Hidden Valley - EcoWalk

Hidden Valley - EcoWalk Your private Serenity 🌲

 #ရင်ခတ်ပန်းမြန်မာမျိုးရင်း အပင်ကြီးမျိုးပါ
24/04/2024

#ရင်ခတ်ပန်း
မြန်မာမျိုးရင်း အပင်ကြီးမျိုးပါ

လျှပ်စစ်မီးမလို တဲ့ သဘာဝ ရေခဲသေတ္တာ 🥗
18/04/2024

လျှပ်စစ်မီးမလို တဲ့ သဘာဝ ရေခဲသေတ္တာ 🥗

ခြံထွက် ပိန္နဲသီး
07/03/2024

ခြံထွက် ပိန္နဲသီး

Tree Pose & Trees 🌲
08/02/2024

Tree Pose & Trees 🌲

22/12/2023

Tranquility! Your private Serenity ! 🏕️🌿🍃🌴



("Copyright Disclaimer: All audio parts in the following material are the sole property of their respective owners.")

Send a message to learn more

ရာသီဥတု သာယာတာကြောင့် ပေါင်းသင်၊ မြေဆွ စရာလိုတဲ့ အပင်လေးတွေကို ပေါင်းသင်၊ မြေဆွ ပြီးတော့ သဘာဝ မြေဩဇာ နဲ့ ဓာတ် မြေဩဇာများ...
07/07/2023

ရာသီဥတု သာယာတာကြောင့် ပေါင်းသင်၊ မြေဆွ စရာလိုတဲ့
အပင်လေးတွေကို ပေါင်းသင်၊ မြေဆွ ပြီးတော့

သဘာဝ မြေဩဇာ နဲ့ ဓာတ် မြေဩဇာများ ကိုသင့်လျော်မည့် နှုန်းထားရောစပ်ပြီး ကျွေး စရာလိုတဲ့ အပင်လေးတွေကို မြေဩစာကျွေး ဂရုစိုက်ရတယ်။

13/06/2023

ပန်းလေးတွေ ပွင့်တဲ့ အရပ်က အေးချမ်းပြီး ပျော်စရာကောင်းပါတယ်။

မိုးရွာပြီးတဲ့နောက် စိမ်းစို လန်းဆန်း နေသော ပန်းလေးတွေ။ဒီအတိုင်းထိုင်ကြည့်ရင်းတောင် စိတ်အေးချမ်းမှုကိုပေးနိုင်ပါတယ်။    ...
13/06/2023

မိုးရွာပြီးတဲ့နောက် စိမ်းစို လန်းဆန်း နေသော ပန်းလေးတွေ။

ဒီအတိုင်းထိုင်ကြည့်ရင်းတောင် စိတ်အေးချမ်းမှုကိုပေးနိုင်ပါတယ်။

တေးဆိုငှက်တို့ နားခိုဖိုရာ 🌲စိုက်ပျိုးပါ !
17/04/2023

တေးဆိုငှက်တို့ နားခိုဖိုရာ 🌲စိုက်ပျိုးပါ !

ပန်းရောင်စုံ
01/04/2023

ပန်းရောင်စုံ

ရွာ အဝင် ကွန်ကရစ် လမ်းခင်းပြီးတောင်ခြေက ရေကျော်မြောင်း လုပ်ငန်းတွေ လုပ်နေဆဲ
27/03/2023

ရွာ အဝင် ကွန်ကရစ် လမ်းခင်းပြီး
တောင်ခြေက ရေကျော်မြောင်း လုပ်ငန်းတွေ လုပ်နေဆဲ

Evergreen bagworm (သစ်ခိုးကောင်)သစ်ခိုးကောင် (သို့) ထင်းခိုးကောင်လို့ ဒေသအလိုက် ခေါ်ကြပါတယ်။သူစားတဲ့ အပင်က အကိုင်း တွေနဲ...
26/01/2023

Evergreen bagworm (သစ်ခိုးကောင်)

သစ်ခိုးကောင် (သို့) ထင်းခိုးကောင်လို့ ဒေသအလိုက် ခေါ်ကြပါတယ်။
သူစားတဲ့ အပင်က အကိုင်း တွေနဲ့ သူ့ကိုယ်သူ အကာအကွယ် လုပ်ထားတက်ပါတယ်။

Scientific name: Thyridopteryx ephemeraeformis
Detail : https://en.wikipedia.org/wiki/Evergreen_bagworm

