Ready Go - Travels and Tours

Ready Go - Travels and Tours 09 250 756 651
09 970 619 783
09 777 955 260

13/01/2022

Dubai - Yangon ticket တွေ ဝယ်လို့ရပါပြီရှင်

DXB - KL - Rgn transit flight ပါရှင့်

စျေးနှုန်းလည်းအရမ်းသက်သာတယ်နော် 🥳

page messenger or contact me
09 250 756651

1 pax issued for 16th Janauary 2022Have a safe flight ! 🥳
13/01/2022

1 pax issued for 16th Janauary 2022

Have a safe flight ! 🥳

3 paxes issued for very 1st Janauary 2k22Have a safe flight all 🥳Thank you very much for trusting us !!!
27/12/2021

3 paxes issued for very 1st Janauary 2k22

Have a safe flight all 🥳

Thank you very much for trusting us !!!

2 paxes issued for 20th December 2021 🤍Customer တွေရဲ့ security အတွက်တချို့အချက်အလက်တွေဖျက်ပေးထားပါတယ်ရှင် ☺️Ready Go ကိ...
14/12/2021

2 paxes issued for 20th December 2021 🤍

Customer တွေရဲ့ security အတွက်
တချို့အချက်အလက်တွေဖျက်ပေးထားပါတယ်ရှင် ☺️

Ready Go ကို ယုံယုံကြည်ကြည်ဆက်သွယ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်ရှင့် 🥳

2 paxes issued for Dec 8 and Dec 9, 2021 ✨Some informations are blurred due to our customers privacy. Thank you for trus...
30/11/2021

2 paxes issued for Dec 8 and Dec 9, 2021 ✨

Some informations are blurred due to our customers privacy.

Thank you for trusting us.
Have a safe flight ! 😍

Dubai ရောက် မြန်မာတစ်ယောက်ရဲ့ အတွေ့အကြုံ sharing လေးပါ သိစေချင်လို့ Copy လာပါတယ်အသုံး၀င်ကြပါစေရှင် 😍(Post အားလုံး Credit...
23/11/2021

Dubai ရောက် မြန်မာတစ်ယောက်ရဲ့ အတွေ့အကြုံ sharing လေးပါ

သိစေချင်လို့ Copy လာပါတယ်
အသုံး၀င်ကြပါစေရှင် 😍

(Post အားလုံး Credit ပါရှင်)

https://www.facebook.com/groups/1604557903157759/permalink/3129930443953823/

https://www.facebook.com/groups/1604557903157759/permalink/3119376798342521/

https://www.facebook.com/groups/1604557903157759/permalink/3120113678268833/

https://www.facebook.com/groups/1604557903157759/permalink/3121669361446598/

https://www.facebook.com/groups/1604557903157759/permalink/3124721094474758/

👉 Visit နဲ့လာတဲ့သူများ Employment visa ပြောင်းလျှင် Medical Fit ဖြစ်မှ  Resident visa  2 years ကပ်ပေးတာပါ..Fit မဖြစ်ရင် ...
22/11/2021

👉 Visit နဲ့လာတဲ့သူများ
Employment visa ပြောင်းလျှင်
Medical Fit ဖြစ်မှ Resident visa 2 years ကပ်ပေးတာပါ..
Fit မဖြစ်ရင် ပြန်ရပါတယ် (record) ယူထားပါတယ်..
Medical check up လုပ်ခဲ့ပါ..
B, C, HIV, TB..စစ်ခဲ့ပါ
Dubai အတွက်ဆိုရင် လိုအပ်ချက်များ သိကြပါတယ်..
စစ်ပြီး Fit ဖြစ်မှလာခဲ့ပါ..👈

တချို့လူတွေ Medical Unfit မို့လို့ပြန်ကြရလို့ပါ...

2 pax issued for 25th November 2021 ❣️အဆင်ပြေကြပါစေ ညီမလေးတို့ရေCustomer များရဲ့ security အတွက် တချို့ အချက်အလက်များ ဖျက...
19/11/2021

2 pax issued for 25th November 2021 ❣️
အဆင်ပြေကြပါစေ ညီမလေးတို့ရေ

Customer များရဲ့ security အတွက် တချို့ အချက်အလက်များ ဖျက်ထားပေးပါတယ်ရှင်

ယုံယုံကြည်ကြည်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 😍

19/11/2021

ကြိုတင်ပြင်ဆင်တတ်အောင်ပါ ✨

Ready for 2 customers ❣️Departure date - 8th Nov 2021(ကျွန်မတို့ page က agency သဘောမျိုးမဟုတ်ဘဲ မိသားစုသဘောမျိုးနဲ့ ကူညီ...
02/11/2021

Ready for 2 customers ❣️
Departure date - 8th Nov 2021

(ကျွန်မတို့ page က agency သဘောမျိုးမဟုတ်ဘဲ မိသားစုသဘောမျိုးနဲ့ ကူညီပေးနေတာမို့ ယုံကြည်စိတ်ချလို့ရပါတယ်ရှင်)

Dubai သွားမယ့် အစီအစဥ်ရှိရင်
အစောဆုံး Nov 10, 13 ရက်တွေ ရနိုင်ပါသေးတယ်နော်

Yangon - Kuala Lumpur ~ MAI
Kuala Lumpur - Dubai ~ Emirates

Contact me
Mobile 📲 09 250 7566 51, 09 9750 38 900
Viber 📞 09 250 7566 51

✅လတ်တလော နိုင်ငံခြားသို့ အလုပ်ဖြင့် ထွက်ခွာမည့်မြန်မာနိုင်ငံသား များ ( Passport ) PV ဆို PJ     ပြောင်းပီး SMART CARD (O...
19/10/2021

✅လတ်တလော နိုင်ငံခြားသို့ အလုပ်ဖြင့် ထွက်ခွာမည့်မြန်မာနိုင်ငံသား များ ( Passport ) PV ဆို PJ ပြောင်းပီး SMART CARD (OWIC) မဖြစ်မနေ ပြုလုပ်ရပါမည်။

၁- PJ ကိုင်ထားတယ်၊ ဒါပေမဲ့ labour smart card မပါလျင် လက် မခံပါ။

၂- PJ ကိုင်ထားရမယ်၊ smart card လည်းရှိမယ်ဆိုရင် လေယာဉ်ပေါ်လိုက်ခွင့်ပေးပါတယ်။

၃- PV ကိုင်ထားရင် ယခင်ကလို return ticket + show money + accommodation booking အကုန်ပြရပါမယ်။

✅အလုပ်လုပ်မည့်သူများ PV ဆို PJ ပြောင်းပြီး smart card မဖြစ်မနေ လုပ်ရပါမည်။

PJ အမျိုးအစား Passport ကိုကိုင်ဆောင်ပြီး နိုင်ငံရပ်ခြားကို သွားမယ်ဆိုရင် OWIC ကဒ် လုပ်ပြီးမှ သွားလို့ရပါမည်။

✅OWIC လုပ်ရန် လိုအပ်ချက်များ
----------------------------
✅အခုမှ ပထမဆုံးအခေါက်အလုပ်သွားလုပ်မည့်လူများ
👉 ပတ်စ်ပို့ထ် ပထမစာမျက်နှာကော်ပီ
👉 ဗီဇာကော်ပီ
👉အလုပ်ခန့်ထားကြောင်း ကုမ္ပဏီမှ offer letter (or contract ) ကော်ပီ

