Asia Panda Travels

Asia Panda Travels Travel for the soul 🕵️

ရန်ကုန်မြို့တွင်းပြေးဆွဲပေးလျက်ရှိသောYBSယာဉ်လိုင်းများနှင့်ခရီးစဉ်များ ...YBS - 1 [HOLIEST VIM]လှည်းကူးစျေး - စံပြစျေးYB...
05/07/2024

ရန်ကုန်မြို့တွင်းပြေးဆွဲပေးလျက်ရှိသောYBSယာဉ်လိုင်းများနှင့်ခရီးစဉ်များ ...

YBS - 1 [HOLIEST VIM]
လှည်းကူးစျေး - စံပြစျေး

YBS - 2 [YUPT]
ယုဇနဥယျာဉ်မြို့တော် - အောင်မင်္ဂလာအဝေးပြေး

YBS - 3 [YUPT]
ယုဇနဥယျာဉ်မြို့တော် - တာမွေစျေး - ဆူးလေ

YBS - 4 [YUPT]
ယုဇနဥယျာဉ်မြို့တော် - ဆူးလေ

YBS - 5 [INDIVIDUAL]
ရိုးမရိပ်သာ - ပုဇွန်တောင်စျေး

YBS - 6 [HOLIEST VIM]
တောင်ဒဂုံ(၈၉လမ်းဆုံ) - ဒဂုံဧရာအဝေးပြေး

YBS - 7 [YUPT]
တောင်ဒဂုံ(အကြော်တဲ) - ဆူးလေ

YBS - 8 [YUPT]
ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - လသာ

YBS - 9 [GYCT]
ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - မင်းနန္ဒာလမ်း - မင်္ဂလာစျေး
သာကေတ(စာဥ) - သု၀ဏ္ဏ - မင်္ဂလာစျေး

YBS - 10 [YUPT]
သာကေတ(တိုင်းရင်းသားကျေးရွာ) - ဒဂုံတက္ကသိုလ်

YBS - 11 [YUPT]
အောင်မင်္ဂလာအဝေးပြေး - လသာ

YBS - 12 [BDL]
မြောက်ဒဂုံ(ထားဝယ်ချောင်) - ဆူးလေ

YBS - 13 [BDL]
ပါရမီ(ညောင်ပင်) - ဗိုလ်တထောင်ဘုရား

YBS - 14 [BDL]
ပါရမီ(ညောင်ပင်) - သခင်မြပန်းခြံ

YBS - 15 [YUPT/KHIT THIT BAYINT NAUNG]
ဒဂုံတက္ကသိုလ် - ကြိုးတံတား - သမိုင်းလမ်းဆုံ
ဒဂုံတက္ကသိုလ် - ပြည်လမ်း - ဒညင်းကုန်း
ဒဂုံတက္ကသိုလ် - ရွှေပေါက်ကံ - ဒညင်းကုန်း

YBS - 16 [GYCT]
ရွှေပေါက်ကံ(တောင်ငူလမ်းထိပ်) - ဒဂုံဧရာအဝေးပြေး

YBS - 17 [YUPT]
ရွှေပေါက်ကံ(ဆင်ဖုံ) - ဒဂုံဧရာအဝေးပြေး

YBS - 18 [KHIT THIT BAYINT NAUNG]
မင်္ဂလာဒုံ(ဘိုခြံ) - တာမွေစျေး

YBS - 19 [GYCT]
ရွှေပေါက်ကံ(ဆင်ဖုံ) - သခင်မြပန်းခြံ

YBS - 20 [OMNI FOCUS]
ဒဂုံဧရာအဝေးပြေး - သိမ်ဖြူ - သခင်မြပန်းခြံ

YBS - 21[KHIT THIT BAYINT NAUNG/P11]
အနောက်ပိုင်းတက္ကသိုလ် - မော်တင်
အနောက်ပိုင်းတက္ကသိုလ် - လသာ

YBS - 22 [INDIVIDUAL]
အနောက်ပိုင်းတက္ကသိုလ် - သခင်မြပန်းခြံ

YBS - 23 [GYCT/SAN WAI LA]
အနောက်ပိုင်းနည်းပညာတက္ကသိုလ် - ဘုရင့်နောင်တံတား - သခင်မြပန်းခြံ
အနောက်ပိုင်းနည်းပညာတက္ကသိုလ် - အောင်ဇေယျတံတား - သခင်မြပန်းခြံ

YBS - 24 [YUPT]
ဒဂုံတက္ကသိုလ် - ဗိုလ်တထောင်ဘုရား

YBS - 25 [BDL]
ဒဂုံတက္ကသိုလ် - ဘိုကလေးစျေး

YBS - 26 [YUPT]
ဒဂုံတက္ကသိုလ် - ဗိုလ်တထောင်ဘုရား

YBS - 27 [TRANS LINK]
စိတ်ကျန်းမာရေးဆေးရုံ - မင်္ဂလာစျေး

YBS - 28 [YUPT]
ဒဂုံတက္ကသိုလ် - ဆူးလေ

YBS - 29 [YUPT]
ဒဂုံတက္ကသိုလ် - ဆူးလေ
ရွှေပေါက်ကံတံတားထိပ် - ဆူးလေ

YBS - 30 [BDL]
ဒဂုံတက္ကသိုလ် - သမိုင်း - သခင်မြပန်းခြံ

YBS - 31 [KAUNG BAUNG YANGON]
အရှေ့ပိုင်းတက္ကသိုလ်(တာဝ) - ပန်းဆိုးတန်း

YBS - 32 [LUDU PARTENER]
သန်လျင်(ရေကြောင်းတက္ကသိုလ်) - ထောက်ကြန့်

YBS - 33 [GST]
ကျောက်တန်း - မင်္ဂလာစျေး

YBS - 34 [GST]
ခရမ်း - သိမ်ဖြူ(ဗိုလ်တထောင်)
သုံးခွ - သိမ်ဖြူ(ဗိုလ်တထောင်)

YBS - 35 [KHIT THIT BAYINT NAUNG]
ထောက်ကြန့် - မော်တင်

YBS - 36 [YUPT]
ရွှေပေါက်ကံ - ဆူးလေ

YBS - 37 [YBPC]
ထောက်ကြန့် - ၆ထပ်ရုံး

YBS - 38 [BDL]
ပါရမီ(ညောင်ပင်) - သီရိမင်္ဂလာစျေးသစ်

YBS - 39 [P11]
ရွှေပြည်သာ(ဝါးတရာ) - လသာ

YBS - 40 [YUPT/SHWE LAN KHINN]
ရွှေပြည်သာ(လိန်ကုန်း) - သခင်မြပန်းခြံ
ရွှေပြည်သာ(ဝါးတရာ) - သခင်မြပန်းခြံ
ရွှေပြည်သာ(ညရပ်ကွက်) -သခင်မြပန်းခြံ

YBS - 41[P 11]
TUမှော်ဘီ - သခင်မြပန်းခြံ

YBS - 42 [SPTT]
ရွှေပြည်သာ(သာဓုကန်စက်မှုဇုန်) - သာကေတ(ဆောက်လုပ်ရေး)

YBS - 43 [YPBC]
မင်္ဂလာဒုံ(ဝါယာလက်) - လမ်း၅၀(ကုန်သည်လမ်း)