#သစ်ခိုးကောင်

သူဌေးဝါဒ ပန်း က အရောင်စပ်ကြားလေးနဲ့ အရမ်းလှတယ် အနံ့ က ကြက်သွန်နံ့ နံလို့ ကြက်သွန်ပန်း ( Garlic Vine) လို့လဲ ခေါ်တယ် ခြံထ...
11/01/2023

သူဌေးဝါဒ ပန်း က အရောင်စပ်ကြားလေးနဲ့ အရမ်းလှတယ်
အနံ့ က ကြက်သွန်နံ့ နံလို့ ကြက်သွန်ပန်း ( Garlic Vine) လို့လဲ ခေါ်တယ်

ခြံထဲ မှာ အဆုပ်လိုက်ပွင့်နေတဲ့ သူဌေးဝါဒ

နှစ်သစ်မှစ၍ လုံးစုံများစွာ သတ္တဝါ ဘေးရန်၊ ခပ်သိမ်း ကင်းဝေနိုင်ကြပါစေ။
01/01/2023

နှစ်သစ်မှစ၍ လုံးစုံများစွာ သတ္တဝါ ဘေးရန်၊ ခပ်သိမ်း ကင်းဝေနိုင်ကြပါစေ။

နှင်းဝေတဲ့ဆောင်း ။ Hidden Valley - EcoWalkNote : ဧည့်သည် တွေ တော့လက်ခံလို့ မရသေးပါဘူးနော်။ 🙏
23/12/2022

နှင်းဝေတဲ့ဆောင်း ။ Hidden Valley - EcoWalk

Note : ဧည့်သည် တွေ တော့လက်ခံလို့ မရသေးပါဘူးနော်။ 🙏

Adventure tourism : Tourism Health and Safety Training အသိပညာပေးသင်တန်းကို ဒီဇင်ဘာ ၇ ရက်နေ့ မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ Home ...
19/12/2022

Adventure tourism : Tourism Health and Safety Training အသိပညာပေးသင်တန်းကို ဒီဇင်ဘာ ၇ ရက်နေ့ မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ Home at Alaingni မှာ သုံရက်ကြာပြုလုပ်ပေးခဲ့တဲ့ Training ကို Hidden Valley - EcoWalk မှတက်ရောက်ခဲ့ပါတယ်။

Workshop မှာ သင်ကြား၊ ဆွေးနွေးပေးခဲ့ကြသော WSH Myanmar ဆရာ များကိုကျေးဇူး အထူးတင်ရှိပါတယ်။

Adventure tourism : Ecotourism Resource Management အသိပညာပေးသင်တန်းကို နိုဝင်ဘာလ ၂၈ ရက်နေ့ မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ Nat...
19/12/2022

Adventure tourism : Ecotourism Resource Management အသိပညာပေးသင်တန်းကို နိုဝင်ဘာလ ၂၈ ရက်နေ့ မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ Nature Land Camping & Glamping Site မှာ သုံရက်ကြာပြုလုပ်ပေးခဲ့တဲ့ Training ကို Hidden Valley - EcoWalk မှတက်ရောက်ခဲ့ပါတယ်။

Workshop မှာ သင်ကြား၊ ဆွေးနွေးပေးခဲ့ကြသော Thant Myanmar ဆရာ၊ ဆရာမ များကိုကျေးဇူး အထူးတင်ရှိပါတယ်။

သံပုယိုသီး ခူး ချောင်းရေထဲစိမ် 🌳
02/11/2022

သံပုယိုသီး ခူး ချောင်းရေထဲစိမ် 🌳

ခြံထွက် မာလကာသီး ခူး ဘုန်းကြီးကျောင်းလှူ မိတ်ဆွေတွေ မျှဝေ
30/10/2022

ခြံထွက် မာလကာသီး ခူး ဘုန်းကြီးကျောင်းလှူ မိတ်ဆွေတွေ မျှဝေ

13/10/2022

ခြံထဲက ပေါင်းမြက်တွေ ရိပ် လိုက်တော့ ပန်းပင်လေးတွေ ပိုလှလာတယ်

လမ်း ခင်းပြီးရင် လာလည်ကြ နော်

ရွာအဝင် လမ်းခင်း နေလို့ Hidden Valley Camp လေးမှာ ဧည့်သည် လက်ခံလို့မရသေးပါဘူးနော် ကျောက်ခင်းလမ်းလေးပြီးသွားတာနဲ့ တောထဲလမ...
07/10/2022