✅အရင်ကတည်းက အလုပ်ရှိပြီးပြန်ထွက်မည့်လူများ
👉ပတ်စ်ပို့တ် ပထမစာမျက်နှာကော်ပီ
👉 ပတ်စ်ပို့တ်မှာ အဝင်တုံး၊ အထွက်တုံးထုထားတဲ့ စာမျက်နှာတွေကို ကော်ပီ
👉 အရင်အလုပ်စဝင်တုန်းက contract (offer letter) ကော်ပီ

👉အရင်နေခဲ့တဲ့ နိုင်ငံမှာ ID ကဒ် ရှိရင် အဆိုပါ ကဒ် ကော်ပီ

👉အခုသွားမယ့် ဗီဇာ ကော်ပီ( e-visa or stamp စာမျက်နှာ)

စတာတွေကို အောက်ပါ email သို့ ပို့ပြီး smart card (OWIC) လျှောက်ထားနိုင်ပါတယ်။

[email protected]
စုံစမ်းနိုင်သည့် ဖုန်းများ
01-667644
01-650146

✅မြန်မာနိုင်ငံရှိ Passport အမျိုးအစားများ သိရှိလိုပါက

https://www.facebook.com/239437959862226/posts/1275192702953408/

Credit to original post

ဘယ်လိုလုပ်ရမလဲမေးနေကြတဲ့   CARD       #ပြည်ပအလုပ်သမားကတ် အကြောင်းတင်ပေးလိုက်ပါပြီ။ (ပညာရှင်ရော ဝါသနာရှင်ရော အလုပ်နဲ့ထွက်...
19/10/2021

ဘယ်လိုလုပ်ရမလဲမေးနေကြတဲ့
CARD
#ပြည်ပအလုပ်သမားကတ် အကြောင်းတင်ပေးလိုက်ပါပြီ။
(ပညာရှင်ရော ဝါသနာရှင်ရော အလုပ်နဲ့ထွက်ရင် အကုန်ဒီကတ်ပဲကိုင်ရမှာဆိုတော့ ဘယ်သူမဆို နိုင်ငံခြားထွက်ရင် အလုပ်သမားဖြစ်ပြီပဲပေါ့??? )

ကျမ နိုင်ငံခြားသွားမယ့်သူရဲ့ ဇနီးပါ။ အလုပ်သမားရုံးကမဟုတ်သလို လဝကတို့ ကာစတန်တို့ကလည်း မဟုတ်ပါဘူးနော်။ ဘယ်သူ့မှလည်းမပိုင်ပါဘူး။ မနေ့က flight reject လုပ်ခံရတဲ့ နစ်နာသူတစ်ဦးပါပဲ။ ဒီမနက်လိုက်စုံစမ်းထားတာလေးတွေ ပြန်မျှဝေတာပါ။ ကိုယ်တွေ့တွေပါ။ လိုအပ်သူတွေအတွက်ပါ။

မနေ့က flight reject ရဲ့ နောက်ဆက်တွဲ...
ရန်ကုန်မြို့အလုပ်သမားရုံးတခွင်ပြဲပြဲစင်..
ရန်ကင်းလေဘာရုံး အဲ့ကနေ မြောက်ဒဂုံကို ညွှန်လို့ ပင်လုံကျောင်း အဲ့ကနေ ပန်းဆိုးတန်းလေဘာရုံး အဲ့ကမှ နပတရုံး ဖုန်းနံပါတ်တစ်ခုရလို့ လမ်းစလေး ရခဲ့ပါတယ်။ သွားသမျှရုံးတွေက သူတို့ဝန်ကြီးဌာနကထုတ်တဲ့အမိန့်အကြောင်း ဘာမှမသိကြပါဘူး။ သူတို့ဆီအဲ့စာ မရောက်ပါဘူးတဲ့။ သူတို့ရုံးတွေကို ညွှန်ကြားထားတာ ဘာမှမရှိပါဘူးတဲ့။ ကိုယ်ပြောမှ ကြားဖူးကြတယ်။ အဲ့အမိန့်စာကို ကိုယ်ကပြန်ပြခဲ့ရတယ်။ ကိုယ်ကပဲ အစအဆုံး ပြန်ရှင်းပြခဲ့ရတယ်။ ပင်လုံကျောင်းကတော့ အထက်ကို ဆက်လက်တင်ပြပေးမယ်တဲ့

Passport type PJ (passport for job) ကိုင်ဆောင်ထားတဲ့သူမှန်သမျှ နိုင်ငံခြားထွက်ရင် (Oversea Workers Identification Card) OWIC smart card လိုပါတယ်။
မြန်မာပြည်လေဆိပ် immigration မှာ ပြကိုပြရမှာပါ။ မပြနိုင်ရင် reject ပါ။ ခုမှထွက်တဲ့ အမိန့်အသစ်ပါ။
နောက်တစ်ခုက passport type visit (PV) နဲ့ အလုပ်ဗီဇာသမားတွေကိုလည်း reject လုပ်တယ်ပြောပါတယ်။ အဲ့တာတော့သေချာမသိလို့ မပြောတော့ပါဘူး။
နပတ လေဘာရုံးနဲ့ အဆက်အသွယ်ရလို့ သူတို့ပြောပြတဲ့ OWIC လျှောက်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ လုပ်ရမယ့်အစီအစဉ်ပါ။ ရိုးရိုးကတ်မရပါဘူး။ Smart card မှ ရပါမယ်တဲ့။ အဲ့ကတ်က ရန်ကုန်မှာလုပ်လို့မရပါဘူး။
လိုအပ်တဲ့ documents
1) Offer letter (အလုပ်ခေါ်စာ)/Employment Contract ( EC ) ( Oversea Company မှ အလုပ်ခေါ်စာအလုပ်ရှင်နှင့် အလုပ်သမား သဘောတူညီချက်)

2) Recommendation Letter (for Covid 19) (အလုပ်သမား မှ Covid 19 ရောဂါဖြစ်ခဲ့ပါက ၎င်းရောဂါကုသရန်အတွက် အလုပ်ရှင် (သို့) Companyမှ အပြည့်အဝ တာဝန်ယူ ကုသပေးမည်ဖြစ်ကြောင်း ထောက်ခံစာ

3) Passport copy
4) Visa copy
5) COVER LETTER၊အပေါ်စာ (OWIC ကတ် လျှောက်ထားခွင့်ပြုပါရန် လျှောက်လွှာ လိပ်စာ ဖုန်း email address အပြည့်အစုံပါရမည်)
6) { Employment Agent များမှ လျှောက်မည့်သူ အတွက်တော့ ၎င်းတို့နှင့် အလုပ်သမား Worker Agreement or Contract ထပ်မံထည့်ပေးရန်လိုမည်ဟု ထင်ပါသည်။
စာအိတ်နဲ့ထည့်ပြီး
ရုံးအမှတ် ၅၁
အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော် သို့ လိပ်မူပြီး စာတိုက်ကတဆင့် ပို့ပေးရမှာပါ။
(စာတိုက်ကြီး, DHL, Royal express စသဖြင့် ရပါတယ်)
* လူကိုယ်တိုင်လာလုပ်မယ်ဆို‌တော့ မလာနဲ့လို့ ပြောပါတယ်
Ph ဖြင့်ဖြေကြားပေးသော အတိအကျ မသိရသေးသော Procedure မှာ.......

