01/02/2025
မင်မင်တို့က မြ၀တီမြို့က မူလအိဆံတော်ရှင်ကို သွားရောက်ဖို့ ခရီးစဉ်တင်ပေးထားတော့ မယုံသကင်း ဖြစ်နေကြတဲ့ ခရီးသွားဧည့်သည်များ....လမ်းကြောင်းကောင်းပါ့မလားလို့ စိုးရိမ်ပြီး မေးကြတဲ့ ဧည့်သည်တော်တွေ အတွက် ကျွန်တော်တို့ ကိုယ်တိုင် သွားရောက်ခဲ့တဲ့ လမ်းကြောင်းအခြေနေများကို အသေးစိတ်နီးပါး ရေးပြီးတင်ပေးထားပါတယ်နော်...စိတ်ရှည်ရှည်လေးနဲ့ အစ အလည် အဆုံး ဖတ်ပေးကြပါနော်....
ကဲကဲ...ကဲ...စမယ်...
ချစ်သော ဧည့်သည်တော်တို့ကို...Feb.2025 မှာ ကရင်ပြည်နယ် ဒေါနတောင်တန်းအဆုံးမှာ တည်ထားတဲ့ ဆုတောင်းပြည့် မူလအိ ဆံတော်ရှင် ဘုရားကိုသွားခဲ့တဲ့လမ်းကြောင်းအခြေနေ ဘယ်သူတွေရဲ့လမ်းညွှန်ကူညီမှုတွေ... ကုန်ကျစားရိတ်တွေကို ပြောပြပေးပါမယ်နော်...
ရန်ကုန် - ဘားအံ - မြဝတီ - မူလအိ ခရီးစဥ် အပိုင်း (၁)
စပြီဗျို့...
29.Dec.2024 ရက်နေ့ နံနက် 03:30 မှာ ရန်ကုန် သဃ်န်းကျွန်း အသင်းတိုက်ကနေစထွက်တယ် ... အမြန်လမ်း ၃၉မိုင် ကိုရောက်တော့...04:40 AM... အချိန်စောသေးလို့ ဘာဆိုင်မှမဖွင့်သေးတော့...၃၉မိုင် အထွက်ကွေ့မှာ...စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးခံ...ဘယ်သွားမှာလဲ ဘာသွားလုပ်မှာလဲ ဒီလောက်ပဲ...ပြီးတော့ဆက်မောင်းလာတော့...ဘုရားကြီးလမ်းဆုံ အကျော် မိုးသောက်ကြယ် လက်ဖက်ရည်ဆိုင်မှာ မနက်စာစား...ခနတဖြုတ်နား...ပြန်ထွက်တော့...05:45
ပုံမှန်အရှိန်လေးနဲ့မောင်းလာတော့...ညောင်ခါးရှည် x ray ဂိတ်ကိုရောက်တော့...နဲနဲတန်းစီရတာနဲ့ ဘာနဲ့ဆိုတော့...အဲ့ကနေဖြတ်တော့....07:15 AM...
စစ်တောင်းတံတား မုပ္ပလင် ကိုရောက်တော့... စစ်ဆေရေးဂိတ်မှာ လဲ ဘယ်သွားမလဲ ဘာညာလောက်ပဲ....အဲ့တာနဲ့ Toll gate ဖြတ်...
တံတားကိုဖြတ်ပြီးတော့ ရောက်ပါပြီ....မွန်ပြည်နယ်...
ဆိုင်းဘုတ်ကျော်တော့ နဲနဲမောင်းပြီး သိမ်ဇရပ်လမ်းဆုံမှာ လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးရှိတော့...မှတ်ပုံတင်...ယာဥ်မောင်းလိုင်စင် တွေ တောင်းကြည့်စစ်ဆေး ဖြတ်သန်း...
ဒီလိုနဲ့မောင်းလာလိုက်တာ...ကျိုက်ထိုမရောက်ခင် မရမ်းချောင် စစ်ဆေးရေးဂိတ်မှာ...ကားရဲ့ဝှီးတက်...ယာဥ်မောင်းလိုင်စင်...လူမှတ်ပုံတင်စစ်...