ရွာအဝင် လမ်းခင်း နေလို့ Hidden Valley Camp လေးမှာ ဧည့်သည် လက်ခံလို့မရသေးပါဘူးနော် ကျောက်ခင်းလမ်းလေးပြီးသွားတာနဲ့ တောထဲလမ်းလျောက် ပြီး ခြံထဲ က သီးပင်တွေကြားမှာ လာနားကြပါလို့ဖိတ်ခေါ်ပါတယိ
ခရီးစဉ်ပြန်စ မဲ့ရက်တွေကို ကြိုတင်အသိပေးပါမယ် နော်🌲

နိုင်ငံရေးအကျပ်အတည်းများကြားမှ မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာကဏ္ဍ (ဆောင်းပါး)By မြတ်နိုးသူရ / MPA #ရာသီဥတုပြောင်းလဲမှု  #...
16/09/2022

နိုင်ငံရေးအကျပ်အတည်းများကြားမှ မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာကဏ္ဍ (ဆောင်းပါး)

By မြတ်နိုးသူရ / MPA

#ရာသီဥတုပြောင်းလဲမှု #မြန်မာနိုင်ငံ #နိုင်ငံရေးအကျပ်အတည်း #ဘေးအန္တရာယ်

MRTI - Myanmar Responsible Tourism Institute  မှ " Environmental Protection and Climate Change Awareness Training" သဘာဝပ...
16/09/2022

MRTI - Myanmar Responsible Tourism Institute မှ " Environmental Protection and Climate Change Awareness Training" သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၊ ကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု့ဆိုင်ရာ အသိပညာပေး သင်တန်းကို လှည်းကူးမြို့မှာရှိတဲ့ သာယာလှပတဲ့ COZY Farm မှာ စက်တင်ဘာလ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်ပေးခဲ့တဲ့ Training ကို Hidden Valley - EcoWalk မှလည်းတက်ရောက်ခဲ့ပါတယ်။

Workshop မှာ သင်ကြားပေးခဲ့ကြသော MRTI မှ ဆရာ၊ဆရာမများ၊ E Guard Environmental Services မှ ဆရာ၊ဆရာမများ ကိုကျေးဇူး အထူးတင်ရှိပါတယ်။

Adventure Tourism မှ စက်ဘီးစီးခရီးသွားဆရာကြီးများ၊ တောင်တက်ခရီးသွားဆရာကြီးများ၊ တောတွင်းလမ်းလျှောက်ခရီးသွားဆရာကြီးများ နှင့် Marine Tourism မှ ဆရာများ၊ မိတ်ဆွေ များကိုလည်း အခုလို ခင်မင်ရင်းနှီးခွင့်ရခဲ့တဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ COZY Farm မိသားစု ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

အခွင့်ရေးကောင်းလေးနော်
03/09/2022

အခွင့်ရေးကောင်းလေးနော်

An Energy Free Charcoal Cooling ChamberThe farmers in rural area without electricity can keep vegetable and fruit produc...
01/08/2022

An Energy Free Charcoal Cooling Chamber

The farmers in rural area without electricity can keep vegetable and fruit produce fresh for weeks by using an energy free charcoal cooling chamber.

မီးသွေး အအေးခန်း (သဘာဝ ရေခဲသေတ္တာ)လျှပ်စစ်မီးမရရှိတဲ့ ကျေးလက်ဒေသရှိ လယ်သမားများဟာ စွမ်းအင်ကင်းစင်တဲ့ မီးသွေးအအေးခန်းကို ...
01/08/2022

မီးသွေး အအေးခန်း (သဘာဝ ရေခဲသေတ္တာ)

လျှပ်စစ်မီးမရရှိတဲ့ ကျေးလက်ဒေသရှိ လယ်သမားများဟာ စွမ်းအင်ကင်းစင်တဲ့ မီးသွေးအအေးခန်းကို အသုံးပြုကာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို ရက်သတ္တပတ်များအတွင်း လတ်ဆတ်စွာ ထိန်းသိမ်းနိုင်ကြပါတယ်။

ဒီ မီးသွေးခန်းဟာ ဆွေးမြေ့မှုနှုန်းကို လျှော့ချပေးနိုင်ယုံသာမက အတွင်းခန်း အပူချိန်လျော့နိုင်ကာထိန်းသိမ်းထားခြင်းဖြင့် ပုပ်သိုးပျက်စီးနိုင်တဲ့ ကုန်ပစ္စည်းများကို ရောင်းချရန် အချိန်ပိုရကြပါတယ်။