-နေပြည်တော် (သို့) အထက်ပါစာအိတ်ပို့ပြီး အလုပ်သမားရုံးမှ အဆင့်ဆင့် တင်ပြပြီး OWIC ကတ် ထုတ်ပေးဖို့ approval အရင်တောင်းရပါမည်။
-၎င်းစာအိတ် နပတရုံးကိုရောက်ရင် ရုံးက အထက်ကို ဆက်တင်ပေးမယ်။ (ဘယ်အထက်လဲတော့မသိ) ပြန်ကျဖို့ အချိန်ကာလဘယ်လောက်ကြာမလဲလည်း မဖြေနိုင်ပါ မသိပါတဲ့။
-ဝန်ကြီးဌာနက ခွင့်ပြုပြီဆိုရင် Online သင်တန်းတက်ဖို့ စီစဉ်ပေးပါမည်။ ( ရန်ကင်းရုံးမှ စီစဉ်ပေးမည်ဟု သိရပါသည်။ )
- ပြည်ပအလုပ်အကိုင်ရှာဖွေရေး လမ်းညွှန်သင်တန်း online နဲ့ ၂ ရက်တက်ရမည်။
-ပြီးရင် မြောက်ဒဂုံက ပင်လုံသင်တန်းကျောင်းမှာ smart cardသွားရိုက်ရမယ်။ ဘယ်နေ့ရမလဲ? ဘယ်လောက်ကြာမလဲ? မဖြေနိုင်ပါ မသိပါတဲ့။
သူတို့ကလည်း ဒါ ခုမှထုတ်တဲ့ New Ploicy မို့လို့ ဘာမှသေချာမပြောနိုင်သေးပါဘူးတဲ့။ (ခုမှ စမ်းမလို့လုပ်တုံး )
အသေးစိတ် သိလိုသူများ 067-430183 ကို ဆက်လို့ရပါတယ်။ နေ့လည် ၁၂ ကထိတော့ ဖုန်းကိုင်ပါတယ်။ ဆက်တဲ့သူများလာရင်တော့ ကိုင်မကိုင်မသိပါဘူး။ ဘာလို့ဆို ပထမပေးတဲ့ ဖုန်းတစ်လုံးက မကိုင်တော့လို့ပါ။
( အခုထိ သိရသမျှ အချုပ်က )
- OWIC CARD ကတ်လျှောက်ရမှာက နေပြည်တော်
-Online တက်ဖို့ စီစဉ်ဖို့ လုပ်ပေးမှာက ရန်ကင်းရုံး
- SMART CARD ထုတ်ပေးမယ့်ရုံးက မြောက်ဒဂုံက ပင်လုံခန်းမပါ။

နောက်တစ်နည်း ......
အစိုးရဆီမှာ registered လုပ်ထားတဲ့ အလုပ်သမားပို့ဆောင်ရေး agency ကုမ္ပဏီတွေကနေ စုံစမ်းရင်လည်းရနိုင်ပါတယ်။
ကျမတို့စုံစမ်းကြည့်တာတော့ agency တစ်ခုက သူတို့နဲ့လာတွေ့ဖို့ခေါ်ပါတယ်။ သူတို့ဆီမှာ စာချုပ်ချုပ်ပါ။ အဲ့ကျ သူတို့ agency က အလုပ်သမားအနေနဲ့ OWIC လျှောက်ပေးမယ်လို့ ပြောပါတယ်။ အဲ့ဒါလည်း ပုံမှန်ဆို တစ်လနှစ်လ ကြာတယ်ပြောပါတယ်။ ဒါက ဝန်ဆောင်စရိတ်ရှိပါတယ်။ များပါတယ်။ (တစ်ဖွဲ့ကိုတောင်းတာတော့ လခတစ်လစာပေးရပါမယ်တဲ့) နောက် ဒါက လိမ်လုပ်သလိုဖြစ်မှာပါ။ နောက်ဆက်တွဲပြသနာမရှိဘူးလို့လည်း အာမမခံနိုင်ပါဘူး။ ကျမသေချာမသိပါဘူး။ လုပ်ချင်တဲ့သူတွေ လုပ်နိုင်ပါတယ်။ ကျမတို့တော့ မလုပ်ပါဘူး။
အဲတော့ ဘာမှမသေချာမရေရာ ဘယ်သူမှသေချာမဖြေနိုင်လို့ ဘယ်ချိန်မှပြန်ထွက်လို့ရမလဲမသိပါဘူး။ လေယာဉ်လက်မှတ်ဘိုကင်လည်း တင်လို့မရသေးပါဘူး။ ဟိုဘက်ကအလုပ်ကိုလည်း postpone သာလုပ်နိုင်ပြီး ဘာမှသေချာမပြောနိုင်ပါဘူး။ card မရမချင်းစောင့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့အခြေအနေပါ။ တစ်ခါသွားတိုင်း
တစ်ခါလုပ်နေရမှာလားလည်းမသိပါဘူး။ ဘာမှပွင့်လင်းမြင်သာမှုမရှိတော့ ဆက်လုပ်ချင်စိတ်မရှိလောက်အောင် အင်မတန်ကို စိတ်ပျက်ရပါတယ်။ နေဖို့ရော သွားဖို့ရော ခက်ခဲတဲ့ ကျမတို့နိုင်ငံ

မူရင်း post ပိုင်ရှင်

UAE/Dubai သွားချင်သူတွေအတွက် - အသက်သာဆုံးဈေးနှုန်းနဲ့ ဗီဇာနဲ့ လေယာဉ်လက်မှတ် ဝန်ဆောင်ပေးနေပါပြီ။Yangon - Malaysia - Dubai...
07/10/2021

UAE/Dubai သွားချင်သူတွေအတွက် - အသက်သာဆုံးဈေးနှုန်းနဲ့ ဗီဇာနဲ့ လေယာဉ်လက်မှတ် ဝန်ဆောင်ပေးနေပါပြီ။

Yangon - Malaysia - Dubai Transit Flight (Return Ticket အပါအဝင်) နဲ့ Visa(အာမခံအပါအဝင်)

UAE နိုင်ငံကို Visit Visa နဲ့သွားပြီး အလုပ်ရှာချင်သူတွေအတွက် ခရီးသွားဖို့ အပြည့်အစုံဝန်ဆောင်ပေးပါတယ် .. စုစုပေါင်း ၈၃၅ ဒေါ်လာပါ ..