YBS - 44 [RCBT]
လှည်းကူးတာဆုံ - သီရိမင်္ဂလာစျေးသစ်

YBS - 45 [INDIVIDUAL]
မင်းကုန်း - လှည်းကူးစျေး

YBS - 46 [INDIVIDUAL]
ဒါးပိန် - စံပြစျေး

YBS - 47
လှိုင်သာယာ(ဘီအိုစီ) -တွံတေး

YBS - 48
ဒလ - တွံတေး

YBS - 49
လှိုင်သာယာ(ဘီအိုစီ) - ကွမ်းခြံကုန်း

YBS - 50 [GST]
ဒလ - ကွမ်းခြံကုန်း

YBS - 51[INDIVIDUAL]
ပဲခူး - ခရမ်း

YBS - 52 [KHIT THIT BAYINT NAUNG]
ထန်းတပင် - မီးခွက်စျေး

YBS - 53 [KHIT THIT BAYINT NAUNG]
ရွှေလင်ပန်းလမ်းဆုံ - မီးခွက်စျေး

YBS - 54 [KHIT THIT BAYINT NAUNG]
ရိုးလေး - အောက်ထိပ်

YBS - 55 [BDL]
ပါရမီ(ညောင်ပင်) - သခင်မြပန်းခြံ

YBS - 56 [OMNI FOCUS]
သခင်မြပန်းခြံ - ဗိုလ်ချုပ်အောင်ဆန်းလမ်း - ကုန်သည်လမ်း - သခင်မြပန်းခြံ

YBS -57[GYCT]
သခင်မြပန်းခြံ - မဟာဗန္ဓုလလမ်း - ကမ်းနားလမ်း -သခင်မြပန်းခြံ

YBS - 58 [YUPT]
သခင်မြပန်းခြံ - ကမ်းနားလမ်း - အနော်ရထာလမ်း - သခင်မြပန်းခြံ

YBS - 59 [YUPT]
တောင်ဒဂုံ(သိမ်ချောင်း) - ဗဟိုအမျိုးသမီးဆေးရုံ

YBS - 60 [GYCT]
ယုဇနဥယျာဉ်မြို့တော် - သီရိမင်္ဂလာစျေးသစ်

YBS - 61 [KHIT THIT BAYINT NAUNG]
အနောက်ပိုင်းနည်းပညာတက္ကသိုလ် - ဆူးလေ

YBS - 62 [YBPC]
ဒဂုံတက္ကသိုလ် - ဟံသာဝတီဘူတာ

YBS - 63 [INDIVIDUAL]
ကျောက်ကုန်း - သန်လျက်စွန်း

YBS - 64 [KAUNG BAUNG YANGON]
ဝေဘာဂီ - သုဓမ္မာလမ်း - ပန်းဆိုးတန်း
ဝေဘာဂီ - ခေမာသီလမ်း - ပန်းဆိုးတန်း

YBS - 65 [YUPT/SHWE PYI THAR THARR]
ရွှေပြည်သာ(ဝါးတရာ) - ဗိုလ်တထောင်ဘုရား

YBS - 66 [RCBT]
ကွန်ပျူတာတက္ကသိုလ် - စိတ်ကျန်းမာရေးဆေးရုံ

YBS - 67 [RCBT]
အလယ်ရွာ - ညောင်ရွာစျေးထိပ်

YBS - 68 [KHIT THIT BAYINT NAUNG]
ရွှေပြည်သာ(အိမ်မဲကြီး) - အနောက်ပိုင်းနည်းပညာတက္ကသိုလ်

YBS - 69 [KHIT THIT BAYINT NAUNG]
ရွှေပြည်သာ(လှော်ကား) - ဒဂုံဧရာအဝေးပြေး

YBS - 70 [GST]
သီလဝါအိမ်ရာ - ပန်းဆိုးတန်း

YBS - 71 [RCBT]
လေးထောင့်ကန်(သရက်ပင်ချောင်) - စံပြစျေး

YBS - 72 [YBPC]
သာကေတ(ရတနာအိမ်ရာ) - ဆူးလေ

YBS - 73 [RCBT]
ထောက်ကြန့် - ရွှေပြည်သာ(လိန်ကုန်း)

YBS - 74 [RCBT]
ရွှေပြည်သာ(သံဒင်း) - ဒဂုံဧရာအဝေးပြေး

YBS - 75 [KHIT THIT BAYINT NAUNG]
သုဝဏ္ဏ(ကမာကြည်လမ်း) - ဆင်မလိုက်

YBS - 76 [TRANS LINK]
အရှေ့ပိုင်းတက္ကသိုလ်(တာဝ) - မင်းဓမ္မအိမ်ရာ

YBS - 77 [RCBT]
ရွှေပြည်သာ(သဲကွင်း) - လသာ

YBS - 78 [LUDU PARTENER]
ကွန်ပျူတာတက္ကသိုလ် - ဆူးလေ(ရန်ကုန်ဘူတာကြီး)

YBS - 79 [TRANS LINK/RCBT]
အနောက်ပိုင်းတက္ကသိုလ် - လင်းစဒေါင်း

YBS - 80 [TRANS LINK]
ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - ရန်ကုန်ဘူတာကြီး(ကွမ်းခြံလမ်း)

YBS - 81[TRANS LINK]
ရွာသာကြီး(ဦးထွန်းမြတ်) - ပန်းဆိုးတန်း

YBS - 82 [OMNI FOCUS]
ဒဂုံဧရာအဝေးပြေး - ဗိုလ်တထောင်ဘုရား

YBS - 83 [OMNI FOCUS]
ဒဂုံဧရာအဝေးပြေး - တောင်ဒဂုံ(ရွှေလီအိမ်ရာ)

YBS - 84 [YUPT]
အရှေ့ဒဂုံ(၁၄ရပ်ကွက်လမ်းဆုံ) - သာကေတ(၄၉အစိမ်းဂိတ်)

YBS - 85 [TRANS LINK]
လိူင်သာယာ(တူးချောင်း) - သာကေတ(သစ်ဆိပ်)

YBS - 86 [INDIVIDUAL]
သီတာဆိပ် - ပေါက်တန်းအဝိုင်း

YBS - 87 [YBPC]
ဒဂုံတက္ကသိုလ် - မဝတ - ဆူးလေ

YBS - 88 [YBPC]
ဒဂုံတက္ကသိုလ် - တညင်းကုန်း

YBS - 89 [YBPC]
သာကေတ(ရတနာအိမ်ရာ) - မင်းနန္ဒာလမ်း - ကြည့်မြင်တိုင်(ပန်းပင်ကြီးလမ်း)
သာကေတ(ရတနာအိမ်ရာ) - မြင်တော်သာလမ်း - ကြည့်မြင်တိုင်(ပန်းပင်ကြီးလမ်း)

YBS - 90 [TIKE GYI THAR]
ဥက္ကံ - သခင်မြပန်းခြံ

YBS - 91[RCBT]
တိုက်ကြီး - အင်းစိန်ပန်းခြံ

YBS - 92 [HOLIEST VIM]
ထောက်ကြန့် - ခေမာသီလမ်း - ဇဝန

YBS - 93 [LUDU PARTENER]
အနောက်ပိုင်းတက္ကသိုလ် - ရန်ကုန်ဘူတာကြီး

YBS - 94[LUDU PARTENER]
ကွန်ပျူတာတက္ကသိုလ် - ရန်ကုန်ဘူတာကြီး

YBS - 95 [GST]
ကျောက်တန်း - ဗဟန်း၃လမ်း

YBS -96 [YBPC]
လှော်ကား(တာဆုံ) - သာကေတ(၁၀စျေး)