ပြင်ပ ရာသီဥတု ပူခြင်းဟာ ဟင်းသီးဟင်းရွက်/သစ်သီးဝလံများကို ပုပ်သိုး အမှည့်လွန် စေနိုင်ပါတယ်။ ခရမ်းချဉ်သီးဆိုရင် ပြင်ပ ရာသီဥတု အပူကြောင့် ပုံမှန်အားဖြင့် (၄) ရက် မတိုင်ခင် အတွင်း အမှည့်လွန်ပါတယ်။

မီးသွေး အအေးခန်းဟာ ခရမ်းချဉ်သီးများ သိုလှောင်မှု သက်တမ်းကို ရက် (၃၀) ကျော်အထိ မြှင့်တင်ပေးနိုင်ပါတယ်။

မီးသွေးဟာ အပူ စည်းကူးမှု အားနည်းသော အရာဝတ္တု တစ်ခု ဖြစ်ပါတယ်။ မီးသွေးများရှိ အပေါက် လေးများဟာ ရေကိုစုပ်ယူနိုင်ပြီး ပတ်ဝန်းကျင်မှ အပူများဝင်ရောက်ခြင်းကို တားဆီးပေးတာကြောင့် အတွင်းခန်း ကို အေးမြစေပါတယ်။

ပူပြင်း ခြောက်သွေ့ လေပြင်းတိုက်ခတ်မှုကြောင့် အစိုဓာတ်ဆုံးရှုံးခြင်းရရင်တောင် ဟင်းသီးဟင်းရွက်များဟာ ပုံသဏ္ဍာန်မပျက်ပါဘူး။

မီးသွေးအအေးပေးခန်းများဟာ လေထဲ
အစိုဓာတ်ပါဝင်မှု (၃၀) ရာခိုင်နှုန်းအောက် နိမ့်သောနေရာများမှာ အကောင်းဆုံးအလုပ်လုပ်နိုင်ပါတယ်။

စွမ်းအင်ကင်းစင်တဲ့ ဒီ အအေးပေးခန်းများဟာ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို ရက်သတ္တပတ်များစွာ လတ်ဆတ်နေစေနိုင်ပါတယ်။

ကျေးလက်လယ်သမားတိုင်း အတွက် အထူး ရှိသင့်ပြီး ဟင်းသီးဟင်းရွက်များ၏ သက်တမ်းကို တိုးစေကာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ လေလွင့်ခြင်းမှ လျော့ပါးစေပါတယ်။



Credit to ဗိသုကာ သုခုမ
Source : GANIA FARMS

🇸‌🇴‌🇫‌🇹‌ 🇹‌🇷‌🇪‌🇰‌🇰‌🇮‌🇳‌🇬‌ 🇮‌🇳‌ 🇹‌🇭‌🇪‌ 🇷‌🇦‌🇮‌🇳‌𝐇𝐢𝐝𝐝𝐞𝐧 𝐕𝐚𝐥𝐥𝐞𝐲 𝐄𝐜𝐨-𝐖𝐚𝐥𝐤 မှ မိုးရာသီ တောတွင်းလမ်းလျှောက်ခရီးစဉ်လေးတခု ကို ဖန...
02/07/2022

🇸‌🇴‌🇫‌🇹‌ 🇹‌🇷‌🇪‌🇰‌🇰‌🇮‌🇳‌🇬‌
🇮‌🇳‌ 🇹‌🇭‌🇪‌ 🇷‌🇦‌🇮‌🇳‌

𝐇𝐢𝐝𝐝𝐞𝐧 𝐕𝐚𝐥𝐥𝐞𝐲 𝐄𝐜𝐨-𝐖𝐚𝐥𝐤 မှ မိုးရာသီ တောတွင်းလမ်းလျှောက်ခရီးစဉ်လေးတခု ကို ဖန်တီးထားပါတယ်။ ခရီးစဉ်အသေးစိတ်ကို ဆက်လက် မိတ်ဆက်တင်ပြပေးသွားပါမယ်။ 📣

⛰️🚶🚶‍♀️🚶‍♂️🏞️









𝚏𝚘𝚛 𝚛𝚎𝚜𝚎𝚛𝚟𝚊𝚝𝚒𝚘𝚗 𝚊𝚗𝚍 𝚖𝚘𝚛𝚎 𝚒𝚗𝚏𝚘 :
📞 𝟶𝟿-𝟽𝟽𝟹𝟶𝟹𝟾𝟶𝟹𝟺

Chemical free Guava! 🟢🟢🟢Some guavas from our campground.ခြံထွက် မာလကာသီးများ။     #မာလကာသီး မာလကာပင် စိုက်ပျိုးနည်း ====...
10/06/2022

Chemical free Guava! 🟢🟢🟢

Some guavas from our campground.