ဒီကာလမှာ နိုင်ငံခြားမှာ အလုပ်လုပ်ချင်သူတွေအတွက် UAE က အသင့်တော်ဆုံးပါ .. ကျွန်တော်တို့က ၃ လ ဗီဇာနဲ့ လေယာဉ်လက်မှတ်ဝန်ဆောင်ပေးပါမယ် .. လိုအပ်ရင် ဟိုမှာ‌နေထိုင်ဖို့အတွက်လည်း ချိတ်ဆက်ပေးပါမယ် .. ကိုယ်တိုင် ဆက်သွယ်ပြီး နေစရာအခန်း ငှားနိုင်ပါတယ် .. အလုပ်ကတော့ ကိုယ့်ဖာသာ ရှာရမှာပါ .. အလုပ်ရဖို့လည်း လွယ်ကူပါတယ် .. အလုပ်ရမယ်ဆိုပြီး အေးဂျင့်ခတွေ မတန်တဆတောင်းနေကြတာတွေ့လို့ အခုလို ဝန်ဆောင်ပေးတာပါ .. ဟိုမှာ နေထိုင် စားသောက်စရိတ်က ၂ လအတွက် ပျမ်းမျှ ဒေါ်လာ ၅၀၀ ဝန်းကျင်ပါ .. ၂ လအတွင်းမှာ အလုပ်ရနိုင်‌ခြေ အများကြီးပါ .. အဓိက က ဘာသာစကားကျွမ်းကျင်မှုနဲ့ လူမှု ဆက်ဆံရေးပါပဲ .. အလုပ်ရပြီဆိုရင် အများအားဖြင့် နေစရာ စားစရာ စီစဉ်ပေးကြပါတယ် .. ဗီဇာနဲ့ ပတ်စပို့ကိုလည်း အလုပ်ကပဲ စီစဉ်ပေးပါတယ် ..

Dubai Visit Visa လျှောက်ဖို့အတွက် -

-အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။ အသက် ၁၈ နှစ်အောက်ဆိုရင် မွေးစာရင်း နိုတြီ လိုအပ်ပါတယ်။

-အနည်းဆုံးသက်တမ်း ၇ လနဲ့ အထက်ရှိတဲ့ Passport colour scan (pdf file)

-၃ လအတွင်းရိုက်ကူးထားတဲ့ ၂ လက်မပတ်လည် နောက်ခံအဖြူ ဓာတ်ပုံ (jpeg file) တို့လိုအပ်ပါတယ်။

ဒူဘိုင်းကို Visit Visa နဲ့သွားဖို့အတွက် -

-Insurance နဲ့ Visit visa (ကျွန်တော်တို့ ဝန်ဆောင်မှုမှာ ပါပါတယ်)

-၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ Covid Negative test

- Return Ticket (Dummy Ticket) (ကျွန်တော်တို့ ဝန်ဆောင်မှုမှာ ပါပါတယ်)

-Show Money (အနည်းဆုံး US $ 500) တို့လိုအပ်ပါတယ်။

ဝန်ဆောင်မှုကို လိုအပ်တယ် ဆိုရင် - ပေ့ဂျ်ရဲ့ ချက်ဘောက်စ်က ဖြစ်ဖြစ်၊ ဖုန်း 09250756651 ကို ဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။

(စုစုပေါင်း ကုန်ကျငွေ ၈၃၅ ဒေါ်လာကို ငွေလဲစင်တာပေါက်ဈေးထက် ၅ ကျပ်လျှော့ပြီး မြန်မာငွေနဲ့ ပေးနိုင်သလို ဒေါ်လာနဲ့လည်း ပေးချေနိုင်ပါတယ်)
#ယူအေအီး #ဒူဘိုင်း #ဗီဇာ #လေယာဉ် #ပတ်စ်ပို့ #အေးဂျင့် #နိုင်ငံခြား

ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေ ❣️2021 မှာအားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ခရီးတွေ အများကြီးထွက်နိုင်ပါစေ ✨✨✨မင်...
01/01/2021

ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေ ❣️
2021 မှာအားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ခရီးတွေ အများကြီးထွက်နိုင်ပါစေ ✨✨✨
မင်မင်တို့နဲ့ အတူတူ မြန်မာပြည်အနှံ့ခြေဆန့်ကြပါစို့ 😍

2021 မှာ ဘယ်ခရီးတွေသွားကြမှာလဲ ပိတ်ရက်တွေက စောင့်နေပြီနော် 😜😜😜😜ရုံးပိတ်ရက် တွေကJanuary- Dec(31), Jan 1,2,3,4February- 12...
15/10/2020

2021 မှာ ဘယ်ခရီးတွေသွားကြမှာလဲ
ပိတ်ရက်တွေက စောင့်နေပြီနော်
😜😜😜😜

ရုံးပိတ်ရက် တွေက
January- Dec(31), Jan 1,2,3,4

February- 12,13,14

March- 26,27,28,29

April- 13,14,15,16,17,18,19

May- 30(April), 1 , 2

June- မရှိ😞

July- 17,18,19 & 23,24,25

August- မရှိ 😞

September- မရှိ 😞
October- 19,20,21

November- 17,18 & 27,28,29

December- 24,25,26

Photo credit

ကပ်​ကြီးပြီးရင်​အချစ်​ရဲ့လက်​ကိုဆွဲကမ်း​ခြေ​တွေဆီ ခရီးထွက်​အုံးမယ်​မြန်​မာနိုင်​ငံအနှံ​ခြေဆန့်​ဖို့ Ready Go နဲ့ Join လိ...
12/05/2020

ကပ်​ကြီးပြီးရင်​အချစ်​ရဲ့လက်​ကိုဆွဲ
ကမ်း​ခြေ​တွေဆီ ခရီးထွက်​အုံးမယ်​

မြန်​မာနိုင်​ငံအနှံ​ခြေဆန့်​ဖို့ Ready Go နဲ့ Join လိုက်​စို့😍

အပူရှောင်မလား ဝူဟန် ရှောင်မလားငပလီကိုသွား ပင်လယ်ရေစိမ်ကြမယ်လေ ကွာ 😉
16/03/2020

အပူရှောင်မလား ဝူဟန် ရှောင်မလား
ငပလီကိုသွား ပင်လယ်ရေစိမ်ကြမယ်လေ ကွာ 😉

6.3.2020 ~ 9.3.2020 တပေါင်းလပြည့်ပိတ်ရက်အတွက် Express နဲ့ အလောတကြီးစီစဉ်ပေးလိုက်ရတဲ့ ချစ်စရာ customer စုံတွဲလေးတွေ 😍ဝန်ဆ...
08/03/2020

6.3.2020 ~ 9.3.2020 တပေါင်းလပြည့်ပိတ်
ရက်အတွက် Express နဲ့ အလောတကြီးစီစဉ်ပေးလိုက်ရတဲ့ ချစ်စရာ customer စုံတွဲလေးတွေ 😍

ဝန်ဆောင်မှုတွေကို ကျေနပ်ရဲ့လား?
စိတ်တိုင်းမကျတာရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ မင်မင်တောင်းဆိုပါတယ်နော် 🥺

Ready Go ကိုယုံကြည်အားပေးလို့
ကျေးဇူးအထူးတင်ပါတယ်ရှင်။

ချစ်ရတဲ့ customer တွေကို
အမြဲအမှတ်ရနေမှာပါ 😍

04/03/2020

ငပလီအလှ

💦 သင်္ကြန်ပိတ်ရက် ငပလီ - ကမ်းသာယာ - ပုလဲကျွန်း -  ဘုရား၃ဆူ - မဒေးတောင် sunset ကြည့် ခရီးစဉ် 💦💦Apr 10 ညထွက် Apr 14 မနက်ပြ...
04/03/2020

💦 သင်္ကြန်ပိတ်ရက် ငပလီ - ကမ်းသာယာ - ပုလဲကျွန်း - ဘုရား၃ဆူ - မဒေးတောင် sunset ကြည့် ခရီးစဉ် 💦