YBS - 97 [LUDU PARTENER]
စီးပွားရေးတက္ကသိုလ် - ထောက်ကြန့်

YBS - 98 [OMNI FOCUS]
ဒဂုံဧရာအဝေးပြေး - လင်းစဒေါင်း

YBS - 99 [OMNI FOCUS]
ဒဂုံဧရာအဝေးပြေး - တောင်ဒဂုံ(ရွှေလီအိမ်ရာ)

YBS - 100 [GYCT]
တောင်ဒဂုံ(ကျီစု) - လင်းစဒေါင်း

YBS - 101 [OMNI FOCUS]
အနောက်ပိုင်းနည်းပညာတက္ကသိုလ် - ဆေးတက္ကသိုလ်-၂ - ဒဂုံတက္ကသိုလ် စီးပွားရေးတက္ကသိုလ်

YBS -102 [GYCT]
ယုဇနဥယျာဉ်မြို့တော် - ဒဂုံတက္ကသိုလ်

YBS - 103 [GYCT]
တောင်ဒဂုံ(ကျီစု) - ဒဂုံဧရာအဝေးပြေး

YBS - (AIRPORT - SULE) [OMNI FOCUS]
အောင်မင်္ဂလာအဝေးပြေး - လေဆိပ် - ပြည်လမ်း - ဆူးလေ
အောင်မင်္ဂလာအဝေးပြေး - လေဆိပ် - ကမ္ဘာအေးဘုရားလမ်း - ဆူးလေ

YBS - (CITY TRANSIT)
အောင်မင်္ဂလာအဝေးပြေး - သံသုမာလမ်း - အောင်မင်္ဂလာအဝေးပြေး
အောင်မင်္ဂလာအဝေးပြေး - ဘုရင့်နောင်လမ်း - အောင်မင်္ဂလာအေဝးပြေး

YBS - 104 [YBPC]
ဝါယာလက် - ဆူးလေ

YBS - 105 [YBPC]
TUမှော်ဘီ - ဆူးလေ

YBS - 106 [YBPC]
ဥက္ကံ - ဆူးလေ

YBS - 107 [YBPC]
လှည်းကူး - ဆူးလေ

YBS - 108 [YBPC]
ဒဂုံတက္ကသိုလ် - မ၀တ - ဆူးလေ

YBS - 109 [YBPC]
TUမှော်ဘီ - သာကေတ

YBS - 110 [YUPT]
ယုဇနဥယျာဉ်မြို့တော် - သုဝဏ္ဏလမ်းဆုံ - ဆူးလေ

YBS - 111 [YUPT]
တောင်ဒဂုံ(ကျီစု) - ဆူးလေ

YBS - 112 [YUPT]
တောင်ဒဂုံ(ရိုးမရိပ်သာ) - ဆူးလေ

YBS - 113 [YUPT]
စံပြစျေး(ကားကြီးဂိတ်) - ဆူးလေ

YBS - 114 [YUPT]
အရှေ့ဒဂုံ(ကျောက်လမ်း) - ဗိုလ်တစ်ထောင်ဘုရား

YBS - 115 [YUPT]
အောင်မင်္ဂလာအဝေးပြေး - ဆူးလေ

YBS - 116 [YUPT]
ထောက်ကြန့် - ဆူးလေ

YBS - 117 [BDL]
ဒဂုံတက္ကသိုလ် - ပြည်လမ်း - သခင်မြပန်းခြံ

YBS - 118 [LUDU PARTENER]
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) - ရန်ကုန်ဘူတာကြီး

YBS - 119 [GYCT]
ဒဂုံဧရာအဝေးပြေး - အောင်မင်္ဂလာအဝေးပြေး

YBS - 120 [TRANS LINK]
သာကေတ(အနော်မာ) - ရန်ကုန်ဘူတာကြီး

YBS - 121 [SHWE PYI THA THAR]
ရွှေပြည်သာ(သာဓုကန်စက်မှုဇုန်) - ဒဂုံဧရာအဝေးပြေး

YBS - 122 [TIKE GYI THAR]
တိုက်ကြီး(ချင်ကုန်း) - သခင်မြပန်းခြံ

YBS - 123 [TIKE GYI THAR]
အဖျောက် - အင်းစိန်(ဘီအိုစီ)

YBS - 124 [TIKE GYI THAR]
အဖျောက် - တော်လတီ - အင်းစိန်(ဘီအိုစီ)

YBS - 125 [HOLIEST VIM]
ဒဂုံဆိပ်ကမ်း(၈၉လမ်းဆုံ) - ဒဂုံဧရာအဝေးပြေး

YBS - 126 [INDIVIDUAL]
အနောက်ပိုင်းတက္ကသိုလ် - ကျောက်တော်ကြီး

်းညွှန်group

Travel Newsမြိတ် နှင့် ကလေးမြို့များသို့ ခရီးသွားကြမည့်သူများအတွက် မိမိနှင့်တပါထဲယူဆောင်သွားရမည့် လိုအပ်သည့် စာရွက်စာတမ်...
22/06/2024

Travel News

မြိတ် နှင့် ကလေးမြို့များသို့ ခရီးသွားကြမည့်သူများအတွက် မိမိနှင့်တပါထဲယူဆောင်သွားရမည့် လိုအပ်သည့် စာရွက်စာတမ်းများအား Myanmar National Airway ( MNA) မှ တင်ပြထားသည့် သတင်းအချက်အလက်များအား သတင်းစကားထပ်ဆင့်ပါးပါစေရှင် 🙏🥰

ပြည်ပလိုင်စင်အမှတ် - T/O (YGN) - 0933
ပြည်တွင်း/ပြည်ဝင် လိုင်စင်အမှတ် - T/I (YGN) -1926

Asia Panda Company Limited ( အာရှဝက်ဝံခရီးသွားဝန်ဆောင်မှု့ ကုမ္ပဏီလီမိတက်)

09776297011, 09740836893,09686435050

စန္ဒကူးကျောင်းတော်ရာဘုရားသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာတွင်တည်ရှိပါသည်။ စေတီတော်၏ ထီးတော...
22/06/2024

