
ဆီရှားတာမရှားတာကတပိုင်း
ခရီးစဥ်မ​နှောင်း​နှေး​အောင်
အများကုသိုလ် ပါရမီဖြည့်ဖို့ ကားထွက်​ပေးမှာပါ
တ​နေ့တစီး​တော့ ကြိုတင်လက်မှတ်
လက်ခံ​​ပေး​ရောင်း​ပေး​နေပါပြီ​နော်

ပင်ပန်းခံပြီးကားဝင်းလာဝယ်မ​နေနဲ့
ဖုန်း​လေးသာ hello လိုက်
KPay လွဲဝယ်လိုက်
သွားမယ့်​နေ့စိတ်ချမ်းသာစွာ ​အေး​ဆေးလာ
​အေး​ဆေး​လေးလာစီးသွား​နော်

Ph 09880595975
Kpay 095095126

​အော် .... ဒီလိုလည်းဝယ်နိုင်​သေးတယ်​နော် မိတ်​ဆွေ
Kpay ထဲက travel မှာ MM Bus ticket
ကတဆင့်ဝယ်ယူလိုက်ပါ

10/07/2024

ပင်ပမ်းဖူးမှ​ငွေတန်ဖိုးသိတာ
ကိုယ်ပိုင်အလုပ်မို့နားချင်လည်းမနားရဲ
လူမရှိလည်းပစ်မထားရဲ
ငါ့​ငွေ ငါ့အရင်းအနှီး ငါ့မြုပ်နှံမှု
ဘယ်သူရှိရှိ မရှိရှိ ငါရှိ​နေမယ်
ငါရပ်တည်နိုငိရမယ်

ကျားတို့၏ ခြံခုန်ခြင်း အနုပညာဆိုသည်မှာ...  ခပ်သွယ်သွယ် …မိန်းမတယောက်ရဲ့…ယောကျာ်းက …သူမပိန်လို့ …မကိတ်လို့ဆိုပီး… ဖောက်ပြ...
09/07/2024

ကျားတို့၏ ခြံခုန်ခြင်း အနုပညာဆိုသည်မှာ...

ခပ်သွယ်သွယ် …မိန်းမတယောက်ရဲ့…
ယောကျာ်းက …သူမပိန်လို့ …မကိတ်လို့ဆိုပီး… ဖောက်ပြန်သည်…

အသားမဲမဲ …မိန်းမတယောက်ရဲ့ဟောကျာ်းက …သူမ…မဖြူလို့ …မဲလို့ဆိုပီး ဖောက်ပြန်သည်…

ခပ်၀၀ …မိန်းမတယောက်ရဲ့… ယောကျာ်းက… သူမ ၀လို့ မသေးသွယ်တော့လို့ဆိုပီး ဖောက်ပြန်သည်…

ခပ်ရိုးရိုး… မိန်းမတယောက်ရဲ့ယောကျာ်းက… သူမ ရိုးလို့ …အလို့ဆိုပီး ဖောက်ပြန်သည်…

ခပ်လည်လည် …မိန်းမတယောက်ရဲ့… ယောကျာ်းက… သူမ…ရိုးသားအေးဆေးမှု မရှိဟု …ဆိုကာ ဖောက်ပြန်သည်…

ထက်မြက်တဲ့… မိန်းမတယောက်ရဲ့ယောကျာ်းက… နေရာတိုင်းမှာ… ရှေ့ကနေလို့ …လင်သားကို …ဦးထိပ်မထားလို့ဆိုပီး ဖောက်ပြန်သည်…

စည်းနဲ့ကမ်းနဲ့… ထိန်းသော… ထားသော… မိန်းမတယောက်ရဲ့… ယောကျာ်းက …တင်းကြပ်လွန်းလို့ဆိုပီး… ဖောက်ပြန်သည်…

မထိန်းမကွပ်ပဲ… ထားသော …မိန်းမတယောက်ရဲ့ယောကျာ်းက …လွပ်လပ်အားကြီးလို့ …လွှတ်ထားလွန်းလို့ဆိုပီးဖောက်ပြန်သည်

သ၀န်တိုတတ်သော… မိန်းမတယောက်ရဲ့…
ယောကျာ်းက… သံသယတေနဲ့ …မနေနိုင်ဟုဆိုကာ… ဖောက်ပြန်သည်…

သ၀န်မကြောင်တတ်သော… မိန်းမတယောက်ရဲ့… ယောကျာ်းက …သ၀န်ကြောင်တတ်သွားအောင်ဟုဆိုကာ… ဖောက်ပြန်သည်…

အလွန်ဖလန်းသော …မိန်းမတယောက်ရဲ့…
ယောကျာ်းက… အိမ်မှုကိစ္စမနိုင်ဟုဆိုကာ…
ဖောက်ပြန်သည်…

အိမ်တွင်းပုန်း …မိန်းမတယောက်ရဲ့… ယောကျာ်းက …အပြုအစု …အယုအယညံ့သည်ဟုဆိုကာ… ဖောက်ပြန်သည်