💦Apr 10 ညထွက် Apr 14 မနက်ပြန်ရောက်
💦Apr 14 ညထွက် Apr 18 မနက်ပြန်ရောက်
(2ညအိပ် 3 ရက်)

တစ်ဦးနှုန်း - 185,000 ကျပ် (💥အထူးဈေးနှုန်း)
📌 Mar 20 နောက်ဆုံးထားပြီး booking confirm သူများ 5,000 ကျပ် discount ရယူပါ။

💦 သင်္ကြန်ပိတ်ရက်ရှည်အတွက် ကမ်းခြေအပန်းဖြေခရီးစဉ်လေး တစ်ခု 💦 မင်မင်တို့ Ready Go! ကမိတ်ဆွေတို့အတွက် အတန်တကာ့အတန်ဆုံး 2 in 1 beach ငပလီစရိတ်ငြိမ်းခရီးစဉ်လေးစီစဉ်ပေးထားပါတယ်။

💦🏖️ငပလီကမ်းခြေအပြင် အပျိုစင်ကမ်းသာယာကမ်းခြေ၊
ပုလဲကျွန်း၊ တန်ခိုးကြီး ဆံတော် အံတော် နံတော် ဘုရား၃ဆူ၊
ဓာတ်လှလှဖမ်းဖို့အတွက် lighthouse၊ အိမ်အပြန်
လက်ဆောင်တွေဝယ်ဖို့ဈေးတန်းတွေကိုလည်းပို့ပေးဦးမှာပါ။💦😍

ဘယ်လိုဝန်ဆောင်မှုတွေပါတာလဲဆိုရင် 👇
~ AC Bus (Higer/Yutong/ အံစာတုံး)
လူဦးရေအပေါ်မူတည်ပါတယ်ရှင်။
~ Lodge ၂ညအိပ် (ကမ်းခြေဘက်/AC/ရေပူရေအေး)
၂ယောက်တစ်ခန်းတည်းရမှာပါခင်ဗျ
~ မနက်စာ (ဘူဖေး)
~ နေ့လည်စာ/ ညစာ 9 နပ် (ပင်လယ်စာ/ဒေသစာ)
~ Lighthouse ဝင်ကြေး
~ ပုလဲကျွန်းသွားစက်လှေခ
~ ရေငုပ်ပစ္စည်းကိရိယာများ
~ နံတော်တောင်တက်ကားခ
~ အဆာပြေမုန့်/ အအေး
~ သွားတိုက်ဆေး၊ သွားပွတ်တံ၊ စနိုးတာဝါ၊ ရေသန့်
~ အရေးပေါ်ဆေးဝါးအပြည့်အစုံ
~ Tour Leader
~ Local Guide
(အသွားညကားခဏရပ်နားစဉ်စားသောက်သည်မှလွဲ၍
တစ်ကျပ်မှထပ်ပေးစရာမလိုပါဘူးခင်ဗျာ)

မင်မင်တို့ရဲ့ ဒီခရီးစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့
Page cb or contact me 🤙
09 250 756651
09 777 955260
09 970 619783

မိမိတို့နဲ့အနီးဆုံးနေရာမှလိုက်ပါနိုင်ရန် စုရပ်များစီစဉ်ပေးထားပါတယ်။ သောကြာနေ့ ည 7:00 မှာအောင်ဆန်းကွင်းမှကားစထွက်ပါမယ်။ ပြီးမှ အစဉ်လိုက်နေရာတွေ ဝင်ကြိုပေးသွားမှာပါဗျ
~ အောင်ဆန်းကွင်း (ဘူတာကြီး)
~ မြေနီကုန်း မဟာမြိုင်မှတ်တိုင်
~ ၈မိုင် Junction8 centre ရှေ့
~ သမိုင်းလမ်းဆုံ City mart ရှေ့

လက်မှတ်များကို အိမ်အရောက်အခမဲ့ဝန်ဆောင်မှုရှိပြီး
နယ်ဝေးမှ မှာယူချင်သူများအတွက် KBZ mbanking/ MAB mbanking မှလည်းငွေပေးချေဝယ်ယူနိုင်ပါတယ်။ လက်မှတ်ရလျှင်စရံငွေတစ်ဝက်ပေးချေရမှာဖြစ်ပြီး ကျန်ငွေကို စထွက်မယ့်နေ့ ကားပေါ်မှာ ကောက်ခံသွားပါမယ်။

🤜 အားရပါးရပျော်ရမှာကလူကြီးမင်းတို့ရဲ့တာဝန်
အကောင်းဆုံးဝန်ဆောင်မှုပေးမှာက မင်မင်တို့ရဲ့တာဝန်🤛

🤩 အတွ့အကြုံအသစ်တွေရရှိခံစားဖို့ Ready Go နဲ့ ခရီးသွားစို့!!! 🤩

18/02/2020

Group trip တွေအတွက်ဖုန်းဆက်ပြီး
မေးမြန်းစုံစမ်းကြတာ ကျေးဇူးတင်ပါတယ်ရှင် ☺️

Company များ၊ အသင်းအဖွဲ့များ၊ ကျောင်းများအတွက် အဖွဲ့လိုက်သီးသန့်ခရီးစဉ်များစီစဉ်ပေးပါတယ်ရှင့်။☺️

မိမိနှစ်သက်ရာ package များကို ဈေးနှုန်းအသက်သာဆုံး၊ စိတ်တိုင်းအကျဆုံးဖြစ်စေရန်
စီစဉ်ဆောင်ရွက် ပေးနေပါတယ်။

လူကြီးမင်းတို့စိတ်ကျေနပ်မှုအပြည့်အဝရစေဖို့ Ready Go မှကူညီပေးပါရစေ ရှင် 😍

🤩 အတွေ့အကြုံအသစ်တွေ ရရှိခံစားဖို့ Ready Go နဲ့ ခရီးသွားစို့ 🤩

Happy Birthday Our General 🥳
13/02/2020

Happy Birthday Our General 🥳

လွန်ခဲ့သော ၁၀၅ နှစ်က
သူ ဟာ ဒီနိုင်ငံအတွက်
မွေးဖွားလာခဲ့တယ်။

#ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

ငပလီ စရိတ်ငြိမ်း 💥 87,000 Ks 💥                        💥 87,000 Ks 💥                        💥 87,000 Ks 💥 တဲ့ ဗျို့Woww !...
12/02/2020

ငပလီ စရိတ်ငြိမ်း 💥 87,000 Ks 💥
💥 87,000 Ks 💥
💥 87,000 Ks 💥 တဲ့ ဗျို့

Woww ! အမြင်များမှားနေသလား ? 😳 မမှားပါဘူး ခင်ဗျ။ တကယ်ပဲ ငပလီကိုစရိတ်ငြိမ်း 87,000 Ks တည်းပါ ☺️

Feb 28 ညထွက် Mar 2 မနက်ပြန်ရောက်
Mar 6 ညထွက် Mar 9 မနက်ပြန်ရောက်
Mar 26 ညထွက် Mar 29 မနက်ပြန်ရောက်
(1ညအိပ် 2 ရက်ခရီးစဉ်လေးတွေပါ)

(2ညအိပ် 3 ရက်ခရီးစဉ်လည်းရှိပါတယ်ခင်ဗျ )
တစ်ဦးနှုန်း 149,000 Ks ပါ
10 ဦးလိုက်လျှင် တစ်ဦး free ပါခင်ဗျာ