စန္ဒကူးကျောင်းတော်ရာဘုရားသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာတွင်တည်ရှိပါသည်။ စေတီတော်၏ ထီးတော်သုံးဆင့်ရှိရာ အထက်ဆုံးထီးတော်(အဆင့်)မှာ ငွေသား အစစ်ဖြစ်သည်။ မြတ်စွာဘုရားသည် ရဟန္တာပေါင်း (၅၀၀)နှင့်အတူ တရားဟောကြားရန် ဘုန်းကြီးကျောင်းသို့ ကြွချီလာခဲ့သည်။ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိနေစဉ် သက္ကရာဇ် (၁၆၀၄) ခုနှစ်တွင် အလောင်းစည်သူမင်းတရားလက်ထက်တိုင်းခန်းလှည့်လည်ချိန်တွင် မပင်စယဆည်ကို ဆည်တော်ကိုပြုပြင်၍ မြောင်းတာအသစ်ကိုတူးဖော်နေစဉ်မြောင်းတာတော်တစ်သောင်း အဆုံး၌ ကျောက်ထပ် မြက်နွယ်တို့ ဖုံးလွှမ်းနေသည့် ပုဏ္ဏမထေရ် ရေးထိုးခဲ့သော ကမ္ပည်းကျောက်စာကို တွေ့၍ အလောင်းစည်သူမင်းကြီးသည် သက်တော်ထင်ရှား ဘုရားသခင်ကို ဖူးတွေ့ရသကဲ့သို့ များစွာဝမ်းမြောက်တော်မူလှ၍ ထိုကမ္ပည်းကျောက်စာနေရာ၌ မုခ်ထွတ် လေးမျက်နှာရှိသော စေတီတော်၊ ကျောင်း၊ သိမ်၊ စင်္ကြံစသည့် လေးဌာနတို့ကို တည်ထားဆောက်လုပ်တော်မူခဲ့သည်။ ကျောင်းတော်ရာနေရာ၌ ပထမဆုံးစေတီ တည်ခဲ့သည်။ကျောင်းတော်ရာ ရှေ့မုန်းမြစ်ကွေ့၌ တွေ့ရသော ငါးရာ တစ်ထောင်ကောင်ရေဖွဲ့စည်း အုပ်လိုက်ကြီးရှိသော ငထွေခေါ်သည့် ငါးများကို ဘုရားငါးခေါ်ကြသည်။ထိုငါးများသည် နှစ်စဉ်ဝါဆိုလပြည့်နေ့ (ဝါထပ်သော ဒုတိယဝါဆိုလပြည့်နေ့)တွင် ရောက်လာကာ ဘုရားအနီး မုန်းမြစ်ထဲ၌ စုဝေးနေကြပြီးနောက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် နှစ်စဉ်မှန်မှန်ပြန်ကြသည်။ ထိုငါးများကို ဖမ်းဆီးစားသောက်သူများသည် ဝမ်းသွားသွေးအန် အသေမြန်ကြ၍ ယင်းတို့အား ဖမ်းဆီးသတ်ဖြတ်မည်ကြံလျှင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့အား အိပ်မက်ပေး၍ လိုက်အပို့ခိုင်းခြင်းဖြင့် သေဘေးမှလွတ်မြောက်အောင် ကြံဆောင်နိုင်ကြသည်ဟု ဆိုလေသည်။ ထိုငါးများသည် စန္ဒကူးသစ်များ သင်္ဘောဖြင့် သယ်ဆောင်လာကြစဉ် ငါးအသွင် ပြောင်းလဲလိုက်ပါလာကြသည့် အစောင့်ဘီလူးများ ဖြစ်သည်ဟု ယုံကြည်ကြသည်။
Crd
Experience Myanmar

ပြည်ပလိုင်စင်အမှတ် - T/O (YGN) - 0933
ပြည်တွင်း/ပြည်ဝင် လိုင်စင်အမှတ် - T/I (YGN) -1926

Asia Panda Company Limited ( အာရှဝက်ဝံခရီးသွားဝန်ဆောင်မှု့ ကုမ္ပဏီလီမိတက်)
09776297011, 09740836893,09686435050

Beautiful Yangon Myanmar 🥰
24/05/2024

Beautiful Yangon Myanmar 🥰

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ခရီးသွားကြမလား လုပ်ဖော်ကိုင်ဖက်တွေစုလို့ အပန်းဖြေခရီးထွက်မလား မိဘဆွေမျိုးအပေါင်းဖော်တွ...
04/05/2024

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ခရီးသွားကြမလား လုပ်ဖော်ကိုင်ဖက်တွေစုလို့ အပန်းဖြေခရီးထွက်မလား မိဘဆွေမျိုးအပေါင်းဖော်တွေနဲ့ ဘုရားဖူးသွားဖို့စီစဉ်နေလား ဘယ်လိုခရီးစဥ်မျိုးပဲ အစီစဉ်ဆွဲဆွဲ ခရီးသွားတယ်ဆိုတာ ကားကောင်းမှ ခုံတွေကောင်းမှ အနံ့အသက်တွေ ကင်းစင်မှ ကားတစ်စီးလုံးလည်းသန့်‌နေ၍ စီးရတာသက်တောင့်သက်သာလည်းရှိမှ ပျော်စရာကောင်းပီး စိတ်ကျေနပ်မှူ့အပြည့်အဝရကာ အမှတ်တရတွေအမြဲဖြစ်‌နေစေမယ့် ပျော်ရွှင်ဖွယ်ခရီးလေးအဖြစ်သို့ပိုင်ဆိုင်ရမှာပါ လိုရာခရီးကို အန္တရာယ်ကင်းစွာချောချောမွေ့မွေ့သွားလာနိုင်ဖို့ရာ ကျွမ်းကျင်စိတ်ချရပီး ယဉ်ကျေးချိုသာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တို့လည်း အဓိကကျပါသေးတယ် အဲ့လိုအချက်အလက်တွေနဲ့ ပြည့်စုံတဲ့ကားမျိုးရှာနေရင်တော့ ကျွန်မတို့ Asia Panda Travels မှ Yutong 33 seaters Bus လေအိတ်ပတ်လည် ကားကောင်းကားရှယ်လေးကိုသာ သတိယလိုက်ပါနော် လမ်းခရီးတစ်လျှောက် ဖုံးသုံးတတ်သူများအတွက်လည်း ဖုံးအားကုန်သွားသည်မဖြစ်ရအောင်လို့ ဖုံးအားသွင်းပလပ်ခုံများကိုလည်း ထိုင်ခုံတိုင်းအတွက်အဆင့်သင့်တပ်ဆင်ပေးထားပါတယ် သီချင်းဆိုဝါသနာပါသူများအတွက်လည်း ခရီးသွားရင် အပန်းဖြေသီဆိုနိုင်ဖို့ ကာရာအိုကေစက်များနှင့် နီယွန်မီးရောင်စုံများပါ ထပ်မံဖြည့်စွပ်တပ်ဆင်ကာ အလှဆင်ပေးထားပါတယ် Aircon အေးစိမ့်လို့ ချမ်းအေးတတ်သူများအတွက်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချည်စောင်များ ခုံတိုင်းမှာ ထည့်သွင်းပေးထားပါတယ် နွေရာသီ ရာသီဥတုပူလို့ အ‌ချိရည် အအေး ရေသန့်ဗူး စတာတွေ အေးအေးလေးမှ သောက်ချင်ပါတယ်ဆိုတဲ့အအေးကြိုက်သူများအတွက်လည်း ရေခဲသေတ္တာပါ ပါတာမို့ ကဲ ဘာလိုသေးလဲ ဦးကြီးတို့ရာ ဒီလိုကားကောင်းကားသန့်ကားချောလေးနဲ့မှ ခရီးသွားချင်တယ်ဆို ကားငှားမရတော့သည် မဖြစ်ရလေအောင်
09740836893/09686435050/09776297011 သို့ အမြန်သာ Hello လိုက်ပါနော်
#ချောင်းသာ
#ငွေဆောင်
#ကျိုက်ထီးရိုး
#ပုဂံ
#အကောက်တောင်
#ပြည်
#ဇလွန်
#ပဲခူး
#ရွှေစက်တော်
#နေပြည်တော်
#မန္တလေး