ကျိုက်ထိုကို မနက် ၈နာရီခွဲ မှာရောက်တယ်...ခနတဖြုတ်နား လက်ဖက်ရည်လေးဘာလေးသောက်...ကား အနားပေး...ပြန်ထွက်တော့ မနက် ၉နာရီ...
ဒီလိုနဲ့မောင်းလာရင်း...အစက ဘီးလင်း ရွှေမျက်မှန် ဖက်ထမင်းဆိုင်မှာ ထမင်းစားဖို့ပဲ...စောသေးတော့ မစားပဲ ဆက်မောင်းလာလိုက်တာ....ဘီးလင်းတိုးဂိတ်မှာ နဲနဲပါးပါး ဟိုမေးဒီမေးပေါ့...
ထပ်မောင်းလာရင်းနဲ့...သထုံ ကိုရောက်တော့...မနက် ၁၁ ထိုးကာနီးပြီ...
ဘားအံ ဖက်သို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းကွေ့ဝင်သွားရင်းနဲ့ ဒုံသမိ တံတားကိုရောက်တော့ စစ်ဆေးရေးဂိတ်မှာ ဘယ်သွားမလဲ ဘာကိစ္စလဲပေါ့...ဒီလိုနဲ့မောင်းလာလိုက်တာ...သံလွင်တံတား ဘားအံရောက်တော့ ၁၂နာရီ၅မိနစ် တံတားအတက် တိုးဂိတ်ဖြတ်ပြီး တံတားချဥ်းကပ်လမ်းရောက်တော့...တာဝန်အရ မှတ်ပုံတင်စစ်တယ်...ဒါလောက်ပဲ...
အဲ့တာနဲ့ ဘားအံမြို့ထဲရောက်တယ်...ဟိုတယ်မှာခနတဖြုတ်နား...
ပြီးတော့...မူလအိဆံတော်ရှင်ကို ကျွန်တော်တို့ Shwe Yaung Latt.ygn Travels andTours ရဲ့ အလုပ်ကမ်းလှမ်းမှုကို လက်ခံပေးထားတဲ့...ဘားအံမြို့ရဲ့ မြို့ခံလဲ ဖြစ်တဲ့... ညီ သုတ တို့နဲ့ သွားရောက်တွေ့ဆုံပြီး လုပ်ငန်းစကားလေးတွေပြောရင်း ညနေစာစား....ပြီးတော့...ဟိုတယ်ကိုပြန်....
ရန်ကုန် - ဘားအံ - မူလအိ ခရီးစဥ် အပိုင်း ၂ ... မျှော်...
ရန်ကုန် - ဘားအံ - မူလအိ ခရီးစဥ် အပိုင်း(၂)...
30.Dec.2024 ရက်နေ့ မနက် 04:00 မှာအိပ်ယာထ...ရေမိုးချိုးပြီး မနက်စာကော်ဖီလေးသောက်ပြီး... ညီ သုတ. ကိုညီသုတ တို့ကိုစောင့်နေတော့...မနက် ၅နာရီ လောက်လေးမှာ ကျွန်တော်တို့ဘားအံ ကိုသွားတဲ့ ကားပုံစံမျိုး 4wd ကားကြီးနဲ့...လာခေါ်တယ်...ဒီလမ်း ဒီခရီးအတွက် သေချာ safe ဖြစ်အောင်လုပ်ထားတဲ့ကားနဲ့ပေါ့...