လာမယ့် မတ်လပိတ်ရက်တွေမှာ အပြတ်ကဲရအောင် 🤩 ဆောင်းအကုန် နွေအကူးဒီရာသီလေးမှာ
ကမ်းခြေမှာအပန်းဖြေဖို့အကောင်းဆုံးပါခင်ဗျာ။ မင်မင်တို့ Ready Go! ကမိတ်ဆွေတို့အတွက် အတန်တကာ့အတန်ဆုံး 2 in 1 beach ငပလီစရိတ်ငြိမ်းခရီးစဉ်လေးစီစဉ်ပေးထားပါတယ်။

ငပလီကမ်းခြေအပြင် အပျိုစင်ကမ်းသာယာကမ်းခြေ၊ ပုလဲကျွန်း၊ ဓာတ်လှလှဖမ်းဖို့အတွက် lighthouse၊ အိမ်အပြန်လက်ဆောင်တွေဝယ်ဖို့ ဈေးတန်းတွေကိုလည်းပို့ပေးဦးမှာပါ။

ဘယ်လိုဝန်ဆောင်မှုတွေပါတာလဲဆိုရင် 👇
~ AC Bus (Higer/Yutong/ အံစာတုံး)
လူဦးရေအပေါ်မူတည်ပါတယ်ရှင်
~ Lodge တစ်ညအိပ် (2ယောက်တစ်ခန်းပါ)
(ကမ်းခြေဘက်/AC/ရေပူရေအေး)
~ မနက်စာ (ဘူဖေး)
~ နေ့လည်စာ/ ညစာ 4 နပ်(ပင်လယ်စာ/ဒေသစာ)
~ Lighthouse ဝင်ကြေး
~ ပုလဲကျွန်းသွားစက်လှေခ
~ အဆာပြေမုန့်/ အအေး
~ သွားတိုက်ဆေး၊ သွားပွတ်တံ၊ စနိုးတာဝါ၊ ရေသန့်
~ အရေးပေါ်ဆေးဝါးအပြည့်အစုံ
~ Tour Leader
~ Local Guide
(အသွားညကားခဏရပ်နားစဉ်စားသောက်သည်မှလွဲ၍ တစ်ကျပ်မှထပ်ပေးစရာမလိုပါဘူးခင်ဗျာ)

မင်မင်တို့ရဲ့ ဒီခရီးစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့
Page cb or contact me 🤙
09 250 756651
09 777 955260
09 970 619783

မိမိတို့နဲ့အနီးဆုံးနေရာမှလိုက်ပါနိုင်ရန် စုရပ်များစီစဉ်ပေးထားပါတယ်နော။ သောကြာနေ့ ည 7:00 မှာအောင်ဆန်းကွင်းမှကားစထွက်ပါမယ်။ ပြီးမှ အစဉ်လိုက်နေရာတွေ ဝင်ကြိုပေးသွားမှာပါဗျ
~ အောင်ဆန်းကွင်း (ဘူတာကြီး)
~ မြေနီကုန်း မဟာမြိုင်မှတ်တိုင်
~ ၈မိုင် Junction8 centre ရှေ့
~ သမိုင်းလမ်းဆုံ City mart ရှေ့

လက်မှတ်များကို အိမ်အရောက်အခမဲ့ဝန်ဆောင်မှုရှိပြီး
နယ်ဝေးမှ မှာယူချင်သူများအတွက် KBZ mbanking/ MAB mbanking မှလည်းငွေပေးချေဝယ်ယူနိုင်ပါတယ်။ လက်မှတ်ရလျှင်စရံငွေတစ်ဝက်ပေးချေရမှာဖြစ်ပြီး ကျန်ငွေကို စထွက်မယ့်နေ့ ကားပေါ်မှာ ကောက်ခံသွားပါမယ်။

🤜 အားရပါးရပျော်ရမှာကလူကြီးမင်းတို့ရဲ့တာဝန်
အကောင်းဆုံးဝန်ဆောင်မှုပေးမှာက မင်မင်တို့ရဲ့တာဝန်🤛

🤩 အတွ့အကြုံအသစ်တွေရရှိခံစားဖို့ Ready Go နဲ့ ခရီးသွားစို့!!! 🤩

ပြည်ထောင်စုနေ့ တို့မမေ့12.2.2020
12/02/2020

ပြည်ထောင်စုနေ့ တို့မမေ့
12.2.2020

 နေထွက်ကာစ ချမ်းသာကမ်းခြေရဲ့အလှလေးမင်မင်တို့ ဒီနေ့ကိုယ်တိုင်သွားပြီးလေ့လာခဲ့တာပါ။ တကယ်ကိုနတ်ဖွက်ထားတဲ့ကမ်းခြေလေးပါပဲ။နေရ...
20/01/2020


နေထွက်ကာစ ချမ်းသာကမ်းခြေရဲ့အလှလေး
မင်မင်တို့ ဒီနေ့ကိုယ်တိုင်သွားပြီးလေ့လာခဲ့တာပါ။
တကယ်ကိုနတ်ဖွက်ထားတဲ့ကမ်းခြေလေးပါပဲ။

နေရောင်မပီပြင်သေးတဲ့အချိန်မှာတောင် ပင်လယ်ရဲ့ အရောင်က Crystal လိုကြည်တောက် နေတာပဲရယ် 💙 မင်မင်တို့ရဲ့ natural beauty ကိုတော့ သည်းခံပါရှင် 😁

ဂွကျွန်းလေးမှာ ရေအောက်ကင်မရာမလိုပါဘူးနော်ကြည်လင်စိမ်းမြနေမှုကြီး  🏝️🏝️🏝️🤢Photo credit
18/01/2020

ဂွကျွန်းလေးမှာ ရေအောက်ကင်မရာမလိုပါဘူးနော်
ကြည်လင်စိမ်းမြနေမှုကြီး 🏝️🏝️🏝️🤢

Photo credit

ထမင်းတစ်နပ်ကို ပင်လယ်စာ ၃မျိုးနဲ့စားမယ်ကွာငပလီ Lodge ၂ညအိပ်ခရီးကိုမှ၁၄၅,၀၀၀ ကျပ်တည်းဆိုတော့ မတန်လွန်းဘူးလားPost နဲ့ Page...
17/01/2020

ထမင်းတစ်နပ်ကို ပင်လယ်စာ ၃မျိုးနဲ့စားမယ်ကွာ

ငပလီ Lodge ၂ညအိပ်ခရီးကိုမှ
၁၄၅,၀၀၀ ကျပ်တည်းဆိုတော့ မတန်လွန်းဘူးလား

Post နဲ့ Page ကို like&share လုပ်ပေးရုံနဲ့ ၁၅,၀၀၀ ကျပ် discount ထပ်ရမယ်ဆိုတော့ 🤭

မင်မင်တို့ရဲ့ဒီတစ်ခေါက်ငပလီခရီးစဉ်မှာ ဓာတ်ဖမ်းဖို့ lighthouse ကိုလည်းပို့ပေးမှာနော်ပုံလေးတွေဘယ်လောက်လှလည်း ရှိုး 😎
13/01/2020

မင်မင်တို့ရဲ့ဒီတစ်ခေါက်ငပလီခရီးစဉ်မှာ ဓာတ်ဖမ်းဖို့ lighthouse ကိုလည်းပို့ပေးမှာနော်