* Passport Online Booking ခု Onlie Booking က ရန်ကုန်ရုံးအပါဝင် မန္တလေးရုံး နေပြည်တော်ရုံး ပဲခူးရုံး ပုသိမ်ရုံး တို့မှာပါ...
25/02/2024

* Passport Online Booking

ခု Onlie Booking က ရန်ကုန်ရုံးအပါဝင် မန္တလေးရုံး နေပြည်တော်ရုံး ပဲခူးရုံး ပုသိမ်ရုံး တို့မှာပါ ဒီနေ့ကစပီတင်လို့ရနေပါပီ

အထူးသတိထားရမှာ ရန်ကုန်ရုံးတစ်ခုသာ ပြည်နယ်/တိုင်းဒေသကြီးအကုန်လာလုပ်လို့ရတာ ကျန်တဲ့ ရုံးတွေက သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းသာလုပ်လို့ရတယ် နယ်ကျော်ပီသွားလုပ်လို့မရပါ Booking မှားယူထားမိရင်သူ့ပြည်နယ် အိမ်ထောင်စုစာရင်းမဟုတ်လို့ လက်ခံဆောင်ရွင်ပေးမှာမဟုတ်သလို သွင်းထားတဲ့ငွေလဲပြန်အမ်းပေးမည်မဟုတ်ပါ ဒါကြောင့် ပြည်နယ် တိုင်းကိုသေချာလေးရွေးပေးကျပါ

ကိုယ်ရေးအချက်လက်ဖောင်ဖြည့်တဲ့နေရာရဲ့ အပေါ်ဆုံးမှာ ကိုယ်ရွေးထားတဲ့ ရုံးအမည်ဖော်ပြပေးထားပါတယ် အောက်မှာပုံတွေပါတွဲတင်ပေးထားပါတယ်

ရန်ကုန်ရုံး Online Booking Qr စနစ်

✅ မည်သည့် ပြည်နယ် / တိုင်းဒေသကြီး မဆိုလာလုပ်လို့ရပါတယ်

မန္တလေးရုံး Online Booking Qr စနစ်

✅ မန္တလေးတိုင်းအိမ်ထောင်စုစာရင်းတွေသာ

❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

နေပြည်တော်ရုံး Online Booking Qr စနစ်

✅ နေပြည်တော် ၈ မြို့နယ်အိမ်ထောင်စုစာရင်းတွေသာ

❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

ပဲခူးရုံး Online Booking Qr စနစ်

✅ ပဲခူးတိုင်းအိမ်ထောင်စုစာရင်းတွေသာ

❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

ပုသိမ်ရုံး Online Booking Qr စနစ်

✅ ဧရာဝတီတိုင်း အိမ်ထောင်စုစာရင်းတွေသာ

❌ တစ်ခြားပြည်နယ်/တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းများ လျှောက်ထားလို့မရပါ

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ သတ်မှတ် ပြည်နယ်/တိုင်းကိုကြည့်တာ လက်ရှိကိုယ်နာမည်ပါတဲ့ အိမ်ထာင်စုစာရင်း ပုံစံ ၆၆ ကိုသာကြည့်တာပါ မှတ်ပုံတင်မှာပါတဲ့ မျဉ်းစောင်းကိုမကြည့်ပါဘူး

Online Booking စတင်တော့မယ်ဆို လျှောက်ထားရန်ကိုနှိပ်လိုက်တာနဲ့ နောက်တစ်ဆင့်ရောက်ပီဆို
လျှောက်ထားလိုသည့်ရုံးမှာ (ပုံ ၁) ကိုယ်အိမ်ထောင်စုပါတဲ့ တိုင်းဒေသကြီးကိုရွေးပါ နောက်တစ်ဆင့် ကိုယ်ရေးအချက်လက်ဖောင်ဖြည့်တဲ့နေရာရဲ့ အပေါ်ဆုံးမှာ ကိုယ်ရွေးထားတဲ့ တိုင်းဒေသကြီး ဟုတ် မဟုတ် သေချာပြန်စစ်ပါ မှန်တယ်ဆိုမှ အချက်လက်ဖြည့်ပီတင်လိုက်ရုံပါဘဲ

Online Booking တင်ရန် ➡️ www.passport.gov.mm

ဒီထဲမှာမပါတဲ့ ကျန်တဲ့ပြည်နယ်/တိုင်းဒေသတွေက အရင်အတိုင်းရုံးကိုသွားပီရက်ချိန်းတိုကင်သွားယူရမှာပါ

Crd original post owner

ယနေ့ကြရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှစ၍ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အေးချမ်းသာယာ‌ ပျော...
11/01/2024

ယနေ့ကြရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှစ၍ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အေးချမ်းသာယာ‌ ပျော်ရှင်မှု့ ရကြပါစေ လို့ Asia Panda မိသားစုမှ ဆုမွန်ကောင်းပို့သလိုက်ပါတယ်ရှင်🙏🥰

မင်္ဂလာပါရှင် 🙏Happy New Year 2024 🎊🥳Asia Panda Travels ( အာရှဝက်ဝံ ခရီးသွားဝန်ဆောင်မှု့) မှ နွေးထွေးပျုငှာလှိုက်လှဲစွာ ...
05/01/2024

မင်္ဂလာပါရှင် 🙏
Happy New Year 2024 🎊🥳

Asia Panda Travels ( အာရှဝက်ဝံ ခရီးသွားဝန်ဆောင်မှု့) မှ နွေးထွေးပျုငှာလှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်ရှင့် 🥰
ယနေ့မှာတော့ ချစ်ရပါသော ကာကာတို့အတွက် အထူးအစီအစဉ်ကောင်းလေးတစ်ခုနှင့် မိတ်ဆက်ပေးပါရစေရှင့် 🤗🥰