ခြံထွက် မာလကာသီးများ။

#မာလကာသီး

မာလကာပင် စိုက်ပျိုးနည်း
=================

၁။ ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစားနှင့်မျိုးများ
မာလကာပင်သည် အမေရိကတိုက်နှင့် အပူပိုင်းဒေသ တိုင်းပြည်များ ဖြစ်သော မက္ကဆီကိုနှင့် ပီရူးတိုင်းပြည်များ စသည့် မူရင်းဒေသများမှ မြန်မာနိုင်ငံသို့ ပြန့်နှံ စိုက်ပျိုးလာကြ ပါသည်။ အလွန် စိုက်ပျိုးရ လွယ်ကူသော သီးပင်မျိုး ဖြစ်သည်။ မြေအမျိုးအစားမရွေး ဖြစ်ထွန်း နိုင်သော်လည်း ရေဝပ်ခြင်းကိုမူ မနှစ်သက်ပါ။ အပူပိုင်းသီးနှံဖြစ်သော်လည်း အပူသမပိုင်းများတွင်လည်း ဖြစ်ထွန်းသည်။ မာလကာ အပင်ကြီး သည် အပူဒဏ် နှင့်ရေငန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုး ဖြစ်သည်။ သို့သော် ဆောင်းရာသီ သီးသန့် ရှိသောဒေသများတွင် အသီးအရသာပို၍ ချိုသည်ဟု အဆိုရှိသည်။

မာလကာပင်၏ မျိုးရင်းသည် MYRTACEAE၊ ရုက္ခဗေဒအမည်- Psidium guajava၊ အင်္ဂလိပ်အမည်မှာ GUAVA ဖြစ်သည်။

မာလကာတွင် အကြမ်းအားဖြင့် အူနီမျိုး နှင့် အူဖြူမျိုးဟူ၍ ရှိသည်။ အူနီမျိုးသည် အသီး အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရတာပျော့ပျောင်းသည်။ အသီး ပုံသဏ္ဍန် ဘူးင်္သီးပုံ ဖြစ်သည်။ အူဖြူမျိုးသည် အသီး အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးမာကျစ်သည်။ အသီး ပုံသဏ္ဍန် အလုံးပုံ ရှိသည်။

၂။ စိုက်ပျိုးနည်း

မာလကာပင်ကို ဖေဖေါ်ဝါရီ-မတ်လ သို့မဟုတ် ဩဂုတ်-စက်တင်ဘာလ များတွင် စိုက်ပျိုးကြသည်။ မာလကာပင်ကို အစေ့မှသော်လည်းကောင်း ၊ ကိုင်းဆက်၍သော်လည်းကောင်း၊ မြေထုပ်စည်း၍သော်လည်းကောင်း၊ ကိုင်းဖြတ် ပျိုးအိုးတွင် အမြစ်ဖောက်၍ လည်းကောင်း ပျိုးပင် ပြုလုပ်၍ စိုက်ပျိုးနိုင်ပါသည်။

အစေ့ပျိုးပင် (သို့) မြေထုတ်စည်း ပျိုးပင်ကို တစ်နှစ်သား အရွယ်ရောက်လျှင် မြေချ စိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့် တစ်ပင် ပုံမှန် ၂၀_၂၀ ပေ(၆_၆ မီတာ) အကွာအဝေးထားပြီး စိုက်ကြသော်လည်း အပင်အရေအတွက် ပါဝင်မှု ပိုမိုများရန် ၁၀_၁၀ ပေ (၃ _၃ မီတာ) အကွာ ကျင်းတူး စိုက်ပျိုးနိုင်သည်။ ကျင်းအနက်သည် စိုက်ပျိုးမည့် ပျိုးပင်၏ အနက်အတိုင်းတူးရမည်။