ကျွန်တော်တို့လင်မယားကရှေ့ကထိုင်...နောက်မှာကတော့...ကိုညီသုတ တို့ရဲ့ guide တွေ...camera man တွေပါတာပေါ့...ဒီလိုနဲ့ မြေသားလမ်း ဖုန်လမ်းတွေကို ဖြတ်ကျော်ရင်း...အရင်လမ်းဟောင်းပဲဆိုကြပါတော့...တောင်ပေါ်လမ်းကိုဖြတ်သန်းရင်း...(ဒီမှာတော့...ကြားမှာတော့ဂိတ်တွေရှိတာပေါ့နော်...ဒါပေမယ့်လဲ ကိုညီသုတ တို့ရဲ့လမ်းခရီးဆောင်ရွက်မှုတွေကြောင့်...) မြဝတီကို နေ့ခင်း ၁နာရီ ခွဲလောက်မှာရောက်ကြတယ်...ဒီလိုနဲ့ ထမင်းစား...နားပြီးတော့ ၂နာရီခွဲလောက်မှာ မြဝတီမြို့ကနေ မူလအိ ဆံတော်ရှင်ဆီကို တက်ဖို့အတွက် ကားဂိတ်ဆီကိုသွား...တောင်တက်လမ်းဆိုတော့
သူတို့ဆီကကားတွေနဲ့ပဲ(4*4) တွေနဲ့ပဲ တက်ရတာပေါ့...
ဒီလိုနဲ့...ညနေ ၅နာရီကျော်လောက်မှာ မုလအိ ဆံတေယ်ရှင် ခြေရင်း မုဒ်ဦးကိုရောက်တယ်...မုဒ်ဝမှာ ကိုယ်လက်သန့်စင်ပြီး...ဘုရားပေါ်က ဓမ္မာရုံမှာ နေရာချ...ပြီး ဘုရားဦးတိုက်ပြီး ထမင်းစားဖို့လုပ်ရတယ်...ထမင်းကတော့ သတ်သတ်လွတ်နယ်မြေဆိုတော့...စတုဒီသာထမင်းစားရတာပေါ့...အနီးနားမှာ ဆိုင်လေးတွေရှိပေမယ့်...သူတို့လဲ သတ်သတ်လွတ်ပဲရောင်းပေးပါတယ်...
တောင်ပေါ်မှာတော့အတော် အေးပါတယ်...ကျွန်တော်တို့က ဒီတိုင်းပဲအစီစဥ်မရှိထသွားတာဆိုတော့...စောင်တွေအနွေးထည်အထူတွေမပါတော့ နဲနဲတိုင်ပတ်သွားတယ်...
နောက်တနေ့ (31.Dec.2024) မနက်အစောမှာ...ဘုရားဝတ်ပြု...ပြီး ဘေးဖက်တွေကိုကြည့်လိုက်ရင်...ကလောက တိမ်ပင်လယ်...ဘဝသံသရာ ချောက်က တိမ်ပင်လည်...ဘာတိမ်ပင်လယ်...ညာတိမ်ပင်လည် နေခဲ့လိုက်ပဲ...
တိမ်တွေပေါ်မှာ ခြေနဲ့နင်းနေရသလိုပဲ...သီချင်းလေးတောင် သတိရမိသွားသေး...ဘာတဲ့...တိမ်တွေပေါ်မှာ လွင့်နေတယ်လေ ငါလေ...ဆိုတာ...


ဘုရားဝတ်ပြု ပါလာတဲ့ guide ညီကိုတွေနဲ့ ဖိုတိုလေးဘာလေးရှု...ပြီးတော့ ၉နာရီလောက် ဘုရားပေါ်က ပြန်ဆင်း...၁၁နာရီခွဲလောက် မြဝတီ မြို့ထဲပြန်ရောက်...မဟေသီ က ယိုးဒယားပစ္စည်းလေးတွေ ဝယ်ချင်တယ်ဆိုတာနဲ့ ဟိုဝယ်ဒီဝယ်ပေါ့ဗျာ...
ပြီးတော့ ထမင်းစား...ခနနားပြီး ဘားအံကနေလာတဲ့ ကားနဲ့ပဲ ဘားအံကိုပြန်...ဘားအံကိုရောက်တော့...၇နာရီခွဲ ဟိုတယ်ကိုရောက်တဲ့အချိန်...
ဟိုတယ်မှာ နားရင်းနဲ့ နှစ်သစ်ကို ဘားအံမှာကြိုရင်းနဲ့....
ရန်ကုန် - ဘားအံ - မူလအိ ခရီးစဥ် အပိုင်း (၃) မျော်...
ကဲကဲကဲ...ကျွန်တော်လဲ ကြားရက်တွေမှာ မအားမလပ်ဖြစ်သွားတာနဲ့...