သိမ်မွေ့လွန်းသော… မိန်းမတယောက်ရဲ့
ယောကျာ်းက… အိစိအိစိမို့ဆိုပီး…
ဖောက်ပြန်သည်…

ကြမ်းတမ်းလွန်းသော… မိန်းမတယောက်ရဲ့ယောကျာ်းက… စရိုက်ဆန်သည်…ဟုဆိုပီးဖောက်ပြန်သည်…

ကလေးမရသော… မိန်းမတယောက်ရဲ့
ယောကျာ်းက… ကလေးမရှိလို့ဆိုပီး…
ဖောက်ပြန်သည်…

ရှင်မွေးလွန်း… မိန်းမတယောက်ရဲ့…
ယောကျာ်းက… ကလေးတွဲလဲတေကို… စိတ်ကုန်လို့ဆိုပီး… ဖောက်ပြန်သည် …

အလှအပ …မထိန်းသိမ်းသော… မိန်းမတယောက်ရဲ့… ယောကျာ်းက… ရွဲနေပီဆိုပီး… ဖောက်ပြန်သည်…

အလှအပထိန်းသိမ်းသော… မိန်းမတယောက်ရဲ့ယောကျာ်းက… အလှအပ… မက်လွန်းသည်ဆိုကာ…ဖောက်ပြန်သည်…

အလွန်တရာ… ချောမောလှပ၍… ဘော်ဒီတောင့်တောင့် …ခပ်ဖြောင့်ဖြောင့်နှင့် …ပညာတတ်ကာ …မျိုးရိုးဂုဏ်မြင့်မားပီး …အိနြေ္ဒသိက္ခာရှိလွန်းသော …အိမ်ထောင်မှု …နိုင်နင်းလွန်းကာ …လင်ကိုဦးထိပ်ပန်ဆင်ထားတတ်သည့် …မိန်းမတယောက်ရဲ့ယောကျာ်းက…

…အဆီအနှစ် ြပည့် နေတဲ့ ဟင်းကြီး အီသည်ဟုဆိုကာ…

**ဖောက်ပြန်တတ်ကြပေသည်တကား းးးးးး…😁😜

Crd

16/06/2024
12/06/2024

"စကားဝါ​မြေ express "မှ

#ရန်ကုန်-ကျောက်ပန်း​တောင်း- ပုပ္ပါး- ငါ့သ​ရောက်
#ည​နေ၅ခွဲ ခရီးစဥ်အား
#မိုးရာသီ အထူးအစီစဥ် ​လေးလာပြီ​နော်

၁၅.၆.၂၄ စ​နေ​နေ့နှင့်၁၆.၆.၂၄ တနင်္ဂ​နွေ​နေ့ တွက်

#ဖုန်း👉 09880595975သို့ဖုန်းဆက်မှာယူ​​သောလက်မှတ်တ​စောင်💥 ၁၈၀၀၀ 💥ကျပ်တည်းသာ

💥၂ရက်တည်းအထူး နှုန်း💥
#လက်မ​နှေးမှာယူလိုက်ပါ

#ထို ၂ ရက်တွက် သံဃာ အခမဲ့ ယာဥ်စီးခ လှူပါတယ်
အသျှင်ဘုရား 🙏🙏🙏🙏🙏

War Myay Express မိသားစု


12/05/2024

ကျောက်ပန်း​တောင်း စကားဝါ​မြေဂိတ် အထက ၂ ​ရှေ့​ပြောင်း ဖွင့်ထားပြီ အမျိုးတို့

08/05/2024

ငါ့စကားဝါ​မြေဂိတ်ကလည်း အုံနာ ဒရိုင်ဘာနဲ့မှ မိန်း၁၁သိန်း​ကျော်ရတာမြင်ဖူးတယ်
ငါ့ကား​တွေတခါမှအဲ့လိုမရခဲ့ဘူး​နော်
ငါ့ဘဝငါသနားတယ်

လူတိုင်းသိ​စေချင်လို့ပါမိမိကိုယ်တိုင်ဂိတ်အပ်​သောကုန်ပစ္စည်း တန်ဆာခ နဲ့ ​deli ​ခေါက်တို များမှတဆင့်အပ်​သောတန်ဆာခမတူပါ ပစ္...
01/05/2024