ပျိုးပင်အနက်သည် ပျိုးအိတ် အတွင်းရှိစဉ် ပျိုးပင်၏ ခါးအနက်အတိုင်း စိုက်ရမည် ဖြစ်ပြီး ကျင်းအလယ် တည့်တည့်တွင် မတ်မတ်ချ စိုက်ရမည်။ စိုက်ပြီး အပင်ခြေကို သေချာစွာ ဖိပေးပြီး အညွှန့်အသစ်များ လိုက်လာသည် အထိ မိုးမရွာလျှင် ရေလောင်းပေးရပါမည်။ စိုက်ပျိုးပြီးစ အပင်ငယ်ချိန်တွင် မာလကာပင် တန်းကြားထဲ ကြားသီးနှံအဖြစ် မတ်ပဲ၊ ပဲလွမ်းစသည့် ပဲများနှင့် ဟင်းသီးဟင်းရွက် သီးနှံများ ဖြစ်သည့် ရုံးပတီ၊ ခရမ်းချဉ်၊ ငရုတ်၊ စသည့်ဖြင့် စိုက်ပျိုး၍ ဝင်ငွေတိုးနိုင်ပါသည်။

၃။အပင်ပြုစုနည်း

မာလကာပင် စိုက်ခင်းတွင် မြေဆွပေးခြင်း၊ ပေါင်းသင်ပေးခြင်း၊ ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။ အပင် အမြင့် ၄ပေခန့်အထိ မားမားမတ်မတ် တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များ နှင့် ဘေးတက်များကို ဖြတ်တောက်ပေးရပါမည်။ အပင် လေဝင်လေထွက် ကောင်းရန် အပင် အတွင်းသို့ ထိုးဝင်နေသော ကိုင်းများကို ဖြတ်တောက် ပေးရပါမည်။ သို့မှသာ မာလကာပင် အသီးကိုင်းများ ပို၍ များပြားကာ အသီးဝေဆာပြီး ပိုမို အသီးသီးနိုင်ပါသည်။ အသီး အရည်အသွေး မြင့်ရန် နှင့် အသီး အတွင်း သီးထိုးယင် ကျရောက်မှု မရှိစေရန် အသီးအား အိတ်စွပ်ပေးခြင်းလည်း ပြုလုပ်သင့် ပါသည်။

၄။ ပိုးမွှားရောဂါ

ဖျက်ပိုးများအနေဖြင့် ပိုးစေးနှဲ၊ သီးထိုးယင်၊ ပျတို့ကျရောက်တတ်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ် ဆေးများကို ပက်ဖျန်း သုံးစွဲရမည် ဖြစ်ပါသည်။ ရောဂါများအနေဖြင့် မာလကာပင်ငယ် များတွင် မာလကာပင် ညိုးသေရောဂါ ကျရောက်၍ မာလကာပင်ငယ်များ ညှိုးနွမ်း သေဆုံး တတ်ပါသည်။ ငှက်မျက်စိ ကွက်ပြောက်ရောဂါ၊ ကြပ်ခိုးစွဲ ရောဂါများ ကျရောက်တတ်ပါသည်။ ဘော်ဒို မှိုသတ်ဆးကို အပတ်စဉ်သုံးစွဲ ပက်ဖျန်းခြင်း သို့မဟုတ် ကော့ပါးပါသော မှိုသတ်ဆေကို သုံးစွဲနှိမ်နင်း နိုင်ပါသည်။

၅။မြေဩဇာကျွေးနည်း

မာလကာတစ်ပင်လျှင် မတ်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် စသဖြင့် (၂)ကြိမ်ခွဲ၍ မြေဩ ဇာကျွေးသင့်ပါသည်။ မြေဩဇာပမာဏ (NPK Compound) ဓာတ်မြေဩဇာ တစ်နှစ်လျှင် (၁.၅-၆ ပိဿာ)ကို ကျွေးသင့် ပါသည်။ ထိုသို့ ဓါတ်မြေဩဇာ ကျွေးတိုင်း နွားချေး မြေဆွေး သဘာဝ မြေဩဇာကို တစ်ပင်လျှင် (၂-၅)တောင်း ကျွေးသင့်ပါသည်။

၆။ ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း

မြေဩဇာ အပြည့်အဝ ကျွေး၍ ရေသွင်းရေလောင်းပေးသော အပင်များက တစ်နှစ်ပတ်လုံး အသီးသီးနိုင်သည်။ မာလကာပင် တစ်ပင်လျှင် တစ်နှစ်ပတ်လုံး အသီး အများဆုံး ၁၀ဝ၀ခန့် အထိ အသီးသီးနိုင်သည်။ ပျမ်းမျှ တစ်ပင်လျှင် အသီး ၂၀ဝ မှ ၃၀ဝ ထိ သီးသည်။ မာလကာပင်သည် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းသာ အသီးအထွက်ကောင်းသည်။ ထို့ကြောင့် ထိုပင်သက်တမ်းသို့ ရောက်လျှင် ပင်ပျိုများ လဲလှယ် စိုက်သင့်ပါသည်။ ယခုအခါ မာလကာပင်ကို အပင် အရေအတွက် တိုးမြှင့်ခြင်း၊ ကိုင်းပြုပြင်ခြင်း တို့ဖြင့် အထွက်နှုန်းတိုးအောင် စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