ရန်ကုန် - ဘားအံ - မြဝတီ - မူလအိ ခရီးစဥ် အပိုင်း (၃)
ရေးပေးဖို့မေ့နေတာ...
ထားပါတော့...31.Dec.2024 ရက်နေ့ ညမှာ ဘားအံဟိုတယ်မှာနေရင်းနဲ့ နှစ်သစ်ကူးလိုက်တယ်ပေါ့ဗျာ...
01.Jan.2025 မနက် ၇နာရီ မျက်နှာသစ် ရေမိုးချိုး...မနက်စာစားပြီး ကားဆီဖြည့် ပြီး ဘားအံကထွက်လာတော့ မနက် ၉နာရီ...သံလွင်တံတား ဘားအံ ရောက်တော့ မှတ်ပုံတင်စစ် ကားကို ချက်စီတွေဘာတွေ ဝှီးတက်တွေဘာတွေစစ်...ယာဥ်မောင်းလိုင်စင်စစ်ဘာညာနဲ့ဆိုတော့...မနက်၉နာရီခွဲ....
တောက်လျောက်မောင်းလာလိုက်တာ...၁၀နာရီခွဲလောက် သထုံရောက်...ထမင်းစားဖို့စောသေးတာနဲ့ ဆက်မောင်းလာရင်း...သထုံမြို့တော်တော်အကျော်လေးမှာ...နောက် ညာဖက်ဘီး တာယာပွင့်သွားရော...တာယာလဲတာဘာညာနဲ့ ၁၂နာရီထိုးကာနီး...တာယာလဲပြီးမောင်းလာတော့...ဘီးလင်းကိုရောက်တော့...၁၂နာရီ၅၀ ရွှေမျက်မှန် နှင်းပုလဲ ဆိုင်မှာ ဖက်ထမင်းဝင်စားပြီးပြန်ထွက်တော့...၁နာရီ၂၀မိနစ်...ဆက်မောင်းလာရင်း...ကျိုက်ထိုရောက်တော့...မထူးဘူး...ကျိုက်ထီးရိုးလမ်းကြုံတယ်ဆိုပြီး ကျိုက်ထီးရိုးဝင်...ကင်ပွန်းစခန်းရောက်တော့...၂နာရီခွဲ ကင်ပွန်းစခန်းမှာ ကားအပ် အဆာပြေကော်ဖီသောက်...တောင်ပေါ်တက်တော့...၃နာရီ
တောင်ပေါ်ရောက်တော့ ၄နာရီ ဟိုတယ်ရှာ အခန်းငှားနဲ့ ရိုးရိုးလေးမှာရတယ်...နှစ်ယောက်ခန်းကို ၁သိန်းခွဲ ရေပူရေအေး...အဲကွန်းပါတယ်... ခနတဖြုတ်နား ရေမိုးချိုးပြီး ထမင်းဆိုင်တန်းကိုသွားထမင်းစားပြီး ဘုရားဝတ်ပြုပြီး ပြန်နား....
02.Jan.2025 မှာ မနက်စာစားပြီး ၉နာရီတောင်ပေါ်ကဆင်း အောက်ရောက်တော့ ၁၀နာရီခွဲ...ကားပြန်ရွေး ကတက်ချောင်းမှာ ရေခနဆော့...ပြီးနေ့လည်စာစား...ပြီးတော့ပြန်ထွက်လာတာ ၂နာရီ ညောင်ခါးရှည်မှာစစ်ဆေးမေးမြန်းပြီး ပြန်ထွက်တော့ ၅နာရီ ဘုရားကြီးလမ်းဆုံနားက လက်ဖက်ရည်ဆိုင်ကို ရောက်တော့.. ၅နာရီ၄၅မိနစ်... လက်ဖက်ရည်သောက် လူလဲနား ကားလဲအနားပေး...ပြီးတော့ပြန်ထွက်လာတော့ ၆နာရီခွဲ အမြန်လမ်းကို စတက်တော့ ၇နာရီ...ဒီလိုနဲ့မောင်းလာတော့...0 mile ရောက်တော့ ၇နာရီ၅၀ ကားတန်းစောင့်တာက တနာရီနီးပါးကြာတယ်...သဃ်န်းကျွန်းအိမ်ရောက်တော့ ည ၁၀နာရီ၁၀မိနစ်....