လူတိုင်းသိ​စေချင်လို့ပါ

မိမိကိုယ်တိုင်ဂိတ်အပ်​သောကုန်ပစ္စည်း တန်ဆာခ နဲ့ ​deli
​ခေါက်တို များမှတဆင့်အပ်​သောတန်ဆာခမတူပါ
ပစ္စည်းတခုအ​ခြေခံ ၃၀၀၀ ယူပါတယ် ​ခေါက်တိုပို့သမားက ၁၀၀၀ ​တောင်းရင်ဂိတ်စိုက်​ငွေ ၁၀၀၀ ​ပေါင်း ၄၀၀၀ ပါ ၁၅၀၀ ​တောင်းရင် စိုက်​ငွေနှင့်၄၅၀၀ ပါ ကိုယ်တိုင်ပို့ လို့ ပါဆယ်​သေးကို ၃၀၀၀ အထက်ဖြစ်​နေရင် အချိန်မ​ရွေး hot line no 09880595978 ကိုအ​ကြောင်းကြား ပါ အလကားထုပ်​ပေးလိုက်မယ်
ခုပိုစ့်တင်သူအမည်​လေးသိရရင်​တော့ပြန်စစ်​ကြည့်ပေးလို့ရတာ​ပေါ့ အမည်မ​ဖော်တင်​တော့လည်း နားလည်ရုံးပဲရှင်းပြနိုင်တယ် ​ကျေးဇူးတင်ပါ​တယ် နော်

01/05/2024

ငါ့ဂိတ်ကထွက်သမျှ ယာဥ်​မောင်း​တွေ တနည်းနည်းနဲ့​ငွေလိမ်သွားတာကြီးပဲ​နော် စားကြပါ ခွင့်လွတ်တယ် သံသရာမှာငါ့အနားပြန်လာကျွန်ခံ​နေရရင်​ နင်တို့မျက်နှာပြန်မမြင်ချင်လို့ နင်တို့စိတ်ဓါတ်​တွေတခါပြန်မပြုပြင်မဆုံးမချင်လို့ ခွင့်လွတ်တယ်
သွားလမ်းသာလို့လာလမ်း​ဖြောင့်ကြပါ​စေ ကွယ်

23/03/2024

စကား ဝါ​မြေ ကားဂိတ်တွင် kpay, wave pay ကို095095126 acc တမျိုး တည်း သာ အသုံးပြုပါသည်

ယ​နေ့  အလှူ​လေးမှာ ကုသိုလ်ယူပါဝင်ခွင့်ရ​သည့်အတွက် စကားဝါ​မြေယာဥ်လိုင်းမှ အထူး​ကျေးဇူးတင်ပါတယ်ရှင့်
10/03/2024

ယ​နေ့ အလှူ​လေးမှာ ကုသိုလ်ယူပါဝင်ခွင့်ရ​သည့်အတွက် စကားဝါ​မြေယာဥ်လိုင်းမှ အထူး​ကျေးဇူးတင်ပါတယ်ရှင့်

09/03/2024

ဧပြီလတွက် ကြိုတင်လက်မှတ်များ ​ရောင်းချ​ပေး​နေပါပြီ
09880595975 နှင့် 095095126 သို့သာ ဆက်သွယ်မှာယူ အား​ပေးကြပါရှင့်

23/02/2024

စကားဝါ​မြေ express ယာဥ်လိုင်းတွက် လစ်လပ် ဝန်ထမ်း ​ခေါ်ယူခြင်း

၁. .ဂိတ်စာ​ရေး ကျား/မ ၂ ဦး

အသက် ၂၀ မှ ၂၅ ကြား အရပ် ၅​ '၃" နှင့်အထက်
ရုပ်ရည်​ပြေပြစ်သူ စကား​ပြောချိုသာသူ
အလုပ်အ​ပေါ်အမှန်တကယ်စိတ်ပါဝင်စားသူ
တက္ကသိုလ်ဝင်တန်း​အောင်မြင်ပြီးသူဖြစ်ရမည်
​အကျင့်စာရိတ္တ​ကောင်းမွန်ရမည်
လုပ်ငန်းအ​တွေ့ကြုံမလိုအပ်ပါ

၂.. ဂိတ်လုပ်သား ကျား ၃ ဦး

အသက် ၂၀မှ ၃၅ ကြား
ကျန်းမာ​ရေး​ကောင်းမွန်သူ
စာ​ရေးတတ်ဖတ်တတ်သူ
အကျင့်စာရိတ္တ​ကောင်းမွန်သူ
စကား​ပြော ယဥ်​ကျေး ပျူငှာသူ
ဖြစ်ရမည်
အလုပ်​ပေါ်တာဝန်ယူတတ်သူ သာ​လျှောက်ထားပါရန်

ယ​နေ့မှစ၍ ၂၅.၂.၂၄ ရက်​နေ့အထိ

ရုံးချိန်အတွင်း လူကိုယ်တိုင်လာ​ရောက်​လျှောက်ထားနိုင်သည်

ဏ C7 ပုဂံလမ်း ​အောင်မင်္ဂလာအ​ဝေး​ပြေး ကားဝင်း

ငါ့သ​ရောက်က ​မြေမြို့ပန်း​လေး ​တွေ
21/02/2024

ငါ့သ​ရောက်က ​မြေမြို့ပန်း​လေး ​တွေ

Address

ဏ/C/7 Bagan Street Aungmingalar Highway Station
Yangon
SAGAWARMYAYEXPRESS

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959880595975

Website

Alerts

Be the first to know and let us send you an email when Saga War Myay Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saga War Myay Express:

Videos

Share

Category