🇲🇲 မြန်မာပြည်မှာ ဘုရားဖူးခရီးတွေထွက်မယ်ဆို ခရီးသွားဖို့ အကောင်းဆုံးအချိန်လို့ ပြောလိုက်ကြတာနဲ့ အားလုံးရဲ့ အဖြေက ဆောင်းရာသီပါပဲ ဟုတ်ပါတယ် သီတင်းဝါလကျွတ်ပီး ☔ မိုးရာသီလည်းကုန်ပီမို့ လမ်းပန်းဆက်သွယ်ရေးတွေ သာယာကာသွားရလာရ ကားစီးရတာလည်း safe အဖြစ်ဆုံးရာသီ နောက်တစ်ခုက အေးမြတဲ့ ဆောင်းလေအေးလေးနဲ့အတူ ကြည်နူးဖွယ်ရာစိတ်သက်သက်သာသာလေး ခရီးသွားရတော့ စိတ်ချမ်းသာမှု့တွေလည်း အပြည့်အဝ ရတာပေါ့လို့ ဟုတ်ပါပီ ဒါဆို ဆောင်းရာသီ ခရီးထွက်ကြဖို့ နေရာရွေးကြပီဆိုပါစို့ မြန်မာလူမျိုးတို့ အများစု ရွေးချယ်တတ်ကြတဲ့ နေရာတစ်ခုကတော့ ဗုဒ္ဓဘာသာကို အထွဋ်အမြတ် အလေးအနက်ထားရာ ရှေးပဝေသဏီခေတ်အဆက်ဆက်တုန်းထဲက ဘာသာတရားကိုင်းရှိုင်းပီး အစဉ်အလာနဲ့ နေထိုင်လာခဲ့ကြတဲ့ ချစ်စရာ ယဉ်ကျေးသိမ့်မွေ့ပီး ရိုးသားပွင့်လင်းတဲ့ မွန်တို့ ဌာနေ ရာမညမြေက မြန်မာပြည်ရဲ့ တန်ခိုးကြီးဘုရားထဲက တစ်ဆူဖြစ်တဲ့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီပါပဲ သဘာဝအရိပ်အသက်တွေ ပြည့်လျှံထုံလွှမ်းနေပီး တစ်ခေါက်ရောက်ဖူးရုံနဲ့ မမေ့နိုင် ထပ်ခါထပ်ခါသွားလည်း ရိုးသွားတယ်လို့ မရှိစေတဲ့ခံစားချက်ရယ် သဘာဝရဲ့လက်ဆောင် သာယာလှတဲ့ ရှုခင်းတောတောင်တွေနဲ့ ကြည်ညိုဖွယ်ရာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီရဲ့ တန်ခိုးအာနုဘော်တွေဟာ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခွင့်ရပီး ဒီနေရာကို လာရောက်ဖူးမျှော်ခွင့်ရခဲ့တဲ့ မြန်မာတစ်ယောက်ရဲ့ ရင်တွင်းပီတိခံစားချက်ကို အသပြာငွေကြေး သိန်းသန်းကုဋေနဲ့တန်ဖိုးဖြတ်တောင်မရနိုင်တဲ့ စိတ်ကျေနပ်မိစေတဲ့ခံစားချက်အလုံးစုံရယ်ပါ အဲ့ဒီတော့ ဒီနှစ်‌ဆောင်းရဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားဖူးဖို့ အချိန်အခါကျရောက်လာပီဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ဇန်နဝါရီ ၊ဖေဖော်ဝါရီ ဒီလေးလတာ ကာလအတွင်းမှာ သဘာဝတောတောင်ရေမြေရဲ့အငွေ့အသက်တွေကိုခံစားရင်း တန်ခိုးကြီးလှတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကိုဖူးမျှော်ဖို့ အခွင့်အရေး လက်မလွတ်လိုက်ရလေအောင် ကျွန်မတို့ရဲ့ Asia Panda Travels ( အာရှဝက်ဝံ ခရီးသွားဝန်ဆောင်မှု့ ) အထူး အစီအစဉ်ဖြစ်တဲ့ All in one Kyaiktiyo package လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့် All in one Kyaiktiyo package ဆိုတာကတော့ ဒီ package နဲ့သွားတဲ့ ချစ်မိတ်ဆွေက သွားရေးလာရေး စားရေးသောက်ရေးနဲ့ ညအိပ်နားနေခွင့်တွေကို ဘာမှစိတ်ပူစရာမလိုတော့ပဲ ကျွန်မတို့ အာရှဝက်ဝံမှ အပြည့်အဝတာဝန်ယူကာ အားလုံးစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ဒါဆိုရင် ဒီ package မှာ ဘာတွေပါသလဲ?

ဟုတ်ကဲ့ ဒီ package မှာတော့

( ၁ ) ရန်ကုန် - ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းစခန်းထိ အသွားအပြန်ကားလက်မှတ်
( ၂ ) ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးတောင်ပေါ်ထိ အတက်အဆင်း အသွားအပြန် ၂ ကြောင်းစာ ကားခ
( ၃ ) သန့်ရှင်းသပ်ရပ်၍ ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသည့် အပြင်အဆင်တို့ဖြင့် လက်ရာအလွန်ကောင်းမွန်လှသော ဟင်းချက်လက်ရာ အသားငါးပုစွန်နှင့်ပင်လယ်စာ အစရှိသည့် ဟင်းအမည်စုံများမှ မိမိစိတ်ကြိုက် နှစ်သက်ရာကို ရွေးချယ်သုံးဆောင်နိုင်မယ့် အဝစား နေ့လည်စာနှင့် ညစာ တို့အပြင် နောက်နေ့အတွက် ကြက်ဥကြော်/ထမင်းကြော်/ထမင်းဖြူ/လက်ဖက်ရည်/ကော်ဖီပါ အစရှိသည်တို့ သုံးဆောင်ခွင့်ရမယ့်အပြင် မနက်စာတစ်နပ်လည်းပါဝင်ပါသေးတဲ့ ၃ နပ်စား အစီအစဉ် အပြင်
( ၄ ) စောင် ခေါင်းအုံးအစရှိသည်တို့ဖြင့် ပြည့်စုံနွေးထွေးစေမယ့် ညအိပ်တည်းခိုဆောင် / ၁ ညအိပ် အစီအစဉ်
( ၅ ) ကျီးပါးစပ်ဂူ နှင့် မုဆိုးတောင်သို့ လမ်းပြပို့ဆောင်ပေးခြင်း အစရှိသည်တို့ ပါဝင်မှာဖြစ်ပါတယ်ရှင့် 🤗

👌ဒါဆို ဒီ All in one Kyaiktiyo package လေးကရော ဘယ်လောက်လဲ ?
ဟုတ်ကဲ့ အထက်ပါပြည့်စုံလှတဲ့ အစီအစဉ် ၅ ရပ်ပါတဲ့ package တစ်ခုလုံးကိုမှ မြန်မာငွေ * 55000 ငါးသောင်းငါး‌ထောင် * ကျပ်ထဲပါနော် 🤭

😱 Wow တန်လိုက်တာ 😊 ဟုတ်ကဲ့ အဲ့လိုတန်နေလို့လည်း ချစ်မိတ်ဆွေတို့ ကြိုတင်ဘိုကင်ယူထားမှရမယ့်အနေအထားတွေဖြစ်နေပါပီလို့ ခရီးသွားရာသီအကြိုက် package တွေ ဖြစ်လို့ လူပြည့်မြန်တာကြောင့် အမြန်သာ ဟယ်လိုမှ အချိန်မှီ လိုက်ပါခွင့်ရတော့မှာမို့ သွားမယ်လို့ အရင်ဆုံးဖြတ်ပီးတာနဲ့ ကျန်ခဲ့ရသည်မဖြစ်လေအောင် အမြန်ဆုံးသာ ☎️ ဖုံးဆက်၍ဖြစ်စေ chat box မှဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ရှင် 🥰

* သာယာအေးချမ်းတဲ့ဘဝလေးတွေ လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ *🙏😍

ပြည်ပလိုင်စင်အမှတ် - T/O (YGN) - 0933
ပြည်တွင်း/ပြည်ဝင် လိုင်စင်အမှတ် - T/I (YGN) -1926

Asia Panda Company Limited ( အာရှဝက်ဝံခရီးသွားဝန်ဆောင်မှု့ ကုမ္ပဏီလီမိတက်)
အမှတ် ၉၃၇ အောင်မဂ်လာလမ်း ၂၈ ရပ်ကွက် မြောက်ဒဂုံမြို့နယ် ရန်ကုန်။
09776297011, 09740836893,09686435050

25/12/2023

Merry Christmas 🎄🎁🎄

🙏မင်္ဂလာပါရှင်🙏19-12-2023ရက်နေ့မှာ*ရန်ကုန်မှလားရှိုး**လားရှိုးမှရန်ကုန်*အတက်/အဆင်း ကားထွက်ရှိပါတယ်ရန်ကုန်မှထွက်ချိန် 11:...
17/12/2023