ပုံလေးတွေဘယ်လောက်လှလည်း ရှိုး 😎



Hey you 👋 သင်ကလူငယ်တစ်ယောက်လား? ခရီးထွက်မလို့လား? ကမ်းခြေခရီးစဉ်လား? အတွေ့အကြုံအသစ်တွေရချင်တာလား? ဒါဆို အောက်ကစာကိုဆက်ဖတ...
09/01/2020

Hey you 👋
သင်ကလူငယ်တစ်ယောက်လား?
ခရီးထွက်မလို့လား?
ကမ်းခြေခရီးစဉ်လား?
အတွေ့အကြုံအသစ်တွေရချင်တာလား?
ဒါဆို အောက်ကစာကိုဆက်ဖတ်ပေးပါ 👇

Ready Go ရဲ့ပထမဦးဆုံး 2 in 1 ကမ်းခြေ ခရီးစဉ် 🏨⛺🏝️ တစ်ဦးလျှင် ~ 145,000 Ks (နေ/စား စရိတ်ငြိမ်း)
၁၀ဦးနှင့်အထက် တစ်ဦး 🆓

👏ဒီ Post နဲ့ R.G! Page ကို like& share လုပ်ပေးသူတိုင်းအတွက် 10% discount ရှိပါတယ်ရှင့်
မင်မင်တို့ရဲ့Page လေးက အသစ်ဖြစ်တဲ့အတွက် like&share နည်းနေသေးလို့ပါနော်။

အာရှရဲ့ နံပါတ်တစ်အထင်ရှားဆုံးငပလီကမ်းခြေ 🏖️ နဲ့
သဘာဝအလှတရားတွေနဲ့ အရိုင်းဆန်ဆန်လှပတဲ့
ချမ်းသာကမ်းခြေ~ဂွကျွန်း camping ခရီးစဉ် 🏝️
•Jan 31 သောကြာညထွက် Feb 4 အင်္ဂါမနက်ပြန်ရောက်

ဘယ်လိုနေရာတွေသွားမလဲ ဘာတွေလုပ်ကြမလဲဆိုရင်
ပထမရက်~ငပလီကမ်းခြေမှာ အနားယူမယ် ရေကူးမယ် seafood တွေအဝစားမယ် hotel/Lodge မှာ တစ်ညအိပ်အနားယူပါမယ် 😋😍🏩

~ ဒုတိယရက် မနက်ပိုင်း ဓာတ်ဖမ်းဖို့ Light house ကိုပို့ပေးပါမယ်။ မင်မင်တို့ Tour leader တွေက ဓာတ်ပုံလှလှလေးတွေလည်း ရိုက်ပေးဦးမှာနော်။📸 hotelမှာပဲ နေ့လည်စာ စားပြီးရင် hotel check out လုပ်ပြီး ငပလီနဲ့ မိုင် ၄၀ ကွာဝေးတဲ့ ချမ်းသာကမ်းခြေကို ခရီးထပ်ဆက်ပါမယ်။ 🚌 (ချမ်းသာကမ်းခြေက ရန်ကုန်အပြန်လမ်းမှာ ရှိတာမို့ မိမိတို့ရဲ့အချိန်တွေ ပုပ်သွားမှာစိုးရိမ်စရာမလိုပါဘူးနော်။ အချိန်ကိုသေချာညှိပြီးမှ မင်မင်တို့ကစီစဉ်တာပါ။ ရန်ကုန်ရောက်ဖို့ မိုင်၄၀နီးနေပြီဆိုတော့ ချမ်းသာကမ်းခြေမှာ အချိန်ကြာကြာနေရမှာပါနော်)☺️☺️☺️

~ ညနေစာကို ချမ်းသာကမ်းခြေမှာစားပါမယ်။ လတ်ဆတ်တဲ့ပင်လယ်စာတွေကို အမုန်းစားရမှာပါနော်။ 😋😂

~ ညဘက်မှာ မီးပုံပွဲလေးနဲ့ အကင်တွေစားကြမယ်🍡🍢😋 သီချင်းဆိုမယ် 🎤🎸 မမေ့နိုင်တဲ့အမှတ်တရတွေဖန်တီးမယ်။ ပင်လယ်လေတဖြူးဖြူးနဲ့ကမ်းခြေမှာပဲ tent နဲ့ ညအိပ်ရမှာပါ ( tent ၁ခုမှာ လူ၂ယောက်ပါရှင်)🏕️🏝️
{ကမ်းခြေညအိပ်အတွက် လုံခြုံရေးကိုအပြည့်တာဝန်ယူပါတယ်ရှင်။ ကမ်းခြေတစ်လျှောက်လုံးမှာတစ်ညလုံးမီးတွေထွန်းပေးထားမှာပါ)

~ နောက်တစ်နေ့မနက်မှာ ရေတွေကြည်စိမ်းနေတဲ့ ဂွကျွန်းကိုစက်လှေနဲ့သွားပါမယ်။ ကျွန်းရောက်ရင် Snorkelling လုပ်မလား? ငါးဖမ်းမလား? ကိုယ့်စိတ်ကြိုက်ပါပဲနော်⛵🛶

~ ကျွန်းကပြန်လာပြီး ကမ်းခြေမှာရေကူးဦးမလား? အနားပဲယူမလား? အုန်းရည်လေးသောက်ပြီး ဓာတ်ဖမ်းနေမလား? relax time ပါရှင့် 🏝️⛱️

~ ကမ်းခြေမှာပဲ နေ့လည်စာ/ ညစာ စားကြပါမယ်ရှင်😋🐟🦐🦑🐙🦀 👈ဒါတွေနဲ့နော်

~ အပြန်ခရီးအတွက်လက်ဆောင်ကိုယ်တိုင်ခူးနိုင်တဲ့ ဒန့်ဒလွန်သီးတွေ ဈေးတန်တန်နဲ့ဝယ်ကြမယ်။

~ ညနေစောင်းရင်တော့ ပင်လယ်ကြီးကို bye bye လုပ်ပြီး ရန်ကုန်ပြန်ကြတာပေါ့ရှင် 😢

~ ကမ်းခြေမှာအပန်းဖြေရတာ မဝ,ရင် မင်မင်တို့နဲ့ နောက်တစ်ကြိမ်ဆုံတွေ့ကြမယ်လေ နော် 😁😘

{tent နဲ့မအိပ်နိုင်သူများအတွက် ဂွမြို့ကတည်းခိုခန်းမှာစီစဉ်ပေးပါတယ်ရှင်}

ပါဝင်တဲ့ဝန်ဆောင်မှုများ
~ Aircon bus (အံစာတုံး/33/45 seaters)
{အနည်းဆုံး ၁၀ ဦးပြည့်မှ ခရီးစဉ်ထွက်ပါမယ်ရှင်}
~ Hotel/ Lodge တစ်ညအိပ် (AC/ရေချိုးခန်း
အိမ်သာတွဲရက်)
~ ကမ်းခြေ camping တစ်ညအိပ်
~ မနက်စာ/နေ့လည်စာ/ ညစာ ၉နပ် (hotelစာ/ ဒေသစာ seafood 😋)
~ lighthouse ဝင်ကြေး/ စက်လှေခ/ဇက်ကူးခ
~ သွားပွတ်တံ၊ သွားတိုက်ဆေး၊ snow towel၊ ရေသန့်
~ First Aid Kit (ဆေးဝါးအပြည့်အစုံ)
~ အသွားည ကားပေါ်စားရန် မုန့်/coffee/အအေး
~ Tour leader service
🤩ခရီးစဉ်အစအဆုံး စားရိတ်ငြိမ်းပါရှင်(အသွားညကားခဏ
ရပ်နားချိန်စားသောက်သည်မှ လွဲ၍)