Credit : အားမာန်မြင့်မိုရ် စိန်တလုံး ပျိုးပင်နှင့် ပျိုးပင်မျိုးစုံရောင်းဝယ်ရေး

မီးဖိုချောင်၊ ဥယျာဉ်ခြံ မှ ထွက်သော အမှိုက်များကို အသုံးမဝင်တော့ဘူး ထင်ပါသလား❔
21/04/2022

မီးဖိုချောင်၊ ဥယျာဉ်ခြံ မှ ထွက်သော အမှိုက်များကို အသုံးမဝင်တော့ဘူး ထင်ပါသလား❔

မီးဖိုချောင်နဲ့ ဥယျာဉ်ခြံထွက် အမှိုက်တွေကို အသုံးမဝင်တော့ဘူးအထင်နဲ့ စွန့်ပစ်နေတုန်းပဲလား? ဒါတွေက အော်ဂန်းနစ်စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့အတွက် မြေဆွေးအဖြစ်ပြန်လည် ဖန်တီးသုံးပြုလို့ရသေးတယ်ဆိုတာကိုရော သိထားပါသလား?
အိမ်ထောင်အများစုက ဒီလိုအောဂန်းနစ်အမှိုက်တွေကို စွန့်ပစ်ပစ္စည်းလို့ သတ်မှတ်ပြီး အမှိုက်ပုံမှာသွားပစ်တာတွေ မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ကြတဲ့အတွက် သဘာဝပတ်ဝန်းကျင်သာယာလှပမှုကို ထိခိုက်စေပြီး လူသားတို့အတွက်ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ပိုမိုတိုးပွါးလာစေတာတော့ အမှန်ပါပဲ။
ဒါ့အပြင် အောဂန်းနစ်စွန့်ပစ်ပစ္စည်းတွေ အမှိုက်ပုံကိုရောက်သွားတဲ့အခါ အချိန်ကြာမြင့်လာတာနဲ့အမျှ ပူပြင်းတဲ့နေအရှိန်ကြောင့် မီသိန်းဓာတ်ငွေ့တွေထွက်လာနိုင်ပြီး မီးလောင်မှုကိုဖြစ်စေနိုင်ပါတယ်။ ဒီလို အဖြစ်ဆိုးမျိုးကို ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ ၂၀၁၈ ခုနှစ် ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဉ်မှာ ကြုံတွေ့ခံစားခဲ့ရပြီးပါပြီ။ ဒီဖြစ်စဉ်ကြောင့် လူပေါင်းများစွာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေရရှိခဲ့ရုံသာမကပဲ အခြားမလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ပြည်သူတစ်ရပ်လုံးကြုံတွေ့ခံစားခဲ့ရပါတော့တယ်။
အဲ့တာကြောင့် ဒီလို ပြဿနာတွေကိုကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် Prevent Plastics Myanmar နဲ့ Bokashi Myanmar တို့ ပူးပေါင်းကာ ကလော၊ မြိတ်နဲ့ ရန်ကုန်အနီးတဝိုက်ဒေသတွေအတွက် ဘိုကာရှီနည်းပညာကိုသုံးပြီး အော်ဂန်းနစ်အမှိုက်တွေကို မြေဩဇာအဖြစ်ပြန်လည်အသုံးပြုနိုင်မယ့်နည်းလမ်းတွေကို အခမဲ့သင်တန်းပို့ချပေးခဲ့ပါတယ်။
ဒီသင်တန်းလေးရဲ့ ရည်ရွယ်ချက်ကတော့ ဥယျာဉ်ခြံနဲ့ စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်နေကြသူတွေအတွက် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးကုန်ကျစရိတ်များကိုလျှော့ချနိုင်ပြီး မိမိကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင် မြေဆွေး၊ ဓာတ််မြေဩဇာထုတ်လုပ်ရာမှာ မီးဖိုချောင်နဲ့ ဥယျာဉ်ခြံထွက် အမှိုက်တွေကို အသုံးပြုတာဖြစ်တဲ့အတွက် အမှိုက်ပုံကိုရောက်မယ့်စွန့်ပစ်ပစ္စည်းပမာဏကို လျှော့ချပြီးသားဖြစ်မယ့်အပြင် မိမိရဲ့ မီးဖိုချောင်နဲ့ ဥယျာ်ဉ်ခြံထဲကထွက်တဲ့ အော်ဂန်းနစ်အမှိုက်တွေကိုသုံးပြီး အပိုဝင်ငွေ ရှာဖွေရရှိနိုင်မှာလည်းဖြစ်ပါတယ်။
ဒီသင်တန်းလေးမှာဆိုရင် ဘိုကာရှီနည်းပညာနဲ့ထုတ်လုပ်ထားတဲ့ ဖွဲနုသဏ္ဍာန် အမှုန့်လေးတွေကိုသုံးပြီး မြေဆွေးပြုလုပ်နည်း၊ EM (effective microbes) အရည်ကိုသုံးပြီး သဘာဝပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာပြုလုပ်နည်း နဲ့ Super Bokashi ပြုလုပ်နည်းတို့ကို လက်တွေ့ကွင်းဆင်းပြီး မျှဝေပေးခဲ့ပါတယ်။
ပါဝင်တက်ရောက်သူ သင်တန်းသားများကိုယ်တိုင်ကလည်း ဥယျာဉ်ခြံစိုက်ပျိုးသူတွေ၊ ရင်ဘက်ခြင်းနီးတဲ့ သဘာပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတဲ့ လူငယ်တွေဖြစ်ကြပြီး ပို့ချပေးတဲ့နည်းလမ်းတွေကို လိုလိုချင်ချင်လေ့လာမှတ်ယူတဲ့အပြင် လက်တွေ့သင်တန်းပေးတဲ့အခါမှာလည်း အားကျိုးမာန်တက်ပါဝင်ဆောင်ရွက်ခဲ့ကြတာကို မြင်ခဲ့ရတဲ့အတွက် အမှန်တကယ် အားတက်စရာပါပဲ။
ဒီသင်တန်းလေးကို ဖြစ်မြောက်အောင် ပါဝင်ကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို Prevent Plastics Myanmar မှ အထူးပင်ကျေးဇူးတင်ပါတယ်။
နောက်ထပ်လည်းဒီလို သင်တန်းအစီအစဉ်တွေရှိသေးတဲ့အတွက် Prevent Plastics နဲ့အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးမှာ ထပ်မံပါဝင်ကြပါစို့လားနော်။