🙏မင်္ဂလာပါရှင်🙏
19-12-2023ရက်နေ့မှာ

*ရန်ကုန်မှလားရှိုး*
*လားရှိုးမှရန်ကုန်*

အတက်/အဆင်း ကားထွက်ရှိပါတယ်
ရန်ကုန်မှထွက်ချိန် 11: 00နာရီ ( အောင်မဂ်လာ အဝေးပြေးဝန်း)
လားရှိုးမှထွက်ချိန် 08:00နာရီ ( နားမခေါ်ကားကြီးဝန်း)

VIP 2+1ကားဖြစ်ပါတယ်
ယာဉ်မယ်‌လေးများမှ ယဉ်ကျေးပျုငှာဖော်ရွေစွာ ခရီးလမ်းတစ်လျှောက် ဝန်ဆောင်မှု့ပေးခြင်းအပြင် ကားပေါ်မှာ wifi freeပါရရှိမှာပါရှင့်

ရပ်စောက်အင်တောနမ့်လန်လမ်းကြောင်းအတိုင်းပါ
ဈေးနှုန်း 120000ကျပ်ပါ
09776297011 ,09740836893 , 09686435050
သို့ ဆက်သွယ်၍ ကြိုတင် ဘိုကင်များ ရယူနိုင်ပါတယ်ရှင့် 🙏

ယခုနှစ်ရဲ့ ၇၁ ကြိမ်မြောက် အဘ အောင်မင်းခေါင်ထွက်ပွဲမှာတော့ အဘ သားသမီးများနှင့်အတူ စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပပီးဆ...
05/10/2023

ယခုနှစ်ရဲ့ ၇၁ ကြိမ်မြောက် အဘ အောင်မင်းခေါင်ထွက်ပွဲမှာတော့ အဘ သားသမီးများနှင့်အတူ စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပပီးဆုံးခဲ့ပါပီ နောင်နှစ်မှာလည်း အာရှဝက်ဝံ ခရီးသွားဝန်‌ဆောင်မှု့လုပ်ငန်းမှ ချစ်ခင်ရပါသော ဧည့်သည်တော်ကြီးများနှင့် ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်

*အောင်ပီ အောင်ပီ အောင်ပါပီ*

Asia Panda Travels ( အာရှဝက်ဝံခရီးသွားဝန်ဆောင်မှု့)
အမှတ် ၉၃၇ အောင်မဂ်လာလမ်း ၂၈ ရပ်ကွက် မြောက်ဒဂုံမြို့နယ် ရန်ကုန်။
09776297011, 09740836893,09686435050

အဘအောင်မင်းခေါင်၏လမ်းပြစကားနှင်ဆုတောင်းစာ၁။ အောင်ထီးကနက် ဓမ္မစက်ဖြင့် ထွန်းလက်သာသနာ တည်စေရာတွင် မိစ္ဆာပယ်ရှင်း အမှောင်ခွ...
22/09/2023

အဘအောင်မင်းခေါင်၏လမ်းပြစကားနှင်ဆုတောင်းစာ

၁။ အောင်ထီးကနက် ဓမ္မစက်ဖြင့် ထွန်းလက်သာသနာ တည်စေရာတွင် မိစ္ဆာပယ်ရှင်း အမှောင်ခွင်း
ကာ အောင်ခြင်းမင်္ဂလာ အောင်ကြောင်းဖြာ၍
အောင်မောင်းမြည်ဟီး အောင်စည်တီးသည် အောင်မင်းခေါင်ဓာတ်ကိန်းစေသတည်း ။

၂။ ဗုဒ္ဓစကြာ ဤကမ္ဘာ ရောင်ဝါနေသို့ထွန်းရမည်။
ဤကမ္ဘာနေ လူအများ ချမ်းသာကိုယ်စိတ်မြဲရမယ်။
(၃၁) ဘုံ လူနတ်ဗြဟ္မာ သတ္တဝါ ဘေးရန်ခပ်သိမ်း
ကင်းရမည် ။ စမ (၂၀) အ့မြင်ကျယ် ကြီးပွားပါစေ
မယ် ။လူ့ဘောင်ပြည်ရွာ သာစေဖို့ ဒို့များ ဝိုင်းလို့
မကွစျို့ ။

၃။ ကမ္ဘာကြီး အေးချမ်းပါစေ ။ ဘေးကင်းပါစေ။
ကပ်သံသရာဘေးဆိုးအမျိူးမျိူးမှ လွတ်ကင်းပါစေ။
ကမ္ဘာကြီးဓာတ်မဏ္ဍိုင်တည်တံခိုင်မြဲပါစေ ။
မဟိဒ္ဓိရှင်ကြီးများ၏ ဖြူစင်သောမေတ္တာတော်ဖြင့်
သာယာစည်ပင်ဘေးကင်းပြီး စိတ်ရောကိုယ်ပါ
ကျန်းမာချမ်းသာပါစေ။
ပေါများ ပြည့်ဝ ပြည့်စုံနိုင်ပါစေ။
ကမ္ဘာငြိမ်းချမ်းရေးဓာတ်မဏ္ဍိုင် အရှည်တည်တံ
ခိုင်မြဲပါစေ ။
မြန်မာနိုင်ငံကြီး ဗုဒ္ဓဘုရားရှင် ၏ ကြီးမား မြင့်မြတ်
သောဘုန်းရှိန် တို့၏ စွမ်းအား ဖြင့် အေးချမ်းတည်
ငြိမ်ပြီး စည်ပင်သာယာဝပြော၍ ငြိမ်းချမ်းရေးတည်တံခိုင်မြဲပါစေ ။
ဤကမ္ဘာ မှာ မိစ္ဆာဓာတ်သက် ချူပ်ငြ်ိမ်းကွယ်ပျောက်ပါစေ ။

၄ ။ မြတ်စွာဘုရားရှင်၏ ထာဝရကြီးမားမြင့်မြတ်သော အတုမရှိ ဘုန်းရှိန်တို့၏ တန်ခိုးအာနုဘော်
ကြောင့် အတိတ်ဝဋ္ဋ်ကြွေး မှန်သမျှ ချူပ်ငြိမ်းကွယ်
ပျောက်ပါစေ ။ မွေးသည်မှ ယနေ့အထိ ဝဋ်ကြွေး
ရှိနေပါက ဝဋ်ကြွေးမှန်သမျှ ချူပ်ငြိမ်းကွယ်ပျောက်
ပါစေ ။
ဘုရားရှင်၏ ထီးရိပ်အောက်မှာ ခိုင်မာ မြဲမြံစွာချမ်း
သာခြင်းသုခ နှင့် ပြည့်စုံနိုင်ပါစေ ။

မြန်မာနိုင်ငံ နယ်နမိတ်စည်းမျဉ်းအတွင်း
ဘဝဆက် ပဋ္ဌာန်းဆက် ဆွေတော်
မျိူးတော်များအားလုံး အပြစ်ဝဋ်ကြွေး မှန်သမျှ ချူပ်
ငြိမ်း ကွယ်ပျောက် လွတ်မြောက်ပြီး စိတ်ရောကိုယ်
ပါ ကျန်းမာ ချမ်းသာခြင်းသုခ နှင့် ပြည့်စုံနိုင်ပါစေ။