မိမိတို့နဲ့အနီးဆုံးနရာမှလိုက်ပါနိုင်ရန် စုရပ်များစီစဉ်ပေးထားပါတယ်ရှင်။ သောကြာနေ့ ည 7:00 မှာအောင်ဆန်းကွင်းမှကားစထွက်ပါမယ်။ ပြီးမှ အစဉ်လိုက်နေရာတွေ ဝင်ကြိုပေးသွားမှာပါရှင့် ~
~ အောင်ဆန်းကွင်း (ဘူတာကြီး)
~ မြေနီကုန်း မဟာမြိုင်မှတ်တိုင်
~ ၈မိုင် Junction8 centre ရှေ့
~ သမိုင်းလမ်းဆုံ City mart ရှေ့

မင်မင်တို့ရဲ့ ဒီခရီးစဉ်လေးကိုစိတ်ဝင်စားရင်တော့ Page chat box (or) Ph-09 250 75 6651, 09 970 619 783, 09 777 955 260 မှတစ်ဆင့်ဆက်သွယ်လို့ရပါတယ်ရှင့်။

လက်မှတ်များကို အိမ်အရောက်အခမဲ့ဝန်ဆောင်မှုရှိပြီး
နယ်ဝေးမှ မှာယူချင်သူများအတွက် KBZ/CB/MAB/AYA/YOMA bank မှလည်းငွေပေးချေဝယ်ယူနိုင်ပါတယ်။ လက်မှတ်ရလျှင်စရံငွေတစ်ဝက်ပေးချေရမှာဖြစ်ပြီး ကျန်ငွေကို စထွက်မယ့်နေ့ ကားပေါ်မှာ ကောက်ခံသွားပါမယ်ရှင်။

🤜 အားရပါးရပျော်ရမှာကလူကြီးမင်းတို့ရဲ့တာဝန်
အကောင်းဆုံးဝန်ဆောင်မှုပေးမှာက မင်မင်တို့ရဲ့တာဝန်🤛

🤩 အတွ့အကြုံအသစ်တွေရရှိခံစားဖို့ Ready Go နဲ့ ခရီးသွားစို့!!! 🤩

ကဲ တစ်နှစ်တစ်ခေါက်နော် you !!
09/01/2020

ကဲ တစ်နှစ်တစ်ခေါက်နော် you !!

Knowledge and Motivation

Trade Mark of Ngapali Beach 🏖️
08/01/2020

Trade Mark of Ngapali Beach 🏖️

Let's Travel 😎😎😎မင်မင်တို့ Tour က Feb လ ကစပြီးကမ်းခြေခရီးစဉ်တွေ ရှိမယ်နော်
08/01/2020

Let's Travel 😎😎😎
မင်မင်တို့ Tour က Feb လ ကစပြီး
ကမ်းခြေခရီးစဉ်တွေ ရှိမယ်နော်

ဘယ်နေရာလေးတွေလဲ သိကြလားရှင့် 🤩🤩🤩မင်မင်တို့ Ready Go! နဲ့အတူနတ်ဝှက်ထားတဲ့ အပျိုစင်ကျွန်းလေးတွေကိုအလည်သွားဖို့လိုက်မလားရှင...
07/01/2020

ဘယ်နေရာလေးတွေလဲ သိကြလားရှင့် 🤩🤩🤩

မင်မင်တို့ Ready Go! နဲ့အတူ
နတ်ဝှက်ထားတဲ့ အပျိုစင်ကျွန်းလေးတွေကို
အလည်သွားဖို့လိုက်မလားရှင် 🏊‍♀️🏊‍♂️🚣‍♀️🚣‍♂️

Photo Credit ပါရှင် 😍

Hello ချစ်တို့ရေ 😍ဆောင်းအကုန် နွေအကူး Jan, feb, Mar လတွေကတော့ ကမ်းခြေမှာအပန်းဖြေလို့ အကောင်းဆုံးအချိန်ပါပဲနော် ⛱️🏖️💃🕺 ကမ...
06/01/2020

Hello ချစ်တို့ရေ 😍
ဆောင်းအကုန် နွေအကူး Jan, feb, Mar လတွေကတော့ ကမ်းခြေမှာအပန်းဖြေလို့ အကောင်းဆုံးအချိန်ပါပဲနော် ⛱️🏖️

💃🕺 ကမ်းခြေမှာ အသေလန်းနေစေဖို့ မင်မင်က
Beach trip ထွက်ရင်မရှိမဖြစ်လိုအပ်တဲ့ Essential items လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ဖတ်ကြည့်ပေးပါဦး 😘😘😘

PhotoCrd ~ 3BTravelandCarRental

The most famous beach in South East Asia 😍😍😍
06/01/2020

The most famous beach in South East Asia 😍😍😍

10 in 1 ဖြစ်စေဖို့ Ready Go! နဲ့ ခရီးသွားစို့
05/01/2020

10 in 1 ဖြစ်စေဖို့ Ready Go! နဲ့ ခရီးသွားစို့

Ready Go !!! ဒီလိုပင်လယ်ထဲက လတ်လတ်ဆတ်ဆတ်ငါးတွေ ကိုယ်တိုင် အခု ဖမ်း အခု ချက် အခု စား လို့ရမယ့် ခရီးစဉ်တွေ မကြာမီ လာမည် 🐟🐠...
05/01/2020

Ready Go !!! ဒီလိုပင်လယ်ထဲက လတ်လတ်ဆတ်ဆတ်ငါးတွေ ကိုယ်တိုင် အခု ဖမ်း အခု ချက် အခု စား လို့ရမယ့် ခရီးစဉ်တွေ မကြာမီ လာမည်
🐟🐠🐡😋😋

04/01/2020

ပုလဲကျွန်း၊ ငပလီကမ်းခြေ

Address

No(70), (7)th Floor, (120) Street, Mingalar Taung Nyunt Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959250756651

Website

Alerts

Be the first to know and let us send you an email when Ready Go - Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

သဘာဝဆီကို ခရီးသှားဖို့ Ready Go

Ready Go - Travels and Tours ရဲ့ တည်ထောင်သူတွေဟာ ဒေသခံလူငယ်တွေဖြစ်ကြပြီး အများနဲ့မတူတဲ့ ခရီးစဉ်တွေကို ဆန်းသစ်စွာစီစဉ်ပေးနေတာဖြစ်ပါတယ်။

အထူးသဖြင့် သဘာဝကိုနှစ်သက်သူတွေအတွက် သဘာဝရဲ့အရသာစစ်စစ်ကို ရရှိခံစားစေမှာဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ အချိန်၊ ငွေကြေးကို ပေးရတာနဲ့ထိုက်တန်တဲ့ service ပေးနိုင်အောင်ကြိုးစားနေပါတယ်။

Nearby travel agencies