Do you think food scraps from the kitchen and dry leaves from your garden are not helpful? Bio-waste can circle their life back to nourish the soil we grow.
51% of the day to day municipal wastes are found to be garden waste, and 18% are food waste in the urban area of Myanmar. Organic waste in landfills generates methane, a potent greenhouse gas. Methane is 25 times more potent greenhouse gas than carbon dioxide when released into the atmosphere. The releases of methane gas in the hot temperature seasons can lead to a fire. In Yangon 2018, a dumpsite fire lasted for over two weeks. Smoke from the fire resulted in a noticeable deterioration in air quality in townships near the landfill, and dozens of people, including children, were hospitalised with respiratory problems. To reduce the amount of bio-waste going into landfills, we need the power of each household and individual to .
Bokashi Myanmar executed the practical organic waste treatment training in Myeik, Kalaw and Yangon as part of the Prevent Plastics project's central pillar of implementing a sustainable waste management system. The training was opened to the public and delivered without charges.
The training objective is to provide various options using Effective Microorganism and Bokashi Bran. The team offered theoretical and practical ways to produce compost, CEM, Super bokashi, and organic pesticides during the training.
Prevent Plastics team would like to thank everyone sincerely for making this initiative possible and accessible. The knowledge and skills achieved from this training can be utilised in real life to take care of personal household waste or produce organic compost and fertiliser for commercial purposes. It was great witnessing a community that shared the same passion and commitment to protecting our environment.
Stay tuned for future events to come!

Dear valued Customers,As April is the hottest month of the year, Hidden Valley Eco-walk will be temporarily suspended th...
19/04/2022

Dear valued Customers,

As April is the hottest month of the year, Hidden Valley Eco-walk will be temporarily suspended the walking tour and camping services starting from 19th April 2022 to until further notice.

During the service suspended period, we will redevelop the landscaping and add additional shady trees. Please stay tune the improvement of the camp.

Wish you all the best !

Address

Hlegu
Yangon

Telephone

+959773038034

Website

Alerts

Be the first to know and let us send you an email when Hidden Valley - EcoWalk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hidden Valley - EcoWalk:

Videos

Share