ဤနေရာမှာ ခရီးစဥ်ပြီးဆုံးပါပြီ....
ရန်ကုန် - ဘားအံ - မြ၀တီ - မူလအိ ခရီးစဉ် ကုန် ကျစရိတ် များ ...
ကိုယ့်အစီအစဉ် နှင့် ကိုယ် သွားချင်သူများ နှင့် Tour Group နှင့် သွားချင်သူများ ချင့်ချိန် သုံးသပ်နိုင်အောင်ပါ ခင်ဗျာ...
ကျွန်တော်တို့ သွားခဲ့တာ Engine Power 2700cc ( Hilux Revo Doublecab) နဲ့ပါ...
ရန်ကုန် ကနေ premium Diesel အပြည့် ဖြည့် 1 Lit 3620 ks စျေးနှုန်း နှင့် ဆီတိုင်ကီအပြည့် ဆိုရင် 68 Lit ဆန့်ပါတယ်....ဆီအခံရှ်ိ ထားတာ ဖြစ်တဲ့အတွက် 32 Lit ဖြည့်လိုက်တော့ ဇလုတ်တိုက် ဖြစ်သွားပါတယ်...
32*3620 = 115840 Ks...
ဘားအံ ရောက်တော့ ဆီဂိတ် ကတဝက်ကို နဲနဲလျော့တော့ ဘားအံ က Denko မှာ ထည့်တော့Full Type ကို 36 Lit ပြန်ဝင်ပါတယ်...
36*3860 = 138960 Ks...
ဆိုတော့... ရန်ကုန် ကနေFull time A/C နဲ့ဆိုတော့ ရန်ကုန် - ဘားအံ ကို 138960 Ks ကျသင့်ပါတယ်...
ဟိုတယ်ခ အနေနဲ့က ကျွန်တော်တို့က ရက်ကြပ်မှာ သွားတာဖြစ်တဲ့အတွက်... Hotel Karan Vally မှာ Bangalo Type အခန်းကို 220000 Ks ပေးရပါတယ်...
အခြား ပုံမှန် ဟိုတယ်တွေကတော့ ပုံမှန် စျေး နှစ်ယောက်ခန်း ကို တည 55000 သို 60000 Ks ပေမယ့် အဲ့နေ့တွေမှာ 100000 နဲ့120000 ကျပ်တွေဖြစ်နေပါတယ်....
Hotel Karan Vally တည 220000 * 2 = 440000 Ks
(သာမာန် စျေးနှုန်း ဘန်ဂလိုအခန်း 120000 တည
နှစ်ထပ်အဆောင် 100000 တည)
(သာမာန် ဟိုတယ် စျေးနှုန်း သာမာန်ရက် တညကို 55000 or 60000 Ks)
စားစရိတ်ကတော့ အတိအကျတွေမမှတ်မိတော့တဲ့အတွက် ပျှမ်းမျှပဲ ရေးပေးပါ့မယ်နော်... တယောက် တနပ်ကို 10000 * 7 = 70000
Hotel BF မပါပဲ စသွားစဉ် မနက်စာ နဲ့ ညနေ အဆာပြေ လက်ဖက်ရည်ဆိုင်ထိုင် ကော်ဖီသောက် ဘာညာ က တကြိမ်ကို 5000 Ks / 5000 * 4 = 20000 Ks
ဘားအံကနေ မြ၀တီအထိ ကားဆီဖိုး မြ၀တီမှာ အပြည့် ပြန်ဖြည့် 53 Lit
4300 * 53 = 227900 Ks
ဘားအံ မြ၀တီ လမ်းဂိတ်ကြေး 350000 ks နီးပါး အသွားအပြန် ဆိုတော့ 550000 ks လောက်ကျသွား...