အမိမြနိမာနိုင်ငံကြီးလည်းတည်တံ့ခိုင်မြဲပါစေ။
အေးချမ်းသာယာဖွံ့ဖြိုးတိုးတက် စည်ပင်သာယာ
လှပတငိ့တယ်စွာ မားမားမတ်မတ် အပြစ်ကင်းစွာ
ရပ်တည်နိုင်ပါစေ ။

၅။ ဝဋ္ဋ်ကြွေးတော်ပြေ မဟိဒ္ဓိအောင်မြေ ပဋ္ဌာန်းဆက်ဓာတ်ခွင် မဏ္ဍိုင်စိုက်၍ အောင်ပွဲသံလွင် အောင်
စည်သံဟိန်း အောင်မောင်းသံတဝေဝေ နှင့် ဝဋ္ဋ်ကြွေး တော်ပြေ အောင်ဓာတ်လွှမ်းတဲ့ ဒို့နိုင်ငံတော်
အေးချမ်းသာစေ ငြိမ်းအေးစေ ။

ဤကမ္ဘာ မှီနေ လူနတ် ဗြဟ္မာ သတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းပါစေ ။

ဤကမ္ဘာ မှီနေ လူနတ် ဗြဟ္မာ သတ္တဝါတွေ ချမ်းသာကိုယ်စိတ် မြဲပါစေ ။

ဤကမ္ဘာ မှီနေ လူနတ် ဗြဟ္မာ သတ္တဝါတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။

အဘ၏ပဋ္ဋာန်းဆက် ဆွေတော်မျိူးတော် များအား
လုံး ကပ် သံသရာ ဘေး ဆိုး အမျိူးမျိူး မှ လွတ်ကင်း ကြပါစေ ။ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာ
ကြပါစေ ။

ဘဝ အဆက်ဆက်က တင်ရှိနေသော ဝဋ္ဋ်ကြွေး
မှန်သမျှ ချူပ်ငြိမ်းကွယ်ပျောက်ပါစေ ။

ဘဝအဆက်ဆက်က ပေးဆပ်ရန် ကျန်ရှိနေသော
အပြစ်ကြွေး မှန်သမျှ လွတ်မြောက်ပြီး ချမ်းသာ
သု့ခ နှင့် ပြည့်စုံနိုင်ပါစေ ။

၆။ မေတ္တာအောင်လံ ပဋ္ဌာန်းဆက်ထံ ဧကန်မလွဲ
ရောက်ပြီပဲဟေ့
ရောက်ရှိတခဏ အားမာန်ရ မာန်ဟုန်ပြင်းပြင်း
အောင်စစ်ခင်း ။
မိစ္ဆာ ဓာတ်ရှင်း အောင်ဓာတ်လင်း မဟိဒ္ဓိအားမာန်
အောင်ပွဲခံ ..
အမှောင်ခွင်း ၍ အလင်းဆောင် သာသနာ အကျိူး
ဆောင် အောင်မင်းခေါင် ..
ပြည်တော်ဝင်၍ မ.ပြီဟေ့ ။ အေး ပြီဟေ့။
ငြိမ်းပြီဟေ့ ။ စည်ပင်သာယာပြီဟေ့ ။

၇။ မဟိဒ္ဓိ ဓာတ်မဏ္ဍိုင်ပန္နက် အောင်လံစိုက်၍
အောင်ပွဲသံခြိမ့်ခြိမ့်သဲ နိုင်ငံပြည်တလွှား သာသနာ
ရောင်ဝါလွှမ်းလို့ မြန်မာပြည်သာယာငြိမ်းစေမည့်
ကြွေးကြော်သံ မေတ္တာအောင်ပွဲ ဧကန်မလွဲ အေး
ငြိမ်းချမ်းသာပြီပဲဟေ့ ။
အောင်ပြီဟေ့ ။ အောင်ပြီဟေ့ ။ အောင်ပြီဟေ့ ။

၈။ ဥုံ စ ဓ ဗ ဝ သိဒ္ဓိဗုဒ္ဓံ သိဒ္ဓိဓမ္မံ သိဒ္ဓိ သံဃံ
သိဒ်ဓိလာဘံ သိဒ်ဓိဓနံ သိဒ်ဓိသုခံ သိဒ်ဓိပိယံ
သိဒ္ဓိခေမံ သိဒ္ဓိအပေါင်း ထောင်သောင်းမက
တည်စေ ။
ဥုံ ... သြောင်း ... အရဟံ သိဒ္ဓိအစ ဘဂဝါ သိဒ္ဓိ
တည်စေ ။
ဥုံ ... သိဒ္ဓိ စုံရာ နတ်တကာ ဝဲယာစောင့်လို့ပေး
ဥုံ .... မနောစိတ္တံ ဤမန္တာန် သိဒ္ဓိ ဆောင်လ်ု့ပေး
ဥုံ .... တေဇ မာဃ သုဝဏ္ဏရဇတ လာဘ်လာဘံ
ဧဟိ ဧဟိ ။

၉ ။ ဘိုးတော်ပေးအပ် မေတ္တာဓာတ် ပြည့်ဝပြည့်စုံ
ကြွယ်ဝစေ ။
ဘိုးတော် ဓာတ်ပေး မေတ္တာအေး လွှမ်းပမေတ္တာ
တည်ပါစေ ။
ပဋ္ဌာန်းဆက်ပေးအပ် မေတ္တာဓာတ် ကမ္ဘာတည်
သရွေ့တည်ပါစေ ။
မေတ္တာဓာတ်ပေး ရောဂါဘေး ကပ်ဘေးသံသရာ
ကင်းပါစေ ။
မေတ္တာရှင်ဓာတ် တရားမြတ် လွှမ်းပသစ္စာတည်
ပါ စေ ။
အောင်စေအောင်ဓာတ် အကောင်းမြတ် လွှမ်းပ
မေတ္တာ ကမ္ဘာတည်သရွေ့တည်ပါစေ ။
ဘိုးတော်မင်းခေါင် သိဒ္ဓိဆောင် မြန်မာပြည်ဘောင်
အေးမြစေသား ။
. ငွေကြေး စည်းစိမ်ဓန ပြည့်ဝ ပြီး အောင်ပွဲ ခံယူ
နိုင်ပါစေ ။

အရာအားလုံး အောင်မြင်နိုင်ပါစေ ။

30/12/2022

ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း တို့သည် ၂၀၂၂ ကုန် ၂၀၂၃ ကူး ဒီဇင်ဘာ ၃၁ ညပိုင်း ဇန်နဝါရီ ၁ နံနက်ပိုင်း စ၍ ဆောင်းရာသီ အေးမြခြင်း အပြည့်ဝခံစားရတော့မည်ဖြစ်သည်။

29.12.2022

#မြန်မာတောင်ပိုင်းမိုးလေဝသSMW

18/02/2022

Mask တပ်ပါ
လက်ကို ဆပ်ပြာနဲ့မကြာခဏဆေးပါ
လက်သန့်ဆေးသုံးပါ
မပေါ့ဆကြပါနဲ့

Address

937, Aung Min Ga Lar Street, 28th Ward, North Dagon Township
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Telephone

+959686435050

Alerts

Be the first to know and let us send you an email when Asia Panda Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Asia Panda Travels:

Videos

Share

Category


Other Travel Companies in Yangon

Show All