မြ၀တီ ကနေ မူလအိ ဘုရားကို သူတို့ဆီက ကားတွေနဲတက်ရတာဖြစ်တဲ့အတွက် တယောက်ကို အသွားအပြန် ( မြ၀တီ - မူလအိ )100000 Ks
တောင်ပေါ်မှာ ဟိုတယ် မရှိ တည်းခိုခန်းမရှိတဲ့အတွက် တောင်ပေါ် ဓမ္မာရုံမှာ အိပ်ရတဲ့အတွက် Free
မြ၀တီ ကနေ ဘားအံကို ပြန်လာတော့ ဘားအံမှာ ဆီပြန်ထည့် ရတာ....49 Lit * 3860 = 189140 Ks
Hotel ခကတော့ အပေါ်မှာ နှစ်ညစာရေးပြထားတာဖြစ်တဲ့အတွက် ထည့်မရေးတော့ပါဘူးနော်...
ရန်ကုန်အပြန် ကျိုက်ထီးရိုးဝင် တောင်တက်ကားခ တယောက် 9000 ks အသွားအပြန် ဆိုတော့ 18000 ks
တောင်ပေါ် ရိုးရိုးလေး ဟိုတယ် ရွှေနန်းကျင်ကျောင်းဆောင်ရှေ့နှစ်ယောက်ခန်း တည 150000 ks ( ရေပူ ရေအေး ပါ...A/C အပါ...)
သာမာန် ချိန်ဆို နှစ်ယောက်ခန်း တည 50000 Ks
ပြန်ဆင်း ရန်ကုန်ပြန် ရန်ကုန် Max ဆီဆိုင်မှာ ဆီအပြည့် ပြန်ဖြည့်....
28 Lit * 3260 =91280 ks
စုစုပေါင်း လမ်းခရီးကုန်ကျငွေ...(အသေးသုံး ကုန်ကျငွေ လမ်းတံတားေကြး ဘာညာ 100000 ခန့်)
Fuel ( P/D ) = 647280 ks ( 166 Lit )
စားစရိတ် = 100000 ks
Hotel = 590000 ks
ဘားအံ မြ၀တီ လမ်းဂိတ်ကြေး = 500000 ks ( မမှတ်မိတော့လို့ ပျမ်းမျှရေးပြ)
လမ်းခရီးကုန်ကျငွေ...(အသေးသုံး ကုန်ကျငွေ လမ်းတံတားေကြး ဘာညာ 100000 ခန့်)
စုစုပေါင်း ကုန်ကျငွေ...1937280 ks
တစ်ဆယ့်ကိုးသိန်း သုံးသောင်းခုနစ်ထောင်နှစ်ရာ ရှစ်ဆယ် ကျပ်.....
ကျသွားတ.်ဆိုတာလေး အသေအချာနီးပါးလာတွက်ပြရင်း....
12.Feb.2025 ရန်ကုန် ဘားအံ မူလအိ ခရီးစဉ်လေးမှာဆိုရင်ဖြင့် သုံးညအိပ် လေးရက်ခရီး ကို တဦးလျှင် 450000 ကျပ်နဲ့ သွားလို့ရနေပြီ ဆိုတဲ့အကြောင်း အသိပေးရင်း....
လေးစားစွာဖြင့်
ShweYaungLatt.ygn Travels and Tours
ရန်ကုန် ဘားအံ မြဝတီ မူလအိ ခရီးစဥ် အပိုင်း (၁)
https://www.facebook.com/share/p/1B6kmqLUFX/
--------------- @@ ---------------
ရန်ကုန် ဘားအံ မြဝတီ မူလအိ ခရီးစဥ် အပိုင်း ( ၂ )
https://www.facebook.com/share/p/14XmJxRqPS/
--------------- @@ ---------------
ရန်ကုန် ဘားအံ မြဝတီ မုလအိ ခရီးစဥ် အပိုင်း (၃ )
https://www.facebook.com/share/p/18rSXhhPMu/
--------------- @@ ---------------
ရန်ကုန် ဘားအံ မြဝတီ မူလအိ ခရီးစဥ် အပိုင်း (၄) (ကုန်ကျစရိတ်များ)
https://www.facebook.com/share/p/1DCivZE8c6/